ဒေါသအညှောင့်ပေါက်ခြင်း
Vol. 11 Ch. 161
“ဂျိုင်းထောက်သခင် စုန့်လောင်စီက အဲ့ဒီကလေးဖုန်းကို ပြဿနာရှာတော့မယ်လို့ ကျွန်တော်ကြားတယ်။ ”
ခြေကျိုးဝမ့်၏ မျက်နှာက တာဝါဖြင့် ဖုံးထားပြီး ရေချိုးဇလုံးထဲတွင် ရေစိမ်နေသည်။ သူက ရေချိုးရခြင်းကို နှစ်သက်သည်။ အကြောင်းမှာ ရေချိုးသည့်အခါ သူ၏ကျိုးနေသည့်ခြေထောက်ကို မခံစားရသည့်အတွက်ပင်။
နောက်လိုက်က ပြောလိုက်သည်။ သို့သော် ခြေကျိုးဝမ့်က မည်သည့်တုန့်ပြန်မှုမှ မပြသည့်အတွက် ဆက်ပြောလိုက်သည်။
“မနှစ်က လေနှင့်မိုးပန်ကာကို ရောင်းတဲ့ ကုန်သွယ်ရေး ကုမ္မဏီလေ။ ပြီးတော့ ဒီနှစ်အတွင်းမှာပဲ ရေနွေးငွေ့စက်က အလွန်ရောင်းအားကောင်းတယ်။ သူက CCTVမှာတောင် ကြော်ညာနိုင်တယ်။ ကျွန်တော်ကြားတာကတော့ သူ့ရဲ့နှစ်စဉ် အမြတ်ငွေက သန်းပေါင်းဒါဇင် ရှိတယ်တဲ့။ ”
“မကြာသေးခင်ကပဲ အဆောက်အအုံ ဖြိုဖျက်တဲ့ ပရောဂျက်တွေကလည်း နည်းလာပြီး စုန့်လောင်စီက တစ်ခြားစီးပွားရေးကို လုပ်ချင်နေတယ်။ ကျွန်တော် ကြားတာကတော့ သူကဖုန်းရဲ့ ကုန်သွယ်ရေး ကုမ္မဏီကို ပစ်မှတ်ထားနေတယ်။ ကျွန်တော်ရဲ့လူပြောတာက စုန့်လောင်စီရဲ့ အကြံဉာဏ်ပေးသူက ကုန်သွယ်ရေး ကုမ္မဏီကို သွားခဲ့တယ်။ ကြည့်ရတာတော့ သူတို့အနေနဲ့ အဲ့ဒီကုမ္မဏီက အစုရှယ်ယာကို ဝယ်ချင်တဲ့ပုံပဲ။ ”
ခြေကျိုးဝမ့်က သူ့မျက်နှာထက်ရှိ တာဝါကို ဖယ်လိုက်ပြီး သူ၏နောက်လိုက်ကို ကြည့်လိုက်သည်။ သူက ဘာမှမပြောသော်ငြား နောက်လိုက်၏ကျောသည် စိမ့်ကနဲ ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
“သူအောင်မြင်သွားလား။ ”
“အဲ့ဒါကတော့ ကျွန်တော်တော့ မအောင်မြင်ဘူး ထင်ပါတယ်။ ကျွန်တော်ကြားတာက ဖုန်းယွီက ငြင်းလိုက်တယ်တဲ့။ ကျွန်တော်အနေနဲ့ ဖုန်းယွီက ဘာတွေဖြစ်နေလဲဆိုတာတော့ သိပ်မသေချာဘူး။ သူ့ရဲ့ကုမ္မဏီမှာ စည်းစာတမ်းတွေ မော်ကွန်းသတ္ထုပြားတွေနဲ့ ဆုတွေကို အပြင်မှာအများကြီး ချိတ်ဆွဲထားတယ်။ အဲ့ဒီထဲက အချို့က စက်ပစ္စည်းစက်ရုံ၊ လေယာဉ်ထုတ်လုပ်သည့်စက်ရုံ၊ စက်ယန္တရားစက်ရုံနဲ့ အစိုးရဌာနကနဲ့ မြို့တော်အစိုးရ ရုံးကတောင်မှ ပါလိုက်သေးတယ်။ ”
“မင်းပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲ။ ”
“ဂျိုင်းထောက်သခင် မနှစ်က ကျွန်တော်တို့တွေ ရတဲ့ဟာက မဆိုးပေမဲ့ ကျွန်တော်တို့မှာ လူအများကြီး ရှိတယ်။ ဂျိုင်းထောက်သခင်က ဒါတွေကို အရမ်းဂရုစိုက်ပြီးတော့ ကျွန်တော်တို့ကိုလည်း အမြတ်တွေကို ခွဲပေးတယ်။ ဂျိုင်းထောက်သခင် စုန့်လောင်စီကို ကြည့်လိုက်ပါအုံး။ သူ့ရဲ့စံအိမ်တော်က ဗိုလ်မှူးတွေထက်တောင်မှ ကြီးနေသေးတယ်။ ထပ်ပြောရရင် ဖုန်းယွီရဲ့ ကုမ္မဏီက ကျွန်တော်တို့ရဲ့ ပိုင်နက်ထဲမှာ ရှိနေတာ။ ပြီးတော့ အဲ့ဒီကုမ္မဏီက ရှယ်ယာရမဲ့လူက တစ်စုံတစ်ယောက် ဖြစ်ရင်လည်း ကျွန်တော်တို့ပဲ ဖြစ်သင့်တယ် မဟုတ်ဘူးလား။ ”
ခြေကျိုးဝမ့်က သူ၏နောက်လိုက်ကို ကြည့်လိုက်ကာ
“မင်းကငါ့ကို စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှု့ပြီးတော့ ငါ့ရဲ့ပိုင်နက်ထဲမှာ လုပ်ကိုင်နေတဲ့ စီးပွားသမားရဲ့ ကုမ္မဏီကို ဝါးမြိုဖို့ ပြောချင်တာလား။ ”
“အဲ့ဒါက ဝါးမြိုတာ မဟုတ်ပါဘူး။ အဲ့ဒါက အစုရှယ်ယာရှင်ဖြစ်တာ ဒါမှမဟုတ်ဘူးဆိုရင်တော့ မိတ်ဖက်ဖြစ်တာပေါ့။ ကျွန်တော်တို့အနေနဲ့ ငွေကိုထုတ်ပြီးတော့ အဲ့ဒီအမြတ် ခွဲတမ်းမှာ ကျွန်တော်တို့ ပါလို့ရတယ်။ အမြတ်ခွဲတဲ့အချိန်ကျရင် ကျွန်တော်တို့အနေနဲ့ ဖုန်းယွီက ဘယ်လောက်တောင် လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ မြင်ရတာပေါ့။ ”
ခြေကျိုးဝမ့်က တွန့်ဆုတ်နေသည်။ သူသည် ဂိုဏ်း၏ သူဌေးတစ်ယောက်ဖြစ်သည်။ သို့သော် သူက စုန့်လောင်စီလောက် မက်မောစွဲမက်ဖွယ် မရှိပေ။ သူတို့အားလုံးက ဂိုဏ်းများမှ သူဌေးများ ဖြစ်သော်လည်း အဘယ့်ကြောင့် စုန့်လောင်စီက အလွန်ချမ်းသာနေရသနည်း။ ထိုအရာအားလုံး၏ အကြောင်းက စုန့်လောင်စီသည် အများဆုံး ရသည့်အတွက်ပင်။
ယခုတွင် သူ၏နောက်လိုက် ပြောတာက အဓိပ္ပာယ်ရှိပေသည်။ စုန့်လောင်စီသည် သူ၏ပိုင်နက်ထဲကို ဝင်ရောက်ကာ သူထိုနေရာတွင်ရှိသည့် ကုမ္မဏီ၏ ရှယ်ယာကို ဝယ်ချင်နေသည်။ ယင်းက သူ့ပိုင်နက်ကို ကျူးလွန်လာသည်မှာ သိသိသာသာ ထင်ရှားပေသည်။ အကယ်၍ ထိုအဆောက်အအုံ ဖျက်သိမ်းသည့် လုပ်ငန်းများကြောင့်သာ မဟုတ်လျှင် ထိုအရာက အဆင်ပြေသည်။ သို့သော် ထိုကုန်သွယ်ရေး ကုမ္မဏီက လျှပ်စစ်ပစ္စည်းများနှင့် လုပ်ကိုင်နေရသည်။ အကယ်၍ စုန့်လောင်စီက သူလိုချင်တာ ရခဲ့ပါက ယင်းက ခြေကျိုးဝမ့်အတွက်တော့ ကောင်းမည်မဟုတ်ပေ။
ယခုအချိန်ကာလတွင် စုန့်လောင်စီနှင့်သူသည် မြို့တော်အစိုးရ၏ သတိပေးမှုကို ခံထားရကာ သူတို့က ငြိမ်ငြိမ်သာ နေနေရသည်။ သို့သော် ထိုအချိန်တွင် စုန့်လောင်စီက သူ၏နေရာကို လောင်ကျန်းပြည်နယ်တွင် သူဌေးကြီးဟူသည့်နေရာကို ရယူနိုင်ပြီးဖြစ်သည်။ များစွာသော မြို့များကလည်း ယင်းအချက်ကို သဘောတူကြသည်။ ဘင်းမြို့တော်တွင်လည်း ကန့်ကွက်မည့်သူ တစ်ယောက်မှ မရှိပေ။
“တကယ်လို့ ငါတို့ကို သူ့ရဲ့ကုမ္မဏီက ရှယ်ယာကို မရောင်းချရင်ရော။ သူ့က အစိုးရအရာရှိတော်တော်များများနဲ့ အဆက်အသွယ် ရှိတယ်လို့ ပြောခဲ့တယ်။ အဲ့ဒါတွေက မှန်တယ်ဆိုရင် သူက ငါတို့လိုချင်တဲ့ အရာကို ပေးပါ့မလား။ ”
ခြေကျိုးဝမ့်က မေးလိုက်သည်။
“ဂျိုင်းထောက်သခင် မကြာသေးခင်က ကျွန်တော်နောက်ထပ်တစ်ခု ကြားခဲ့ပါသေးတယ်။ ဖုန်းယွီ ကျွန်တော်တို့ဆီက ဝယ်သွားတဲ့ အမွှေးနံ့သာပေါင်းအိုးကို မှတ်မိသေးလား။ ”
“အမွှေးနံ့သာ ပေါင်းအိုးလား။ ”
ခြေကျိုးဝမ့်က အတွေးနက်နက်ဖြင့် စဉ်းစားနေသည်။ သူတို့က အမွှေးနံ့သာ ပေါင်းအိုးကို ရောင်းချခဲ့သည်လော။
“ကျွန်တော်တို့ အစည်းအဝေး ခန်းမထဲမှာရှိတဲ့ အမွှေးနံ့သာပေါင်းအိုး အဲ့ဒီကတည်းက အဲ့ဒီအမွှေးနံ့သာ ပေါင်းအိုးကို ယွမ်သုံးသိန်းနဲ့ ဝယ်သွားခဲ့တာပဲ။ ”
“အဲ့ဒါက ငါတို့လူတွေ ထိခိုက်ဒဏ်ရာအတွက် လျော်ကြေးအဖြစ် အကြောင်းရှာတဲ့ အရာမဟုတ်ဘူးလား။ ”
ခြေကျိုးဝမ့်သည် ထိုမတော်တဆမှုကို မှတ်မိသွားသည်။
“ဟုတ်ပါတယ်။ ”
နောက်လိုက်က သူ၏ခြေထောက်ကိုပွတ်ကာ ချဲ့ကားသည့် အမူအရာ ပြလိုက်ပြီး
“ဒါက ကျွန်တော်တွေးတဲ့ အတွေးနဲ့ အတူတူပဲ။ ဒါပေမဲ့ ဘဏ်မှာရှိတဲ့ ကျွန်တော်ရဲ့ မယားညီအစ်ကိုက သတင်းတစ်ခု ကြားခဲ့တယ်။ တစ်စုံတစ်ယောက်က ရှေးဟောင်းပစ္စည်းကို အပေါင်နှံ ပစ္စည်းအဖြစ်ထားပြီး ချေးငွေယူသွားတယ်။ ဂျိုင်းထောက်သခင် ခန့်မှန်းကြည့်ပါ။ ဘဏ်ကသူ့ကို ချေးငွေဘယ်လောက် ထုတ်ပေးလိုက်တယ်လို့ ထင်လဲ။ ယွမ်ခြောက်သန်း။ ”
ခြေကျိုးဝမ့်က မှင်သက်စွာဖြင့် အော်လိုက်သည်။
“ခြောက်သန်းလား။ ဘာရှေးဟောင်းပစ္စည်းမို့လို့လဲ။ မင်းပြောတာက အဲ့ဒီအမွှေးနံ့သာ ပေါင်းအိုးလား”
“ဟုတ်တယ်။ ကျွန်တော် ကြားတာကတော့ အဲ့ဒါက မင်မင်းဆက်ရဲ့ ရတနာတစ်ပါးဖြစ်တဲ့ ရွှယ်တ အမွှေးနံ့သာ ပေါင်းအိုး အဲ့ဒီကလေးက ကျွန်တော်တို့ကို ယွမ်သုံးသိန်းလို့ ပြောပြီးတော့ လိမ်သွားတာ။ ကောလဟာလ သတင်းတွေအရ ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်က သူ့ကို အဲ့ဒီအမွှေးနံ့သာ ပေါင်းအိုးကို ယွမ်ဆယ်သန်း ကမ်းလှမ်းတယ်တဲ့။ ”
နောက်လိုက်က ဆက်ပြောလိုက်သည်။
ခြေကျိုးဝမ့်က သူ့ရေဇလုံထဲမှ ရေမျက်နှာပြင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ ရေမှုန်ရေမွှားများသည်လည်း နောက်လိုက်၏ မျက်နှာကို စင်သွားခဲ့သည်။ ခြေကျိုးဝမ့် စိတ်တိုသည့်အခါ သူ့၏ စိတ်ဝင်စားမှုကို ရရှိရန် မည်သူမှ မလုပ်ရဲတော့ပေ။ မဟုတ်ပါက သူတို့သည် ဂျိုင်းထောက်သခင်၏ သံမဏိဂျိုင်းထောက်စာ တွေ့မည်ပင်။
အမှန်တကယ်တွင် ခြေကျိုးဝမ့်က ဖုန်းယွီကို နှစ်သက်သည်။ ဖုန်းယွီသည် ငယ်ရွယ်ပြီး သူ၏စီးပွားရေး လုပ်ငန်းကို စတင်လုပ်ကိုင်ပြီးဖြစ်သည်။ ယင်းက အလွန်ငယ်ရွယ်သည့်အရာ မဟုတ်တော့ပေ။ ထို့အပြင် ဖုန်းယွီက မတူညီသည့် အခြေအနေများကို မည်သို့ ကိုင်တွယ်ရမည် ဆိုသည့်အချက်ကိုလည်း ကောင်းကောင်း သိပေသည်။ သူ့အနေဖြင့် သူတို့၏ အကူအညီအတွက် လျော်ကြေးငွေ ဘယ်လိုပေးရမည်ဆိုသည်ကိုလည်း သိသည်။ သို့သော် ခြေကျိုးဝမ့်က ဖုန်းယွီသူ့ကို လိမ်ညာလိုက်သည်ဟု ရှာဖွေတွေ့ရှိသွားသည်။
ရွှယ်တ အမွှေးနံ့သာ ပေါင်းအိုးကြောင့် ဖုန်းယွီအပေါ်တွင် ထားရှိသည့် သူ၏ အကောင်းမြင် စိတ်များသည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် လက်ရှိတွင် ဖုန်းယွီ၏ ထိုးနှက်မှုကို ခံလိုက်ရသည်။
ခြောက်သန်းလား။ မဟုတ်ဘူး အဲ့ဒါက ဆယ်တန်းဖြစ်ရမှာ။ သူ့မှာ လူအများကြီးရှိတယ်။ ပြီးတော့ သူ့၏ဂိုဏ်းအနေဖြင့် တစ်လတွင် ဆယ်သန်းရှာဖို့က မဖြစ်နိုင်ပေ။
“မနက်ဖြန်ကျရင် မင်းသွားပြီးတော့ အဲ့ဒီကုမ္မဏီရဲ့ ရှယ်ယာကို ဝယ်ချင်တယ်လို့ သွားပြောချေ။ ”
“ဂျိုင်းထောက်သခင် ကျွန်တော်တို့တွေက အဲ့ဒီရှယ်ယာတွေအတွက် ကျွန်တော်တို့ ဘယ်လောက် ပေးမှာလဲ။ ”
“ဘယ်လောက်လဲ။ ဟုတ်လား။ ငါတို့တွေသူ့ကို ပေးပြီးပြီလေ။ အဲ့ဒီအမွှေးနံ့သာ ပေါင်းအိုးက ဆယ်သန်းတန်တယ်။ ”
ခြေကျိုးဝမ့်က သူ၏နောက်လိုက်ကို တစ်ချက်ကြည့်လိုက်သည်။
နောက်လိုက်က ချက်ချင်းပင် သူပြောတာကို နားလည်သွားကာ
“ကျွန်တော် နားလည်ပါတယ်။ အဲ့ဒါဆိုရင် ကျွန်တော်အနေနဲ့ မနှစ်ကရဲ့ အမြတ်ငွေတွေကိုရော တောင်းခဲ့ရအုံးမှာလား။ ”
“ဒီလိုအသေးအဖွဲ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ ငါ့ကို ဆွေးနွေးတိုင်ပင်ဖို့ လိုနေသေးတာလား။ ”
အထက်တန်း ဒုတိယနှစ်သည် စတင်ပြီဖြစ်ပြီး ကျောင်းသားများသည်လည်း သိပ္ပံနှင့် ဝိဇ္ဇာအခွဲများ ခွဲလိုက်ကြတော့သည်။ တဖန် ဖုန်းယွီနှင့် လီနသည် အခန်းတူတွင် အတန်းဖော်များ ဖြစ်ကြပြန်ကာ ဖုန်းယွီက လီန၏နောက်တွင်ထိုင်ပြီး သူ့အား ဂရုစိုက်ခဲ့သည့် အရင်အတန်းပိုင် ဆရာက သူ့၏ အတန်းပိုင်ဆရာဖြစ်ရန် ဖိအားပေးခြင်း ခံခဲ့ရသည်။ သို့သော် ဖုန်းယွီက အဆိုးမြင်စိတ် ရှိနေသေးသည်။ သူ၏အဆိုးမြင်စိတ်က ကျောင်းကြောင့်မို့မဟုတ် ထိုက်ဟွကုန်သွယ်ရေးကြောင့် ဖြစ်သည်။
ထိုက်ဟွကုန်သွယ်ရေးသည် နွေရာသီ အားလပ်ရက်အတွင်း အလွန်အလုပ်ရှုပ်နေသည်။ သို့သော် ဖုန်းယွီသည် ရလာသည့် ရလဒ်ကိုတော့ ကျေနပ်ပီတိဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စုမှ စက်ပစ္စည်းများမှလွဲပြီး ရှယ်ယာများ စုဆောင်းခြင်းနှင့် ရေနွေးငွေ့စက်၏ ရောင်းအားသည် သူမျှော်မှန်းထားသည်ထက် ကျော်လွန်ခဲ့သည်။
လွန်ခဲ့သည့်နှစ်ရက်က သူသည် ဝူကျီကန်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့ပြီး ကုမ္မဏီသို့ ပြန်သွားခဲ့ရသည်။ ကုမ္မဏီသို့ သူသွားပြီးနောက် ဖုန်းယွီအနေဖြင့် ပြောနိုင်ခြင်း မရှိတော့ပေ။
ဖုန်းယွီ၏အတွေးတွင် စုန့်လောင်စီအနေဖြင့် သူ့ကို ပြဿနာ မရှာတော့ဟု တွေးခဲ့သည်။ သူ့အနေဖြင့်လည်း ထိုဂိုဏ်းများဖြင့် ကြားဝင်ခြင်း မပြုတော့ပေ။ သူက သမိုင်းကြောင်း သွားသည့်အတိုင်းသာ ဖြစ်စေချင်ခဲ့သည်။ သမိုင်းကြောင်းသည် တစ်နှစ်ကျော်ခန့်သာ လိုတော့သည်။ သို့သော် ယမန်နေ့က စုန့်လောင်စီ၏ လူများသည် သူ့ကုမ္မဏီကို လာပြီး သူ့ကုမ္မဏီ၏ ရှယ်ယာငါးဆယ် လိုချင်ကြောင်းကိုပြောကာ သူက ယွမ်ငါးသန်း ဈေးမြင့်မြင့် ပေးမည်ပင်ဖြစ်သည်။
ငါးသန်းလား။ အကယ်၍ သန်းငါးရာ ဖြစ်လျှင်တောင် ဖုန်းယွီက ရောင်းမည်မဟုတ်ပေ။
ယခုလက်ရှိတွင် သူ၏ကုမ္မဏီသည် ရှယ်ယာပေါင်း သန်းနှစ်ရာကျော် တန်ကြေးရှိပေသည်။ သူချေးငွေအတွက် ဘဏ်တွင် အကြွေးရှိသည့်တိုင် နှစ်နှစ်အချိန်အတွင်း သူ့အနေဖြင့် ထိုပမာဏ၏ အနည်းဆုံး ငါးဆ အကျိုးအမြတ် ရမည်ပင်။ အကယ်၍ သူကံကောင်းပါက သူသည် ဆယ်ဆထပ်တောင် ရနိုင်ပေသည်။
ထိုစုန့်လောင်စီ၏လူသည် ထိုက်ဟွကုန်သွယ်ရေး ကောင်းကောင်း အလုပ်လုပ်သည်ကို မြင်ပြီး ရှယ်ယာရယူကာ အကျိုးအမြတ် လိုချင်သည်ပင်။
ဖုန်းယွီက စုန့်လောင်စီ၏လူကို အဝေးသို့ပို့ကာ သူ့အနေဖြင့် ရက်အနည်းငယ် စဉ်းစားရန် လိုအပ်သေးကြောင်း ပြောလိုက်သည်။ သူဖြေရှင်းရန်အတွက် မစဉ်းစားရသေးခင် ခြေကျိုးဝမ့်၏ လူသည်လည်း လာခဲ့သည်။ သူပြောသည်က သူကသူတို့သည် ယွမ်ဆယ်သန်း ရင်းနှီးမြုပ်နှံမည့်အကြောင်း ပြောခဲ့သည်။ ယင်းက ရှေးအမွှေးနံ့သာ ပေါင်းအိုးပင်ဖြစ်သည်။ ယမန်နှစ်က အမွှေးနံ့သာ ပေါင်းအိုးပင်ဖြစ်သည်။ သူက ဖုန်းယွီကို ယမန်နှစ်က သူတို့ရှယ်ယာ၏ အမြတ်ကို ပေးရန်တောင် ညွှန်ကြားလိုက်သည်။
ဂိုဏ်းနှစ်ဂိုဏ်းအချင်းချင်း တိုက်ခိုက်ဖို့ ဆိုသည်က အချိန်တိုင်းတွင် မဖြစ်နိုင်ပေ။ အထူးသဖြင့် ယခုလက်ရှိတွင် အမွှေးနံ့သာ ပေါင်းအိုး၏ မတော်တဆမှုသည်လည်း ပေါ်ပေါက်သွားပြီဖြစ်ကာ သူနှင့် ခြေကျိုးဝမ့်၏ ဆက်ဆံရေးသည်လည်း ပျက်စီးသွားပြီ ဖြစ်ပေသည်။ ခြေကျိုးဝမ့်သည် သူ့ဘက်တွင်နေပြီး စုန့်လောင်စီက ဖြစ်နိုင်တော့မည် မဟုတ်ပေ။
စုန့်လောင်စီနှင့် ခြေကျိုးဝမ့်၏လူများ လာရောက်ခြင်းက ဖုန်းယွီ၏ နှလုံးသားထဲတွင် ထိုဂိုဏ်းများကို သုတ်သင်ရမည်ဆိုသည့် အချက်ကို စွဲထင်သွားစေသည်။
ဘာသာပြန်မှတ်စု အပိုင်းအနည်းငယ်သာ ထိုဂိုဏ်းများအကြောင်း ပါမည်ဖြစ်ပေသည်။