စတော့ဈေးကွက်၏ ရွှေခေတ်
Vol. 11 Ch. 153
ဖုန်းယွီက ရုပ်မြင်သံကြားတွင် သတင်းကို ကြည့်နေသည်။ အပ်နှံငွေနှင့် ချေးငွေနှုန်းထားများသည် တစ်ချိန်တည်းတွင် ကျဆင်းလာသည်။ တရုတ် စတော့ ဈေးကွက်၏ ပထမဦးဆုံး ရွှေခေတ် ရောက်လာမည်မှန်း သူသိလိုက်သည်။
“အဖေနဲ့အမေ ကျွန်တော် ဘင်းမြို့တော်ကို သွားဖို့လိုတယ်။ ”
“ဘာ နင်မနေ့ကမှ ပြန်လာတာလေ။ အဲ့ဒါကိုနင်က ထပ်သွားတော့မှာလား။ အခုလက်ရှိက နွေရာသီအားလပ်ရက် မဟုတ်ဘူးလား။ ”
ကျန်းမူဟွက မပျော်မရွှင်ဖြစ်နေသည်။ သူမ၏ သမီးက အိမ်ထောင်ပြုသွားခဲ့ပြီး သူ့သားသည်လည်း အနားတွင် ရှိမနေပေ။
“ကုမ္ပဏီမှ ကိစ္စတစ်ခုခု လုပ်ဖို့အတွက် ရှိလို့ပါ။ ပြီးတော့ အဲ့ဒါက ငွေပမာဏ ကြီးကြီးမားမားနဲ့ ပတ်သတ်နေတယ်။ ထိုက်ဟွစက်ရုံနဲ့ ထျန်ဖုန်း ဝက်ခြံထက်တောင်မှ များအုံးမှာ။ ကျွန်တော်အနေနဲ့ ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်မှရမှာပါ။ စိတ်မပူပါနဲ့။ ကျွန်တော်အနေနဲ့ နွေရာသီ ကျောင်းပိတ်ရက် မတိုင်ခင်မှာ ပြန်လာမှာပါ။ ”
ဖုန်းယွီက ဝမ်တုန့်ကျွင်းနှင့်အတူ ဘင်းမြို့တော်သို့ ပြန်သွားခဲ့သည်။ ဝမ်တုန့်ကျွင်းသည် အိတ်ကြီးကြီးတစ်လုံးကို သယ်ဆောင်ခဲ့ကာ ထိုအထဲတွင် သူ့မိသားစု တစ်စုလုံး၏ စုငွေများ ပါပေ၏။
ဝမ်တုန့်ကျွင်းသည် အစိုးရအမှုထမ်းတွင် ဝင်ချင်ခဲ့သည်။ ပြီးနောက် ဖုန်းယွီက အနာဂတ်တွင် ငွေမက်လုံးများကို သည်းမခံနိုင်မှာ သူစိုးရိမ်မိသည်။ ယခုလက်ရှိတွင် ထိုငနဲသားက ပိုက်ဆံကို စိတ်ဝင်စားခြင်း မရှိသေးသော်ငြား သူခွင့်အာဏာများ ရရှိလာပြီးနောက် သူ့၏ စိတ်ဝင်စားမှုသည်လည်း မပြောင်းလဲ ဟူသည့်အချက်က ပြောရန်ခက်ခဲပေ၏။
ထပ်ပေါင်းပြောရပါက ရှယ်ယာများတွင် ရင်းနှီးမြုပ်နှံခြင်းက တရားဝင်ပေသည်။ ဖုန်းယွီက ဝမ်သဲကွမ်းအား ယခုလက်ရှိတွင် ငွေများရရန်အတွက် အခွင့်အရေး တစ်ခုရှိပြီး ယင်းက လုံခြုံသည်လည်း အာမခံသည်။ ဝမ်သဲကွမ်းသည် အတန်ကြာ တွန့်ဆုတ်နေပြီးနောက် မိသားစုတစ်ခုလုံး၏ စုဆောင်းငွေများ အားလုံးကိုထုတ်ကာ ဝမ်တုန့်ကျွင်းဆီသို့ ပေးလိုက်သည်။ သူက ဝမ်တုန့်ကျွင်းကို ဖုန်းယွီဘာလုပ်လုပ် နောက်ကလိုက်လုပ်ရန်တောင် ညွှန်ကြားလိုက်ပေသည်။
ဝမ်သဲကွမ်း၏ မျက်လုံးထဲတွင် ဖုန်းယွီက အလွန်ထူးဆန်းသည့် လူတစ်ယောက် ဖြစ်ပေသည်။ နှစ်နှစ်ဆိုသည့် ကာလတိုအချိန်တွင် သူက ဖုန်းမိသားစုကို သာမာန် လယ်သမားမိသားစုမှ ဒေသအတွင်းရှိ အချမ်းသာဆုံး မိသားစုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ အစားအစာ ထုတ်လုပ်သည့်စက်ရုံနှင့် ဝက်ခြံကို မဆိုထားနှင့် သူတို့က စက်ယန္တရားစက်ရုံတွင်တောင် အစုရှယ်ယာရှင် ဖြစ်လိုက်သေးသည်။ ယင်းအချက်က သူ့ကို လွန်စွာမှ တုန်လှုပ်သွားစေသည်။
ထပ်ပြောရပါက ဝမ်တုန့်ကျွင်းသည် သူ့အား ဖုန်းယွီအနေဖြင့် ထိုက်ဟွကုန်သွယ်ရေးမှ ဆိုဗီယက်ပြည်ထောင်စုနှင့် လစဉ်လတိုင်း ကုန်သွယ်ခြင်းဖြင့် ရူဘယ်သန်းပေါင်းများစွာ ရခဲ့သည်ဟုတောင် ပြောခဲ့ဖူးသည်။ ဖုန်းယွီ၏ မိသားစုသည် မျက်လုံးပြုးစရာ ကောင်းလောက်အောင် ချမ်းသာလွန်းပေသည်။ ဖုန်းယွီမောင်းနေသည့် ဂျစ်ကားကြီးသည်လည်း ယွမ်သိန်းချီ တန်ဖိုးရှိပေသည်။
ဖုန်းမိသားစုက စိုက်ပျိုးရေးအရာရှိချုပ်ထက်တောင် ပိုလွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ပြီးနောက် အချို့သော အကြောင်းကိစ္စရပ်များကြောင့် ဝမ်သဲကွမ်းသည် ဖုန်းယွီက ထိုသေးငယ်သည့် ငွေပမာဏ လေးများအတွက် လိမ်ညာမည် မဟုတ်သည့်အတွက် စိုးရိမ်မှုမရှိပေ။ သူထိုက်ဟွစက်ရုံတွင် ရင်းနှီးမြုပ်နှံစဉ်က ပိုက်ဆံအများအပြား ရခဲ့သည်။ ပြီးနောက် ယခုတစ်ခေါက်တွင် ဖုန်းယွီအား ဆက်လက်ယုံကြည်သေးဆဲဖြစ်သည်။ သူသည် ဝမ်တုန့်ကျွင်းမှ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဖုန်းမိသားစု ဝယ်ခဲ့သည့် တိုက်ခန်းကဲ့သို့ ကြီးမားသည့် တိုက်ခန်းတစ်ခုကို မြို့တော်တွင် သူ့သားအတွက် ဝယ်ပေးချင်ခဲ့သည်။
“ရှောင်ယွီ အဲ့ဒါက တကယ်ပဲ ငါတို့မိသားစုရဲ့ ပိုက်ဆံကို နှစ်ဆဖြစ်အောင် လုပ်နိုင်တာလား။ ”
ဝမ်တုန့်ကျွင်းက မေးလိုက်သည်။
“နှစ်ဆလား။ မင်းင့ါကို အထင်သေးနေတဲ့ပုံပဲ။ သုံးနှစ်အတွင်း မင်းတို့ရဲ့ပိုက်ဆံက အနည်းဆုံး ငါးဆဖြစ်လိမ့်မယ်ဆိုတာ ငါအာမခံတယ်။ ”
“ဟ ငါးဆလား။ အဲ့ဒါဆိုရင် ယွမ်ငါးသောင်းက ယွမ်နှစ်သိန်းခွဲ ဖြစ်သွားမှာလား။ ”
ဝမ်တုန့်ကျွင်းက အလွန်အံ့အားသင့်သွားသည်။ ဖုန်းယွီအိမ်မှာ ပြောသည်နှင့် ကွဲလွဲနေ၏။
“ငါကအနည်းဆုံး ပြောလိုက်တာ။ စိတ်မပူပါနဲ့။ ရှယ်ယာတွေကို ဝယ်ယူဖို့နဲ့ အဲ့ဒီရှယ်ယာတွေကို သေသေချာချာ သိမ်းထားရုံကလွဲပြီး မင်းဘာမှ လုပ်စရာမလိုပါဘူး။ နှစ်သစ်ကူးပြီးတဲ့ အချိန်ကျရင် မင်းအနေနဲ့ ပိုက်ဆံဘယ်လောက်ရပြီဆိုတာ မင်းရမှာပါ။ ”
ယခုအချိန်တွင် နွားသိုးဈေးကွက်နှင့် လက်ရှိစတော့ဈေးကွက်၏ အညွှန်းကိန်းသည် တစ်ရာကျော်ကျော်သာ ရှိသည်။ တစ်နှစ်ခန့်ကြာပြီးနောက် စတော့အညွှန်းကိန်းသည်1400ပွိုင့်ကျော်ထိ မြင့်တက်သွားမည်ဖြစ်သည်။ ယင်းက ဆယ်ဆကျော် မြင့်တက်ခြင်းဖြစ်သည်။ အနည်းငယ်ဆုံးသော ကံမကောင်းသည့် လူများမှလွဲ၍ ကျန်သည့်သူများက သူတို့မျက်လုံး မှိတ်သည်အထိ ငွေအကျိုးအမြတ်များစွာ ရသည်။
တကယ်တမ်းတွင် ဝမ်သဲကွမ်းက ယွမ်ငါးသောင်းကို ထုတ်လိုက်သည့်အခါ ဖုန်းယွီက အလွန်တုန်လှုပ် သွားခဲ့သည်။ ဝမ်သဲကွမ်းသည် တာဝန်ကျေပွန်သည့် အရာရှိတစ်ယောက်ဖြစ်ပြီး လာဘ်စားသည့်ပုံလည်း မပေါ်ပေ။ ထိုပိုက်ဆံများက သူ၏တစ်သက်စာ စုဆောင်းငွေများပင် ဖြစ်ရပေမည်။
သို့သော် ဝမ်သဲကွမ်းက သူ့ထွန်စက်နှင့် ရွာရှိ သူ့အိမ်ခြံမြေများကို ရောင်းချခြင်းဖြင့် ပိုက်ဆံများ များအောင်လုပ်သည့် အချက်ကိုတော့ ဖုန်းယွီမသိရှိထားပေ။ ဝမ်သဲကွမ်းသည် ကျေးရွာ၏ အရင်းအမြစ်များကို အသုံးမပြုသော်ငြား သူက တော်ရိုင်းမြေများတွင် တိတ်တဆိတ် ထွန်ယက်စိုက်ပျိုးခဲ့ကာ လွန်ခဲ့သည့်နှစ်များက ပိုက်ဆံအများအပြား ရခဲ့သည်။
လယ်သမား တစ်ယောက်အနေဖြင့် သူ၏ထွန်စက်ကို ရောင်းချခြင်းက ယင်းအဓိပ္ပာယ်သည် ထိုလယ်သမားက အရာအားလုံးကို ပုံအပ်လိုက်ခြင်း ဖြစ်ပေသည်။ အသေအချာပင်။ ဖုန်းယွီက ဝမ်မိသားစုကို ဆုံးရှုံးမှုကို မခံစားစေရပေ။ သူ့အနေဖြင့် နွားသိုးဈေးကွက် မစတင်မီ ရက်အနည်းငယ် ကြိုတင်ပြီး ဈေးကွက်ထဲ ဝင်မည်ဖြစ်ကာ ဈေးထိုးမကျခင် ပိုက်ဆံအားလုံးကို ပြန်ထုတ်မည်ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူ့၏ငွေများသည်လည်း ပိတ်မိတော့မည် မဟုတ်ပေ။
ဖုန်းယွီက လီနနှင့်လျိုခွင် မိသားစုကို မေးရန်စဉ်းစားလိုက်သည်။ သို့သော်သူ စွန့်လွှတ်လိုက်သည်။ ထိုမိသားစု နှစ်စုသည် ဝမ်မိသားစုနှင့် ကွဲပြားပေသည်။ ဝမ်မိသားစုနှင့် သူတို့၏ ဖုန်းမိသားစုသည် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ မိတ်ဆွေဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ လျိုခွင်၏အိမ်မက်က သိပ္ပံ ပညာရှင်တစ်ယောက် ဖြစ်ရန်ဖြစ်ကာ အကယ်၍ အောင်မြင်ခဲ့ပါက ဖုန်းယွီအနေဖြင့် သူ့အတွက် သုတေသန ဆင်တာတစ်ခုကို ရင်းနှီးမြုပ်နှံနိုင်သည်။ လီန၏ မိသားစုအတွက်မူ ယင်းက ကိစ္စမရှိပေ။ ဖုန်းယွီက မည်သို့ပင်ဖြစ်စေ ကြွယ်ဝချမ်းသာနေမည်ဖြစ်၏။
ဘင်းမြို့တော်သို့ ပြန်သည့်အခါ ဖုန်းယွီက ထိုက်ဟွကုန်သွယ်ရေးသို့ တန်းတန်းမောင်းသွားခဲ့သည်။ သူရောက်ရှိသည့်အခါ ထိုက်ဟွကုန်သွယ်ရေး၏ ဝန်ထမ်းများအားလုံးက ရောက်နေသည်။ အသစ်ခန့်အပ်ထားသည့် ဘဏ္ဍာရေး စာရင်းကိုင်တစ်ယောက် အပါအဝင်ဖြစ်သည်။ လီရှစ်ချင်သည်လည်း ထိုထိုက်ဟွကုမ္မဏီတွင် ရှိနေသည်။ အကြောင်းမှာ ဖုန်းယွီအနေဖြင့် အရေးကြီးသည့် တစ်စုံတစ်ခုကို ကြေညာရန်အတွက် ဖြစ်သည်။
“လူတိုင်းလူတိုင်းအနေဖြင့် ထိုက်ဟွကုန်သွယ်ရေးမှာ တစ်နှစ်ကျော် အလုပ်လုပ်ခဲ့ရတဲ့အတွက် ဘယ်လို ခံစားမိပါသလဲ။ ”
ဖုန်းယွီက သူ့မေးခွန်း အဆုံးသတ်လိုက်သည့် အချိန်တွင် ဝူကျီကန်းက ရုတ်တရက် ထအော်လိုက်သည်။
“ကျွန်တော်တို့ရဲ့ဘဝမှာ ထိုက်ဟွကုန်သွယ်ရေးမှာ အလုပ်လုပ်ရန် ခွင့်ရခြင်းက အကောင်းဆုံးသော ဆုံးဖြတ်ချက် တစ်ခုပါပဲ။ စက်ပစ္စည်းစက်ရုံကို ပြန်သွားခဲ့ရင် ကျွန်တော်တို့အနေနဲ့ အလုပ်သမားတစ်သုတ် အနားယူတာကို စောင့်ရပြီး သူတို့နေရာမှာ အစားထိုးခံရမှာ။ အဲ့ဒီနေရာက အလုပ်ပင်ပင်ပန်းပန်း လုပ်ရတယ်။ ပြီးတော့ တစ်လမှာမှ ယွမ်တစ်ရာဝန်းကျင်ပဲရတယ်။ အဲ့ဒီလစာက ကျွန်တော်တို့ ဒီမှာရတဲ့ Bonusလောက်တောင် မရှိပါဘူး။ ”
“ဒါအမှန်ပဲ။ မန်နေဂျာဖုန်း စိတ်ချထားလိုက်ပါ။ ကျွန်တော်တို့အနေနဲ့ ကုမ္မဏီအတွက် အလုပ်ကြိုး ကြိုးစားစားလုပ်ပြီး မန်နေဂျာရဲ့ ဦးဆောင်မှုကို လိုက်မှာပါ။ ကျွန်တော်တို့အနေနဲ့ ထိုက်ဟွ ကုန်သွယ်ရေးမှလွဲပြီး ဘယ်ကုမ္မဏီကိုမှ ထပ်မသွားပါဘူး။ ”
သူတို့၏အတွေးတွင် ဖုန်းယွီက သူတို့အနားကို ချဉ်းကပ်ကာ လစာမြင့်မြင့်ပေးမည်ဟု ကမ်းလှမ်းသည့် တစ်စုံတစ်ယောက်ကြောင်း မတော်မဆ ပြောမိသွားခြင်းဖြစ်သည်။ တောင်ပိုင်းပြည်နယ်များမှ သူဌေးကြီးတစ်ယောက်က အရောင်းစာရေးများ လာလျှောက်ကြတာ ဘင်းမြို့တော်နှင့် အနီးတစ်ဝိုက်တွင် လုပ်ကိုင်သည့်လူများ ဖြစ်ပေသည်။ သူပေးသည့်လစာမှာ တစ်လလျှင် ယွမ်နှစ်ရာဖြစ်သည်။ သို့သော် သူတို့က အရူးများမဟုတ်ကြပေ။ အကယ်၍ သူတို့ ထိုသူဌေးကြီးထံတွင် အလုပ်လုပ်လျှင် သူတို့အနေဖြင့် အခြေခံလစာကိုသာ ရရှိမည်ဖြစ်ပေသည်။ ထိုက်ဟွကုန်သွယ်ရေး၏ အကျိုးအမြတ်က လွန်စွာများပေသည်။ ဖုန်းယွီက အပိုစုကြေးများနှင့် ဆုငွေများကို မကြာခဏလိုလိုပင် ထုတ်ပေးလေ့ရှိသည်။ မနှစ်က ဖုန်းယွီကသူတို့အား ပေဂျာတစ်ခုစီ ပေးခဲ့သည်။ ထိုအရာက သူတို့၏ နှစ်ပေါင်းများစွာ လစာတန်ဖိုး ရှိပေ၏။
ဖုန်းယွီက ရယ်ကာ လက်ထောင်လိုက်သည်။ သူက ထိုလူများအတွက်မူ Idolတစ်ယောက်ပမာ ဖြစ်နေသည်။ အကယ်၍ ဖုန်းယွီသာ ကျင့်သုံးတစ်ခုကို ဆောင်ရွက်လျှင် သူတို့ကို လွယ်လွယ်ဖြင့် ဦးနှောက်ဆွယ်နိုင်မည် ဖြစ်ပေသည်။
“အဲ့ဒါဆိုရင် ငါပြောချင်တဲ့ ဆီကိုပဲ တည့်တည့်ပဲ ပြောတော့မယ်။ တကယ်လို့ မင်းတို့တွေ ငါ့နောက်က လိုက်မယ်ဆိုရင် မင်းတို့တွေအကုန်လုံးကို ဆုံးရှုံးမှုတစ်ခုမှ ခံစားရစေမှာ မဟုတ်ဘူး။ မင်းတို့အကုန်လုံးကို ငါ့ရဲ့အမြတ်ရှာတဲ့ နည်းဗျူဟာတွေနဲ့ ဂရုစိုက်မယ်။ နောက်နှစ်ဝက်အတွက် လုပ်စရာအလုပ်ကတော့ ရှယ်ယာတွေကို ဝယ်ဖို့ပဲ။ ”
ရှယ်ယာတွေလား။ ဝူကျီကန်းနှင့် ကျန်သည့်ဝန်ထမ်းများက အချင်းချင်း ကြည့်လိုက်ကြသည်။ ရှယ်ယာဆိုသည်က အဘယ့်နည်း။ လီရှစ်ချင်တစ်ယောက်သာ မအံ့သြပေ။ ဖုန်းယွီကသူ့အား ရှယ်ယာအကြောင်းကို အရင်က ပြောခဲ့ဖူးသည်။ ပြီးနောက်ယင်းက အကျိုးအမြတ် အလွန်ရသည့် စီးပွားရေးဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ငွေတိုက်စာချုပ် ရောင်းချခြင်းထက်တောင် ပိုရမည် ဖြစ်ပေသည်။
ယခုတစ်ခေါက်တွင် လီရှစ်ချင်က ဖုန်းယွီကို မေးလိုက်သည်။ တကယ်လို့ ထိုအရာက အလွန်အကျိုးအမြတ် ရပါက သူတို့အနေဖြင့် ဘာကြောင့် ထိုစီးပွားရေးကို မလုပ်ဘဲ နေမည်နည်း။ ဖုန်းယွီက အချိန်ကောင်းရောက်မှဟု ပြောခဲ့သည်။ အကယ်၍ သူတို့သည် ရှယ်ယာများကို နောက်ကျမှ ဝယ်ယူလျှင် သူတို့အနေဖြင့် မည်သည့်အကျိုးအမြတ်မှ ရမည်မဟုတ်ပေ။ ဖုန်းယွီပြောတာကို ကြားသည့်အခါမှ ယခုအချိန်က သင့်တင့်လျှောက်ပတ်သည့် အချိန်လော။
ဖုန်းယွီက သူ့လူများကို ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ရှယ်ယာတွေက ငွေတိုက်စာချုပ်နဲ့ ဆင်တူတယ်။ ဒါပေမဲ့ ကွဲပြားတဲ့အချက်ကတော့ ရှယ်ယာတွေကို အစိုးရက ထုတ်ပေးတာ မဟုတ်ဘူး။ မှတ်တမ်းတင်ခံထားရတဲ့ ရှယ်ယာကုမ္မဏီက ရှယ်ယာတွေကို ထုတ်ပေးပြီး နှစ်ကုန်ပိုင်းမှာ အမြတ်ငွေစုနဲ့ ရှယ်ယာရာခိုင်နှုန်းပေါ် မူတည်ပြီးတော့ ကုမ္မဏီက လွန်ခဲ့သည့်နှစ်က ရခဲ့သည့် အမြတ်ငွေများအပေါ်တွင် အခြေခံခြင်း ဖြစ်ပေသည်။ ရှယ်ယာတွေနဲ့ဆိုရင် ငါတို့က ကုမ္မဏီရဲ့ ရှယ်ယာရှင်အဖြစ် စဉ်းစားလို့ ရနိုင်တယ်။ ငါတို့လက်ထဲမှာ ရှယ်ယာကိန်းဂဏန်းတစ်ခုထိ ရောက်လာတယ်ဆိုရင်တော့ ငါတို့က ရှယ်ယာရှင် အစည်းအဝေးတွေကို တက်ရောက်နိုင်တယ်။ ”
ဝူကျီကန်းနှင့် ကျန်သည့်သူများက တွေဝေနေသည်။ သူတို့က နားမလည်ခြင်း ဖြစ်ပေသည်။ အမြတ်ဝေစုနှင့် အပိုစုကြေးများက ငွေစုစာရင်းကဲ့သို့လော။ ဒါပေမဲ့ ဒီဟာတွေကို အစိုးရက ထုတ်ပေးတာ မဟုတ်ဘူး။ မှတ်တမ်းတင်ခံထားရတဲ့ ရှယ်ယာကုမ္မဏီက ထုတ်ပေးတာ။ အဲ့ဒီရှယ်ယာတွေက ယုံကြည်လို့ ရလို့လား။
“မင်းတို့တွေအကုန်လုံး ငွေတိုက်စာချုပ်ရဲ့ ဈေးနှုန်းတွေ ရုတ်တရက် မြင့်လာမယ်လို့ ပြောလိုက်တာကို မှတ်မိသေးလား။ ငါမင်းတို့ အကုန်လုံးကို ပြောလိုက်မယ်။ ရှယ်ယာတွေရဲ့ ဈေးနှုန်းကလည်း မြင့်လာပြီးတော့ အဲ့ဒီဈေးမြင့်တာက အလွန်ကြီးပြီးတော့ ငွေတိုက်စာချုပ်ထက်တောင် ပိုမြန်ဆန်တယ်။ ယွမ်တစ်ရာပေးရတဲ့ ရှယ်ယာတစ်ခုက တစ်နှစ်အတွင်းမှာ ယွမ်နှစ်ရာတန်ကြေးထိ ဖြစ်လာနိုင်တယ်။ မင်းတို့တွေအကုန်လုံး ကိုယ်တိုင် တွက်ချက်နိုင်ပြီး အဲ့ဒီကနေ ဘယ်လောက်ရလဲဆိုတာ စဉ်းစားကြည့်လိုက်တော့။ ”
အခန်းထဲရှိ လူများအကုန်လုံး လီရှစ်ချင်မှအပ အသက်ပြင်းပြင်း ရှုနေကြပြီး သူတို့၏ မျက်လုံးများသည် အံ့သြမှုကြောင့် ပြူးကျယ်နေကြသည်။ ထိုရှယ်ယာများက အလွန်တန်ဖိုး ရှိသည်လော။
“ငါမင်းတို့ကို ပြောလိုက်မယ်။ တကယ်လို့မင်းတို့တွေ ငါ့နောက်ကအတိုင်း လိုက်မယ်ဆိုရင် ငါဂရုစိုက်မယ်။ တကယ်လို့ ငွေရှာဖို့ နည်းလမ်းကောင်းတွေ ရှိမယ်ဆိုရင်တော့ ငါမင်းတို့တွေ အကုန်လုံးကို မျှဝေပေးမယ်။ တကယ်လို့ မင်းတို့တွေက လုပ်ချင်တယ်ဆိုရင် မင်းတို့တွေအကုန်လုံးက မင်းတို့ရဲ့ငွေတွေကို ထုတ်ပေးရုံပဲ။ ပြီးတော့ ရှယ်ယာတွေကို ဘယ်လိုဝယ်ရမလဲဆိုတာ သင်ပေးမယ်။ ရှယ်ယာတွေဆီက ရတဲ့ဟာတွေက မင်းတို့နဲ့သက်ဆိုင်တယ်။ တကယ်လို့ တစ်ခုခု ချို့ယွင်းပြီးတော့ ဆုံးရှုံးခဲ့တာတွေ ဖြစ်တယ်ဆိုရင်တော့ ငါမင်းတို့ကို အစားထိုးပေးမယ်။ ”