ခေါင်း ၅ လုံးသားရဲ
Vol. 71 Ch. 1419
အဂူးသည် ကျိန်စာစွမ်းအား၏ ချိတ်ပိတ်ခြင်းကိုခံရစဉ်က ချုံလုကဲ့သို့ အားကောင်းသော သားရဲကို ဆွဲခေါ်နိုင်ခဲ့သည်။ ပြောဖို့မလိုအောင်ပင် ပေထင်းဟွမ်နှင့် စာချုပ်တည်ထောင်ပြီးနောက် ချိတ်စည်းစွမ်းအား ပျောက်ကွယ်သွားခဲ့ပြီး သူ၏ခွန်အားလည်း တဟုန်ထိုးတိုးတက်လာခဲ့သည်။ ဝှက်ဖဲကိုတော့ ပေထင်းဟွမ် လုံးဝမသိပေ။
ဤလုပ်ငန်းစဉ်သည် အနည်းငယ်ရှည်လျားသည်။ ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်တွင် ပေထင်းဟွမ်သည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို တွန့်တို ခြင်းမရှိဘဲ ကိုးရောင်နိဗ္ဗာန်မီးအနည်းငယ်နှင့်ရောနှောကာ အများအပြားသုံးပြီး အကြောထဲမှထုတ်သည်။ ပေထင်းဟွမ်ထင်ထားသည့်အတိုင်းပင် ကျိန်စာ စွမ်းအားနှင့်နတ်ဆိုးဝိညာဉ်တို့သည် သူတို့၏သွေးများကို အပြင်းအထန် တိုက်စားထားသည်။
အားဇီ၏အခြေအနေသည် အပြင်ထန်ဆုံးဖြစ်သည်။ ကျိန်စာသင့်မြေတွင် ကလေးမွေးဖွားခြင်းနှင့် ဆက်စပ်၍ဖြစ်မည်။ သူမ၏အသိစိတ်ပင်လယ်ပင် အနည်းငယ် သက်ရောက်လေသည်။ ကံကောင်းစွာပင် ကစဥ့်ကလျားနတ် အရင်းအမြစ်နှင့် နိဗ္ဗာန်မီးတို့သည် ကမ္ဘာပေါ်မှရတနာများဖြစ်ကာ သူတို့၏ သွေးကို ပြန်အာဖြည့်ရန် အကျိုးရှိစေသည်။
သားရဲ ၅ ကောင်ကို ထိန်းကျောင်းခြင်းသည် ပေထင်းဟွမ် အားများစွာ သုံးရသည်။ ပတ္တမြားကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ဤနေရာ တွင်မရောက်နိုင်သဖြင့် ပေထင်းဟွမ်သာ သားရဲ ၅ ကောင်ကို တမလွန် နန်းတော်၏အပြင်ကို ထုတ်ကာ စာချုပ်တည်ထောင်ရသည်။
ကိုးရောင်နိဗ္ဗာန်မီးသည် သူတို့၏သွေးထဲမှ နတ်ဆိုးစွမ်းအင်နှင့် ကျိန်စာ စွမ်းအားတို့ကို ရှင်းလင်းပြီးနောက် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ပြန် ဖြည့်ဆည်းလိုက်ရာ သားရဲ ၅ ကောင်၏ ခန္ဓာကိုယ်အခြေအနေသည် များစွာ တိုးတက်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းပေါ်ထွန်းမှုနှင့်အတူ တမလွန်နန်းတော်ထဲမှ တုန်ခါမှုသည် လွန်စွာကြီးမားသဖြင့် နတ်ဘုရားလေးဦး ကိုဆွဲဆောင်လေသည်။ သူတို့သည် ပေထင်းဟွမ်ဆီသို့ အပြေးလာကြရာ သားရဲ ၅ ကောင်သည် စာချုပ်တည်ထောင်ပြီးနောက် အားကောင်းသော ခန္ဓာ ကိုယ်မှာ ပြန်အားပြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှေးဟောင်း ဖြူစင်သော သွေးသားရဲ၏ဖိနှိပ်မှုသည် တမလွန်နန်းတော်ထဲတွင် တဖြည်းဖြည်းမြင့်တက် လာခဲ့သည်။
တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းများဖြင့် တောက်ပနေပြီး အသွင်အပြင်မှာ ပြီးပြည့်စုံလျက်ရှိသည်။ ဂုဏ်ယူသောလေထုနှင့် ရှေးဟောင်း ရွှေနဂါး၊ လှပသောပုံသဏ္ဍာန်နှင့် ရွှေဇာမဏီ၊ ကြည်လင်သောမျက်လုံး၊ ခန္ဓာ ကိုယ်တစ်ခုလုံးမှ ရွှေရောင်မီးတောက်များရှိသည့် ငွေမြေခွေးပျံ၊ ဆံပင်နက်နက် မျက်လုံးပြာရှိသော အံ့အားသင့်လောက်စေသည့်ကြောင်၊ ခမ်းနားသော ခရမ်း ရောင်မီးတောက်ရှိသည့် တောင်ပံခြင်္သေ့တို့ဖြစ်ကြသည်။
သားရဲ ၅ ကောင်သည် ပေထင်းချင်းတို့ တစ်ခါမှမမြင်ဖူးသည့် ဖြူစင်သော သွေးသားရှိသူများဖြစ်ကြသည်။ လူအများအပြား၏ မျက်လုံးများသည် ချက်ချင်းပင် ပြုတ်ကျလုမတတ်ပင်။ သားရဲ ၅ ကောင်ကို ထုတ်ပြလိုက်ပါက ပင်မတိုက်ကြီးတစ်ခုလုံးမှလူသည် သူတို့အား အရူးအမူးလုယူကြလိမ့်မည် ဖြစ် သည်။ ယခုအခါ အားလုံးသည် ပေထင်းဟွမ်၏ ပိုင်ဆိုင်မှုဖြစ်သည်။
သူတို့သည် လွန်ခဲ့သည့်နှစ်တစ်သောင်းက ပေထင်းဟွမ်၏ သားရဲများဖြစ် လိမ့်မည်။ ဤတမလွန်နန်းတော်တွင် ပေထင်းဟွမ်၏ပြန်အလာကို စောင့်နေခဲ့ ခြင်းပင်။ လူသားဘုံတွင် သားရဲများသည် အရိုင်းဆန်သော်လည်း မေတ္တာကြီးမားသည့် သတ္တဝါများဖြစ်သည်ဟု ဆိုကြသည်။
“အမလေး ရှောင်ကျို့ ဒီလောက်အားကောင်းတဲ့ သားရဲတွေ ဘယ်ကနေ ရလာခဲ့တာလဲ” နန်ကုန်းချန်းသည် ထိတ်လန့်သွားကာ စုဆောင်းလာသည့် လက်ထဲမှ ဝိညာဉ်လက်နက်ပင် ပြုတ်ကျမတတ်ဖြစ်လေသည်။
ပေထင်းချင်းနှင့်တခြားသူများလည်း အံ့အားသင့်နေကြသည်။ မူလက သူတို့သည် ပေထင်းဟွမ် အမှောင်နတ်မိစ္ဆာဘုံသို့သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ ယခုအခါ အားကောင်းသာသားရဲများကိုမြင်ပြီး အားလုံးသည် အနည်းငယ် စိတ်အေးသွားသလိုခံစားရသည်။ ထိုသားရဲများသည် အလွန်အားကောင်းကြ သည်။ ခေါင်းတစ်လုံးချင်းစီသည် ကောင်းကင်ကိုလှုပ်ခါနိုင်သည့် တည်ရှိမှုပင် ဖြစ်သည်။ သူတို့သည် ပေထင်းဟွမ်အတွက် စိုးရိမ်ရန်မလိုတော့ပုံပင်။
“ဘိုးဘိုး ရိတ်သိမ်းတာ ဘယ်လိုအခြေအနေရှိလဲ” ပေထင်းဟွမ်သည် လက်ကိုဝေ့ယမ်းကာ သားရဲ ၄ ကောင်ကို နေရာထဲသို့ ထည့်လိုက်ကာ ပေထင်းချင်းတို့ဆီသို့ ပြုံးပြီးလျှောက်လာလေသည်။
“သက်ရှိတွေကိုတော့ မတွေ့ဘူး ဒါပေမဲ့ အရှင်အဆင့်နဲ့ အရှင်ကြီးအဆင့် ရတနာတွေအများကြီးရှိသေးတယ်” ပေထင်းချင်းသည် ပြုံးပြီးပြောလေသည် “မင်းအစ်ကိုကြီးလည်း အထွတ်အထိပ်လက်နက်တစ်ခုရှာတွေ့ထားတယ်...”