← Chapters

အဖြေရှာခြင်း

Vol. 11 Ch. 162

အဖြေရှာခြင်း

Vol. 11 Ch. 162

ကျန်းရွေ့ချင်က သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဆယ်ကျော်သက်ကို ကြည့်နေသည်။ သူသည် ခေါင်းကိုက်နေ၏။ ပြည်သူပြည်သားတစ်ယောက်က ခေါင်းဆောင်ကို ဘယ်လိုလုပ်ရမည်ဟု လာပြောနေကတည်းကပင် ဖြစ်သည်။

“မြို့တော်ဝန်ကျန်း ကျွန်တော်အနေနဲ့ ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်းကို ပြောပြခဲ့ပြီလို့ ကျွန်တော် ယုံကြည်တယ်။ ဒီဂိုဏ်းတွေကို ဖြိုခွဲမှ ရကိုရမယ်။ ကျွန်တော်တို့ရဲ့နိုင်ငံက အတိတ်တုန်းကလည်း အဲ့လိုဖြိုခွဲမှုတွေကို လုပ်ခဲ့တာပဲလေ။ ပြီးတော့ အဲ့လိုဂိုဏ်းတွေ ဖြိုခွဲပြီးတဲ့နောက်မှာ အရာရာက ပိုပြီးတော့ ကောင်းလာတာ။ ယခုလက်ရှိမှာ ထိပ်ပိုင်းကရတဲ့ သတင်းက ဒီနှစ်ကနေပြီးတော့ နောက်နှစ် အစအထိ ဂိုဏ်းဖြိုခွဲခြင်းတွေ လုပ်မယ်လို့ကြားတယ်။ မြို့တော်ဝန်အနေနဲ့လည်း အဲ့ဒီဂိုဏ်းတွေကို တစ်ချိန်ထဲမှာပဲ ချေမှုန်းရမယ်။ ”

“ထိပ်ပိုင်းကနေပြီးတော့ အဲ့ဒီသတင်းတွေကို မင်းကဘယ်လိုလုပ် ရလာတာလဲ။ ”

ဖုန်းယွီက ထူးဆန်းသည့် သွင်ပြင်ဖြင့် ဆိုဖာပေါ်တွင် မှီလိုက်ကာ

“မြို့တော်ဝန်ကျန်း CCTVက ကျွန်တော်ရဲ့ ထုတ်ကုန်တွေကို အပိုင်းလိုက် ကြော်ညာနေပြီ မြို့တော်ဝန်အနေနဲ့ ဘယ်လိုစဉ်းစားမိလဲ။ ”

ကျန်းရွေ့ချင်က ဖုန်းယွီကို စိုက်ကြည့်နေသည်။ ထိုကလေးအနေဖြင့် ထိပ်ပိုင်းခေါင်းဆောင် များစွာဖြင့် အဆက်အသွယ်များစွာ ရှိနေသည်လော။ မဖြစ်နိုင်ပေ။ အကယ်၍ ဖုန်းယွီသည် ထိုကဲ့သို့သော အဆက်အသွယ်များ ရှိပါက CCTVတွင် အဆက်အသွယ် ရစဉ်က သူ၏အကူအညီကို တောင်းခဲ့မည် မဟုတ်ပေလော။

သို့သော် ကြော်ညာခြင်းက အလွန်လွယ်ကူပေသည်။ ထိုအရာများက ပိုက်ဆံကြောင့်သာ ဖြစ်သည်။ CCTVအနေဖြင့် ထုတ်ကုန်များကို အပိုင်းလိုက် ကြော်ညာရိုက်ရသည်က လွယ်ကူသည့် ကိစ္စတစ်ရပ်တော့ မဟုတ်။ ဘေကျင်းသို့ သူခရီးထွက်စဉ်က အချို့သော ခေါင်းဆောင်များဖြင့် ဖုန်းယွီတွေ့ခဲ့သည် ဖြစ်နိုင်သည်လော။

ကျန်းရွေ့ချင်က ထိုခေတ်အခါက ပိုက်ဆံ၏ အင်အားကို တွေးခဲ့ခြင်း မရှိပေ။ မဟုတ်ပါက အဘယ့်ကြောင့် လာဒ်စားသည့် အရာရှိများစွာ ရှိနေရမည်နည်း။ အကြောင်းမှာ အရာရှိများအနေဖြင့် ဇိမ်ခံသည့်ဘဝကို မပျော်ရွှင်နိုင်ကြပေ။ စီးပွားရေးသမားများသာ ပျော်ရွှင်နိုင်ကြပေသည်။

“ငါကတစ်ယောက်ထဲပဲ။ ပြီးတော့ ငါ့ရဲ့စကားတွေက အရေးမလေးဘူး။ ငါကခုမှ လက်ထောက် မြို့တော်ဝန်ပဲ ရှိသေးတာ။ ငါ့ရဲ့အဆင့်ကလည်း ကျန်တဲ့လက်ထောက် မြို့တော်ဝန်တွေထဲမှာ အနိမ့်ဆုံးပဲ။ ငါ့မှာရဲဌာနကို ပြောဖို့အတွက်လည်း အခွင့်အာဏာက မရှိဘူး။ ငါမင်းကို အများကြီး မကူညီနိုင်ဘူး။ ”

အကယ်၍ ကျန်းရွေ့ချင်က ထိုဂိုဏ်းများနှင့် ပတ်သတ်သည့် ရှင်းချင်လျှင်တောင် သူသည်လည်း အင်အားမရှိသည့်သူ ဖြစ်သည်။

“မြို့တော်ဝန်ကျန်း ဘင်းမြို့တော်ရဲ့ လုံခြုံရေးက ကောင်းလာမယ်ဆိုရင် ကျွန်တော်အနေနဲ့ မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ စက်ရုံကို တည်ဆောက်ဖို့အတွက် ပမာဏ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံနိုင်တယ်။ မြို့တော်ဝန်အနေနဲ့ တရုတ်နိုင်ငံမှာ မော်တော်ဆိုင်ကယ် ဘယ်လောက် ရောင်းအားကောင်းလဲဆိုတာ သိမှာပါ။ အဲ့ဒီရောင်းချခြင်းကနေပြီးတော့ ဘင်းမြို့တော်ကို အခွန်တွေ ဘယ်လောက်ထိတောင် ရနိုင်မလဲ။ ပြီးတော့ အဲ့ဒါက ဘယ်လောက်ထိတောင် ကြီးမားတဲ့ အောင်မြင်မှုကြီးလဲ။ ”

“မင်းက မော်တော်ဆိုင်ကယ်စက်ရုံ ရင်းနှီးမြုပ်နှံတယ်ဆိုတဲ့ တစ်ယောက်လား။ ” ကျန်းရွေ့ချင်က မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။ အဲ့ဒါက ဘင်းမြို့တော်အတွက်လည်း အကျိုးရှိတာပဲလေ။ ကျွန်တော်က ဘင်းမြို့တော်ရဲ့ လက်ထောက်မြို့တော်ဝန်ကို ယုံကြည်သည့်အတွက် လက်ထောက်မြို့တော်ဝန် အနေနဲ့လည်း ဘင်းမြို့တော်မှာရှိတဲ့ လုံခြုံရေးကို ပိုကောင်းအောင် လုပ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် မြို့တော်ဝန်ကို အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင် ကျွန်တော်က ဂိုဏ်းတွေရဲ့ ခြိန်းခြောက်မှုကို ခံခဲ့ရတယ်။ တကယ်လို့ မြို့တော်ဝန်အနေနဲ့ ကိုယ်ကိုတိုင် ကာကွယ်ဖို့အတွက် ကျွန်တော်ကို မကာကွယ်ဘူးဆိုရင်တော့ ကျွန်တော်က သူတို့အချင်းချင်း တိုက်ခိုက်ဖို့အတွက် ငွေသုံးရမှာပဲ။ အဲ့လိုဖြစ်လာရင် ဘင်းမြို့တော် ဘယ်လိုအကျိုးဆက်တွေ ရှိမယ်ဆိုတာ မြို့တော်ဝန် သိမှာပါ။ ”

ကျန်းရွေ့ချင်က ဖုန်းယွီကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။

“မင်းလုပ်ရဲလား။ ”

ထိုဖုန်းယွီသည် ထိုကဲ့သို့သော ကိစ္စမျိုးကို သူရှိသည့် နေရာတွင်တောင် ပြောရဲပေသည်။

“တစ်ယောက်ယောက်က အဆုံးစွန်ထိတောင် တွန်းမှတော့ ဘာမှလုပ်စရာ မရှိတော့ဘူးလေ။ မြို့တော်ဝန်ကျန်း ဘာလို့ကျွန်တော်ကို မြို့တော်ဝန် ဒါမှမဟုတ်ဘူးဆိုရင် ပါတီအတွင်းရေးမှူးနဲ့ မိတ်မဆက်ပေးရတာလဲ။ ကျွန်တော်အနေနဲ့ သူတို့ကို ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက် ချနိုင်လိမ့်မယ်လို့ ကျွန်တော်တွေးမိတယ်။ တကယ်လို့ ဘင်းမြို့တော်ရဲ့ လမ်းမထက်မှာရှိတဲ့ လူတွေကို မေးကြည့်လိုက်ရင် စုန့်လောင်စီ၊ ခြေကျိုးဝမ့် အစ်ကိုကီနဲ့ အခြားဂိုဏ်းတွေလား။ ဒါမှမဟုတ်ဘူးဆိုရင် ဘင်းမြို့တော်ရဲ့ အရာရှိတွေ ကျွန်တော်တို့ရဲ့ ပြည်နယ်ရဲ့ ခေါင်းဆောင်တွေ ဒါမှမဟုတ်ဘူးဆိုရင် နိုင်ငံရဲ့ခေါင်းဆောင်နဲ့ ယှဉ်မယ်ဆိုရင် သူတို့ဘယ်သူကို ပိုသိကြမလဲ။ တကယ်လို့ အစိုးရအနေနဲ့ မြို့ထဲမှာရှိတဲ့ ဂိုဏ်းတွေကို ဘာမှမလုပ်ဘူးဆိုရင်တော့ မြို့တော်ကတော့ သွားတော့မယ်။ ”

“ဘင်းမြို့တော်ရဲ့ လုံခြုံရေးက အဲ့လောက်ထိတောင် ဆိုးနေလို့လား။ ”

ဖုန်းယွီက ရယ်လိုက်ကာ

“မြို့တော်ဝန်အနေနဲ့ မြို့တော်ရဲ့ အတွင်းရေးမှူးပဲဖြစ်ဖြစ် ဒါမှမဟုတ်ဘူးဆိုရင် လမ်းမထက်မှာရှိတဲ့ ခင်ဗျားရဲ့ လူပဲဖြစ်ဖြစ် မေးလို့ရပါတယ်။ အဲ့ဒီအခါကျရင် ကျွန်တော်ပြောတာ မှန်တယ်ဆိုတာ သိလာမှာပါ။ ”

ကျန်းရွေ့ချင်က သူ၏လူအနည်းငယ်ကို ရုံးခန်းထဲသို့ခေါ်လိုက်ပြီး မေးခွန်းမေးလိုက်သည်။ ယင်းက ဖုန်းယွီပြောသည့်အတိုင်းပင် ဖြစ်နေသည်။

“မင်းအရင်သွားနှင့် ငါစဉ်းစားလိုက်အုံးမယ်။ ”

ကျန်းရွေ့ချင်သည် မြို့တော်၏ပညာရေး ကျန်းမာရေးနှင့် နိုင်ငံပိုင်လုပ်ငန်းများ ပြုပြင်တည်ဆောက်ခြင်းတွင်သာ တာဝန်ရှိသူဖြစ်သည်။ အကယ်၍သူသည် မြို့တော်ဝန်ကို မြို့တော်လုံခြုံရေးနှင့် ပတ်သတ်ပြီး ပြောပါက သူစည်းကျော်ရာ ရောက်ပေလိမ့်မည်။ အခြားသူများ၏ မုန်းတီးခြင်းကိုလည်း သူခံရမည်ပင်။

ဖုန်းယွီက ကျန်းရွေ့ချင်၏ ရုံးခန်းထဲမှ ထွက်သွားသည်။ အကယ်၍ ကျန်းရွေ့ချင်က တစ်ခုခုလုပ်ရန် ဆုံးဖြတ်လျှင်တောင် လုံလောက်မည် မဟုတ်သေးပေ။ ဖုန်းယွီက မတူညီသည့် ဦးတည်ချက်များမှ တိုက်ခိုက်မည်ဖြစ်ကာ စုန့်လောင်စီနှင့် ဂိုဏ်းများကို လွတ်မြောက်ရန် အခွင့်အရေး တစ်ခုမှ ပေးမည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က မြွေကို မရှင်းနိုင်ခဲ့လျှင် သူသည် အကိုက်ခံရမည်ဖြစ်သည်။ ဖုန်းယွီက စရွေ့မည်ဟု ဆုံးဖြတ်လိုက်သည်နှင့် သူ့အနေဖြင့် ထိုဂိုဏ်းများကို တစ်ဂိုဏ်းမှ လွတ်ပေးမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ထိုသူများအားလုံးက မကောင်းသည့် အရာများကို ပြုလုပ်နေသည့် သူဖြစ်ကာ သူတို့တစ်ချက်ထဲ အရှိုက်ထိမည်ဖြစ်သည်။ သူ့အနေဖြင့် ပြည်သူပြည်သားများ ကောင်းမွန်မှုအတွက် လုပ်နေသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။

ဘင်းမြို့တော် ရဲစခန်းတွင် ဖုန်းယွီက လက်ထောက်အရာရှိ ရုံးခန်းတွင် ထိုင်နေသည်။ ထိုလက်ထောက် အရာရှိချုပ်သည် ဖုန်းယွီဆက်သွယ်နိုင်သည့် ရာထူးအမြင့်ဆုံး အရာရှိ ဖြစ်ပေသည်။

“မန်နေဂျာဖုန်း ဘာပြောလိုက်တာ ခင်ဗျားက ကျွန်တော်တို့ရဲ့ ရဲဌာနကို ယွမ်ငါးသိန်း လှူချင်တာ။ ဟား ဟား ဟား ဟား ဒါက စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ မညီဘူးထင်တယ်။ ”

လက်ထောက်အရာရှိချုပ်က ပျော်ရွှင်နေသည့်တိုင် သူသည် ငြင်းဆန်ရန် ကြိုးစားနေသည်။

သူက ပျော်ရွှင်နေသည့်တိုင် ငြင်းဆန်နေသည်။

“အရာရှိချုပ်ကျန်း ဒါက ကျွန်တော်တို့ပြည်နယ်ရဲ့ လက်ဆောင်လေးပါပဲ။ ကျွန်တော်တို့ကိုတော့ ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့။ ထပ်ပြောရရင် ကျွန်တော်တို့တွေက ဘင်းမြို့တော် ရဲအရာရှိတွေ အကုန်လုံးကို လှူတာပါ။ ခင်ဗျားတစ်ယောက်ထဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရဲအရာရှိတွေရဲ့ ဘဝတွေက တကယ်ကို ခက်ခဲကြမ်းတမ်းပါပေတယ်။ ပိုက်ဆံအပြင်ကို ပဲပိစပ်ဆီ၊ ဂျုံ၊ ဆန်၊ ဝက်သား၊ ဥ အစရှိသည်တွေလည်း ကျန်ပါသေးတယ်။ အဲ့ဒါတွေကတော့ နောက်ထပ် ရက်အနည်းငယ်နေမှ ရမှာပါ။ အမျိုးသားနေ့ အထိမ်းအမှတ် လက်ဆောင်ဟုပဲ စဉ်းစားလိုက်ပါတော့။ ”

“မန်နေဂျာဖုန်း မင်းမှာ ပြောဖို့တစ်ခုခုများ ရှိနေတာလား။ ”

လက်ထောက်အရာရှိချုပ် ကျန်းက မေးလိုက်သည်။ ဖုန်းယွီ ထိုပစ္စည်းများ လှူဒါန်းခြင်း၏ နောက်ကွယ်တွင် အကြောင်းပြချက်တစ်ခု ရှိရပေမည်။ ကမ္ဘာပေါ်တွင် အလကားရသည့် အရာဟူ၍ မရှိပေ။

“ကျွန်တော်တို့ ဘင်းမြို့တော်ရဲ့ လုံခြုံရေးကို တိုးမြင့်သင့်လားလို့ပါ။ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူအချို့က ကျွန်တော်ရဲ့ ကုမ္မဏီကိုလာပြီး ပိုက်ဆံတွေယူဖို့ ကြိုးစားနေကြတယ်။ ”

ဖုန်းယွီက မျက်မှောင်ကြုတ်ကာ တောင်းဆိုလိုက်သည်။

“တစ်ခုခုများ ဖြစ်ခဲ့လို့လား။ မင်းရဲ့ရုံးခန်းမှာ ငါတို့တွေရဲ့ ဆုတံဆိပ်တွေ စည်းစာတမ်းတွေကို မချိတ်ဆွဲထားဘူးလား။ ဘယ်သူတုန်း ငါ့ကိုပြော။ ဒီလိုမျိုးလူမျိုးက ထောင်ထဲကို ပို့မှရမယ်။ ”

“စုန့်လောင်စီနဲ့ ခြေကျိုးဝမ့် ”

လက်ထောက်အရာရှိချုပ်ကျန်းက အသက်ပြင်းပြင်း ရှုလိုက်သည်။ ဘယ်လိုလုပ် ထိုလူနှစ်ယောက် ဖြစ်နေရသနည်း။ ယင်းက ကောင်းသည့်အရာ မဟုတ်ပေ။ ကောလဟာလများအရ ပြည်နယ်ခေါင်းဆောင်သည် စားပွဲတစ်ခုထဲတွင်ထိုင်ကာ စုန့်လောင်စီနှင့် သောက်ဖူးသည်။

“ဘာကြောင့်လဲ။ အရာရှိချုပ်ကျန်း တစ်ခုခု မလုပ်ပေးနိုင်ဘူးလား။ အဆင့်မြင့် အရာရှိတွေက မကြာခင်မှာ ဖြိုခွဲမိန့်စာ ကျလာလိမ့်မယ်။ ကျွန်တော်တို့ ဘင်းမြို့တော်ကလည်း အဲ့ဒီရဲ့ စာရင်းထဲမှာပါတယ်။ ရဲအရာရှိ အဲ့ဒီအကြောင်း သိပြီးပြီလား။ တကယ်လို့ ရဲအရာရှိက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုရင် နောက်ရဲအရာရှိချုပ်က ခင်ဗျားပဲ။ ရဲအရာရှိပဲ။ ”

“ဖြိုခွဲမှာလား။ ဘယ်လိုလုပ် မင်းသိတာလဲ။ ”

“ကျွန်တော်မှာလည်း ကျွန်တော် အဆက်အသွယ်နဲ့ပါ။ ကျွန်တော်ပြောတဲ့ ကိစ္စကို ရဲအရာရှိ စဉ်းစားနိုင်ပါတယ်။ ဒီကိစ္စက ဘင်းမြို့တော်နဲ့ ကျွန်တော်အတွက်ရော ကောင်းမွန်တဲ့ အရာပါ။ နှစ်ခုစလုံးအတွက် ကောင်းမွန်တဲ့ အရာပါ။ ကျွန်တော်ရဲ့ ခန့်မှန်းတွက်ချက်မှုအရဆိုရင် အဲ့ဒီဖြိုခွဲမှုက နောက်လာမဲ့ ရက်အနည်းငယ်မှာ အမိန့်ပေးလိမ့်မယ်။ ရဲအရာရှိအနေနဲ့ အဲ့ဒီအခွင့်အရေးကို ဆုပ်ကိုင်ဖို့ မမေ့နဲ့နော်။ ”

ဖုန်းယွီက လက်ထောက်ရဲအရာရှိ ကျန်းနှင့်ပြောပြီးနောက် ထွက်သွားတော့သည်။ သူက အခုလက်ရှိတွင် စုန့်လောင်စီနှင့် ခြေကျိုးဝမ့်အား ဖမ်းဆီးပေးရန် တောင်းဆိုပါက ဖြစ်နိုင်သည့်ကိစ္စ မဟုတ်ပေ။ သို့သော် မြို့တော်အစိုးရအနေဖြင့် အမိန့်ပေးရင်ရော။ လက်ထောက် ရဲအရာရှိချုပ်သည် ထိုရာထူးတွင် နှစ်ပေါင်း(၇)နှစ် ကြာပြီဖြစ်ကာ သူ့အနေဖြင့် ရဲအရာရှိချုပ်အဖြစ် ရာထူးတိုး ခံချင်ပေသည်။ ယခုလက်ရှိတွင် ဖုန်းယွီက သူ့အားအနည်းငယ် ပင့်တင်လိုက်ခြင်းပင် ဖြစ်ပေသည်။

....

“ဒါရိုက်တာလီ ဒါရိုက်ဟို စုန့်လောင်စီနဲ့ ခြေကျိုးဝမ့်က ကျွန်တော်ကုမ္မဏီကို သူ့လူတွေ ပို့လိုက်ပြန်တယ်။ သူတို့က ရေနွေးငွေ့စက် ရောင်းရတဲ့ ရှယ်ယာတွေကို လိုချင်နေတာ။ သူတို့တွေက အမြတ်ရဲ့တစ်ဝက်ကို လိုချင်နေတယ်။ တကယ်လို့ ကျွန်တော်က သူတို့ကို ပေးလိုက်တယ်ဆိုရင် ကျွန်တော်မှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ရှယ်ယာ ကျွန်တော်ကို ပြန်ပေးရင်တောင်မှ ကျွန်တော် တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်တော့ဘူး။ ”

“သူတို့ကို ဒီရေနွေးငွေ့စက်က စက်ပစ္စည်းစက်ရုံရဲ့ ထုတ်ကုန်လို့ မပြောလိုက်ဘူးလား။ ”

လီရှစ်ရုံက မျက်မှောင်ကြုတ်လိုက်သည်။ ဘင်းမြို့တော်တွင် စက်ပစ္စည်းစက်ရုံမှ ငွေညစ်ရဲသည့်သူ ရှိသေးသည်လော။ စက်ပစ္စည်းစက်ရုံသည် ထောင်ချီဝန်ထမ်းရှိသည်။ အကယ်၍ ဝန်ထမ်းများ၏ မိသားစုပါ ပေါင်းထည့်ပါက လူဦးရေတစ်သောင်းကျော် ရှိမည်ဖြစ်ကာ စက်ပစ္စည်းစက်ရုံကို စစ်ဖက်ဆိုင်ရာ စက်ရုံဟုလည်း စဉ်းစား၍ ရနိုင်ပေသည်။ မည်သည့်ဂိုဏ်းက သူတို့ကို ဆန့်ကျင်ရဲသနည်း။

“ငါသူတို့ကို ပြောလိုက်တယ်။ ဒီဟာကြောင့်ပဲ သူတို့တွေက ခင်ဗျားဆီနဲ့ ဒါရိုက်တာဟိုဆီကို မလာရဲဘဲ ကျွန်တော်ဆီကိုပဲလာတာ။ ဒါကြောင့် ကျွန်တော်အနေနဲ့ ခင်ဗျားတို့နှစ်ယောက်ကို တောင်းဆိုချင်တာက မြို့တော်အစိုးရ ဒါမှမဟုတ်ဘူးဆိုရင် ပြည်နယ်အစိုးရကို သတင်းတစ်ခု ပါးပေးစေချင်တာပါ။ သူတို့ကို ကျေးဇူးပြုပြီး မြို့တော်ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး တစ်ခုခု လုပ်ပေးဖို့ ပြောပေးပါအုံး။ ”

လီရှစ်ရုံနှင့် ဟိုဟိုက်ထောင်သည် တိတ်ဆိတ်သွားပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ဖုန်းယွီ၏ ရင်ထဲတွင်တော့ စိတ်တိုတာ အကြိမ်စောနေတော့သည်။ သူတို့သည် အကျိုးအမြတ်များကို ခွဲမည် ရယူမည်ဆိုတုန်းက သူတို့နှစ်ယောက်စလုံးက ပြေးလာကြသည်။ ယခုလက်ရှိ သူတို့၏ အကူအညီ တောင်းသည့်အခါတွင် သူတို့နှစ်ယောက်လုံးက တိတ်ဆိတ်နေကြသည်။

သူ၏အတွေးတွင် သူတို့နှစ်ယောက်လုံးသည် စက်ပစ္စည်းများကို တပ်ဆင်နေကြသည့်အတွက် ဂုဏ်ယူနေကြသည်လော။ နှစ်ယောက်စလုံးက သတင်းစကား တစ်ခုကိုတောင် မပါးရဲသည်လော။ သူတို့ကို လှုံ့ဆော်မှုတစ်ခုပေးရန် လိုအပ်ပုံပေါ်သည်။ သူတို့ပိုက်ဆံမရသည့်အတွက် သူတို့ သဘောမတူခြင်း ဖြစ်ရပေမည်။

ကိစ္စများ ပြီးမြောက်ဖို့အတွက် ငွေသုံးရန် လိုအပ်ပေသည်။ ဖုန်းယွီ၏ အမြင်အရဆိုလျှင် ထိုကိစ္စအတွက် ငွေသုံးကို သုံးရပေမည်။

စာရေးဆရာမှတ်စု ထိုခေတ်အခါက စုန့်လောင်စီ၏ ဂုဏ်သတင်းသည် ခေါင်းဆောင်များထက်တောင် ပိုမြင့်သည်မှာ အသေအချာပင် ဖြစ်သည်။

All Chapters