ငါ အကုန်လုံး လိုချင်တယ်။
Vol. 11 Ch. 154
ဖုန်းယွီသည်တွင် ယွမ် သန်းပေါင်းဆယ်ချီ ရှိသော်လည်း တရုတ်ဈေးကွက်သည် အလွန် ကြီးလွန်းသည်။ သူ့တွင် ငွေအများကြီး ရှိသည့်တိုင် သူအနေဖြင့် ရှယ်ယာများ အားလုံးကို ဝယ်ရန်ကား မတက်နိုင်ပေ။ သူတက်နိုင်သည်ကား ၁ရာခိုင်နှုန်းတောင် မရှိ။ ၁၉၉၀နှစ်များ မဟုတ်သေးသော်လည်း အစုစပ် ကုမ္ပဏီများ သောင်းချီ ရှိနေပြီ ဖြစ်ကာ သူတို့ထဲမှ အများစုကား စတော့ ထုတ်ရောင်းကြသည်။ တစ်နိုင်ငံလုံးတွင် ရှယ်ယာများ ရောင်းချသည့် ကုမ္ပဏီများ ရာချီ ရှိနေပြီ ဖြစ်သည်။
လီရှစ်ချင်ချင်က မျက်မှောင်ကျုံ့နေ၏။ ငါတို့တွေက ရတာတွေကို ယူရမယ်။ ဒါပေမဲ့ မင်းက ရှုံးရင်တောင် ပေးဦးမှာလား။ ဘယ်သူက ဒီလို အရာမျိုး လုပ်မှာမို့လဲ။ မင်းကိုယ်တိုင် ယုံကြည်ချက် အပြည့်ရှိရင်တောင် ဒီလိုမျိုး မလုပ်သင့်ဘူး။
ဖုန်းယွီက စာချုပ် အထပ်လိုက်ကို ထုတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“မင်းတို့တွေကို ရှေ့မှာ ပြောခဲ့တဲ့ အရာအားလုံးက ဒီစာချုပ်မှာ လက်မှတ်ထိုးပြီးသာနဲ့ သက်ရောက်မှုရှိပြီ”
ဝူကျီကန်းနျင့် ကျန်သည့် ဝန်ထမ်းများက စာချုပ်ကို ဖတ်လိုက်ကြသည်။ စာချုပ်ကာလမှာ အနှစ်သုံးဆယ် ဖြစ်သည်။ ယင်းကာလအနေဖြင့် သူတို့ အလုပ်လုပ်နိုင်သည့် တစ်ဝက်နီးပါးဟု စဉ်းစား၍ ရနိုင်ပေသည်။ ထို့ပြင် ထိုထဲတွင် ရုတ်ခြည်းထွက်ခွာရင် သို့မဟုတ် နှုတ်ထွက်ပါက သူတတို့အနေဖြင့် လွန်ခဲ့သည့် ရရှိခဲ့သည့် တစ်နှစ်လုံးစား အတွက် လျော်ကြေးငွေ သုံးဆ ပေးဆောင်ရမည် ဖြစ်သည်။ ယင်းအချက်က အလွန်ကို ရက်စက်လွန်းပေ၏။
ထိုလူများက ဖုန်းယွီအတွက် တစ်နှစ်ကျော်ခန့်သာ အလုပ်လုပ်ခဲ့သေးတာ ဖြစ်ကာ သူတို့၏ မနှစ်က ပျှမ်းမျှ ဝင်ငွေသည် ယွမ် တစ်သောင်းခန့် ရှိသည်။ လျော်ကြေးငွေ သုံးဆက ယွမ် သုံးသောင်း ဖြစ်မည်ပင်။
“ငါက မင်းတို့တွေ အားလုံးကို ငွေရှာဖို့အတွက် ခေါ်မှာပါ။ ပြီးတော့ မင်းတို့အားလုံးကို ဘယ်လို ငွေရှာရမလဲဆိုတာ၊ စီးပွားရေးကို ဘယ်လို ညှိနှိုင်းမှု လုပ်ရမလဲဆိုတာကိုပါ သင်ပေးမှာ။ တကယ်လို အခုက စက်ရုံသာဆိုရင် မင်းတို့တွေ အားလုံးက ငါ့ကို ရှီးဖော် ဆရာလို့ ခေါ်ရမှာ။ ငါအနေနဲ့ မင်းတို့တွေ အကုန်လုံးကို ငွေရှာဖို့ အတွက် ဆက်ခေါ်သွားမှာ ပြီးတော့ မင်းတို့ရဲ့ ဝင်ငွေတွေ နှစ်တိုင်း နှစ်တိုင်း မြင့်လာမှာ သေချာတယ်။ ပြီးတော့ မင်းတို့ရဲ့ လစာက စက်ယန္တရားစက်ရုံ ဒါမှ မဟုတ် တရုတ်နိုင်ငံမှာရှိတဲ့ အစိုးရပိုင် လုပ်ငန်းတွေမှာ လုပ်တဲ့သူတွေထက်တောင် လစာပိုများမယ်။ ဒါပေမဲ့ ငါမင်းတို့တွေ အကုန်လုံးကို လေ့ကျင့်ပြီးရင်တော့ ငါအနေနဲ့ မင်းတို့တွေ အကုန်လုံးကို ထွက်သွားဖို့နဲ့ အခြားသူတွေကို ဝင်ခွင့် ပေးတော့မှာ မဟုတ်ဘူး။ ပြီးတော့ ငါသင်ကြားခဲ့တာတွေကို အသုံးပြုပြီး ငါကို ယှဉ်ပြိုင်ခွင့် မပေးနိုင်ဘူး။ မင်းတို့တွေ အကုန်လုံးမှာ စာချုပ်ကို လက်မှတ်ထိုးဖို့ အခွင့်အရေး တစ်ခု ရှိတယ်။ တကယ်လို့ မင်းတို့တွေ လက်မှတ်ထိုးခဲ့ရင် မင်းတို့တွေကို ဂရုစိုက်မှာပါ။ မင်းတို့အနေနဲ့ လက်မှတ် မထိုးဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ အခု ထွက်သွားလို့ ရပြီ”
ဖုန်းယွီအနေဖြင့် ဝူကျီကန်းနှင့် ကျန်သည့်သူများ အနေဖြင့် အကောင်းဆုံး အရည်အချင်း ပိုင်ဆိုင်ထားသည့်ဟု အခိုင်အမာ မဆိုရဲသော်ငြား သူတို့ တွေးသည့် အတွေးများနှင့် အခြားသော လုပ်ကိုင်မှုများတွင် သာမန်လူ တစ်ယောက်ထဲ ပိုကောင်းမွန်ပေသည်။ ထို့ပြင် သူတို့က ထိုက်ဟွ ကုန်သွယ်ရေးတွင် ရောင်းချရေး နည်းစနစ်များကိုလည်း သင်ယူခဲ့သည်။ ထို့အတွက် ဖုန်းယွီအနေဖြင့် သူတို့အား စာချုပ်ဖြင့် ချုပ်နှောင်စေခြင်း ဖြစ်သည်။
ကျန်သည့်သူများ ဘာမျှ မတုန့်ပြန်ခင် ဝူကျီကန်းသည် တွန့်ဆုတ်မှု မရှိဘဲ စာချုပ်တွင် သူ့နာမည်အား လက်မှတ်ထိုးလိုက်တော့သည်။ အခြားသူများသည်လည်း ချက်ခြင်းပင် လိုက်လုပ်ကြတော့သည်။ အသစ်ဝင်လာသည့် ဘဏ္ဍာရေးဝန်ထမ်းနှစ်ဦးတောင် စာချုပ်တွင် လက်မှတ်ထိုး၏။ အနှစ်၂၀ ကြာ စာချုပ် တစ်ခုအနေဖြင့် နိုင်ငံပိုင်လုပ်ငန်းများတွင် ထမင်းအိုး အလုပ်နှင့် ညီမျှပေသည်။ မန်နေဂျာဖုန်းကလည်း သူတို့အနေဖြင့် သူတို့ကို နိုင်ငံပိုင် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူများကဲ့သို့ အငြိမ်းစားယူခွင့်နှင့် ပင်စင်လစာ ပေးမည်ဟုလည်း ကတိပေးထားသည်။
ဖုန်းယွီက ယင်းကတိမျိုးကို ပေးရခြင်းကား ၁၉၉၂ခုနှစ်တွင် တရုတ်နိုင်ငံသည် လူမှုဖူလုံရေးကို မိတ်ဆက်ခဲပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီများ အားလုံး မဖြစ်မနေ လုပ်ရမည့် အရာ ဖြစ်လာခဲ့သည်။ လူမှုဖူလုံရေးသည် ငွေကြေးပမာဏ နည်းနည်းဖြစ်ပြီး ဖုန်းယွီက ထိုအတွက် စိတ်ထဲ သိပ်မထားပေ။
အခန်းထရှိ လူတိုင်းက စာချုပ်ကို လက်မှတ်ထိုးသည်ကို မြင်သောအခါ ဖုန်းယွီက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ကာ
“စာချုပ်ကာလကို အနှစ်နှစ်ဆယ်လို့ အရမ်းမတွေးနဲ့။ ငါ့အနေဖြင့် မင်းတို့တွေကို နှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်မှာ မင်းတို့တွေ အကုန်လုံး မီလျံနာနဲ့ ကုမ္ပဏီမှာ ရှယ်ယာရှင်တွေ ဖြစ်လာမယ်။ အဲတာက သူဌေးတွေထဲက တစ်ယောက် ဖြစ်တာနဲ့ အတူတူပဲ။ အခုတော့ မင်းတို့တွေ အနေနဲ့ ငွေဘယ်လောက် ထုတ်မလဲဆိုတာကိုပြော။ ငါ များများစားစား မပြောတော့ဘူး။ နှစ်နှစ်အတွင်းမှာ မင်းတို့ ဒီနေ့ ထုတ်တဲ့ ပိုက်ဆံထက် နှစ်ဆရဲ့ အနည်းဆုံး နှစ်ဆ ဖြစ်လိမ့်မယ်(၄ဆ)”
ဝူကျီကန်းနှင့် ကျန်သည့် သူများ၏ မျက်လုံးများလည်း ကျယ်လာတော့သည်။ နှစ်ဆရဲ့ နှစ်ဆလား။ အဲအဓိပ္ပာယ်က တစ်သောင်းက နှစ်နှစ်အတွင်း လေးသောင်းဖြစ်မှာလား။ အဲတာက အလုပ်လုပ်တာထက်တောင် ပိုမြန်မြန် ရတာပင်။
“ကျွန်တော် ယွမ် တစ်သောင်းခွဲ ထုတ်မယ်”
“ကျွန်တော် ယွမ် နှစ်သောင်းထုတ်မယ်”
“ကျွန်တော် ယွမ် တစ်သောင်းရှစ်ထောင် ထုတ်နိုင်တယ်"
……
လူတိုင်းက သူတို့ ရင်းနှီးမြှပ်နှံလိုသည့် ပမာဏကို အော်လိုက်ကြသည်။ အသစ်နှစ်ယောက်ကတောင် ယွမ် ငါးထောင်ဆီ ထုတ်သည်။ အကယ်၍ သူတို့လက်ရှိတွင် ယွမ် ၅၀၀၀မရှိလျှင်တောင် သူတို့အနေဖြင့် မိတ်ဆွေနှင့် ဆွေမျိုးများထံမှ ချေးယူနိုင်ပေသည်။ သူတို့ ပေးရမည်ကား အတိုးပင် ဖြစ်ပေသည်။
ဝန်ထမ်းသစ်နှစ်ယောက်က ထိုက်ဟွကုန်သွယ်ရေး၏ ဘဏ္ဍာရေးတွင် တာဝန်ရှိသူ နှစ်ယောက် ဖြစ်ကာ သူတို့ အနေဖြင့် ထိုက်ဟွ ကုန်သွယ်ရေးတွင် ဘယ်လောက်ရှိမှန်း သိပေသည်။ ဝန်ထမ်းများထံမှ စုဆောင်းထားသည့် စုစုပေါင်းပမာဏက ထိုက်ဟွ ကုန်သွယ်ရေး၏ အကောင့်ရှိငွေများနှင့် ယှဉ်ပါက မပြောပလောက်ပေ။ ထို့အတွက် သူတို့အနေဖြင့် ဖုန်ယွီအနေဖြင့် သူတို့၏ သေးနုပ်သည့် ငွေပမာဏကို လိမ်မည်ဟု မထင်ခြင်းပင် ဖြစ်သည်။
“ကောင်းပြီ။ မနက်ဖြန်ကစပြီး မင်းတို့တွေက အတွဲလိုက် မတူညီတဲ့ ဘဏ်တွေကို အတွဲလိုက်သွားပြီး ရှယ်ယာတွေကို ဝယ်ရမှာ။ မှတ်ထားနော် မင်းတို့ ဝယ်နိုင်သမျှ ကုန်ဝယ်ခဲ့။ မင်းတို့ရဲ့ ပိုက်ဆံတွေကို သုံးပြီး ငါတို့ရဲ့ ကုမ္ပဏီမှာ နောက်အပတ်ကျ လိုချင်တဲ့ ရှယ်ယာတွေ ဝယ်နိုင်တယ်။ ရှယ်ယာ လက်မှတ်တွေ အကုန်လုံးကို အတူတကွ လုံခြုံတဲ့ အခန်းတစ်ခုထဲမှာ ထားထားမှာ။ တာ့ကျော့နဲ့ ရှောင်လျို စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(အိုင်စီဘီစီဘဏ်)ကို ငွေသားပြင်ထားပေးလို့ အကြောင်းကြားထားပေ။ ငါ့အနေနဲ့ သူတို့ ပြင်ဆင်ပေးနိုင်တဲ့ ငွေ အမြင့်ဆုံး အမောင့်ကို လိုချင်တယ်”
ဝူကျီကန်းနှင့် ကျန်သည့်သူများသည်လည်း သူတို့ အလုပ်ကို ပြန်သွား၏။ အစည်းအဝေးခန်းထဲတွင် လီရှစ်ချင်နှင့် ဝမ်တုန့်ကျွင်းသာ ကျန်ခဲ့သည်။
“ယောက်ဖ လောဂျစ်စတစ် ကုမ္ပဏီ လည်ပတ်မှုကို သက်ရောက်မှု မရှိဘဲ ရန်ပုံငွေ ဘယ်လောက်ရှိလဲ။ အစ်ကိုမှာ ရှိတဲ့ အပိုရန်ပုံငွေတွေ အကုန်လုံးကို ရှယ်ယာ ဝယ်တဲ့ အခါ သုံးလိုက်"
လီရှစ်ချင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ဘယ်ရှယ်ယာဝယ်ဝယ် ကိစ္စမရှိဘူးလား။ တကယ်လို့ အဲတာက ရှုံးခဲ့ရင်ကော။ ငါတို့တွေ အနေနဲ့ ရန်ပုံငွေရဲ့ တစ်ဝက်ကိုပဲ အရင်ဆုံး မဝယ်ကြည့်သင့်ဘူးလား”
သူ့တွင် မရှိသည့် အခါ လီရှစ်ချင်က သတ္တိရှိခဲ့၏။ သူ့ချမ်းသာသည့် အခါ သူက စတင်ပြီး သတိထားလာသည်။ သူ့အနေဖြင့် အပတ်တကုတ်လုပ်ပြီး ရလာသည့် ငွေများကို မဆုံးရှုံးခြင်ပေ။
“ယောက်ဖ ကျွန်တော်ကို ယုံကြည်ပေးပါ။ အရာအားလုံးက အဆင်ပြေသွားမှာပါ။ သတင်းက ချေးငွေနှုန်းထားနဲ့ အပ်ငွေနှုန်းက နည်းလာပြီလို့ ပြောထားတယ်။ အဲ့အဓိပ္ပာယ်က အစိုးရက ကျွန်တော်တို့ကို ငွေပိုသုံးစေ◌ချင်တဲ့ အဓိပ္ပာယ်ပဲ။ အခုမှ ငွေတိုက်စာချုပ်ကနေ ငွေများများစားစား မရတော့ဘူး။ အခုက စတော့ခေတ်ရောက်နေပြီ။ အစိုးရကလည်း အဲတာကို အားပေးနေတာ”
လီရှစ်ချင်က စိတ်ကို ပြန်ပြင်ဆင်လိုက်သည်။ သူရရှိသမျှ ရန်ပုံငွေများ အားလုံးကို အသုံးပြုမည် ဖြစ်သည်။ လက်ရှိတွင် လော်ဂျစ်စတစ်ကကုမ္ပစီအနေဖြင့် လည်ပတ်မှု စရိတ်မှလွဲပြီး များများစားစား သုံးစွဲစရာ မရှိပေ။
ဖုန်းယွီက မျက်မှောင်ကျုံ့လိုက်သည်။ ယွမ် တစ်သန်းခွဲပဲလား။ သူ့အစ်မအတွက် ယောက်ဖက ဘယ်အချိန်မှ ဆေးရုံ ဆောက်ပေးနိုင်မည်နည်း။ ဟန့် သူ့ယောက်ဖကို ဘဏ်ကို ဆွဲခေါ်သွားမှ ရပေမည်။
“ကောင်းပြီ။ အစ်ကို့ရဲ့ ဝန်ထမ်းတွေကို ဘဏ်မှာ ငွေပြင်ဆင်ဖို့ ပြောထားလိုက်ဦး”
ဘင်းမြို့တော်တွင် အစုရှယ်ယာရောင်းချသည့် ကုမ္ပဏီ မရှိပေ။ ပြီးနောက် ရှယ်ယာများကို ငွေတိုက်စာချုပ်များကဲ့သို့ ရောင်းချခြင်း ဖြ်စသည်။ သူတိုကို ဘဏ်မှ ရောင်းချခြင်း ဖြစ်ပေသည်။ စတော့ဝယ်ချင်ပါက သို့မဟုတ် စတော့ရောင်းချချင်ပါက ဘဏ်ရှိ ကောင်တာကို သွားရမည် ဖြစ်ပေသည်။ ရှယ်ယာများ ကုန်သွယ်ခွင့်ကို နှစ်ဦးနှစ်ဖက် လုပ်ရန် ခွင့်ပြုမထားပေ။
သေချာသည်မှာ ဘဏ်ခွဲများ၊ လက်လီ အရောင်းဆိုင်များနှင့် အစုရှယ်ယာရောင်းချသည့် ကုမ္ပဏီများမှလွဲပြီး တခြားနည်းဖြင့် ရှယ်ယာရောင်းချရန် နည်းလမ်းမရှိပေ။
နောက်ဆုံးအနေဖြင့် အစုရှယ်ယာများကို ရောင်းချလိုပါက ယင်းကုမ္ပဏီအနေဖြင့် ရှယ်ယာများကို ထုတ်ပေးရမည် ဖြစ်ပေသည်။
ဘဏ်များတွင် ငွေလွဲပြောင်းခြင်းက လွယ်ကူပေသည်။ သို့သော် အစုရှယ်ယာရောင်းချသည့် ကုမ္ပဏီများ သို့မဟုတ် အခြားနေရာများတွင် ငွေစက္ကူဖြင့် အသုံးပြုရသည်။ ငွေစက္ကူဖြင့် ဝယ်ယူခြင်း၊ ရောင်းချခြင်းက ပိုပြီး အကျိုးများပေသည်။ ထိုခေတ်အခါက ရှယ်ယာများ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းကို အီလက်ထရောနစ်နည်းဖြင့် လုပ်ဆောင်ခြင်း မဟုတ်ပေ။ သက်သေခံ စာရွက်စာတမ်းများ အသုံးပြုခြင်း ဖြစ်ပေသည်။ ရှယ်ယာများသည် ယွမ် ၅၀၊ ယွမ် ၁၀၀နှင့် ယွမ် ၂၀၀ အသီးသီး ဈေးရှိကြပေသည်။ ၁ယွမ်သည် ရှယ်ယာ တစ်ရာနှင့် ညီမျှပေသည်။
ရှယ်ယာများကို ထုတ်ပေးခြင်းက ကနဦး အဆင့်တွင်သာ ရှိသေးပြီး များစွာ စည်းမျဉ်းစည်းကမ်းများလည်း မရှိသေးပေ။ အကယ်၍ ထိုအရာများက ရှုပ်ထွေးနေပါက လူများစွာက ရှယ်ယာများကို ဝယ်မည် မဟုတ်ပေ။ ထို့ပြင် ဘဏ်၏ အစုရှယ်ရာရောင်းချသည့် ကောင်တာသည် နောက်ပိုင်းနှစ်များကဲ့သို့ LED ဘုတ်ပြားအသုံးပြုခြင်း မဟုတ် ကျောက်သင်ပုန်းသာ အသုံးပြုခြင်း ဖြစ်သည်။ ရှယ်ယာများ၏ ဈေးနှုန်းနှင့် အလွဲများကို မြေဖြူဖြင့် ရေးထားခြင်း ဖြစ်သည်။ ရှယ်ယာအများစုက ကိန်းဂဏန်း တစ်လုံးသာ ရှိကြပေသည်။
အဘယ်ကြောင့် လူများက ရှယ်ယာများကို ဝယ်ပြီး ပြန်မရောင်းချရသနည်း။ အကြောင်းကား ရှယ်ယာများကို ဝယ်သည့်သူများက ထိုရှယ်ယာများကို စာရင်းသေ အပ်ငွေ အဖြစ် စဉ်းစားသည့် အတွက်ပင်။ လူအများစုက ငွေတိုက်စာချုပ်ကို ကုန်သွယ်နေဆဲ ဖြစ်သည်။ အကယ်၍ သူတို့လက်ထဲတွင် ရှယ်ယာများ ရှိပါက အနည်းငယ်မျှသာ ထိုရှယ်ယာများကို ရောင်ချပေလိမ့်မည်။ လပေါင်းများစွာ ကြသည့်တိုင် ရှယ်ယာများကို ရောင်းချသည့်သူ မရှိပေ။
……
နောက်တစ်နေ့ မနက်စောစောတွင် တရုတ်ဆောက်လုပ်ရေးဘဏ်(စီစီဘီ)က တံခါးဖွင့်လိုက်ရုံသာ ရှိသေးသည် လူငယ်နှစ်ယောက်က အစုရှယ်ယာ အရောင်းကောင်တာသို့ ရောက်လာတော့၏။
“မင်္ဂလာ နံနက်ခင်းပါ။ ဘာကူညီပေးရမလဲ။ ငွေတိုက်စာချုပ်တွေ ဝယ်ယူမလို့လား”
ငွေတိုက်စာချုပ်များသည် နာမည်ကျော်ကြားဆဲ ဖြစ်ပြီး အမြဲတမ်း လူများက အစုရှယ်ယာရောင်းချသည့် ကောင်တာတွင် ငွေတိုက်စာချုပ်များကို ဝယ်ယူကြသည်။
ဖုန်းယွီက မေးလိုက်သည်။
“ရှယ်ယာ အမျိုးအစားဘယ်နှစ်ခုရနိုင်မလဲ။ပြီးတော့ စုစုပေါင်းက ဘယ်လောက်လဲ”
ဘဏ်ဝန်ထမ်းက မှင်သက်သွားသည်။ စက္ကန့်အနည်းငယ်ကြာ သူမျက်စိ လည်သွားသည်။ စုစုပေါင်းက ဘယ်လောက်လဲ။ ဘာ။ မင်းက အကုန်လုံး ဝယ်မလို့လား။ စုစုပေါင်းက အနည်းဆုံး တစ်သန်းကျော်တယ်။ မင်းတက်နိုင်လို့လား။
“ရှယ်ယာ အမျိုးအစား စုစုပေါင်း ရှစ်မျိုးရှိတယ်။ ပြီးတော့ စုစုပေါင်းက ယွမ် နှစ်သန်း။ မင်းက ရှယ်ယာတွေ ဝယ်မလို့လား။ ဘယ်နှစ်ရာဖိုး ဝယ်မှာလဲ”
ဖုန်းယွီက ရယ်လိုက်ကာ
“ယွမ် ၂သန်းပဲလား။ နည်းလိုက်တာ။ ငါအကုန်လုံး လိုချင်တယ်”