← Chapters

အခန်း (၁၃၆)

Vol. 10 Ch. 136

အခန်း (၁၃၆)

Vol. 10 Ch. 136

ဘဏ်အကောင့်ထဲတွင် ပိုက်ဆံများ ရှိလာသည့်အခါ ဆိုင်းငံ့ထားသော ထျန်ဖုန်းဝက်ခြံတည်ဆောက်ရေးအစီအစဉ်က တရားဝင် စတင်တော့သည်။ ဖုန်းယွီ၏ တောင်မကျ၊ မြောက်မကျဖြစ်နေသည့် ကြမ်းခင်းပုံစံကို ပါမောက္ခစုသည် ပြန်လည်ပြင်ဆင်ပြီး ဖြစ်သည်။ ပါမောက္ခစုက ထျန်ဖုန်းဝက်ခြံ၏ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကိုတောင် အခမဲ့ကူညီလိုက်သေးသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်သည် ဖုန်းယွီထက် ပိုပြီးကျွမ်းကျင်ပေသည်။

အပျော်တမ်းသမားနှင့် ကျွမ်းကျင်သူများကြား ကွာဟချက်ကြီးမားသည်ဆိုသည့် အချက်သည် မှန်ကန်ပေသည်။ ပါမောက္ခစုကို အကူအညီအတွက် ရှာဖွေခဲ့ခြင်းမှာ ထိုက်တန်ပေသည်။ တိုင်ပင်ခ အနည်းငယ်သာ ယူပြီး သင်ကြားမှုနယ်ပယ်အတွက် အတွေ့အကြုံအထောက်အပံ့သာ ယူခဲ့သည်။ ဖုန်းယွီ ပြန်ရသည်က အလွန်များပြားပေသည်။

ပါမောက္ခစုသည်လည်း ထို့နည်းတူစွာ ခံစားနေရသည်။ သူသည် အကြံဉာဏ်နှင့် အစီအစဉ်များရှိသည်။ သို့သော် သူ့တွင် ရန်ပုံငွေမရှိပေ။ ပြီးနောက် တက္ကသိုလ်အနေဖြင့်လည်း ကြီးမားသည့်ဝက်ခြံကို ဆောက်ပေးရမည်က ရင်းနှီးမြှုပ်နှံမှု အလွန်များပြားပေသည်။ သူ့တွင် သူသိသည့် ဝက်ခြံလုပ်ငန်းကို ရက်ရက်ရောရော လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ မရှိပေ။ ရှိခဲ့လျှင်လည်း ထျန်ဖုန်းဝက်ခြံလောက် ရက်ရောမှုရှိမည် မဟုတ်ပေ။

ထျန်ဖုန်းဝက်ခြံတွင် ပါမောက္ခစုသည် သူလိုအပ်သည့် အရာများအားလုံးကို ရနိုင်ပေသည်။ ဥပမာအားဖြင့် နေရာနှင့် ရန်ပုံငွေဖြစ်သည်။ ပိုအရေးကြီးသည်က သူသည် ဖုန်းယွီထံမှ အပြည့်အဝထောက်ပံ့မှုကို ရသည်။ ပြီးနောက် တိရစ္ဆာန်အစားအစာများ၏ ဖော်မြူလာများတောင် သုတေသနပြုချက်မှ ရလာသည့် ဖြစ်ပေသည်။ ပါမောက္ခစုသည် တစ်နှစ်၊ နှစ်နှစ်အတွင်း သူ၏ခေတ်မီဝက်ခြံနည်းပညာကို သူ့အား လှောင်ခဲ့သည့်ပါမောက္ခစုများကို သီအိုရီမှန်ကန်ကြောင်း သက်သေပြနိုင်မည် ဖြစ်သည်။ သူသည် တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်အဖြစ်တောင် ရာထူးတိုးခံရနိုင်ပေသည်။

ဖုန်းယွီနှင့် ပါမောက္ခစုသည် မတူညီသည့်အရာများကို လိုချင်ကြသည်။ ဖုန်းယွီသည် အမြတ်ကို လိုချင်သည်။ ပါမောက္ခစုသည် အသိအမှတ်ပြုမှုကို လိုချင်သည်။ သို့သော် သူတို့လိုချင်သည့် အရာများသည် ပြဿနာမရှိပေ။ ထို့ကြောင့် သူတို့အနေဖြင့် အလုပ်အတူတူတွဲလုပ်နိုင်ခြင်းပင် ဖြစ်ပေသည်။

ဝက်ခြံအတွက် ရေပေးဝေမှုစနစ်ကို စက်ယန္တရားစက်ရုံမှ ပြုလုပ်တာ ဖြစ်သည်။ ယင်းအား စက်ပစ္စည်းစက်ရုံအတွက် လွယ်ကူသည့် အလုပ်တစ်ခုဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။ သို့သော် ထိုအရာသည် စီးပွားရေးအရ ထုတ်လုပ်သည် မဟုတ်၍ များများစားစား ထုတ်လုပ်ရန် မလိုပေ။ အမြဲလိုလိုပင် လီမင်တသည် ယခုကဲ့သို့ အလုပ်မျိုးကို လက်ခံလေ့မရှိပေ။ သို့သော် ဖုန်းယွီက လီမင်တအား ခွင့်ပြုချက်မရှိသည့်အရာများကို စွပ်စွဲလိုက်သည့်အတွက် လီမင်တသည် ထိုအမြတ်မရသည့်အလုပ်ကို မလွှဲသာမရှောင်သာဖြင့် လက်ခံလိုက်ရသည်။ ပါမောက္ခစုသည် ရေပေးဝေသည့်စနစ်၊ အစာချက်သည့်စနစ် အစရှိသည်တို့ကို ဝက်ခြံသို့ ပို့လာသည်ကို မြင်သည့်အခါ ပါမောက္ခစု၏ မျက်နှာထက်ရှိ အပြုံးက ပိုတောင် ကြီးလာသည်။ ထိုလူငယ်ဖုန်းသည် တကယ်ပင် ရက်ရောသည့်သူ ဖြစ်သည်။ သူက သူလိုချင်သည့် မည်သည့်အရာမဆို တွန့်ဆုတ်ခြင်းမရှိဘဲ ထောက်ပံ့ပေးသည်။ သူသည် ဖုန်းရှင်းထိုက်နှင့် အလွန်ကွဲပြားပေသည်။ ဖုန်းရှင်းထိုက်က

“ပလပ်စတစ်ကို သုံးမယ့်အစား သစ်သားနဲ့ အစားထိုးပြီး သုံးလို့ရတာပဲ ”

အကယ်၍ သူတို့သည် အရည်အသွေးမမှီသည့် ပစ္စည်းများကို အသုံးပြုပါက နိုင်ငံခြားရှိခြံများနှင့် မည်သို့ရင်ပေါင်တန်းနိုင်မည်နည်း။

ပါမောက္ခစုသည် ထိုခြံအတွက် ရည်မှန်းချက် မြင့်မြင့်မားမားထားခဲ့သည်။ သူသည် ယင်းဝက်ခြံကို တရုတ်ပြည်တွင်သာမက တကမ္ဘာလုံးတွင်တောင် အကောင်းဆုံးခြံဖြစ်စေချင်သည်။ သူသည် ထိုကဲ့သို့သော ဝက်ခြံမျိုးဆောက်ရန် အသိမှတ်ပြုမှုကို ရရှိချင်သည်။ သူသည် နာမည်ကြီးချင်သည်။ သူ ဝက်ခြံဒီဇိုင်းမူပိုင်ခွင့် လျှောက်လွှာတင်ထားသည်ကို ခွင့်ပြုသည့်အခါ တရုတ်မွေးမြူရေးသမားများ သို့မဟုတ် အမေရိကန်မွေးမြူရေးသမားများတောင် လုပ်ပိုင်ခွင့်ကို ဝယ်ရန်အတွက် တန်းစီကြမည် ဖြစ်ပေသည်။

“မှားနေပြီ၊ မှားနေပြီ၊ ဒီလိုတပ်တာ မှားနေတယ်၊ ဒီလိုမျိုး ဒီရေက အပေါ်ကို တက်သွားရမှာ၊ အဲ့ဒီနေရာမှာ ရှိတဲ့အလုပ်သမားတွေ ရပ်လိုက်တော့၊ ရပ်လိုက်တော့၊ ငါ မင်းတို့အကုန်လုံးကို ပြောတယ်၊ ဒီအစိတ်အပိုင်းက အစာကျွေးဖို့အတွက်ပဲ၊ အဲ့တာက လှည့်လို့ရမှ ဖြစ်မှာ၊ ဘယ်သူက အဲ့ဒီနေရာကို ကြေးနန်းကြိုးတွေနဲ့ အသေချည်ဖို့ ပြောလိုက်တာလဲ၊ ဒီလိုမျိုးဆိုရင် တိရစ္ဆာန်အစာတွေက အစာခွက်ထဲကို ဘယ်လိုလုပ်ရောက်မှာတုန်း၊ မင်း အကွာအဝေးမှားနေတယ်၊ အခုမှ ၂.၈မီတာပဲ ရှိသေးတယ်၊ မင်း ဒီထောင့်ကို ဖြတ်လိုက်လို့မရဘူး… ”

ပါမောက္ခစုသည် နေ့တိုင်းလိုလိုပင် တာဝန်ယူမှုအပြည့်ဖြင့် ဝက်ခြံထဲတွင် နေကာ မတူညီသည့်နည်းစနစ်များ တပ်ဆင်မှုကို ကြီးကြပ်ညွှန်ကြားနေသည်။ ထိုနေရာတွင် အပြစ်အနာအဆာ လုံးဝရှိရမည် မဟုတ်ပေ။

ယမန်နေ့က အလုပ်သမားတစ်ယောက်သည် ကြမ်းခင်းပုံစံကို လိုက်နာခဲ့ခြင်း မရှိကာ ဝက်ခြံ၏အတိုင်းအတာ သတ်မှတ်မှုတစ်ခုသည် ပျက်ယွင်းသွားခဲ့ရသည်။ ထိုအရာက သေးငယ်နေပေသည်။ ပါမောက္ခစုသည် ဒေါသအလိပ်လိုက် ထွက်သွားသည်။ ဖုန်းရှင်းထိုက်က လာကာ သူ့အား ဝက်ခြံအတွက် အနည်းငယ် ပြုပြင်ပေးဖို့ ပြောလိုက်သည်။ ပါမောက္ခစုသည် ညှိနှိုင်းဆွေးနွေးရန် ပြင်ရုံရှိသေး ဖုန်းယွီက ရောက်လာခဲ့သည်။ တစ်ခွန်းမှ မပြောရသေးခင် သူသည် ဝက်ခြံ၏နံရံများကို ဖျက်ပစ်ကာ အသစ်ပြန်ဆောက်ရန် ပြောလိုက်သည်။

ထိုနံရံနှစ်ခုတည်ဆောက်မှု၏ ကုန်ကျစရိတ်သည် ဝက်ခြံတစ်ခုလုံးတည်ဆောက်သည့် စရိတ်နှင့်ယှဉ်လျှင် ဘာမှမဟုတ်သော်ငြား ဖုန်းယွီ၏စိတ်သဘောထားခိုင်မာမှုသည် ပါမောက္ခစုအနေဖြင့် တရုတ်တစ်နိုင်ငံလုံးတွင် အခေတ်မီဆုံးဝက်ခြံဆောက်ရန် ဖြစ်ပေသည်။

သေချာသည်မှာ ဖုန်းယွီသည်လည်း နောက်ဆုံးတွင် သူ့ခေါင်းနောက်၌ သူ့အဖေ၏လက်ဝါးရာတစ်ချက် မိသွားသည်။ ထိုအသုံးမကျသည့်သားသည် ပိုက်ဆံကို ရေသောက်သကဲ့သို့ ဖြုန်းနေသည်။ ဝက်ခြံကို ပြန်တည်ဆောက်ရမည်လော။ အကယ်၍ ပြန်မတည်ဆောက်ဘူးဆိုလျှင် မသုံးနိုင်တော့ဘူးလား။

ဖုန်းယွီက ပြုံးရုံသာ ပြုံးလိုက်သည်။ တကယ်တမ်းကျတော့ ထိုအကြောင်းက ဝက်ခြံသည် နည်းစနစ်မကျဘဲ ဆောက်ထားပါက မြင်ရတာ ကောင်းမည်မဟုတ်ပေ။ ဝက်ခြံအတန်းနှစ်ခု၊ အကန့်တစ်ရာနှင့် ထိုအကန့်နှစ်ခုက ကျန်သည့်အရာများနှင့် ကွဲပြားခြားနားနေပေသည်။ ထိုအရာနှင့် ပတ်သတ်ပြီး မည်သူက သက်တောင့်သက်သာ ရှိမည်နည်း။

ထပ်ပြောရလျှင် ဖုန်းယွီသည် ပါမောက္ခစုအတိုင်းပင် နံရံနှစ်ခုကို ပြန်လည်တည်ဆောက်ခြင်းက အစီအစဉ်တစ်ခုလုံး၏ကုန်ကျစရိတ်နှင့် ယှဉ်ပါက ဘာမှမဟုတ်သည်ဟု ခံစားရသည်။ ထို့အပြင် ပါမောက္ခစု မျက်နှာထားက ဖုန်းယွီကို စိတ်ကျေနပ်စေသည်။ ပါမောက္ခစုသည် ဝက်မွေးမြူရေးတွင် အမှန်ပင် ကျွမ်းကျင်မှုရှိသည့်သူ ဖြစ်သည်။ အနာဂတ်တွင် ဖုန်းယွီသည် ထိုက်ဟွအစားအသောက်စက်ရုံအတွက် သူ့ထံမှ တိရစ္ဆာန်အစာဖော်မြူလာကို ရရန် လိုနေသေးဆဲ ဖြစ်သည်။ သူ့အနေဖြင့် နံရံနှစ်ခုနှင့် သူတို့၏ဆက်ဆံရေးကို မဖျက်စီးချင်ပေ။

ဖုန်းယွီက အိမ်ပြန်သွားပြီးနောက် သူက သူ့အဖေကို ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်းကို ရှင်းပြလိုက်သည်။ အသိပညာဗဟုသုတမှလွဲ၍ အရာအားလုံးသည် သူ့စျေးနှုန်းနှင့်သူ ရှိပေသည်။ ယခုလက်ရှိ ဝက်ခြံအတွက် အရေးကြီးဆုံးအရာသည် ပိုက်ဆံမဟုတ်ပေ။ အရေးကြီးဆုံးက အဆင့်မြင့်ဆုံးနည်းစနစ်များပင် ဖြစ်သည်။ ထိုနည်းစနစ်များက ပါမောက္ခစုထံမှ လာတာဖြစ်ပြီး သူတို့အနေဖြင့် သူပြောသည့်အတိုင်း လိုက်လုပ်ရပေမည်။

ထပ်ပြောရပါက ဤဝက်ခြံသည် ဖုန်းမိသားစုနှင့်သာ သက်ဆိုင်ပြီး ပါမောက္ခစုအနေဖြင့် အနာဂတ်တွင် ဤဝက်ခြံမှ အကျိုးအမြတ် တစိတ်တပိုင်းသာ ရရှိမည်ဖြစ်ပေသည်။ ပါမောက္ခစုက လက်ရှိတွင် သူတို့အတွက် အခမဲ့လုပ်ပေးနေသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ ထိုအရာက ဘာမပျော်ရွှင်စရာ ကောင်းသနည်း။

ဖုန်းယွီပြောသည်ကို ကြားပြီးနောက် ဖုန်းရှင်းထိုက်က ပိုပြီးနေရထိုင်ရ ကောင်းသွားသည်ဟု ခံစားရသည်။ ထို့ကြောင့် ထိုပါမောက္ခစုနှင့်အတူ အလုပ်လုပ်ရမည် ဖြစ်ပေသည်။ သို့သော် အလုပ်သမားက သူဌေးထက် ဇွဲကောင်းပြီး စိတ်အားတက်ကြွထက်သန်နေရသနည်း။

အင်း… သူက ပါမောက္ခတစ်ယောက်ဖြစ်ပြီး ပညာတတ်တစ်ယောက်ကဲ့သို့ ဂုဏ်မောက်နေသည့်အတွက် ဖြစ်ရပေမည်။

ပါမောက္ခစုသည် တက္ကသိုလ်တစ်ခုမှ ပါမောက္ခဖြစ်ပြီး ဖုန်းရှင်းထိုက်သည် လယ်သမားတစ်ယောက်သာ ဖြစ်သည်။ သို့သော် မာနထောင်လွှားခြင်းအာရုံက သူ၏နှလုံးသားထဲကို ချေမွနေဆဲ ဖြစ်သည်။ လက်ရှိတွင် သူက ပါမောက္ခတစ်ယောက်ကို အမိန့်ပေးနိုင်သည်လော။

ဖုန်းရှင်းထိုက်သည် သူ၏အစားအသောက်ထုတ်လုပ်သည့်စက်ရုံတွင် လာရောက်လုပ်ကိုင်ခဲ့သည့် ဆိုဗီယက်သုံးယောက်ကို ကျွမ်းကျင်သူများဟုလည်း မသိသေးပေ။ သူ့အတွေးတွင် ထိုလူများသည် ဆိုဗီယက်ပြည်ထောင်စုမှ သာမန်အလုပ်သမားများသာ ဖြစ်သည်။

ဝက်ခြံတည်ဆောက်မှုသည် ချောချောမွေ့မွေ့နှင့် မြန်မြန်ဆန်ဆန်ပြီးဆုံးသွားသည်။ ထိုအရာများအားလုံးက ဖုန်းယွီသည် တည်ဆောက်ရေးလုပ်ငန်းတွင် ငွေများစွာသုံးခဲ့သည့်အတွက် ဖြစ်သည်။ ကုန်ကျငွေသည် အနည်းငယ်များသွားသော်ငြား ဖုန်းယွီအတွက် အချိန်ချွေတာရာလည်း ရောက်ပေသည်။

အခြားသောသူများက နားလည်မည်မဟုတ်ပေ။ သို့သော် ဖုန်းယွီအတွက်မူ အချိန်က ငွေကြေးထက် တန်ဖိုးရှိပေသည်။ ပိုမြန်လေ၊ စျေးကွက်ကို ပိုစောစောသိမ်းပိုက်နိုင်မှာ ဖြစ်သည်။ စျေးကွက်ကို သိမ်းပိုက်နိုင်ခြင်းက သူတို့၏ဝက်ခြံအတွက် အကြီးမားဆုံး အထောက်အပံ့ကြီးပင် ဖြစ်ပေသည်။

စိုက်ပျိုးရေးဌာနရှိ အရာရှိချုပ်နှင့် ဝမ်သဲကွမ်းသည် ဆောက်လုပ်နေစဉ်အတွင်း ဝက်ခြံကို မကြာခဏ လာရောက်ကြည့်ရှုကြသည်။ ဝက်ခြံပြောင်းလဲသွားသည်ကို သူတို့ကြည့်ရင်း သူတို့၏မျက်နှာထက်တွင် အပြုံးများပေါ်နေကြသည်။ ဝက်ခြံပြီးမြောက်သွားသည်နှင့် သူတို့၏အထက်အရာရှိများကို အစီရင်ခံစာ တင်ရမည်ဖြစ်ပြီး အကြောင်းမှာ ထိုဝက်ခြံသည် တိုင်းပြည်တစ်ခုလုံးအတွက် ဥပမာတစ်ခု ဖြစ်နေသည့်အတွက်ပင်။ ထိုအရာကို သူတို့၏နိုင်ငံရေးအရ အောင်မြင်မှုဟုလည်း စဉ်းစား၍ ရနိုင်ပေသည်။

ဖုန်းယွီသည် သူတို့ကို ဒီလိုလုပ်ရန်အတွက် အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ရပ်တန့်ဖို့လုပ်မည်မဟုတ်ပေ။ သူတို့က ပိုထောက်ပံ့လေလေ၊ သူတို့၏ဝက်ခြံဖွံ့ဖြိုးမှုက ပိုကောင်းလေဖြစ်သည်။ လက်ထောက်အရာရှိရွှီအတွက်မူ ဒေါသထွက်ကာ အားကျရုံသာရှိသည်။ ယင်းထျန်ဖုန်းဝက်ခြံ၏ အောင်မြင်မှုသည် သူနှင့် လားလားမှ မသက်ဆိုင်ပေ။

ဒေသအတွင်းရှိအခြားသော အောင်မြင်သည့်အရာမှာ အစားအသောက်ထုတ်လုပ်သည့်စက်ရုံ ဖြစ်သည်။ ဝမ်သဲကွမ်းသည် ထိုစက်ရုံကို ကြပ်မတ်ရသည့်သူ ဖြစ်သည်။ ဝက်ခြံနှင့် စက်ရုံပေါ်တွင် အခြေတည်ကာ စိုက်ပျိုးရေးဌာနအရာရှိနှင့် ဝမ်သဲကွမ်းသည် သေချာပေါက် ရာထူးတိုးမည်ပင်။ မည်သို့ပင်ဖြစ်စေကာမူ လက်ထောက်အရာရှိရွှီသည် သူ ပင်စင်ယူသည်အထိ လက်ထောက်အနေဖြင့် ကျန်ရှိနေမည်ဖြစ်သည်။

….

ဖြန်း ဖြန်း ဖြန်း ဖြန်း ။

“ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များခင်ဗျား၊ ဒီနေ့က ထျန်ဖုန်းဝက်ခြံရဲ့ ဖွင့်ပွဲအခမ်းအနားဖြစ်ပါတယ်၊ ကျွန်တော့်အနေနဲ့ ခေါင်းဆောင်များနှင့် ဧည့်သည်တော်များရဲ့ အရမ်းအလုပ်ရှုပ်လှတဲ့ အချိန်တွေကို ဘေးဖယ်ပြီး ဤနေရာကို လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကို ပထမဦးစွာ ပြောလိုပါတယ်၊ အခု လက်ရှိ ကျွန်တော့်အနေနဲ့ စိုက်ပျိုးရေးဌာန အရာရှိချုပ်ကို မိန့်ခွန်းအနည်းငယ် ပြောကြားဖို့ ဖိတ်ကြားအပ်ပါတယ် ”

အခမ်းနားမှူးအဖြစ် စီစဉ်ဆောင်ရွက်နေသည့် ဝမ်သဲကွမ်းသည် တံခါးရှေ့တွင် ရပ်ကာ ဖွင့်ပွဲ၏အစီအစဉ်မှူးအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။

အရာရှိချုပ်၏ မိန့်ခွန်းပြီးနောက် ကျန်သည့်သူများကလည်း သူတို့၏ ဩဝါဒများကို ခြွေကြသည်။ စိုက်ပျိုးရေးဌာရှိ အရာရှိများအားလုံးသည် ဤနေရာသို့ လာကြသည်။ လက်ထောက်အရာရှိရွှီကတော့ ချွင်းချက်ဖြစ်သည်။

“အခု အရာရှိချုပ်နှင့် ကျန်တဲ့ခေါင်းဆောင်များကို အပင်စိုက်ပျိုးရန်အတွက် ဖိတ်ခေါ်ပါတယ်၊ ထျန်ဖုန်းဝက်ခြံသည် ဤသစ်ပင်လို ခိုင်ခိုင်မာမာဖြင့် တိုးတက်ပါစေလို့ ဆုတောင်းကြရအောင် ”

အနောက်ဘက်တွင် တစ်ယောက်ယောက်သည် တွင်းတူးပြီးဖြစ်ကာ အပင်ကိုလည်း ထည့်ပြီးသား ဖြစ်ပေသည်။ ခေါင်းဆောင်များက အုံလာကြကာ ဂေါ်ပြားဖြင့် သဲအနည်းငယ်ကိုသာ ထိုသစ်ပင်ပေါ်သို့ ပြန်ဖုံးလိုက်ကြ၏။ သူတို့၏နဖူးထက်တွင် ချွေးတစ်စက်မှတောင် မရှိပေ။ ထိုနေရာတွင် သတင်းထောက်နှင့် ကင်မရာများကလည်း ရှိနေကြသည်။ သူတို့အလုပ်ကြိုးစားအားထုတ်ကြောင်းကို ပြသရန်အတွက် ကောင်းမွန်သည့်အစီအစဉ်တစ်ခုကို သူတို့သေချာပေါက် ရိုက်ကူးရမည် ဖြစ်ပေသည်။

ဖုန်းယွီက ကင်မရာများကြောင့် ပြုံးနေသည့် သူ့အဖေကို ကြည့်လိုက်သည်။ ထို့နောက် သူ့အဖေနောက်ကွယ်ရှိ နောက်ခံကို ကြည့်လိုက်သည်။ ဖုန်းယွီက သူ့ဘာသာသူ ရယ်လိုက်တော့သည်။

တံခါးတွင် ဖုန်းယွီက သူကိုယ်တိုင် နှစ်လုံးစပ်လင်္ကာတစ်ပုဒ် ရေးထားသည်။

‘တိမ်များသည် လှပသည့် အဝတ်အစားအကြောင်း တွေးကြသည်။ ပန်းများသည် မျက်နှာထားအကြောင်းကို တွေးကြသည်။ ဝက်များသည် ဝရန်သာ တွေးကြသည်။ လူများက နာမည်ကျော်ကြားရန်အတွက်သာ တွေးကြသည်။ ’

All Chapters