← Chapters

ယန်ယဲ့ ရှင့်ကိုလည်းကာကွယ်မယ်

Vol. 71 Ch. 1412

ယန်ယဲ့ ရှင့်ကိုလည်းကာကွယ်မယ်

Vol. 71 Ch. 1412

ဦးခေါင်းအထက်မှ ကျောက်တုံးကို ဖယ်ရှားလိုက်မှပင် ကောင်းကင်သည် မှောင်မည်းခြင်းမရှိဘဲ အလင်းတောက်နေသည်။

နှစ်ပေါင်းထောင်ချီတွင် နတ်မိစ္ဆာဧကရာဇ်သည် ရောက်လာသည်နှင့် ဘိုးဘေးကျောက်တုံးကို ဖယ်ရှားရန်ကြိုးစားခဲ့သည်။ သို့သော် အဆုံးသတ်တွင် ကျရှုံးခဲ့သည်။ ထိုဘိုးဘေးကျောက်တုံးသည် ကမ္ဘာမြေကြီးမိခင် မကျဆုံးခင်၌ နတ်မိစ္ဆာဝိညာဉ်ဖြင့် ချိတ်စည်းပိတ်ခဲ့သည့်အရာဖြစ်သည်။ ချိတ်စည်း ကျိုးပေါက်သွားသည်နှင့် ကမ္ဘာကြီးကို ဖျက်ဆီးမည့်စွမ်းအားကို ယူဆောင်လာ နိုင်သည်။ ကံကောင်းစွာပင် ထိုငတုံးရှီဖုန်းသည် ၎င်းကိုပင်မတိုက်ကြီးဧရိယာ တွင်ထားခဲ့သည်။ ဤနေရာမှကောင်းကင်သည် နတ်မိစ္ဆာဧကရာဇ် လေဟာနယ်ကို ဖောက်ဖြဲခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည့် လေဟာနယ်အက်ကြောင်း လေးရှိနေသည်။

မဟုတ်လျှင် ထိုမြူခိုးမည်းများသည် ပင်မတိုက်ကြီးတစ်ခုလုံးကို ကမ္ဘာ မြေကြီးသင်္ချိုင်းအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။

ဟွမ်ကျို့၏ဂူသင်္ချိုင်းသည် ဤမြေ၏အောက်တွင် တည်ရှိကာ သွမ့်ဟွမ် တောင်တန်းနောက်ခံရှိကာ ၎င်း၏ရှေ့တွင် မြစ်တစ်စင်းရှိသည်။ နှစ်ပေါင်း ထောင်ချီတိုက်စားမှုပြီးသည့်နောက် မြစ်ရေသည် မကြည်လင်တော့ပေ။ တောင်တန်းကို နောက်ခံ၊ မြစ်ကိုမျက်နှာချင်းဆိုင်ထားသဖြင့် ဤနေရာသည် ဘိုးဘေးကျောက်တုံး၏ ဖိနှိပ်မှုသာမရှိလျှင် မြှုပ်နှံရန် နေရာကောင်းတစ်ခုဖြစ် သည်။

“သခင် ရောက်တော့မယ်” အဂူး၏အသံသည် အသိစိတ်ပင်လယ်ထဲမှ ထိုးဖောက်ထွက်လာသည်။ သို့သော် ထိုအသံမှာ ကောင်းကင်နှင့်မြေကြီး အကြားတွင် ပဲ့တင်ထပ်သွားသည်။ မြူခိုးမည်းများ တဖြည်းဖြည်းပျောက်ကွယ် ပြီးအငွေ့ပျံသွားသည်နှင့် ကောင်းကင်အလင်းတန်း ကျဆင်းလာသဖြင့် အဂူး သည် ဂူအားရှင်းလင်းစွာမြင်နေရသည်။

ဂူအထက်တွင် အစီအရင်ကြောင့် မှန်ကဲ့သို့ဖြစ်နေသည့် အဖြူရောင် အလင်းသည် ဂူအား အဖုံးတစ်ခုလို ကာထားလေသည်။

ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူလိုက်သည်။ ထိုအချိန်တွင် သူမ၏စိတ်သည် အနည်းငယ်လေးလံနေသည်။ သို့သော် ရှေ့တိုးတုန်းပင်။ အစီအရင်ဝင်ပေါက်တွင်ရပ်လိုက်သည်။ ထိုအစီအရင်သည် နတ်ဆိုးဝိညာဉ်၏ တိုက်စားမှုကိုခံနိုင်ရည်ရှိကာ ကျိန်စာသင့်နေရာတွင် ချိတ်ပိတ်ခံထားရသည့် သားရဲများကို လွတ်မြောက်ရန် အခွင့်အရေးရစေသည်။

ပေထင်းဟွမ်သည် ရင်ဘတ်မှ ဝိညာည်ဆေးကို ပွတ်သပ်လိုက်သည် “ယန်ယဲ့ ရှင် ကျွန်မအတွက် နှစ်ထောင်ချီကြာအောင် ဒီလောက်အများကြီး လုပ်ပေးခဲ့တာ၊ ကျွန်မလည်း အဲလိုပြန်လုပ်ပေးမယ် ရှင့်ကိုကာကွယ်မယ်၊ ရှင့်ကို ထိခိုက်အောင်လုပ်မယ့်အရာတွေကနေ ကာကွယ်ပေးမယ်”

“သခင် တိုက်ရိုက်ဝင်သွားလို့ရပါတယ်”

ပေထင်းဟွမ် တွေဝေနေသည်ကိုကြည့်ပြီး ပေထင်းဟွမ်သည် အစီအရင် ကြောင့် ပိတ်မိပြီး တစ်သက်လုံးထွက်မရတော့မည်ကို စိုးရိမ်နေသည်ဟု အထင် နှင့် ပေထင်းဟွမ်အား သတိပေးလိုက်သည်။

“ကောင်းတယ်”

ပေထင်းဟွန် တုံ့ပြန်လိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် အလင်းစီးကြောင်းအဖြစ်ပြောင်းလဲပြီး အစီအရင်ကို စူးဝင်ထိုးဖောက်ကာ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူမ သေဆုံးအပြီးတွင် ချန်ထားခဲ့သည့် ဂူသင်္ချိုင်းသို့ဝင်လေသည်။

သူတို့ဆီသို့တိုးဝင်လာသောခံစားချက်နှင့် ဂူ‌ဝင်ပေါက်တွင် စောင့်နေကြ သော သားရဲငါးကောင်တို့သည် တညီတညွှတ်တည်းနောက်ဆုတ်ကာ ဂူအပြင် မှဝင်လာသောလူငယ်ကို ပြူးကျယ်သောမျက်လုံးများဖြင့် စိုက်ကြည့်လေ၏။ သူမသည် နှစ်ပေါင်းတစ်သောင်းအတွင်းတွင် ဤဂူသင်္ချိုင်းသို့ ဝင်လာသည့် ဒုတိယမြောက်လူဖြစ်သည်

လူငယ်သည် မီးကဲ့သို့တောက်လောင်သာ အနီရောင်ဝတ်ရုံကို ဝတ်ဆင် ထားသည်။ ဝတ်ရုံအနီပေါ်တွင် ရွှေရောင် ကိုးလွှာပန်းသည် မီးတောက်များ အကြားတွင် ပျံသန်းနေသည့် ဇာမဏီကဲ့သို့ တလက်လက်တောက်ပလျက်ရှိ သည်။ သူမသည်သားရဲ ၅ ကောင်အား ကျောပေးထားကာ တဖြည်းဖြည်းလှည့် လိုက်ချိန်တွင် သူမ၏ဆံနွယ်ရှည်များသည် လွတ်လပ်စွာလွင့်ပျံသွား၏။ သူမ၏ မျက်ခုံးများသည် သားရဲ ၅ ကောင်ရှေ့တွင်ပေါ်လာလေသည်။

ထူးခြားသည့်မျက်ခုံး၊ စကားလုံးများဖြင့် ဖော်ပြမရသောအလှတရား၊ မည်းနက်သောမျက်လုံးတစ်စုံ အလင်းတောက်ပနေသည်မှာ နဂါးငွေ့တန်း ရောင်ပြန်ဟပ်နေသည်နှင့်တူလေသည်။ သူမ၏ ဖြောင့်စင်းကော့နေသော နှာတံသည် ကျောက်စိမ်းကော့နေသည်နှင့်တူပြီး ပါးလွှာသည့် အနီရဲရဲနှုတ်ခမ်း များသည် အနည်းငယ် ကွေးတွန့်သွားကာ သာမန်လူများနှင့် ကွဲပြားသည့် ခက်ထန်မှုကို ထုတ်ဖော်ပြလေသ်ည။

ထိုမျက်နှာမှာ နှစ်ပေါင်းတစ်သောင်းကြာသွားသည့်တိုင်အောင် သားရဲ ၅ ကောင်တို့ မေ့မရသည့်မျက်နှာပင်ဖြစ်သည်။ ထိုမျက်နှာသည် နှစ်ပေါင်းထောင် ချီအတွင်း သူတို့၏ ယုံကြည်ချက်ကို မပြောင်းမလဲဖြစ်စေခဲ့သည်။ ထိုအချိန်တွင် လေထဲတွင် ဖြတ်သန်းလာသည့်လူငယ်ကိုကြည့်ပြီး သားရဲများ၏ ရင်ထဲမှ ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုများသည် ထိန်းချုပ်မရတော့ပေ။

ဘာမှမပြောတော့ဘဲ ကျင်းလုံဖန်ချန်းသည် ဦးဆောင်ကာ ဒူးထောက် တော့သည် “ဖန်ချန်း သခင့်ကိုတွေ့ဆုံပါတယ်”

All Chapters