← Chapters

အဓိက ရည်ရွယ်ချက်က အနုပညာ

Vol. 10 Ch. 148

အဓိက ရည်ရွယ်ချက်က အနုပညာ

Vol. 10 Ch. 148

ပထမနေ့ အစီအစဉ်များသည် အဓိက အားဖြင့် အပျော်ခရီးထွက်ခြင်းပင် ဖြစ်သည်။ တောထဲတွင် စခန်းချခြင်း ဖြစ်ပေ၏။ အခြားနိုင်ငံမှ ကျောင်းသားများသည်လည်း ကျောင်းသား အချင်းချင်း ပြောဆိုဆက်ဆံရန်အတွက် ရုရှားဘာသာ စကားကိုသာ အသုံးပြုရသည်။ ဖုန်းယွီက နေ့လည်ခင်းမှ ရောက်သော်ငြား သူ့ ရုရှားဘာသာစကား ကျွမ်းကျင်မှုသည် အခြားသူများက သူ့ကို စိတ်ဝင်စားလာကြသည်။ သူသည် အမှတ် ၃ အထက်တန်းကျောင်းသားများမှ ပထမဆုံး အခြားကျောင်းသားများနှင့် ပြောဆိုဆက်ဆံ ရောနှောသည့်သူ ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ကျောင်းသားများ အားလုံးသည် မျက်ခင်းပြင်ပေါ်တွင် အပျော်တမ်း ဂိမ်းများကို ကစားရသည်။ သို့သော် အမှတ်၃ အထက်တန်းကျောင်းမှ ဆရာ၊ဆရာမများက မျက်မှောင်ကျုံ့နေကြသည်။ သူတို့ မျှော်လင့်ထားသည့် အတိုင်း စခန်းက မဟုတ်သည့် အတွက်ပင်။

ဒုကျောင်းအုပ်က ထိုနွေရာသီ စခန်းအတွက် အဓိက ရည်ရွယ်ချက် ရှိမည် ဖြစ်ကြောင်း စဉ်းစားမိလိုက်သည်။ ထိုအရာသည် စာပေ အနုပညာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ အစရှိသဖြင့် သို့မဟုတ် ကျောင်းသားများသည် တီထွင်မှုများ ဖြစ်နိုင်သည်။ ဒုကျောင်းအုပ် ရွေးချယ်ထားသည့် ကျောင်းသား တစ်ယောက်သည် အသေးစားတီထွင်မှုများကို ပြုလုပ်ရန် ကျွမ်းကျင်ပေသည်။ နည်းပညာ တက္ကသိုလ်မှ ပါမောက္ခ သုံးယောက်သည် အလွန်စိုးရိမ်နေကြသည်။ သူတို့ အနေဖြင့် သုတေသန စင်တာများနှင့် ဓာတ်ခွဲခန်းများကို မည်သည့်အချိန်မှ သွားလည်နိုင်ပေမည်နည်း။ သူတို့၏ ရည်ရွယ်ချက်မှာ ထိုဓာတ်ခွဲခန်း သုတေသန စင်တာများသို့ သွားလည်ရန် ဖြစ်ပြီး ကလေးများနှင့် ကလေးကစားနည်းများကို ဆော့ကစားခြင်း မဟုတ်ပေ။

သူတို့က ဒုကျောင်းအုပ်စွန်းဆီ ချည်းကပ်လာပြီး ဤစခန်းနှင့် အပြင်တွင် သွားရောက်လေ့လာမှုများက မည်သည့် အချိန်တွင် ပြီးဆုံးမည်ဆိုတာကို သူ့အား တောင်းဆိုလိုက်ကြသည်။ ယခုအစီအစဉ်များသည် အချိန်ဖြုန်းနေခြင်းပင်။

ဒုကျောင်းအုပ်စွန်းသည်လည်း ခွတိခွကျ အခြေအနေတွင် ဖြစ်နေသည်။ သူသည် ခေါင်းဆောင် တစ်ယောက် ဖြစ်သော်ငြား ထိုပါမောက္ခသုံးဦးသည် သူ့ထက် အဆင့်ပိုမြင့်ကာ သူ့အပေါ်ပိုလွှမ်းမိုးနိင်စွမ်းရှိပေသည်။ သူက ရုပ်သေးတစ်ရုပ်လို ခံစားနေရသည်။ နာမည်တွင်သာ ခေါင်းဆောင်တစ်ယောက် ဖြစ်သော်ငြား ကလေးထိန်းတစ်ယောက်နှင့် တူနေပေသည်။

အခြားတစ်ဖက်တွင် နိုင်ငံ တစ်ခုမှ ကျောင်းသားများသည် ကနေကြပြီး လူတိုင်းလူတိုင်းက သံစဉ်နှင့် အညီ လက်ခုတ်တီးနေကြသည်။ ဒုကျောင်းအုပ်စွန်းသည် ပွဲစီစဉ်သူဆီသို့ လျှောက်သွားလိုက်သည်။

သူက တခဏကြာပြီးနောက် သောကရောက်သည့် မျက်နှာထားဖြင့် ပြန်လာခဲ့သည်။ ပါမောက္ခသုံးယောကသည် သူတို့ အနေဖြင့် သုတေသန စင်တာများကို ဘယ်အချိန် သွားရောက်လေ့လာမည် ဆိုတာကို ချက်ခြင်းမေးလိုက်၏။

“ပါမောက္ခတို့ အနေနဲ့ သုတေသန စင်တာတွေကို သေချာပေါက် သွားလည်မှာပါ။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းတော့ မဟုတ်ဘူး။ ဒီစခန်းက နှစ်ပတ်ကြာမှာ။ ပြီးတော့ ပထမဆုံး သွားလည်မှာက နောက်ထပ် သုံးရက်နေရင်ပါ။ ဒီရက်တွေမှ အဓိက လှုပ်ရှားမှု အနေနဲ့ ပျော်ရွှင်ဖို့ပါ”

“ဘာ ပျော်ရွှင်ဖို့လား။ ဒါက နိုင်ငံတကာ စခန်းတစ်ခုလေ။ ဘယ်လိုလုပ် သူတို့က ပျော်ရွှင်မှုလဲ။ ဒီစခန်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ နည်းပညာ မဟုတ်ဘူးလား။”

ပါမောက္ခတစ်ယောက်က မေးစဉ် ဒုကျောင်းအုပ်စွန်းကို စိုက်ကြည့်နေလိုက်တော့သည်။ မော်စကို တက္ကသိုလ်သည် သူ၏ သိပ္ပံနှင့် နည်းပညာများတွင် နာမည် ကျော်ကြားပြီး ထိုစခန်း၏ အဓိက ရည်ရွယ်ချက်က ထိုမျှ မဟုတ်လျှင် မည်သည့် အရာ ဖြစ်နိုင်မည်နည်း။

ဒုကျောင်းအုပ် စွန်းက ပြန်ပြောလိုက်သည်။

“ဒီစခန်းရဲ့ အဓိက ရည်ရွယ်ချက် အနုပညာ”

“ဘာ....”

ပါမောက္ခ သုံးဉီးစလုံးက မှင်သက်သွားကြတော့သည်။

ဒုကျောင်းအုပ်စွန်းက ယင်းကို ကြားသည့် အခါတွင်လည်း သူသည်လည်း လက်ခံရန် အလွန်ခက်ခဲနေသည်။ အဘယ်ကြောင့် ဖိတ်ကြားသည့် စာတွင် အဓိက ရည်ရွယ်ချက် မပါသနည်း။ မော်စကို တက္ကသိုလ်သည် အနုပညာ ဝိဇ္ဇာဖြင့် နာမည်ကျော်ကြားခြင်း မဟုတ်ပေ။

ထပ်ပြောရလျှင် ဤနွေရာသီ စခန်းသည် အနုပညာ စခန်း ဖြစ်လျှင်တောင် ဖိတ်ကြားစာတွင် ထိုအချက်ကို ဖော်ပြထားသင့်ပေသည်။ သူတို့ အနေဖြင့် ထိုဖိတ်ခေါ်သည့် အချက်အလက်ပေါ်မူတည်ပြီး ကျောင်းသားများကို ရွေးချယ်နိုင်ပေသည်။ ဤစခန်းသို့ လာရောက်သည့် ကျောင်းသားများသည် အနုပညာတွင် ပါရမီ ရှိသည့် သူများ မဟုတ်ပေ။

ပြီပြီ။ ငါတော့ ပြီးသွားပြီ။ ငါတော့ ဘယ်အောင်မြင်မှုတွေနဲ နာမည် ရတော့မှာ မဟုတ်တော့ဘူး။ ငါ ရုရှားနိုင်ပြီး ဖုန်းယွီက ပျောက်သွားတယ်။ ပြီးတော့ ရဲတွေတောင် ပါခဲတယ်။ ဒါပေမဲ့ ဖုန်းယွီအနေဖြင့် ပြေပြေလည်လည် ဖြစ်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ အခြားသူတွေရဲ့ အာရုံစိုက်မှုကို ရရှိစေတဲ့ ပြဿနာ အချို့ ရှိခဲ့တယ်။ ငါက နာမည်ပျက်စရာ ကိစ္စတွေ ယူဆောင်လာခဲ့တယ်လို့ ငါခံစားနေရတယ်။

ဖုန်းယွီ၏ ပျောက်ဆုံးသည် ဇာတ်လမ်းက နောက်ဆုံးတွင် ပြီးသွားခဲ့သည်။ ပြီးနောက် သူ့အနေဖြင့် ဤစခန်း၏ အဓိက ရည်ရွယ်ချက်သည် အနုပညာဖြစ်ကြောင်း သိရှိသွားခဲ့သည်။ အခြားနိုင်ငံများမှ ကျောင်းသားများကို ကြည့်လိုက်သည့် အခါ သူတို့သည် သီချင်းဆိုနိုင်ကြသည်။ ကခုန်နိုင်ကြသည်။ ပန်းချီ ဆွဲနိုင်ကြသည်။

သူက အမှတ် ၃ အထက်တန်းကျောင်းမှ ကျောင်းသားများကို ကြည့်လိုက်သည်တွင် သူ၏ ကျောင်းသားများသည် သူတို့လည်ပင်းတွင် ကင်မရာ ချိတ်ထားကာ လျှောက်သွားနေကြသည်။ သူ့အနေဖြင့် အခြားသော အသင်းများက သူ့အသင်းတွင် ဓာတ်ပုံပညာရှင်များဟု ပြောနိုင်သည်လော။ ဗီဒီယို ရိုက်ကူးရန်အတွက် လုံလောက်သည့် အချိန် မရှိပေ။

ပွဲစီစဉ်သူများက ဒုကျောင်းအုပ်အား သူတို့ အသင်းအနေဖြင့် ယခုအသင်းပြီးနောက် ဖျော်ဖြေရန် အလှည့်ကျကြောင်း ပြောလိုက်သည်။ အမှတ် ၃အထက်ကျောင်း၏ အလှည့်ရောက်လာမည် ဖြစ်သည်။ သူ့အနေဖြင့် မည်သူ့ကို ရွေးချယ်ရမည်နည်း။

ဒုကျောင်းအုပ်စွန်းသည် သူ၏ ကျောင်းသားများကို ကြည့်လိုက်သည်။ ပြီးနောက် ဖုန်းယွီကို တွေ့သွားသည်။ အမှတ် ၃ အထက်တန်းကျောင်းသည် သူ့ကြောင့် ဖိတ်ခေါ်ခဲ့ရခြင်း ဖြစ်ပေသည်။ သူ့အနေဖြင့် ဤအနုပညာ စခန်းအကြောင်း သိမည် ဖြစ်ပေသည်။ သူက စခန်းမတိုင်ခင် လေ့ကျင်မှုတွင်လည်း ပါဝင်ခဲ့ခြင်းမရှိပေ။ သူ့အနေဖြင့် ဖျော်ဖြေရန်အတွက် အိမ်တွင် တိတ်တဆိတ် လေ့ကျင့်ခဲ့သည်လော။ ပြီးနောက် အခြားသူများကို အံဩအောင် လုပ်မည်လော။

ဒါပဲ ဖြစ်ရမယ်။ အဲတာ ဖြစ်ကို ဖြစ်ရမယ်။ ဖုန်းယွီက ဝမ်တုန့်ကျွင်းကိုတောင် လေ့ကျင်မှုကနေ လွတ်ဖို့တောင် အကူအညီ ပေးခဲ့သေးတာ။ ဒီစခန်းမှာ အမှတ် ၃ အထက်တန်းကျောင်း အနေနဲ့ နာမည် ပျက်ရင်အောင် အဲဒီဆုံးဖြတ်ချက် ပေးတဲ့သူက ဖုန်းယွီကြောင့်ပဲလို့ ဖြစ်ရမယ်။

“ကျောင်းအုပ်စွန်း ကျွန်တော်ကို ကြည့်နေတာလဲ”

ဒုကျောင်းအုပ်စွန်းသည် အလှပဆုံး အပြုံးဖြင့် ပြောလိုက်သည်။

“ဖုန်းယွီ ဘာကြောင့် ဒီနွေရာသီစခန်းက အနုပညာစခန်းဆိုတာကို မဖော်ပြထားရတာလဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါနဲ့ ကျန်တဲ့သူတွေက အဲ့ကိစ္စကို သတိမပြုမိခဲ့ကြဘူး။ ဒါပေမဲ့ မင်းကတော့ ဒီအကြောင်းကို ဟိုးအရင် ကတည်းက သိခဲ့တယ်။ ဟုတ်တယ်မလား။ အဲ့အတွက်ကြောင့် မင်းနဲ့ ဝမ်တုန့်ကျွင်းက ကြိုတင်လေ့ကျင်မှုမှာ မပါဝင်ခဲ့ဘဲနဲ့။ အိမ်မှာပဲ ဒီဖျော်ဖြေမှုအတွက် ပြင်ဆင်နေခဲ့တာ မဟုတ်လား။”

ဒုကျောင်းအုပ်စွန်း၏ စိတ်အားတက်ကြွနေသည့် ပုံကို ကြည့်ရင်း ဖုန်းယွီက မဝံ့မရဲဖြင့် ပြောလိုက်သည်။

“ကျောင်းအုပ်စွန်း ကျွန်တော်လည်း ဒီကျောင်းအုပ်တို့လိုပဲ ဒီကိစ္စကို သတိမပြုခဲ့ဘူးဆိုတာ ယုံမလား။ မသိဘူး။”

ဒုကျောင်းအုပ်စွန်းက ဖုန်းယွီကို စိုက်ကြည့်လိုက်ကာ

“မင်းဘာပြောလိုက်တာ။ မင်းလည်း ဂရုမစိုက်မိဘူး...။ ဒီနွေရာသီစခန်းက မင်းမိသားစုက မင်းအတွက် စီစဉ်ပေးခဲ့တာ မဟုတ်ဘူးလား။ အဲဒီ အကြောင်းပြချက်ကြောင့်ပဲ ငါတို့ရဲ့ ကျောင်းက ဖိတ်ခေါ်စာ ရခဲ့တာလေ။ ငြင်းနေတာတွေကို ရပ်လိုက်တော့ ဖျော်ဖြေဖို့ အတွက် အဆင်သင့်နေရာယူလိုက်။ မင်းအနေနဲ့ ကတာ၊ ဆိုတာ၊ ပုံဆွဲတာ ဒါမှ မဟုတ် စုတ်ချက်စွဲတာ ဒါမှ မဟုတ် တခုခုဖျော်ဖြေ မင်းဘာလုပ်လုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကျောင်းကိုတော့ နာမည် မပျက်စေနဲ့။ ဒီကိစ္စတွေ ပြီးသွားတာနဲ့။ ငါမင်းကို အတော်ဆုံး ကျောင်းသားဆိုတဲ့ ဆုကို ချီးမြင့်မယ်။”

ဖုန်းယွီက မှင်သက်သွားသည်။ သူသည်လည်း ဤစခန်း၏ ရည်ရွယ်ချက်ကို မသိရှိခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် တစ်ခုတည်း ပြောနိုင်သည့် အရာကား သူ ဤစခန်းတွင် အမှတ်နှင့် နေရာများ ရရှိရန်သာ ဖြစ်သည်။ အစ်ကိုကီလည်း ယုံကြည်ရသည့်လူ မဟုတ်သည်လော။ အကယ်၍ ဖိတ်ခေါ်စာ ယူဆောင်ခဲ့လျှင်တောင် စခန်း၏ အဓိကရည်ရွယ်ချက်နှင့် အသေးစိတ် အချက်အလက်များကို ရှင်းရှင်းလင်းလင်း သိရပေမည်။ ဒီစခန်းရဲ့ အဓိက ရည်ရွယ်ချက်က အနုပညာလော။ တရုတ်နှင့် အရှေ့ဉရောပ အနုပညာများသည် ထူးထူးခြားခြား ကွဲထွက်နေခြင်း မရှိပေ။

ရုတ်တရက်တွင် ဖုန်းယွီက ကျောင်းသား တစ်ယောက် ဂစ်တာ ယူလာသည်ကို မြင်သွားသည်။ သူက သူ့နားကို လျှောက်သွားလိုက်ကာ ပတ်ဝန်းကျင်က သူ့ကို သီချင်းတစ်ပုဒ်ကို မှတ်မိသွားစေသည်။ ထိုသီချင်းက ဆိုဗီယက် ကျေးလက်သီချင်းကို ဘာသာပြန်ထားခြင်း ဖြစ်ပေသည်။ ထိုသီချင်း၏ ဇာတ်လမ်းသည် ယူကရိန်းတွင် အခြေတည်ခဲ့ပြီး အရင်ဘဝတွင် အင်တာနက်ပေါ်၌ အလွန် နာမည် ကျော်ကြားခဲ့သည်။ ဖုန်းယွီက ထိုသီချင်းက ဘယ်လိုဂစ်တာ တီးရမည်ကိုသာ သင်ခဲ့သေးသည်။

မကြာမီတွင် အမှတ် ၃အထက်ကျောင်း ဖျော်ဖြေရမည့် အလှည့် ရောက်လာညသည်။ လူတိုင်းက အချင်းချင်းကြည့်လိုက်ကြပြီး ဖျော်ဖြေရန်အတွက် တစ်ယောက်ယောက်ထလာမည်ကို စောင့်ဆိုင်းနေကြသည်။

ဖုန်းယွီက မတ်တပ်ထရပ်လိုက်ပြီး ယူကရိန်း ကျောင်းသား တစ်ဦးဆီသို့လျှောက်သွားလိုက်သည်။

“နိဟောင်။ ဒီနေ့ ကျွန်တော် နောက်ကျမှ ရောက်ခဲ့လို့ ဂစ်တာယူဖို့ မေ့သွားခဲ့တယ်။ ဂစ်တာ ခဏလောက်ငှားပေးနိုင်မလား။”

ယူကရိန်းကျောင်းသားသည် ကျေကျေနပ်နပ်ဖြင့် ငှားပေးလိုက်သည်။ ဖုန်းယွီက စမ်းသပ်ပြီးနောက် အလယ်တွင် ခြေထောက်ချိတ်ကာ ထိုင်လိုက်သည်။ သူ ဂစ်တာကို စစမ်းကတည်းက အသုံးပြုတာ မကိုက်ညီသေး ဖြစ်နေသေးသည်။ ဖုန်းယွီအနေဖြင့် သူ ဖျော်ဖြေနေသည့် အခိုက် အမှား တစ်စုံတစ်ခုမျှ မလုပ်မိစေရန် မျှော်လင့်ရုံသာ ရှိသည်။

“ကျွန်တော် အနေနဲ့ ကျွန်တော်ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ကို ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အဲ့သီချင်းက ယူကရိန်းကျေးလက်သီချင်းကို အခြေခံထားပါတယ်။ အဲဒီ သီချင်းက လှပပြီး ငယ်ရွယ်တဲ့ မိန်းမပျိုလေးက သူမ အချစ်အပြန်လာကို စောင့်ဆိုင်းနေခဲ့တဲ့ အကျောင်း ဖြစ်ပါတယ်။ သူမရဲ့ ချစ်သူက စစ်ပွဲကို သွားတိုက်နေရပြီး ဘရစ်ဂရော့မှာ စောင့်ဆိုင်းနေပါတယ်။ ဒါပေမဲ့ သူမရဲ့ အချစ်က စစ်ပွဲမှာပဲ ကျရှုံးသွားခဲ့ပါတယ်။”

“သီချင်းစာသားပါ Raw Translation တွေ့ပြီး သီချင်းက ကောင်းတာမို့ raw ကနေ ပြန်ရင် အရသာ မတွေ့မှာ စိုးလို့ပါ။ သီချင်းနဲ့ သပ်သပ်ထပ်တင်ပေးပါမယ်။”

ဖုန်းယွီသီချင်းပြီးသွားသည့် အခိုက် လက်ခုပ်ဩဘာသံများက တအုံးအုံး ထွက်ပေါ်လာခဲ့သည်။ ယင်းသီချင်းက သူတို့၏ ကျေးလက်သီချင်းကို မှီမြန်းထားခြင်း ဖြစ်ကာ ရုရှားဘာသာစကားဖြင့် သီဆိုထားခြင်း ဖြစ်သည်။ စခန်းရှိ ပါဝင်သူများ အားလုံးက ယင်းကို နားလည်ကြသည်။ ကျောင်းသားတစ်ယောက်က သူ့အား သံစဉ်နှင့် သီချင်း၏ စာသားများကို ပေးရန် တောင်းဆိုခဲ့သည်။ အခြား ဆရာ တစ်ယောက်က ဖုန်းယွီကို အသံသွင်းပြီး ရောင်းသင့်ကြောင်းတောင် ပြောလိုက်သည်။

ဒုကျောင်းအုပ်စွန်းက လက်ခုတ်ဩဘာတီးကာ ကျေနပ် အားရ ဖြစ်သွားသည်။ ပြဿနာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီး ဖြစ်သည်။ သူက ဖုန်းယွီကို ကြည့်ကာ မင်းက ပြင်ဆင်ထားပါတယ်ဆိုသည့် အကြည့်ဖြင့် ပြောလိုက်သည်။

All Chapters