Chapters

ကိုယ်ထွက်လာပြီး မင်းကိုရှာမယ်

Vol. 71 Ch. 1418

ကိုယ်ထွက်လာပြီး မင်းကိုရှာမယ်

Vol. 71 Ch. 1418

“ဟား” ပေထင်းဟွမ်သည် ရယ်မောမိလေသည်။ ယန်ယဲ့ထွက်သွား ပြီးနောက် အလွယ်တကူရယ်နိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။ ရယ်မောပြီးနောက် ရင်နာမှုမှာ လှိမ့်တက်လာသည် “ယန်ယဲ့ ရှင် အဆင်ပြေရဲ့ လား နာသေးလား”

“ကိုယ့်ကို စိတ်မပူပါနဲ့”

အဆုံးတစ်ဖက်တွင် စီဖုန်းနတ်အကျဉ်းထောင်၏ နေရာကျဉ်းတစ်ခုတွင် ယန်ယဲ့သည် ကျားဖြူတိုင်ကိုမှီကာ ခြေချင်းဝတ်နှင့် လက်ကောက်ဝတ်မှ သံကြိုးများကိုကြည့်နေသည်။ လေဟာနယ်ထဲမှ မှော်စွမ်းအားခပ်ဖျော့ဖျော့ သည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်နေလေသည်။ ထိုကဲ့သို့စွမ်းအားမျိုးသည် သူ့အား များစွာအထောက်အကူဖြစ်ကာ ပေထင်းဟွမ်အား စကားပြောရန် စွမ်းအားကို ပေးစွမ်းနိုင်သည်။

“ဘိုးဘေးကျောက်တုံးကို မင်း အောင်နိုင်သွားလိမ့်မယ်လို့ထင်မထားဘူး၊ ဒီလိုဆိုရင် ကိုယ်လေ့ကျင့်နိုင်တယ်၊ မင်းခန္ဓာကိုယ်မှာ ချန်ထားခဲ့တဲ့ ဝိညာဉ် ဆေးက စွမ်းအားကိုစုပ်ယူပြီးတော့ ရှို့ဟွမ်ကနေတစ်ဆင့် ကိုယ့်ကိုပေးလိမ့််မယ် ကိုယ့်အတွက် စိတ်မပူနဲ့၊ မကြာခင် ကိုယ်ထွက်လာပြီး မင်းကိုရှာမယ်”

“ကောင်းတယ်” ပေထင်းဟွမ်သည် ရင်ထဲတွင် အားပြန်ပြည့်ရန်မျှော်လင့် ချက်နှင့် သက်ပြင်းချကာ အခေါင်းကို စိုက်ကြည့်လေသည်။ စိတ်ဝင်စားစရာ တော့မရှိပေ။ အခေါင်းထဲတွင် ရှို့ဟွမ်မရှိတော့သော်လည်း အခွံကိုတော့ တွယ်တာမိတုန်းပင်။

“ဒါက တမလွန်နန်းတော်ပဲ၊ ဒီအခေါင်းကို ရှီဖုန်းအတွက်ချန်ထားလိုက် မယ်” ပေထင်းဟွမ်သည် အေးစက်စွာပြုံးပြီး နန်းတော်ထဲမှထွက်လာသည်။

သူမသည် တမလွန်နန်းတော်တစ်ခုလုံးရှိ အခြေအနေကို အာရုံခံကြည့် သည်။ နတ်ဘုရားလေးဦးနှင့် ဝိညာဉ်သခင်လေးယောက်တို့သည် တမလွန် နန်းတော်တွင် အသုံးဝင်မည့်ပစ္စည်းများကို ရှာဖွေနေတုန်းပင်။ ထိုလူများသည် သူမ၏နီးစပ်ရာဆွေမျိုးများဖြစ်ကြရာ မည်သည့်အမှားကိုမှလက်မခံပေ။

“ဒါဆို သားရဲတွေကို အရင်ထိန်းကျောင်းတာပေါ့”

ပေထင်းဟွမ်ပြောပြီးသည်နှင့် အဂူးကိုအပြင်တွင်ချန်ထားခဲ့သလို ရက် အနည်းငယ်ကြာအောင် သူမနောက်လိုက်လာသည့် ကျို့ယန်၊ ကင်းကောင်နှင့် တခြားသားရဲများကိုဆင့်ခေါ်ကာ လိုရမယ်ရ အပြင်တွင်ချန်ထားခဲ့ကာ သူမ သည် လေဟာနယ်အလယ်ထဲသို့ ဝင်ခဲ့လိုက်သည်။

အပြင်တွင်တစ်ရက်သည် အထဲတွင် ၁၀ ရက်ဖြစ်သည်။ နှစ်တစ်သောင်း ကြာအောင် ရင်းနှီးလာခဲ့သော နေရာထဲမှ လေကို ပြန်လည်စုပ်လိုက်ရသဖြင့် ချူဖုန်းနှင့်တခြားသူများသည် တမလွန်နန်းတော်တွင်ရှိစဉ် အရင်ကထက် အခြေအနေပိုကောင်းခဲ့သည်။ ပေထင်းဟွမ် ဝင်လာသည်ကိုကြည့်ပြီး သားရဲ ငါးကောင်သည် အလျင်အမြန်ပင်ထကာ ပေထင်းဟွမ်ဆီသို့ လျှောက်သွားလေ သည်။

သူတို့သည် ပေထင်းဟွမ်၏နတ်သွေးနှင့် ရှီဖုန်း၏ ကျိန်စာမိထားသူများ ဖြစ်ကြသည်။ ကောင်းကင်နှင့်မြေကြီးအကြားတွင် ပေထင်းဟွမ် တစ်ယောက် သာ သူတို့ကို ကယ်နိုင်သည်။ ဖြစ်နိုင်သည်မှာ ပေထင်းဟွမ်သည် သူမ၏ ဝိညာဉ်ကိုပြန်စုစည်းပြီး ပြန်လည်မွေးဖွားလာမည့်ရက်ရောက်လာမည်ဟု ရှီဖုန်း မျှော်လင့်ထားပုံမရပေ။

“စာချုပ်တည်ထောင်ကြတာပေါ့”

ထိုစကားလုံးများသည် သားရဲ ၅ ကောင်ကို အလွန်စိတ်လှုပ်ရှားစေသည်။ တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး သားရဲ ၄ ကောင်သည် အားဇီဆီသို့ အာရုံရောက်သွားကာ ဖုန်းချန်းသည် ပြုံးပြီးပြောလေသည် “အားဇီက သခင် ပြန်လာရင် သူမက ပထမဆုံးဖြစ်ချင်တယ်လို့ ပြောလေ့ရှိတယ်၊ သခင်နဲ့ စာချုပ် တည်ထောင်ပြီး ဘယ်သူမှ နှောင့်ယှက်ခွင့်မပေးဘူးတဲ့”

ပေထင်းဟွမ်သည် ပြုံးပြီးခေါင်းညိတ်လိုက်သည် “အားဇီ အဂူး အရင်က ထုတ်ပေးလိုက်တဲ့ ခြင်္သေ့လေးက မင်းရဲ့ကလေးမလား၊ သူက အခု ငါ့ဝမ်းကွဲ အစ်ကိုရဲ့ ဝမ်းတွင်းပါစာချုပ်သားရဲဖြစ်နေပြီ အရမ်းလိမ္မာတယ် နာမည်က ဇီထုံ တဲ့”

အားဇီ၏မျက်ရည်များသည် ရုတ်တရက်ကျလာပြီး ပေထင်းဟွမ်ရှေ့တွင် ဒူးကိုအားပါပါထောက်လိုက်သည်။ သူမ၏ ကံဆိုးလှသောကလေးသည် သခင့် ဝမ်းကွဲ၏စာချုပ်သားရဲဖြစ်သွားလိမ့်မည်ဟု သူမ တွေးမထားဖူးပေ။ သူသည် ငယ်ရွယ်လွန်းကာ မိခင်၏ကာကွယ်မှုမရှိခဲ့ပေ။ ရက်စက်လှသည့် သားရဲတော တွင် မွေးခါစကလေး၏ဘဝသည် မည်မျှခက်ခဲလိမ့်မည်ကို သူမ မတွေးနိုင် တော့ပေ။

“ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး” ပေထင်းဟွမ် ပြောလိုက်သည် “သွားရမယ့်လမ်းက အရှည်ကြီးလိုသေးတယ် အဲတော့ မင်းနဲ့စလိုက်ကြတာပေါ့”

တစ်ယောက်တည်း ထိန်းကျောင်းရသည်မှာ အချိန်ကြာသည်။ ကျိန်စာ၏ စွမ်ားအားနှင့် နတ်ဆိုးဝိညာဉ်တိုက်ခိုက်မှုကိုခုခံနိုင်သည့်သားရဲများသည် ပေထင်းဟွမ်၏ အရင်သားရဲတပ်ထက်ပင် အားကောင်းမှာ သေချာသည်။ ပေထင်းဟွမ်သည် အဂူးကဲ့သို့ သူတို့၏ခွန်အားကို မမြင်နိုင်ပေ။