← Chapters

နာမည်ကြီးလာခြင်း

Vol. 10 Ch. 147

နာမည်ကြီးလာခြင်း

Vol. 10 Ch. 147

စက်ရုံဒါရိုက်တာနှင့် ဖုန်းယွီ စကားပြောပြီးသည့် အခါ မွန်းတည့် ရောက်နေပြီ ဖြစ်သည်။ ယနေ့သည် နွေရာသီ စခန်း စတင်သည့်ရက် ဖြစ်သည်ကို ဖုန်းယွီ ရုတ်တရက် သဘောပေါက်သွားခဲ့ကာ သူသည် ရောက်ရှိကြောင်း မတင်ရသေးရုံသာမက ကျောင်းအုပ်စွန်းဆီလည်း ဖုန်းမခေါ်ရသေးပေ။

ဖုန်းယွီက မော်စကိုတက္ကသိုလ် ကျောင်းအိပ်ဆောင်ကို ဖုန်းခေါ်လိုက်သည်။ သို့သော် ကျောင်းအိပ်ဆောင်မှ တစ်ယောက်ယောက်သည် ဖုန်းယွီအား စခန်းဝင်သူများ အားလုံး အပြင်တွင် ရောက်ရှိနေပြီး ကျောင်းအိပ်ဆောင်တွင် မရှိတော့ကျောင်း ပြောသည်။ သူတို့ကို ဆက်သွယ်ရန် နည်းလမ်း လုံးဝ မရှိတော့ပေ။

ဖုန်းယွီ အလွန်တရာ အံ့ဩသွားသည်။ သူက ကျောင်းအိပ်ဆောင်၏ ဖုန်းနံပါတ်ကိုသာသိပြီး စခန်းစရီးစဉ် လမ်းကျောင်း သို့မဟုတ် အခြား ဆက်သွယ်ရန် ဖုန်းနံပါတ်လည်း မသိပေ။

ကောင်းရော ဘာကြောင့် အခုခေတ်မှာ မိုဘိုင်းဖုန်းတွေ မရှိရတာလဲ။

“ဖုန်း ဘာမှားနေလို့လဲ။ တစ်ခုခုကို စိတ်မချမ်းမြေ့ ဖြစ်နေတဲ့ ပုံပဲ။ မာ့စကောဖ်စက်ရုံ ဒါရိုက်တာက ငါတို့က ရေခဲသေတ္တာထုတ်လုပ်တဲ့ လမ်းကြောင်းကို ထုတ်လုပ်ဖို့အတွက် ထုတ်လုပ်ရေး လမ်းကြောင်းကို ရောင်းဖို့ သဘောတူပြီးပြီပဲ။ မင်းအနေနဲ့ အဲ့ဈေးက အရမ်းဈေးကြီးတယ်လို့ ထင်နေတုန်းလား။”

ကီရီလန်ကိုသည် ကြောင်တောင်တောင် ဖြစ်သွားသည်။ ဈေးနှုန်းသည် ညှိုနှိုင်းပြီး ဖြစ်ကာ ဖုန်းယွီသည် စေ့စပ်သူကောင်း တစ်ယောက် ဖြစ်သည်။ သူ့ထက်တောင် စေ့စပ်မှု ကောင်းသေးသည်။ အကယ်၍ သူသာ ယင်းဆွေးနွေးမှုကို ပြုလုပ်ပါက ကုန်ကျစရိတ်သည်လည်း အလွန်နည်းမည် မဟုတ်ပေ။

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒီဆွေးနွေးထားတာကို ကျွန်တော် နှစ်သက်ကျေနိပ်ပါတယ်။ ကျွန်တော် ကတိပေးထားတဲ့ ကော်မရှင်ခ ၃၀ရာခိုင်နှုန်းကို ကျွန်တော် မမေ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် မော်စကိုကို လာရတဲ့ အကြောင်းက နွေရာသီ စခန်း တက်ဖို့ပဲ။ မနေ့က ကျွန်တော် အသောက်လွန်သွားခဲ့တယ်။ ကျောင်းအိပ်ဆောင်ကိုတောင် မပြန်ရသေးဘူး။ ပြီးတော့ ကျွန်တော် ဒုကျောင်းအုပ်ကိုလည်း ဖုန်းမခေါ်ဆိုရသေးဘူး။ ကျွန်တော်တော့ ဒုက္ခတွေ့ပြီနဲ့ တူတယ်။”

ယခု ခရီစဉ်တွင် ဖုန်းယွီသည် သူကိုယ်တိုင် ဆွေးနွေးညှို့နှိုင်းမှုများ သူကိုယ်တိုင် ပြုလုပ်မည်ဖြစ်သော်လည်း ကီရီလန်ကိုအား ကော်မရှင်ကြေးအဖြစ် ၃၀ရာခိုင်နှုန်း ပေးဦးမည် ဖြစ်သည်။ ဖုန်းယွီက တွက်ချက်လိုက်သည်။ ကီရီလန်ကို သူ့ကို ရောင်းချသည့် ပစ္စည်းများအတွက် ၄၀မှ ၅၀ရာခိုင်နှုန်းအထိ ချွေတာနိုင်ခဲ့ပြီး။ ကီရီလန်ကိုအာ ၃၀ရာခိုင်နှုန်း ကော်မရှင်ခပေးခြင်းက ဈေးနည်းနေသေးဆဲ ဖြစ်သည်။

ယခု ခရီးစဉ်တွင် ဖုန်းယွီ ဝယ်ယူချင်သည့် ပစ္စည်းများစွာ ရှိကာ ဖုန်းယွီက ကီရီလန်ကို ကိုလည်း ခရီးစဉ်ပြီးနောက်မှ ပစ္စည်းများအတွက် ငွေများကို ချေမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် ကီရီလန်ကိုသည် ၃၀ရာခိုင်နှုန်းကို ကော်မရှင်ခကို ကျေနပ်စွာ လက်ခံခဲ့ခြင်း ဖြစ်သည်။

ကီရီလန်ကိုသည် ဖုန်းယွီအား နောက်ထက် စက်ရုံများကို ခေါ်သွားချင်သေးဆဲ ဖြစ်သည်။ ရက်အနည်းငယ်အတွင်း ကီရီလန်ကိုက ဖုန်းယွီကို မော်စကို ဝန်းကျင်ရှိ စက်ရုံအကုန်လုံးကို လိုက်ပြချင်သေးသည်။ သူလည်းပဲ ဖုန်းယွီက မော်စကိုတက္ကသိုလ် နွေရာသီ စခန်းတက်ရန် လာရောက်ခဲခြင်း ဖြစ်သည်ကို မေ့လျော့သွားခဲ့ကာ ထိုစခန်းကို နိုင်ငံတကာ စခန်း ဖြစ်သည်။

“ဖုန်း မစိုးရိမ်နဲ့။ ငါမင်းကို ဘယ်နေရာမှ စခန်း အခြေချနေလည်း ဆိုတာ ရှာပေးပြီး မင်းကို ပို့ပေးမယ်။ နောက်ကျ ငါတို့တွေ ညမှပဲ တွေ့ကြမလား။”

“ကောင်းပြီ။ စက်ရုံတွေကို ညမှ တွေ့ရတာလည်း ကျွန်တော်အတွက် အဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော် အရက်သောက်တော့မှာတော့ မဟုတ်ဘူး။”

ဖုန်းယွီက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ ထုံးစံလို့ ကျေးဇူးပြုပြီး မပြောပါနဲ့။ ငါက ဒီကို မင်းတို့ရဲ့ စက်ပစ္စည်းဝယ်ဖို့ လာခဲ့ပေးတာ ပြီးတော့ မင်းက ငါကို ဗော်ကာနှစ်ခွက်တောင် သောက်စေချင်ခဲ့တာလား။”

ကီရီလန်ကိုသည် တကယ်ကို လုပ်နိုင်စွမ်းရှိသူ ဖြစ်ပြီး ဖုန်းအနည်းငယ် ဆက်ရုံဖြင့် နွေရာသီ စခန်းအတွက် အစီအရင်ခံစာတင်ရမည့် နေရာကို သိရှိသွားသည်။ ပထမနေ့ရက်က ကျောင်းသားများ အကြား အပျော်ကစားပွဲများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ကျေးလက်ဒေသတွင် တောင်တက်ရန်အတွက် သွားကြခြင်း ဖြစ်သည်။

ဖုန်းယွီက စခန်း အခြေချသည့် နေရာကို အပြေးသွားခဲ့ပြီးနောက် တဲများ အားလုံး ထိုးထားပြီး ဖြစ်သည်။ မီးများလည်း မွေးထားကာ ကျောင်းသားများက သူတို့၏ နေ့လည်စာ ချက်နေကြသည်။

လက်ထောက်ကျောင်းအုပ်စွန်းက အဝေးမှ စခန်းဆီသို့ သူရင်းနှီးသည့် ကားတစ်စီး ကို မြင်လိုက်ရသည်။ သူက ရုတ်ခြည်းကားဆီ ပြေးသွားပြီး ဖုန်းယွီ ကားထဲမှ ထွက်လာသည်ကို မြင်ခဲ့မည်။

အို ဘုရားသခင် မင်းနောက်ဆုံးတော့ ပြန်လာပြီပဲ။ ဒါပေမဲ့ ပွဲစီစဉ်တဲ့ ကော်မတီက ရဲကို အကြောင်းကြားပြီးပြီ။ ငါတို့ရဲ့ ကျောင်းက နိုင်ငံတကာအဖွဲ့တွေကြားမှာတောင် ကျော်ကြားနေပြီ။

“ဖုန်းယွီ မင်း ဘယ်သူနဲ့ သွားခဲ့တာလဲ။ ငါမင်းကို ဖုန်းဆက်ဖို့ တောင်းဆိုခဲ့တယ် မလား။ ဘာကြောင့် မင်းဖုန်းမခေါ်တာလဲ”

သူတို့ တွေ့ဆုံသည့် အခါ ဖုန်းယွီသည် ဒုကျောင်းအုပ်စွန်း၏ များပြားလွန်းသည့် မေးခွန်းများနှင့် ရင်ဆိုင်ရသည်။ ဖုန်းယွီက အံအားသင့်မှုဖြင့် ရယ်လိုက်ကာ

“ကျောင်းအုပ်စွန်း မနေ့က ကျွန်တော် အမူးလွန်သွားလို့ ကျွန်တော် ဖုန်းဆက်ဖို့ မေ့သွားခဲ့တာ။”

“မင်းက သောက်ခဲ့တာလား။ ဒီခရီးစဉ်မတိုင်ခင်က ငါပြောခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မေ့သွားခဲ့တာလား။ ကျောင်းသား အားလုံးကို အရက်သောက်တာကို တားမြစ်ထားတယ်။ ပွဲစီစဉ်တဲ့ ကော်မတီက မင်းပျောက်ဆုံးနေကြောင်း အကြောင်းကြားထားတယ်။ မင်းဘယ်တွေ သွားနေရတာလဲ။

ဘာ။ ပျောက်ဆုံးတာလား။ ဖုန်းယွီသည်လည်း ယင်းကိစ္စသည် ပေါက်ကွဲသွားသည့် ဗုံးတစ်လုံးအလား ခံစားလိုက်ရသည်။ အကယ်၍ ဤကိစ္စသာ တရုတ်ပြည်ကို ပြန်ပြန့်သွားပါက ဖုန်းယွီသည် တက္ကသိုလ်များ၏ အမည်မည်းစာရင်း အသွင်းခံရမည် ဖြစ်ကာ ကျောင်း၏ သက်သေခံချက်တွင်လည်း စည်းကမ်းလိုက်နာမှု မရှိ၊ အဖွဲ့အစည်းစိတ်ဓာတ်မရှိ၊ ညွှန်ကြားချက်များကို မလိုက်နာပဲ တိုင်းပြည်ကို မျက်နှာပျက်စေသည်။

ဖုန်းယွီက ချက်ခြင်းပင် ကီရီလန်ကိုအား ဆွဲလိုက်သည်။ ယမန်နေ့ညက သောက်ဖြစ်သွားသည်မှာ သူ့ အမှားများ အားလုံးကြောင့်သာ ဖြစ်သည်။ သူသည် ဤကိစ္စအား စာရင်းရှင်းရမည် ဖြစ်ပေသည်။ ကီရီလန်ကိုက ဖုန်းယွီအား ကြည့်လိုက်ပြီးနောက် ယင်းသည် အလွန်ချဲ့ကားနေခြင်းဖြစ်ကြောင်း တွေးလိုက်သ်ည။ ဖုန်းယွီသည် တစ်နေ့နှင့် နေ့တဝက်သာ နောက်ကျခြင်း ဖြစ်ပြီး မည်သည်က ပြဿနာကြီးဖြစ်သနည်း။ သူအနေဖြင့် ယင်းကိစ္စအား မြန်မြန် စာရင်းရှင်းနိုင်ပေသည်.

ကီရီလန်ကိုက ပွဲစီစဉ်သည့် ကော်မတီမှ လူများကို ရှာလိုက်ပြီးနောက် သူတို့နှင့် ငါးမိနစ်ကြာ စကားပြောပြီး ဖုန်းယွီ၏ ပြဿနာများက ပြေလည်သွားသည်။ သူအနေဖြင့် ညမှ ဖုန်းယွီကို ပြန်လာခေါ်မည် ဖြစ်သည်။

အခြားသော နိုင်ငံများမှ အသင်းများကလည်း အမှတ်၃ အထက်တန်းကျောင်း အသင်းရှိရာဖက်ကို စူးစမ်းစိတ်ဖြင့် ကြည့်လာကြသည်။ ဘာကြောင့် လူတွေ အများကြီး စုပြုံနေရသနည်။ ပွဲစီစဉ်သည့် ကော်မတီမှ လူများလည်း ရှိသည့်ဖြစ်ကာ တစ်ခုခု အငြင်းပွားနေဖွယ်ထင်ရသည်။ အမှတ် ၃ အထက်တန်းကျောင်း အနေဖြင့် ပြဿနာ တစ်ရပ်ရပ်နှင့် ကြုံတွေ့နေရသည်လော။

အမှတ်တကယ်တွင် အခြားသော အသင်းများသည်လည်း အမှတ်၃ အထက်တန်းကျောင်းအသင်းနှင့် ပတ်သက်ပြီး မှားယွင်းမှု တစ်ခုခု ရှိနေပြီး ဖြစ်ကြောင်း သတိပြုမိသည်။ အသင်းတိုင်းသည် ဤနွေရာသီ စခန်းတွင် ၁၅ယောက်ပါဝင်ကြပြီး ကျောင်းသား ၁၀ယောက်နှင့် ဆရာ၊ ဆရာမ ၁၅ယောက် ဖြစ်သည်။

အသင်းတိုင်း၏ ခေါင်းဆောင်များက မတူညီသည့် ပို့ဆောင်ရေး၊ ညှို့နှိုင်းဆွေးနွေးရေး၊ ခေါင်းဆောင်ခြင်း၊ဘာသာပြန် အစရှိသည့် တာဝန်များကို တာဝန် ယူကြရသည်။ သို့သော် ထိုအသင်းများတွင် တူညီသည့် အရာများ ရှိကြသည်။ ထိုအရာက ဆရာဆရာမများသည် အလွန်ငယ်ရွယ်ကြခြင်း ဖြစ်ကာ သူတို့၏ ပျှမ်းမျှ အသက်သည်လည်း ၃၀နှစ်မျှသာ ဖြစ်သည်။ တရုတ်နိုင်ငံမှ အမှတ်သုံး အထက်တန်းကျောင်း အသင်းသာလျှင် သူတို့နှင့် ကွဲထွက်နေသည်။ ဆရာမ တစ်ယောက်သာ ငယ်ရွယ်ပြီး အခြားသော ဆရာဆရာမများသည် အသက်၄၀ကျော် အရွယ်များ ဖြစ်ကြသည်။ သူတို့က ဤနွေရာသီ စခန်းသည် ငယ်ရွယ်သည့် လူများအတွက်ဆိုသည်ကို မပြောခဲ့သည်လော။

ထပ်ပေါင်းပြောရလျှင် အမှတ် ၃ အထက်တန်းကျောင်းသည် ကျောင်းသားတစ်ယောက် ပျောက်ဆုံးနေကာ ပွဲစီစဉ်သည့် ကော်မတီမှ လူများနှင့် သူတို့ခေါင်းဆောင်သည် မနက်ခင်းတွင် အငြင်းပွားနေကြောင်း သူတို့ မြင်ခဲ့ရသည်။ သူတို့က ရဲများကို တစ်ခုခု တိုင်ကြားခဲ့သည်ဟု ကြားခဲ့သည်။

ဝိုင်း... ဒါက ရဲသားပဲ။ သူက တတိယ အထက်တန်းကျောင်းကို သွားခဲ့သည်။ ထိုအသင်းမှ တစ်ယောက်ယောက်က ရာဇဝတ်မှု ကျူးလွန်ခဲ့သည်လော။ ထိုအရာက ကောင်းမွန်သည့် အရာ မဟုတ်ပေ။ သူတို့အနေဖြင့် သံရုံးကို ဆက်သွယ် အကြောင်းကြားသင့်ပေသည်။

တရုတ်နိုင်ငံသည် တကယ်ပင် ခေတ်နောက်ပြန်ဆွဲသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ သူက အခြားနိုင်ငံများ၏ ဉပဒေများကို လိုက်နာခြင်းတောင် မပြုနိုင်ပေ။

ထိုရဲသားသည် ဖုန်းယွီ ပျောက်ဆီးခြင်း အမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးသည့် အရာရှိထဲမှ တစ်ယောက် ဖြစ်သည်။ ဖုန်းယွီ စခန်းကို ချက်ခြင်း ပြန်လာသည့်အတွက် သူက ချက်ချင်း ပြန်လာခဲ့ခြင်း ဖြစ်သည်။

“မင်းက ဖုန်းယွီလား။ လေယဉ်ဆင်းတာနဲ့ မင်းဘယ်ကို သွားခဲ့လဲဆိုတာကို ပြောပြပေးနိုင်မလား။”

ရဲအရာရှိက လေးနက်တည်ကြည်စွာဖြင့် မေးလိုက်သည်။

ဖုန်းယွီက ကီရီလန်ကိုကို ကြည့်လိုက်ပြီးနောက် ဒီကိစ္စကိုလည်း လာပြီးဖြေရှင်းပေးဦး။

ကီရီလန်ကိုသည် သူ့အိတ်ကပ်ထဲမှ အသိအမှတ်ပြု ကဒ်ပြားကို ထုတ်လိုက်ပြီးနောက် အရာရှိကို ပေးလိုက်သည်။ အရာရှိက အသိအမှတ်ပြုကဒ်ကို ကြည့်လိုက်ပြီးနောက် ကီရီလန်ကိုဆီ ဂရုတစိုက်ဖြင့် ပြန်ပေးလိုက်သည်။

စစ်တပ်မှ အရာရှိ တစ်ယောက် ဖြစ်သည်။ သူက အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။

“ငါတို့တွေက တရုတ်နိုင်ငံကနေ စစ်ဖက်ဆိုင်ရာ ထောက်ပံ့မှု တစ်သုတ်ကို ရခဲ့တယ်။ ဖုန်းယွီက ငါတို့ဆက်သွယ်ရတဲ့ ပုဂ္ဂိုလ်ပဲ။ အဲ့တာကြောင့် မနေ့က သူ့ကို လေဆိပ်ကနေ ခေါ်ခဲ့တာ။ ငါ့အနေနဲ့ မော်စကို တက္ကသိုလ်ကို ရှင်းပြပြီးပြီ။ ဖုန်းယွီက ပျောက်ဆုံးနေတာ မဟုတ်ဘူး။ အမှုတွဲကို ပိတ်သိမ်းလို့ရပြီ။"

ကီရီလန်ကိုက အာဏာရှိသည့်သူအလား ပြောလိုက်သည်။

လက်ရှိတွင် အခြားအသင်းများသည်လည်း ပိုပြီး စိတ်ဝင်စားလာကြသည်။ ဘာကြောင့် ရဲအရာရှိက မြန်မြန် ထွက်သွားရသနည်း။ ဒီ တရုတ်နိုင်ငံ အသင်းက ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဘူးလား။ တရုတ်ပြည်သည် ဆိုဗီယက် ပြည်ထောင်စု၏ ဉပဒေများကို လျစ်လျူရှုနိုင်သည်ဟု တစ်စုံတစ်ယောက်က သူတို့ အားလာပြောလျှင် သူတိ့အနေဖြင့် ဘယ်တော့မှ ယုံကြမည် မဟုတ်ပေ။

သူတို့သည်လည်း ဆိုဗီယက် စစ်ဖက်နံပါတ်ပြားယဉ်ဖြင့် စခန်းကို ရောက်လာသည့် ကလေးကိုလည်း စိတ်ဝင်စားနေကြသည်။ ဘာလဲ။ ဒီကလေးက ကျောင်းဝတ်စုံ ဝတ်ထားတာပဲ။ ဒီကလေးက တရုတ်နိုင်ငံ အမှတ်သုံး အထက်တန်းကျောင်းကပဲ ဖြစ်ရမယ်။

အဘယ်ကြောင့် တရုတ်ကျောင်းသား တစ်ယောက် အနေဖြင့် ဆိုဗီယက် စစ်ဖက်ဆိုင်ရာ ကားဖြင့် ရောက်လာရသနည်း။ သူတို့ ဦးနှောက်တောင် ပျက်ရင် ပျက်သွားမည် သူတို့သည် ထိုအကြောင်းကို ရှာတွေ့နိုင်ကြမည် မဟုတ်ပေ။ သို့သော် သူတို့အနေဖြင့် တရုတ်အသင်းကို တိုက်ရိုက်မေးလျှင်တောင် အဖြေပြန်ရမည့်ပုံ မပေါ်ပေ။ သူတို့ကြားထဲ အချင်းချင်း ဆွေးနွေးရုံသာ ရှီသည်။ သူတို့ခန့်မှန်းမှုများတွင် ထိုကျောင်းသားသည် တရုတ်နိုင်ငံ၏ နိုင်ငံခေါင်းဆောင်၏ သားတစ်ယောက် ဖြစ်မည် ဖြစ်ကာ ဤကို လျှို့ဝှက်မစ်ရှင် တစ်ခုဖြင့် ရောက်ချနေခြင်း ဖြစ်ပေမည်။

တရုတ်တို့သည် သူတို့၏ မျိုးဆက်များကို အမြဲတမ်း အလေးပေးသည်။ ယင်းက တွေးဆချက် အတိုင်းပင် ဖြစ်ရမည်။ ဤတရုတ်အသင်းက အချို့သော နိုင်ငံရေးဆိုင်ရာ မစ်ရှင်အချို့ ရှိမည် ဖြစ်သည်။ ထိုအသက်ကြီးရင့်သည့် ဆရာဆရာမများအဖြစ် ကိုယ်ရေး အရာရှိများက အယောင်ဆောင်ထားကြသည်လော။

သူတို့က မကြာမီတွင် ပွဲစီစဉ်သည့် ကုမ္ပဏီသည် တရုတ်အသင်းကို ဆက်ဆံပုံသည် အရင်ကနှင့် မတူတော့ကြောင်း သတိပြုမိသွားသည်။ အကောင်းဆုံး စခန်းချရာနေရာသည် သူတို့ အတွက် ဖြစ်ပြီး အကောင်းဆုံး အစားအသောက်များလည်း ရရှိသည်။ ထိုတရုတ်အသင်းသည် မရိုးရှင်းပေ။ ကျောင်းသာများက ပိုပြီးတော့တောင် ထူးခြားနေသည်ပင်။

လက်ထောက်ကျောင်းအုပ်စွန်းက လက်ရှိတွင် နေမထိ ထိုင်မသာ ခံစားနေရသည်။ မတူညီသည့် နိုင်ငံများမှ ခေါင်းဆောင်များသည် သူ့ဆီ ချည်းကပ်လာကြကာ သူနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားကြသည်။ သို့သော် သူတို့ မျက်လုံးများက ဖုန်းယွီဆီတွင်သာ ရှိနေသည်။ ယခုတွင် တရုတ်နိုင်ငံ အသင်းက ကျော်ကြားနေပြီ ဖြစ်သည်။သို့သော် လက်ထောက်ကျောင်းအုပ်စွန်းက ကောင်းမွန်သည့် အရာလော ဆိုးဝါးသည့် အရာ လော မသေချာပေ။

All Chapters