Chapters

အဲဒါကလူသတ်လက်နက်မဟုတ်ဘူး လူ့နှလုံးသားကို သတ်တဲ့လက်နက်ပဲ

Vol. 71 Ch. 1409

အဲဒါကလူသတ်လက်နက်မဟုတ်ဘူး လူ့နှလုံးသားကို သတ်တဲ့လက်နက်ပဲ

Vol. 71 Ch. 1409

သို့သော် ထိုအချိန်တွင် ပေထင်းဟွမ် ထပ်စိုးရိမ်နေလည်း အသုံးမဝင် တော့ပေ။ သူမ၏ခြေထောက်အောက်တွင် အဌဂံပေါ်လာပြီး အဌဂံအစီအရင် ထဲတွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ကြက်ခြေခတ်ဓားငယ်အဖြစ် ပုံဖော်လေသည်။ တစ်ခုပြီးတစ်ခုပုံပေါ်လာသည်မှာ အားလုံးပေါင်း သတ္တမမြောက်တွင် တဖြည်းဖြည်းရပ်တန့်သွားလေသည်။

“ဓား ၇ လက် နတ်ဘုရားဘုရင်လား” ပေထင်းဟွမ်သည် မျက်လုံးနှင့် မြင်လိုက်ရသည်ကိုပင် မယုံနိုင်ဖြစ်နေသည်။ သူမ၏ခြေထောက်အောက်ရှိ သန့်စင်သောဓား ၇ လက်မှာ မပြောင်းလဲတော့သည်ကိုမြင်ပြီးနောက် ခြေထောက်ဆောင့်လိုက်သည်။ သူမသည် မယုံကြည်နိုင်ပေ။ သူမသည် ဓား ၇ လက်နတ်ဘုရားဘုရင်ပင်။

သို့သော် နတ်ဘုရားဘုရင်ထိပ်ဆုံးအဆင့်သို့မရောက်ခင်တွင် နတ်ဆိုး အင်အားကို စုပ်ယူခဲ့ပုံကိုတွေးပြီးနောက် ပေထင်းဟွမ် စိုးရိမ်လာသည်။ သူမ သည် အသိစိတ်ကိုပြန်ပြောင်းကာ ရင်ဘတ်ထဲမှ အမွေးပွလုံးလေးကိုကြည့် လိုက်သည်။ လက်ကောက်ဝတ်မှ အဂူးသည် ၎င်းတို့ကိုအပိုင်းပိုင်းဖြတ်မည့် အကြံကဲ့သို့ မကောင်းသည့်အတွေးများ မတွေးပေ။

“အဲဒီနတ်ဆိုးဟာတွေကို ကိုးရောင်နိဗ္ဗာန်မီးသုံးပြီး မီးမြှိုက်လိုက်လို့များ လား” ပေထင်းဟွမ်သည် အနည်းငယ် ရှုပ်ထွေးမိသည်။ ထို့ကြောင့် ထင်မြင် ချက်အမျိုးမျိုးရှိသော်လည်း အဆင့်မြင့်နတ်ဘုရားဘုရင်အဖြစ် အဆင့်တက် သွားရခြင်းအကြောင်းအရင်းကို မသိတော့ပေ။

ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းအလင်း မှေးမှိန်သွားသည်နှင့် ပေထင်းဟွမ်သည် ဂရုမစိုက်နိုင်တော့ဘဲ အတွင်းပိုင်းဘက်သို့ တိုက်ရိုက်ပင် ဝင်သွားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် သူမ၏အကြောထဲတွင် လက်မ အရွယ်အစားရှိ ကျောက်တုံးကိုမြင်နေရသည်။ ၎င်းကျောက်တုံးနှင့်မင်တို့သည် အကြောထဲတွင် ရပ်တန့်နေပြီး သူတို့အထက်တွင် ကစဥ့်ကလျားနတ်အရင်း အမြစ်ရှိသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်၏ အထက်ရှိ နေရာကျဉ်းလေး တွင်သူမ၏ရွှေရောင်ဆေးရှိသည်။

ထိုအချိန်တွင် ဘိုးဘေးကျောက်တုံးသည် မြူခိုးမည်းထုတ်လွှတ်ပေးကာ ၎င်းပေါ်တွင် ဝေ့ဝဲနေသည်မှာ ထူးဆန်းပြီး ပုံမှန်မဟုတ်သလိုပင်။ ပေထင်းဟွမ် သည် အဖြူရောင်ရောင်ဝါကိုသုံးလိုက်ရာ အရိုးထဲတွင် အမှောင်စွမ်းအင်ကို အလွန်အမင်းကြောက်လန့်နေသည်ကို ခံစားမိလိုက်သည်။

ထို့အပြင် ယန်ယဲ့၏ခန္ဓာကိုယ်မှ အမှောင်နတ်မိစ္ဆာစွမ်းအင်ကိုမြင်လိုက်ရ သဖြင့် ယန်ယဲ့အား အလုံးစုံယုံကြည်ထား၍ဖြစ်မည်၊ ထို့ကြောင့် ယန်ယဲ့ ပြသ သည့် အမှောင်စွမ်းအင်ကိုတော့ ကြောက်ရွံ့ခြင်းမရှိပေ။

အကြောထဲတွင် အမှောင်စွမ်းအင်ရပ်နေသည်ကိုကြည့်ပြီး ပေထင်းဟွမ် သည် ကိုးရောင်နိဗ္ဗာန်မီးကို ထိုအမှောင်စွမ်းအင်များဆီသို့ ရွှေ့ပြောင်းလိုက် သည်။ သူမသည် မြူခိုးမည်းထဲတွင် ခံစားရသည့် နတ်ဆိုးခံစားချက်ကို မေ့မည် တော့မဟုတ်ပေ။

“အဲဒီဟာကြီးက ငါ့စိတ်ကို တဖြည်းဖြည်းတိုက်စားသွားမှာတော့ မဟုတ် လောက်ပါဘူးနော်” ထို့ကြောင့်ပင် ပေထင်းဟွမ်ကြောက်နေခြင်းပင် “ငါ ငါ့ကိုယ်ငါတောင်မသိတော့တဲ့ ရက်စက်တဲ့သားရဲမဖြစ်လာချင်ဘူး”

ဘိုးဘေးကျောက်တုံးသည် အနည်းငယ် တုန်ယင်သွားသလိုပင်။ ၎င်းပေါ် တွင် ကိုးရောင်မီးတောက်ကို ရစ်ပတ်ခွင့်ပြုလိုက်သည်။ ပေထင်းဟွမ်၏ နတ်သွေးသည် ဘိုးဘေးကျောက်တုံးထဲသို့ စိမ့်ဝင်သွားခြင်းကြောင့်လားမသိ ပေ၊ သည်အချိန်တွင် ဘိုးဘေးကျောက်၏ ခံစားချက်ကို ခံစားမိနေသည်။ ၎င်း သည် အလွန်ပင် သက်တောင့်သက်သာဖြစ်နေပုံပေါ်သည်။ ၎င်းစကားမပြော လျှင်တောင် သီချင်းဆိုနေသည်ဟုပင် ပေထင်းဟွမ် ထင်မိလေသည်။

“ဒီမှာဘာတွေဖြစ်နေတာလဲ” ပေထင်းဟွမ်သည် ခေါင်းချွေးပြန်လာရ လောက်အောင် စိုးရိမ်သွားမိသည်။

“ဟွမ် မစိုးရိမ်နဲ့” မင်၏အသံသည် ပေထင်းဟွမ်၏စိတ်ထဲတွင် ထပ်မံ ထွက်လာပြန်သည် “ကောင်းကင်နဲ့မြေကြီးကြားက စွမ်းအင်က ထူးဆန်းတဲ့ အရာတွေနဲ့ပြည့်နေတာ မရေမတွက်နိုင်အောင်ရှီတယ်၊ စစ်မှန်တဲ့နတ်ဆိုး စွမ်းအားဆိုတာမရှိသလိုပဲ အလုံးစုံတောက်ပနေတယ်ဆိုတာလည်းမရှိဘူး၊ နတ်ဆိုးစွမ်းအင်၊ နတ်မိစ္ဆာစွမ်းအင် ဒါမှမဟုတ် ဝိညာဉ်စွမ်းအင်ဖြစ်ဖြစ် အဲဒါတွေက လူသားတွေပေးတဲ့နာမည်ပဲ၊ အဲဒါတွေက လူကိုသတ်တဲ့လက်နက် မဟုတ်ဘူး လူ့နှလုံးသားကို သတ်တဲ့လက်နက်ပဲ”

လူကိုသတ်သည့်လက်နက်မဟုတ်ဘဲ လူ့နှလုံးသားကိုသတ်သည့် လက်နက်။