← Chapters

အထွတ်အထိပ်လက်နက်

Vol. 71 Ch. 1420

အထွတ်အထိပ်လက်နက်

Vol. 71 Ch. 1420

“အထွတ်အထိပ်လက်နက်ဟုတ်လား”

ပေထင်းဟွမ်သည် အနည်းငယ် ဂနာမငြိမ်ဖြစ်သွားလေသည်။ သူမကို ထို အတိုင်းမြင်လိုက်ရသဖြင့် တခြားသူများသည် ရယ်မောကြလေသည်။ ဤကောင်လေး မတည်မငြိမ်ဖြစ်သည်ကို မြင်ရသည်မှာရှားပါးသည်။ ထိုအချိန် က ပေထင်းကျင် အထွတ်အထိပ်လက်နက်ကို မြင်ခဲ့စဉ်က သူတို့တွေ အလွန် အားကျခဲ့သည်။ ယခုအခါ ပေထင်းဟွမ်၏ရှားပါးသော အံ့၏သည့်မျက်နှာထား ကိုမြင်သောအခါ ထိုလူများသည် ရင်ထဲတွင် ဟန်ချက်ညီမှုကိုခံစားမိလေသည်။

“ရှောင်ကျို့ ငါ...” ပေထင်းကျင်သည် ပေထင်းဟွမ်ဆီသို့ ရှက်ရွံ့စွာနှင့် လက်ဆန့်ထုတ်လေသည် “ငါ ဒီအတိုင်းလက်နဲ့ကိုင်လိုက်မိတာ ဒီကောင်က ငါ့ဆီကိုပြေးဝင်လာတော့တာပဲ၊ သူက အသက်မဝင်ပေမဲ့ ငါ့ကို ဇွတ် စာချုပ် တည်ထောင်ခိုင်းတယ်”

ပေထင်းကျင်သည် အနည်းငယ်စိတ်တိုလျက်ရှိသည်။ ၎င်းသည် လက်နက် တစ်ခုသာဖြစ်သည်။ ကြည့်ရကောင်းသည့်လှံတံဖြစ်ကာ ခွန်အား လည်းမ်ဆိုးလှပေ။ ၎င်းသည် အထွတ်အထိပ်လက်နက်ဖြစ်သော်လည်း ပေထင်းကျင် စိတ်တိုမိတုန်းပင်။ ဖြစ်နိုင်လျှင် သူသည် ထိုလက်နက်ကို ရှင်းပစ် ချင်သည်။ သို့သော် ထင်ရှားစွာပင် မဖြစ်နိုင်ပေ။

သူသည် အဓမ္မပြုကျင့်ခံလိုက်ရသည့် ခံစားချက်မျိုးပင်။

“ဟား” ပေထင်းဟွမ်သည် ထပ်မံရယ်မောမိလေသည်။ ယနေ့ရာသီဥတု သည်ကောင်းလှသဖြင့် သတင်းကောင်းတစ်ခုပြီးတစ်ခုရောက်လာခြင်းပင် ဖြစ် လိမ့်မည်။ ၃၃ ကောင်းကင်ဘုံတွင်ပင် နှစ်ပေါင်းသောင်းချီအောင် ဆင်းသက် လာခဲ့သော အင်အားစုကြီးများအကြားတွင် ပုံမှန်မဟုတ်သည့်ဖြစ်ရပ်မျိုးဖြစ် သည်။

“အထွတ်အထိပ်လက်နက်က ဝိညာဉ်အသိစိတ်ရှိတဲ့ ဝိညာဉ်လက်နက်လို့ ယန်ယဲ့ပြောတာကြားဖူးတယ်၊ သူတို့ရဲ့ဝိညာဉ်အသိစိတ်က နှစ်ထောင်ချီ ကျိန်စာသင့်ပြီး တဖြည်းဖြည်းနဲ့ ဝိညာဉ်အသိစိတ်အဖြစ် တိုးတက်လာခဲ့တာပဲ၊ ဝိညာဉ်အသိစိတ်အရွယ်ရောက်လာတာနဲ့ လူသားအသွင်ပြောင်းနိုင်တယ်၊ အထွတ်အထိပ်လက်နက်တိုင်းမှာ အသက်ဝိညာဉ်လက်နက်ဖြစ်လုနီးပါးပဲ၊ ချီဖေးနဲ့ချီလန်တို့ရဲ့အဖေ အထွတ်အထိပ်ကြီးချီရှောင်ကလည်း အရင်တုန်းက နတ်မိစ္ဆာနတ်ဘုရားရဲ့ဓားရှည်ဖြစ်ခဲ့ဖူးတာပဲ” ပေထင်းဟွမ်သည် အစ်ကိုကြီး ပျော်ရွင်မှုအတွက် စိုးရိမ်မိသည်။

ချီဖေးနှင့်ချီလန်တို့၏ဖခင်သည် အသက်လက်နက်ဓားရှည်ဖြစ်ခဲ့သည် လား။ အားလုံးသည် အတန်ကြာအောင် အံ့အားသင့်မိကြသည်။ ၎င်းသည် အတိတ်မှာသာ ကြားဖူးသည့်အရာဖြစ်ပြီး အစစ်အမှန်ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

“ရှောင်ကျို့ အဲဒါက အဲလောက်အားကောင်းမယ်လို့ မမျှော်လင့်ထားဘူး၊ မင်းကိုပေးထားတာပဲ ကောင်းလိမ့်မယ်” ပေထင်းဟွမ်သည် ထိုအသက် လက်နက်ကို ဆွဲဖြဲပစ်ချင်မိသည်။ ဒီကောင်လေးက သူ့ဆီကို ဘာလို့တိုးဝင်ရ တာလဲ။

ပေထင်းဟွမ်သည် အလျင်အမြန်ပင် အစ်ကိုကြီးဖြစ်သူ၏ လှုပ်ရှားမှုကို တားမြစ်ကာ ပေထင်းကျင်အား အထက်အောက်ကြည့်လေသည် “အစ်ကိုကြီး အသက်ဝိညာဉ်လက်နက်အကုန်လုံးက သူတို့အသိစိတ်နဲ့ရွေးချယ်ကြတာ၊ သူက အစ်ကိုကြီးနဲ့စာချုပ်တည်ထောင်ပြီးသွားပြီ ပြီးတော့ အစ်ကိုကြီးရဲ့ ခွန်အားလည်း အများကြီးတိုးတက်လာဲ့ပြီ၊ အခု ဝိညာဉ်ဂိုဏ်းထိပ်ဆုံးရောက်နေ ပြီ နတ်ဘုရားဖြစ်ဖို့ တစ်ခါတည်းချိုးဖောက်နိုင်ရင် ပိုကောင်းမယ်”

ထို့အပြင် ၎င်းသည် အသက်ဝိညာဉ်လက်နက်ဖြစ်သည်။ ဤတမလွန် နန်းတော်တွင် နှစ်ပေါင်းထောင်ပြီရှိခဲ့ပြီးနောက် ဘိုးဘေးကျောက်တုံးမှ နတ်ဆိုးစွမ်းအင်၏တိုက်စားခြင်းကိုခံရပြီး ဝိညာဉ်အသိစိတ်သည် ပျက်စီးနေခဲ့ ပြီ။ မဟုတ်လျှင် အထွတ်အထိပ်နက်လက်၏ခွန်အားနှင့်ဆိုလျှင် ၎င်းသည် ပေထင်းကျင်အား နတ်ဘုရားအဆင့်သို့ ချိုးဖောက်ပေးမည်ဖြစ်သည်။

ဝိညာဉ်လက်နက်များအကြားတွင် အသက်ဝိညာဉ်လက်နက်သည် လူသားနှင့်စာချုပ်တည်ထောင်ပြီးနောက် ကောင်းကင်နှင့်မြေကြီးဥပဒေကို မောင်းတင်ပေးနိုင်သည်။ စာချုပ်ရှင်သာ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ထောက်ပံ့သော စွမ်းအင်ကိုလက်ခံနိုင်ကာ သူ၏ခွန်အားကို ကြီးမားလာအောင် ပြုလုပ်ပေးသည်။

ပေထင်းဟွမ်သည် လက်ဖျောက်တီးလိုက်ရာ ရွှေရောင်အလင်းနှစ်ခုသည် ရှီမန်ဆုန်းနှင့် တုန်ဖန်းအောင်တို့ဆီသို့သွားလေသည် “ဒါက နတ်ဘုရားအဆင့် သားရဲနှစ်ကောင်ပဲ၊ ကျွန်တော့်နေရာထဲမှာတွေ့ရတဲ့ အားအကောင်းဆုံးသားရဲ တွေပဲ၊ သူတို့ကို ထိန်းကျောင်းပြီးသွားပြီ အခု အစ်ကိုကြီးနှစ်ယောက်ကို နတ်ဘုရားအဆင့်ဖျက်နိုင်ဖို့ မကူညီနိုင်ရင်တောင် နတ်ဘုရားအဆင့်သားရဲတွေ ရဲ့ကာကွယ်မှုရှိရင် ပိုစိတ်ချနိုင်မယ်ထင်တယ်”

ပေထင်းဟွမ်၏စိုးရိမ်မှုကိုရှောင်၍ရှားချင်သည့်အလား ရှီမန်ဆုန်းနှင့် တုန်ဖန်းအောင်တို့သည် ပေထင်းဟွမ်၏ရှေ့၌ တုံ့ဆိုင်းခြင်းမရှိ သားရဲနှစ်ကောင်နှင့် စာချုပ်တည်ထောင်လေသည်။ ထင်ထားသည့်အတိုင်းပင် ရှီမန်ဆုန်းနှင့်တုန်ဖန်းအောင်တို့၏ခွန်အားသည် ဝိညာဉ်ဂိုဏ်းထိပ်ဆုံးသို့ ရောက်သွားကြသည်။

ဝိညာဉ်ဂိုဏ်းထိပ်ဆုံးသို့ရောက်သည်နှင့် နတ်ဘုရားအဆင့်ကို ချိုးဖောက် ရန် အဟန့်အတားမရှိသလောက်ပင်။ ပေထင်းဟွမ်သည် ပေထင်းချင်းအား ဝိညာဉ်အဆင့်ခွဲဆေး ပုလင်းကြီးတစ်လုံးပေးလိုက်သည် “ဘိုးဘိုး အထဲမှာ ကျွန်တော် အချိန်ယူထားတဲ့ ဝိညာဉ်အဆင့်ခွဲဆေးရှိတယ်၊ အဲဒါကို ၃၃ ကောင်းကင်ဘုံကို ယူသွားပေးလို့ရမလား၊ ကျွန်တော် ယန်ချန်းနဲ့ ဟွမ်ချန်းကို လည်းပေးလိုက်မယ် ကျွန်တော့်မှာ နည်းနည်းရှိသေးတော့ သူတို့အတွက် စိုးရိမ်ဖို့တော့မလိုဘူးနော်”အခန်း (၁)

အပိုင်း (၁၄၀၁) – ဘာတွေဖြစ်ခဲ့တာလဲ

ထို့အပြင် ဤနေရာသည် ဖန်ဆင်းရေးနတ်ဘုရား၏ ဂူသင်္ချိုင်းဖြစ်သည်။ လွန်ခဲ့သည့်လအနည်းငယ်က ပင်မတိုက်ကြီးတွင် ဖြစ်ပေါ်ခဲ့သည့် ရုန်းရင်းဆန် ခတ်မှုများကို မှတ်မိကြဦးမည်ထင်သည်။ တိုက်ကြီးတစ်ခုလုံး လဲပြိုကျတော့ မည့်အတိုင်း ရွှံ့နွံနောက်တွင် ထိတ်လန့်စရာများဖြစ်ခဲ့သည်။ လက်ရှိ နတ်မိစ္ဆာ ဧကရာဇ်သည် သခင်ယဲ့ချီဖြစ်သည်။ နတ်မိစ္ဆာဝိညာဉ်ဂူသို့ သခင်ပေထင်းဟွမ် သွားပြီး သူမ၏တိုက်ခိုက်ရေးဝိညာဉ်ကိုနားလည်ပြီးသည်နှင့် သန့်စင်သော ရွှံ့နွံမြေသို့ ပို့ခံခဲ့ရသည်။

ထိုအချိန်က သန့်စင်သောရွှံ့နွံမြေတွင် တစ်စုံတစ်ရာကြုံတွေ့ခဲ့ဟန်တူ သည်။ မဟုတ်လျှင် နတ်မိစ္ဆာဧကရာဇ်သည် သခင်ပေထင်းဟွမ်အား အတင်း မိုးပေါ်မှ ပြန်ထုတ်လာမည်မဟုတ်ပေ။

ပေထင်းဟွမ်စကားဆုံးပြီးနောက် ထိုအရာကို အာရုံမစိုက်တော့ပေ။ သူမသည် သန့်စင်စွာ ကြင်နာစွာဖြင့် ထိုလူများကို သတိပေးခြင်းပင်။ ထိုလူများ သည် သူတို့အသက်ကိုပင်မငဲ့ဘဲ နတ်ဆင်းရေးနတ်ဘုရားချန်ထားခဲ့သည့် ရတနာကို အရယူရန် ခုခံနေပါက သူမလည်း မတတ်နိုင်တော့ပေ။

ညနေခင်း တဲထဲတွင် ပေထင်းဟွမ်၊ ချင်းယွိနှင့် နှင်းဝံပုလွေကြေးစားအဖွဲ့ ဝင်များသည် အတူစားကြသောက်ကြသည်။ နှုတ်ဆက်သည့်စကားတချို့ပြော ပြီးနောက်တွင် သူတို့သည် ဘာမှမပြောကြတော့ဘဲ အနားယူကြသည်။

ရှေးဟောင်းတောထဲတွင် အရုဏ်တက်သည် အလွန်နောက်ကျသည်။ သစ်ကိုင်းနှင့် သစ်ရွက်များကိုဖြတ်ပြီး အလင်းတောက်ပချိန်တွင် ပင်မတိုက် ကြီးမှလူများသည် မနက်စာစားပြီးလေသည်။ ပေထင်းဟွမ်သည် ရင်ဘတ်မှ ဝိညာဉ်ဆေးကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။ သူမ အိပ်ရာနိုးပြီး မျက်လုံး ဖွင့်လိုက်ချိန်တွင် သက်တောင့်သက်သာမအိပ်ခဲ့ရသည်မှာ ကြာပြီဟု ခံစားရ လေသည်။

“ရှောင်ကျို့ အသားကင်ထွက်လာစားဦး”

အပြင်မှအစ်ကိုကြီး၏အော်သံကိုကြားပြီးနောက် ပေထင်းဟွမ်သည် ရီဝေ သောမျက်လုံးများကို ခတ်လေသည်။ လက်သည်ရင်ဘတ်ပေါ်တွင် ရှိနေဆဲဖြစ် သော်လည်း လက်ဖဝါးမှ နွေးထွေးမှုတစ်ခုရှိနေပြီး နောက်တွင် ယောက်ယက် ခတ်သောခံစားချက်လိုက်ပါလာသည်။ ပေထင်းဟွမ်သည် ထလိုက်ရာ ရုတ်တရက်ထိတ်လန့်သွားသဖြင့် လှည့်ကာ သစ်သားဘုတ်ပြားအိပ်ရာပေါ်မှ လိမ့်ကျလေသည်။

ဘုန်း..

ပေထင်းဟွမ်သည် မြေပေါ်တွင်ထိုင်လျက်သားကျသွားကာ တဲဆီမှအသံ ကြောင့် အပြင်လူများအပြေးဝင်လာကြသည်။ ပေထင်းဟွမ်၏အသွင်အပြင်ကို မြင်သောအခါ မှင်တက်ကုန်ကြလေသည်။ လဲ့ကယ်သည် အနည်းငယ်တုံးအ သည်။ သူသည် မျက်တောင်ခတ်ကာ အလိုက်မသိစွာမေးလေသည် “အိပ်ရာပေါ်မှာ ဘယ်သူမှမရှိပါဘူး သခင်ပေထင်းဟွမ်ကို ဘယ်သူကန်ချလိုက် တာလဲ”

ပေထင်းဟွမ်သည် ဤအချိန်တွင် မည်သို့အရှက်ရသည်ကိုပင် ဂရုမစိုက် နိုင်တော့ပေ။ မနေ့ညက နတ်ဘုရားသုံးဦးကို တစ်ချက်တည်းနှင့်သတ်နိုင် လောက်အောင် ကြောက်ဖို့ကောင်းသူသည် အိပ်ရာပေါ်မှလိမ့်ကျသည်ကို မည်သူ ယုံတော့မည်နည်း။

ပေထင်းကျင်သည် ခေတ္တမျှမှင်တက်မိလေသည်။ သူသည် ပေထင်းဟွမ် အိပ်ရာပေါ်မှလိမ့်ကျသည်ကို ထိတ်လန့်သွားကာ အမြန်ပင် ပေထင်းဟွမ်အား ထူပြီး အိပ်ရာပေါ်သို့တင်ပေးကာ တိုးညင်းစွာမေးမြန်းလေသည် “ရှောင်ကျို့ လိမ့်ကျသွားတာလား”

ပေထင်းဟွမ်သည် လျိုကွေ့ဆီမှ လက်နက်လုပ်နည်းသင်ကတည်းကပင် သုံးလကြာအောင် မအိပ်ခဲ့ရပေ။ မနေ့ညသည် ဤရက်များတွင် အိပ်အကောင်း ဆုံးညဖြစ်လိမ့်မည်။

ပေထင်းဟွမ်သည် သူ၏စကားများကို နားမထောင်ဘဲ အတွေးများ အားလုံးသည် နွေးထွေးပြီး ယောက်ယက်ခတ်နေသည့် လက်ဖဝါးအောက်မှ အရာကိုသာ စိုက်ကြည့်နေသည်။ သားရဲတောမှ သားရဲများသည် ရဲတင်းလွန်း သည်။ မနေ့ညက တိုက်ပွဲကြီးသည် ထိုသားရဲများအားလုံးကို အရိပ်အခြေကြည့် စေသည်ဟုထင်ထားသည်။

သူမသည် ယန်ယဲ့၏ဝိညာဉ်ဆေးကို ထုတ်လိုက်သည်။

သူမသည် မီးတောက်ညဝိညာဉ်ဆေးပေါ်မှ ဝိညာဉ်စွမ်းအားစုပ်ယူခံရ သည်ကို မကြောက်ပေ။

ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုအခါမှပင် တဲထဲ တွင် လူများပြည့်နေသည်ကို သိလိုက်ရတော့သည်။ သူမအား စိုးရိမ်သော မျက်လုံးများဖြင့်ကြည့်နေကြသဖြင့် ပြုံးလိုက်သည် “အစ်ကို ဘိုးဘိုး အရင်ထွက်နှင့်လိုက်ကြပါ အသင့်ဖြစ်တာနဲ့ ချက်ချင်းထွက်လာလိုက်ပါမယ်”

မည်သို့ဖြစ်ခဲ့သည်ကို အားလုံးမသိသော်လည်း ပေထင်းဟွမ်သည် ပုံမှန် ဖြစ်နေသေးသည်ကိုကြည့်ပြီး ပေထင်းချင်းတို့သည် သူမ၏စကားများကို နာခံကာ တဲထဲမှထွက်လာလိုက်ကြသည်။

All Chapters