← Chapters

ဆိုဗီယက် ပြည်ထောင်စု၏ အသေးစား စက်မှုလုပ်ငန်းများ

Vol. 10 Ch. 149

ဆိုဗီယက် ပြည်ထောင်စု၏ အသေးစား စက်မှုလုပ်ငန်းများ

Vol. 10 Ch. 149

ညနေခင်းတွင် ဖုန်းယွီသည် စစ်ဘက်ဆိုင်ရာ ကားနှင့်အတူ စခန်းမှ ထွက်သွားခဲ့သည်။ သို့သော် ယခုအခေါက်တွင် သူက ပွဲစီစဉ်သည့် ကော်မတီကို အကြောင်းကြားခဲ့သည်။ အမှတ် ၃ အထက်တန်းကျောင်းကို သူ့ကြောင့် ဒုက္ခထပ်မရောက်စေလို၍ ဖြစ်သည်။

ဖုန်းယွီက ထိုနေ့တွင် အရက်မသောက်ရန် စဉ်းစားခဲ့သော်ငြား အဆုံးသူ သူမူးသွားခဲ့ကာ ဟိုတယ်ဆီကို တစ်ဖန် ခေါ်ခဲ့ရပြန်သည်။ အကြောင်းမှာ ကီရီလန်ကို၏ စီးပွားရေး မိတ်ဖက်များ အားလုံး ရောက်ချလာသည့် အတွက်ပင် ဖြစ်သည်။

ဖုန်းယွီ အရင်တစ်ခေါက်က ခေတ်နောက်ကျသည့် ကုန်တင်ကားများ ဝယ်သည့် အခါက အားကောင်းသည့် ယူကရိန်းစစ်တပ်၏ အဏာရှိဒုတိယမြောက် မျိုးဆက်သည် များစွာသော အမြတ်များကို ရခဲ့သည်။ အဘယ်အတွက် ဖုန်းယွီနှင့် ချီးယား မလုပ်ဘဲ နေမည်နည်း။ ချီးယား အကြိမ်ဖန် များစွာ လုပ်ပြီးနောက် ဖုန်းယွီ ထပ်မံ မူးသွားခဲ့ပြန်သည်။

သို့သော် ဖုန်းယွီအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုကို လာရောက်သည့် သူ့ရည်ရွယ်ချက်ကိုတော့ မမေ့ပေ။ သူတို့ စသောက်ကတည်းက ဖုန်းယွီက ယူကရိန်းမိတ်ဖက်ကို သူလိုချင်သည့် အရာများ ပြောပြီးဖြစ်သည်။ ယာယီတွင် ထိုယူကရိန်းမိသားစုသည် ကီရီလန်ကိုထက် ပိုပြီးအာဏာစက်ရှိပေသည်။ ထိုအချက်ကို ကီရီလန်ကို ကိုယ်တိုင်ဝန်ခံထား၏။

ညစာစားသည့် အချိန်တွင် ဖုန်းယွီက အချက်အလက်များစွာကို ရရှိခဲ့သည်။ ဉပမာ အနေဖြင့် ဆိုဗီယက် ပြည်ထောင်စုသည် စက်မှုလုပ်ငန်းများ တီထွင်ထုတ်လုပ်မှုတွင် အားကောင်းနေသေးဆဲ ဖြစ်သည်။ သို့သော် ဆိုဗီယက် ပြည်ထောင်စုသည် စစ်ဖက်ဆိုင်ရာ ထုတ်ကုန်များတွင် ပိုပြီး အားစိုက်ထားကာ အသေးစား စက်မှု လုပ်ငန်းများအတွက် ကောင်းကောင်း မလည်ပတ်နိုင်ပေ။ ထိုအခန်းကဏ္ဍတွင် မညီမျှမှုများ ဖြစ်ပေါ်နေသည်။ သူတို့သည် အရင်းအမြစ်များစွာ ရှိသော်ငြား စီးပွားရေးကို မြင့်တင်ရန်အတွက် များများစားစား ကုန်သွယ်မှု မရှိပေ။ ယင်းက ပြည်သူပြည်သားများ၏ နေထိုင်မှု အဆင့်အတန်းကို အပြင်းအထန် ကျဆင်းသွားစေသည်။

နည်းပညာများစွာက ဖွံ့ဖြိုးပြီး ဖြစ်သည်။ သို့သော် အသုံးချနိုင်အောင် ပြုလုပ်နိုင်ရန်အတွက် ငွေကြေးလုံလောက်မှု မရှိပေ။ ကျွမ်းကျင်သူများနှင့် သာမန် အလုပ်သမားများတွင် မညီမျှသည့် စွမ်းဆောင်ရည်များကို ဖန်တီးထားခြင်း ဖြစ်ပေသည်။ သာမန် အလုပ်သမားများ၏ စံနှုန်းသည် တရုတ်ပြည်ထက်တောင် ဆိုးနေသေးသည်။

ဆိုဗီယက် ပြည်ထောင်စု၏ စက်မှုလုပ်ငန်းများ ကမ္ဘာ့ထိပ်တန်း စက်မှုနိုင်ငံအဖြစ်မှ လျောကျခဲ့ကာ အနောက်ဂျာမဏီကဲ့သို့သော ဉရောပ နိုင်ငံများ၏ ကျော်လွှားမှုကို ခံခဲ့ရသည်။ ထိုအရာက တူညီသည် အကြောင်းပြချက်ကြောင့် ဖြစ်ပေသည်။ သူတို့ ထိုနေရာတွင် အဆင့်မြင့် သုတေသန စင်တာများနှင့် အဆင့်မြင့် နည်းပညာများ ရှိသည်။ သို့သော် သူတို့တွင် အလုံအလောက် မရှိပေ။

ထို့အပြင် ဆိုဗီယက် ပြည်ထောင်စုမှ သိပ္ပံရှင်များကို ခေါ်ဆောင်ခဲ့သည့် သူများသည်လည်း အရှေ့ဂျာမဏီသို့ ပြန်သွားပြီ ဖြစ်သည်။ အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီသည် မကြာမီတွင် ပြန်ပေါင်းစည်းတော့မည် ဆိုသည့် ကောလဟာလများကြောင့် ဖြစ်ပေ၏။

ထိုအကြောင်းပြချက်ကြောင့် သိပ္ပံပညာရှင်များကို ပြန်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဖုန်းယွီ ခန့်မှန်းမိသည်။ လက်ရှိတွင် အရှေ့ဂျာမဏီက ဆိုဗီယက်ပြည်ထောင်စု၏ ကိုလိုနီနယ်ချဲ့ခြင်းဟု စဉ်းစား၍ ရနိုင်ပေသည်။ သူတို့၏ နည်းပညာအဆင့်အတန်းများသည်လည်း ဆိုဗီယက် ပြည်ထောင်စုမှ ခွဲဝေရရှိခြင်းသာ ဖြစ်သည်။ ထိုတိုင်းပြည်မှ ရရှိသည့် အကျိုးအမြတ်သည် ရုရှားထက်တောင် များပေသည်။

ပြန်ရန်ခွင့်ပြုသည့် သိပ္ပံပညာရှင် အများစုမှာ အသက်ကြီးရင့်သူများ ဖြစ်ပြီး ထိုသူများသည် ဆိုဗီယက် ပြည်ထောင်စုကို ထပ်ပြီး မထောက်ပံ့နိုင်သည့် အတွက် ဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စုသည် ထိုကဲ့သို့သော လူမျိုးကို ဂရုမစိုက်ချင်ပေ။ ပြီးနောက် စွမ်းဆောင်ရည်ရှိသည့် သူများက ဆိုဗီယက်ပြည်ထောင်စုကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်သည်။

ဖုန်းယွီက ထိုဂုဏ်ယူနေသည့် ဆိုဗီယက်ကို ကြည့်ကာ သူ့ရင်ထဲတွင်သော တစ်ချက် ရယ်လိုက်သည်။ အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီ ပြန်ပေါင်းစည်းသွားပြီးနောက် ဆိုဗီယက်ပြည်ထောင်စုသည်လည်း စတင် ပြိုကွဲလာမည် ဖြစ်ပေသည်။ သူ၏ အရင်ဘဝက သမိုင်းတွင် ဆိုဗီယက်ပြည်ထောင်စုမှ ထွက်ခွာမည့် ပထမဆုံး နိုင်ငံသည် နောက်နှစ်မတ်လတွင် ဖြစ်ပေ၏။ ထိုအချိန်က ကျီးလန့်စာစား အချိန်ဖြစ်ကာ သူတို့ကိုယ် သူတို့များများရဖို့သာ ကြိုးစားနေကြသည်။

ထိုအရာက ဖုန်းယွီအတွက် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေမည်။ သူ့အနေဖြင့် အဆင့်မြင့် စက်မှု လုပ်ငန်းပစ္စည်းများနှင့် စစ်ဖက်ဆိုင်ရာ စက်မှု ပစ္စည်းများနှင့် နည်းပညာများကို တရုတ်နိုင်ငံကိုတောင် တင်ပို့နိုင်မည် ဖြစ်သည်။ လေယဉ်နှင့် အမြှောက်များတောင် ပါဝင်ကောင်း ပါဝင်နိုင်ပေ၏။

ကံကောင်းချင်တော့ ကီရီလန်ကိုသည် ထိုညတွင် ဖုန်းယွီနှင့် တစ်ခန်းတည်း အတူ မအိပ်ပေ။ မဟုတ်ပါက သူ့အနေဖြင့် ဖုန်းယွီ၏ ဆိုဗီယက် ပြည်ထောင်စုက စက်ရုံတွေ အကုန်လုံးကို ဝယ်မည်ဆိုသည်ကို ကြားရတော့မည် မဟုတ်ပေ။

ထိုနေ့က စခန်းသည် အနုပညာ အကြောင်း သင်ကြားခဲ့သည်။ ဖုန်းယွီက အနုပညာကို စိတ်ဝင်မစားပေ။ ပတ်ဝန်းကျင်ကိုသာ ပျင်းပျင်းရိရိဖြင့် လျှောက်သွားနေ၏။ ညနေခင်းတွင် သူက ခွင့်တိုင်ကာ စခန်းမှ ထွက်သွားပြန်၏။ ဝမ်တုန့်ကျွင်းနှင့် ကျန်သည် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများက ဖုန်းယွီစခန်းမှ ထွက်ခွာခြင်းအား နေသားကျနေပြီ ဖြစ်သည်။ သူတို့အနေဖြင့် ထိုအကြောင်းနှင့် ပတ်သက်ပြီး ဘာမျှ မပြောပေ။ ထို့ကြောင့် သူတို့က ဖုန်းယွီကို သူကြိုက်နှစ်သက်သလို ပြုလုပ်ရန် ခွင့်ပြုပေးခြင်း ဖြစ်ပေသည်။

ထပ်ပြောရလျှင် ထိုပါမောက္ခသုံးဦးအား ကျန်းရွေ့ချင်က သူတို့ မော်စကို တက္ကသိုလ်ရှိ သုတေသန စင်တာများကို လေ့လာခွင့်ရခြင်းမှာ ဖုန်းယွီ မိသားစု၏ လွှမ်းမိုးနိုင်စွမ်းမှုကြောင့် ဖြစ်မှန်း အရိပ်အမြွတ်ပြခဲ့သည်။

ထို့ကြောင့် ပါမောက္ခများ အနေဖြင့် ဖုန်းယွီ၏ အပြုအမူကို မသိသလိုသာ ဟန်ဆောင်နေလိုက်သည်။ သူတို့သည် ဖုန်းယွီအပေါ်တွင် အနည်းငယ် အားရကျေနပ်မှု မရှိပေ။ အကြောင်းမှာ ဖုန်းယွီသည် ကောင်းမွန်သည့် မိသားစုနောက်ခံ ရှိသည်။ သို့သော် သူ၏ စာပေလေ့လာမှုတွင် ရာနှုန်းပြည့် အားမစိုက်သည့် အတွက်ပင်။ အစပိုင်းက သူတို့အနေဖြင့် ဖုန်းယွီကို နည်းပညာတက္ကသိုလ်တွင် တက်ရောက်ရန် စုဆောင်းခြင်ခဲ့သည်။ သို့သော် ယခုတွင် သူတို့၏ စိတ်ပြောင်းလဲသွားခဲ့သည်။ ထိုကဲ့သို့သော ကျောင်းသားများကို အကြံပြုထောက်ခံခြင်းက သူတို့၏ တက္ကသိုလ်ကို နာမည်ပျက်စရာများ ဖြစ်လာစေသည့် အတွက်ပင်။

ထိုညနေခင်းတွင် ဖုန်းယွီက တီဗွီစက်ရုံကို သွားခဲ့သည်။ စက်ရုံ၏ လုပ်ငန်းခွင်ကို အနည်းငယ် လှည့်ပတ်ကြည့်ရှုပြီးနောက် အနည်းငယ်စိတ်ပျက်သွားသည်။

ဒီစက်ရုံက ထုတ်လုပ်တဲ့ ဆိုးဝါးတဲ့ တီဗွီတွေက တရုတ်ပြည်တွင်တောင် ရောင်းချရမည် မဟုတ်။

ဖုန်းယွီက ကီရီလန်ကိုကို စိတ်မချမ်းမြေ့စရာ ဖြင့် ကြည့်လိုက်သည်။

“အစ်ကိုကီ ခင်ဗျား ကျွန်တော်ကို နောက်နေတာလား။ ဒါက ဆိုဗီယက် ပြည်ထောင်စုမှာ ရှိတဲ့ အကြီးဆုံး တီဗွီစက်ရုံလား။ ဒီစက်ရုံရဲ့ အင်္ဂါရပ်တွေက တရုတ်နိုင်ငံမှာရှိတဲ့ စက်ရုံတွေထက်တောင်ဆိုးနေတယ်။”

ဖုန်းယွီက ထိုအချိန်က ဘာဖြစ်ခဲ့မှန်း မသိပေ။ ကမ္ဘာ၏ တီဗွီထုတ်လုပ်သည့်နိုင်ငံများသည် ဂျပန် ဖြစ်ပြီး သူ့နောက်တွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ လိုက်ပေသည်။ ဆိုဗီယက်ပြည်ထောင်စုသည် အဆင့်လေးတွင် ရှိကာ တရုတ်ပြည်ထက် နောက်ကျပေ၏။ သူက ဆိုဗီယက်ပြည်ထောင်စု၏ တီဗွီ ထုတ်လုပ်သူများသည် အကောင်းဆုံး ဖြစ်သည်ဟု တွေးခဲ့သည်။

နှစ်ထောင်ခုနှစ်နှောင်းပိုင်းတွင်တောင် ရုရှားတွင် အဖြူအမဲ သန်းပေါင်းများစွာသော တီဗွီများ ကျန်နေသေးသည်။ ပြီးနောက် ရောင်စုံတီဗွီစက်များကို ၁၉၇၀၊ ၁၉၈၀ခုနှစ်များကတည်းက ထုတ်လုပ်ကာ အသုံးပြုနေကြပြီ ဖြစ်ပေသည။ နောက်ပိုင်းတွင် ဈေးကွက်ကို ဂျပန်၏ ဆိုနီနှင့် ပနစောနစ်ကဲ့သို့သော် စက်ရုံကြီးများက ယူသွားခဲ့သည်။ ရုရှား၏ ပြည်တွင်းတီဗွီ အမှတ်တံဆိပ်များအတွက်မူက သူက တရုတ်ပြည်မှ အစိတ်အပိုင်းများကို ယူကာ သူတို့၏ မော်စကိုမြို့တော် အနီးတွင်ရှိသည့် နိုင်ငံပိုင် စက်ရုံများတွင် တပ်ဆင်ကြသည်။

ကီရီလန်ကိုက အံ့အားသင့်သွားသည်။

“ဒီစက်ရုံက ဆိုဗီယက် ပြည်ထောင်စုက တီဗွီထုတ်လုပ်တဲ့ အကြီးမားဆုံး စက်ရုံပဲ။ တကယ်လို့ မင်းက ဒီထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကို မကြိုက်ဘူးဆိုရင် သူတို့ရဲ့ နည်းပညာကို မင်းစိတ်ဝင်စားမှာပဲ။ သူတို့မှာက so call ကြည်လင်တဲ့နည်းပညာရှိတယ်။ အဲတာတွေက ဖန်သားပြင်ကြီးတွေမှာ အသုံးပြုနိုင်တယ်"

ဖုန်းယွီက so call ကြည်လင်သည့် နည်းပညာကို ကြည့်လိုက်သည်။ ထိုအရာကလည်း တကယ်ကိုပင် ဂျပန်နိုင်ငံနှင့် မယှဉ်နိုင်ပေ။ တရုတ်၏ နည်းပညာနှင့် မျာများစားစားကွဲပြားခြင်း မရှိပေ။ ထိုနည်းပညာများ ပြုလုပ်ရာတွင်လည်း အကျိုးအမြတ်ရမည် မဟုတ်ပေ။ ဖုန်းယွီက တီဗွီစက်ရုံကို ပထမဆုံးအကြိမ်အဖြစ်ငြင်းလိုက်သည်။ ကီရီလန်ကို စိတ်ပျက်သွားသည်။ သူက သူ့ကော်မရှင်ဆုံးရှုံးသွားပြီး ဖုန်းယွီသည် အရာအားလုံးကို မဝယ်ကြောင်းသိရှိသွားပေသည်။ ဖုန်းယွီက တရုတ်ပြည်ထက် ပိုအဆင့်မြင့်သည့် နည်းပညာသို့မဟုတ် စက်ပစ္စည်းများကိုသာ ဝယ်ချင်သည်။

သို့သော် ဖုန်းယွီလိုချင်သည့် စွမ်းအားမြင့် လျှပ်စစ် သံမဏိကြိုစက်သည် ဈေးချိုချိုဖြင့် ဝယ်နိုင်မည် မဟုတ်ပေ။ ဆိုဗီယက် အစီအစဉ်ချသည့် စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲခဲ့သော်လည်း နိုင်ငံပိုင် စက်ရုံများကို သူတို့၏ ငွေရေးကြေးရေး ကိစ္စရပ်များကို စီမံခွင့် ပိတ်ထားသည်။ စစ်ဖက်ဆိုင်ရာသုံးသည့် စက်ပစ္စည်းများကိုတော့ လွယ်လွယ်ဖြင့် ရရှိနိုင်မည် မဟုတ်ပေ။

သူ့အနေဖြင့် ဖုန်းယွီကို မော်တော်စက်ရုံကို ခေါ်ဆောင်သင့်သည်လော။ သူ့အနေဖြင့် ဖုန်းယွီကု ချည်ထည်စက်ရုံသို့ အရင်ဆုံး ခေါ်ဆောင်သင့်ပေသည်။

နောက်တစ်နေ့တွင် ဖုန်းယွီက ချည်စက်ရုံကိုသွားခဲ့သည်။ ထိုစက်ရုံတွင် သုံးသည့် စက်ပစ္စည်းများသည် အလွန် အိုဟောင်းနေပြီ ဖြစ်သည်။ ထိုချည်စက်ရုံများသည်လည်း နည်းပညာများပင် ဖြစ်သည်။ သို့သော် တရုတ်ပြည်ထက်ပိုသာလွန်နေခြင်း မရှိပေ။

ဖုန်းယွီက သူခေါင်းခါလိုက်သည်။ တရုတ်နိုင်ငံ အနေဖြင့် ဆိုဗီယက်ပြည်ထောင်စု၏ အသေးစားစက်မှု လုပ်ငန်းများကို လိုက်မှီပြီ ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ဆိုဗီယက် ပြည်ထောင်စုကို ရှစ်နှစ်မှ ဆယ်နှစ်အတွင်း ကျော်လွန်နိုင်ပေသည်။

သို့သော် ဖုန်းယွီက ၁၉၈၇ထုတ် ချည်စက်ရုံမှ မှာလိုက်သည်။ ယင်းခေတ်ကုန်သည့် စက်ပစ္စည်းများက အလွန်ဈေးချိုပေသည်။ နည်းပညာသည် တရုတ်နိုင်ငံထက် အဆင့်မမှီသော်ငြား ဖုန်းယွီအနေဖြင့် ငွေရှာနိုင်ပေသေးသည်။ အကြောင်းမှာ တရုတ်ပြည်ထက်စာလျှင် ဈေးတစ်ဝက်သာ ရှိသည့် အတွက်ပင်။ ဘင်းမြို့တော်ချည်စက်ရုံ အနေဖြင့်လည်း ထုတ်လုပ်ရေးလမ်းကြောင်း အသစ်အား ဝယ်ချင်နေသည်။ ဖုန်းယွီအနေဖြင့် ယင်းလမ်းကြောင်းအား သူတို့ထံ ရောင်းချနိုင်ပေ၏။ ယင်းကို သူ၏ အမိမြေအတွက် ပံပိုးမှု အဖြစ် စဉ်းစားနိုင်ပေသည်။

သေချာသည်မှာ ဖုန်းယွီအနေဖြင့် ယခု အပေးအယူမှ အမြတ်အချို့ရမည်ပင်။ နှစ်ဆယ်ရာခိုင်နှုန်း အမြတ်သည်လည်း အဆင်ပြေ၏။

နောက်ရက်များတွင် ဖုန်းယွီက မော်စကို တစ်ဝိုက်ရှိ အသေးစားစက်မှုလုပ်ငန်းများဆီ ဈေးဝယ်ထွက်ပေသည်။ သူက ဈေးချိုသည့် စက်ပစ္စည်းများနှင့် နည်းပညာများကို ဈေးချိုချိုဖြင့် ဝယ်ခဲ့သည်။ ယခု ခရီးစဉ်တွင် ဖုန်းယွီက ရူဘယ်တစ်သန်းသာ အသုံးပြုရသေးသည်။သူ့အနေဖြင့် ထိုအရာများကို တရုတ်ပြည်တွင် ရောင်းချလျှင် ရူဘယ် သုံးသန်းခန့်ရမည်ပင်။ အမြတ်က နှစ်ဆထက်တောင် များနေသေးသည်။

All Chapters