← Chapters

ဆန္ဒအလျှောက် နှုတ်ထွက်ရမှာလား

Vol. 10 Ch. 143

ဆန္ဒအလျှောက် နှုတ်ထွက်ရမှာလား

Vol. 10 Ch. 143

အတွင်းရေးမှူးနှင့် သူ၏လက်ထောက် အတွင်းရေးမှူးသည် ဆက်လက် ဆွေးနွေးနေကြသည်။ ဖိတ်ကြားစာထဲတွင် ပါဝင်သည့် ကျောင်းသားများ၏ နာမည်ကို ပြောင်းနိုင်လောက်သည်ထိ သူတို့တွင် အခွင့်အာဏာ မရှိပေ။ သို့သော် ယင်းကသူတို့ အရှုံးပေးလိုက်ရသည်ဟု ဆိုလိုရင်း မဟုတ်ပေ။ အကယ်၍ ကျောင်းသားများသည် ဆန္ဒအလျှောက် နှုတ်ထွက်မည်လော။

ထို့ကြောင့် ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းသည် အတွင်းရေးမှူး ရုံးခန်းသို့ ဆင့်ခေါ်ခံလိုက်ရသည်။ အတွင်းရေးမှူးက သူတို့ကို ဆန္ဒအလျှောက် နှုတ်ထွက်ရန်အတွက် ကောင်းကောင်းချော့ပြောမည်ဟု ဆုံးဖြတ်ချက် ချထားသည်။ သူ့အနေဖြင့် လျော်ကြေးအဖြစ် သူတို့၏ သက်သေခံချက်တွင် ကောင်းမွန်သည့် ကျောင်းသားများ ဖော်ပြပေးမည် ဖြစ်သည်။

“ဘာ အတွင်းရေးမှူး အတွင်းရေးမှူးပြောတာက ကျွန်တော်က မော်စကိုတက္ကသိုလ်က စီစဉ်တဲ့ နွေရာသီစခန်းမှာ ဖိတ်ခေါ်ခွင့်ရတာလား။ ”

ဝမ်တုန့်ကျွင်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ သူ့အနေဖြင့် အလွန်ကံကောင်းလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ သို့သော် အဘယ့်ကြောင့် ဖုန်းယွီက မပျော်မရွှင် ဖြစ်နေရသနည်း။ သူတို့အနေဖြင့် အားလပ်ရက်တွင် ဆိုဗီယက်ပြည်ထောင်စုကို သွားရမည်ဖြစ်သည်။

“ဒါအမှန်ပဲ ဒါပေမဲ့ ဒီတစ်ကြိမ်က မင်းတို့တွေက ကျောင်းကိုကိုယ်စားပြုမယ်။ ဘင်းမြို့တော်ကို ကိုယ်စားပြုမယ်။ လောင်ကျွမ်းပြည်နယ်ကို ကိုယ်စားပြုမယ်။ ပြီးတော့ တရုတ်နိုင်ငံရဲ့ အထက်တန်းကျောင်းတွေကို ကိုယ်စားပြုမယ်။ ဒါကြောင့်မို့လို့ ကျောင်းအနေနဲ့ တော်တဲ့ ကျောင်းသားတွေကိုပဲ တက်စေချင်တယ်။ မင်းတို့နှစ်ယောက်ရဲ့ ရလဒ်တွေက… ”

ဝမ်တုန့်ကျွင်း၏မျက်နှာက ပြောင်းလဲသွားသည်။

“အတွင်းရေးမှူး ဘာကိုဆိုလိုတာလဲ။ တက္ကသိုလ်က ကျွန်တော်တို့ကို ဖိတ်ကြားထားတာ မဟုတ်ဘူးလား။ ကျွန်တော်တို့မှာ ပြဿနာတစ်ခုခုများ ရှိလို့လား။ ”

“ဆုံးဖြတ်ပြီးနောက် ကျောင်းအနေနဲ့ အဲ့ဒီစခန်းကို သွားဖို့အတွက် ကျောင်းသားအချို့ကို ဆုံးဖြတ်ဖို့ ရထားပြီးပြီ။ ဒါကြောင့်မို့လို့ မင်းတို့နှစ်ယောက်ရဲ့ နေရာကို ပေးလိုက်ဖို့ ငါကပြောချင်တယ်။ ”

အတွင်းရေးမှူးသည် ထိုနေရာက သူတို့နှင့် မသင့်လျော်ဟု အရိပ်ပြလိုက်သည်။ ထို့ကြောင့်သူတို့ကို တိုက်ရိုက်ပြောလိုက်သည်။ အကယ်၍ သူတို့နောက်ကွယ်တွင် လက်ထောက်ကျောင်းအုပ် ရှိလျှင်တောင် သူ၏ဆန္ဒကို ကျောင်းသားနှစ်ယောက် ဆန့်ကျင်ရဲမည် မဟုတ်ပေ။ သူသည် ကျောင်း၏အတွင်းရေးမှူးဖြစ်သည်။ ကျောင်းတွင် အဆင့်နှစ် အရာရှိဖြစ်သည်။

“ကျွန်တော်တို့ရဲ့ နေရာတွေကို လွှတ်ရမှာလား။ ဘာကြောင့် ကျွန်တော်တို့မှလဲ။ ”

ဝမ်တုန့်ကျွင်းက မပျော်မရွှင်ဖြင့် ပြောလိုက်သည်။ ဤအခွင့်အရေးက သူ့အတွက် နိုင်ငံခြားသွားလည်ရန်ဖြစ်ပြီး အဘယ့်ကြောင့် သူတို့အရှုံးပေးရမည်နည်း။

“ငါမင်းတို့ကို အကြောင်းပြချက် ပြောပြီးပြီလေ။ ငါ့အနေနဲ့ ထပ်ပြောဖို့ ဘာမှမကျန်တော့ဘူး။ သေချာတာပေါ့။ ကျောင်းအနေနဲ့ မင်းတို့နှစ်ယောက်လုံးကို လျော်ကြေးအချို့ပေးမှာပါ။ မင်းတို့နှစ်ယောက်လုံးက ဒီနှစ်ရဲ့ အကောင်းဆုံး ကျောင်းသားဆုကို ရလိမ့်မယ်။ ”

ဖုန်းယွီက အတွင်းရေးမှူးကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။ သူ၏နေရာကို ပစ်မှတ်ထားပြီး ကျောင်းသား၏ဝေစုကို ယှဉ်ပြိုင်ခိုင်းသည်လော။ သူမပါပါက ကျောင်းအနေဖြင့် နေရာတစ်နေရာမှတောင် ရမည်မဟုတ်ပေ။

ဒုကျောင်းအုပ်စွန်းသည် ယင်းကိစ္စကို ရှင်းရှင်းလင်းလင်းသိသည်။ သို့သော်သူက ယင်းအကြောင်းကို အတွင်းရေးမှူးအား မပြောခဲ့ပေ။ သူ့အနေဖြင့် သူ့အား မကောင်းသည့်အရာများ ရယူစေလို၍ဖြစ်သည်။

“ဖုန်းယွီ ဘာကြောင့် တိတ်ဆိတ်နေရတာလဲ။ မင်းရဲ့ ဆုံးဖြတ်ချက်ကိုပြော။ ကျောင်းအနေနဲ့ ပြည်နယ်ရဲ့ အကောင်းဆုံး စုစည်းတာ မင်းတို့နှစ်ယောက်လုံးကို ထည့်သွင်းပေးနိုင်တယ်။ မင်းတို့နှစ်ယောက်လုံးက ဘင်းမြို့တော် ဝင်ခွင့်စာမေးပွဲအတွက် အမှတ်ဆယ်မှတ် အပိုတောင် ရလိမ့်မယ်။ ”

အတွင်းရေးမှူးသည် လျော်ကြေးကို တိုးမြင့်လိုက်သည်။ သေချာသည်မှာ အမည်စာရင်း တင်သွင်းခံရခြင်းနှင့် ဆုတံဆိပ် ရရှိခြင်းမှာ မတူကွဲပြားသည့်အရာများ ဖြစ်ပေသည်။

“ကောင်းပြီ။ ဟုတ်ကဲ့ပါအတွင်းရေးမှူး ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြောပါ့မယ်။ ”

သူဖုန်းယွီပြောတာကို ကြားသောအခါ အတွင်းရေးမှူး၏ မျက်နှာထက်တွင် တောက်ပသည့် အပြုံးတစ်ခုပေါ်လာသည်။ ကျောင်းထဲတွင် အမိန့်နာခံသည့်ကျောင်းသား ရှိနေဆဲဖြစ်သည်။ ဝမ်တုန့်ကျွင်းက ဖုန်းယွီကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ သူ၏ဖုန်းယွီအပေါ်တွင် အမြင်က ဖုန်းယွီသည် အာဏဖီဆန်သည့် အရိပ်အယောင်များရှိပြီး သူ၏နေရာကို လွယ်လွယ်နှင့် အရှုံးပေးမည့်လူ မဟုတ်ပေ။

“ကျွန်တော်ငြင်းပယ်တယ်။ ”

ငြင်းပယ်တာ အတွင်းရေးမှူးသည် ဖုန်းယွီကို အမိန့်နာခံသည့် ကျောင်းသားတစ်ယောက်ဟု တွေးခဲ့သည်။ ပြီးနောက်သူ့ကို ချီးမြောက်ချင်ခဲ့သည်။ သို့သော် ဖုန်းယွီထံမှ ငြင်းပယ်သည်ဆိုသည့် အချက်ကို ကြားလိုက်ရသည်။

ဘာကြောင့်သူ့ကို ငြင်းပယ်ရဲတာလဲ။ သူ့နောက်ကွယ်တွင် ဒုကျောင်းအုပ်၏ နောက်ခံရှိပါက သူ့ကိုဘာမှ လုပ်နိုင်မည်မဟုတ်ဟု ထင်နေသည်လော။ ကျောင်း၏အခြားသော ခေါင်းဆောင်များ လက်ထောက်ကျောင်း အပါအဝင် ကျန်သည့်သူများသည် သူ့ထက် အဆင့်နိမ့်နေသည်။

ဘန်း

အတွင်းရေးမှူးသည် သူ၏ခုံကို ရိုက်ချလိုက်သည်။

“မင်းတို့နှစ်ယောက် ဘာမှားနေတာလဲ။ ငါမင်းတို့နှစ်ယောက်ကို ကောင်းကောင်းဖြောင့်ဖျပေးနေတာ။ ငါမင်းကို တစ်ခုပဲပြောလိုက်မယ်။ မင်းတို့တွေ သဘောတူတူ မတူတူ ငါကိစ္စမရှိဘူး။ ဒီအချက်က ဆုံးဖြတ်ပြီးပြီပဲ။ ”

ဖုန်းယွီက လှောင်ပြောင်သည့်အကြည့်ဖြင့် ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော်တို့နှစ်ယောက်လုံး မသွားရဘူးဆိုရင် ဘယ်သူမှ သွားလို့ရမှာ မဟုတ်ဘူး။ ”

“မင်းဘာပြောလိုက်တာလဲ။ မင်းငါ့ကို ခြိန်းခြောက်နေတာလား။ မင်းကအခုမှ ကျောင်းသားတစ်ယေက်ပဲ ရှိသေးတယ်။ အမှတ်နုတ်ခံရမယ်။ မင်းအပစ်ပေးခံရမယ်။ ”

အတွင်းရေးမှူးသည် အလွန်ဒေါသ ထွက်သွားသည်။ သူ၏ကျောင်းမှ ကျောင်းသားတစ်ယောက်က သူ့အား ပြန်ခံပြောရဲသည်လော။ အမှတ်သုံးအထက်တန်းကျောင်းဖြစ်သည်။ အသက်မွေးပညာကျောင်း မဟုတ်ပေ။ သူ့အနေဖြင့် ယင်းကောင်စုတ်ကို သေချာပေါက် သင်ခန်းစာ ပေးရမည်ပင်။

“ကျွန်တော်ကို ပစ်ဒဏ်မပေးခင် အတွင်းရေးမှူးအနေနဲ့ ပစ်ဒဏ်တွေကို ဘယ်လိုရှောင်ရှားရမယ် ဆိုတာကို စဉ်းစားသင့််တယ်။ အတွင်းရေးမှူးက ကျွန်တော်တို့ရဲ့ နေရာတွေကို စွန့်လွှတ်ပေးဖို့ ဆုံးဖြတ်ချက် ချခဲ့တဲ့ လူတစ်ယောက်ပဲ။ အတွင်းရေးမှူးအနေနဲ့ ဒုကျောင်းအုပ်စွန်းက သဘောမတူတဲ့ အကြောင်းပြချက်ကို တစ်ခါမှ မတွေးခဲ့ဘူးလား။ ”

ဖုန်းယွီကပြုံးကာ အတွင်းရေးမှူးကို သူ့မျက်လုံးနှင့် တည့်တည့်ကြည့်လိုက်သည်။

အတွင်းရေးမှူးက တစ်ခဏ ရပ်တန့်သွားသည်။ အမှန်ပင် သူ့ယောက်ဖကြောင့် ဒုကျောင်းအုပ်အနေဖြင့် ဖုန်းယွီကို ဂရုစိုက်ရင်တောင် သူ့အနေဖြင့် ဝမ်တုန့်ကျွင်းကို ကြည့်စရာမရှိပေ။ ဝမ်တုန့်ကျွင်း၏အဖေသည် သေးငယ်သည့် ခရိုင်မှလက်ထောက် စိုက်ပျိုးရေးရုံး အရာရှိသာဖြစ်သည်။ သူ၏ရာထူးသည် ဘင်းမြို့တော်၏ အစိုးရဝန်ထမ်းများ၏ ရာထူးနှင့်ယှဉ်ပါက နိမ့်သည်ဟု စဉ်းစား၍ ရနိုင်ပေသည်။

“ဒီနွေရာသီစခန်းအတွက် ပို့ဆောင်ရေးစရိတ်တွေကို အစီရင်ခံတဲ့လူက ကျွန်တော်ရဲ့ယောက်ဖဆိုတာ အတွင်းရေးမှူး သိသလား။ အတွင်းရေးမှူးအနေနဲ့ ဒါကပဲ အကြောင်းပြချက်တစ်ခုလို့ တွေးနေတာလား။ ဘာကြောင့် ကျွန်တော်တို့ရဲ့ နာမည်က ဖိတ်ခေါ်စာထဲမှာ ပါလာလဲဆိုတာ မအံ့သြသွားဘူးလား။ ”

အတွင်းရေးမှူး၏မျက်နှာက ပြောင်းလဲသွားတော့သည်။ ဖုန်းယွီအနေဖြင့် အဆင့်မြင့် အရာရှိကြီးများအချို့နှင့် အဆက်အသွယ် ရှိသည်လော။

ဖိတ်ခေါ်စာထဲမှ နာမည်များသည် ကြုံရာကျဘမ်း ပေးလိုက်သည်လော။ မဖြစ်နိုင်တာ။ နာမည်တွေကို ကြုံရာကျဘမ်း ပေးလိုက်တာပဲဖြစ်ရမယ်။ ဒါကမော်စကို တက္ကသိုလ်လေ ဘယ်လိုလုပ် ဖုန်းယွီအနေနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိတာ ဖြစ်နိုင်မှာလဲ။

“အတွင်းရေးမှူးအနေနဲ့ ဘာကြောင့် မော်စကိုတက္ကသိုလ်က သူတို့ရဲ့ နွေရာသီစခန်းကိုတက်ဖို့ ကျွန်တော်တို့ကျောင်းက ကျောင်းသားတွေပဲ လိုချင်ရလဲဆိုတာသိလား။ အတွင်းရေးမှူးအနေနဲ့ သူတို့ကဘာလို့ ပထမနှစ် ကျောင်းသားတွေကိုပဲ လိုချင်ရတယ်ဆိုတာ သိလား။ ဘာကြောင့် ကျွန်တော်တို့ရဲ့နာမည်က ဖိတ်ခေါ်စာထဲမှာ ပါနေရလဲဆိုတာ သိလား။ တကယ်လို့ ဘာကြောင့် ကျွန်တော်က အဲ့ဒီစာရင်းမှာ ထိပ်ဆုံးက ပါနေရလဲဆိုတာ သိလား။ ”

ဖုန်းယွီက ဆက်ပြောလိုက်သည်။

အတွင်းရေးမှူးက ဖုန်းယွီကို ထိတ်လန့်စွာဖြင့် ကြည့်နေသည်။ ဖုန်းယွီသည် ဤနောက်ကွယ်တွင် တစ်စုံတစ်ယောက်က တကယ်ရှိနေခြင်းလော။

ဝမ်တုန့်ကျွင်းက ဖုန်းယွီကို ကျပ်မပြည့်သည့် အရူးတစ်ယောက်နှယ်ကြည့်ကာ မေးလိုက်သည်။

“ဘာကြောင့်လဲ။ ”

သူ့အနေဖြင့် ဖုန်းယွီဖိတ်ခေါ်စာအကြောင်း ဘယ်လိုလုပ်သိလဲ နားမလည်နိုင် ဖြစ်နေသည်။ သူတို့ကျောင်း၏ ပထမနှစ် ကျောင်းသားများကိုသာ ဖိတ်ကြားခြင်းသာဖြစ်ပြီး ဖုန်းယွီ၏နာမည်သည် ပထမနေရာတွင်ဖြစ်သည်။ အဘယ့်ကြောင့် သူ၏နာမည်က ပထမနေရာတွင် ရှိနေရသနည်း။ ယင်းက အက္ခရာအလိုက် စီစဉ်ထားရမည်ပင်ဖြစ်သည်။

ဖုန်းယွီက သူ့ကိုယ်သူ လက်ညိုးထိုးကာ ပြောလိုက်သည်။

“အဲ့ဒါက ဘာကြောင့်လည်းဆိုတော့ ဒီနွေရာသီစခန်းက ကျွန်တော်အတွက် စီစဉ်ထားတာမို့လို့ပဲ။ ”

အတွင်းရေးမှူးသည် သူထိုင်ခုံမှ ထရပ်လိုက်ကာ မယုံကြည်စွာဖြင့် အော်ပြောလိုက်သည်။

“မဖြစ်နိုင်တာ။ ဒါကမော်စကို တက္ကသိုလ်လေ။ ပြီးတော့ ပြည်တွင်းမှာရှိတဲ့ တက္ကသိုလ်အချို့နဲ့ မတူဘူး။ တကယ်လို့ မင်းရဲ့မိသားစုက အဆက်အသွယ်တွေ ရှိနေမယ်ဆိုရင်တောင် မင်းတို့ရဲ့ လွှမ်းမိုးမှုကို ဆိုဗီယက်ပြည်ထောင်စုထိ မချဲ့ထွင်နိုင်ဘူး။ ”

ဖုန်းယွီက ခေါင်းတစ်ချက်ခါပြီးနောက် အတွင်းရေးမှူးကို အရူးတစ်ယောက်နှယ် ကြည့်လိုက်ကာ

“အတွင်းရေးမှူးအနေနဲ့ ကျွန်တော်တို့ရဲ့မိသားစု ဘာစီးပွားရေး လုပ်လဲဆိုတာ မသိဘူးလား။ အတွင်းရေးမှူးက ကျွန်တော်မိသားစုရဲ့ ကုမ္မဏီက ဆိုဗီယက်ပြည်ထောင်စုနဲ့ လတိုင်းလတိုင်း ရူပယ်သန်းပေါင်းများစွာ ကုန်သွယ်နေတယ်ဆိုတာ မသိဘူးလား။ ”

အတွင်းရေးမှူး၏ မျက်လုံးက ကျယ်လာသည်။

“မင်းရဲ့မိသားစုက ဆိုဗီယက်ပြည်ထောင်စုနဲ့ လတိုင်း ရူပယ်သန်းချီတဲ့ သဘောတူညီမှုတွေ ပြုလုပ်နေတာလား။ ”

“အဲ့ဒါဆိုရင် အတွင်းရေးမှူးအနေနဲ့ ကျွန်တော်တို့ ကုန်သွယ်တဲ့အခါမှာ ဆိုဗီယက်ပြည်ထောင်စုက ဆိုဗီယက်တပ်ရဲ့ ရထားတွဲကို ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် သုံးတယ်ဆိုတာသိလား။ အတွင်းရေးမှူးအနေနဲ့ ကျွန်တော်က မြို့တော်အစိုးရနဲ့ နိုင်ငံခြား ကုန်သွယ်ရေး လုပ်ငန်းတွေကို ပုံမှန်ဝင်ထွက် သွားနေတယ်ဆိုတာ မသိဘူးလား။ အတွင်းရေးမှူးအနေနဲ့ ကျွန်တော် ကျောင်းပိတ်ရက်တွေမှာ မောင်းတဲ့ကား ဘယ်လောက် တန်ကြေးရှိလဲဆိုတာ မသိဘူးမလား။ အရမ်းမများပါဘူး။ အဲ့ဒါက ယွမ်ငါးသိန်းနဲ့ ခြောက်သိန်းကြားပါပဲ။ ”

ဆိုဗီယက် တပ်တော်လား။ ဖုန်းယွီရဲ့မိသားစုက စစ်တပ်နဲ့ တကယ်ပဲ အလုပ်တွေကို ပတ်သတ်ဆက်နွယ်နေတာလား။ အဲ့ဒါက ပြည်နယ်စစ်တပ် ဒါမှမဟုတ်ဘူးဆိုရင် ဆိုဗီယက်ပြည်ထောင်စုရဲ့ စစ်တပ်လား။

မြို့တော်အစိုးရရုံးနဲ့ နိုင်ငံခြားကုန်သွယ်ရေးရုံးကို ပုံမှန်ဝင်ထွက် သွားလာနေတဲ့လူလား။ အဲ့ဒီငှာနတွေက ပညာရေးငှာနတွေထက် ပိုပြီးကြီးတယ် မဟုတ်လား။ ဘာ ယွမ်ငါးသိန်းကနေ ခြောက်သိန်းရှိတဲ့ကားလား။ အတွင်းရေးမှူးက ယွမ်ငါးသောင်းမှ ခြောက်သောင်းရှိသည့် ကားကိုတောင် မမြင်ဖူးပေ။

ဖုန်းယွီက အတွင်းရေးမှူးကို ထပ်ခါထပ်ခါ ထိတ်လန့်အောင် လုပ်နေခြင်းဖြစ်သည်။

“အထက်တန်းကျောင်း ပထမနှစ်တွေအတွက် တက္ကသိုလ်တစ်ခုက စီစဉ်ထားတဲ့ နွေရာသီစခန်း တစ်ခုကို ခင်ဗျားဝင်ရှုပ်မယ် ဆိုချင်တာလား။ ကျွန်တော်မပါဘဲနဲ့ အဲ့ဒီနွေရာသီစခန်းက ဖြစ်လာမှာ မဟုတ်ဘူး။ နှစ်တိုင်းနှစ်တိုင်းမှာ မော်စကိုတက္ကသိုလ်က အထက်တန်းကျောင်းသားတွေအတွက် နွေရာသီစခန်းတစ်ခုပဲရှိတယ်။ ဒါပေမဲ့ အဲ့ဒါက သချာၤပြိုင်ပွဲ ယှဉ်ပြိုင်တဲ့ ကျောင်းသားတွေအတွက်ပဲ။ အဲ့ဒီစခန်းက ကျွန်တော်တို့ရဲ့ နွေရာသီစခန်း စတင်တဲ့အချိန်က ပြီးသွားပြီ။ ဒီနွေရာသီစခန်းက ကျွန်တော်အတွက် အထူးစီစဉ်ထားခဲ့တာပဲ။ ”

ဖုန်းယွီ၏ စကားလုံး တစ်လုံးချင်းစီတိုင်းက အတွင်းရေးမှူး၏ မေးရိုးကို ကျသထက် ကျလာစေသည်။ သူ့အနေဖြင့် ယခုကဲ့သို့ ဖြစ်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ တစ်ခြားသူများလည်း ယင်းအကြောင်းကို သိချင်မှ သိပေမည်။ သို့သော် လက်ထောက်ကျောင်းအုပ်သည် သတိပြုမိမည်ဖြစ်သည်။ ချီးပဲ။ သူသည်အလိမ် လှည့်စားခံလိုက်ရပြီ ဖြစ်သည်။

ထို့ပြင် လက်ထောက်အတွင်းရေးမှူးသည် ဖုန်းယွီနှင့် တွေ့ဆုံရန်အတွက် အရူးကွက်အချို့ကို အကြောင်းပြခဲ့သည်။ သူသည် ထိုနွေရာသီစခန်းမှ အကျိုးအမြတ်များကို လိုချင်ခဲ့သည်။ သို့သော် သူ့အနေဖြင့် တာဝန်ယူမှုကိုတော့ မခံယူချင်တာလား။ နောက်ဆုံးတွင် အတွင်းရေးမှူးက ယခုကိစ္စတွင် ရင်ဆိုင်ရန်အတွက် တစ်ဦးတည်သော အရူးလုပ်ခံလိုက်ရပြီဖြစ်ကြောင်း တွေ့ရှိသွားခဲ့သည်။

“ပြောတာ အရမ်းများသွားပြီလား။ အတွင်းရေးမှူးအနေနဲ့ ကျွန်တော်တို့နေရာအတွက် တစ်ခြားလူတွေကို ပေးဖို့အတွက် တွေးနေတုန်းပဲလား။ ”

အတွင်းရေးမှူးက သူ၏ထိုင်ခုံပေါ် ပြန်ကျသွားကာ ပြောလိုက်တယ်။

“ဒါကောင်းတယ်။ မင်းတို့နှစ်ယောက်လုံး အတန်းပြန်သွားတတ်နိုင်ပြီ။ ငါ့အနေနဲ့ ကျောင်းသားခွဲဝေမှုကို ထပ်ပြီးတော့ ဂရုစိုက်မှာ မဟုတ်တော့ဘူး။ ”

All Chapters