အခန်း (၁၅၀)
Vol. 10 Ch. 150
နွေရာသီ စခန်းနှစ်ရက်က မော်စကို တက္ကသိုလ်၏ ပြတိုက်၊ ရုက္ခဗေဒ ဉယျာဉ်၊ ဘုရားကျောင်း၊ ရုပ်ရှင်ရုံ၊ အားကစားကွင်း အစရှိသည့် နေရာများကို သွားရောက်လည်ပတ်ခဲ့သည်။ ထိုအရာများ အားလုံးသည် အနုပညာနှင့် ဆက်စပ်သည့် နေရာများ ဖြစ်ပေသည်။
ဖုန်းယွီက ထိုနေရာများကို မစိတ်ဝင်စားပေ။ အနာဂတ်တွင် သူ့အနေဖြင့် ယင်းနေရာများကို သွားရောက်လည်ပတ်ရန် အခွင့်အရေးအများအပြား ရှိမည် ဖြစ်သည်။ သူက ဆိုဗီယက် ပြည်ထောင်စုရှိ စက်ရုံများ လှည့်ပတ်ကြည့်ရှုခြင်းတွင်သာ အာရုံစိုက်သင့်ပေသည်။ သို့သော် သူ့အနေဖြင့် မော်စကို အနီးတဝိုက်ရှိ စက်ရုံများ အားလုံးကို လည်ပတ်ပြီး ဖြစ်သည်။ ကျန်ရှိသည့် စက်ရုံများမှာ မော်စကိုနှင့် ဝေးသည့် အရပ်တွင် ဖြစ်သည်။ ကီရီလန်ကိုသည် ထိုမော်စကို ပြင်ပရှိ စက်ရုံများကို ခေါ်သွားရန် အခွင့်အဏာ မရှိပေ။ ထို့အပြင် သူ့ကို ခေါ်သွားနိုင်လျှင်တောင် အချိန်လုံလောက်မည် မဟုတ်ပေ။
သူသည် သုံးစွဲရန်အတွက် သန်းပေါင်းများစွာသော ရူဘယ်လ်ငွေကြေးများ ကျန်နေသေးကာ မည်သည့် နေရာတွင် အသုံးပြုရမည်မှန်း မသိသဖြင့် အလွန် စိတ်မကောင်း ဖြစ်နေမိသည်။ ကီရီလန်ကိုက ထိုအကြောင်းကို ကြားသည့် အခါ မျက်လုံးများ လက်သွားတော့သည်။ သူသည် အခြားသူများနှင့် ဆွေးနွေးပြီးနောက် ဖုန်းယွီ၏ဆန္ဒ ဖြစ်သည့် မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် လမ်းကြောင်းနှင့် ဆက်စပ်သည့် နည်းပညာများကို ရအောင်လုပ်ပေးကာ သူ့ဆန္ဒအား ဖြည့်စည်းရန် ဆုံးဖြတ်ချက် ချလိုက်သည်။
သူ့အနေဖြင့် ဖုန်းယွီကို အနည်းဆုံး ထုတ်လုပ်ရေး လမ်းကြောင်း တစ်ကြောင်း ရောင်းမည် ဖြစ်သည်။ ကီရီလန်ကိုက ဖုန်းယွီ၏ အရိပ်အမြွတ်ကို ရရှိပြီးနောက် ဖုန်းယွီက စခန်းကို ပြန်သွားကာ သတင်းကို စောင့်နေတော့သည်။
ယနေ့တွင် နွေရာသီစခန်းမှ ကျောင်းသားများသည် နက္ခတာရာ ပြခန်းသို့သွားလည်ကြသည်။ ကြယ်တာရာများကို ကြည့်ရှုရန်အတွက် နည်းပညာများနှင့် ပစ္စည်းများ များစွာ ရှိပေသည်။ အသုံးပြုသည့် စက်ပစ္စည်းများသည် တရုတ်နိုင်ငံတွင် သုံးသည့် ပစ္စည်းများထက်တောင် ပိုတောက်ပနေသည်။
ပါမောက္ခ သုံးယောက်က သူတို့ ထိုပစ္စည်းများကို အသုံးပြုပြီးနောက် အသေးစိတ် အချက်အလက်များကိုတောင် ဒေတာများကိုတောင် မေးလိုက်သေးသည်။ ဖုန်းယွီနှင့် ကျန်သည့် ကျောင်းသားများ၏ အကူအညီဖြင့် သူတို့သည် ဒေတာတစ်စုံကို ရရှိသွားပေသည်။
ထိုပါမောက္ခသုံးဦးသည် နက္ခတာရာပညာတွင် ကျွမ်းကျင်သည့် သူများ မဟုတ်ပေ။ပြီးနောက် သူတို့ အနေဖြင့် ထိုဒေတာများကို အသုံးမပြုနိုင်ပေ။ သူတို့က မစ်ရှင်တစ်ခု ရှိပေသည်။ သူတို့ အနေဖြင့် မှတ်စု စာအုပ်ထဲတွင် တွေ့သမျှ အချက်အလက်များအား ရေးသားရမည် ဖြစ်ပေသည်။ သူတို့တက္ကသိုလ်ကို ပြန်သွားပြီးနောက် သူတို့ အနေဖြင့် ထိုမှတ်စုစာအုပ်အား အခြားသော သက်ဆိုင်ရာ ပါမောက္ခများကို ပေးနိုင်ပေ၏။
သူတို့ ရရှိခဲ့သည့် အချက်အလက် အစိတ်အပိုင်းများကို သက်ဆိုင်ရာ ပါမောက္ခများ စစ်ဆေးပြီးနောက် လွန်စွာ အကျိုးထူးမည် ဖြစ်ပေသည်။ ထိုအချက်အလက်များက သူတို့၏ သုတေသနပြုချက်များကို နှစ်ပေါင်းများစွာ အချိန်ကို လျော့ချနိုင်မည် ဖြစ်ပေသည်။
နျူကလီးယား ရူပဗေဒ သိပ္ပံဌာနတွင် ထိုပါမောက္ခ သုံးဦးသည် ထူးထူးခြားခြားဖြင့် အာရုံစိုက်နေကြသည်။ သူတို့က ရူပဗေဒ ဆရာ၊ ဓာတုဗေဒဆရာနှင့် ယဉ်ကျေးမှု သင်ကြားသည့် ဆရာများ အဖြစ် တင်သွင်းခဲ့ကြခြင်း ဖြစ်ပေသည်။ သို့သော် အမှန်တကယ်တွင် သူတို့က ရူပဗေဒ ပါမောက္ခ၊ ဓာတုဗေဒ ပါမောက္ခနှင့် စက်ယန္တရားပညာ ပါမောက္ခတို့ ဖြစ်ကြပေသည်။ သူတို့သည် နည်းပညာတက္ကသိုလ်မှ တာဝန်ပေးခံရသည့် ပါမောက္ခများ ဖြစ်ကြပေ၏။
နယ်ပယ် တစ်ခု၏ အသိပညာသည် အတိုင်းတာတစ်ခု အထိရောက်ရှိသည့် အခါတွင် အခြေခံ အကြောင်းအရာများသည် အပြန်အလှန်ဆက်စပ်နေကြသည်။ ထို့ကြောင့် များစွာသော နာမည် ကျော်ကြားသည့် သိပ္ပံပညာရှင်များသည် နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်နေကြခြင်း ဖြစ်ပေသည်။
ပါမောက္ခ သုံးယောက်သည် အမြဲတမ်း ကျောင်းသားများရှေ့တွင် ရှိနေကာ စမ်းသပ်သည့် ပစ္စည်းများအား စိုက်ကြည့်နေကြသည်။
အမ်.... ဒီသုတေသန ပြုချက်က စွမ်းအင်တွေကို ပြုလုပ်တဲ့ အခါမှာ သုံးတာပဲ။ ပြီးတော့ နူကလီးယား ဓာတ်ပေါင်းဖိုတွေ ထုတ်တဲ့ နေရာမှာလည်း သုံးတယ်။ ဒါက အရမ်းအရေးကြီးတယ် မှတ်ထားမှ ရမယ်။
အား... ဒါကလည် အရည်စက်ပစ္စည်းတွေ အတွက် သုတေသန ပြုချက်ပဲ။ ပြီးတော့ ဒီသီအိုရီကို လေကြောင်းနဲ့ လေကြောင်းနဲ့ ပင်လယ်ရေကြောင်းသွားလာမှုတွေမှာ အသုံးချလို့ ရနိုင်တယ်။ ဒါလည်း အရေးကြီးတယ်။ သေချာပေါက် မှတ်ထားမှ ရမယ်။
ဒါက အဆောက်အဦးတည်ဆောက်တဲ့ ပုံစံ အသစ်တစ်မျိုးလား ဒီဟာက တရုတ်နိုင်ငံမှာတောင် မပေါ်ပေါက်သေးဘူးပဲ။ ဒီဟာကိုလည်း သေချာ မှတ်ထားမှ ရမယ်။ ပြီးတော့ ညကျရင်တော့ ငါတို့တွေကို မှတ်စုတွေကို အချင်းချင်းလဲလှယ်နိုင်တယ်။ ပြန်သွားတဲ့ အခါကျရင် သုတေသန စင်တာတွေကို ပို့ပေးနိုင်တယ်။
....
ထိုပါမောက္ခ သုံးယောက်၏ အပြုအမူသည် အလွန် ထူးဆန်းနေကာ မေးခွန်းများကို တောက်လျှောက်မေးတော့သည်။ သို့သော် ဘဝင်မြင့်သည် ဆိုဗီယက်များ၏ အတွေးတွင် သူတို့က ဆိုဗီယက် ပြည်ထောင်စု၏ နည်းပညာများကို မြင်ရသည့်အတွက် အလွန်အံ့ဩမှင်သက်နေသည်ဟု ထင်နေကြကာ ထိုနည်းပညာများက သာမန်သာ ဖြစ်ပေသည်။ သူတို့၏ နည်းပညာများကို စိတ်ဝင်စားသည့်သူ သိပ်မရှိပေ။
အခြားနိုင်ငံများမှ ကျောင်းသားအသင်းများက ဆရာဆရာမများ၏ ရှေ့တွင် သူတို့ အရပ်အနိမ့်အမြင့်အလိုက် ကြည့်ရှုကြသည်။ အရပ်အတိုဆုံးက အရှေ့ဆုံးတွင် နေပြီး အရပ်ရှည်ဆုံးက နောက်ဆုံးတွင် နေသည်။ ဘင်းမြို့တော်၏ အမှတ်၃ အထက်တန်းကျောင်းသည်သာ အခြားသူများနှင့် ကွဲထွက်နေသည်။ အမှတ်သုံး အထက်တန်းကျောင်းက ဆရာဆရာမများသည် ရှေ့မှာ နေပြီး ကျောင်းသားများက အနောက်မှာ နေနေခြင်းပင် ဖြစ်ပေသည်။ ယင်းက တခြားနိုင်ငံမှာ ဆရာဆရာမများ၏ ထူးဆန်းသည့် အကြည့်မျိုးကို ရရှိစေသည်။ တရုတ်နိုင်ငံမှ ဆရာဆရာမများသည် အလွန် ထူးဆန်းပေစွ။
ဝမ်တုန့်ကျွင်းသည်လည်း ကောင်းကောင် မြင်ရန်အတွက် ရှေ့သို့ ရောက်ရန် ဖျစ်ညှစ် တိုးလိုက်သည်။ သို့သော် ဖုန်းယွီက သူ့အား နောက်ကို ပြန်ဆွဲလိုက်သည်။ ဝမ်တုန့်ကျွင်းက ပတ်ဝန်းကျင်အား ကြည့်ရှိလိုက်ပြီးနောက် အခြားကျောင်းမှ ကျောင်းသားများက သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူက တန်းမစီသည့်အတွက်ဖြစ်သည်ဟု တွေးလိုက်မိသည်။ သူက ကျောင်းကို အရှက်ရအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက နောက်တွင်သာ ရပ်လိုက်တော့သည်။ မည်သို့ပင် ဖြစ်စေ သူသည် ရှေ့ကို ရောက်ပြီး ကောင်းကောင်း မြင်ရစေကာမူ သူအနေဖြင့် ဘာမျှ နားလည်မည် မဟုတ်ပေ။
အခြားသော အမှတ် ၃ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည်လည်း ဆရာ၊ ဆရာမများရှေ့ရောက်အောင် မကြိုးစားကြပေ။ သူတို့ ကောင်းကောင်း မမြင်ရလျှင်တောင် ဂရုစိုက်သည် မဟုတ် အကြောင်းမှာ သူတို့ နားမလည်သည့် အတွက် ဖြစ်၏။ သုတေသနစင်တာနှင့် ဓာတ်ခွဲခန်းသည် အလွန်ကြီးမားကာ ယခုခရီးစဉ်က မော်စကို တက္ကသိုလ်အနေဖြင့် အပြင်လူများအား ပထမဆုံး အကြိမ် ဝင်ခွင့်ပေးခြင်း ဖြစ်ပသေည်။
အစက ပွဲစီစဉ်သူများက ကျောင်းသားများကို ထိုသို့ အရေးကြီးသည့် နေရာများကို သွားရောက်လည်ပတ်ရန် ခွင့်ပြုမထားပေ။ ထပ်ပေါင်းပြောရပါက ထိုနွေရာသီ စခန်း၏ အဓိက ရည်ရွယ်ချက်က အနုပညာ ဖြစ်ပေသည်။ သို့သော် သူတို့အထက်အရာရှိများက ထိုကျောင်းသားများကို မော်စကိုတက္ကသိုလ်သို့ တက်ရန် ဆွဲဆောင်နိုင်သည်ဟု အကြောင်းပြချက် ပေးကာ သူတို့ကို ကျောင်းသားများအား လည်ပတ်ခွင့်ပြုရန် ညွှန်ကြားထားခြင်း ဖြစ်သည်။ ယင်းသုတေသန စင်တာများနှင့် ဓာတ်ခွဲခန်းများက စွမ်းရည်ထက်မြက်သည့် သူများကို ဆိုဗီယက် ပြည်ထောင်စုတွင် ပညာသင်ကြားရန်အတွက် ဆွဲဆောင်နိုင်သည့် အရာများ ဖြစ်ပေ၏။
ကျောင်းက သူတို့အား ညွှန်ကြားချက် ပေးကတည်းက ဘာကြောင့် သူတို့က ငြင်းဆိုမည်နည်း။ သို့သော် ပုံမှန်အားဖြင့် သုတေသန စင်တာများ ခရီးစဉ်က အပြင်ပိုင်းတွင် လေ့လာရန်သာ ဖြစ်ကာ အဓိကနေရာများကို သွားရောက်ခြင်း မပြုပေ။ အဘယ်တွက် အထက်အရာရှိများက ထိုကျောင်းသားများကို လုံခြုံရေးသတ်မှတ်ချက် များစွာရှိသည့် အဓိက နေရာများကို ကျောင်းသားများကို ဝင်ခွင့်ပေးခဲ့သနည်း။
တက္ကသိုလ်ခေါင်းဆောင်များက လုံခြုံရေးသတ်မှတ်ချက်များစွာရှိသည့် အရာများဆိုသော်ငြား ကျောင်းသားများက ဝိဇ္ဇာကျောင်းသားများပင် ဖြစ်သည်ဟုတောင် ပြောလိုက်သေးသည်။ သူတို့အနေဖြင့် သီအိုရီနောက်ကွယ်ရှိ အရာများကို နားလည်လိမ်မည့် မဟုတ်ချေ။ ထိုအရာကား မော်စကို တက္ကသိုလ် မည်မျှ ခမ်းနားကြီးကျယ်ကျောင်း ကျောင်းသားများမှ တဆင့် စကားပါးနိုင်သည့် အလွန်ကောင်းမွန်သော အခွင့်အရေး တစ်ခုပင် ဖြစ်သည်။
အကယ်၍ ထိုကျောင်းသားများ အနေဖြင့် လုံခြုံရေးသတ်မှတ်ချက်များစွာရှိသည့် ဒေတာများကို နီးနီးကပ်ကပ် ကြည့်လျှင်တောင် ကိစ္စရှိမည် မဟုတ်ခေ။ သူတိုအနေဖြင့် ထိုကျောင်းသားများ၏ ထိုဒေတာများကို ပေးလျှင်တောင် သူတို့ နားလည်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူတို့ အနေဖြင့် ယင်းဖော်မြူလာများအား နာရီဝက်ခန့် မှတ်ရန် သုံးလျှင်တောင် ထိုနေရာမှ ထွက်သွားပြီး ငါးမိနစ် အကြာတွင် မေ့သွားမည် ဖြစ်သည်။ အဘယ်တွက် စိုးရိမ်စရာများ ရှိမည်နည်း။
ဖုန်းယွီက အကောင်းဆုံး ကြိုးစားခဲ့ပြီး ဖြစ်ကာ ယခုတွင် ပါမောက္ခသုံးဦး ဤနေရာကို ရောက်နိုင်ခဲ့ပြီး ဖြစ်သည်။ ထိုပါမောက္ခ ၃ယောက်သည် နည်းပညာတက္ကသိုလ်မှ ရွေးချယ်ထားခြင်း ဖြစ်ကာ သူတို့၏ နယ်ပယ်များတွင်ကျွမ်းကျင်ကြသည်။ သူတို့က မှတ်သားနိုင်စွမ်းလည်း မြင့်သည်။ သူတို့ မည်မျှအထိ မှတ်သားနိုင်ပြီး ဆိုတာ မပြောနိုင်ပေ။ ဖုန်းယွီအနေဖြင့် ထိုအပိုင်းတွင်တော့ မကူညီနိုင်ပေ။ သူနှင့် ဝမ်တုန့်ကျွင်းက အချို့သော ဖော်မြူလာများကို ကူမှတ်ပေးသည်။ သို့သော် သူတို့က အဆောင်ရောက်သည်နှင့် အားလုံး မေ့သွားတော့သည်။
လေးရက်ဆက်တိုက် သူတို့သည် များစွာသော သုတေသနစင်တာများနှင့် ဓာတ်ခွဲခန်းများကို သွားရောက်ခဲ့သည်။ ယခု နွေရာသီ စခန်းသည် ပြီးဆုံးတော့မည် ဖြစ်သည်။
နောက်တစ်နေ့တွင် နှုတ်ဆက်ပွဲ ကျင်းပပြီး အသင်းများက နှုတ်ဆက်ပွဲပြီးနောက်တစ်နေ့တွင် သူတို့၏ သက်ဆိုင်ရာ နိုင်ငံများကို ပြန်သွားကြသည်။
ည၁၂ ထိုးပြီ ဖြစ်သည်။ ဖုန်ယွီနှင့် ကျန်သည့်သူများက သူတို့ အခန်းထဲတွင် ခရီးစဉ်နှင့် ပတ်သတ်ပြီး သူတို့ မှတ်မိသမျှ အရာ အားလုံးကို ချရေးကြသည်။ ပါမောက္ခ သုံးယောက်က သူတို့ မှတ်မိသမျှ အရာများကို ရေးချပေးရန် ညွှန်ကြားလိုက်သည်။ ကျောင်းသားများက သူတို့ မသေချာသည့်အချက်အလက်များတွင် မတူညီသည့် ကာလာဘောပင်များကို သုံးရသည်။
ဝမ်တုန့်ကျွင်းက အရေးမပါသည့် အရာများကိုသာ ရေးသည်။ သို့သော် ထိုအရာများက ပါမောက္ခများ ညွှန်ကြားချက် အတိုင်းပင် ဖြစ်သည်။ သူက ယင်းအကြံအဉာဏ်များကို လက်လျော့လိုက်သည်။ သူက ပါမောက္ခများအား ဘာကိုမျှ မမှတ်မိကြောင်း ပြောလိုက်၏။
ဖုန်းယွီက သူမှတ်မိသည့် အချက်အလက်များကို ရေးချလိုက်သည်။ သူ့လက်ရှိဘဝတွင် မှတ်သားနိုင်စွမ်းက ကောင်းပေသည်။ သို့သော် သူမှတ်မိသည့် အချက်အလက်များက ပါမောက္ခများအတွက် အသုံးဝင် မဝင်ဆိုသည်ကိုတော့ အသေအချာ မသိပေ။ မည်သို့ပင် ဖြစ်စေကာမူ ထိုအရာများက ပါမောက္ခများ ဆုံးဖြတ်ချက် ချမည်ပင် ဖြစ်သည်။
ကျန်ရှိသည့် ကျောင်းသားများသည်လည်း သူတို့ မှတ်မသမျှ အရာအားလုံးကို ရေးချလိုက်သည်။ ဖုန်းယွီက အခြားကျောင်းသားများရေးနေသည့် အရာများကို တစ်ချက် ကြည့်လိုက်ကာ သူတို့သည်လည်း အများအားဖြင့် အသုံးမဝင်သည့် အရာများ ရေးသားနေခြင်းပင် ဖြစ်ပေသည်။ တက္ကသိုလ်ကို ထောက်ပံ့ခဲ့သည့်ဟု မှတ်သား၍ ရနိုင်သည့် အချို့သော ဆိုဗီယက် သိပ္ပံပညာရှင်များ၏ နာမည်ကို ရေးထာသည့် ကျောင်းသား တစ်ယောက်တောင် ရှိပေသည်။ ဖုန်းယွီက အဘယ်ကြောင့် ထိုကျောင်းသားသည် ယင်းနာမည်များကို မှတ်သားထားမှန်း နားမလည်နိုင် ဖြစ်နေသည်။ ဖုန်းယွီ အသေအချာသိသည်ကား ထိုနာမည်များကား ပါမောက္ခများအတွက် အသုံးမဝင်သည့် အရာများပင် ဖြစ်ပေသည်။
စာရင်းထဲရှိ သိပ္ပံရှင်များက သေဆုံးသည် သို့မဟုတ် လျို့ဝှက်သုတေသန စင်တာများတွင် အလုပ်လုပ်ကိုင်နေသေးဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ထိုစင်တာများကို ကျူးကျော်ဝင်ရောက်ရန် အခွင့်အရေး မည်သည့်အချိန်မှ ရမည် မဟုတ်ပေ။ ထပ်ပြောရပါက ထိုပါမောက္ခ သုံးဦးသည် ထိုသိပ္ပံပညာရှင်များ၏ နာမည်ကို အလွယ်တကူရှာနိုင်ရာ ထိုအရာများကို အဖိုးထိုက်သည့် အချက်အလက်များဟု စဉ်းစား၍ မရနိုင်ပေ။
သို့သော် ကျောင်းသားတစ်ယောက်က ထိတ်လန့်သွားစေသည်။ ဖုန်းယွီက သူ့မှတ်ဉာဏ်သည် ယခုဘဝတွင် ကောင်းသည်ဟု စဉ်းစား၍ ရသည်ဟု ခံစားရသည်။ သို့သော် အမှတ် ၃အထက်တန်းကျောင်းရှိ ထိပ်တန်းကျောင်းသား လျိုခွင်သည် သူ့ထက်တောင် မှတ်သားဉာဏ်ကောင်းပေသည်။ လျိုခွင်သည် တကယ်ပင် များစွာသော အချက်အလက်များကို မှတ်သားနိုင်ခဲ့ကာ ပါမောက္ခသုံးဦး၏ ချီးကျူးမှုတောင် ရခဲ့သည်။
ပါမောက္ခသုံးယောက်များသည် ထိုအချက်အလက်များကို သူတို့ ခရီးဆောင် အိပ်ထဲသို့ အသေအချာ ထည့်ပြီးနောက် ကျောင်းသားများသည်လည်း အိပ်ရာ ဝင်သွားတော့သည်။
ဖုန်းယွီမှ အပ ကျောင်းသားများ အားလုံးသည် နှုတ်ဆက်ပွဲအကြောင်းကို တွေးနေကြသည်။ ဖုန်းယွီ အနေဖြင့် ဖြင့် ယခုတစ်ခေါက်တွင် ကီရီလန်ကိုက မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးလမ်းကြောင်းကို သူ့အတွက် ဝယ်ယူပေးမည်ဟု ယုံကြည်နေ၏။