← Chapters

ယူနိုင်တာအကုန်ယူ

Vol. 71 Ch. 1415

ယူနိုင်တာအကုန်ယူ

Vol. 71 Ch. 1415

ပေထင်းဟွမ်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ သူမသည် သူတို့အားလုံးကို အပြစ်မတင်လိုပေ။ သို့သော် သူတို့သည် သူမ၏ဆွေမျိုးများ ဖြစ်ပြီး သူမ ထိုအဓိပ္ပာယ်နှင့်ပြောခြင်းမဟုတ်သည်ကို သူတို့သိကြသည်။ မဟုတ်လျှင် ပင်မတိုက်ကြီးတွင် အားကော်ငးသော ပုံရိပ်ရှိသည့် နတ်ဘုရား အဆင့်လေးယောက်သည် ဤကဲ့သို့ မုန်းစရာကောင်းသောလုပ်ရပ်မျိုးလုပ်မည် မဟုတ်ပေ။

“ဘိုးဘိုးလေးယောက် အစ်ကိုကြီးလေးယောက်တို့ ဒါက လွန်ခဲ့တဲ့နှစ် တစ်သောင်းက ဟွမ်ကျို့ရဲ့ ဂူသင်္ချိုင်းပါ၊ နတ်မိစ္ဆာဧကရာဇ်က ဒီမှာဟွမ်ကျို့ ပိုင်တာတွေကို ထားခဲ့တယ်လို့ပြောတယ်၊ အားလုံးပြောသလိုဆိုရင် ဟွမ်ကျို့ က ကျွန်တော်ပဲ၊ ကျွန်တော်က ဟွမ်ကျို့၊ အဲဒါကြောင့် ဒီမှာရှိတဲ့ပစ္စည်းအကုန် လုံးက ကျွန်တော်ပိုင်ဆိုင်ခွင့်ရှိတယ်လို့ယုံတယ်၊ ယန်ယဲ့ ကျွန်တော့်အတွက် ချန်ထားခဲ့တဲ့ ပစ္စည်းကလွဲပြီး ယူလို့ရတာမှန်သမျှသာယူကြတော့”

လွန်ခဲ့သည့်နှစ်တစ်သောင်းက မင်းသမီးဟွမ်ကျို့သည် နတ်မိစ္ဆာဧကရာဇ် ၏ ဇနီးဖြစ်ခဲ့ကာ နတ်မိစ္ဆာဧကရာဇ်သည် ဧကရီနှင့်အတူ ရတနာအားလုံးကို မြှုပ်နှံခဲ့သည်ဟု ပင်မတိုက်ကြီးတွင် ဒဏ္ဍာရီရှိသည်။ ဤနေရာတွင် ပစ္စည်း ကောင်းများ မည်မျှများလိုက်မည်နည်း။

လူ ၈ ယောက်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပသွားသည်။ သို့သော် သူတို့ ပေထင်းဟွမ်၏မျက်နှာကို ကြည့်လိုက်သောအခါ မှိုင်ကျသွား ကြလေသည်။ အထူးသဖြင့် ဟွမ်ချန်းကိုဝင်ချင်သည့် ချင်းယွိသည် ချူဖုန်း၏ ငြင်းဆန်ခြင်းကိုခံခဲ့ရသည်။ ယခုအခါ ထိုအရာများအားလုံးကို ယူရန် မည်သည့် အရည်အချင်းရှိမည်နည်း။

ပေထင်းဟွမ်သည် သူတို့၏မျက်နှာထားများကိုမြင်နေရသဖြင့် ပြုံးလိုက် သည် “မင်းက ငါ့ကို ဆွေမျိုးတစ်ယောက်လို ဆက်ဆံတာ ငါက မပေးဘူးလို့ မတွေးလိုက်နဲ့ အစ်ကိုကြီးချင်းယွိက အစ်ကိုဖြစ်လာပြီပဲ၊ ကျွန်တော့်ကို ဘယ်လောက်ကာကွယ်ပေးနိုင်တယ်ဆိုတာကို မတွေးနဲ့၊ အစ်ကိုတို့က ကျွန်တော့်ကို ကူပြီးလက်စားချေပေးချင်တာ၊ အဲလိုမဟုတ်ရင် တမလွန်နန်းတော်က ပစ္စည်းတွေကို ဘာလို့ယူမသွားနိုင်ရမှာလဲ၊ ဝိညာဉ်နတ် ဘုရားမျိုးနွယ်က နှစ်တွေအများကြီး ကြီးထွားလာခဲ့ပြီ ဒါပေမဲ့ ကျွန်တော်တို့က အခုမှ အကုန်လုံးပြန်စရမှာ”

“အဲတော့ ဘာဖြစ်လဲ” နန်ကုန်းချန်း၏အသံသည် ကျယ်လွန်းသွားရာ တမလွန်နန်းတော်တွင်ပဲ့တင်ထပ်သွားလေသည်။ “ငါတို့က အင်အားစုအသစ် ပဲ၊ မိသားစုကြီးလေးခုက နှစ်တွေအများကြီးမှာ တစ်ခါမှမစည်းလုံးဖူးဘူး၊ ငါတို့မှာ ယုံကြည်ချက်ရှိနေသရွေ့ လက်မလျော့သရွေ့... ရှောင်ကျို့... ငါတို့ အမတတွေက မင်း ၃၃ ကောင်းကင်ဘုံကို သိမ်းပိုက်ပြီး ဝိညာဉ်နတ်ဘုရား မျိုးနွယ်ကိုအောင်နိုင်ဖို့ နောက်ကနေ ကူညီပေးနေမှာ”

“ရှောင်ကျို့ နှင်းဝံပုလွေက မင်းရဲ့အသန်မာဆုံး နောက်ခံဖြစ်ပေးမှာ” ချင်းယွိသည် ပြတ်သားသောမျက်လုံးများဖြင့် ပြောလေသည်။ ထိုအတွေးကြောင့်ပင် သူသည် တမလွန်နန်းတော်မှ ပစ္စည်းများကို စိတ်သန့်သန့်နှင့် ယူနိုင်မည်ဖြစ်သည်။

“ရှောင်ကျို့ မကြောက်နဲ့” ရှီမန်ကျင်သည်လည်း ခေါင်းညိတ်ပြီး လက်ဝေ့ယမ်းကာပြောလေသည် “သွားမယ် အကုန်ယူမယ် မင်းမယူနိုင်ရင် ယန်ချန်းနဲ့ဟွမ်ချန်းကလူတွေကို နောက်ကျလာယူခိုင်းလို့ရတယ်၊ ငါတို့တွေ ယဉ်ကျေးနေဖို့မလိုဘူး ဟုတ်တယ် ငါတို့တွေက အခုတပ်သားစုဆောင်းနေတာ ပဲ ဒါတွေလိုတာပေါ့”

ပေထင်းဟွမ်သည် သူတို့နောက်သို့မလိုက်ပေ။ အဂူး၏လမ်းပြမှုအောက် တွင် သူမသည် တမလွန်နန်းတော်၏ ဗဟိုကို လှည်းကျင်းသည်။ သူမသည် လမ်းပေါ်တွင် ရှိသည့်အရာများကိုပင် မကြည့်တော့ပေ။ ဤနေရာသည် သူမ၏ သားရဲများကိုချိတ်ပိတ်ထားသည့်နေရာဖြစ်ကာ သူတို့၏ လှောင်အိမ်ဖြစ်သည်။

တမလွန်နန်းတော်ကို နန်းတော်တစ်ဆောင်အလား တည်ဆောက်ထား သည်။ နှစ်ပေါင်းတစ်သောင်းကြာသွားသည့်တိုင် ခံ့ညားထည်ဝါပြီး ခမ်းနားလှ သည်။ အလယ်စင်္ကြံတစ်လျှောက်တွင် ရှေ့ခန်းမကိုဖြတ်ပြီး ခန်းမကျယ်သို့ ရောက်နိုင်သည်။ နဂါးရစ်ပတ်ထားသည့် ကြီးမားသော တိုင်ကိုးတိုင်သည် တမလွန်နန်းတော်ကို ထောက်ခံထားသည်။ နန်းတော်အလယ်တွင် ရွှေနှင့် ကျောက်စိမ်းတို့ဖြင့် ပြုလုပ်ထားသော အခေါင်းတစ်လုံးရှိသည်။ အခေါင်းပတ်ပတ်လည်တွင် အစီအရင်စီမံထားသည်။ အဝေးမှနေလျှင်တောင် ဝိညာဉ်စွမ်းအားထဲမှ စူးရှသောအတက်အကျကို မြင်နိုင်လေသည်။

ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏ရင်ဘတ်တွင် အမှောင်အလင်း တစ်ခုလက်သွားကာ မွေးပွလုံးလေးသည် ရုတ်တရက် ပေထင်းဟွမ်၏ရင်ဘတ် မှ တွားသွားထွက်လာကာ သူမ၏ပခုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ရှေ့လက် များဖြင့် ရှေ့သို့ညွှန်ပြရင်း ပါးစပ်မှာ တီတီတာတာအသံလေးရွတ်နေသည်။

ပေထင်းဟွမ်သည် လက်မြှောက်ကာ ထိုအမွေးပွလုံးလေးကို ညင်သာစွာ ပွတ်သပ်ကာ နူးညံ့စွဦပြောလိုက်သည် “ဟုတ်ပြီ ငါယူလိုက်မယ်”

ထိုအစီအရင်မှာ ယန်ယဲ့စီမံခဲ့ခြင်းဖြစ်ကာ သူ မပြောခင်ကပင် ထိုအစီအရင်၏ ဝိညာဉ်စွမ်းအားအတက်အကျကို အနည်းငယ်ရင်းနှီးသလို ခံစားမိလေသည်။ ထိုအစီအရင်သည် သူမအား မထိခိုက်နိုင်ဟု ယန်ယဲ့ပြောခဲ့ သဖြင့် သူမသည် အကြောက်အလန့်မရှိ ရှေ့သို့ဆက်လျှောက်လေသည်။

All Chapters