Chapters

မင်းတို့တွေ ဒီမှာဒီလိုနေနေရတာလား

Vol. 71 Ch. 1414

မင်းတို့တွေ ဒီမှာဒီလိုနေနေရတာလား

Vol. 71 Ch. 1414

“ဟုတ်ပြီနော် မငိုကြနဲ့” ဖန်ချန်းသည် မျက်ရည်များကိုထိန်းရင်း သားရဲ မိန်းကလေးများသည် တစ်ဦးပြီးတစ်ဦးဆွဲထားလေသည် “မင်းတို့ခန္ဓာကိုယ်က တိုက်စားမှုကြောင့် ဒဏ်ခံထားရပြီးပြီ ဒီလိုမျိုးခံစားချက်အတက်အကျကြီးတွေ မခံရစေနဲ့ မဟုတ်ရင် မင်းတို့နှလုံးကိုထိသွားရင် ပြဿနာဖြစ်လိမ့်မယ်”

ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူကာ လက်မြှောက်ပြီး သားရဲ လေးဦး၏မျက်နှာမှ မျက်ရည်များကို တစ်ဦးချင်းသုတ်ပေးကာ ပြတ်သားသော အသံဖြင့်ပြောလေသည် “မင်းတို့ အသက်ရှင်အောင်လုပ်၊ မျှော်လင့်ချက်မပျက် စေနဲ့၊ တစ်နေ့ကျရင် သေသွားတဲ့ရဲဘော်ရဲဘက်တွေ အသက်ပြန်ရှင်လာမယ်၊ မင်းတို့ ခံစားခံရတာတွေကို ပြန်ယူပေးမယ်”

“သခင် မင်းပြန်လာတာကို တွေ့ရတာနဲ့တင် ကျေနပ်ပါပြီ” အားဝေ့ ငိုလေသည်။

“မဟုတ်ဘူး အဲဒါလောက်နဲ့ ဘယ်ဖြစ်မလဲ” ပေထင်းဟွမ်သည် ခေါင်းခါ ပြီးပြောလေသည် “နတ်ဘုရားက မင်းတို့ ငါ့ကိုစောင့်ခွင့်ပေးရုံတင်မကဘဲ မင်းတို့ကို အသက်ရှင်ခွင့်ပေးခဲ့တယ်၊ အခု မင်းတို့ကို လုံခြုံတဲ့နေရာကိုပို့ပေး မယ်၊ မင်းတို့ခန္ဓာကိုယ်ကို အရင်ညှိရမယ်၊ ဒီကကိစ္စတွေ ဖြေရှင်းပြီးတဲ့အထိ စောင့်ပေး ငါ မင်းတို့နဲ့ ပြန်ပြီးစာချုပ်တည်ထောင်မယ်”

ပြောပြီးသည်နှင့် ပေထင်းဟွမ်သည် နတ်စွန်းအား ၅ ခုကိုထုတ်ကာ သားရဲ ၅ ကောင်ကို ရစ်ပတ်ပြီး လက်ပတ်နေရာထဲသို့ထည့်လိုက်သည်။ ဤနေရာမှ မြူခိုး၏သိပ်သည်းမှုမှာ တဖြည်းဖြည်းအားနည်းလာသည်ကို ခံစားမိလာသည်။ ဘိုးဘေးကျောက်တုံးကို အောင်နိုင်လိုက်ခြင်းကြောင့် မြူခိုး မည်းများ လျော့နည်းသွားပုံပင်။ ဖိအားလည်း အားနည်းလာပြီး တမလွန်နန်းတော်မှ ကျိန်စာသည် စတင်မှေးမှိန်လာသည်။

“ဘိုးဘိုး ထွက်လာလို့ရပြီ” ပေထင်းဟွမ်သည် ပေထင်းချင်းတို့ကို ကြိုတင် သတိပေးပြီးသားဖြစ်သည်။ ထို့နောက် အတွေးတစ်ချက်နှင့် လက်ပတ် နေရာထဲသို့ဝင်ကာ သားရဲများနှင့် စကားပြောနေသည့် ပေထင်းချင်းတို့ကို ဆွဲခေါ်လိုက်သည်။

“အို့”

နန်ကုန်းချန်းသည် သတိလက်လွတ်ဖြစ်ကာ မြေပေါ်သို့ လဲကျလုမတတ် ပင်။ သူသည် အခုလေးတင် နတ်ဘုရားအဆင့်သားရဲနှင့် ပြင်းထန်သော တိုက်ပွဲ တိုက်ခိုက်နေကာ ထိုနတ်ဘုရားအဆင့်သားရဲကို အမှန်တကယ် ဖမ်းလိုက်ချင် သော်လည်း ထင်ရှားစွာပင် လက်ရှိတွင် သူသည် နတ်ဘုရားအဆင့်သားရဲ၏ ပြိုင်ဘက်မဟုတ်ပေ။ ကြီးမားသောတိုက်ကွက်ထုတ်တော့မည့်အချိန်တွင် ပေထင်းဟွမ်၏ ဆွဲယူခြင်းကိုခံလိုက်ရလေ၏။

“ရှောင်ကျို့ ဘိုးဘိုးနန်ကုန်းကို ဒီလိုမျိုးဆက်ဆံရလောက်အောင် ဘာတွေများ အများလုပ်မိလို့လဲ” နန်ကုန်းချန်းသည် နတ်ဘုရားအဆင့်ပင်ဖြစ် သည်။ သူသည် လဲကျခြင်းမရှိသဖြင့် လက်နှစ်ဖက်ကိုခါကာ ထိတ်လန့်ဟန်ပြု လေသည်။

“ဟုတ်တယ် ရှောင်ကျို့ ဘိုးဘိုးနန်ကုန်းက နတ်ဘုရားအဆင့်သားရဲကို ဖမ်းမိတော့မလိုဖြစ်နေတာကို မင်းက သွားနှောင့်ယှက်တာလေ၊ နတ်ဘုရား အဆင့်သားရဲက ပြေးသွားပြီ မင်း ဘိုးဘိုးနန်ကုန်းကို ပြန်အကြွေးဆပ်ရမယ်” တုန်ဖန်းလုသည်လည်း ပြုံးပြီး စနောက်လေသည်။

တခြားသူများသည် ပေထင်းဟွမ်အား စကားနှင့်မစနောက်သော်လည်း စိုးရိမ်သောမျက်လုံးများဖြင့် ကြည့်ကြလေသည်။ တမလွန်နန်းတော်ထဲမှ အဖြစ်အပျက်ကို သူတို့သိထားလောက်ပြီဖြစ်၏။ ပေထင်းဟွမ်သည် လက်ပတ် ကိုမပိတ်ခဲ့ပေ။ အပြင်မှလူများသည် လက်ပတ်ထဲမှ အဖြစ်အပျက်ကို မသိနိုင် သော်လည်း အထဲမှသားရဲနှင့်လူများသည် အပြင်ကိုမြင်နိုင်လေသည်။

“ကဲပါ ဘိုးဘိုးတို့ ၄ ယောက် အစ်ကိုကြီး ၄ ယောက် ကျွန်တော့်ကို ဖုံးမထားပါနဲ့တော့ ကျွန်တော့်နေရာထဲမှာ သားရဲတွေအများကြီးဖမ်းမိပြီး ပစ္စည်းကောင်းတွေအများကြီးရခဲ့တယ်မလား” ပေထင်းဟွမ်သည် နူးညံ့စွာ နှာမှုတ်လေသည် “နေရာထဲက ဓားရှည်၊ လှံတံရှည်နဲ့ တခြားအသက်လှောင် အိမ်တွေအကုန်လုံးကို သိမ်းသွားကြပြီလေ”

ပေထင်းဟွမ်သည် ထိုမလေးမစားပြုမူသည့် အဘိုးကြီးများကို အပြစ်တင် သည့်မျက်လုံးများဖြင့်ကြည့်လေသည်။ သူတို့နောက်သို့လိုက်သည့် အစ်ကိုကြီး ၄ ယောက်လည်းရှိသေးသည်။ ဤကဲ့သို့ ဆွေမျိုးများရှိသေးရဲ့လား။ ထိုအရာ များသည် မပြီးပြည့်စုံသေးသော်လည်း အားလုံးသည် ယန်ယဲ့ချန်ထားခဲ့သည့် ခုခံရေးပစ္စည်းများဖြစ်ကာ အရှင်အဆင့်သို့ရောက်နိုင်သည့် ရတနာများဖြစ်ကြ လေသည်။

နတ်ဘုရား ၄ ဦးနှင့် လူငယ် ၄ ဦးတို့သည် ပေထင်းဟွမ်၏ စွပ်စွဲသော မျက်လုံးများအောက်တွင် အနည်းငယ်ရှက်သွေးဖြန်းကြလေသည်။