← Chapters

နေရာများအတွက် ယှဉ်ပြိုင်ခြင်း

Vol. 10 Ch. 142

နေရာများအတွက် ယှဉ်ပြိုင်ခြင်း

Vol. 10 Ch. 142

“ဒီနေ့ အစည်းအဝေးက သတင်းကောင်း ပြောဖို့ပါ။ ငါတို့ကျောင်းက မော်စကို တက္ကသိုလ်ကနေ ဖိတ်ခေါ်တဲ့ စာတစ်စောင် လက်ခံရရှိခဲ့တယ်။ ငါတို့ကျောင်းက ကျောင်းသားတွေကို တစ်လကြာ နွေရာသီ စခန်းကို တက်ရောက်ဖို့ပဲ။”

ကျောင်းအုပ်က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

“ဘာလဲ။ ကျောင်းအုပ် ကျွန်တော် ကြားလိုက်တာက အမှန်လား။ တကယ် မော်စကို တက္ကသိုလ်ကလား။”

ကျောင်း၏ အတွင်းရေးမှူးက ကမ္ဘာ့အဆင့်အတန်းမှီ တက္ကသိုလ်ကို အသားပေးဖော်ပြသည့် အလား မေးလိုက်သည်။

“ဒါအမှန်ပဲ မော်စကို တက္ကသိုလ်က”

“အဲဒီ စခန်းအတွက် နေရာ ဘယ်နှစ်နေရာ ရသလဲ။ သူတို့တွေက ဒုတိယနှစ် ကျောင်းသား သုံးယောက်ကို ဖိတ်တာလား။ အတွင်းရေးမှူး၏ အတွေးသည် ကျောင်းအုပ်၏ အတွေးနှင့် အတူတူပင် ဖြစ်သည်။ မော်စကို တက္ကသိုလ်သည် သူတို့၏ ဉာဏ်ကြီးရှင် နှစ်ယောက်ကို ပစ်မှတ်ထားခြင်းပင် ဖြစ်သည်။

“မဟုတ်ဘူး။ သူတို့တွေက ပထမနှစ် ကျောင်းသားတွေကို ဖိတ်ခေါ်တာ ကျောင်းသားတွေ အတွက် စုစုပေါင်းဆယ်နေရာနဲ့ လိုက်ပါမဲ့ ဆရာ၊ဆရာမတွေ အတွက် ငါးနေရာ ရှိတယ်။ တက္ကသိုလ်အနေနဲ့ အစားအသောက်နဲ့ နေရာထိုင်ခင်းကို စီစဉ်ပေးလိမ့်မယ်။ ပြီးတော့ နောက်ထပ် သတင်းကောင်းရှိသေးတယ်။ ငါတို့ရဲ့ကျောင်းကို ဘက်စကတ်ဘောကွင်းလှူဒါန်းခဲ့တဲ့ မစ္စတာလီက လေယဉ်လက်မှတ်တွေကို စပွန်ဆာ ပေးလိမ့်မယ်။”

ယင်းက ဒုကျောင်းအုပ်ကို ဖုန်းယွီ ပြောခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီသည် လေယဉ်လက်မှတ်များကို စပွန်ဆာ ပေးသည့် လူ တစ်ယောက် ဖြစ်သည်။ သို့သော် သူက သူ့ယောက်ဖ၏ နာမည်ကိုသာ အသုံးပြုခဲ့သည်။

“ပထမနှစ်ကျောင်းသားတွေလား။ အဲ့အဓိပ္ပာယ်က ဘာကို ဆိုလိုချင်တာလဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကျောင်း နာမည်နဲ့ ဂုဏ်တက်ဖို့ ဆိုရင်တော့ ဒါက ကောင်းမွန်တဲ့ အရာပဲ။”

လက်ထောက်အတွင်းအရေးမှူးက အော်ပြောလိုက်သည်။

လူတိုင်းက အရေးမပါသည့် စကားစမြည်များကိုသာ ပြောနေကြကာ အတွင်းရေးမှူးက မေးလိုက်သည်။

“ကျောင်းအုပ် ကျွန်တော်တို့တွေ အဲဒီနေရာတွေ အတွက် ဘယ်လိုခွဲဝေသတ်မှတ်ကျမလဲ။ ကျွန်တော်တို့တွေ အဲဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဆွေးနွေးကြမလား။”

ကျောင်းအုပ်သည် ဘာမျှ မပြောပေ။ သို့သော် ဒုကျောင်းအုပ်စွန်းကို အကြည့်တစ်ချက် ပေးလိုက်သည်။ ဒုကျောင်းအုပ်စွန်းက ချက်ခြင်းပင် သူဘာလုပ်ရမည် ဆိုသည့် အချက်ကို သိပြီးနောက် လည်ချောင်းကို ရှင်းလိုက်ကာ

“ဖိတ်ခေါ်ရခြင်းက ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်အနေနှင့် မည်သို့ မည်ပုံဆိုသည်ကို ကျောင်းသားတွေကို အတွေ့အကြုံ တစ်ခုအနေနဲ့ ရစေချင်လို့ပါ။ ကျွန်တော် အနေနဲ့ အရင်က ဆိုဗီယက် ပြည်ထောင်စုမှာ ပညာသင်ကြားခဲ့တဲ့ အတွက် ရုရှားဘာသာ စကားမှ ကောင်းမွန်သည်။ ဒါကြောင့် မလို ကျွန်တော် အသင်းကို ဦးဆောင်မှာပါ။ ဒုတိယနှစ် သင်တဲ့ ဆရာမ ဆုရှူးဟွာကလည်း အရည်အသွေးကောင်းမွန်တယ်။ ဒါကြောင့် သူလည်း သေချာပေါက် တက်ရမယ်။ ကျန်တဲ့ ဆရာဆရာမ နေရာတွေအတွက် ပညာရေးဝန်ကြီးဌာနက စီစဉ်မှာ ဖြစ်ပါတယ်။”

အတွင်းရေးမှူးနှင့် လက်ထောက် အတွင်းရေးမှူးသည် ဒုကျောင်းအုပ်က သူတို့ကို ကျန်ရှိသည့် ဆရာဆရာမများ၏ နေရာကို ပေးမည်ဆိုသည့် အချက်ကို မျှော်လင့်စောင့်စားနေကြခြင်း ဖြစ်သည်။ ထိုအစား ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်မည်ဟု ပြောလိုက်သည်။ ယင်းက သူတို့ကို ဒေါသထွက်သွားစေသည်။

သို့သော် သူတို့ ဤနေရာတွင် ဘာမျှ မလုပ်နိုင်ပေ။ သူတို့တွေ အဆက်အသွယ်များ ရှိလျှင်တောင် သူတို့အနေဖြင့် ဝန်ကြီးဌာနကို မဆန့်ကျင်ရဲပေ။ ယင်းက ကျောင်းအုပ် ချမှတ်ထားသည့် လမ်းစဉ် အတိုင်း ဖြစ်သည်။ ကျောင်းအုပ်က သူတို့အတွက် လျော်ကြေးအဖြစ် ကျောင်းသားနေရများကို ပေးလိမ့်မည်ဟု ယုံကြည်နေကြသည်။ ကျောင်းအုပ်က သူတို့ နှစ်ယောက်အား အနည်းဆုံး ကျောင်းသား သုံးလေးနေရာ အတွက် ပေးမည် ဖြစ်သည်။

အတွင်းရေးမှူးကို ကြည့်ရင်း ကျန်သည့်သူများက ဘာမှ မပြောသည်နှယ်။ ဒုကျောင်းအုပ်စွန်းက ဆက်ပြောသည်။

“ဒီနွေရာသီ စခန်းကို တက်ရောက်ဖို့အတွက် အတည်ပြုထားတဲ့ ကျောင်းသား ရှစ်ယောက်ရှိတယ်။ ကျောင်းသား ရှစ်ယောက်က ဖုန်းယွီ၊ ဝမ်တုန့်ကျွင်း.... ကျန်းဟန်....”

“ခဏလေး ဒုတိယ ကျောင်းအုပ်စွန်း ဘယ်သူက ဒီကျောင်းသား ရှစ်ယောက်ကို အတည်ပြုလိုက်တာတုန်း။ ဘယ်သူတွေက သူတို့တွေကို ရွေးချယ်လိုက်တာလဲ။ သူတို့ရဲ့ ရလဒ်နဲ့ ဆရာဆရာမတွေရဲ့ ထောက်ခံမှုကို အခြေခံသင့်တာ မဟုတ်လား။ ဒါမှ မဟုတ်ရင် ဒီဆုံးဖြတ်ချက်ကို လုပ်တဲ့သူက ဒုကျောင်းအုပ်ပဲ ဖြစ်နေတာလား။”

ဒုကျောင်းအုပ် ပြောနေသည်ကို အတွင်းရေးမှူးက ကြားဖြတ်ပြောလိုက်သည်။ သူက ရီးတီးယားတား လုပ်နေသည်။ ထိုဖတ်ပြသည့် နာမည်ခုနှစ်ယောက်တွင် သူက ကျန်းဟန်၏ နာမည်ကိုသာ ကြားခဲ့သည်။ ကျန်သည့် ကျောင်းသားများကို မည်သူက အဆိုပြုထားသနည်း။"

လက်ထောက်အတွင်းရေးမှူးက ပြောလိုက်သည်။

“ဒုကျောင်းအုပ်စွန်း အတည်မပြုခင် သင်ကြားရေး ဌာနနဲ့ ကျောင်းသားနေရာအတွက် ဆွေးနွေးသင့်တယ်မလား။ ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး မေးမြန်းတဲ့ အခါမှာ ကျွန်တော် ဌာနကို လာဖို့ ဘယ်သူကိုမှ မလာဖို့ ခွင့်မပြုထားတာ မဟုတ်ပါဘူး။”

လက်ထောက်အတွင်းရေးမှူးသည် သင်ကြားရေးဌာကို ကြီးကြပ်ရသည့်သူ ဖြစ်ကာ ကျောင်းတွင် အာဏာ အချို့ ရှိပေသည်။

ဒုကျောင်းအုပ်သည် လက်ဖက်ရည်ခွက်ကို ချလိုက်သည့် ကျောင်းအုပ်ကို ကြည့်ကာ သူ့အနေဖြင့် ကမ္ဘာအံ့ဖွယ် ရှစ်ခုမြောက်ကို မြင်လိုက်ရသည့် အလား ကြည့်လိုက်သည်။

ဒုကျောင်းအုပ်စွန်းသည် ကျောင်းအုပ်က သူ့အား အပူကို ပေးလိုက်ခြင်း ဖြစ်ကြောင်းသိသည်။ ကျောင်းသားနှစ်ယောက်ကို ဘယ်သူက တောင်းဆိုခဲ့သနည်း။

“အတွင်းရေးမှူးကျော့။ အတွင်းရေးမှူးလျို ကျွန်တော်တို့ အနေနဲ့ ဒီကျောင်းသားတွေကို အတည်ပြုခဲ့တာ မဟုတ်ပါဘူး။ မော်စကိုတက္ကသိုလ်က ကျောင်းသားလေးယောက်ကို အထူးအနေနဲ့ တောင်းဆိုခဲ့တယ်။ သူတို့တွေက ဖုန်းယွီ၊ လီန၊ ဝမ်တုန့်ကျွင်းနှင့် လျိုခွင်။ ကျန်းဟန်ရဲ့အဖေ ဘယ်သူဆိုတာကို လူတိုင်းက သိပြီးသား ဖြစ်မှာပါ။ ကျန်းဟန်နဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြောစရာ မရှိတော့ပါဘူး”

“ဖိတ်ခေါ်တဲ့သူက လူလေးယောက်ကို တောင်းဆိုထားတာလား။ ဘယ်မှာလဲ ဖိတ်ခေါ်စာ ကျွန်တော်ကို ကြည့်ခွင့်ပေးပါ။”

အတွင်းရေးမှူးသည် ဒုကျောင်းအုပ်စွန်းကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ သူက ထိုကျောင်းသား လေးယောက်တွင် မည်သည့် ထူးခြားသည့်စွမ်းဆောင်ရည်မျိုး ရှိလည်းဆိုတာကို သိချင်နေသည်။

ဒုကျောင်းအုပ်စွန်းသည် သူ့အား ဖိတ်ခေါ်စာကို ပေးလိုက်သည်။ နွေရာသီ စခန်းတစ်ခုလုံးက လီရှစ်ချင်က စီစဉ်ထားခြင်း ဖြစ်သည်။ အကယ်၍ အတွင်းရေးမှူးအနေဖြင့် ဖိတ်စာထဲရှိ ကျောင်းသားလေးယောက်ကို ပြောင်းရဲပါက ယင်းနွေရာသီ စခန်းသည် ဖျက်သိမ်းဖို့ အလားအလာ များသည်။

ဒုကျောင်းအုပ်စွန်းသည် အတွင်းရေးမှူးနှင့် လက်ထောက် အတွင်းရေးမှူးတို့ ထိုကျောင်းသားလေးယောက်ကို မဆန့်ကျင်ရန် မစောင့်နိုင်တော့ပေ။ ဤနည်းလမ်းဖြင့် သူ့အနေဖြင့် ကျန်ရှိသည့် ကျောင်းသားနှစ်ယောက်နေရာကို ပြောနိုင်မည် ဖြစ်သည်။ သူက လီရှစ်ချင်နှင့် ရင်းနှီးသည့်အတွက် ကျောင်းသားနှစ်ယောက်ကို ရွေးချယ်ရန် တောင်းဆိုခဲ့ရာ ကျောင်းအုပ်ထက်တောင် တစ်ယောက်ပိုနေသေးသည်။

လက်ထောက်အတွင်းရေးမှူးက တစ်ခဏကြာ ကြည့်လိုက်ပြီးနောက် ရလဒ်ကို ပြန်ပေးလိုက်သည်။

လျိုခွင်သည် နှစ်ဝက်စာမေးပွဲများနှင့် နှစ်ဆုံးစာမေးပွဲများတွင် ထိပ်တန်း ကျောင်းသား တစ်ယောက် ဖြစ်ပြီး သူသည် ဤစခန်းကို တက်ရောက်ရန် အရည်အချင်းပြည့်မှီပေသည်။

လီန၏ ရမှတ်သည်လည်း မဆိုးလှပေ။ သူက တဖြည်းဖြည်းခြင်း တိုးတက်နေပြီး ပထမနှစ်တွင် ထိပ်တန်း အယောက်နှစ်ဆယ်တွင်ပါဝင်သည်။ သူ့အနေဖြင့် သူမကို အမျိုးသမီး ကျောင်းသူများထဲမှ တော်သည့် ကျောင်းသူ တစ်ယောက်ဟု စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းမှာ သာမန် အဆင့် ကျောင်းသားများ ဖြစ်သည်။ သူတို့က သာမန်ထက် အနည်းငယ် သာရုံသာ ရှိသည်။ အဘယ်ကြောင့် သူတို့က ဖိတ်ကြားခံရသနည်း။

“လူကြီးစွန်း ကျွန်တော်အနေနဲ့ ကျန်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးများများစားစား ပြောစရာ မလိုပါဘူး။ ဒါပေမဲ့ ဒီဖုန်းယွီနဲ့ ဝမ်တုန့်ကျွင်းကတော့ ပြောင်းကို ပြောင်းမှ ရမယ်။ ဒီကျောင်းသားနှစ်ယောက်ရဲ့ ရမှတ်က သာမန်ပဲ။ ကျောင်းအတွက် ဘာမှ ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး။ ဒီဖုန်းယွီက စည်းကမ်းထိန်းသိမ်းရေးမှူးလီးကိုတောင် အများအလယ်မှာ ပြောရဲတာ။ ကျွန်တော် မှတ်မိတာကတော့ ဒုကျောင်းကျောင်းအုပ်စွန်းက ဖုန်းယွီအတွက် စကားပြောပေးခဲ့တာ ဟုတ်တယ်မလား။”

လက်ထောက်အတွင်းရေးမှူးက ဒုကျောင်းအုပ်စွန်းကို ဘက်လိုက်သည်ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဒုကျောင်းအုပ်စွန်းက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

“ဒါက ဖိတ်ခေါ်ထားတာ ပြီးတော့ သူတို့ အနေနဲ့ ဒီကျောင်းသားတွေကို အထူးဖိတ်ကြားထားတယ်လို့ အထူးရေးထားတယ်။ ဘယ်လိုလုပ် ကျွန်တော်တို့ အနေနဲ့ ကမ်းလှမ်းနိုင်မှာလဲ။ သူတို့ကို ပြောင်းရတဲ့ အကြောင်းပြချက်က ဘာလဲ”

“ဘာလို့လဲဆိုတော့ သူတိုက တော်တဲ့ ကျောင်းသားတွေ မဟုတ်ဘူး။ တကယ်လို့ ငါတို့ အနေနဲ့ သူတို့ကို သွားခွင့်ပေးလိုက်တယ်ဆိုရင် ငါတို့ကျောင်းအတွက် နာမည်ပျက်စရာတွေပဲ ဖြစ်မှာ။ ကျွန်တော် ကြားတာကတော့ ဖုန်းယွီရဲ့ မိသားစု နောက်ခံက ကောင်းမွန်နေတဲ့ မဟုတ်ဘူးလို့ ကောလဟာလတွေ အရ သိထားတယ်။ ငါ့အနေနဲ့ ဒီကျောင်းသားနှစ်ယောက်က ဒီစခန်းကို တက်ရောက်ဖို့အတွက် အရည်အချင်း မပြည့်မှီဘူးလို့ ထင်တယ်။ သူတို့တွေကို ပြောင်းမှ ရမယ်”

လက်ထောက် အတွင်းရေးမှူးက ပြတ်သားစွာဖြင့် ပြောလိုက်သည်။

လိုက်ပါဖို့ ဆရာဆရာမတွေ အတွက်နေရာက မင်းတို့တွေ စီစဉ်ထားပြီးသား ကျောင်းသားတွေ အတွက်လည်း မင်းတို့တွေက ရွေးချယ်ချင်တာလား။ အဲတာဆိုရင် အတွင်းရေးမှူးနဲ့ ငါ့အတွက်ကတော့။ ငါတို့ကကော ဒီကျောင်းမှာ ခေါင်းဆောင်တွေပဲလေ။

“လက်ထောက်အတွင်းရေးမှူးလို ခင်ဗျားရဲ့ စကားကို ကျေးဇူးပြုပြီး ကြည့်ပြောပါ။ ကျွန်တော်တို့တွေ အကုန်လုံးက ဆရာ ဆရာမတွေ ပြီးတော့ ကောလဟာလတွေ အပေါ်အခြေခံပြီး ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို မချမှတ်သင့်ဘူး။ အချိန်တွေက ပြောင်းလဲနေတယ်။”

ဒုကျောင်းအုပ်စွန်းက ပြောလိုက်သည်။ သူ၏ နှလုံးသားတွင် လက်ထောက် အတွင်းရေးမှူးသည် သူဆွလိုက်သည် အတွက် စားပွဲကို ဗန်းခနဲ ပုတ်ရန်ဆိုလိုသည်။ သူ့အနေဖြင့် ဖုန်းယွီကို ဖြုတ်ချရန်အတွက် အတွင်းရေးမှူးကျော့ကသာ ဖြုတ်ချခိုင်းမည် ဖြစ်သည်။ ဤနည်းဖြင့် ကျောင်းအုပ်နှင့် ဒုကျောင်းအုပ်သည် ကျန်ရှိသည့်ကျောင်းသားနှစ်နေရာအတွက်ရမည် ဖြစ်သည်။

ဗန်း

“လူကြီးစွန်း ခင်ဗျား ဘာပြောလိုက်တာလဲ။ ဒီကျောင်းသားနှစ်ယောက်က ပြောင်းကို ပြောင်းမှရမယ်။”

လက်ထောက်အတွင်းရေးမှူးက ပြန်မပြောခင် အတွင်းရေးမှူးက စားပွဲကို ကြမ်းကြမ်းရိုက်ချလိုက်ကာ သူသည်လည်း လွန်ခဲသည့် မျိုးဆက်မှ ဖြစ်သည်။

ကျောင်းအုပ်က သူ့လက်ဖက်ရည်ခွက်ကို ကြည့်နေဆဲ ဖြစ်သည်။ ဒုကျောင်းအုပ်စွန်းသည် အသင်းတွင် ခေါင်းဆောင် ဖြစ်ချင်ပြီး ကျောင်းသား၏ နေရာများကို ရယူချင်ကတည်းက သူ့အနေဖြင့် ဘေးမှ ကြည့်ရန်သာ ရှိတော့သည်။

ဒုကျောင်းအုပ်စွန်းက ပြန်ပြောလိုက်သည်။

“အတွင်းရေးမှူးကျော့။ မော်စကို တက္ကသိုလ်ကနေ အထူးဖိတ်ကြားထားတဲ့ ကျောင်းသားတွေကို ပြောင်းလဲလိုက်တဲ့ အခါ ဖြစ်လာတဲ့ အကျိုးဆက်ကို ခင်ဗျားတာဝန်ယူမှာလား။"

အတွင်းရေးမှူးသည် လက်ရှိတွင် ခွကျသည့် အခြေအနေတွင် ဖြစ်နေသည်။ သို့သော် သူ့အနေဖြင့် ပြန်ပြောရပေမည်။ ယင်းက အောင်မြင်မှု တစ်ခုဟု စဉ်းစား၍ ရနိုင်ပေသည်။ ကျောင်းအုပ်သည် ယခု နှစ်ကုန်ပိုင်းတွင် ပြောင်းရွေ့ရနိုင်ပြီး သူသည် ဒုကျောင်းအုပ်နှင့် အတူ ကျောင်းအုပ်နေရာအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဒုကျောင်းအုပ် သူ့အားကျော်မည်ကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။

“တကယ်လို့ တစ်ခုခု မှားခဲ့ရင် ငါတာဝန်ခံတယ်။ ပြဿနာရှိလား။ ဒါက အဲကျောင်းသားနှစ်ယောက်ရဲ့ ရလဒ်တွေပဲ။ ငါ့အနေဲ့ သူတို့တွေက အရည်အချင်း မပြည့်မှီဘူးလို့ ထင်တယ်”

ထိုအချိန်တွင် ကျောင်းအုပ်က ချောင်းတစ်ချက် ဟန့်ကာ ပြောလိုက်သည်။

“ဒါက အစည်းအဝေး တစ်ခု တိုက်ခိုက်နေတာ ရပ်လိုက်ကြတော့။ တကယ်လို့ ငါတို့ ပြောတာ ဆရာ ဆရာမတွေ ကြားသွားမယ်ဆိုရင် သူတို့တွေက ဘယ်လိုတွေးမလဲ။ မှတ်သားထားကြ မင်းတို့ တွေ အားလုံးက ဆရာ ဆရာမ ဖြစ်လာပြီးမှ ခေါင်းဆောင်တွေ ဖြစ်လာကြတာ။ မင်းတို့တွေ အနေနဲ့ တခြားသူတွေ အတွက် စံပြပုဂ္ဂိုလ်တွေ အနေနဲ့ပဲ ရှိသင့်တယ်။ ဒါက နွေရာသီ စခန်းအတွက် နေရာလေးပဲ။ အဲ့အတွက်တောင် မင်းတို့တွေ အားလုံးက တိုက်ခိုက်နေကြတယ်။ အကုန်လုံး ပြန်ထားပြီးတော့ အဲအကြောင်း သေချာ စဉ်းစားကြည့် ငါတို့ အနေနဲ့ မနက်ဖြန် အစည်းအဝေးမှ ဆက်ပြီး ဆွေးနွေးကြမယ်။”

အတွင်းရေးမှူးနှင့် လက်ထောက် အတွင်းရေးမှူးသည် အခန်းထဲမှ ထွက်လာပြီးနောက် သူတို့အနေဖြင့် မည်သည့်ကျောင်းသားများကို ရွေးချယ်ရန်အတွက် ဆွေးနွေးကြသည်။ သူတို့ နှစ်ယောက်သည် တစ်ယောက်ခြင်းဆီအတွက် အနည်းဆုံး ကျောင်းသား နှစ်ယောက်စာ လိုချင်သည်။ အကယ်၍ ကျောင်းအုပ်အနေဖြင့် ဘာမျှ မပြောပါက သုံးနေရာစီရမည် ဖြစ်သည်။

All Chapters