ဆိုဗီယက် ပြည်ထောင်စု၏ မော်တော်ဆိုင်ကယ်များ
Vol. 11 Ch. 151
နောက်ဆုံးတွင် ကာလ အတန်ကြာ စောင့်ပြီးနောက် ကီရီလန်ကိုက သတင်းကောင်းများအား သယ်ဆောင်လာခဲ့၏။ သူက မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး လမ်းကြောင်းကို ဖုန်းယွီရအောင် ကူညီပေးခဲ့ခြင်း ဖြစ်သည်။
ထိုခေတ်အခါက ဆိုဗီယက် ပြည်ထောင်စုတွင် Minsk, Voskhod, Ural, Dnepr နှင့် IZH Jupiter အမည်ရှိသည့် အမှတ်တံဆိပ် ငါးမျိုး ရှိပေသည်။ ထိုတံဆိပ်များထဲတွင် Voskhodနှင့် Ural သည် တရုတ်နိုင်ငံတွင် အကျော်ကြားဆုံးဖြစ်ကာ အခြားသော အမှတ်တံဆိပ်များနှင့် ယှဉ်နိုင်ပေ၏။
သို့သော် မည်သည့် အမှတ်တံဆိပ်ပင် ဖြစ်စေကာမူ ထိုမော်တော်ဆိုင်ကယ်များသည် တရုတ်နိုင်ငံထက် အနည်းဆုံး ငါးနှစ်ထက် ပိုအဆင့်မြင့်ပေ၏။ တရုတ်နိုင်ငံတွင် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်သည် မြင့်မားနေသည်။ အကြောင်းမှာ ထိုမော်တော်ဆိုင်ကယ်များ၏ ဈေးနှုန်းက တရုတ်ပြည်သူ ပြည်သားများအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည့် အတွက်ပင်။ လူအများစု အတွက် ကားသည် အလွန်ဈေးကြီးပေ၏။
ရှေးဦးစွာ မော်တော်ဆိုင်ကယ်များသည် လက်လှမ်းမှီသည်၊ ပေါ့ပါးသည်၊ မြန်ဆန်ကာ၊ လမ်းကြားများတွင်တောင် မောင်းနှင်နိုင်သည်။ ထိုခေတ်အခါ အတွက် အကောင်းမွန်ဆုံး သယ်ယူပို့ဆောင်ရေးသည် မော်တော်ဆိုင်ကယ်ပင် ဖြစ်ပေသည်။ ထပ်ပြောရပါက ဆီစားသည်မှုကလည်း ကားများထက် နည်းပေသည်။ တစ်ယောက်ယောက်အနေဖြင့် စက်ဘီးစီးနည်းကို သိထားပါက မော်တော်ဆိုင်ကယ် မောင်းနှင်ဖို့အတွက် သင်ရန်က လွယ်ကူပေသည်။ ပြီးနောက် ကားမောင်းသင်ခြင်းထက်တောင် ပိုလွယ်ပေ၏။
နောက်ထပ် အားသာချက် တစ်ခုလည်း ရှိပေသေးသည်။ ထိုခေတ်အခါက မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက် များစွာ မထားရှိပေ။ လူများအနေဖြင့် လိုင်စင် မပါ၊ နံပါတ်ပြား မပါပဲ။ စီးနှင်နိုင်သည်။ ယဉ်ထိန်းရဲ အများစုလည်း မရှိသေးပေ။ ပြီးနောက် စီးနှင်းသူများ အနေဖြင့် သူတို့ မဖမ်းမိသေးသမျှ မော်တော်ဆိုင်ကယ်များကို စီးနှင်နိုင်ပေ၏။
ဖုန်းယွီက ထိုထုတ်လုပ်သည့် လမ်းကြောင်းကို စက်ယန္တရားစက်ရုံသို့ လွှဲပြောင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။ သူက ထိုအခွင့်အရေးကို အရယူမည် ဖြစ်သည်။ သို့သော် ထိုအကြောင်းက သူ့အနေဖြင့် နိုင်ငံပိုင် လုပ်ငန်းများနှင့် အလုပ်လုပ်ကိုင်လိုသည့် အတွက် ဖြစ်သည်။ သို့သော် အကယ်၍ သူသာ စက်ယန္တရားစက်ရုံကို ရှယ်ယာများ ရရန်အတွက် ငွေပေးဝယ်ပါက မြို့တော် အစိုးရက သူ့အား ရှယ်ယာများကို ရောင်းချမည် မဟုတ်ပေ။ သို့သော် ကျန်းရွေ့ချင်က သူ့အား ကတိပေးထားသည်ကား သူ့အနေဖြင့် နည်းပညာများကို အသုံးပြုကာ ရှယ်ယာများအဖြစ် လဲလှယ်နိုင်ခြင်းပင် ဖြစ်ပေသည်။
ဖုန်းယွီက မော်စကို တက္ကသိုလ်တွင် သုတေသနစင်တာများ၌ ခရီးစဉ် စီစဉ်ပေးကာ ပါမောက္ခ သုံးဦးအား နွေရာသီ စခန်းတွင် ပါဝင်စေခဲ့သည်။ အကြောင်းမှာ ကျန်းရွေ့ချင်က သူ့တောင်းဆိုချက် တစ်ခုကို ဖြည့်ဆည်းပေးမည် အတွက်ပင်။
တစ်ချိန်ထဲတွင် ဖုန်းယွီက စက်ယန္တရား စက်ရုံနှင့် နည်းပညာများကို ရှယ်ယာများကို ရှယ်ယာ အဖြစ် ပြောင်းလဲပေးရန် တောင်းဆိုမည် ဖြစ်ကာ စက်ယန္တရားစက်ရုံတွင် မော်တော်ဆိုင်ကယ် စီးပွားရေးအား စတင်နိုင်မည် ဖြစ်ပေသည်။
အကယ်၍ သူသာ ကျန်းရွေ့ချင်ထံ သူ့ထံ စက်ယန္တရားစက်ရုံမှ ရှယ်ယာများကို ဝယ်ယူခွင့်ပေးရန် တောင်းဆိုပါက ကျန်းရွေ့ချင်သည် သေချာပေါက် ငြင်းမည် ဖြစ်သည်။ အကယ်၍ သူ ဝယ်ယူရန် သဘောတူခဲ့ပါက ဖုန်းယွီနိုင်မည့် ရှယ်ယာမှာ အများအပြားရှိမည် မဟုတ်ပေ။ သို့သော် ဖုန်းယွီက မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် လမ်းကြောင်းနှင့် နည်းပညာများကို ရှယ်ယာလဲလှယ်မှုအဖြစ် အသုံးချပါက ယင်းက လုံးဝ ကွဲပြားခြားနားမည်ပင် ဖြစ်သည်။
ထုတ်လုပ်ရေးလမ်းကြောင်း တစ်ခုနှင့် နည်းပညာများက စက်ယန္တရားစက်ရုံအတွက် နောက်ထပ် ဝင်ငွေရသည့် ရင်းမြစ် တစ်ခုပင် ဖြစ်ကာ သူတို့အား သေချာပေါက် ငွေရရှိမည် ဖြစ်သည်။ လူတိုင်းလူတိုင်းက သူတို့ အနေဖြင့် မော်တော်ဆိုင်ကယ် ကောင်းကောင်းရောင်းရမည်ဆိုသည်ကို မြင်နိုင်ပေ၏။
ထိုထုတ်လုပ်သည့် လမ်းကြောင်းနှင့် နည်းပညာများက မည်မျှ အဖိုးတန်ကြောင်း သိသဖြင့် ဖုန်းယွီအနေဖြင့် တဖန် ညှင်သာတော့မည် မဟုတ်ပေ။ ယခုတစ်ခေါက်တွင် သူက စက်ယန္တရားစက်ရုံထံမှ အခွင့်အရေးတစ်ခု သေချာပေါက် အရယူမည် ဖြစ်သည်။ ဖုန်းယွီ အစီအစဉ်သည် စက်ယန္တရားစက်ရုံရှိ သူ့အဖေရှယ်ယာကို နှစ်ဆယ်ရာခိုင်နှုန်းအထိ မြင့်တင်ရန် ဖြစ်သည်။ သူ့အနေဖြင့် ထပ်လျှော့တော့မည် မဟုတ်ပေ။
ပထမက ဖုန်းယွီက သူ့တွင် ထုတ်လုပ်သည့် လမ်းကြောင်း တစ်ခုနှင့် နည်းပညာ အချို့သာ ရှိပါက အလွန်ခက်ခဲသည်ဟု ခက်ခဲလိမ့်မည်ဟု ခံစားရသည်။ လီမင်တက ယင်းကိစ္စအား သဘောမတူပါက ကျန်းရွေ့ချင်လည်း ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ ထပ်ပြောရပါက ကျန်းရွေ့ချင်သည်လည်း စက်ယန္တရားကုမ္ပဏီ ဘက်ခြမ်းတွင်သာ ရှိနေသည်။
သို့သော် ကီရီလန်ကိုက ဖုန်းယွီကို သူ့အနေဖြင့် မော်တော်ထုတ်လုပ်သည့် လမ်းကြောင်းနှစ်ကြောင်းနှင့် နောက်ဆုံးပေါ် မော်တော်ဆိုင်ကယ် နည်းပညာများကို ဆိုဗီယက် ပြည်ထောင်စု မော်တော်ဆိုင်ကယ် ငါးခုထံမှ ရရှိမည် ဖြစ်သည်။ ထိုအရာများက ဈေးမချိုသည့်တိုင် သေချာပေါက် ဆွေးနွေး၍ ရနိုင်ပေ၏။
“စုစုပေါင်းက ဘယ်လောက်လဲ”
ဖုန်းယွီက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“ရူဘယ်ငါးသန်း”
ကီရီလန်ကိုက ပြန်ပြောလိုက်သည်။ ဖုန်းယွီအနေဖြင့် ဤဈေးနှုန်းသည် အလွန်မြင့်ပြီး စတင်ရှင်းချက် ထုတ်မည်ကို သူစိုးရိမ်နေသည်။
“လက်ရှိမှာ မော်တော်ဆိုင်ကယ် အရောင်းနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူး။ ပြီးတော့ ဒီနည်းပညာတွေကို အလွန် အဆင့်မြင့်တယ်။ အဲဒီ ထုတ်လုပ်ရေး လမ်းကြောင်းနှစ်ခုက ၁၉၈၅ခုနှစ်ကမှ လုပ်ထားတာ။ ကောင်းမွန်စွာ အလုပ်လုပ်တဲ့ အခြေအနေ တစ်ခုမှာ ရှိတယ်လို့ ငါအာမခံတယ်။ ပြီးတော့ ငါ့အနေနဲ့ ဒီထုတ်လုပ်ရေး လမ်းကြောင်းတွေ အတွက် သုံးနှစ်အာမခံ ပေးနိုင်တယ်”
ဖုန်းယွီက ကီရီလန်ကိုကို ကြည့်လိုက်သည်။
‘အို ရောင်းချပြီး ဝန်ဆောင်မှု ရှိသေးတာလား။ သုံးနှစ်အာမခံလား။ လုံလောက်သား။ ၁၉၈၅ ထုတ်လုပ်ရေး လမ်းကြောင်းလား။ တကယ်လို့ ၁၉၈၀ခုနှစ်ထုတ် ထုတ်လုပ်ရေး လမ်းကြောင်းတွေတောင် တရုတ်မှာ ရှိတဲ့နည်းပညာထက်တောင် ပိုပြီးတော့ အဆင့်မြင့်နေဦးမှာ။ တရုတ်နိုင်ငံရဲ့ မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ စီးပွားရေးက အခုလက်ရှိမှာ မွေးခါကာ အရွယ်ပဲ ရှိသေးတယ်”
ပုံပန်းသွင်ပြင်၊ အရှိန်ဆွဲအား၊ ဆီစားမှု အစရှိသဖြင့် ဆိုဗီယက်မော်တော်ဆိုင်ကယ်များသည် ဂျပန်ဆိုင်ကယ်များကို တုပထားခြင်း ဖြစ်သည့်တိုင် သူတို့၏ ဆိုင်းထိန်းစနစ်၊ ရှေ့မီးနှင့် အင်ဂျင်နည်းပညာများသည် ကမ္ဘာအကောင်းဆုံးထဲမှ တစ်ခု ဖြစ်ပေသည်။
တရုတ်နိုင်ငံတွင် လက်ရှိလမ်းများ၏ အခြေအနေက ကောင်းမွန်ခြင်း မရှိပေ။ ပြီးနောက် ထို့ကြောင့် ဆိုင်းထိန်းစနစ်နှင့် အင်ဂျင်နည်းပညာတို့သည် အလွန် အရေးကြီးပေသည်။ ထို့အတွက် ဆိုဗီယက် မော်တော်ဆိုင်ကယ် နည်းပညာများသည် တရုတ်နိုင်ငံထက်တောင် ပိုပြီး သင့်လျော်သည်ဟု ပြောနိုင်ပေသည်။
ပုံပန်းသွင်ပြင်က အရ ဖုန်းယွီ သူကိုယ်တိုင်တောင် ဂျပန်ကို အေးအေးဆေးဆေး ကျော်နိုင်သည်။ ယင်းက ပြဿနာ တစ်ခုအဖြစ် ဘယ်တော့မျှ ဖြစ်မည်မဟုတ်ပေ။ ဖုန်းယွီ၏ မျက်လုံးထဲတွင် ထိုခေတ်အခါရှိ ဂျပန်မော်တော်ဆိုင်ကယ်များသည် အလွန်ရုပ်ဆိုးပေသည်။
ဖုန်းယွီက လက်လေးချောင်းထောင်ကာ ပြောလိုက်သည်။
“လမ်းညွှန်ပေးဖို့ ကျွမ်းကျင်ပညာရှင် လေးယောက် ၁နှစ်ပဲလိုတယ်။ ကျွန်တော်ကို မော်တော်ဆိုင်ကယ် ဖွဲစည်းတည်ဆောက်တာနဲ့ စက်ယန္တရားလည်ပတ်မှုတွေကို သင်ပေးရမယ်။ ပြီးတော့ ဒီနည်းပညာနဲ့ ပတ်သတ်တဲ့ အရာအားလုံးကို သင်ပေးရမယ်”
ကီရီလန်ကိုက ပြုံးကာ
“ဒါက ပြဿနာ တစ်ခုမှ မဟုတ်တာ”
သူ၏ ကုန်ကျစရိတ်သည် ရူဘယ်လေးသန်းထက် နည်းပေးရာ ပြီးနောက် သူက ဖုန်းယွီကို ရူဘယ်ငါးသန်းဖြင့် ရောင်းချသည်။ ယင်းက ကောင်းမွန်သည့် အပေးအယူပင် ဖြစ်သည်။ သို့သော် ယခု တစ်ခေါက်တွင် သူက အမြတ်ငွေများကို သူ့ မိတ်ဖက်များနှင့် ခွဲယူကြသည်။ သူက ငွေပမာဏ များများ ရဆဲပင် ဖြစ်သည်။
ထပ်ပြောရပါက သူတို့က ဆုကြီးပြန်ရဖို့အတွက် ငွေအနည်းငယ်သာ သုံးခဲ့ရသည်။ သူတို့က စက်ရုံများကို ပထမဆုံးအနေဖြင့် စရံငွေများသာ ပေးထားရသည်။ ပြီးနောက် စက်ယန္တရားများ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များနှင့် ကျွမ်းကျင်ပညာရှင်များ ဖုန်းယွီဆီ ရောက်မှ ဖုန်းယွီက သူတို့ဆီက ငွေပြန်ပေးချေမည် ဖြစ်သည်။ ထို့နောက် သူတို့ အနေဖြင့် ကျန်ရှိသည့် ငွေများကို စက်ရုံအား ပေးနိုင်ပေ၏။
ထိုကိစ္စတစ်ခုလုံးအတွက် အစတွင် သူတို့အနေဖြင့် ရူဘယ်တစ်သန်းတောင် မကုန်ခဲ့ကာ ရူဘယ်တစ်သန်းကျော် အမြတ်ရခဲ့သည်။ ထို့အပြင် သူတို့က ယခု သဘောတူညီမှုကို ဖုန်းယွီ ကျေနပ်ကြောင်းတွေ့လိုက်၏။ ပြီးနောက် ဖုန်းယွီအနေဖြင့် အနာဂတ်တွင်လည်း သူတို့ဆီ သေချာပေါက် ဆက်သွယ်မည် ဖြစ်ပေသည်။
“အစ်ကိုကီ ကျွန်တော်မှာတော့ တခြား များများစားစား ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ Voldaထုတ်လုပ်ရေး လမ်းကြောင်းနဲ့ နည်းပညာတွေကို ရှာပေးပါဦး။ အစ်ကိုအနေနဲ့ အဲဒီထုတ်လုပ်ရေး လမ်းကြောင်း တစ်ခုနဲ့ ဆက်စပ်တဲ့ နည်းပညာတွေကို ရအောင် ကူညီပေးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့တွေက ညီအစ်ကိုတွေပဲလေ။ ကျွန်တော် အစ်ကိုကို ဂရုစိုက်မှာပါ”
မော်တော်ဆိုင်ကယ်များသည် နောက်နှစ်အနည်းငယ် အတွင်းသာ နာမည် ကျော်ကြားမည် ဖြစ်ကာ ပြီးနောက် လေးဘီးယဉ်များ ဖြစ်လာမည် ဖြစ်သည်။ ဘီလျံနာ တစ်ယောက် ပြောဖူးသည်ကား ကားက အောက်ခံထည်အပါ်မှာ အင်ဂျင်တစ်လုံးနဲ့ ဘီးလေးဘီးပဲပါတာ။ တကယ်လို့ မော်တော်ဆိုင်ကယ် ထုတ်လုပ်နိုင်တယ်ဆိုရင် ကားပါ ထုတ်လုပ်နိုင်တယ်”
ထိုစကားများက ဘီလျံနာ တစ်ယောက် ပြောခဲ့တာ ဖြစ်ပြီး သူသည် အစပိုင်းက Volda ထုတ်လုပ်သည့် နည်းပညာများကအား ဈေးချိုချိုဖြင့် ဝယ်ယူပြီး စတင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် နာမည် ကျော်ကြားသည် တချို့သော ကားအမှတ်တံဆိပ်များနှင့် ရင်ဘောင်တန်းနိုင်ပေသည်။ ပြီးနောက် သူ၏ ဈေးကွက်သည်လည်း မြင့်တက်ဆဲ ဖြစ်သည်။
အဆင့်မြင့် နည်းပညာများဖြင့် ထုတ်လုပ်သော ပြည်တွင်းကား အမှတ်တံဆိပ်၏ ဘီလျံနာ တစ်ဦးထက် ဖုန်းယွီသည် စောပြီး စတင်မည်ဟု ယုံကြည်ပေရာ သူ့အနေဖြင့် တရုတ်နိုင်ငံ၏ ဈေးကွက်ကို အရယူနိုင်မည် ဖြစ်သည်။ အနည်းဆုံးတော့ သူ့အနေဖြင့် ဂျာမဏီနှင့် ဂျပန် ပူးပေါင်းကိုင်တွယ်ထားသည့် ဈေးကွက်ကို ရရှိနိုင်ပေမည်။ သူက ထိုနိုင်ငံခြား ကုမ္ပဏီများကို သူတို့၏ လူမျိုးများထံမှ ရယူခြင်းကို ကာကွယ်နိုင်မည် ဖြစ်ပေသည်။
သူက ယခု အချိန်တွင် ခြေတစ်လှမ်းသာနေပြီ ဖြစ်သည်။ အကယ်၍ လက်ရှိတွင် ကားထုတ်လုပ်သည့် စက်ရုံ တည်ဆောက်နိုင်ခဲ့လျှင်တောင် ကြီးမားသည့် ရင်းနှီးမြှပ်နှံမှု ပြုလုပ်ရမည် ဖြစ်ကာ မော်တော်ဆိုင်ကယ်များလောက်တော့ အကျိုးအမြတ်ကောင်းမည် မဟုတ်ပေ။ ပြန်ရသည်မှာလည်း မထိုက်တန်လှပေ။
ကီရီလန်ကိုက ခေါင်းညိတ်ပြီးနောက် သဘောတူလိုက်သည်။
ထိုအရာများ အားလုံးက သူ့အတွက် အကျိုးအမြတ်ပင် ဖြစ်ကာ စက်ရုံဒါရိုက်တာများတောင် သူ့အား ကျေးဇူးတင်နေမည်ဟု ခံစားနေရသည်။
ထိုထုတ်လုပ်သည့် လမ်းကြောင်းများ ရောင်းချရန် ကီရီလန်ကို အကူအညီမရရှိပါက စက်ရုံများသည် သူတို့၏ အလုပ်သမားများကို လခပေးရန် ငွေရှိသည် မဟုတ်ပေ။ ထိုအလဟာသ ဖြစ်နေသည့် ထုတ်လုပ်သည့် လမ်းကြောင်းများက အချိန်ကြာလာသည်နှင့် ပျက်ဆီးသွားမည် ဖြစ်ပေသည်။ အဘယ်ကြောင့် ထိုပစ္စည်းများကို ရောင်းချပြီး အလုပ်သမားများကို လစာမပေးဘဲ နေမည်နည်း။
ဆိုဗီယက် ပြည်ထောင်စု၏ စီးပွားရေးကဏ္ဍတွင် ပြောင်းလဲမှုကြောင့် များစွာသော စက်ရုံဒါရိုက်တာ များသည် သူတို့၏ စက်ရုံများကို စီမံခန့်ခွဲရန် အာဏာ အပြည့်ရသွားသည်။ သူတို့ သဘောတူသမျှ မည်သူမျှ သူတို့၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ သူတို့က တရုတ်နိုင်ငံထက်တောင် ဗိုလ်ကျလွန်းပေသည်။
ထို့ကြောင့် ကီရီလန်ကိုက စက်ရုံဒါရိုက်တာများနှင့် စကားပြောရန်သာ လိုအပ်သည်။ အချို့က ထုတ်လုပ်သည့် လမ်းကြောင်းများကို ရောင်းချရန် မဝံ့ရဲကြပေ။ သို့သော် သူတို့အနေဖြင့် သူတို့ နည်းပညာများကို ဆိုဗီယက် စစ်တပ်မှ တစ်စုံတစ်ယောက်ဆီသို့ ရောင်းချပါက စိတ်ထဲထားမည် မဟုတ်ပေ။
ပြောစရာ မလိုဘဲ ကီရီလန်ကိုက ထိုနည်းပညာများကို ဆိုဗီယက် စစ်တပ်နာမည် အောက်တွင် ဝယ်ယူခဲ့ကာ ထိုအချက်အလက်က အလွန် အဖိုးတန်ခဲ့၏။
စာချုပ်ချုပ်ဆိုပြီးနောက် နွေရာသီ စခန်းသည်လည်း ပြီးဆုံးလုနီးအချိန်ရောက်လာပြီ ဖြစ်သည်။ ဖုန်းယွီနှင့် ကျန်သည့်သူများက ဘင်းမြို့တော်သို့ ပျံသန်းသွားမည့် လေယဉ်ပေါ်သို့ တက်လိုက်ကြသည်။