ပထမအကြိမ် နိုင်ငံခြားခရီးစဉ်
Vol. 10 Ch. 145
ဖုန်းယွီသည် နယူကလီယား သုတေသနစင်တာ စက်ပစ္စည်း သုတေသန အင်စတီဂျု နက္ခတ်တဗေဒ သုတေသနဌာန အစရှိသဖြင့် သိသာထင်ရှားသည့် နေရာများကို ခရီးစဉ်တစ်ခုအဖြစ် စီစဉ်ရန် ကီရီလန်ကိုကို ဖုန်းယွီက တောင်းဆိုလိုက်သည်။ ဖုန်းယွီသည် သူပြန်ရောက်သည့်အခါ သူငယ်ချင်းများကို ကြွားဝါစေလို၍ဖြစ်ကြောင်း ပြောခဲ့၏။
ကီရီလန်ကိုသည် ဒုက္ခအနည်းငယ် တွေ့သွားသော်ငြား ဖုန်းယွီ၏ တောင်းဆိုမှုကို လက်ခံသေးဆဲဖြစ်သည်။ အထက်တန်းကျောင်းသား အချို့နှင့် ဆရာဆရာမများ ယင်းနေရာသို့ သွားရောက်လည်ပတ်ခြင်းက မည်သည့်ပြဿနာမှ ရှိလာမည် မဟုတ်ပေ။
ဖုန်းယွီက ကျန်းရှေ့ချင်ကို သတင်းစကား လွှဲပေးလိုက်သည်။ ကျန်းရွေ့ချင်က စိတ်လှုပ်ရှားသွားသည်။ သူက ချက်ချင်းပင် မြို့တော်ဝန်ကို အစီရင်ခံစာတင်ကာ မြို့တော်ဝန်နဲ့ အခြားသော ခေါင်းဆောင်များကို ချက်ချင်းပင် အစီရင်ခံစာ တင်လိုက်သည်။ သူတို့သည် ခပ်မြန်မြန်ဖြင့် ထိုကဲ့သို့နယ်ပယ်မျိုးတွင် လေ့လာလိုက်စားနေသည့် ငယ်ရွယ်သည့် ပါမောက္ခများကို ခေါ်ယူကာ အမှတ်သုံးအထက်တန်းကျောင်းတွင် သင်ကြားမှု နယ်ပယ်တွင် တာဝန်အချို့ ပေးလိုက်သည်။ ပြီးမှသာ သူတို့အနေဖြင့် နွေရာသီစခန်းအတွက် သင့်တော်သည့် ဆရာမများ ဖြစ်လာပေမည်။
စာမေးပွဲတွေ ပြီးဆုံးသွားပြီဖြစ်သည်။ ဖုန်းယွီသည် ဤစာမေးပွဲတွင် ကောင်းကောင်းလုပ်ခဲ့ကြောင်း သူကိုယ်တိုင်သိသည်။ သူ့အနေဖြင့် အရင်တစ်ခေါက်က စာမေးပွဲအတိုင်း အဆင့်ရရှိမည် ဖြစ်ပေသည်။ ဝမ်တုန့်ကျွင်းသည် ယခုစာသင်နှစ်တွင် ကြိုးစားခဲ့ပြီး သို့သော် ယခုအချိန်တွင် သူ့အား လိမ်ညာရန် ကူညီပေးသည့် တတိယနှစ် အထက်တန်းကျောင်းသား မရှိတော့ပေ။ သူ၏အဆင့်သည် အရင်ကအဆင့်လောက် ကောင်းမည်မဟုတ်ပေ။
သို့သော် ဝမ်တုန့်ကျွင်းတွင် စိုးရိမ်ဆဲ အရိပ်အယောင် တစ်ခုမှမရှိသည်ကို ဖုန်းယွီ သတိပြုမိသွားသည်။ သူသည် သူ့အဖေ၏ ရိုက်နှက်ခြင်းကို မကြောက်သည်လော။
ဖုန်းယွီအတွက် ဝမ်တုန့်ကျွင်း၏ ကျေနပ်စရာကောင်းသည့် အဖြေက သူ့အနေဖြင့် နွေရာသီစခန်းအတွက် ရုရှားဘာသာစကားတွင်သာ အားစိုက်ထုတ်ရသည့် အတွက်ကြောင့် ကျန်သည့်ဘာသာရပ်များ အမှတ်နည်းသွားသည်မှာ ပုံမှန်သာဖြစ်သည်။ ထိုအရာက မကောင်းမွန်သည့် အကြောင်းပြချက်မျိုးလော။
အမ်း ဒီအရူး အရေခွံ တော်တော်ထူတာပဲ။ ဖုန်းယွီက ဝမ်တုန့်ကျွင်း၏ အမူအကျင့်ကို လုံးဝကို မလေးစားဘဲ မနေနိုင်။ ထိုအရူးသည် အစိုးရဌာနများတွင် တကယ်ပင် သင့်တော်ဟန် တူတော့သည်။
တစ်ဖန် ဖုန်းယွီက ဝမ်တုန့်ကျွင်းကို သူ၏အိမ်အကြောင်း မေးသောအခါ ဖုန်းယွီကသူ့အား မေးလိုက်သည်။ အကယ်၍ သူ့ကဲ့သို့သော တူညီသည့် ပန်းတိုင်မျိုးရှိပါက အသက်သုံးဆယ်မတိုင်ခင် အနားယူမည်ဖြစ်ကာ ကမ္ဘာအနှံ့ ခရီးသွားမည်ဖြစ်သည်။ သူတို့အနေဖြင့် အာဏာတိကတိုက်ကို အာဏာတိကပင်ဂွင်းများ ကြည့်ရန်သွားနိုင်သည်။ မြောက်ယာဉ်စွန်းတန်း အလင်းရောင်ရှိုးပွဲ ဒါမှမဟုတ် ဟိမဝန်တာတောင်တန်းများကိုတောင် တက်နိုင်သည်။
သို့သော် ဝမ်တုန့်ကျွင်းက ဖုန်းယွီကို လေးနက်သည့် အကြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။
“အာန္တိာကလား။ ပင်ဂွင်းလား။ သူတို့တွေရဲ့ အရသာက ကောင်းတာလား။ သူတို့တွေရဲ့ အသားကရော ဝဝဖြိုးဖြိုး ရှိရဲ့လား။ ”
နောက်ပိုင်းတွင် ဖုန်းယွီက ဒါကဝမ်တုန့်ကျွင်း၏ ဘဝဟုသာ နိဂုံးချုပ်လိုက်သည်။ သူ့အနေဖြင့် အသိပညာ ဗဟုသုတများကို ရှာဖွေခြင်းမပြုပေ။ အကြောင်းမှာ သူတို့တွေကသူ့အား ပျော်ရွှင်အောင် မလုပ်ပေးနိုင်သည့် အတွက်ပင်။ သူအချစ်နှင့် တွေးကတည်းက ပြီးပြည့်စုံသည့် အချစ်ဇာတ်လမ်းတစ်ပုဒ်လည်း ရေးနိုင်မည့်ပုံမပေါ်။ သူ၏ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွင် ကောင်းကောင်းမလုပ်။ အကြောင်းမှာ သူ့အနေဖြင့် သူ၏ခန္ဓာကိုယ်သည် ပြီးပြည်စုံနေသည်ဟု တွေးနေသည့် အတွက်ပင်။ သူ့အား လှုံ့ဆော်မှု ပြုလုပ်နိုင်သည့် အရာတစ်ခုမှာ အစားအစာပင်ဖြစ်သည်။
ထိုအချိန်မှစကာ သူ့အနေဖြင့် ဝမ်တုန့်ကျွင်း၏အနာဂတ် သို့မဟုတ် အခြားသူများ၏ အနာဂတ်ကို အကြံဉာဏ်ပေးရန် ကြိုးစားမည်မဟုတ်ပေ။ အကယ်၍ သူတို့ဘဝတွင် အောင်မြင်ပါက သူတို့သည် ဖုန်းယွီအား ကျေးဇူးတင်မည် မဟုတ်ပေ။ ပြီးနောက် သူတို့ကျရှုံးပါက သူ့ကိုတောင် အပြစ်တင်ကြမည်ပင်။
ဝမ်တုန့်ကျွင်းကို ဘေကျင်းတက္ကသိုလ်သို့ ပို့ဆောင်အောင် ကူညီပေးရခြင်းမှာ ဖုန်းယွီသူ့အတွက် အကောင်းဆုံး လုပ်ပေးနိုင်သည့် အရာပင်ဖြစ်သည်။ ဝမ်တုန့်ကျွင်းသည် ကျန်ရှိသည့်လမ်းကို သူကိုယ်တိုင် လျှောက်လှမ်းရမည် ဖြစ်ပေသည်။ အကယ်၍ သူဒုက္ခတွေ့ပါက သူအရာအားလုံးအတွက် အကူအညီ တောင်းမည့်လူကလည်း ဖုန်းယွီသာဖြစ်သည်။ ဖုန်းယွီသည် သူ့အား ကူညီပေးနိုင်မည့်လူ အကောင်းဆုံးသာ ဖြစ်ပေသည်။
နောင်တွင် ဖုန်းယွီစီးပွားရေး အင်ပါယာတွင် ဝမ်တုန့်ကျွင်းကို နိုင်ငံရေးအရ အထောက်အပံ့များ ရရှိအောင် ကူညီပေးနိုင်ပြီး သူ့ကို ရာထူးတိုးအောင် လုပ်နိုင်ပေသည်။
ယခုရက်အနည်းငယ်တွင် ဖုန်းယွီသည် အိမ်မှာတွင်နေကာ ဆိုဗီယက်ပြည်ထောင်စု ရောက်သည့်အခါ သူသွားလေ့လာမည့် စက်ရုံများကို စီစဉ်နေသည်။ သူသွားလည်ရန် ပြင်ဆင်ထားသည့် စက်ရုံများ အားလုံးသည် ပိတ်သိမ်းလုနီးပါး အခြေအနေတွင် ရှိနေကြသည်။ ဖုန်းယွီက မည်သည့်စက်ရုံ၏ အစိတ်အပိုင်းသည် တရုတ်နိုင်ငံတွင် သုံးရန်သင့်တော်မည်ကို တွေးတောနေသည်။ အဆင့်မြင့်နည်းပညာနှင့် စက်ပစ္စည်းများ တစ်ပြိုင်တည်း ပါလာရင်တော့ ပိုကောင်းမွန်သည့် အရာဖြစ်သည်။
“မင်းဒီစာရွက်စာတမ်းတွေကိုပဲ နေတိုင်းကြည့်နေတာ မင်းမပျင်းဘူးလား။ ဆိုဗီယက်ပြည်ထောင်စု ခရီးစဉ်အတွက် မင်းမှာပြင်ဆင်စရာ မရှိဘူးလား။ ”
ဝမ်တုန့်ကျွင်းက ဆိုဖာပေါ်တွင် ပျော့တိပျော့ခွေဖြင့် လှဲနေရင်းပြောလိုက်သည်။
ဖုန်းယွီက မျက်စောင်းထိုးလိုက်ကာ ဒီငတုံးငအကတော့ နေ့တိုင်း တူတဲ့အရာကိုပဲ ပြောနေတော့တာပဲ။ သူကသူ့မိဘအား အင်္ကျီအသစ် စုံလိုက်ဝယ်ဖို့နှင့် ဘက်စကပ်ဘော ဝယ်ဖို့တောင် ပိုက်ဆံတောင် တောင်းလိုက်သေးသည်။ ထိုအရာများကို ဝယ်ယူခြင်းက ဆိုဗီယက်ပြည်ထောင်စုအတွက် ခရီးစဉ်ကို ပြင်ဆင်သည်လော။
“ကိုယ့်ရဲ့TVကိုသာ ဆက်ကြည့်။ ငါ့အနေနဲ့ ပျင်းရိနေတဲ့ လူလေးနဲ့ စကားမပြောချင်ဘူး။ ငါလူပျင်းနဲ့ စကားမပြောချင်ဘူး။ ”
ဘယ်သူက ဒီစာရွက်စာတမ်းကို ကြည့်ပြီးတော့ ငြီးငွေ့နေရမှာလဲ။ ဒါတွေအကုန်လုံးက ပိုက်ဆံပဲလေ။ ဆိုဗီယက်ပြည်ထောင်စုက တင်သွင်းတဲ့ စက်ပစ္စည်း အပိုင်းအစတိုင်းက ကြီးမားသည့် အမြတ်ကို ဆောင်ယူလာကာ ဖုန်းယွီ၏ အိမ်မက်ဖြစ်သည့် အသက်သုံးဆယ်မတိုင်ခင်တွင် အနားယူနိုင်မည်ဖြစ်သည်။
ဝမ်တုန့်ကျွင်းက သူ၏TVအစီအစဉ်သာ ဆက်ကြည့်နေကာ ရုတ်တရက် အော်လိုက်သည်။
“ဖုန်းယွီ ဖုန်းယွီ ဒီကိုလာအုံး။ မြန်မြန်လာ။ ဒါကိုလာကြည့်စမ်း။ ”
ဖုန်းယွီက စာရွက်စာတမ်းကိုချကာ မပျော်ရွှင်စွာ ပြောလိုက်သည်။
“ဘာကိစ္စလဲ မင်းUFOကို မြင်လိုက်လို့လား။ ”
“လာကြည့်အုံး။ ဒါက ချက်ကျောင်းထဲမှာရှိတဲ့ ဗုဒ္ဓရုပ်ထုကြီး မဟုတ်ဘူးလား။ ”
ဝမ်တုန့်ကျွင်းက TVကိုလက်ညိုးထိုးရင် အော်လိုက်သည်။
“လာ ချက်ကျောင်းထဲက ဗုဒ္ဓရုပ်ထုလား။ ”
ဖုန်းယွီက အလွန်ပင်အံ့သြသွားသည်။ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။ သူသည် လွတ်လပ်စွာ တွေးခေါ်သည့် လူငယ်တစ်ယောက် ဖြစ်ရင်တောင် သူကဗုဒ္ဓဆင်းတုတော်နှင့် ချက်ကျောင်းသည် မတူကွဲပြားသည့် ဘာသာရေးမှ လာခြင်းဖြစ်ကြောင်း သူသိပေသည်။ အဘယ့်ကြောင့် အနောက်တိုင်း ချက်ကျောင်းသည် တရုတ်ဒဏ္ဍာရီထဲမှ တစ်ခု တစ်စုံတစ်ယောက်က ပေါ်ပေါက်လာခဲ့ပြန်သည်။ သူသမိုင်းကို ပြောင်းလဲခဲ့သည့် အကျိုးရလဒ်များလော။
ဖုန်းယွီက TVကိုကြည့်ကာ ပြောစရာစကား မဲ့သွားသည်။
“ချီးပဲ။ ဒါက သခင်ယေရှု့ရဲ့ မယ်တော်မာရီလေ။ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ”
ဝမ်တုန့်ကျွင်းက ကြောင်တောင်တောင် အတတဖြစ်သွားကာ
“ဒါက ဗုဒ္ဓဆင်းတု မဟုတ်ဘူးလား။ သူတို့တွေက ဆင်တူသလို ”
“မင်းကျန်းဟန်ကို သွားတွေ့ချင်သွားတွေ့ မဟုတ်ဘူးဆိုရင် မင်းဘက်စကပ်ဘောကို သွားကစားချင်ကစား။ ငါပိုက်ဆံတွေကို ရှာဖို့အတွက် အလုပ်အရမ်း ရှုပ်နေတယ်။ ငါ့ရဲ့ မိနစ်တိုင်းက ယွမ်သိန်းပေါင်းများစွာပဲ။ ”
ဖုန်းယွီက ဝမ်တုန့်ကျွင်းကို အကူအညီမဲ့စွာဖြင့် ကြည့်လိုက်သည်။ အဘယ့်ကြောင့် ဤအရူးကသူ့အား အေးအေးဆေးဆေးဖြင့် အလုပ်မလုပ်ခိုင်းရသလဲ။ သူကအလွန် အလုပ်ရှုပ်သည်။
ဝမ်တုန့်ကျွင်းက ထရပ်လိုက်ကာ ပြောလိုက်သည်။
“ဟွန်း ဒါကစာရွက်စာတမ်းတွေ စီစဉ်ရုံပဲကို။ ငါ့ကို လွှဲထားလိုက်။ ငါ့အနေနဲ့ ဆယ်မိနစ်အတွင် အဲ့ဒီစာရွက်စာတမ်းတွေ အကုန်လုံးကို စီပေးနိုင်တယ်။ တကယ်လို့ ငါပြီးသွားရင်တော့ မင်းငါနဲ့အတူတူ ဘက်စကပ်ဘောကစားဖို့ လိုက်ပေးရမယ်။ ”
ငါးမိနစ်ကြာပြီးနောက် စားပွဲပေါ်ရှိ စာရွက်စာတမ်းများ အားလုံးကို ဝမ်တုန့်ကျွင်းက ပြန့်ကြဲလိုက်သည်။ ထိုအရာများအားလုံးကို ရုရှားဘာသာစကားဖြင့် ရေးထားခြင်းဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းများ အပြည့်ဖြစ်သည်။ သူကထိုအရာများ အားလုံးကို နားမလည်သည်လော။
အကယ်၍ သူသာစောစောသိပါက သူ့အနေဖြင့် နွေရာသီစခန်းအတွက် ကြိုတင်ပြင်ဆင်ရေး လေ့ကျင့်မှုကို တက်ရောက်မည်ဖြစ်သည်။ ဖုန်းယွီနှင့်အိမ်တွင် အတူတူနေမည် မဟုတ်ပေ။
အမှတ်သုံး အထက်တန်းကျောင်းသည် နွေရာသီစခန်းအတွက် လုံးဝကို အသားပေးထားသည်။ အကြောင်းမှာ ထိုကျောင်းသား ကျောင်းသူများသည် ကျောင်း၊ ဘင်းမြို့တော်၊ လုံကျန်းပြည်နယ်နှင့် တရုတ်တစ်နိုင်ငံလုံးကိုတောင် ကိုယ်စား၍ဖြစ်သည်။ ကျောင်းသားများအားလုံး ကြိုတင်လေ့ကျင့်ရေး သင်တန်းသို့ တက်ရောက်ရသည်။ ထိုကျောင်းသားများ စခန်းဝင်ရန်အတွက် ပြင်ဆင်ချိန်တစ်ပတ် ရရှိဆဲဖြစ်သည်။
နွေရာသီစခန်း အလွန်နောက်ကျရခြင်းက မော်စကိုတက္ကသိုလ်ရှိ သင်္ချာနွေရာသီစခန်းနှင့် တိုက်မိမည်ကို ရှောင်ရှားလိုသည့် အတွက်ကြောင့်ဖြစ်သည်။ ထိုစခန်းပြီးသွားပြီးနောက် သူတို့အနေဖြင့် ဖုန်းယွီအတွက် နွေရာသီစခန်းကို စတင်စီစဉ်နိုင်မည်ဖြစ်သည်။
ဖုန်းယွီလေ့ကျင့်ခန်းကို တက်ရောက်ရန် မလိုသည့် အကြောင်းအရင်းသည် သူသည် ရုရှားဘာသာစကားတွင် တော်၍ဖြစ်သည်။ သူ့အနေဖြင့် ရုရှားဆရာတစ်ယောက် ဖြစ်ရန်တောင် အရည်အချင်း ပြည့်မှီသူဖြစ်သည်။
ဝမ်တုန့်ကျွင်းသည် ဖုန်းယွီနှင့်အတန်းတွင် ဘေးချင်းကပ် ထိုင်သည့်အတွက်ကြောင့် သူသည်လည်း ဖုန်းယွီ၏ ရုရှားဝတ္ထုနှင့် သီချင်းများကို စိတ်ဝင်တစား နားထောင်လေ့ရှိသည်။ သူ၏ရုရှားဘာသာ စကားသည်လည်း အတော်လေး ကောင်းမွန်ပေ၏။ ထို့အတွက်ကြောင့် သူသည်လည်း ထိုလေ့ကျင့်ခန်းမှ ခွင့်ယူရန် တောင်းဆိုလိုက်သည်။ သူသည် အိမ်တွင်သာနေကာ ပျင်းရိပျင်းယွဲ့ နားနားနေနေ နေမည်ဖြစ်သည်။
သူ၏အတွေးတွင် အိမ်တွင်နေပါက ဖုန်းယွီနှင့်အတူ ကစားနိုင်မည်ဖြစ်သည်။ သို့သော် ဖုန်းယွီသည် လွန်ခဲ့သည့် ရက်များစွာကတည်းက စာရွက်စာတမ်းများ ပြင်ဆင်ရေးကိုသာ အာရုံစိုက်ထားသည်။ ဖုန်းယွီကသူ့အား ယင်းစာရွက်စာတမ်းများသည် အလွန်အရေးကြီးကြောင်း ပြောသည်။ သို့သော် ထိုအရာထဲမှ အချို့ကို ဖတ်ကြည့်သည့်အခါ ဘာမှထူးထူးခြားခြား ဖြစ်မနေချေ။
သို့သော် ဝမ်တုန့်ကျွင်းက ဖုန်းယွီသည်သူ့ထက် တော်မှန်းသိပြီး ဖုန်းယွီသည် စီပွားရေး ဘယ်လိုလုပ်ရမည်နှင့် ငွေဘယ်လို ရှာရမည်ကို သိသည်။ ထို့အတွက်ကြောင့် ဖုန်းမိသားစုသည် ချက်ချင်းဆိုသလိုပင် အလွန်ချမ်းသာလာခြင်း ဖြစ်သည်။ သို့သော် ဝမ်တုန့်ကျွင်း နားမလည်ရသည့် အကြောင်းအရင်းက ဖုန်းယွီသည် အလွန်ချမ်းသာသည်ဖြစ်ပြီး သူတို့၏ဒေသတွင် ခြံကိုတောင် ဝယ်နိုင်သည်။ အဘယ့်ကြောင့်သူက အလွန်ကြိုးစား နေရဆဲ ဖြစ်သနည်း။ ပိုက်ဆံအများကြီး ထည့်ရဖို့လား။ သူ့လက်ရှိတွင်ရှိသည့် ငွေပမာဏသည် ဖုန်းမိသားစုကို ဘဝများစွာအတွက် လောက်ပေသည်။
ဖုန်းယွီကသူ့အား ပြောနိုင်သည်မှာ သူ့အနေဖြင့် နိုင်ငံခြားရှိ ချမ်းသာသည့်သူများ ဘယ်လောက် ချမ်းသာသည်ဆိုတာ သူမသိသည့်အတွက်ဖြစ်သည်။ သူပင်စင်မယူခင် သူသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး လူဖြစ်ချင်၏။
အချိန်ကလည်း တရွေ့ရွေ့ ကုန်သွားသည်။ ဖုန်းယွီနှင့် ကျန်သည့်သူများသည် မောစကိုသို့ သွားမည့်လေယာဉ်ပေါ်သို့ တက်လိုက်ကြသည်။ ထိုခုံများက ပထမတန်း မဟုတ်ပေ။ ဖုန်းယွီက ထိုသို့ဖြစ်ရခြင်းအတွက် အနည်းငယ် မပျော်ရွှင် ဖြစ်နေသည်။ သို့သော် ဝမ်တုန့်ကျွင်းနှင့် ကျန်သည့်သူများကမူ မထိုင်နိုင်ကြသေးပေ။ သူတို့အလွန် စိတ်လှုပ်ရှားနေသည်။ ဝမ်တုန့်ကျွင်းသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ရှိ တိမ်များကို ကြည့်နေသည်။
ဖုန်းယွီက လီနနှင့် သူကိုယ်တိုင်အတွက် ဆောင်များကို တောင်းလိုက်သည်။ သူသည် တစ်ရေးတစ်မော အိပ်ရန်အတွက် သင့်တော်သည့်နေရာကို ရှာလိုက်သည်။ မောစကိုသို့ရောက်ရန် နာရီအနည်းငယ် ကြာမည်ဖြစ်သည်။ လေယာဉ်မှထွက်လာသည်နှင့် ဖုန်းယွီက သူ့ခန္ဓာကိုယ်ကို အကြောဆန့်လိုက်သည်။ ဒါက မော်စကိုလား။
အပိုင်း ၁၄၆-၁၆၀