တန်းစီဇယားကို ကျော်တက်သွားသော ဆရာများ
Vol. 10 Ch. 144
ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းသည် အတွင်းရေးမှူးရုံးခန်းမှ ယုံကြည်ချက်အပြည့်ဖြင့် ထွက်လာခဲ့သည်။ ဝမ်တုန့်ကျွင်းသည် ဖုန်းယွီ၏အင်္ကျီကော်လံကို ဆွဲကာ
“အာ… ကျန်းဟန်အတွက်လည်း တစ်နေရာလောက်ရဖို့ ကူညီပေးပါဦး ”
“ဟုတ်တယ်၊ ငါတို့အတန်းကနေပြီးတော့ ကျောင်းသားသုံးယောက်ပါလိမ့်မယ်၊ မင်း၊ ငါ၊ လီန၊ လျိုခွန်နဲ့ ကျန်းဟန်၊ ကျန်တဲ့နေရာတွေကို ကျောင်းက ခွဲဝေလိမ့်မယ်၊ ဒီအတွေ့အကြုံနဲ့ ငါတို့တွေက အခုလက်ရှိအဆင့်ကို ထိန်းထားနိုင်မယ်ဆိုရင် ဘေကျင်းမှာရှိတဲ့ အကောင်းဆုံးတက္ကသိုလ်တွေကိုတောင် ဝင်နိုင်တယ် ”
ဖုန်းယွီက သူ့ခေါင်းကို မော့ကာ ပြောလိုက်သည်။ သူသည် ဝမ်တုန့်ကျွင်းထံမှ ချီးကျူးမှုတစ်ခုခု ရရှိရန် မျှော်လင့်နေသည်။
သို့သော် သူလှည့်လိုက်သည့်အခါ ထိုအရူးသည် ဤနေရာတွင် မရှိတော့မှန်း သတိပြုမိသွားသည်။ ဝမ်တုန့်ကျွင်းသည် အလွန်ကောင်းမွန်သည့်သတင်းကို ကျန်းဟန်ဆီပြောရန် ပြေးထွက်သွားခြင်းပင် ဖြစ်သည်။
“အင်း… တစ်ချို့လူတွေက သူငယ်ချင်းအတွက်ဆိုရင် အသက်ကိုတောင် ပေးဆပ်ရဲကြတယ်၊ ဒါပေမဲ့ ဝမ်တုန့်ကျွင်းက သူငယ်ချင်းအသက်ကို ယူမယ့်လူမျိုးပဲ ”
နွေရာသီစခန်းအတွက် ကျောင်းသားများယှဉ်ပြိုင်မှုက ပြီးသွားပြီ ဖြစ်သည်။ သို့သော် မြို့တော်တွင် ပညာရေးကော်မတီမှ ခေါင်းဆောင်များနှင့် ပညာရေးဝန်ကြီးဌာနသည် ဆရာ၊ ဆရာမ စာရင်းအတွက် စားပွဲပေါ်တွင် အကြိတ်အနယ် ဆွေးနွေးနေကြသည်။ ဆရာမများ၏စာရင်းနှင့် အသင်းခေါင်းဆောင်နေရာအတွက် အကြိတ်အနယ်ဆွေးနွေးနေကြခြင်း ဖြစ်သည်။
ကျောင်းအုပ်သည် ထိုဖိတ်ခေါ်မှုကို ပညာရေးဝန်ကြီးဌာနသို့ ပို့ခဲ့ပြီး ထိုသတင်းကို ကြားသည့်အခါ လူတိုင်းက အလွန်စိတ်လှုပ်ရှားနေကြသည်။ ထိုစခန်းအတွက် မည်သည့်ဆရာ၊ ဆရာမကို ပို့ရမည်ဆိုတာကို သူတို့ရွေးချယ်နေကြခြင်း ဖြစ်ပေသည်။ ယင်းသည် သင့်တော်သည့်အရည်အချင်းများ ရရှိရန် အခွင့်ရေးကောင်းတစ်ခု ဖြစ်ကာ ဆရာ၊ ဆရာမများကို ရာထူးတောင် တိုးပေးနိုင်မည်ပင်။
သို့သော် ထိုသတင်းသည် ပညာရေးကော်မတီဆီသို့ ပေါက်ကြားသွားသည်။ ပြီးနောက် ကော်မတီ၏ခေါင်းဆောင်သည် ပညာရေးဝန်ကြီးဌာနကို အကြိတ်အနယ်ဆွေးနွေးရန် ရောက်လာခဲ့သည်။ သူ့အနေဖြင့် အနည်းဆုံးနှစ်နေရာ ရချင်သည်။ မဟုတ်လျှင် ထိုစခန်းထွက်ခွာမှုကို ဟန့်တားမည် ဖြစ်သည်။
နှစ်ဦးနှစ်ဖက်လုံးက ထိုအဖိုးထိုက်တန်လှသည့်နေရာကို လိုချင်နေကြကာ သူတို့၏ အဆင့်မြင့်အရာရှိကြီးများ ထံကိုလည်း သတင်းပို့ကြသည်။ ထိုအဆင့်မြင့်အရာရှိကြီးများသည် မြို့တော်အစိုးရနှင့် မြို့တော်ကော်မတီ ဖြစ်သည်။ မြို့တော်၏အဆင့်တစ်နှင့် အဆင့်နှစ်က ယင်းသတင်းကို ကြားသောအခါ သူတို့နှစ်ယောက်လုံးက အဘယ့်ကြောင့် မော်စကိုတက္ကသိုလ်က ဘင်းမြို့တော်၏ အမှတ်သုံးအထက်တန်းကျောင်းကို ဖိတ်ခေါ်ရသည်ကို အံ့ဩနေကြသည်။ မော်စကိုတက္ကသိုလ်အနေဖြင့် နည်းပညာတက္ကသိုလ်ကို ဖိတ်ကြားခြင်းက ပိုပြီးလက်တွေ့ကြသည် မဟုတ်လော။
ကျောင်းအုပ်သည် မြို့တော်အစိုးရရုံးကို သွားပြီး ခေါင်းဆောင်များကို ရှင်းပြတော့သည်။ သူသည် ဖုန်းယွီကြောင့် ထိုဖိတ်ကြားချက်ကို လက်ခံရရှိကြောင်း မပြောပေ။ ထိုအစား သူက ဒုကျောင်းအုပ်စွန်းကို အမှတ်ရရန်အတွက် အခိုင်အမာပြောဆိုလိုက်သည်။ သူပြောသည်က ဒုကျောင်းအုပ်စွန်းသည် ဆိုဗီယက်ပြည်ထောင်စုတွင် အရင်က စာပေသင်ကြားခဲ့ပြီး သူ၏အဆက်အသွယ်ကို အသုံးပြုကာ ထိုဖိတ်ကြားမှုကို လက်ခံရရှိခဲ့ခြင်း ဖြစ်ပေသည်။
ခေါင်းဆောင်များက ထိုသူ့ကို မယုံကြည်သော်ငြား အခြားသော အကြောင်းပြချက်ကိုလည်း သူတို့မတွေးနိုင်ကြပေ။ ထိုကိစ္စကို လေးလေးနက်နက် တစ်ဦးတည်း တွေးတောနေသည့်သူက ကျန်းရွေ့ချင်ဖြစ်ကာ သူသည် ပညာရေးသိပ္ပံယဉ်ကျေးမှုနှင့် ကျန်းမာရေးကဏ္ဍများတွင် မြို့တော်၏တာဝန်ရှိသူဖြစ်သည်။ ထိုဖိတ်ကြားချက်သည် ဖုန်းယွီနှင့် သေချာပေါက် ပတ်သတ်ရမည်ဟု သူက ခံစားမိနေသည်။
အကယ်၍ ဖုန်းယွီသည် ဆိုဗီယက်ပြည်ထောင်စုမှ အဆင့်မြင့်စက်ပစ္စည်းများနှင့် နည်းပညာများကို စျေးပေါပေါဖြင့် တင်သွင်းနိုင်ခဲ့ပါက ဆိုဗီယက်စစ်ဘက်ဆိုင်ရာ ရထားများကို သူ၏ကုန်ပစ္စည်းများကို တင်ပို့ရာတွင် အသုံးပြုနိုင်ပါက သူ့အတွက် နွေရာသီစခန်းကို ဖန်တီးခြင်းက ပြဿနာတစ်ရပ် မဟုတ်ပေ။
ထပ်ပြောရလျှင် အဘယ့်ကြောင့် အမှတ်(၃)အထက်တန်းကျောင်းက ရွေးချယ်ခံရသနည်း။ အဘယ့်ကြောင့် ပထမနှစ်ကျောင်းသားများသာ ဖြစ်ရသနည်း။
သူက ပုံမှန်အတိုင်း ကျောင်းအုပ်ကို စခန်းတွင် ပါဝင်မည့် ကျောင်သားကျောင်းသူများကို မေးလိုက်သည်။ ပြီးနောက် ဖုန်းယွီ၏နာမည်က ပေါ်လာသည်။ ယခုတွင် ကျန်းရွေ့ချင်က ယင်းစခန်းသည် ဖုန်းယွီအတွက်ဖြစ်ကြောင်း အခိုင်အမာဖြင့် အတည်ပြုနိုင်ပြီ ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၏ ခေါင်းဆောင်များနှင့် ပညာရေးကော်မတီမှ ခေါင်းဆောင်များ ငြင်းခုံနေကြသည်ကို ကြည့်ရင်း ကျန်းရွေ့ချင်က ရုတ်တရက် အကြံဉာဏ်တစ်ခု ပေါ်လာသည်။ မော်စကိုတက္ကသိုလ်သည် နည်းပညာပိုင်းဆိုင်ရာတွင် အလွန်အဆင့်မြင့်မားသည်။ သူတို့အနေဖြင့် ဓာတ်ခွဲခန်းများကို သွားရောက်လေ့လာနိုင်ပါက သူတို့အနေဖြင့် ပါမောက္ခချန်နှင့် အခြားသော ပါမောက္ခများသည် စစ်ဘက်ဆိုင်ရာ စက်ရုံကို လာရောက်ခြင်းက မိတ္တူများကို ကူးသွားနိုင်ခဲ့သည်။ သူတို့အနေဖြင့် မော်စကိုတက္ကသိုလ်မှ နည်းပညာများကို လျို့ဝှက်နည်းဖြင့် လေ့လာနိုင်မည်ဖြစ်သည်။
ကျန်းရွေ့ချင်က မြို့တော်၏အဆင့်တစ်နှင့် အဆင့်နှစ်ရှိသူများကို သူ၏အတွေးကို ပြောပြလိုက်သည်။ ခေါင်းဆောင်နှစ်ယောက်လုံး၏မျက်လုံးများက လေးနက်သွားသည်။ မြို့တော်ထဲမှာ ဆိုဗီယက်ပြည်ထောင်စုနှင့် အဆက်သွယ်အများကြီးရှိပြီး အရင်းအနှီးအများကြီးရှိသည့်သူ တစ်ယောက်ယောက်ရှိနေသည်လော။ အကယ်၍ ယင်းအကြံအဉာဏ်သည် အလုပ်ဖြစ်ခဲ့ပါက ကြီးမားသည့် အောင်မြင်မည့် အလားအလာတစ်ခုပင် ဖြစ်လာနိုင်ပေသည်။
ဆရာ တန်းစီဇယားထဲကို ဘယ်သူ့ကိုမှ မထည့်ထားရသေးဘူး။ မြို့တော်အနေနဲ့ တက္ကသိုလ်အချို့မှ ပါမောက္ခတွေရဲ့ တန်းစီဇယားကို လွှတ်ဖို့အတွက် လိုချင်နေတယ်။ သူတို့အနေဖြင့် ပါမောက္ခများ၏နာမည်ကို အမှတ်(၃)အထက်တန်းကျောင်းသို့ လွှဲပြောင်းမည်ဖြစ်ကာ ထိုမှသာ သူတို့အနေဖြင့် ယင်းခရီးစဉ်အတွက် သင့်လျော်မည် ဖြစ်ပေသည်။
တက္ကသိုလ်ပါမောက္ခများသည်လည်း သူတို့ မော်စကိုတက္ကသိုလ်ဓာတ်ခွဲခန်းသို့ သွားရမည်ဆိုပါက သဘောတူမည်ပင်။ သို့သော် တက္ကသိုလ်များသည် သူတို့၏သတင်းများကို သိမ်းဆည်းထားခြင်းမပြုရပေ။ သူတို့အနေဖြင့် မြို့တော်အစိုးရကို လွှဲပြောင်းရမည်ဖြစ်ပေသည်။
ယင်းကိစ္စကို နောက်မှ ဆွေးနွေးနိုင်သည်။
ဘန်း… ။
မြို့တော်ဝန်က ရုတ်တရက် စားပွဲကို ရောက်ချလာသည်။
“ငြင်းခုန်နေတာတွေ တော်လိုက်တော့၊ ပညာရေးဝန်ကြီးဌာန ဒါမှမဟုတ် ပညာရေးကော်မတီက ဆရာ၊ ဆရာမတွေအနေနဲ့ သွားခွင့်ရရင် ဘာလုပ်မှာလဲ၊ မင်းတို့အားလုံးက အမှတ်(၃)အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေလား၊ ပညာဝန်ကြီးဌာန သို့မဟုတ် ပညာရေးကော်မတီက ဘယ်သူ့ကိုမဆို သွားခွင့်မပေးနိုင်ဘူး ”
မြို့တော်ဝန်ပြောလိုက်သည့် စကားကြောင့် ပညာဝန်ကြီးဌာနနှင့် ပညာရေးကော်မတီ၏ခေါင်းဆောင်များသည် ထိတ်လန့်သွားတော့သည်။ သူတို့က တစ်နေရာသာ ရချင်သည်။ သို့သော် ယခုတွင် သူတို့က တစ်နေရာတောင် ရမည်မဟုတ်တော့ပေ။ အကယ်၍ သူတို့သာ ကောင်းကောင်းသိပါက သူတို့အချင်းချင်းသာ ဆွေးနွေးမည် ဖြစ်ပေသည်။
တစ်ချိန်ထဲတွင် အကုန်လုံးက ကျောင်းအုပ်ကို ကြည့်လိုက်ကြ၏။ အကယ်၍ ကျောင်းအုပ်အနေဖြင့် သူတို့ကို ဆရာ၊ ဆရာမလေးယောက်စာအတွက် နေရာပေးမည်ဆိုပါက ယခုကိစ္စအပေါ် ငြင်းခုန်ကြမည် မဟုတ်တော့ပေ။
ကျောင်းအုပ်သည်လည်း သတိပြုသည့်အနေအထား ဖြစ်နေသည်။ သူ့အနေဖြင့် မြို့တော်၏အဆင့်တစ်နှင့် အဆင့်နှစ်ကို ပထုတ်လိုက်ပါက သူတို့အပေါ်မည်သို့ အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်ကြောင်း သူက မသိဘဲ နေမည်လော။ အကယ်၍ သူက အကျိုးရလာဒ်ကိုတည်ပါက သူတို့အား နေရာတစ်ခုကို ပေးလိုက်ရမည် ဖြစ်ပေသည်။ သူတို့ဌာနနှစ်ခုစလုံးသည် သူတို့ နဂို မပို့နိုင်ကတည်းက သူသည် ပြန်နိုင်မည်ဖြစ်ကာ သူ့ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ဆွေးနွေးရန် သွားရမည်ပင်။
မြို့တော်ပါတီကော်မတီအတွင်းရေးမှူးကလည်း ပြောလိုက်သည်။
“အသင်းကို ဦးဆောင်မယ့်သူကိုလည်း နောက်ပိုင်းကျမှ ဆုံးဖြတ်မယ်၊ အဲ့ဒီနေရာက နည်းပညာတက္ကသိုလ်က ပါမောက္ခတစ်ယောက်ဖြစ်နိုင်တယ်၊ သူ့အနေနဲ့ အမှတ်(၃)အထက်တန်းကျောင်းအသင်းကို ဦးဆောင်သွားလိမ့်မယ်၊ ဒီနည်းလမ်းက ငါတို့ရဲ့ ဘင်းမြို့တော်ပညာရေးအဆင့်အတန်းကို ပြသရာရောက်မယ် ”
ပညာဝန်ကြီးဌာနနှင့် ပညာရေးကော်မတီ၏ခေါင်းဆောင်များသည် နောက်ဆုံးတွင် ဘာဖြစ်သွားသည်ဆိုတာကို နားလည်သဘောပေါက်သွားသည်။ မြို့တော်အစိုးရအနေဖြင့် ဆရာ၊ ဆရာမများအားလုံးအတွက် နေရာကို လိုချင်တာ ဖြစ်သည်။ နည်းပညာတက္ကသိုလ်မှ လူများကို အထက်တန်းကျောင်းသို့ စေလွှတ်မည်လော။
“မြို့တော်ဝန် ဘာကြောင့် ကျွန်တော်ကို ဒီကို ခေါ်လာတာလဲ ”
ဖုန်းယွီ၏ ကျန်းရွေ့ချင်ရုံးခန်းရှေ့ရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ပြုံးကာ သူ့အား ကြည့်လိုက်သည်။ သူတို့နှစ်ယောက်၏ဆက်ဆံရေးက ရင်းနှီးမြှုပ်နှံမှုမှ ရလာသည့် အကျိုးရလာဒ်ပင် ဖြစ်သည်။ သူသည် ကျန်းရွေ့ချင်နှင့် ပိုပိုနီးစပ်လာသည်။
“ငါကြားတာကတော့ မော်စကိုတက္ကသိုလ်က အမှတ်(၃)အထက်တန်းကျောင်းကို နွေရာသီစခန်းအတွက် ဖိတ်စာပို့ခဲ့တယ်ဆိုလားပဲ ”
ကျန်းရွေ့ချင်က သူ၏မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။
“ဒါအမှန်ပဲလေ၊ အဲ့ဒီရဲ့နောက်ကွယ်မှာ ရှိတဲ့သူက ကျွန်တော်ပဲ၊ ကျွန်တော်အနေနဲ့ တက္ကသိုလ်ကောင်းကောင်းကို ဝင်ဖို့အတွက် အသိပြုမှုအချို့လိုအပ်တယ်လေ ”
ဖုန်းယွီသည် ကျန်းရွေ့ချင်ကို ဘာကိုမှ မဖုံးကွယ်ချင်ပေ။
ကျန်းရွေ့ချင်က ခေါင်းကို ခါလိုက်သည်။
“မင်းက ကိုယ့်အတွက် ကိုယ်တော့ တကယ်ကို ရက်ရောသားပဲ၊ တက္ကသိုလ်မှာ နေရာယူဖို့ အဆင့်သင့်ဖြစ်ဖို့လိုတာကြောင့် မင်းက ဆိုဗီယက်ပြည်ထောင်စုနဲ့တောင် အဆက်အသွယ်လုပ်လိုက်သေးတယ်၊ ငါ မင်းကို တောင်းဆိုပါရစေ၊ မော်စကိုတက္ကသိုလ်က ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီးတော့ နည်းပညာအကောင်းစားတွေလည်း ရှိတယ်၊ မင်းအနေနဲ့ သူတို့ရဲ့ ဓာတ်ခွဲခန်း ဒါမှမဟုတ် သုတေသနအခန်းတွေကို သွားလည်တဲ့အခါမှာ မင်းလေ့လာနိုင်လား ”
ဖုန်းယွီက မျက်တောင်ခတ်ကာ ပြောလိုက်သည်။
“အဲ့ဒီနေရာကို သွားလည်တော့ရော ဘာအကျိုးထူးမှာမလို့လဲ၊ ကျွန်တော်တို့တွေက အခုမှ ပထမနှစ် ကျောင်းသားတွေလေ၊ အဲ့ဒီကိစ္စတွေကို သိပ်နားမလည်ဘူး ”
“အဲ့တာတွေက မင်းနားလည်ဖို့ မဟုတ်ပါဘူး၊ မင်းတို့ နောက်ကနေ လိုက်မယ့်ဆရာ၊ ဆရာမတွေ နားလည်ဖို့ပဲ လိုတာလေ၊ မင်းအနေနဲ့ ငါ့ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာပဲ ပြောရမယ်၊ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါ မင်းကို ခွင့်ပြုချက်တစ်ခု တောင်းခွင့်ပေးမယ်၊ အဲ့ဒီ မင်းရဲ့တောင်းဆိုချက်က ဆီလျော်မှုရှိနေသမျှ ငါ အဲ့ဒီအခါကျလည်း ခွင့်ပြုပေးမှာပဲ ”
“ဆရာ၊ ဆရာမတွေလား၊ တကယ်လို့ သူတို့တွေက ဆရာ၊ ဆရာမတွေဆိုရင်တောင် ဘယ်လိုလုပ် အဲ့တာကို နားလည်မှာလဲ ”
ဖုန်းယွီက ပြောလိုက်သည်။ အမှတ်(၃)အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများသည် တက္ကသိုလ်၏ဓာတ်ခွဲခန်းနှင့် သုတေသနအခန်းများတွင် ဘာဖြစ်နေသည်ဆိုသည်ကို နားလည်မှာ မဟုတ်တာ သေချာသည်။ တက္ကသိုလ်၏ကထိကတစ်ဦးသည် နားလည်ကောင်းနားလည်ပေလိမ့်မည်။ သို့သော် သူတို့အနေဖြင့်လည်း အထူးပြုဘာသာရပ်တွင် လေ့လာနေသည့်သူ ဖြစ်ရန်လည်း လိုအပ်သေးသည်။
“နည်းပညာတက္ကသိုလ်က ပါမောက္ခတွေက ဆရာအဖြစ်ဆိုရင်ရော ဘယ်လိုလဲ ”
ကျန်းရွေ့ချင်က ပြောလိုက်သည်။
ဖုန်းယွီက ထိတ်လန့်သွားကာ သူက မေးလိုက်သည်။
“မြို့တော်ဝန်အနေနဲ့ နည်းပညာတက္ကသိုလ်က ပါမောက္ခတွေကို အမှတ်(၃)အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေအဖြစ် ဟန်ဆောင်ပြီးတော့ မော်စကိုတက္ကသိုလ်ကို အချက်အလက်တွေ ခိုးဖို့ လွှတ်မလို့လား ”
ကျန်းရွေ့ချင်က မျက်နှာခပ်တင်းတင်းဖြင့် ပြောလိုက်သည်။
“မင်း ဘာတွေပြောနေတာလဲ၊ သွားလည်ပြီးတော့ သူတို့ဆီကနေ သင်ယူရုံပဲ၊ ထပ်ပြောရရင် နည်းပညာတက္ကသိုလ်က ပါမောက္ခတွေက အထက်တန်းကျောင်းရဲ့ ရာထူးကိုလည်း ကိုင်စွဲနိုင်သေးတယ်၊ သူတို့အနေနဲ့ စာပေသင်ကြားမှုဌာနမှာပဲဖြစ်ဖြစ်၊ အခြားနေရာမှာပဲဖြစ်ဖြစ် ခေါင်းဆောင် ဖြစ်နိုင်တယ်၊ သူတို့တွေက သေချာပေါက် မင်းရဲ့ အမှတ်(၃)အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေ ဖြစ်မှာပဲ ”
များစွာသော သိပ္ပံနည်းပညာများသည် စိတ်အားထက်သန်မှုတစ်ချို့သာ လိုအပ်ပေသည်။ အကယ်၍ နည်းပညာတက္ကသိုလ်က ပါမောက္ခများသာ မော်စကိုတက္ကသိုလ်ရှိ သုတေသနအခန်းများကို သွားရောက်လည်ပတ်ခွင့်ရပါက သူတို့သေချာပေါက် စိတ်အားထက်သန်မှုများ ဖြစ်မည်ပင်။
ထိုအရာကို တိုင်းပြည်ကို အကျိုးအမြတ်ရအောင် ဆောင်ရွက်ခြင်းဟုလည်း စဉ်းစား၍ ရနိုင်ပြီး ဖုန်းယွီအနေဖြင့် ကျန်းရွေ့ချင်ကို တောင်းဆိုမှုတစ်ခုတောင် ပြုလုပ်နိုင်သေးသည်။ ထို့အတွက်ကြောင့် ဖုန်းယွီသည် ထိုကဲ့သို့ ဖြစ်လာရန် အကောင်းဆုံး လုပ်ဆောင်မည် ဖြစ်သည်။
မြို့တော်အစိုးရကို သူ့အနေဖြင့် ဘာတောင်းဆိုမှုမျိုး တောင်းဆိုရမည်နည်း။