ကျွန်တော်က အတွင်းရေးမှူးတစ်ယောက် ဖြစ်ချင်တယ်။
Vol. 10 Ch. 137
ဝက်ခြံတည်ဆောက်ရေး ပြီးသွားပြီးနောက် ဖုန်းယွီသည် ဖုန်းရှင်းထိုက်၏ ကြက်မွှေးစာဖြင့် ကျောင်းကို ပြန်ပြေးခဲ့ရသည်။ ကျောင်းသားတစ်ယောက်၏ တာဝန်သည် ကျောင်းစာပေ လေ့လာမှုကို ကြိုးကြိုးစားစား လုပ်ရမည်ပင်ဖြစ်သည်။ နေ့တိုင်းနေ့တိုင်း ပိုက်ဆံရဖို့ တွေးရမည်ကို ရပ်ရမည်ပင်။
မကြာမီတွင် ဂျွန်လရောက်ခဲ့ပြီ ဖြစ်သည်။ ရာသီဥတုသည်လည်း ဂိမှာန်ရာသီသို့ ကူးပြောင်းကာ ပူလာပြီဖြစ်သည်။ လေနှင့်မိုး လျှပ်စစ်ပန်ကာသည် ထုတ်လုပ်မှုကို ပြန်လည်စတင်ကာ ပြန်လည် ရောင်းချနေပြီဖြစ်သည်။ သို့သော် ယခုနှစ်၏ ရောင်းအားသည် ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။ တရုတ်ပြည် တစ်ပြည်လုံးတွင်တောင် အမှာစာက အခုရေငါးသောင်းသာ ခန့်မှန်းခြေအရရှိသည်။ ထိုအရာသည် အမြတ်ကို မြောက်များစွာ နည်းပါးစေသည်။ ကြော်ငြာအား ကောင်းတာကြောင့်သာလျှင် ထိုမျှ ရောင်းရခြင်းဖြစ်သည်။ မဟုတ်ပါက ရောင်းအားသည် အခုရေ နှစ်သောင်းထက် ပိုမည်မဟုတ်ပေ။ ရွေးချယ်စရာ မရှိပေ။ ဈေးကွက်ထဲတွင် လျှပ်စစ်ပလက်စတစ် ပန်ကာ အများအပြား ရောက်ရှိနေသည်။ သေးငယ်သည့် ဒေသမှစက်ရုံ သို့မဟုတ် ပုဂ္ဂလိကစက်ရုံ သေးသေးလေးကနေတောင် ယင်းကဲ့သို့သော ပန်ကာများကို ထုတ်လုပ်နိုင်ပေသည်။ ဈေးကွက်သည် အလွန်ကြီးပေသော်ငြား ရွေးချယ်စရာများလည်း အလွန်များပြားပေရာ လေနှင့်မိုး လျှပ်စစ်ပန်ကာသည် ထွေထွေထူးထူး ထူးခြားမနေပေ။ ထို့အတွက်ကြောင့် သူ၏ဈေးကွက်တွင် ရယူမှု နည်းပါးသွားခြင်းပင် ဖြစ်သည်။
ဖုန်းယွီက သက်ပြင်းချလိုက်သည်။ သူ့အနေဖြင့် ပန်ကာ၏ နောက်ထပ်မျိုးဆက် အသစ်ကို မိတ်ဆက်ရန်အချိန် ရောက်လာပုံပေါ်ခဲ့သည်။
ဖုန်းယွီသည် သူ့၏အလုပ်နှင့် ကျောင်းနှင့်ပတ်သတ်ပြီ ထွေထွေထူးထူး အလုပ်မများနေပေ။ သူ၏စာမေးပွဲသည်လည်း တစ်လကြာတောင် လိုသေးသည်။ ပြီးနောက် ထိုစာမေးပွဲအတွက် သူ့တွင်ပြင်ဆင်ချိန် လုံလုံလောက်လောက် ရှိပေသည်။
သို့သော် မကြာမီတွင် သူတို့၏ ဆရာများထံမှ အသိပေးချက်တစ်ခုကို ကျောင်းသားများ ရခဲ့သည်။ ထိုသတိပေးချက်သည် သူတို့၏ ဒုတိယနှစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ် နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရမည်ဖြစ်သည်။ သူတို့သည် မိဘများနှင့် ဆွေးနွေးတိုင်ပင်ကာ သူတို့၏ ရွေးချယ်မှုကို တင်ပေးရမည် ဖြစ်ပေသည်။
သူ့၏အရင်ဘဝနှင့် ယှဉ်လိုက်ပါက လက်ရှိတရုတ်ပြည်တွင် ဝိဇ္ဇာဘာသာရပ်ထက် သိပ္ပံဘာသာရပ်ကို ပိုမိုအားစိုက်ထုတ် လာကြသည်။ ကျောင်းသား80%သည် သိပ္ပံသာသာရပ်ကို ရွေးချယ်ကြပြီး အချို့သော မိန်းကလေး ကျောင်းသားများသာ ဝိဇ္ဇာဘာသာရပ်ကို ရွေးချယ်ကြသည်။ ဖုန်းယွီ၏ အတန်းပိုင်ဆရာသည် အတန်း၏ ရွေးချယ်မှုများကို ရရှိသည့်အခါ သူမျက်မှောင်ကြုတ်သွားသည်။
ဘာတွေဖြစ်နေတာလဲ။ ဖုန်းယွီက ဝိဇ္ဇာကို ရွေးတာလား။ လီနကလည်း သူကသိပ္ပံဘာသာရပ်မှာ ကောင်းရဲ့သားနဲ့ ဝိဇ္ဇာဘာသာရပ်ပဲ ရွေးချယ်တာလား။ သင်္ချာနှင့် သိပ္ပံဘာသာရပ်ကို သင်ယူပါ။ အကြောက်တရား ကင်းမဲ့စွာဖြင့် လှည့်လည်သွားလာပါ။ သူတို့တွေ အဲ့ဒီစာကြောင်းကို မကြားဖူးဘူး ဖြစ်ရမယ်။
အတန်းပိုင်ဆရာသည် လီနနှင့်ဖုန်းယွီကို သူ့ရုံးခန်းကို ဆွေးနွေးရန် ခေါ်လိုက်သည်။ ထိုကျောင်းသား နှစ်ယောက်သည် သူ၏အတန်းတွင် စာတော်သည့် ကျောင်းသားများအဖြစ် စဉ်းစား၍ ရနိုင်ပေသည်။ သူ့အနေဖြင့် စာတော်သည့် ကျောင်းသားနှစ်ယောက်ကို ဝိဇ္ဇာအတန်းတွင် အဆင့်နိမ့်ကျသွားမည်ကို မကြည့်ရက်ပေ။
“လီန ဖုန်းယွီ မင်းတို့ရဲ့ လျှောက်လွှာတွေကို မှားများဖြည့်ခဲ့တာလား။ ဘာကြောင့် မင်းတို့တွေက ဝိဇ္ဇာဘာသာရပ်ကို ရွေးချယ်ရတာလဲ။ ”
အတန်းပိုင်ဆရာသည် သူတို့၏ လျှောက်လွှာများကိုထုတ်ကာ သူတို့၏ ရွေးချယ်မှုကို ပြန်ပြင်နိုင်သေးဆဲ ဖြစ်ကြောင်း အရိပ်အမြွတ် ပြလိုက်သည်။
လီနက ဖုန်းယွီကို ထိတ်လန့်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဘာကြောင့်သူက ဝိဇ္ဇာကို ရွေးတာလဲ။
လီန၏ ရည်မှန်းချက်သည် ဆရာမတစ်ယောက် ဖြစ်ရန်ဖြစ်ကာ ဝိဇ္ဇာဘာသာရပ်များကို သင်ကြားရန် ရွေးချယ်ခြင်းက ပုံမှန်ရွေးချယ်သည့် အတိုင်းပင်ဖြစ်သည်။ သို့သော် ဖုန်းယွီ၏အိမ်မက်သည် အောင်မြင်ကျော်ကြားသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ရန်ဖြစ်ကာ အဘယ့်ကြောင့် သူ့အနေဖြင့် သိပ္ပံဘာသာရပ်ကို မရွေးချယ်ရသနည်း။
ရုတ်တရက် သူတို့၏ လျှောက်လွှာများကို ဖြည့်သွင်းခဲ့သည့်နေ့ကို လီနရုတ်တရက် သတိရသွားသည်။ ဖုန်းယွီက သူမကို ဝိဇ္ဇာဘာသာရပ် ရွေးချယ်မလား သိပ္ပံဘာသာရပ် ရွေးချယ်မလားဟု မေးခဲ့သည်။ ဖုန်းယွီက သူမအတွက် ဝိဇ္ဇာဘာသာရပ်ကို ရွေးချယ်ခဲ့သည်လော။
ဖုန်းယွီသည် သူ၏လျှောက်လွှာကို ဆရာဆီ ပြန်တွန်းထုတ်ကာ ပြောလိုက်သည်။
“ဆရာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုနဲ့ ပတ်သတ်ပြီးတော့ အမှားမရှိပါဘူး။ ဝိဇ္ဇာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ် ရွေးချယ်မှုက ဘာများကွာခြားမှာ မို့လို့လဲ။ အနာဂတ်ကျရင် ဘာသာရပ် နှစ်ခုလုံးက တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေမှာပဲ မဟုတ်ဘူးလား။ ”
“ဒါပေမဲ့ သိပ္ပံကျောင်းသားတွေရဲ့ အနာဂတ်က ပိုမိုကောင်းမွန်လာဖို့ရှိတယ်။ မင်းတို့နှစ်ယောက်လုံး မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ လုပ်နေကြတာပဲ။ ”
ဖုန်းယွီက ရယ်လိုက်ကာ
“ဆရာ ဆရာလည်းဘာလို့ အရင်က ဝိဇ္ဇာဘာသာရပ်ကို ရွေးချယ်ခဲ့တာလဲ။ ”
အတန်းပိုင်ဆရာသည် မျက်နှာရှစ်ခေါက်ချိုး ဖြစ်သွားသည်။ သူသည်အတိတ်က ဝိဇ္ဇာဘာသာရပ်ကို ရွေးချယ်ခဲ့သည်။ သို့သော် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ သူသည် သိပ္ပံဘာသာရပ်များတွင် မလိုက်နိုင်၍ဖြစ်သည်။ သူက အကြောင်းအရာများကို မှတ်သားဖို့ လုပ်ရန်မှာသာ တော်သည်။ ဖုန်းယွီထိုသို့ ပြောလိုက်သည့်အခါ သူအလွန် အံ့အားသင့်သွားသည်။
“အဲ့ဒါဘယ်လိုလုပ် တူနိုင်မှာလဲ။ ငါ့ရဲ့ရည်မှန်းချက်က ဆရာတစ်ယောက် ဖြစ်ဖို့လေ။ ဝိဇ္ဇာဘာသာရပ် ယူတာက ဆရာကောင်းတစ်ယောက် ပိုပြီးဖြစ်စေတယ်။ အဲ့ဒီဘာသာရပ်က ဆရာရဲ့ အသိပညာ ဗဟုသုတတွေကို မင်းတို့ကို ဖြန့်ဝေရာမှာလည်း အကူအညီဖြစ်တယ်။ ”
အတန်းပိုင်ဆရာသည် သူ့အတွက် အကောင်းမွန်ဆုံး အကြောင်းပြချက်ကို ရှာလိုက်သည်။
လီနက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
“ဆရာ သမီးရဲ့ ရည်မှန်းချက်က ဆရာမတစ်ယောက် ဖြစ်ဖို့ပါ။ ”
ဖုန်းယွီက ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။
“အဲ့ဒါက မှန်တာပေါ့။ ကြီးမြတ်တဲ့ ဆရာကောင်းတစ်ယောက်ဆိုတာ ဘယ်လောက်တောင်မှ ဂုဏ်ကျက်သရေ ရှိလိုက်လဲ။ ကြည့်လိုက် ငါတို့ရဲ့ အတန်းပိုင်ဆရာကိုပဲ။ ”
အတန်းပိုင်ဆရာသည် သူဤနေရာတွင် ငိုရမည်လား။ ရယ်ရမည်လားတောင် မသိတော့ပေ။ ထိုကျောင်းသားနှစ်ယောက်သည် လက်ရှိတွင် သူ့ကိုချီးမြောက်နေခြင်း ဖြစ်သည်။ သို့သော် သူ့အနေဖြင့် အနာဂတ်တွင် သိပ္ပံပညာရပ်များကို ရွေးချယ်ခြင်းသည် ပိုမိုကောင်းမွန်သည့် အနာဂတ်နှင့် အလုပ်အခွင့်အလမ်းကို ရရှိနိုင်သေးသည့်အတွက် သူတို့ကို သိပ္ပံပညာရပ်များ ရွေးချယ်ရန် တောင်းဆိုချင်နေသည်။
“မင်းကော ဖုန်းယွီ မင်းလည်းဆရာတစ်ယောက် ဖြစ်ချင်တာလား။ ”
အတန်းပိုင်ဆရာသည် ဖုန်းယွီကဲ့သို့ ကျောင်းသားမျိုးသည် ဆရာတစ်ယောက် ဖြစ်ချင်လိမ့်မည်ဟု ဘယ်သောအခါမှ မယုံကြည်ခဲ့ပေ။
“မဟုတ်ပါဘူး။ ကျွန်တော်က အတွင်းရေးမှူးတစ်ယောက် ဖြစ်ချင်တာပါ။ ပြီးတော့ ဝိဇ္ဇာဘာသာရပ်က အဲ့ဒီအလုပ်အတွက် ပိုပြီးသင့်တော်တယ်လေ။ ”
ဖုန်းယွီက သူစီစဉ်ထားသည့် အလိမ်အညာကို ဆရာဆီ ထုတ်ပြောလိုက်သည်။ တစ်ယောက်ယောက်ရဲ့ အတွင်းရေးမှူးလား။ အဓိပ္ပာယ်မရှိတာ။ ဖုန်းယွီသည် သူ့အတွက် အတွင်းရေးမှူး ရှစ်ယောက်မှ ဆယ်ယောက်ထိ ငှားရန်စီစဉ်ပြီးသား ဖြစ်သည်။ တစ်ယောက်သည် လက်ဖက်ရည်များကို ပြင်ဆင်ရမည် ဖြစ်သည်။ တစ်ယောက်သည် စာရွက်စာတမ်း ကိစ္စများကို ပြင်ဆင်ရမည်။ တစ်ယောက်သည် သူ၏ပုခုံးနှင့် ခြေထောက်များကို နှိပ်နှယ်ပေးရမည်။ တစ်ယောက်သည် ပန်းအိုးလှလှ ထိုးရမည်။ တစ်ယောက်သည် တစ်နေ့လုံးသူ့ကို ဂရုစိုက်ပေးရမည်။ အချို့သောသူများသည်။
သူသည် ထိုအရာများ အားလုံးကို တွေးတောနေမိသည်။
ဖုန်းယွီသည် သူဌေးကြီးတစ်ယောက် ဖြစ်ချင်ပြီး စီးပွားရေး စီမံခန့်ခွဲမှုကို သင်ယူမည်ဖြစ်သည်။ ဝိဇ္ဇာဘာသာရပ်များကို သင်ယူခြင်းက နောက်ပိုင်းတွင် စီးပွားရေးဘက်သို့ ကူးပြောင်းရာတွင် ပိုမိုလွယ်ကူမည်ဖြစ်သည်။ ထပ်ပြောရလျှင် ဖုန်းယွီ၏မှတ်ဉာဏ်သည် ပိုကောင်းပြီး ဇီဝဗေဒ၊ဓာတုဗေဒ အစရှိသည့် ဘာသာရပ်များကို ကျွမ်းကျင်သူများ၏ နောက်တွင် သူကအမြဲတမ်း ရောက်နေသည်။ သူသည် သမိုင်း၊ပထဝီ အစရှိသည့် အရာများကိုသာ မှတ်သားအားပိုကောင်းသည်။
သူ၏ဘာသာစကားအရ အားသာမှုသည် ရုရှားဘာသာစကားဖြစ်ပြီး သူ၏မှတ်ဉာဏ်အရ အခြားသော အရာများထက် သေချာပေါက် ဘေကျင်းတက္ကသိုလ်ရှိ စီးပွားရေး ခန့်ခွဲမှုတက္ကသိုလ်ကို သေချာပေါက် ဝင်မည်ဖြစ်သည်။ ထိုမျှမဟုတ်လျှင် သူသည် သိပ္ပံပညာရပ်ကို ရွေးချယ်ခဲ့ပါက သူမည်သို့ သွားရမည်နည်း။
ဖုန်းယွီ၏ ရည်မှန်းချက်က ဆရာကို အလွန်အံ့အားသင့်သွားစေသည်။ အတွင်းရေးမှူးတစ်ယောက် ဖြစ်ရန် တစ်စုံတစ်ယောက်တွင် အိမ်မက်တကယ် ရှိသည်လော။ သို့သော် သူ့အတွေးတွင် ဖုန်းယွီ၏ ရည်မှန်းချက်သည် အစိုးရနှင့် ပတ်သတ်သည့် ခေါင်းဆောင်တစ်ယောက် ဖြစ်ရန်ဟု တွေးခဲ့သည်။ ကြီးမြတ်သည့် ခေါင်းဆောင်များသည် အတွင်းရေးမှူးဘဝမှ စတင်ခဲ့ကြသည်။ ထိုအရာက စက်ရုံတစ်ရုံတွင် အလုပ်သင်ကဲ့သို့ တူပေသည်။ အတွင်းရေးမှူးတစ်ယောက် ဖြစ်ခြင်းသည် ခေါင်းဆောင်များနှင့် နီးကပ်ရန် အခွင့်အရေးရရှိကာ နောက်ခံလည်း ကောင်းမည်ပင်။
အတန်းပိုင်ဆရာသည် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သူသည် ဖုန်းယွီ၏ ရည်မှန်းချက်တွေ မှားနေသည်ဟု သူ့အားပြောချင်ခဲ့သည်။ ယခုခေတ်တွင် အစိုးရပိုင်းတွင် ခေါင်းဆောင်မည်သူက ဖြစ်ချင်သနည်း။ တက္ကသိုလ်များတွင်တောင် ဘွဲ့ကြို၊ဘွဲ့ရများသည် အစိုးရဝန်ထမ်းသို့ တိုက်ရိုက် ပြောင်းလဲနိုင်သည်။ သို့သော် ထိုကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုကာ အစိုးရလုပ်ငန်းထဲသို့ ဝယ်ယူမည်ဟူသော ဖုန်းယွီ၏အကြံသည် ကောင်းမွန်သည့်အရာ မဟုတ်ပေ။
“မင်းတို့နှစ်ယောက်လုံးက ရွေးချယ်မှုကို တကယ်ပြန်မစဉ်းစား တော့ဘူးလား။ ”
အတန်းပိုင်းဆရာသည် နောက်ဆုံးတစ်ကြိမ်ဖြင့် သူတို့ကို နားချရန် ကြိုးစားလိုက်သည်။
ဖုန်းယွီနှင့်လီနသည် သူတို့ခေါင်းကို ခါပြီးနောက် ဆရာသည် လက်ကိုယမ်းပြကာ သူတို့အား ထွက်သွားစေခြင်း ဖြစ်ပေသည်။ မေ့လိုက်တော့ ကျောင်းသားနှစ်ယောက် နည်းသွားရုံပါပဲ။
ဆရာရုံးခန်းမှ ထွက်သည်နှင့် လီနသည်ဖုန်းယွီကို မျက်ရည်ဝိုင်းနေသည့် မျက်နှာထားဖြင့် ကြည့်နေတော့သည်။
“ဖုန်းယွီ နင်ဒီလိုမျိုး လုပ်ဖို့မလိုပါဘူး။ နင်က စီးပွားရေးသမားတစ်ယောက် ဖြစ်ချင်တာလေ။ သိပ္ပံဘာသာရပ်ကို ရွေးချယ်သင့်တာ မဟုတ်လား။ ငါနဲ့အတူတူ အတန်းထဲမှာ နေဖို့နင့်အတွက် မလိုအပ်ပါဘူး။ ”
လီနက ပြောလိုက်သည်။ ဖုန်းယွီက တစ်ခဏကြာ ငြိမ်သက်သွားသည်။ လီန၏အတွေးတွင် သူဝိဇ္ဇာဘာသာရပ်ကို ရွေးချယ်ရခြင်းသည် သူမအတွက်ဟု တွေးနေပုံပေါ်သည်။ အရူးတစ်ယောက်သာ သူမကို ရှင်းပြမည်ဖြစ်သည်။ သူမနားလည်မှု လွဲခြင်းသာ ဖြစ်ပေသည်။
“ငါတစ်ယောက်ယောက်ကို နင်လိုချင်တဲ့ ကဗျာစာအုပ်တွေကို မှားထားပေတယ်။ နောက်ထပ် တစ်ရက်နှစ်ရက်နေရင် စာတိုက်ကနေ ရောက်လိမ့်မယ်။ ”
ဖုန်းယွီက အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
“ကောင်းပြီ ပြန်ပြီးတော့ စာတွေလေ့လာရအောင်။ နင်အရင်လတုန်းက ကျောင်းနှစ်ပတ်တောင် ပျက်ထားတာ။ ”
ဖုန်းယွီက ပြောလိုက်ကာ
“ငါနောက်ထပ်အတန်း ထပ်မပျက်တော့ပါဘူး။ ဒီလမှာလည်း ငါ့ရဲ့ကုမ္မဏီက ဘာမှအများကြီး လုပ်စရာမလိုဘူး။ အိုး ဟုတ်သားပဲ ငါနင့်ကို သင်္ချာကူညီဖို့ အကူအညီ တောင်းရအုံးမှာပဲ။ မနေ့ကသင်တဲ့ သင်္ချာမေးခွန်းတွေကို ငါနားမလည်ဘူး။ ဒီညနေခင်းကျရင် ငါတို့တွေ ညစာထွက်စားရအောင်။ ကမ်းစွေ့လမ်းမှာ ဟာလာစားသောက်ဆိုင် အသစ်တစ်ခုရှိတယ်။ အဲ့ဒီက အစားအသောက်တွေက ကောင်းတယ်လို့ ငါကြွားထားတယ်။ ”
ဖုန်းယွီသည် အချိန်းတိုင်းတွင် အလုပ်ရှုပ်နေကာ သူ့အနေဖြင့် အချိန်မလောက်ဟုတောင် ခံစားနေမိသည်။ သို့သော်သူသည် လီနနှင့်သာဆိုလျှင် သူသည် တည်ငြိမ်ပြီး သက်တောင့်သက်သာ ဖြစ်သည်။ သူတို့သည် ဘာမှမလုပ်ဘဲ ဘေးချင်းဆိုင်သာ စာဖတ်နေရင်တောင် ဖုန်းယွီသည် ကောင်းမွန်သည့် စိတ်ထားဟုခံစားနေရသည်။
“ကောင်းပြီလေ။ ဝမ်တုန့်ကျွင်းနဲ့ ကျန်းဟန်ကို သွားမေးကြည့်ရအောင်။ ”
လီနက ဝမ်တုန့်ကျွင်းနှင့် ကျန်းဟန်ကို ပြောသည့်အခါ ဖုန်းယွီမပျော်ရွှင် ဖြစ်သွားသည်။ သူသည် ကျန်းဟန်အနေဖြင့် ကာလတိုအတွင်း ဝိတ်အများကြီးကျအောင် ဘာဆေးစားလိုက်သည် ဆိုတာကို သူမှင်သက်နေသည်။ ထိုအရာက ကာလတိုအချိန်လေး ဖြစ်နေသည်လား။ သူကသူမသည် ဝိတ်အလွန်အကျွံ့ ကျသွားခဲ့သည်။ လက်ရှိတွင်သူမက 55ကီလိုသာရှိပြီး ဝမ်တုန့်ကျွင်းသည် ထိုကဲ့သို့သော ခံစားမှုအရသာက ဘယ်လောက်တောင် ကောင်းသလဲဆိုသည်ကို ဖုန်းယွီအား ကြွားလုံးထုတ်နေသည်။ ကျန်းဟန်က သူ့အပေါ်တွင် ဘယ်လောက်ကောင်းကြောင်း ကျန်းဟန်က ဘယ်လောက်လှကြောင်း အစရှိသဖြင့်ဖြစ်သည်။ ဖုန်းယွီသည် သူ၏ကြွားဝါမှုကြောင့် ရူးတောင် ရူးသွားတော့မည်ပင်။
ယင်းက ဖုန်းယွီအနေဖြင့် ဝမ်တုန့်ကျွင်းကို သူအစားကောင်း သွားစားသည့်အခါ မလိုက်လာစေလိုသည့် အကြောင်းအရင်းပင် ဖြစ်ပေသည်။
ထိုအရူးသည် သူ၏ကိုယ်ကျိုးအတွက်ကိုသာ အစားကို ကြည့်တတ်ပြီး ကျန်းဟန်၏ ပန်းကန်ထဲသို့သာ အစားထည့်ပေးသည်။ သူမ စားပြီးပြီလားဆိုတာကို ဘယ်တော့မှ မစဉ်းစားပေ။ သူ့အနေဖြင့် ဖုန်းယွီ စားလားမစားလားဆိုသည်ကို လျစ်လျူရှု့သည်။
အကယ်၍ ကျန်းဟန်နှင့် ဝမ်တုန့်ကျွင်းသာ သူတို့နှင့်အတူ မလိုက်ပါက လီနသည်လည်း သွားမည်မဟုတ်ပေ။ ထို့ကြောင့် ဖုန်းယွီသည် လက်မခံချင် လက်ခံချင်ဖြင့်သာ လက်ခံလိုက်ရသည်။ သို့သော် ဖုန်းယွီအနေဖြင့် ယဉ်ကျေးမှုနန်းတော်တွင် ရုပ်ရှင်သွားကြည့်သည့်အခါ ဝမ်တုန့်ကျွင်းကို အဝေးကိုပို့ရန် နည်းလမ်းကိုသာ စဉ်းစားနေတော့သည်။