← Chapters

ဖိတ်ကြားစောင် တစ်စောင်

Vol. 10 Ch. 140

ဖိတ်ကြားစောင် တစ်စောင်

Vol. 10 Ch. 140

ဟိုဟိုက်ထောင်က သဘောတူလိုက်သည်။ သို့သော် လီရှစ်ယုံအတွင် သံသယများ ရှိနေဆဲ ဖြစ်သည်။ သူက ထုတ်လုပ်မှုကို လုပ်ရမည် ဖြစ်ရာ အကယ်၍ ထိုထုတ်ကုန်က မရောင်းရပါက သူ့ စက်ရုံ အနေဖြင့် အရှုံးများစွာ ကြုံတွေ့ရမည် ဖြစ်သည်။ ရင်းနှီးမြှပ်နှံမည့်သူသည်လည်း ရှုံးမည် ဖြစ်သော်ငြား ဖုန်းယွီသည် ရှုံးရန် အတွက် ပိုက်ဆံများ ရှိနေသေးသည်။ ဖုန်းယွီသည် ရေနွေးငွေ့စက် ရောင်းချရမှာ ငွေပမာဏ များစွာ ရခဲ့သည်။

လီရှစ်ယုံက တွန့်ဆုတ်နေကာ ထိုအရာကား ဖုန်းယွီကို ပျော်ရွှင်စေသည်။ ဖုန်းယွီက သူသည် ဆုံးဖြတ်ချက် ကြီးကြီး တစ်ခု ချလိုက်သည့် ပုံ ဟန်ဆောင်လိုက်ကာ

“ဒါရိုက်တာလီ ဒါရိုက်တာ စိုးရိမ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒီလိုဆိုရင်ကော။ ကျွန်တော်က ထုတ်လုပ်မှု လမ်းကြောင်း ပြုပြင်ခြင်း အတွက်ကို ပေးမယ်။ ပြီးတော့ ဒီ တစ်ကြိမ်မှာ ကျွန်တော်တို့ အနေနဲ့ ဒါရိုက်တာရဲ့ စက်ရုံကို ကျွန်တော်တို့ အတွက် ပန်ကာတွေ ထုတ်ပေးဖို့ အတွက် ကန်ထရိုက် စာချုပ် အနေနဲ့ ချုပ်မယ်။ ကျွန်တော် အနေနဲ့ ထုတ်လုပ်တဲ့ အခုရေ အားလုံး အတွက် တစ်ခုကို ယွမ် ၃၀ ပေးမယ်။ ဒီနည်းလမ်းက ဒါရိုက်တာကို ဆက်ပြီး ပူပန်စေမှာ မဟုတ်ဘူး။”

လီရှစ်ယုံက ဖုန်းယွီ ပြောသည်ကို ကြားလိုက်ရပြီးနောက် သူက ပိုလိုတောင် စိုးရိမ်သွားတော့သည်။ တစ်စုံ တစ်ခု ထုတ်လုပ်တော့မည့် အခါတိုင်း ဖုန်းယွီက သူ့စက်ရုံကို ယင်းကဲ့သို့ စာချုပ် ပုံစံမျိုးဖြင့် ချုပ်ဆိုခဲ့ကာ ဖုန်းယွီသည် ထိုထုတ်လုပ်သည့် အရာများမှ အမြတ်များစွာ ရရှိခဲ့သည်။ သို့သော် အရင်က ထုတ်လုပ်ခဲ့သည့် ထုတ်ကုန်များမှာ ထုတ်လုပ်မှု စရိတ်နည်းပြီး ဈေးကွက်တွင် အသစ် အဆန်း ဖြစ်သည်။ သူအနေဖြင့် ဒလက်မဲ့ ပန်ကာအတွက် ရှေ့ဆက်မည့် အလားအလာ လုံးဝ မမြင်ပေ။

ထိုအရာက လွန်ခဲ့သည့် တစ်ပတ်က နောက်ဆုံး အသုတ် ရောင်းကုန်ခဲ့သည့် ထိုက်ဟွ အမှတ်တံဆိပ် ရေခဲသေတ္တာများနှင့် တူပေသည်။ သို့သော် လီရှစ်ယုံ အနေဖြင့် အမြတ်ဘယ်လောက် ရပြီး ဖုန်းယွီ ဘယ်လောက် ရသွားသည် ဆိုသည်အချက်ကို မသိပေ။ သူက ထိုအကြောင်းကို လေးလေးနက်နက်ဖြင့် တွေးတောလိုက်ကာ ဖုန်းယွီ အချိန်တိုင်း အောင်မြင်သည် မဟုတ်ကြောင်း သတိပြုမိသွားခဲ့သည်။ သူ့အတွက် ရှေးရိုးဆန်ပြီး ကန်ထရိုက်တာ ဖြစ်ရန် ရွေးချယ်လိုက်ခြင်းက ပိုပြီး လုံခြုံ စိတ်ချရပေသည်။

လီရှစ်ရုံသည် ကန်ထရိုက်တာ ဖြစ်ရန် ရွေးချယ်လိုက်ပြီး ဖုန်းယွီသည် ပြုံးလိုက်ကာ ဟိုဟိုက်ထောင်ဖက် လှည့်လိုက်သည်။

“ဒါရိုက်တာ ဟို၊ ဒီဒလက်မဲ ပန်ကာ ပရောဂျက်က အန္တရာယ် တော်တော်များတယ်။ ပြီးတော့ ရင်းနှီးမြှပ်နှံ့တဲ့သူ တစ်ယောက် အနေနဲ့ဆိုရင် ကျွန်တော်ရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ပြန်ရမှာ မဟုတ်ဘူး။ ဒါရိုက်တာလီက ကန်ထရိုက်တာ အဖြစ် ရွေးချယ်လိုက်ပြီး နှုန်းထား တည်ငြိမ်တဲ့ ကန်ထရိုက်တာကြေး ယူပြီးကတည်းက ကျွန်တော် အနေနဲ့ ကြုံတွေ့သမျှ အန္တရာယ်တွေကို ကိုယ်ဘာသာကိုယ်ပဲ ရင်ဆိုင်ရတော့မှာ။ ဒါကြောင့် ဒီတစ်ခေါက် အနေနဲ့ အချိုးတူ ခွဲဝေမှုမှာ မပျော်ရွှင်သင့်ပဲ အဲဒီ အစား မပြောင်းလဲတဲ့ ခွဲဝေမှုကို ပျော်ရွှင်စွာ ခံစားသင့်တယ်။ အဲ့အဓိပ္ပာယ်က ဒလက်မဲ့ ပန်ကာ ရောင်းရတိုင်း ဒါရိုက်တာရဲ့ စက်ရုံကို ၁၀ယွမ် ပေးမယ်။ ဆိုတာပဲ။ ကျွန်တော် အနေနဲ့ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် ရန်ပုံငွေတွေကိုလည်း ပေးဦးမှာပါ ပြီးတော့ မူပိုင်ခွင့်ကလည်း ကျွန်တော်ပဲ ပိုင်မယ်။ ဒါရိုက်တာ သဘောတူလား။”

ဖုန်းယွီ၏ နှလုံးသားထဲတွင် သဘောတူတယ်လို့ အော်လိုက်ပါဟု အော်နေတော့သည်။

သူ့အရင်ဘဝတွင် ဒလက်မဲ့ ပန်ကာများ စတင် မိတ်ဆက်စဉ်ကာ ဒေါ်လာ ၅၀၀ ဖြစ်ပြီး ထုတ်လုပ်သည့် စရိတ်သည်လည်း ဒေါ်လာ ၂၀မျှသာ ဖြစ်သည်။ အမြတ်သည်ကား အလွန် များပြားပေသည်။

သို့သော် တစ်ယောက်ယောက်က ထုတ်လုပ်သည့် ကုန်ကျစရိတ်ကို ထုတ်ဖော် ပြောလိုက်ပြီးနောက် ရောင်းချသည့် ဈေးနှုန်းသည် ဒေါ်လာ ၅၀၀မှ ဒေါ်လာ ၁၀၀ အထိ လျော့သွားခဲ့သည်။ နောက်ဆုံးရောင်းဈေးက ဒေါ်လာ ၃၀ထိတောင် ကျဆင်းသွားသည်။ သို့သော် ကနဦး အဆင့်တွင် ကုမ္ပဏီသည် ဒေါ်လာ သန်းပေါင်းများစွာ ရှာဖွေနိုင်ခဲ့သည်။ လိုအပ်ချက်က မြင့်တက်လာသည့် အခါ ကုမ္ပဏီသည် ဒေါ်လာသန်းပေါင်း ရာချီ ရှာနိုင်ခဲ့သည်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် စုစုပေါင်း ကုန်ကျငွေမှာ ဒေါ်လာ သန်းအနည်းငယ်မျှသာ ဖြစ်သည်။ စမ်းသပ်ရမည့် အပိုင်းကား အထူးသဖြင့် ပန်ကာခေါင်း အတိမ်းအစောင်းနှင့် အထဲရှိ ခရုပတ် ထောင့် တို့ ဖြစ်သည်။

ဖုန်းယွီသည် ခရုပတ်ထောင့်နှင့် ပတ်သက်ပြီး ဘာမျှ မသိပေ။ သို့သော် သူမှတ်မိသည်ကား အတိမ်းအစာင်းထာင့်မှာ ၁၆ဒီဂရီ ရှိခြင်း ဖြစ်သည်။ သူသည် တစ်ယောက်ယောက်နှင့် ထို ထောင့်နှင့် ပတ်သက်ပြီး ငြင်းခုံမှု ပြုလုပ်ခဲ့ပြီး သူတို့သည် ဘိုင်တု(တရုတ်ဂူဂယ်လ်)တွင် ရှာဖွေခဲ့ကြသည်။

ထပ်ပေါင်းပြောရလျှင် လေယဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ဒလက်မဲ့ ပန်ကာ ထုတ်လုပ်ရန်အတွက် နည်းပညာများ ရှိပြီးသား ဖြစ်သည်။ သို့သော် လက်ရှိတွင် ထိုနည်းပညာများက အလွန် ကြီးမားနေပြီး သေးအောင် လုပ်ဆောင်ရန် လိုအပ်ပြီး စွမ်းဆောင်ရည် လျော့ချရန်လည်း လိုအပ်ပေ၏။ ထိုအရာက ပန်ကာ အတွက်ဖြစ်ပြီး စစ်ဖက်ဆိုင်ရာသုံး ဂျက်လေယဉ်များ အတွက် မဟုတ်ပေ။ ထို့အတွက် အလွန် အားကောင်းရန် မလိုအပ်ပေ။

ဖုန်းယွီ ပြောတာကို ကြားပြီးသည့်နောက် ဟိုဟိုက်ထာင်သည် မပျော်ရွှင် ဖြစ်သွားသည်။

“မန်နေဂျာဖုန်း ဘယ်လိုလုပ် ဒီလို ပြောနိုင်ရတာလဲ။ ကျွန်တော်တို့တွေ အရင် တစ်ခေါက်က ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ စက်ရုံရဲ့ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု စွမ်းဆောင်ရည်ကို မြင်တွေ့ပြီးပါပြီ။ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ တစ်ခေါက် ရေနွေးငွေ့စက်တုန်းက အချိန်တို အတွင်း ထုတ်လုပ်နိုင်ခဲ့တယ်။ အဲအတွက်ကြောင့် ဒီတစ်ကြိမ်မှာ ငါတို့က မပြောင်းလဲတဲ့ ခွဲဝမ်းကို ပြောင်းဖို့ လိုအပ်တာလား။”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

“အဲ့တာဆို ဘာကြောင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံကို ဒီနည်းပညာ တိုးတက်အောင် လုပ်ဖို့ အတွက် မငှားလို့ ရမလဲ။ ကျွန်တော် ဒါရိုက်တာကို ၁သန်းပေးရမလား။ မလုံလောက်ဘူးလား။ ၂သန်းဆိုရင်ကော။ ဒါရိုက်တာ ဈေးကိုသာ ပြောလိုက်ပါ။ ဒါရိုက်တာ အနေနဲ့ အန္တရာယ်တွေ ယူဖို့ မလိုတော့ပါဘူး။ ဒါရိုက်တဲ့ အနေနဲ့ အမြတ်ပေါ် မူတည်ပြီး ရှယ်ရှာလိုချင်တာလား။ ဘာကို အခြေခံပြီးလဲ။ ဒါရိုက်တာတို့ အနေဲ့ ဒီနည်းပညာတွေ ရှိနေပေမဲ့ ဘင်းမြို့တော်ဆိုတာကို မမေ့လိုက်နဲ့ဦး။ နည်းပညာတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်တို့ ရှိသေးတယ်။ သူတို့မှာလည်း ဒီနည်းပညာတွေ ကောင်းကောင်း ရှိနေတယ်နော်”

သူတို့သည် ပထမ အခေါ်တွင် ပိုက်ဆံများ ရခဲ့ကြပြီး ဖုန်းယွီအနေဖြင့် ယင်း စက်ရုံများ သူနှင့် တဖန် ပူးပေါင်းမည့် အရေးကို စိတ်ထဲ မထားပေ။ သို့သော် ယခုတွင် ယင်း ဒလက်မဲ့ ပန်ကာ အပေါ်တွင် အမြင်က ပြဿနာ တစ်ခုနှယ် ဖြစ်နေကာ မသေချာသည့် အဝွက် သူတို့အနေဖြင့် ထိုအရာမှ ပိုက်ဆံ ရမည် ဆိုရင်တောင် အန္တရာယ် မယူရဲပေ။ ဘာကြောင့် ဖုန်းယွီက ထိုသို့ သဘောတူရသနည်း။

“အဲတာဆို တစ်ခုအတွက် ၁၀ယွမ်က အရမ်းနည်းလွန်းတယ်။ စက်ပစ္စည်းစက်ရုံက ယွမ် ၃၀တောင် ရသေးတယ်”

“ထုတ်လုပ်ဖို့ အတွက် ထုတ်လုပ်ရေး လမ်းကြောင်းနှင့် အလုပ်သမားတွေကို ဘာကြောင့် မပံ့ပိုးရတာလဲ။ ပံ့ပိုးနိုင်ရင် ငါလည်း မင်းကို ယွမ် ၃၀ ပေးနိုင်တာပေါ့။ ဘာမှလည်း မလုပ်ချင်ဘဲနဲ့ ရှယ်ရာများများကို လိုချင်သေးတာလား။ သူတောင်းစားတွေက ရွေးချယ်ခွင့် မရှိဘူး။’

အကယ်၍ လေယဉ်ထုတ်လုပ်သည့် စက်ရုံ အနေဖြင့် ထိုနည်းပညာများကို မရှိခဲ့လျှင် ဖုန်းယွီသည် သူတို့ကို ရှေးရှေးကတည်းက လက်တွဲ ဖြုတ်ပြီး ဖြစ်သည်။

လီရှစ်ယုံက မပျော်မရွှင်ဖြင့် ပြန်ပြောလိုက်သည်။

“ဒါရိုက်တာဟို ၁၀ယွမ်က နည်းတဲ့ ပမာဏမှ မဟုတ်တာ။ ကျွန်တော်ရဲ့ အလုပ်သမားတွေက အလုပ် ကြိုးစားကြပြီး ကျွန်တော်တို့အနေနဲ့ ထုတ်လုပ်ရေး လမ်းကြောင်းကို ပံ့ပိုးဖို့လည်း လိုသေးတယ်။ စက်ပစ္စည်းတွေနဲ့ မျက်ရည်တွေ အပြင် အလုပ်သမားတွေ အတွက် လစာတောင် မပါသေးဘူး။ ဒါတွေ အတွက် ယွမ် ၃၀ပဲ ရတာ။”

“၁၅ယွမ်။ ကျွန်တော် အနေနဲ့ ဒီ ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်မှု အချိန်ကို နည်းနိုင်သမျှ နည်းအောင် လုပ်နိုင်စေချင်တယ်။ ၁၅ယွမ်က မများဘူး။ တကယ်လို့ မန်နေဂျာဖုန်း အနေနဲ့ အခုရေ တစ်သောင်း ရောင်နိုင်ရင် ကျွန်တော် အနေနဲ့ ယွမ် တစ်သောင်းခွဲပဲ ရမှာ။ ကျွန်တော် စက်ရုံက ဒီ ထုတ်ကုန် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အင်ဂျင်နီယာတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို ခန့်ထားပေးဖို့ လိုအပ်တယ်။ အဲတာက ကျွန်တော်တို့ရဲ့ စစ်ဖက်ဆိုင်ရာက မှားထားတဲ့ အမှာစာတွေ အပေါ် သက်ရောက်မှု ရှိလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ အဲ့ အတွက်လည်း ပမာဏ များများ ပေးရလိမ့်မယ်။”

ဖုန်းယွီက ဟိုဟိုက်ထောင်ကို အထင်အမြင် သေးသွားသည်။ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာလား။ သူက အရင် တစ်ခေါက်တုန်းက သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် မပေးဘူးဟု ပြောချင်သည်လား။ ပြီးခဲ့သည့် တစ်ခေါက်က ဖုန်းယွီသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ကုန်ကျစရိတ်ကို အစီအရင်ခံစာတင်စာတွင် အင်ဂျင်နီယာများ၏ လစာကို သတိပြုမိပြီး ဖြစ်သည်။ စက်ရုံအတွင်းရှိ ကျန်သည့် အင်ဂျင်နီယာများထက် လစာ ခြောက်ဆခန့် များပေသည်။ သို့သော် ဖုန်းယွီက ယင်းပိုက်ဆံများ ဘယ်ရောက်သွားသည်ဆိုသည် အချက်ကို သူ့အား ပြန်မမေးခဲ့ပေ။

“၁၅ယွမ်လား။ ၁၂ယွမ်ဆိုရင်ကော။ ပလက်စတစ်စက်ရုံက ထုတ်လုပ်တဲ့ ပလက်စတစ် ကုန်ကြမ်းတွေ ဈေးကလည်း အရမ်းကြီးတယ်။ ဒါရိုက်တာတို့ အနေနဲ့ ကျွန်တော်လိုချင်တဲ့ ပန်ကာ အမျိုးအစားက လွယ်လွယ်နဲ့ ထုတ်လို့ ရမယ်လို့ ထင်နေတာလား။ ကျွန်တော်အတွက် ကုန်ကျ စရိတ်က အရမ်းများတယ်။ ကျွန်တော် အနေနဲ့ ဒီ ပရောဂျက် မဖြစ်မြောက်ဘူးဆိုရင် ကျွန်တော် အနေနဲ့ ရောင်းချမှုနဲ့ ပတ်သက်ပြီး ခန့်မှန်းလို့ မရတော့ဘူးလား။ ကျွန်တော် အနေနဲ့ ဘယ်လောက်ထိတောင် ဆုံးရှုံးသွားမလဲ။”

အဆုံးတွင် သူတို့ အားလုံးက ၁၃ ယွမ်ဖြင့် သဘော တူလိုက်ကြတော့သည်။ နှလုံးသားထဲတွင်တော့ ဖုန်းယွီက အပျော်လွန်နေသည်။ ဒလက်မဲ့ပန်ကာ ဈေးကွက်သည် တရုတ်နိုင်ငံ ဈေးကွက်တွင် သိပ်အလုပ် မဖြစ်သော်ငြား အမေရိကနှင့် ဉရောပ ဈေးကွက်တွင်တော့ အလွန် နာမည် ကျော်မည် ဖြစ်သည်။ ဉရောပနှင့် အမေရိကတွင် လူဦးရေ သန်းရာချီ ရှိသည်။ ထိုနေရာများတွင် ဖုန်းယွီ ခန့်မှန်း တွက်ချက်မှု အရ အနည်းဆုံး အခုရေ တစ်သန်းရောင်းရမည် ဖြစ်သည်။ လက်လီဆေး တစ်ခု ဒေါလာ၁၀၀ အမြတ် ငါးဆယ်ရာခိုင်နှုန်းဖြင့်တောင် သူအနေဖြင့် ဒေါ်လာ သန်း ၅၀ခန့် အကျိုးအမြတ် ရမည် ဖြစ်သည်။

ဒေါ်လာ သန်း ငါးဆယ် အမြတ်အတွက် ဒေါ်လာ တစ်သန်းကို အရဲစွန့် အသုံးပြုခြင်း ဖြစ်သည်။ မည်သူက ထိုအရာက ငြင်းဆိုမည်နည်း။

ထပ်ပြောရလျှင် ဒလက်မဲ့ ပန်ကာအတွက် နည်းပညာသည် များစွာသော လက်တွေ့ အသုံးပြုနိုင်သည့် ထုတ်ကုန်များတွင်တောင် တွေ့ရနိုင်သည်။ ထိုထုတ်ကုန်က ဆံပင် ခြောက်စက် ဖြစ်ပြီး ထိုအရာမှ အနည်းဆုံး ဒေါ်လာ သန်း၁၀၀ခန့် အကျိုးအမြတ် ရနိုင်ပေသည်။

လေယဉ်ထုတ်လုပ်သည့် စက်ရုံနှင့် စက်ပစ္စည်းစက်ရုံ အတွက် လက်မှတ် ထိုးပြီးနောက် ဖုန်းယွီသည် လေယဉ်ထုတ်လုပ်သည့် စက်ရုံကို ယွမ် ငါးသိန်းကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွင် အသုံးပြုရန် လွှဲပေးလိုက်သည်။ သူအနေဖြင့် ဟိုဟိုက်ထောင်ကို လေယဉ်ထုတ်လုပ်သည့် စက်ရုံ အနေဖြင့် ယခုနှစ်မကုန်ခင် ထုတ်လုပ်နိုင်ပါက ဖုန်းယွီ အနေဖြင့် သူ့ကို ယွမ် နှစ်သိန်းထက် မနည်းသည့် အပိုဆုကြေးငွေများ ပေးမည် ဖြစ်ကြောင်းပါ ပြောလိုက်သည်။

သူ့ စီးပွားရေး လုပ်နည်းများပြီးနောက် ဖုန်းယွီသည် ကျောင်းသို့ ပြန်ခဲ့သည်။ စာမေးပွဲသည်လည်း နီးလာပြီ ဖြစ်ကာ သူ့အနေဖြင့် စာမေးပွဲတွင် အောက်အဆင့်များ မရချင်ပေ။

တစ်ချိန်ထဲတွင် ဘင်းမြို့တော် အမှတ်၃ အထက်တန်းကျောင်းတွင် ဆိုဗီယက် ပြည်ထောင်စုမှ ဖိတ်ခေါ်စာ တစ်စောင် လက်ခံ ရရှိခဲ့သည်။ ယင်းစာက ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ထဲမှ တစ်ခု ဖြစ်သည့် လိုမာနိုဆော့ဖ် မော်စကို ပြည်နယ် တက္ကသိုလ်မှ ဖြစ်သည်။ ယင်းစုပေါင်း တက္ကသိုလ်သည် ကမ္ဘာ့ အဆင့် ၁၀ရှိသည်။ ကျောင်းသား အိတ်ချိန်း အတွက်တောင် ယင်းတက္ကသိုလ်က ဘင်းမြို့တော်၏ စက်မှုတက္ကသိုလ် သို့မဟုတ် တရုတ်နိုင်ငံရှိ အခြားသော တက္ကသိုလ်များကိုသာ ဖိတ်ခေါ်စာ ပေးပို့သင့်ပေသည်။ အဘယ်ကြောင့် ဘင်းမြို့တော်ရှိ အထက်တန်းကျောင်းတစ်ကျောင်းကို ဖိတ်ခေါ်စာ ပေးပို့သနည်း။

စာရေးဆရာ မှတ်စု ပထမဆုံး ဆံပင် အခြောက်ခံစက်ကို ၁၉၉၃ခုနှစ်တွင် ဂျပန်က ထုတ်လုပ်ကာ ရေထုတ်စက်လောက် ကြီးသည်။ အထဲတွင် ဒလက်မဲ့ ပန်ကာကဲ့သို့ အကွင်းလေး တစ်ကွင်းပါပြီး ဒလက်မဲ့ ပန်ကာ၏ အကြံအဉာဏ်သည် ဆံပင် အခြောက်ခံစက်မှ လာခဲ့ခြင်း ဖြစ်သည်။

သာသာ အနေနဲ့ ဒီရက်ပိုင်း အသင်းကိစ္စနဲ့ အိမ်ကိစ္စ အလုပ်များနေလို့ Update နှေးနေလို့ ကြိုတောင်းပန်ထားတာပါ။

All Chapters