အခန်း (၁၄၁)
Vol. 10 Ch. 141
ဆိုဗီယက်ပြည်ထောင်စုတွင် နိုင်ငံတကာ အဆင့်မီသည့် တက္ကသိုလ်များ ရှိသည်။ မော်စကို တက္ကသိုလ်၊ လီနင်ဂယက် တက္ကသိုလ်၊ ကိယက်ဗ် တက္ကသိုလ်နှင့် ဘယ်လာရုဇ်တက္ကသိုလ်တို့ ဖြစ်ကြသည်။
အဆင့်မြင့် တက္ကသိုလ်သည် ဘင်းမြို့တော် အမှတ်သုံး အထက်တန်းကျောင်းကို ဖိတ်ခေါ်စာ ပေးသည်လေ။ သူတို့ အလိုရှိသည့် ကျောင်းသားကား ယမန်နှစ် အင်တာနေရှင်နယ် အိုလံပစ် သင်္ချာပြိုင်ပွဲတွင် ထိပ်တန်း ကျောင်းသား နှစ်ယောက်လော။ သို့သော် ထိုကျောင်းသား နှစ်ယောက်ကို တတိယနှစ် ကတည်းက ဟွာချင်း တက္ကသိုလ်က ခေါ်ယူသွားပြီး ဖြစ်ည်။
ကျောင်းအုပ်က စာအိတ်ကို ဖွင့်ဖောက်ကြည့်လိုက်သည်။ စာတွင် ရုရှားဘာသာ၊ တရုတ်ဘာသာ နှစ်ခုလုံးနှင့် ရေးသားထားခြင်း ဖြစ်သည်။ ကျောင်းသားများကို အထူးဖိတ်ကြားထားခြင်းကို တွေ့လိုက်ရပြီး ထိုဖိတ်ကြားသည့် ကျောင်းသားသည်လည်း သူတစ်ခါသာ ကြားဖူးသည့် ကျောင်းသား တစ်ယောက် ဖြစ်သောကြောင့် မှင်တက်နေတော့သည်။ နေရာအလွတ်များလည်း ရှိသေးသည်။
ကျောင်းအုပ်သည် ဒုကျောင်းအုပ်ကို ရှာကာ သတင်းပို့လိုက်သည်။
“လူအိုစွန်း ဒါက ပထမနှစ်က ကျောင်းသား ဖုန်းယွီမလား။ သူ့ယောက်ဖက မစ္စတာလီ ကျောင်းအတွက် အားကစားကွင်းတွေ လှူပေးတဲ့ တစ်ယောက် မဟုတ်လား။”
ဒုကျောင်းအုပ်စွန်းက ခေါင်းညိတ်လိုက်သည်။
“မှန်ပါတယ်။ ဖုန်းယွီ ဆိုတဲ့ နာမည်နဲ့ ကျောင်းသား/ကျောင်းသူ နှစ်ယောက်ပဲ ရှိပါတယ်။ တစ်ယောက်က တတိယနှစ်က မိန်းကလေး တစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်က ပထမ နှစ်ကပါ။”
“ဒီ ဖိတ်ခေါ်စာကို ကြည့်လိုက်ပါဦး။ ဒါရဲ့ အဓိပ္ပာယ်က ဘာလဲ။”
ဒုကျောင်းအုပ်စွန်းက ကျောင်းအုပ်ထံမှ စာတစ်စောင်ကို အသေအချာဖြင့် ကြည့်လိုက်သည်။ စာခေါင်းစဉ်မှာ အလွန်ရှည်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်သည်။ ပုံမှန်အားဖြင့် နွေရာသီ စခန်းကို တက္ကသိုလ်များမှ စီစဉ်တာ ဖြစ်ပြီး ဒုတိယနှစ် ကျောင်းသားများနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဆုရရှိရသည့် ထူးချွန်ထက်မြက်သည့် သူများကိုသာ ဖိတ်ကြားခြင်း ဖြစ်သည်။ တက္ကသိုလ်များက သူတို့ တက္ကသိုလ်တွင် တက်ရန်အတွက် နွေရာသီ စခန်းများ ပြုလုပ်ကာ ဆွဲဆောင်ကြခြင်းပင် ဖြစ်သည်။
အကယ်၍ မော်စကို တက္ကသိုလ်က ကျောင်းသားများကို ခေါ်ယူချင်ပါက သူတို့ အနေဖြင့် ဒုတိယနှစ် ကျောင်းသားများကို ဖိတ်ခေါ်မည် ဖြစ်သည်။ ဖုန်းယွီသည် ပထမတက်နေဆဲသာ ဖြစ်ပြီး အဘယ်ကြောင့် ပထမနှစ်ကျောင်းသားများကိုသာ ဖိတ်ကြားရန် ခွင့်ပြုထားသနည်း။ ထိုအရာက အလွန် ဘယ်လိုမှန်း မသိအောင် ထူးခြားနေပေသည်။
ထိုဆိုဗီယက်များ အနေဖြင့် သူတို့ ပညာရေးစနစ် ဘယ်လောက်ကောင်းကြောင်း ကြွားလုံး ထုတ်ရန်အတွက်ကြောင့် သူတို့သည် အမှတ်၃ အထက်တန်းကျောင်းကို ဖိတ်သည်လား။ ထို့အခါ သူတို့ အမှားကြီး လုပ်မိမည် ဖြစ်ပေသည်။ တရုတ်ပြည်ရှိ အထက်တန်းကျောင်းများသည် အဆင့်အတန်းမြင့်ပြီး နိုင်ငံတကာတောင် အဆင့်မြင့်မြင့် ရသည်ပင် ဖြစ်သည်။ ဘင်းမြို့တော်၏ အမှတ်သုံး အထက်တန်းကျောင်းသည် တရုတ်ပြည်တွင် အကောင်းဆုံး ကျောင်းတစ်ကျောင်း ဖြစ်ပြီး အေသုံးလုံး အဆင့်ရထားသည်။ ပထမနှစ် ကျောင်းသားများကိုတောင် လုံးဝ လက်လွှတ်ခြင်း မရှိကြပေ။
သို့သော် တက္ကသိုလ်မှ ဖိတ်ကြားထားသည့် ကျောင်းသားများမှာ ဖုန်းယွီနှင့် သူ့ သူငယ်ချင်းများ ဖြစ်ကြသည်။ ထိုကျောင်းသား လေးယောက်သည် မစ္စတာလီက ဂရုတစိုက် ကြည့်ပေးရန် မှာထားသည့် ကျောင်းသားများ ဖြစ်ပေသည်။ ထိုကိစ္စတွင် တစ်ခုခု အဆက်အသွယ်ရှိမည်လော။
ဒုကျောင်းအုပ်စွန်းက အမည်စာရင်းကို ကြည့်လိုက်ကာ ပထမက ဖုန်းယွီ၊ ထို့နောက်တွင် လီန၊ ဝမ်တုန့်ကျွင်းနှင့် လျိုခွန်တို့ ဖြစ်သည်။ ကျန်သည့် ခြောက်ကွက်မှာ ဗလာ ဖြစ်နေပြီး ငါးကွက်မှာ သူတို့နှင့် လိုက်ပါရမည့် ဆရာများအတွက် ဖြစ်ပေသည်။
ဒုကျောင်းအုပ်စွန်းက ယင်းသည် လီရှစ်ချင်၏ လက်ချက် ဖြစ်ကြောင်း ချက်ချင်း ပြောနိုင်ပေသည်။ သူက ဖုန်းယွီအား ယင်းကိစ္စ မေးမြန်းရန်အတွက် ခေါ်ရန် သဘောတူခဲ့သည်။ တကယ်၍ ကိစ္စမရှိပါက သူအနေဖြင့် စခန်းတွင် ခေါင်းဆောင် အဖြစ် လိုက်ပါမည် ဖြစ်သည်။ ထိုအရာက ကြီးမြတ်သည့် ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။ အကယ်၍ သူသာ ထိုအသင်း၏ ခေါင်းဆောင် ဖြစ်ပြီး အသင်းသည် ယခု စခန်းအစီအစဉ်မှ ကောင်းမွန်သည့် ရလဒ်များ ရရှိပါက သူသည် နောက်ထပ် နှစ်နှစ်တွင် ပင်စင်မယူခင် ကျောင်းအုပ် ဖြစ်နိုင်သေးသည်။
“ကျောင်းအုပ်။ ကျွန်တော်ကို ဒီကိစ္စကို ကိုင်တွယ်ခွင့် ပေးပါ။ ဒါက ကောင်းမွန်တဲ့ အရာပဲ။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် အနေနဲ့ ဒီနွေရာသီ စခန်းအတွက် အသင်းရဲ့ အဓိက တာဝန်ရှိသူ အဖြစ် ဖြစ်ချင်ပါတယ်။”
ကျောင်းအုပ်စွန်းက ဒုကျောင်းအုပ် စွန်းကို ကြည်လိုက်ကာ
“ဆရာရှောင်ဖန်းလည်း မဆိုးဘူးနော်။ သူမအနေနဲ့လည်း အဲ့အစီအစဉ်မှာ ပါဝင်တဲ့သူ တစ်ယောက် ဖြစ်သင့်တယ်”
ဒုကျောင်းအုပ်စွန်းက ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် အနေနဲ့လည်း သူမက ကောင်းကောင်းကြီးကို သင့်လျော်တယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့တွေ ကျန်ရှိတဲ့ နေရာအတွက် ဘယ်လို စဉ်းစားကြမလဲ။”
ဆရာမရှောင်ဖန်းသည် ကျောင်းအုပ်ကြီး၏ တူမဖြစ်ကာ ထိုအကြောင်းကို သူ ကောင်းကောင်း သိထားသည်။
“ဟမ်... ကျန်ရှိတဲ့ နေရာတွေနဲ့ ပတ်သတ်ပြီး ပညာရေးဝန်ကြီးဌာနကိုပဲ ဆုံးဖြတ်ခိုင်းရအောင်။ ငါသူတို့ကို ဆက်သွယ်လိုက်မယ်။ မင်းက ကျောင်းသားတွေကို သွားတွေ့ပြီး ပထမ နှစ်ကသင့်လျော်တဲ့ ကျောင်းသားတွေကို ထပ်ခေါ်လာခဲ့။”
ကျောင်းအုပ်သည် ထိုအမှတ်ကို လိုချင်သည်။ ယင်း ဖိတ်ခေါ်မှုက သူ့ကျောင်းအုပ် ဖြစ်နေစဉ် အတွင်း ရခဲ့ခြင်း ဖြစ်ကာ သူမတိုင်ခင် ပညာရေး ဝန်ကြီးဌာနကို ရာထူးတိုးနိုင်ပေသည်။ အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက သူ၏ ပင်စင် ဆုကြေးငွေမှာလည်း သိသိသာသာ များပြားလာမည် ဖြစ်သည်။
အတန်းပိုင် ဆရာသည် ဖုန်းယွီနှင့် ကျန်သည့် ကျောင်းသားများကို အတန်းထဲတွင် စာမေးပွဲနှင့် ပတ်သက်ပြီး အရေးကြီးသည့် မေးခွန်းများကို သင်ပြပေးနေသည်။
ရုတ်တရက်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူစာသင်ကြားနေချိန်အတွင်း နှောက်ယှက်သည်ကို သူ အမုန်းဆုံး ဖြစ်သည်။ အထူးသဖြင့် ကျောင်းသားမိဘများထံမှ ဖြ်စသည်။ သူက တံခါးကို ဖွင့်လိုက်ပြီး သူ့စာသင်နေတာကို နှောက်ယှက်သည့်သူကို သင်ခန်းစာ ပေးချင်ခဲ့သည်။ သို့သော် ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရသည့်အခါ စိတ်ဆိုးမှုက ပြောလျော်သွားတော့သည်။
“ဒုကျောင်းအုပ်စွန်း။ ဘာကြောင့် ဒီကို ရောက်လာရတာလဲ။ ကျွန်တော် အချိန်ကို ဝင်ယူပြီး စာသင်မလို့လား။”
ဒုကျောင်းအုပ်စါန်းက လက်ကို ယမ်းကာ
“ငါက မင်းရဲ့ ကျောင်းသား ဖုန်းယွီကို လာရှာတာ။ သူ့ကို ခေါ်ခဲ့ပေး။”
ဖုန်းယွီပဲလား။ သူက တကယ်ပဲ ဒုကျောင်းအုပ်နဲ့ အဆက်အသွယ်ရှိတာလား။
ဖုန်းယွီက အတန်းထဲမှ အခေါ်ခံလိုက်ရပြီး ဒုကျောင်းအုပ်ကို သူမြင်သည်အခါ ဘာဖြစ်နေမှန်း သူသိသွားသည်။ ယင်းသည် ဖိတ်ခေါ်စာကြောင့်ပင် ဖြစ်ရပေမည်။ အစ်ကိုကီသည် အလွန် ယုံကြည်ရသူ ဖြစ်သည်။
ဖုန်းယွီက သူ့မိသားစုအား သူ့အနေဖြင့် ဘေကျင်းရှိ အကောင်းဆုံး တက္ကသိုလ်နှစ်ခုမှ တစ်ခုကို ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း တတွတ်တွတ် ပြောနေသည်။ ဘေကျင်းတက္ကသိုလ်တွင် တိုင်းပြည်ရှိ များစွာသော ပညာတက်များ တက်ခဲ့ကြသည်။ အခြားတက္ကသိုလ်မှာ ဟွာချင်း တက္ကသိုလ် ဖြစ်သည်။ ယင်းတက္ကသိုလ်တွင် အနာဂတ် တရုတ်ခေါင်းဆောင် များစွာ တက်ရောက်ခဲ့သည်။ သေချာသည်မှာ အနာဂတ်ရှိ တရုတ်ဘီလျံနာများသည်လည်း ယင်း တက္ကသိုလ်နှစ်ခုတွင် တက်ခဲ့ကြခြင်း ဖြစ်သည်။
ဖုန်းယီသည် ထိုတက္ကသိုလ် နှစ်ခုကို ဝင်ချင်သည် အကြောင်းမှာ သူ့မိဘများ၏ အိပ်မက်များကို ဖြည့်ဆည်းပေးရန်နှင့် သူ့ အိမ်မက်ကို ဖြည့်ဆည်းပေးရန် ဖြစ်သည်။ သူမိဘများက နာမည်ရှိ တက္ကသိုလ်များမှ သူ့အား တက္ကသိုလ် ဘွဲ့ရ တစ်ယောက် ဖြစ်ချင်စေကြသည်။ ဖုန်းယွီက ထိုတက္ကသိုလ်နှစ်ခုသို့ ဝင်ရခြင်း အကြောင်းမှာ ရင်းနှီးသည့် သူများကို ရှာကာ သူ့စီးပွားရေး အင်ပါယာအတွက် လူစုရန် ဖြစ်သည်။ ။ အကယ်၍ ထိုလူများက သူနှင့် အလုပ် တွဲမလုပ်ချင်ပါက သူအနေဖြင့် လူအများ၏ အိပ်မက်ကို ဖြည့်ဆည်းနိုင်သေးဆဲ ဖြစ်သည်။ အားလုံး၏ အဆုံးတွင် သူ့အနေဖြင့် ငွေ အများကြီး ရှာနိုင်မည် ဖြစ်သည်။
သို့သော် ဖုန်းယွီ အနေဖြင့် ယင်းတက္ကသိုလ်များကို မည်သို့ ဝင်နိုင်မည်နည်း။ ဖုန်းယွီက အကြံဉာဏ် တစ်ခု ရသွားသည်။ ယင်းက ထိုတက္ကသိုလ် နှစ်ခု အနေဖြင့် သူ့အား ဝင်ခွင့် ပေးရန် သို့မဟုတ် သူ့အတွက် နေရာ တစ်နေရာ ထားရန် ဖြစ်သည်။
ကျောင်းသားများ ဝင်ခွင့် ပေးခြင်းသည် စိစစ်အကဲဖြတ်ခြင်း ဖြစ်သည်။ သို့သော် တက္ကသိုလ်များသည် သူတို့နှစ်သက်သည့် အထက်တန်း ကျောင်းသား အချို့ကို အထူး ရွေးချယ်လေ့ ရှိကြသည်။ ထိုကျောင်းသားများသည် သူတို့ ချမှတ်ထားသည့် အခြေအနေကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့လျှင် ထိုတက္ကသိုလ်တွင် နေရာ တစ်နေရာ ရရှိမည် ဖြစ်ပေသည်။
ထိုတက္ကသိုလ်များတွင် နေရာတစ်နေရာ အာမခံခြင်းများက နိုင်ငံတကာ ပြိုင်ပွဲများတွင် ဆုရရှိခြင်း သို့မဟုတ် ကျောင်းတွင်း ထူးချွန်မှတ်များ ရရှိသည့် ထိပ်တန်းကျောင်းသားများ အတွက် ဖြစ်သည်။ ကျောင်းသားစုဆောင်းခြင်ကို အမြဲလိုလိုပင် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိပြီး ကောင်းကောင်းမွန်မွန် စွမ်းဆောင်နိုင်စွမ်းရှိသည့် သူများအတွက် ဖြစ်သည်။
ဖုန်းယွီသည် ကျောင်းတွင် မည်သို့သော စွမ်းဆောင်မှုမျိုး ရှိသနည်း။ သူ့ယောက်ဖ ဘက်စ်ဘော ပြန်လည်တည်ဆောက်ခြင်းအတွက် ငွေလှူဒါန်းခြင်းမှ လွဲပြီး ကျန်သည့် အရာများ မရှိပေ။ သူနာမည်သည် ကျောင်းသားများ ကြားထဲတွင် အလွန် ကြောက်ခမန်းလိစရာ ကောင်းသည်။
ထို့ကြောင့် ဖုန်းယွီသည် သူကိုယ်တိုင်အတွက် ရမှတ်ဖန်တီးရန် နည်းလမ်းရှာတော့သည်။ ယင်းက နိုင်ငံတကာနွေရာသီ စခန်းတစ်ခု ဖြစ်ပြီး တက္ကသိုလ်မှ စီစဉ်ထားကာ အထူးဖိတ်ကြားရမည့် ပုံစံ ဖြစ်သည်။ သူယောက်ဖ အဆက်အသွယ်များကို ပေါင်းစပ်ခြင်းအားဖြင့် သူတတိယမြောက်နှစ်တွင် သူတို့ထဲမှ လေးယောကက်သည် သူတို့ တက်ချင်သည့် တက္ကသိုလ်တွင် တက်ရောက်ခွင့် ရနိုင်မည် ဖြစ်သည်။ ယင်းကား သူတို့ထဲမှ သုံးဦးသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထိပ်တန်းကျောင်းသား လျိုခွင်သည် သူရရှိသည့် ရမှတ်နှင့် ဆိုလျှင် သူတက်ချင်သည့် မည်သည့်တက္ကသိုလ်မဆို တက်နိုင်ပေသည်။ အကယ်၍ ဤနည်းလမ်းသည် အလုပ်မဖြစ်ခဲ့လျှင် ဖုန်းယွီသည် တက္ကသိုလ် ပါမောက္ခများကို သူတို့ သုတေသန ပြုလုပ်သည့် အရာများတွင် စပွန်ဆာပေးကာ သူတို့အား တက္ကသိုလ်များတွင် စုဆောင်းနိုင်အောင် လုပ်လို့ ရပေသည်။
ပါမောက္ခများအနေဖြင့် ယင်းသို့ လုပ်လိမ့်မည်ဟု ဖုန်းယွီက ယုံကြသည်။
ဒုကျောင်းအုပ်စွန်းသည် ဖုန်းယွီနှင့် အတန်ကြာ ဆွေးနွေးပြီးနောက် ဤနွေရာသီ စခန်းသည် သူ၏ ယောက်ဖ စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရှိသွားသည်။ ထိုအရာ ကောင်းမွန်သည့် အရာ ဖြစ်သည်။ နောက်နှစ်တွင် သူတို့ ကျောင်းသည် ပိုနာမည်ကြီးလာပြီး ထိုနွေရာသီ စခန်းတွင် ပါဝင်သည့် အသင်း၏ တာဝန်ရှိသူ၏ နာမည်ကား တစ်နိုင်ငံလုံးတွင် ဆောင်းပါး အဖြစ် ထုတ်ဝေမည် ဖြစ်သည်။ ယင်းက မော်စကိုတက္ကသိုလ်မှ ဖိတ်ကြားခြင်း ဖြစ်ပေသည်။
ဖုန်းယွီက ဒုကျောင်းအုပ်စွန်းကို ကျန်းဟန်၏ အမည်ကို ထည့်ပေးရန် တောင်းဆိုလိုက်သည်။ ဖုန်းယွီ ကီရီလန်ကိုကို တောင်းဆိုသည့် အချိန်က ဝမ်တုန့်ကျွင်းနှင့် ကျန်းဟန်သည် ရည်းစား မဖြစ်သေးပေ။ ဒုကျောင်းအုပ်စွန်းသည် ဖုန်းယွီကို ကြည့်လိုက်ပြီး အကယ်၍ ဖုန်းယွီအနေဖြင့် ဤတောင်းဆိုမှုအား မပြုလုပ်လျှင်တောင် သူက ကျန်းဟန်၏ နာမည်ကို ထည့်ရမည် ဖြစ်သည်။ ကျောင်းအုပ်သည်လည်း ယခုကဲ့သို့ လုပ်ရမည်ကို သိသည်။
ကျောင်းအုပ်စွန်းသည် ကျန်ရှိသည့် နေရာ ငါးနေရာကို အသေအချာ စဉ်းစားပြီးနောက် ကျောင်းအုပ်အတွက် တစ်နေရာ ရွေးချယ်ရန် သူ့အတွက် နှစ်နေရာ ရွေးချယ်ရန်နှင့် ကျန်သည့် နှစ်နေရာ အတွက်မူ အတွင်းရေးမှူးနှင့် လက်ထောက် အတွင်းရေးမှူး ရွေးချယ်ရန် ထားထားသည်။ ယင်းက အတွင်းရေးမှူးကို ကျေနပ်စေရန် ဖြစ်ပြီး သူ့အနေဖြင့် ကျောင်းအုပ် အဖြစ် ရာထူးတိုးခံရသည့် အခါ သူတို့ထံမှ ထောက်ပံ့မှုများရရှိမည် ဖြစ်ပေသည်။
ဒုကျောင်းအုပ်စွန်းသည် သူ့ရုံးခန်းကို ပြန်သည့်တိုင် ပြုံးနေဆဲ ဖြစ်သည်။ သူက လီရှစ်ချင်နှင့်တွေ့ဆုံပြီး ကျောင်းတွင် ဖုန်းယွီကို လက်ခံခဲ့သည်ကား သူ့အတွက် မှန်ကန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သည်။
ဘာသာပြန်မှတ်စု
မော်စကိုတက္ကသိုလ်၏ အဆင့်သည် အဆင့်၈မှ ၁၂အတွင်းရှိပြီး လီနင်ကယက်တက္ကသိုလ်သည် အဆင့် ၂၈ ဖြစ်သည်။ ကိယက်ဗ်တက္ကသိုလ်သည် အဆင့်မြင့်မြင့်တွင် ပါဝင်ခဲ့သော်လည်း သူ့အဆင့်က ကျသွားခဲ့သည်။ ကောလဟာလများအရ မော်စကိုတက္ကသိုလ်က ပါမောက္ခ အများစုကို ဆွဲခေါ်သွားခဲ့၍ ဖြစ်သည်။ အဆင့်မြင့်ဆုံးမှာ ဘယ်လာရုဇ်တက္ကသိုလ် ဖြစ်ပြီး အဆင့်ကိုးရှိသည်။