← Chapters

အခုရောက် အခုပျောက်

Vol. 10 Ch. 146

အခုရောက် အခုပျောက်

Vol. 10 Ch. 146

ဖုန်းယွီသည် နှစ်ဘဝအတွင်း နေခဲ့သော်လည်း ယခုအခေါက်သည် မော်စကိုသို့ရောက်တာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ မော်စကိုသည် ကမ္ဘာလှည့်ခရီးသွားများအတွက် နာမည်ကျော်ကြားသည့် မြို့တစ်မြို့မဟုတ်ပေ။ ပြီးနောက် သူ၏အရင်ဘဝတွင် မော်စကိုသို့ သွားလည်ရန် မည်သည့်အခါမှ မတွေးခဲ့ဖူးပေ။

ယခုအခေါက်တွင် ဖုန်းယွီသည် ထိုနေရာကို အနားယူရန်အတွက် ရောက်လာခြင်း မဟုတ်ပေ။ သူ့တွင် မော်စကိုသို့ လာရခြင်းအတွက် အကြောင်းအရင်း နှစ်ချက်ရှိပေသည်။ ပထမသည် ဘေကျင်းရှိ အဆင့်မြင့်တက္ကသိုလ်တွင် နေရာတစ်နေရာ ယူရန်အတွက် ရမှတ်များ ရရန်ဖြစ်သည်။ ဒုတိယအနေဖြင့် ကီရီလန်ကိုနှင့်အတူ ပိတ်သိမ်းလုနီးပါး စက်ရုံများကို သွားရောက်လည်ပတ်မည် ဖြစ်သည်။ သူသည် အချို့သော အသုံးဝင်သည့် စက်ပစ္စည်းများနှင့် နည်းပညာများကို တရုတ်နိုင်ငံအတွက် ဝယ်ယူခြင်း ဖြစ်ပေသည်။

“ကျောင်းအုပ်စွန်း ကျွန်တော်ကို သွားဖို့ခွင်ပြုပါအုံး။ ကျွန်တော်ရဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော်ကို လာကြိုနေတယ်။ ”

ကျောင်းအုပ်စွန်းက မျက်မှောင်ကြုတ်လိုက်ကာ

“ဖုန်းယွီ ဒီနေ့က နွေရာသီစခန်းအတွက် ရောက်ရှိကြောင်း သတင်းပို့ရမဲ့နေ့။ မင်းကစခန်းနေရာကိုတောင် မရောက်သေးဘူး။ ပြီးတော့ မင်းကအခု ခွင့်တောင်းတာလား။ ဒါကမှန်ကန်တဲ့ လုပ်ရပ်တော့ မဟုတ်ဘူးနော်။ ”

ဖုန်းယွီက ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ စီစဉ်ရေး ကုမ္မဏီကလည်း ဂရုစိုက်တာမှ မဟုတ်တာ။ ကြည့်လိုက်ပါအုံး။ ကျွန်တော်ရဲ့သူငယ်ချင်းက ဒီကိုကျွန်တော်ကို လာကြိုနေတယ်။ ”

ဆိုဗီယက်စစ်တပ် အမှတ်တံဆိပ် နံပါတ်ပြားကို ရှေ့တွင်တပ်ဆင်ထားသော Land Roverကို Taxiယာဉ်ဘေးတွင် ရပ်လိုက်သည်။ ကီရီလန်ကိုသည် ကားထဲမှထွက်လာကာ သူ၏လက်မောင်းကို ဖြန့်ကားလိုက်ပြီး ဖုန်းယွီဆီသို့ လျှောက်သွားလိုက်သည်။

“ငါ့ရဲ့ချစ်လှစွာသောဖုန်း မတွေ့ရတာ ကြာပြီနော်။ ”

“အစ်ကိုကီ ခဏလေးပဲ ရှိပါသေးတယ်။ ”

ဖုန်းယွီက လျှင်လျှင်မြန်မြန်ပင် ကီရီလန်ကို၏ ဖက်ခြင်းမှ လွတ်မြောက်သွားသည်။ ကီရီလန်ကိုသည် အလွန်သန်မာပြီး သူ၏ပွေ့ဖက်မှုက ဖုန်းယွီကို သေလုနီးပါးတောင် ဖြစ်စေသည်။

“မင်္ဂလာပါ။ ခင်ဗျားက အမှတ်သုံး အထက်ကျောင်းရဲ့ ခေါင်းဆောင်ပဲ ဖြစ်ရမယ်။ ကျွန်တော်က နွေရာသီစခန်းရဲ့ စီစဉ်သူတစ်ယောက်ပါ။ အခုလက်ရှိမှာ ဖုန်းယွီကကျွန်တော်နဲ့အတူ တစ်ချို့သော ကိစ္စရပ်တွေလုပ်ဖို့အတွက်ကို လိုက်မှရမယ်။ ဒါကကျွန်တော်ရဲ့ မှတ်ပုံတင်ကဒ်ပါ။ ”

ကျောင်းအုပ်စွန်းက ဖုန်းယွီသည် ထိုခန့်ညားတောင့်တင်းသည့် ရုရှားလူမျိုးကိုသိပြီ ထိုရုရှားလူမျိုးသည် သူ့ကိုယ်သူ စခန်း၏ စီစဉ်သူဟုတောင် ပြောလိုက်သေးသည်။ ထို့ကြောင့်သူက ဖုန်းယွီကို Teamမှထွက်သွားရန် ခွင့်ပြုပေးလိုက်ရသည်။ သို့သော်သူက ညတွင်မပြန်လာနိုင်ပါက သူ့ဆီ ဖုန်းခေါ်ဆိုရန်တော့ တောင်းဆိုလိုက်သည်။

လီနနှင့် ကျန်သည့်သူများသည် ဖုန်းယွီသည် ခရီးစဉ်မစခင် ထွက်သွားမည်မှန်းကိုသိသည်။ သို့သော် သူတို့မသိသည်က ထိုကာလက မြန်မြန်ရောက်ရှိလာမည်ကို မသိခဲ့ပေ။ သူတို့အနေဖြင့် ဖုန်းယွီကို မထွက်သွားရန် တား၍မရသော်ငြား မကြာမီတွင် မော်စကိုတက္ကသိုလ်၏ လွှမ်းမိုးမှုကိုခံရကာ စိတ်လှုပ်ရှားနေကြမည် ဖြစ်ပေသည်။

ကားထဲတွင် ဖုန်းယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အစ်ကိုကီ ဘယ်လိုလုပ်အစ်ကိုက နွေရာသီစခန်းရဲ့ စီစဉ်သူတစ်ယောက် ဖြစ်လာရတာလဲ။ ”

ကီရီလန်ကိုက ပြန်ပြောသည်။ သူနောက်သို့လှန်ကာ ဟားဟားတိုက်တိုက် ရယ်လိုက်တော့သည်။

“မင်းရောငါ့ကိုယုံတာလား။ ငါအခု အမှားလုပ်မိပြီထင်တယ်။ ငါ့ရဲ့မှတ်ပုံတင်ကဒ်က သာမာန် ဖြတ်သန်းခွင့်ကိုပဲ ပြလိုက်တာ။ ”

ဖုန်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် ရယ်လိုက်တော့သည်။

သူတို့၏ကားသည် စားသောက်ဆိုင်တစ်ခုသို့ ရောက်လာသည်။ ထိုအရာက ဆိုဗီယက်ရိုးရာ စားသောက်ဆိုင်ဖြစ်ပြီး ထိုစားသောက်ဆိုင်သည် ပြည်တွင်းဆိုဗီယက် အရသာများကို သုံးဆောင်နိုင်ပေသည်။ သို့သော် ဖုန်းယွီက အနည်းငယ် ဘယ်လိုကြီးမသိ ဖြစ်နေသည်။ ယခုတစ်ခေါက်တွင် ဖုန်းယွီက ထိုက်ဟွကုန်သွယ်ရေး ကိုယ်စားပြုအနေဖြင့် မော်စကိုသို့ လာရောက်ခြင်းဖြစ်ပြီး ကီရီလန်ကို၏ စီးပွားရေး မိတ်ဖက်များသည် ဒီနေရာတွင် သူ့ကိုဧည့်ခံရန် ရှိမနေရသနည်း။ ထိုစစ်ဖက်ဆိုင်ရာ ဒုတိယမျိုးဆက်သည် သူ့အား အခုထိ လာမတွေ့သနည်း။

တကယ်တန်းကျတော့ ဖုန်းယွီသည် ထိုကိစ္စများကို အတွေးလွန်နေခြင်းဖြစ်သည်။ ထိုစစ်ဖက်ဆိုင်ရာ ဒုတိယမျိုးဆက်သည် ဖုန်းယွီကို အထင်သေးခြင်း မရှိကြပေ။ အကြောင်းမှာ သူတို့က ဖုန်းယွီ၏ဓနအင်အားကို သူတို့အရင်တစ်ခေါက် ဘင်းမြို့တော်ကို လည်ပတ်စဉ်ကတည်းက အားကျနေခြင်းဖြစ်သည်။ သို့သော် ကီရီလန်ကိုသည် သူ၏စီးပွားရေး မိတ်ဖက်များကို ချောင်ထိုးရန် နည်းလမ်းရှာနေကာ ဖုန်းယွီအနေနှင့် တစ်ယောက်ထဲ အလုပ်လုပ်ရန်ဖြစ်သည်။ သူကငွေရသည်မှာ ပိုမိုများပြားလာခဲ့ပြီး သူတို့ထက်တောင် ချမ်းသာလာခဲ့သည်။ သူ၏ရည်ရွယ်ချက်က သူကိုယ်တိုင် စွန့်စားလုပ်ကိုင်ရန်ဖြစ်သည်။

ထို့ကြောင့် ကီရီလန်ကိုသည် ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏စီးပွားရေး မိတ်ဖက်များကို ဖုန်းယွီသည် နောက်ကျမှရောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ သူ၏စီးပွားရေး မိတ်ဖက်များသည် ဆိုဗီယက်များဖြစ်သည်။ သို့သော်သူတို့သည် မော်စကိုမှ မဟုတ်ကြပေ။ အင်အားအကြီးဆုံး မိတ်ဖက်မှာ ကိယက်ဗ်မြို့မှဖြစ်သည်။ သူ့အနေဖြင့် မော်စကိုကို မနက်ဖြန်မှ ရောက်နိုင်မည်ဖြစ်သည်။ အခြားသော သူ၏မိတ်ဖက်များကို ကီရီလန်ကိုက ဂရုမစိုက်ပေ။ သူကသူတို့ထဲမှ တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ချင်နေသည်။

တရုတ်နိုင်ငံ၏ ဝယ်ယူမှုနှင့် အရောင်းဖြန့်ဖြူးမှု လမ်းကြောင်းအကုန်လုံးကို ဖုန်းယွီထိန်းချုပ်ထားခြင်းဖြစ်ကာ ဖုန်းယွီသည် ကီရီလန်ကိုကိုသာ ဆက်သွယ်သည်။ ထိုအကြောင်းပြချက်ကြောင့် ကီရီလန်ကိုသည် သူကိုယ်တိုင် တစ်ယောက်ထဲ စွန့်စားနေခြင်းဖြစ်သည်။ ထပ်ပြောရလျှင် သူသည်လက်ရှိတွင် ချမ်းသာနေပြီဖြစ်ကာ သူပိုက်ဆံလည်း ရနေပြီဖြစ်သည်။ သူ့အနေဖြင့် ထိုအရာကိုအသုံးပြုကာ သူ၏အစ်ကိုနှင့် ဖခင်၏ အဆင့်မြင့် အရာရှိကြီးများနှင့် မိတ်ဖက်များကို ဂရုစိုက်နိုင်မည်ဖြစ်သည်။ သူတို့မိသားစုသည် ဆိုဗီယက်ပြည်ထောင်စုမှ အကျိုးအမြတ် အချို့တောင် ရနိုင်ပေသည်။ အချို့သော အရာရှိကြီးများက သူ၏ဖခင်ကို ပင်စင်ပေးချင်ကြသည်။ သို့သော် သူ့အဖေက မည်သည့်အုပ်စုကိုဝင်ရန် မဆုံးဖြတ်ရသေးပေ။

ဖုန်းယွီက ဆိုဗီယက်ရိုးရာ အစားအသောက်များကို စားကြည့်ပြီးသူက တကယ်ပင် နှစ်ခြိုက်ပေသည်။ အထူးသဖြင့် အသားကင်ဖြစ်သည်။ ဖုန်းယွီက သူတို့မပြန်ခင် လီနကိုဤနေရာသို့ ခေါ်ဆောင်လာသင့်ကြောင်းတောင် တွေးနေသည်။ တုန့်ကျွင်းအတွက်လား မေးလိုက်တော့ ထိုအရူးသည် သူတို့စားပြီးသည့်တိုင်အောင် ပါဆယ်ထုတ်ရန် အော်ပြောမည် ဖြစ်ပေသည်။

ဖုန်းယွီသည် အစားအစာနှင့်ပတ်သတ်၍ စိတ်ကျေနပ်စေသည်။ သို့သော် ဖုန်းယွီလုံးဝ မမျှော်လင့်ထားသည်က သူအစားစားနေစဉ် သောက်ရမည်ဆိုသည့် အချက်ပင်ဖြစ်ပေသည်။

ကီရီလန်ကိုကသူ့အား မော်စကိုရောက်လျှင် ဗော်ကာသောက်ကို သောက်ရမည်ဟု ပြောထားသည်။ ကီရီလန်ကိုက ဗော်ကာသောက်ရန် ငြင်းပယ်ချက်ကို ဂရုမထားရန်တောင် ပြောခဲ့သည်။ ရောမရောက်လျှင် ရောမလို ကျင့်ရမည်ပင်ဖြစ်ပေသည်။

စားသောက်ဆိုင်သည် ထိုသောက်စရာများကို သေးငယ်ပြီး သေသပ်သည့် ဖန်ခွက်များဖြင့် ဧည့်ခံပေသည်။ ထိုအရာများက ဖုန်းယွီ၏အရင်ကကဲ့သို့ တြိစလင်ဒါ ပုံစံရှိသည့် ခွက်ငယ်လေးများ ဖြစ်သည်။ ဖုန်းယွီက သူ့အနေဖြင့် တစ်ခွက်၊နှစ်ခွက်သာ သောက်ရန်လိုအပ်ကြောင်း ပြောခဲ့သည်။ သို့သော် ကီရီလန်ကိုက သူနှင့်အဖော်ပြု သောက်ပေးရသည်။ ဖုန်းယွီကို သူ့အားငြင်းရန် အကြောင်းပြချက် တစ်ခုတောင်ပေးခွင့် မပြုခဲ့ပေ။

တစ်နာရီခွဲခန့်ကြာပြီးနောက် ဖုန်းယွီ၏မျက်လုံးများက နှစ်ထပ်ဖြစ်လာတော့သည်။

ကီရီလန်ကိုက သူ၏လူများကို သူစီစဉ်ထားသည့် ဟိုတယ်သို့ ဖုန်းယွီကို မောင်းပို့ရန် ပြောလိုက်သည်။ ထိုအခန်းသည် နှစ်ယောက်အိပ်ခန်းဖြစ်သည်။ ထိုညတွင်တော့ အိပ်မပျော်သည့်သူက ကီရီလန်ကိုဖြစ်သည်။

ဖုန်းယွီသည် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ သို့မဟုတ် သူ၏အိမ်မက်တွင် စကားပြောခြင်း မရှိပေ။ သို့သော်သူက ရေကိုသာ တောင်းပြီး အိမ်သာကိုသာ ခဏခဏသွားချင်သည်။ အဆိုးဆုံးအပိုင်းမှာ ထိုအရာများအားလုံးကို တရုတ်လိုသာပြောပြီး တရုတ်လိုကို ကီရီလန်ကိုက လုံးဝနားမလည်ပေ။

ခံပြင်းစရာ အကောင်းဆုံးအပိုင်းမှာ ဖုန်းယွီ လန်းလန်းဆန်းဆန်းနှင့် နိုးလာခြင်းဖြစ်ပြီး ကီရီလန်ကို၏ မျက်လုံးသည် ပန်ဒါမျက်လုံး ဖြစ်နေသည်။ ကီရီလန်ကိုသည် အိပ်နေဆဲဖြစ်သည်။ သူသည် ယမန်နေ့ညက လုံလောက်အောင် အိပ်စက်ရခြင်း မရှိပေ။

မနက်စာစားပြီးနောက် ဖုန်းယွီနှင့် ကီရီလန်ကိုသည် သူတို့သတ်မှတ်ထားသည့် စက်ရုံများသို့ သွားရောက်လည်ပတ်သည်။ ထိုစက်ရုံများကို ဖုန်းယွီက အထူးရွေးချယ်ထားခြင်း ဖြစ်သည်။ သူတို့တွင် နောက်ဆုံးပေါ် စက်ပစ္စည်းများနှင့် အဆင့်မြင့် နည်းပညာများရှိသည်။ ပိုအရေးကြီးဆုံးက သူတို့တွင် ဆင်းရဲသည့် ကျွမ်းကျင်သူ အများအပြား ရှိပေသည်။

စက်ပစ္စည်းများနှင့် နည်းပညာများကို တရုတ်ကို ရောင်းချပါက ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍက မည်သို့နည်း။ ဖုန်းယွီသည် နည်းစနစ်တစ်ခုရှိသည်။ ထိုအရာက မည်သည့်အရင်းအမြစ်မှ မဖြုန်းတီးခြင်းဖြစ်သည်။ ထိုအလုပ်မရသည့် ထက်ဝက်ကျော်ကို တရုတ်ပြည်တွင် ကောင်းကောင်း လုပ်ပေးနိုင်သည်။ ထိုနည်းဖြင့်သူ့ကို မြင့်မြတ်သည့် ဒုက္ခရောက်နေသူများကို ကူညီသည့်သူဟု ထင်မည်ဖြစ်ပေသည်။

…..

ဖုန်းယွီဘက်တွင် အရာများအားလုံးက ချောချောမွေ့မွေ့ ဖြစ်နေသည်။ သို့သော် သူကျောင်းအတွက်တော့ ကိစ္စကြီးတစ်ခု ဖြစ်နေသည်။ ကျောင်းအုပ်စွန်းသည် ဒုက္ခအကြီးကြီးနှင့် တွေ့ကြုံနေရသည်။

ယမန်နေ့က သူတို့မော်စကို တက္ကသိုလ်သို့ ရောက်သည့်အခါ ပွဲစီစဉ်သူက သူတို့၏ စာရွက်စာတမ်းများကို စစ်ဆေးခဲ့ကာ ကျောင်းသားတစ်ယောက် ပျောက်ဆုံးနေကြောင်း သတိပြုမိခဲ့သည်။ ဒုကျောင်းအုပ်စွန်းက ပွဲစီစဉ်သူတစ်ယောက်က အချို့သော ကိစ္စရပ်များကို လုပ်ဆောင်ရန်အတွက် ကျောင်းသားကို အဝေးသို့ခေါ်သွားကြောင်း ပြောခဲ့သည်။

ပွဲစီစဉ်သူများကလည်း တွေဝေသွားကြသည်။ သူတို့ထဲမှတစ်ယောက်က ကျောင်းသားကို ခေါ်ဆောင်သွားသည်လော။ ထိုပွဲစီစဉ်သူက မည်သည့်နေရာမှ လာခဲ့သနည်း။

ထိုညတွင် ဖုန်းယွီသည် မော်စကိုတက္ကသိုလ်သို့ မပြန်ခဲ့ရုံသာမက သူတို့အား ဖုန်းခေါ်ဆိုခြင်းလည်း မပြုခဲ့ပေ။ ဒုကျောင်းအုပ်စွန်းက ဖုန်းယွီနှင့် ထိုရုရှားအမျိုးသားသည် ကောင်းမွန်သည့် သူငယ်ချင်းများ ဖြစ်ဟန်တူသည့်အတွက် စိုးရိမ်မည့်ပုံမပေါ်။ သို့သော် ပွဲစီစဉ်သည့် ကော်မတီအနေဖြင့် ထိုကဲ့သို့ မတွေးပေ။ သူတို့က ဒုကျောင်းအုပ်စွန်းကို ပျောက်နေသည့်ကျောင်းသားကို ဆက်သွယ်ရန် တောင်းဆိုခဲ့ကာ ထိုကျောင်းသားသွားသည့် နေရာကို သူ့အား ရှာဖွေစေချင်သည်။

ဒုကျောင်းအုပ်စွန်းသည် အကြိမ်ဖန်များစွာ ရှင်းပြသည်။ နောက်ဆုံးတွင် ပွဲစီစဉ်သည့် ကော်မတီမှလူများ ထွက်သွားသည်။ သို့သော် နွေရာသီစခန်းသည် နောက်ရက်တွင် စတင်မှာဖြစ်ပြီး တခြားနိုင်ငံမှ ကျောင်းသားများသည်လည်း အချင်းချင်း တွေ့ဆုံဆွေးနွေးချင်နေကြသည်။ ဖုန်းယွီက အခုထက်ထိ ပြန်မလာသေးပေ။

ပွဲစီစဉ်သည့် ကော်မတီမှလူများက ဒုကျောင်းအုပ်စွန်းကိုတွေ့ရန် တဖန်ပြန်လာကြသည်။ သူတို့အနေဖြင့် ဖုန်းယွီကို ဆက်သွယ်ချင်သည်။ ကျောင်းသားသည် စခန်းမှ ခွင့်ရက်ကို မယူနိုင်သော်လည်း ကျောင်းသားသည် ခွင့်တိုင်ကြားလိုပါက လူကိုယ်တိုင် လျှောက်ထားရမည် ဖြစ်သည်။ ကိုယ်စားခွင့် လျှောက်တင်ခြင်းကိုတော့ ခွင့်ပြုမည် မဟုတ်ပေ။

လေဆိပ်တွင် ဖုန်းယွီရောက်ကြောင်း အထောက်အထားများ မရှိပါက ပွဲစီစဉ်သူများသည် အမှတ်သုံး အထက်တန်းကျောင်းသည် ထိုကျောင်းသားကို မပို့သည်ဟု တွေးထင်ရာရှိသည်။ ထိုပျောက်နေသည့် ကောင်းသားသည် ဖိတ်ကြားသည့်စာထဲတွင် အထူးရွေးချယ်ထားသည့် ကျောင်းသားတစ်ယောက် ဖြစ်ပေသည်။ သူသည် အရေးကြီးသည် ကျောင်းသားတစ်ယောက် ဖြစ်ကိုဖြစ်ရမည်။ ပြီးနောက်သူ့ကို ဘယ်လိုဆက်သွယ်ရမည်နည်း။

ဒုကျောင်းအုပ်စွန်းသည် ချွေးအလိပ်လိုက် ဖြစ်နေသည်။ သူက နှလုံးသားထဲတွင် ဖုန်းယွီကို ကြိမ်ဆဲနေတော့သည်။ သူကဖုန်းယွီကို ညတွင် မပြန်လာနိုင်ပါက ဖုန်းခေါ်ရန် ညွှန်ကြားခဲ့သည်။ ဖုန်းယွီသည် သူ့ကို ဆက်သွယ်ရန်အတွက်လည်း ဖုန်းနံပါတ် ပေးထားခဲ့ခြင်း မရှိပေ။ ယခုတွင် ပွဲစီစဉ်သည့် ကော်မတီက ဖုန်းယွီကိုရှာဖို့အတွက် သူ့အားဆက်သွယ်နေသည်။ သူဘာလုပ်သင့်သနည်း။ အကယ်၍ အခြားသော တိုင်းပြည်မှ ကျောင်းသားအသင်းမှ ခေါင်းဆောင်များ ဤအကြောင်းသိပါက ဖုန်းယွီပျောက်သွားခြင်းသည် တိုင်းပြည်ကို မျက်နှာပျက်စရာ ကိစ္စတစ်ခု ဖြစ်သွားမည်ပင်။

ဒုကျောင်းအုပ်စွန်း အကြောက်ရဆုံးအရာက နောက်ဆုံးတွင် ပေါ်ပေါက်လာခဲ့ပြီ။ ပွဲစီစဉ်သည့် ကော်မတီမှလူများသည် ယင်းကိစ္စကို သူတို့၏ အထက်အရာရှိများကို တင်ပြရန်ဖြစ်ကာ သူတို့သည် ပျောက်နေသည့် ကျောင်းသားနှင့် ပတ်သတ်၍ ရဲကိုတိုင်နိုင်မည်ဖြစ်သည်။ သူတို့သည် ရဲကိုတိုင်ကြားရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုကျောင်းသားသည် လေဆိပ်တွင် ပျောက်သွားခြင်း ဖြစ်သည့်အတွက်ဖြစ်ကာ သူတို့အနေဖြင့် ဖုန်းယွီ၏ လုံခြုံရေးအတွက်လည်း စိုးရိမ်ပူပန်၍ဖြစ်သည်။

ဒုကျောင်းအုပ်စွန်းက အလွန်စိုးရိမ်နေသည်။ အကယ်၍ တက္ကသိုလ်သာ ရဲများကို အကြောင်းကြားပါက ထို့နောက်သူသည် ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရာထူးတိုးခံရမည့်အစား သူသည် မေးခွန်းထုတ်ခံရကာ ပစ်ဒဏ်တောင် ကျခံရမည် ဖြစ်နိုင်သည်။

တစ်ချိန်ထဲတွင် ဖုန်းယွီသည် စက်ရုံများကို ပျော်ရွှင်စွာ လည်ပတ်နေကာ အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းပညာများကို ကြည့်ရှု့နေသည်။ ထိုခေတ်အခါက ဆိုဗီယက်ပြည်ထောင်စုသည် အဆင့်အမြင့်ဆုံး နိုင်ငံများထဲမှ တစ်ခုဆိုတာ အသေအချာပင်ဖြစ်သည်။ ပိုအရေးကြီးသည်က ယင်းစက်ရုံသည် ပိတ်သိမ်းလုနီးပါး အခြေအနေတွင်ဖြစ်ကာ စက်ရုံဒါရိုက်တာကိုလည်း ကီရီလန်ကိုက ခေါ်ခဲ့ပြီးဖြစ်သည်။

ဖုန်းယွီက စက်ရုံဒါရိုက်တာနဲ့ စကားပြောသည့်အခါ သူကတစ်ခုခု မေ့လျော့နေသည်ကို ခံစားမိသည်။ သို့သော် သူက ဘယ်ကိစ္စဆိုသည်ကို စဉ်းစား၍မရနိုင် ဖြစ်နေသည်။ သူထိုအကြောင်းကို သတိမရတာလည်း စိတ်ထဲမထားပေ။ စက်ရုံဒါရိုက်တာနှင့် ဆွေးနွေးရန်က ပိုအရေးကြီးသည်ဖြစ်ကာ စက်ရုံ၏ စက်ပစ္စည်းနှင့် နည်းပညာ ရောင်းချရေးအတွက်ဖြစ်သည်။

All Chapters