← Chapters

မီးတောက်ည ရှို့ဟွမ်တံတား

Vol. 71 Ch. 1417

မီးတောက်ည ရှို့ဟွမ်တံတား

Vol. 71 Ch. 1417

“နောက်ဆိုရင် ငါ လျှပ်စီးခန္ဓာကိုယ်ကိုပဲ ကျင့်ကြံနိုင်တော့မှာလား” ပေထင်းဟွမ်သည် ရုတ်တရက် မြေကြီးပေါ်မှ ထခုန်ချင်မိတော့သည် “နောက်ဆိုရင် ငါ့သားရဲတွေ မိုးကြိုးပစ်ခံရတာကို ငါ ကာကွယ်ပေးနိုင်တော့မှာ လား၊ ဒါဘယ်လိုမျိုး ချိုးဖောက်နိုင်တဲ့အရည်အချင်းပါလိမ့်”

ပေထင်းဟွမ် အောက်သို့ဆက်ဖတ်မိသည်။ ဖတ်ပြီးသည်နှင့် သူမ ပျော်ရွှင်မိသည်။ အနာဂတ်တွင် သားရဲချပ်ဝတ်တန်ဆာဝတ်ရန်မလိုတော့သည် ဟု သူမ တွေးနေသေးသည်။ ယခုအချိန်တွင် ထိုပညာကိုလေ့ကျင့်ပြီးနောက် ပေထင်းဟွမ်သည် မပျော်ဘဲမနေနိုင်တော့ပေ။ “မထင်မှတ်ဘဲနဲ့ ငါ ဆရာမပါဘဲ သားရဲထိန်းချုပ်ပညာကို သင်ခဲ့တာပဲ၊ ဗုဒ္ဓ ကင်းကောင် ရွှမ်မင်လက်က တကယ် ကိုပဲ သားရဲထိန်းချုပ်လက်ပဲ၊ ဒါက နည်းလမ်းရဲ့အရိပ်ပဲရှိသေးတာ၊ ဒါပေမဲ့ ဒါကိုကောင်းကောင်းကစားနိုင်ရင် ငါ့သားရဲတွေက ငါ့ရဲ့ဝှက်ဖဲအကြီးကြီးဖြစ် လာနိုင်တယ်”

ထိုသားရဲထိန်းချုပ်ပညာသည် သားရဲများအားလုံး၏ အရည်အချင်းကို သားရဲချပ်ဝတ်တန်ဆာမလိုတော့ဘဲ ထုတ်နိုင်တော့မည်ဖြစ်သည်။ တွေးကြည့် လျှင် ပေထင်းဟွမ်၏သားရဲများသည် လက်ပတ်နေရာထဲတွင်ရှိကြသည်။ ရန်သူနှင့်ထိပ်တိုက်တွေ့သည့် လုပ်ငန်းစဉ်တွင် သူမသည် ပြိုင်ဘက်ကို တိုက်ခိုက်ရန် သားရဲထိန်းချုပ်ပညာကို အသုံးပြုခဲ့သည်။ ပြိုင်ဘက်သည် သေသွားသည့်တိုင်အောင် ပေထင်းဟွမ် အသုံးပြုသည့် ထူးခြားသောပညာကို သိလိုက်ရမည်မဟုတ်ပေ။

“ကံကောင်းလို့ 'ကစဥ့်ကလျားနတ်ပညာ' ရဲ့အနိမ့်ဆုံးအဆင့် အရည် အချင်းတွေရှိသေးတယ်၊ အဲဒါတွေကို သုံးရင်တောင် ဝိညာဉ်နတ်ဘုရားရဲ့ အာရုံ ကိုဖမ်းစားနိုင်မှာမဟုတ်ဘူး” ပေထင်းဟွမ်သည် ကစဥ့်ကလျားနတ် အရင်းအမြစ်၏ ပထမဆုံးချိတ်စည်းကို ဖွင့်နိုင်ခဲ့ကာ ဤအရာကိုရရှိခဲ့သည်။ မိတ်ဆက်အခန်း၏ လေ့ကျင့်ခန်းများကပင် အလွန်ပျော်ရွှင်စရာဖြစ်လေသည်။

သူမသည် စမ်းကြည့်ရန်ပင်မစောင့်နိုင်တော့ပေ။ ထိုအခိုက်အတန့်တွင် အသံတစ်သံသည် သူမ၏အသိစိတ်ပင်လယ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။ ထိုအသံသည် ရင်းနှီးလှသဖြင့် ကြားလိုက်ရချိန်တွင် ပေထင်းဟွမ်သည် တုန်ယင်သွားလုနီးပါးပင် “ဟွမ်အာ မင်း အဲဒီဟာကိုရပြီးသွားပြီလား”

ပေထင်းဟွမ်သည် ရုတ်တရက် ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူမသည် မယုံနိုင်သေးသဖြင့် လှည့်ပတ်ကြည့်ကာ အသံလာရာသို့ကြည့်ရန်ကြိုးစား လိုက်သည် “ယန်ယဲ့ ရှင်လား ရှင်လား ရှင်ဘယ်မှာလဲ”

သက်ပြင်းချသံ ခပ်တိုးတိုးထွက်လာပြီး ယန်ယဲ့ မရှိသော်လည်း နူးညံ့ သောအသံသည် ပေထင်းဟွမ်၏စိတ်ထဲတွင် ပြန်ပေါ်လာကာ သူမ၏ ထင်ယောင်ထင်မှားဖြစ်သည်ဟုပင် တွေးစရာဖြစ်လာသည် “မင်းရလိုက်တာက ဘဝရဲ့ လေးပုံတစ်ပုံပဲ ရှို့ဟွမ်က ကစဥ့်ကလျားနတ်အရင်းအမြစ်နဲ့ ပတ္တမြား ကမ္ဘာကို ဖွင့်မယ့်သော့ပဲ၊ ဝိညာဉ်နတ်ဘုရားက ရှို့ဟွမ်ကို ကစဥ့်ကလျားနတ် အရင်းအမြစ်ထက်တောင် အလောတကြီးလိုအပ်နေတယ်၊ မင်း သူတို့ကို အသိ ပေးလိုက်ရင် အရမ်းအန္တရာယ်များတယ်”

“ရှို့ဟွမ်က အားလုံးပေါင်း အစိတ်အပိုင်း ၄ ခုရှိတယ်၊ ပြီးတော့ အဲတုန်းက တစ်ခုရဖို့တောင် ကိုယ့်အတွက် ခက်ခဲခဲ့တယ်၊ ဒီရှို့ဟွမ် တစ်ပိုင်းနဲ့ဆိုရင် နောက်ပိုင်း မင်းကိုယ့်ကိုချိန်မရွေး ဆက်သွယ်လို့ရတယ်၊ ရှို့ဟွမ်ရဲ့ လေးပိုင်းလုံး ကိုရှာတွေ့သရွေ့ ပတ္တမြားကမ္ဘာတစ်ခုလုံးကို သန့်စင်နိုင်တယ်၊ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှို့ဟွမ်က မင်းလက်ထဲမှာရှိတာကို ဘယ်သူ့ကိုမှ ပေးမသိနဲ့၊ ဒါပေမဲ့ အန္တရာယ်ရှိလာရင်လည်း မင်းအသက်ကို ကယ်ဖို့ အရေးကြီးတုန်းပဲ...”

ယန်ယဲ့၏အသံသည် အေးဆေးမှုအပြည့်ပင် “မင်းအသက်လောက် ဘယ်ဟာကမှ အရေးမကြီးဘူး အကုန်လုံးက ကိုယ့်အပိုင်ပဲ”

“မှတ်ထားပါ အမှောင်နတ်မိစ္ဆာဘုံကို သွားပြီးရင် မရဲတင်းပါနဲ့ ကျူယွမ် ကို ရှာဖို့နည်းလမ်းရှာပါ သူက မင်းကိုကူညီပေးလိမ့်မယ်”

ပေထင်းဟွမ်သည် ယန်ယဲ့ပြောသည့်စကားများကို နားမထောင်ပေ။ သူမ ကြားလိုက်သည့် တစ်ခုတည်းသောအရာမှာ ရှို့ဟွမ်နှင့်ဆိုလျှင် ယန်ယဲ့နှင့် အချိန်မရွေး ဆက်သွယ်ရနိုင်သည်။ အမွေးပွလုံးလေးသည် သူမ၏ ရင်ဘတ်ထဲ တွင် မြူးတူးနေသည်ကိုခံစားမိပြီး ပေထင်းဟွမ်သည် စိတ်ဆိုးဆိုးနဲ့ပြောလိုက် သည် “ဒီအမွေးပွလုံးကရော၊ ရှို့ဟွမ်နဲ့အတူတူပဲလား ကျွန်မတွက် ချန်ထားပေး ခဲ့တဲ့ ပုံစံငယ်လား”

ပေထင်းဟွမ်သည် အတန်ကြာသည်အထိစောင့်သည်။ သို့သော် ယန်ယဲ့ ၏ အဖြေကိုမစောင့်တော့ဘဲ စိတ်ဆိုးဆိုးနှင့်နှာမှုတ်လိုက်သည် “ယန်ယဲ့ ကျွန်မ ကို လျစ်လျူရှုရဲတယ်ပေါ့”

“အင်း”

သက်ပြင်းချသံတစ်သံထွက်လာရာ ပေထင်းဟွမ်၏နှလုံးသားသည် ဆွဲဆုတ်ခံလိုက်ရသလိုပင် “ဟွမ်အာ မင်းခန္ဓာကိုယ်မှာချန်ထားခဲ့တဲ့ ဝိညာဉ် ဆေးက အစိတ်အပိုင်းသေးသေးလေးပဲ ဖြစ်နိုင်ရင် မင်းရှေ့မှာ ဒီလိုအသုံးမကျ တဲ့ပုံစံနဲ့ ပေါ်မလာချင်ဘူး၊ ကိုယ်က ဒီလိုပုံစံဖြစ်နေပြီ မင်းက ကိုယ့်ကိုလာစနောက်နေတုန်းပဲလား”

All Chapters