ဂူသင်္ချိုင်း
Vol. 71 Ch. 1410
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် အလင်းပွင့်သလိုဖြစ်သည်။ ထို ဘိုးဘေးကျောက်တုံးသည် ကမ္ဘာမြေကြီးမိခင် ဖန်ဆင်းရေးနတ်ဘုရား၏ အကြောထဲတွင် ရှိခဲ့ဖူးသည်။ ကမ္ဘာမြေကြီးမိခင်သည် ထိုဘိုးဘေးကျောက်တုံး ၏ တိုက်စားခြင်းကိုမခံရသဖြင့် သူမတွင် ဘာကြောင့် ထိုယုံကြည်ချက်မရှိဘဲ နေရမည်နည်း။
ထို့အပြင် မည်သည့်စွမ်းအင်ဖြစ်စေကာမူ သူမ သန့်စင်လိုက်သည်နှင့် ထိန်းချုပ်နိုင်မည်ဖြစ်ကာ ၎င်းစွမ်းအင်များတွင် နတ်အသိစိတ်ရှိတော့မည် မဟုတ်ပေ။ သူမ ဘာစိုးရိမ်စရာလိုတော့မည်နည်း။
ကိုးရောင်မီးတောက်သည် ဘိုးဘေးကျောက်တုံးဆီမှ တပ်ဆုတ်သွားလေ သည်။ သို့သော် ပေထင်းဟွမ်တွင် သန်မာသောယုံကြည်ချက်ရှိသော်လည်း မောက်မာခြင်းမရှိပေ။ သူမသည် သတိလက်လွတ်မဖြစ်နိုင်ပေ။ ဘိုးဘေး ကျောက်တုံးအနီးတွင် ကိုးရောင်နိဗ္ဗာန်မီးအနည်းငယ်ရှိနေသည်ကို ခံစားရ သဖြင့် အကြောထဲမှ အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ထိုအချိန်က ပေထင်းဟွမ် သတိမထားမိသည်မှာ ထိုအမွေးပွလုံးလေး သည် သူမ၏ရင်ဘတ်ဆီသို့ပြန်သွားကာ အလင်းတန်းအဖြစ်ပြောင်းကာ ရင်ဘတ်ထဲတွင် ပျောက်ကွယ်သွားလေသည်။ ရင်ဘတ်ပေါ်မှ ဝိညာဉ်ဆေး သည် အလင်းဖျော့အဖြစ် အရောင်တောက်ကာ မခွဲခြားနိုင်သော မြူခိုးမည်းသည် ပေထင်းဟွမ်၏အကြောထဲမှ လွတ်မြောက်ကာ ဝိညာဉ်ဆေး ၏ စုပ်ယူခြင်းကိုခံရလေသည်။
ဝိညာဉ်ဆေးထဲတွင် အမှောင်စွမ်းအင်ကို စုပ်ယူလိုက်ခြင်းကြောင့်လား မသိပေ၊ ယန်ယဲ့၏ပုံရိပ်သည် ပို၍ကြည်လင်လာသည်။
အမွေးပွလုံးလေးထွက်လာကတည်းကပင် ပေထင်းဟွမ်သည် မွေးပွလုံး ပေါ်မှ အသိစိတ်အလင်းတန်းကို ဖြန့်ကျက်လိုက်သည်။ မွေးပွလုံးလေးသည် ရင်ဘတ်ပေါ်မှ ပျောက်ကွယ်သွားသည်ကို သူမ ချက်ချင်းခံစားမိလိုက်သည်။ မွေးပွလုံးလေး ပျောက်ကွယ်သွားသည်ကို သူမ အတပ်သိသည်။ ပေထင်းဟွမ် သည် ရင်ဘတ်ပေါ်မှ ဝိညာဉ်ဆေးကို ထိလိုက်သည်။ ထိုအချိန်တွင် ဝိညာဉ်ဆေးသည် သူမအား အာရုံခံမိသည့်ပုံပင် အနွေးဓာတ်အနည်းငယ် ထုတ်လွှတ်ပြီး ပေထင်းဟွမ်၏အရေပြားကို အနွေးဓာတ်ပေးလေသည်။
“ယန်ယဲ့ ရှင်လား” ပေထင်းဟွမ်၏မျက်လုံးများသည် ပူလာကာ ဝိညာဉ် ဆေးကို ညင်သာစွာကိုင်လိုက်သည်။ အတန်ကြာသည်အထိ လေးလံနေသော စိတ်များသည် အနည်းငယ်ပေါ့ပါးသွားသလိုပင်။
ဘိုးဘေးကျောက်တုံးသည် တောင်ထိပ်ငါးလုံးအလယ်တွင် ပျောက်ကွယ် သွားပြီဖြစ်ကာ မိုးမည်းနှင့်မြူခိုးများသည် ကိုးရောင်နိဗ္ဗာန်မီးကြောင့် လောင်ကျွမ်းသွားပြီဖြစ်သည်။ ရဲရဲနီနေသောနေသည် ရွှံ့နွံချောက်နက်အထက် တွင်ပေါ်လာကာ ရွှံ့နွံအထက်မှ များစွာသောအရိုးများကို ရောင်ပြန်ဟပ်လေ သည်။ ၎င်းအရောင်သည် စူးလွန်းရာ ပေထင်းဟွမ်၏မျက်လုံးများပင် ဖွင့်ရခက် လေသည်။
မြူခိုးမည်းသည် လုံးလုံးလျားလျားပျောက်ကွယ်မသွားသေးသဖြင့် ပေထင်းဟွမ်သည် ဟွမ်ချန်းမှလူများကို မလွှတ်သေးပေ။ သူမသည် တစ်ကိုယ် တည်း အဂူးညွှန်ပြသည့်ဦးတည်ဘက်သို့ တောင်များအကြားတွင် ပျံသန်းလေ သည်။ သူမသည် ဘိုးဘေးကျောက်တုံးရှိခဲ့သည့်နေရာမှ အဝေးဆုံး တောင်ထိပ် ဆီသို့ ပျံသန်းလေသည်။
ထိုနေရာတွင် တိတ်ဆိတ်သည်။ ဘိုးဘေးကျောက်တုံးသည် ပေထင်းဟွမ် သိမ်းပိုက်စိုးမိုးခြင်းကိုခံရပြီးနောက် ရွှံ့နွံချောက်နက်တွင် တွယ်ကပ်နေသော အနှောင့်အယှက်ခံစားချက်သည် နေရောင်နှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
အဂူးသည် ပေထင်းဟွမ်၏ အင်္ကျီလက်ထဲမှ ခေါင်းပြူပြီးကြည့်လေသည်။ သူခေါင်းထွက်လာသည့်နေရာမှာ ကိုးရောင်မီးတောက်များဝန်းရံနေ၏။ သူသည် တိမ်တိုက်များကြည်လင်သည့်ခံစားချက်ကိုရလေသည် “သခင် အားဝေတို့က ဘိုးဘေးကျောက်တုံးပျောက်ကွယ်သွားတာကို ခံစားမိလို့ဖြစ် မယ် သူတို့တွေ ဘယ်လောက်တောင်ပျော်မလဲမသိဘူး”
အဂူးပြောသလိုပင် တောင်ထိပ်အောက်မှ တမလွန်နန်းတော်တွင် မင်းသမီးဟွမ်ကျို့ကျဆုံးသည်ဟု အနောက်တောရိုင်းမှ သတင်းကြားသည်နှင့် သူမအတွက် 'ဝမ်းနည်းခြင်းကျောက်တိုင်' ကိုတည်ဆောက်ပေးခဲ့သည်။ မင်းသမီးဟွမ်ကျို့ရှိခဲ့သည့် ပင်မတိုက်ကြီးတွင် သူမအတွက် ဂူသင်္ချိုင်းကို တည်ဆောက်ပေးခဲ့သည်။
ထိုနေရာသည် မူလက မင်းသမီးဟွမ်ကျို့၏ ဂူသင်္ချိုင်းဖြစ်လေသည်။
မင်းသမီးဟွမ်ကျို့ မသေဆုံးခင်က သူမသည် ဝမ်းတွင်းပါသားရဲမှအပ တခြား သားရဲများနှင့် အဆုံးသတ်ခဲ့သည်။ သူမ၏သားရဲများ ပျက်စီးသည်နှင့် သူမ၏ခွန်အားလည်း လျော့နည်းသွားမည်ပင်။ ရှီဖုန်းသည် သူမ၏နတ်သွေးကို အသုံးပြုကာ သူမစိတ်ရင်းနှင့်ဂရုစိုက်သည့် သားရဲများကို ကျိန်စာတိုက်ခဲ့လိမ့် မည်ဟု လုံးဝထင်မထားခဲ့ပေ။
ဟွမ်ကျို့၏ဂူသင်္ချိုင်းသည်လည်း ကျိန်စာသင့်နေရာဖြစ်ခဲ့ကာ အသက်ရှင် ကျန်ခဲ့သော သူမ၏သားရဲများအားလုံး အဆိပ်သင့်ခဲ့သည်။