ဒလက်မဲ့ပန်ကာ
Vol. 10 Ch. 139
ဖုန်းယွီသည် လေနှင့်မိုး လျှပ်စစ်ပန်ကာ၏ ရောင်းအားကို ကြည့်သည့်အခါ သူခေါင်းခါလိုက်တော့သည်။ မျှော်မှန်းထားသည့် အတိုင်းပင်။ သူ၏ပန်ကာ အမှာစာများက နည်းပါးသွားသည် ဖြစ်သည်။ သူ၏ဈေးကို လျော့ချပြီးနောက် သူ့အနေဖြင့် ဈေးကွက်ကို ပြန်လည်ရရှိတော့မည် မဟုတ်ပေ။
ဖုန်းယွီသည် ဆက်လက်ကြော်ငြာရန်အတွက် အတွေးများသာရှိသည်။ CCTVတွင့်လွင့်သည့် ကြော်ငြာများက အကူအညီ ဖြစ်နေဆဲဖြစ်သည်။ သို့သော် ဈေးကွက်သည် အတုအပ ပစ္စည်းများနှင့် ပြည့်နေသည်။ ကြော်ငြာများသည် သက်ရောက်မှုများစွာ ရှိသည့်တိုင် ဝယ်ယူသူများက လေနှင့်မိုး ပန်ကာများကို ဝယ်ယူကြပြီး ထိုအရာများက အတုတောင်ဖြစ်နိုင်သည်။
လွယ်လွယ်ကူကူဖြင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများသည် ကောင်းမွန်သည့်အရာ မဟုတ်ပေ။ ဈေးကွက်၏ ပြောင်းလဲမှုသည် အလွန်မြန်ဆန်ပေသည်။ ထပ်ပြောရလျှင် တစ်ချို့စတင်ကာစ အမှတ်တံဆိပ် ပန်ကာထုတ်လုပ်သူများသည် ပလက်စတစ် ပန်ကာများကို စတင်ထုတ်လုပ်သည် ဖြစ်ပေသည်။ ထိုအမှတ်တံဆိပ်များသည် သူတို့၏ ပြည်နယ်များတွင် အလွန်နာမည် ကျော်ကြားပြီး ထိုသို့သော ပြည်နယ်များတွင် လေနှင့်မိုးပန်ကာသည် ရောင်းအားမကောင်းပေ။
လေနှင့်မိုးပန်ကာများသည် အမြတ်များ ရသည့်တိုင် ဖုန်းယွီအတွက် ရသည့်နှုန်းက နည်းလွန်းပေသည်။ ယမန်နှစ်က တစ်နှစ်အတွင် ဖုန်းယွီသည် ယွမ်သန်းပေါင်းများစွာကို နှစ်လသုံးလအတွင်း ရခဲ့ပြီး ယခုနှစ်တွင် သူ့အနေဖြင့် နှစ်လသုံးလအတွင်း သောင်းချီသာ ရနိုင်မည်ဖြစ်သည်။ ကွာခြားမှုက အလွန်ပင် ကြီးမားပေ၏။
ကံကောင်းချင်တော့ ဖုန်းယွီသည် အဖြေတစ်ခုကို စဉ်းစားမိသည်။ လျှပ်စစ်ပန်ကာ ပုံစံတူတစ်မျိုးကို မိတ်ဆက်ရန်ဖြစ်ပြီး ယင်းသည် ဒလက်မဲ့ပန်ကာ ဖြစ်သည်။ သူ့အနေဖြင့် ယင်းပန်ကာများအတွက် မူပိုင်ခွင့်ကို လျှောက်ထားနိုင်ကာ နည်းပညာ လိုအပ်ချက်သည်လည်း များလွန်းသည်ဟု စဉ်းစားနိုင်ပေသည်။ စက်ရုံသေးလေးပင် မဆိုထားနှင့် ကြီးမားသည့် စက်ရုံများတောင် ယင်းနည်းပညာကို တုပရန် မလွယ်ကူနိုင်ချေ။ ယခုတွင် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် လေဖိအား နည်းပညာရှိပြီးဖြစ်ကာ ဖုန်းယွီသည် ထိုနည်းပညာကို အသေးလုပ်ရန် လိုအပ်သည်။ လေဖိအားပစ္စည်းကို သေးငယ်သည့် ပုံစံမျိုး ထုတ်လုပ်ရန် လိုပေသည်။
…
“မန်နေဂျာဖုန်း ဘာကြောင့်ကျွန်တော်တို့ကို ဒီနေရာကို ထပ်ခေါ်ရတာလဲ။ ရေနွေးငွေ့စက်နဲ့ ပတ်သတ်ပြီး ပြဿနာတွေများ ရှိလို့လား။ ”
ဟိုဟိုက်ထောင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ လက်ရှိတွင် ရေနွေးငွေ့စက်က သူတို့အတွက် ငွေလားကြီးကဲ့သို့ ဖြစ်နေသည်။ ပုံမှန်အားဖြင့် ထိုက်ဟွကုန်သွယ်ရေးသည် စက်ပစ္စည်းစက်ရုံမှ ထုတ်လုပ်သည့် ရေနွေးငွေ့စက်တိုင်းကို ရောင်းချနိုင်မှာဖြစ်သည်။
ပြည်တွင်းဈေးကွက်၏ ဝယ်လိုအားသည် မြင့်တက်နေသေးဆဲဖြစ်ကာ ပြည်ပဈေးကွက်၏ ထုတ်လုပ်မှုသည်လည်း လုံလောက်နေပြီဖြစ်သည်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံနှင့် စက်ပစ္စည်း စက်ရုံတို့ကို သူတို့၏ အဆင့်မြင့်အရာရှိများက လုပ်ဆောင်ချက်အတွက်တောင် ချီးမွန်းနေကြသည်။ ဟိုဟိုက်ထောင်သည် ထိုရေနွေးငွေ့ အစီအစဉ်တွင် အထူးအာရုံ စိုက်ခဲ့သည်။ အကယ်၍ ထိုရေနွေးငွေ့စက်က ဆယ်နှစ်ကြာ မဟုတ်ရင်တောင် ငါးနှစ်ကြာပါက လေယာဉ်ထုတ်လုပ်သည့် စက်ရုံနှင့် အမြတ်များစွာ ရရှိမည်ဖြစ်ပေသည်။
“ဒါရိုက်တာဟို ဒါရိုက်တာလီ ရေနွေးငွေ့စက် ရောင်းအားနဲ့ ပတ်သတ်ပြီး ဘာပြဿနာမှ မရှိပါဘူး။ ဝယ်လိုအားကများတော့ လိုအပ်ချက်တွေတော့ ရှိသေးတာပေါ့။ ဒါပေမဲ့ စက်ပစ္စည်း စက်ရုံအနေနဲ့ အရေအတွက် တိုးမြင့်ထုတ်လုပ်ဖို့အတွက် နောက်ထပ် ထုတ်လုပ်ရေး လမ်းကြောင်းတစ်ခုကို တည်ဆောက်ဖို့ မလိုသေးပါဘူး။ တကယ်လို့ တည်ဆောက်လိုက်မယ်ဆိုရင် ပိုလျံသွားပြီး အရင်းအမြစ်တွေကို ဖြုန်းတီးရာ ရောက်စေတယ်။ ယခုလက်ရှိ ထုတ်လုပ်နေတဲ့နှုန်းက လုံလောက်နေပါပြီ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ မူပိုင်ခွင့်ရှိပြီးသား။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဈေးကွက်ကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်။ ကျွန်တော်အနေနဲ့ နှစ်ယောက်စလုံးကို ဒီမှာရှိနေအောင် မေးတာကတော့ တစ်ခြားကိစ္စ တစ်ခုအတွက်ပါ။ ကျွန်တော်မနေ့က အကြံဉာဏ်တစ်ခု တွေးမိတယ်။ ”
ဟိုဟိုက်ထောင်နှင့် လီရှစ်ယုံတို့က ဖုန်းယွီပြောတာကို ကြားသည့်အခါ သူတို့သည် အချင်းချင်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။ ဖုန်းယွီ၏ ယခင်အကြံဉာဏ်သည် အက်ထရာစောနစ် ရေနွေးငွေ့စက်ဖြစ်ကာ သူတို့စက်ရုံ နှစ်ရုံလုံးကို အမြတ်များစွာ ရစေခဲ့သည်။ ယခုလက်ရှိတွင် နမူနာပစ္စည်းတစ်ခုကတောင် ရေနွေးငွေ့စက်လောက် ကောင်းမည်ဖြစ်သည်။ သို့မဟုတ် သူတို့အနေဖြင့် 30%ရသည့်တိုင်အောင် ပျော်ရွှင်နေကြသည်။
“မန်နေဂျာဖုန်းက ကျွန်တော်တို့နဲ့တူတူ ထပ်လုပ်ချင်သေးတာလား။ ကျွန်တော်တို့က သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကြီးမတ်ရမယ်။ စက်ပစ္စည်းစက်ရုံက ထုတ်လုပ်မှုကို တာဝန်ယူရမယ်။ ”
ဟိုဟိုက်ထောင်က မေးလိုက်သည်။ လီရှစ်ယုံက အလွန်မပျော်ရွှင် ဖြစ်သွားကာ
“ဘာကြောင့် ငါတို့က သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မလုပ်နိုင်ပြီး မင်းတို့အစီအစဉ်က ထုတ်လုပ်မှုကို မလုပ်နိုင်ရမှာလဲ။ လုပ်ပြီး မင်းတို့အစီအစဉ်က ထုတ်လုပ်မှုကို မလုပ်နိုင်ရမှာလဲ။ ”
စက်ပစ္စည်းစက်ရုံတွင်လည်း ကျွမ်းကျင်သူ အများအပြား ရှိပေသည်။ သုတေသန ပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုက ထုတ်လုပ်မှုထက် ပိုကောင်းပေသည်။ ထုတ်လုပ်မှုသည် အလွန်ပင်ပန်းပြီး ထုတ်လုပ်သည့် လမ်းကြောင်းကိုလည်း ပြုပြင်ထိန်းသိန်းရန် လိုသည်။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်လုပ်သဖြင့် နှစ်ပေါင်းများစွာ အမြတ်ကိုခံစားနိုင်သည် မဟုတ်လော။
“အရင်တစ်ခေါက်ကလိုမျိုး မဟုတ်ဘူးမလား။ ”
ဟိုဟိုက်ထောင်သည် သုတေသန ပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို လုပ်ချင်သည်။ လွန်ခဲ့သည့်အခေါက်က သူ၏စက်ရုံသည် ရေနွေးငွေ့စက်ကို ဖွံ့ဖြိုးတိုးတက်မှု လုပ်ရန်အတွက် အချိန်အနည်းငယ်သာ အသုံးပြုခဲ့ရပြီး စက်ပစ္စည်းစက်ရုံသည် ထုတ်လုပ်မှုအတွက် နောက်ဆယ်နှစ်ကြာ အလုပ်လုပ်မည် ဖြစ်ပေသည်။
ဖုန်းယွီက သူ၏လက်ကို မြောက်လိုက်ကာ ဒါရိုက်တာနှစ်ယောက် ထရန်ဖြစ်သည်ကို တားဆီးလိုက်သည်။
“ဒါရိုက်များခင်ဗျာ ကျွန်တော်စကားဆုံးအောင် ပြောပါရစေအုံး။ ကျွန်တော်အနေနဲ့ လေယာဉ်ထုတ်လုပ်သည့် စက်ရုံက လေဖိအားနည်းပညာ ရှိတယ်လို့ ကြားခဲ့တယ်မဟုတ်လား။ ဒါက တာဘိုအားမြှင့် နည်းပညာ မဟုတ်ဘူးလား။ ”
ဟိုဟိုက်ထောင်က ချက်ချင်းပင် သူ့မျက်နှာထက်၌ ဂုဏ်ယူသည့် ပုံစံတစ်ခု ပေါ်လာကာ သူကလီရှစ်ယုံကို ကြည့်လိုက်သည်။ ကြားတယ်မလား။ ငါတို့ရဲ့စင်က ဒီနည်းပညာရှိတယ်။ မင်းစက်ရုံမှာ ဘာရှိတာလဲ။ မင်းမှာရှိလို့လား။
“သေချာတာပေါ့။ ငါတို့မှာ အဲ့ဒီနည်းပညာကို မနှစ်ကတည်းကရှိတာ။ အဲ့ဒီဟာကို လေယာဉ်ရဲ့ အင်ဂျင်ကို တိုးတက်မှုကောင်းအောင်နဲ့ ဆီစားမှု နည်းပါးအောင် လုပ်တဲ့နေရာမှာ အသုံးပြုတယ်။ ဒီတစ်ကြိမ်မှာ ဘာကြောင့်မင်းက အဲ့ဒီနည်းပညာကို အသုံးပြုချင်ရတာလဲ။ ”
ဟိုဟိုက်ထောင်က နားမလည်နိုင် ဖြစ်နေသည်။ ယင်းနည်းပညာနှင့် သူတို့ဘာလုပ်နိုင်မည်နည်း။
“အဲ့ဒါဆိုရင် ကျန်နည်းပညာရောရှိလား။ ”
“ကျန်နည်းပညာလား။ ဟွန်း ငါတို့က လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံလေ။ လေယာဉ်တွေကို တည်ဆောက်ရတယ်။ မင်းဘာတွေ တွေးနေတာလဲ။ ”
ဟိုဟိုက်ထောင်က ဂုဏ်ယူသည့်လေသံဖြင့် ပြန်ပြောလိုက်ကာ တစ်ချိန်တည်းတွင် လီရှစ်ယုံကို သရော်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
လီရှစ်ယုံက ဒေါသအလိပ်လိုက် ထွက်လာသည်။ သို့သော် စက်ပစ္စည်းစက်ရုံတွင် ယင်းနည်းပညာနှစ်ခု မရှိပေ။ ပြီးနောက် သူတို့အနေဖြင့် လေယာဉ်ထုတ်လုပ်သည့်စက်ရုံကို ယှဉ်ပြိုင်နိုင်ရန် မဆန်းလှပေ။ စက်ရုံတိုင်းတွင် သူ၏အထူးအားသာချက် ရှိသည်ဟုသာ သူ့ကိုယ်သူ ပြန်ပြောရင် နှစ်သိမ့်နေရသည်။ စက်ပစ္စည်းစက်ရုံသည် စက်ပစ္စည်းနှင့် လျှပ်စစ်ဂျနရေတာများတွင် သာလွန်သည်။
သို့သော် ဒါရိုက်တာနှစ်ခုလုံးသည် ယင်းနည်းပညာနှစ်ခုနှင့် ဘာရှေ့ဆက် လုပ်မည်ဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။ ဂျနရေအင်ဂျင်တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့လား။ ထိုအရာသည် လေယာဉ်ထုတ်လုပ်သည့်စက်ရုံ လုပ်ပေးသည့်အရာဖြစ်သည်။
လီရှစ်ယုံက မေးလိုက်သည်။
“မန်နေဂျာဖုန်း ဒီနည်းပညာနဲ့ ကျွန်တော်တို့တွေက ဘာလုပ်လို့ ရနိုင်မှာလဲ။ ”
ဖုန်းယွီက သူတို့နှစ်ယောက်ကိုကြည့်ကာ ပြုံးရင်းပြောလိုက်သည်။
“ငါတို့တွေက လျှပ်စစ်ပန်ကာ အမျိုးအစား အသစ်တစ်ခုကိုသုံးမှာ။ ”
ဘာ လျှပ်စစ်ပန်ကာလား။
လီရှစ်ယုံနှင့် ဟိုဟိုက်ထောင်သည် လေလျော့နေသည့် ပူဖောင်းကဲ့သို့ ဆိုဖာပေါ်သို့ ပြန်လဲကျသွားသည်။ လေဖိအားနည်းပညာကို အသုံးပြုပြီး လျှပ်စစ်ပန်ကာ သုံးမည်လော။ လျှပ်စစ်ပန်ကာတွင် ဂျက်နည်းပညာ အသုံးပြုမည်လော။ ဂျက်အင်ဂျင်တစ်ခုမှ ထုတ်လိုက်တဲ့လေအားကို မည်သူက ခံနိုင်မည်နည်း။
ထပ်ပြောရလျှင် လျှပ်စစ်ပန်ကာများသည် တစ်စုံတစ်ရာသုံး အသစ်အဆန်းမဟုတ်ပေ။ ထိုအရာက ရေနွေးငွေ့စက်ကို ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မည်နည်း။
ဖုန်းယွီက စိတ်ဝင်စားမှုမရှိသည့် သူတို့နှစ်ယောက်လုံးကို မြင်သောအခါ ပြောလိုက်သည်။
“တကယ်လို့ အဲ့ဒီပန်ကာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တယ်ဆိုရင် အဲ့ဒီပန်ကာက လျှပ်စစ်ပန်ကာ ဈေးကွက်တစ်ခုလုံးကို ပြောင်းလဲပေးနိုင်တယ်။ ပြီးတော့ အဲ့ဒီနည်းပညာနဲ့ ပတ်သတ်ပြီးတော့ ထုတ်ကုန်တွေအများကြီးကိုလည်း ထုတ်လုပ်ပြီး ဈေးကွက်တွေမှာ ရှိလာနိုင်တယ်။ ကျွန်တော် အာမခံနိုင်တာကတော့ အဲ့ဒီရဲ့ အကျိုးအမြတ်က ရေနွေးငွေ့စက် ရောင်းရတဲ့ အကျိုးအမြတ်ထက် မနည်းဘူးဆိုတာပဲ။ ”
ဟိုဟိုက်ထောင်က ရယ်လိုက်သည်။
“ဟာသတွေ လုပ်မနေပါတော့နဲ့ ရှောင်ဖုန်း။ ငါမင်းကို မနှစ်တုန်းက သိတာက စက်ပစ္စည်းစက်ရုံက ပလက်စတစ် ပန်ကာတွေကို ထုတ်လုပ်ခဲ့တယ်။ ပြီးတော့ ငါ့ရဲ့စက်ရုံက အဲ့ဒီပန်ကာတွေ အများကြီးကိုတောင် ဝယ်ခဲ့လိုက်သေးတယ်။ မင်းကပန်ကာဈေးကွက်ကို ပြန်ပြီးတော့ လိုချင်နေတာ။ ဒါပေမဲ့ အဲ့ဒီနည်းပညာတွေနဲ့ ငါတို့က ဘာလုပ်နိုင်မှာမို့လို့လဲ။ ”
ဖုန်းယွီက ရည်ရွယ်ချက်ရှိရှိဖြင့်ပြုံးကာ
“နောက်ထပ် ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မဲ့ ထုတ်ကုန်အကြောင်းကို ပြောမယ်။ ဒလက်မဲ့ပန်ကာ နာမည်အတိုင်းပဲ အဲ့ဒီရဲ့ပန်ကာက ဒလက်တွေ လုံးဝမပါဘူး။ ဒလက်တွေ မပါတဲ့အတွက် အဖုံးမှာလည်း ဖုန်တွေကပ်ညှိနေမှာ မဟုတ်ဘူး။ ပြီးတော့ အဲ့ဒါတွေကိုလည်း ရှင်းလို့ရတယ်။ ပြီးတော့ မင်းရဲ့လက်ချောင်းတွေကိုတောင် မနာစေရဘူး။ တကယ်လို့ကလေးတွေက ပန်ကာကိုထိရင်တောင် သူတို့အနေနဲ့ ဘာထိခိုက်ဒဏ်ရာကိုမှ ရမှာမဟုတ်ဘူး။ အဲ့ဒီပန်ကာက ဈေးကွက်ထဲမှာရှိတဲ့ အခြားပန်ကာတွေထက်တောင် ရောင်းကောင်းမှာ။ ”
“ကျွန်တော်တို့အနေနဲ့ မော်တာကို ပန်ကာရဲ့အောက်ခြေမှာ ထားမယ်။ ပြီးတော့ အဲ့ဒီကနေပြီးတော့ တာဘိုအားဖြည့်တဲ့ နည်းပညာကို အသုံးပြုမယ်။ အဲ့ဒီဟာက တာဘိုအားဖြည့်တဲ့ နည်းပညာကို အသုံးပြုထားတယ်။ ပြီးတော့ ဂျက်နည်းပညာကို အသုံးပြုပြီးတော့ လေကိုပြန်ထုတ်မယ်။ အပြင်ပိုင်းက 16°လက်စွပ်ကဲ့သို့ ကွင်းပုံစံရှိတယ်။ အဲ့ဒီကနေပြီးတော့ လှည့်ပြီးတော့ အေးမြတဲ့ လေအေးတွေကို ထုတ်လုပ်မယ်။ ထွက်လာတဲ့လေကလည်း ချော့မွေ့မယ်။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ အဲ့ဒီပန်ကာကို ဖွံ့ဖြိုးတိုးတက်အောင် ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ပုံမှန်ပန်ကာတွေထက် လျှပ်စစ်သုံးစွဲမှုကိုလည်း လျော့ချနိုင်တယ်။….. ”
ဖုန်းယွီက သူ့၏အကြံဉာဏ်ကို ပလက်စတစ် အင်တုံဖြင့် သရုပ်ပြသသည်။ သူပြောသည်ကို ဒါရိုက်တာ နှစ်ယောက်စလုံး နားလည်စေရန်ဖြစ်သည်။
လီရှစ်ယုံသည် တကယ်ကို နားမလည်တာဖြစ်သည်။ သို့သော် ဟိုဟိုက်ထောင်သည် မျက်မှောင်ကြုတ်ကာ အတွေးနက်နေသည်။ သူက ဖုန်းယွီပြောသည်ကို ခေါင်းထဲမှာ တွေးကြည့်နေသည်။ ထိုအရာက အလုပ်ဖြစ်မည့်ပုံပေါ်ကာ ထိုပန်ကာကို ထုတ်လုပ်ရန်အတွက် တကယ်ကို နည်းပညာနှစ်ခု အသုံးပြုရမည်ပင်။ သို့သော် ယင်းပန်ကာ၏ ထုတ်လုပ်သည့် ကုန်ကျစရိတ်ကလည်း နည်းမည်မဟုတ်ပေ။ စုစုပေါင်းပမာဏသည် အနည်းဆုံး ယွမ်တစ်ရာသို့မဟုတ် ထိုထက်အောင် များနိုင်သည်။ သူတို့တွေ ဘယ်လောက်နှင့် ရောင်းမည်နည်း။
စိတ်ထဲထားစရာမလိုပေ။ ဖုန်းယွီသည် ထိုထုတ်ကုန် ပြီးမြောက်စေဖို့အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကြေးကို ပေးမည်ပင်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင်သာ တာဝန်ယူရပြီး ယင်းကိစ္စများကို စိုးရိမ်ပူပန်စရာ မလိုပေ။ ထုတ်ကုန်ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီးနောက် သူတို့အနေဖြင့် အကျိုးအမြတ်ခွဲရန် စောင့်ရန်သာလိုပြီး တကယ်လို့ အကျိုးအမြတ် မရခဲ့ရင်တောင် ပိုက်ဆံရှုံ့းစရာ အကြောင်းမရှိပေ။
စက်ပစ္စည်းစက်ရုံ ဘာတွေးနေသည်ကို ဂရုစိုက်စရာ မလိုပေ။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ယင်းပရောဂျက်တွင် ပါဝင်မည် ဖြစ်ပေသည်။