← Chapters

ချေးငွေများကို ပိုရယူခြင်း

Vol. 11 Ch. 159

ချေးငွေများကို ပိုရယူခြင်း

Vol. 11 Ch. 159

အထက်အရာရှိများထံမှ ရရှိခဲ့သော လိမ်ညာသည့်သတင်းက ဖူကွမ်းကျန်းကို အလွန်ထိတ်လန့်သွားမည်မှန်း ဖုန်းယွီသိပေသည်။ ထိုသတင်းများကြောင့် ဖူကွမ်းကျန်းအနေဖြင့် သူ့မိသားစုကို ညှိနှိုင်းမှု ရယူကာ သူ့အား ချေးငွေထုတ်ပေးခြင်း သို့မဟုတ် ဟောင်ကောင်ဘဏ်များမှ ချေးငွေရရှိအောင် ပြုလုပ်ပေးနိုင်ပေသည်။

ဖူကွမ်းကျန်းအပါအဝင် ကျန်သည့်သူ့မိသားစုဝင်များကလည်း ဖုန်းယွီတွင် ကြီးမားသည့် နောက်ခံအင်အားရှိသည်ဟု တစ်ချိန်လုံး ယူဆခဲ့ကြသည်။ လက်တွေ့တွင် သူ၏မိဘများက လယ်သမားများ ဖြစ်သည်။ သို့သော် သူ့အနေဖြင့် အခြားမသိနိုင်သည့် လူများနှင့် အဆက်အသွယ်ကောင်းကောင်း ရှိနိုင်ပေသည်။ အကယ်၍ ဖုန်းယွီတွင် ကြီးမားသည့်နောက်ခံမရှိပါက သူ့အနေဖြင့် ထိုသတင်းများကို မည်သို့ ရမည်နည်း။ ဖုန်းယွီအနေဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့် မည်သို့ ကုန်သွယ်နိုင်မည်နည်း။ ပြီးနောက် သူ့အနေဖြင့် ဆိုဗီယက်ရထားများကို သူ့ကုန်များ တင်ပို့ရန်အတွက် သုံးနိုင်မည်နည်း။ အထူးသဖြင့် ဖုန်းယွီအနေဖြင့် အတွင်းသတင်းများ မရရှိပါက သူသည် အဘယ့်ကြောင့် ငွေတိုက်စာချုပ်ကို အစက ရင်းနှီးမြှုပ်နှံရဲသနည်း။

ဖုန်းယွီ၏ တတိယဝမ်းကွဲဦးလေး သို့မဟုတ် ဒုတိယဝမ်းကွဲဦးလေးသည် ဗဟို သို့မဟုတ် ထိုနေရာတွင် ရှိသည့်အကြီးတန်းအရာရှိများနှင့် အဆက်သွယ်ရှိကောင်းရှိနိုင်ကာ ပေါ်လစီများ ချမှတ်မှုနှင့် ပတ်သတ်ပြီး သတင်းများကို ရရှိနိုင်ပေသည်။ ထိုအကြောင်းပြချက်က ဖုန်းယွီအနေဖြင့် ရင်းနှီးမြှုပ်နှံမှု အားလုံးကို ရရှိမည်ဖြစ်ပေသည်။ ဖူကွမ်းကျန်းကို ဖုန်းယွီပေးသောသတင်းသည် အမှောင်ထဲက တစ်ယောက်ယောက်ဆီမှ ရလာခြင်းသာ ဖြစ်ပေမည်။

အဲ့တာဆိုရင် တရုတ်နိုင်ငံမှာ အစုရှယ်ယာစာရင်းဝင်ကုမ္ပဏီတွေ မကြာခင်မှာ ပေါ်လာတော့မယ့် ပုံပဲလား။

ဖူကွမ်းကျန်းက သူ့အဖေကို ဖုန်းခေါ်လိုက်ပြီး သူ့ကို ဖုန်းယွီသူ့အား ပြောပြခဲ့သည့် သတင်းများကို ပြောပြီး ဖုန်းယွီအနေဖြင့် သူတို့ထံမှ စုပေါင်းအတိုးနှုန်း တစ်ဆယ်ရာခိုင်နှုန်းဖြင့် ချေးငွေ သုံးနှစ်ကြာ ရယူလိုကြောင်းပြောသည်။

ဖူရုန်ကျင်းက မေးခွန်းများထပ်ပြီး မေးလိုက်ကာ ဖုန်းယွီအနေဖြင့် တရုတ်စတော့စျေးကွက်တွင် ရင်းနှီးမြှုပ်နှံရန်အတွက် ချေးငွေလိုခြင်းဖြစ်ကြောင်း သိရှိသွားပြီး ထိုစတော့များက သာမန်စတော့များ မဟုတ်ပေ။ ဖုန်းယွီက စျေးကွက်ထဲရှိ စတော့ရှယ်ယာအမျိုးအစားအားလုံးကို ဝယ်ယူချင်သည်။ သူ့အနေဖြင့် တစ်ခုခုထူးဆန်းသည်ဟု ခံစားရသည်။ တရုတ်၏စတော့သည် အလားအလာရှိလျှင်တောင် စတော့တိုင်းက ငွေဖြစ်လာမည်မဟုတ်ချေ။ အစပိုင်းတွင် အစုရှယ်ယာစာရင်းဝင်ကုမ္ပဏီများအနည်းငယ်တောင် မရှိသေးသော်ငြား တရုတ်ပြည်တွင် ရှိသည့် လူများစွာက ရှယ်ယာများကို ဝယ်နေကြသည်လော။

ဖူရုန်ကျင်းသည် အခြားသော ကျန်သည့်မိသားစုဝင်များကို ဆက်သွယ်လိုက်ကာ သူတို့ကို ဖူကွမ်းကျန်းရရှိခဲ့သည့် သတင်းများကို ပြောလိုက်သည်။ ယန်းငွေကြေး မြင့်တက်လာမည်။ ဂျပန်အိမ်ခြံစျေးကွက် ပျက်စီးလိမ့်မည်။ တရုတ်စတော့အိတ်ချိန်း မကြာမီတွင် ဖွင့်လှစ်မည်ဖြစ်ကာ အစုရှယ်ယာစာရင်းဝင် တရုတ်ကုမ္ပဏီများ မကြာခင် ပေါ်ပေါက်လာမည် ဖြစ်ပေသည်။

ဖူမိသားစု၏ အကြီးအကဲဖူရုံချွီသည် ဘဏ္ဍာရေးစျေးကွက်တွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကာ သူ၏ကုမ္ပဏီသည်လည်း သုတေသန ပြုလုပ်နေသည်။ အမေရိကန်ပြည်ထောင်စုသည် ဂျပန်နိုင်ငံ၏စီးပွားရေးတွင် ကြားဝင်ပြီး ဖြစ်သည်။ ထို့အတွက် ယန်းငွေကြေးများမြင့်တက်လာခြင်းက ပြည်ထောင်စုအတွက်လည်း အကျိုးရှိမည် ဖြစ်ပေသည်။

သူက ဖြည်းဖြည်းနှင့် သေသေချာချာ စောင့်ကြည့်နေသည်။ သို့သော် ဖူရုန်ကျင်းထံမှ သတင်းရရှိပြီးနောက် သူ့အနေဖြင့် ယန်းငွေကြေးများ စျေးတက်လာနိုင်ချေမှာ အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းရှိမည်ဟု သူ ခံစားမိပေသည်။ တရုတ်နိုင်ငံ၏စီးပွားရေးစနစ်က စတင်ကာစ ရှိသေးသော်ငြား ကြီးထွားမှု အလွန်အံ့ဖွယ်ပင် ဖြစ်နေသည်။ တရုတ်နိုင်ငံတွင် ၎င်းတို့၏ စီးပွားရေးစီမံကိန်းရေးဆွဲမှု ကော်မတီတွင် ထိတ်တန်းပုဂ္ဂိုလ်များရှိနေကာ ၎င်းနှင့် နှိုင်းယှဉ်လျှင် ပိုမို စိတ်ချရသည့် သတင်းအချက်အလက်များ ရရှိမည်မှာ သေချာပေသည်။

သို့သော် ဖူမိသားစု၏အစ်ကိုနှင့် ဖူရုံချူက ထိုသတင်းကို သဘောမတူပေ။ ဂျပန်နိုင်ငံ၏ အိမ်ခြံမြေစျေးကွက်က ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ သူ့အနေဖြင့် သူခံစားရသည်က ကမ္ဘာကြီး၏ထိပ်တန်းစီးပွားရေးက အမေရိကန်ပြည်ထောင်စု မဟုတ်ဘဲ ဂျပန်ဖြစ်သင့်ပေသည်။ ဂျပန်စတော့စျေးကွက်က ကြီးပွားတိုးတက်နေပြီး ဂျပန်သည် အဆင့်မြင့်ဆုံးနည်းပညာများနှင့် တီထွင်မှုများ ရှိပေသည်။ ထပ်ပြောရပါက အမေရိကန်နှင့် ဥရောပနိုင်ငံသားများစွာတောင် ဂျပန်နိုင်ငံ၏ အိမ်ခြံမြေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံကြသည်။ ပျက်စီးမည်ဆိုသည်မှာ ဘယ်လိုဖြစ်နိုင်မည်နည်း။

ဖူမိသားစု၏တတိယအစ်ကို ဖူရုံဘင်းက ငြိမ်ငြိမ်သာ နေနေသည်။ အစောပိုင်းက သူ၏အစ်ကိုကြီးနှင့် စတုတ္ထအစ်ကိုက ရေနွေးငွေ့စက်များကို ဖြန့်ဖြူးရန်အတွက် ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုကို တည်ထောင်နေသည်။ သူတို့နှစ်ယောက်လုံးက အမေရိကန်ပြည်ထောင်စုနှင့် ဥရောပမှ ငွေများစွာရရှိခဲ့သည်။ သူ၏ ဒုတိယအစ်ကိုသည်လည်း ဂျပန်နိုင်ငံ၏ အိမ်ခြံမြေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံနေသည်။ ပြီးနောက် အိမ်ခြံမြေစျေးနှုန်းသည်လည်း မြင့်တက်လာခဲ့သည်။ သူ၏ကုမ္ပဏီတစ်ခုထဲသာ မည်သည့်ဖွံ့ဖြိုးမှုမှ မရှိရခြင်း ဖြစ်ပေသည်။

ယခုတစ်ခေါက်တွင် သူ၏အစ်ကိုလေးက သူ့အနေဖြင့် တရုတ်နိုင်ငံမှ သူဌေးကြီးတစ်ဦးထံမှ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သတ်သည့် သတင်းများကို ကြားခဲ့ရသည့်အတွက် သူက ဒီကို လာနားထောင်ခြင်း ဖြစ်ပေသည်။ သို့သော် သူက တရုတ်စတော့စျေးကွက် ရင်းနှီးမြှုပ်နှံမှုအကြောင်းကို ကြားသည့်အခါ စိတ်ဝင်မစားပေ။ တရုတ်နိုင်ငံသည် ခေတ်နောက်ပြန်ဆွဲသည့်နိုင်ငံဖြစ်နေဆဲ ဖြစ်ကာ သူတို့အနေဖြင့် ဘယ်လိုလုပ်စတော့အိတ်ချိန်းနှင့် အစုရှယ်ယာစာရင်းဝင်ကုမ္ပဏီများကို အချိန်တိုအတွင်း ခွင့်ပြုနိုင်မည်နည်း။

ပိုက်ဆံချေးငှားခြင်း သို့မဟုတ် အာမခံခြင်းအတွက်ကို သူ့အနေဖြင့် ဘယ်တော့မှ သဘောတူမည်မဟုတ်ပေ။ သူ အရင်က တစ်ပြားတစ်ချပ်မှ မရဘဲ ယခု ဘယ်လိုလုပ် အာမခံသူဖြစ်နိုင်မည်နည်း။ အဓိပ္ပာယ်မရှိချေ။

“အစ်ကိုကြီး ဒီသတင်းက ယုံကြည်ရတယ်လို့ထင်လား ”

“ငါ ယုံကြည်တယ်၊ မနေ့တုန်းက ငါ ယန်းငွေကြေးနဲ့ ပတ်သတ်တာတွေ ပိုပြီးတော့ လုပ်နေတယ်၊ ယန်းငွေကြေး မြန်မြန်မြင့်လေလေ၊ ငါ ပိုရလေပဲ ”

“အစ်ကိုကြီး ယန်းငွေကြေးက မကြာခင်ကပဲ မြင့်တက်ခဲ့တာကို မမေ့နဲ့နော်၊ အစ်ကို့အနေနဲ့ ထပ်ပြီးတော့ မြင့်မယ်လို့ထင်လား ”

ဖူရုံချွီက ပြောလိုက်သည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်၏သတင်းက မည်သို့နည်း။ ထိုကဲ့သို့ ယုံကြည်ရသည့်သတင်းကို ရရှိခြင်းသည် ဟောင်ကောင်နှင့် တရုတ် ဘယ်လိုလုပ်ယှဉ်နိုင်မည်နည်း။

“အစ်ကိုနှစ်နဲ့ အစ်ကိုသုံး၊ အစ်ကိုတို့နှစ်ယောက်လုံးအနေနဲ့ ရေနွေးငွေ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလား၊ ကျွန်တော် အစ်ကိုတို့ကို ဟောင်ကောင်ဒေါ်လာသန်းငါးဆယ်ပေးမယ်၊ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ရှယ်ယာအချို့ကို ရောင်းပေးမှာပါ ”

ဖူရုံချွီနှင့် ဖူရုံဘင်း၏ မျက်လုံးများက တောက်ပလာသည်။ သူတို့၏ အစ်ကိုကြီးက သူတို့ကို ရှယ်ယာများ ရောင်းချင်သည်လော။ ယင်းအချက်က သူတို့၏အစ်ကိုကြီးသည် သူတို့ကို စောင့်ရှောက်ချင်သည်ကို ပြသနေပြီး တစ်ချိန်ထဲတွင် သူ့အနေဖြင့် FOREX အနာဂတ်တွင် ပိုရင်နှီးမြှုပ်နှံချင်သည်။ သူက ယန်းငွေကြေး ဆက်မြင့်လာမည်ကို လောင်းကြေးထပ်ချင်သည်။

ဖူရုံချွီ၏လက်ထဲတွင် ဟောင်ကောင်ဒေါ်လာ သန်းငါးဆယ် မရှိပေ။ သို့သော် သူ့အနေဖြင့် ရေနွေးငွေ့စက်ရောင်းချခြင်းမှ ရမည့် အကျိုးအမြတ်ကို စဉ်းစားလိုက်သည်။ ယင်းက အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုထက် ပိုရပေသည်။ သူက ဂျပန်နိုင်ငံတွင် ရှိသည့် အိမ်ခြံမြေများကို အနည်းငယ်အရှုံးခံကာ ငွေရရှိရန်အတွက် ရောင်းရန် ဆုံးဖြတ်ချက် ချလိုက်သည်။

“အစ်ကိုလေး မန်နေဂျာဖုန်းက ဘယ်လောက်ချေးယူချင်တာလဲ ”

ဖူရုန်ကျင်းက ပြန်ပြောလိုက်သည်။

“အစ်ကိုကြီး စိတ်မပူပါနဲ့၊ ကျွန်တော်က သူ့အတွက် အာမခံပေးမှာပါ ”

အကြီးဆုံးအစ်ကိုသည် ကျန်သည့်ညီအစ်ကိုသုံးယောက်နှင့် ယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုတွင် အတော်ဆုံးဖြစ်သည်။ ယခုတွင် အကြီးဆုံးသူကတောင် ဖုန်းယွီကို ပိုက်ဆံချေးပေးချင်သည်။ သူ့အနေဖြင့် အာမခံသူတစ်ယောက်အဖြစ်နှင့် ဖူကွမ်းကျန်းကို ဖုန်းယွီ၏ နှစ်သက်မှု ရရှိအောင် လုပ်ပေးမည် ဖြစ်ပေသည်။

ဟောင်ကောင်သည် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပြီးနောက် သူသည် ရှုပ်ထွေးသည့် တရုတ်စျေးကွက်ကို ဝင်ခြင်းဖြင့် ပထမဦးဆုံး အကျိုးအမြတ်များများ ရခဲ့သည်။ သူ၏ ပိုင်ဆိုင်မှုတွေက သူ့အကြီးဆုံးအစ်ကိုထက်တောင် ကျော်နိုင်ပေသည်။

ဖူရုံချွီက သူ၏အစ်ကိုလေးကို ကြည့်ကာ ခေါင်းငြိမ့်လိုက်ပြီး

“ကောင်းပြီ၊ မင်းရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ကြတာပေါ့၊ ဒီမန်နေဂျာဖုန်းကတော့ သိပ်တော့မရိုးရှင်းဘူး ”

….

“မင်းက ငါ့ကို ဟောင်ကောင် CITI BANK နဲ့ HSBC ကို ဆက်သွယ်ပေးတာလား ”

ဖုန်းယွီက ပျော်ရွှင်နေသည်။ ထိုဖူကွမ်းကျန်းသည် သူ၏အာမခံသူအဖြစ် နောက်ဆုံးတွင် သဘောတူလိုက်သည်။ ဖုန်းယွီသည် သူ့လက်ထဲတွင် တန်ဖိုးရှိသည့်အရာများ ရှိနေသေးသည်။ ထိုအရာများက စတော့များပင် ဖြစ်သည်။ သူဝယ်ခဲ့သည့် စတော့များသည် တန်ဖိုးကြီးလွန်းပြီး ပေါင်နှံပစ္စည်းအဖြစ် အသုံးပြုနိုင်ပေသည်။

ဖုန်းယွီက သူ့ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို အပေါင်ပစ္စည်းအဖြစ် ချေးငွေများရရန် အသုံးပြုခဲ့ကာ ရရှိသည့်ငွေများဖြင့် စတော့များကို ဝယ်ခဲ့သည်။ သူသည် ရှယ်ယာများကို အပေါင်အနှံပစ္စည်းအဖြစ်ထားတာ ချေးငွေများ ပိုရယူမည်ဖြစ်သည်။ ယင်းက အနာဂတ်တွင် အိမ်ခြံမြေအကျိုးဆောင်များ ထပ်ခါထပ်ခါ ချေးငှားသည့်ပုံစံနှင့် တူပေသည်။

မြေကွက်များဝယ်ရန်အတွက် ချေးငွေများရယူပြီး ထို့နောက် ထိုမြေကို တခြားဘဏ်တစ်ခုတွင် အပေါင်ပစ္စည်းအဖြစ်ထားကာ အဆောက်အဦးများ ပြီးမြောက်ရန်အတွက် ချေးငွေကို ရယူကြသည်။ ဤနည်းလမ်းဖြင့် အိမ်ခြံမြေအကျိုးဆောင်များသည် ဘာမှလုပ်စရာမလိုဘဲ ရင်းနှီးမြှုပ်မှုတစ်ခုလုံးတွင် ဆယ်ရာခိုင်နှုန်းသာ အသုံးပြုပြီး ကျန်သည်မှာ ဘဏ်များမှ ဖြစ်ပေသည်။

သို့သော် ထိုအလုပ်က ရပ်တန့်သွားသည်။ အကြောင်းမှာ ချေးငွေစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာ ရောက်သည်ဟု စဉ်းစားရသည့်အတွက်ပင်။ ထိုကဲ့သို့သော အလုပ်မျိုးကို ကျူးလွန်သည့် ကုမ္ပဏီများသည် အမည်ပျက်စာရင်းထည့်သွင်းခြင်း ခံရပြီး သူတို့အနေဖြင့် အနာဂတ်တွင် ချေးငွေများရရန်က ပိုတောင် ခက်ခဲသွားပေသည်။

ဖုန်းယွီက ချေးငွေရယူရန်အတွက် ပေးသည့်အကြောင်းပြချက်မှာ ကုန်သွယ်မှုတွင် ပိုရင်းနှီးမြှုပ်နှံရန် ဖြစ်သည်။ ယင်းကို သူ့အနေဖြင့် စတော့ရှယ်ယာများတွင် ငွေများကို အသုံးပြုပါက ယင်းကို ငွေအလွဲသုံးစားလုပ်သည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် သူ့အား တစ်ယောက်မှ သူ့အား မတိုင်ပါက အာဏာပိုင်များအနေဖြင့် ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် ဖုန်းယွီအနေဖြင့် တရုတ်ဘဏ်များမှ ချေးငွေရရှိရန် ဆက်လက်လုပ်ဆောင်ပါက သူ့အာတွေ့ရှိသွားလျှင် သူသေချာပေါက် ထောင်ထဲရောက်မည် ဖြစ်သည်။

ဟောင်ကောင်မှ ချေးငွေရရှိခြင်းက အလွန်ကွဲပြားသည့်အရာ ဖြစ်သည်။ တရုတ်နိုင်ငံတွင် ရှိသည့်ဘဏ်များကလည်း မည်သည့်အခါမှ ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။ ဟောင်ကောင်ဘဏ်များက အပေါင်အနှံပစ္စည်းများ၏ တန်ဖိုးကိုသာ ကြည့်ပြီး ဖူရုန်ကျင်း၏ အာမခံပေးမှုနှင့်ဆိုလျှင် သူ့အနေဖြင့် ချေးငွေပမာဏ များများကို အန္တရာယ်ကင်းကင်းဖြင့် ရနိုင်မည် ဖြစ်ပေသည်။

ပိုအရေးကြီးဆုံးအချက်က ရရှိနိုင်သည့် ငွေပမာဏသည် ဖူမိသားစုက သူ့အား ချေးပေးနိုင်သည့် ပမာဏထက် များသည် ဖြစ်သည်။

“ဘယ်လောက်လဲ၊ မန်နေဂျာဖုန်း ကျေနပ်ရဲ့လား ”

ဖူကွမ်းကျန်းက ပျော်ရွှင်စွာဖြင့် မေးလိုက်သည်။

“ကျွန်တော်သိချင်နေတာက ဘာလို့ ဘဏ်နှစ်ခုကတောင် ကျွန်တော့်ကို ဘာလို့ ငွေချေးပေးနိုင်တာလဲ ”

“မင်းမှာ ရှယ်ယာ ဘယ်နခုရှိလဲ ”

ဖုန်းယွီက လက်ညိုးတစ်ချောင်းထောင်ပြကာ

“ယွမ်သန်းတစ်ရာ ”

“ဘယ်လောက် ယွမ်သန်းတစ်ရာလား ”

ဖူကွမ်းကျန်းက အလွန်မင်သက်သွားသည်။ သူက ဖုန်းယွီအနေဖြင့် တရုတ်စတော့ စျေးကွက်တွင် ငွေပမာဏများများ မြှုပ်နှံထားသည်ကို သိသည်။ သို့သော် သူ့အနေဖြင့် ထိုယွမ်သန်းတစ်ရာလောက် များပြားသည့်ပမာဏဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။ ဖုန်းယွီ၏ ကုမ္ပဏီက ငွေကြပ်တည်းမှု မရှိသည်လော။

ထိုက်ဟွကုန်သွယ်ရေးအနေဖြင့် ရောင်းချသူများထံမှ ကာလရှည်ကြာစွာ အလုပ်မလုပ်ဘဲနှင့် သူ့ကို တစ်လဆိုင်းငံ့ရန်က ဖြစ်နိုင်သည့်အရာ မဟုတ်ပေ။ ဖုန်းယွီအနေဖြင့်လည်း ထိုကဲ့သို့ လုပ်မည်မဟုတ် သူ့အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးကိုလည်း မရပ်တန့်ချင်ပေ။ အကြောင်းမှာ ကီရီလန်ကိုနှင့် အဆက်သွယ်ရှိသည့်အတွက်ပင်။

ဆိုဗီယက်ပြည်ထောင်စုမှ ဝယ်ခဲ့သည့် စက်ပစ္စည်းနှင့် နည်းပညာများအတွက်မူ ဖုန်းယွီက စရံငွေကို ပထမဦးဆုံး ယူထားပြီး ကီရီလန်ကိုသို့ ပို့ပြီးဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် သူတို့၏ စက်ပစ္စည်းများ လက်ထဲရောက်ရှိသည့်အခါမှသာ ကျန်ငွေများကို ပေးရန်လိုပြီး ထိုမှတဆင့် ဖုန်းယွီသည် ကီရီလန်ကိုကို လွှဲပေးမည်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သူက ငွေများများစားစား သုံးရန်မလိုအပ်ပေ။

ထို့ကြောင့် ဖုန်းယွီက သူ၏ပိုင်ဆိုင်မှုများအားလုံးကို ရှယ်ယာထဲတွင် ထည့်လိုက်ခြင်း ဖြစ်ပေသည်။

“ယွမ်သန်းတစ်ရာ ကောင်းပြီ၊ ဒီလောက်ရှယ်ယာအများကြီးနဲ့ဆိုရင် ငါ့ရဲ့အဖေက သေချာပေါက် အာမခံပေးတဲ့သူ ဖြစ်မှာ၊ အနည်းဆုံးယွမ်သန်းတစ်ရာ ရဖို့အတွက်တော့ ပြဿနာရှိမယ် မထင်ဘူး”

All Chapters