မမျှော်လင့်ထားတဲ့ ကူညီမှုတစ်ခု
Vol. 11 Ch. 163
“အိုး ဟုတ်သား၊ အမျိုးသားနေ့မှာ မင်းတို့စက်ရုံမှာ ရှိတဲ့အလုပ်သမားတွေအတွက် ငါ လက်ဆောင်ပေးမယ်၊ အလုပ်သမားတစ်ယောက်စီတိုင်း ဆီတစ်ဘူး၊ ဆန်တစ်ဘူး၊ ဂျုံတစ်ထုပ်နဲ့ ယွမ်ငါးဆယ် ရမယ် ”
“သဘောထားကြီးလိုက်တာ ”
လီရှစ်ရုံနှင့် ဟိုဟိုက်ထောင်တို့သည် စိတ်ထဲတွင် တွက်ချက်နေသည်။ စက်ရုံနှစ်ရုံလုံးတွင် အနည်းဆုံး အလုပ်သမားတစ်သောင်းခန့်ရှိပြီး ဖုန်းယွီက သူတို့ကို သတင်းစကားတစ်ခု ပါးရန်အတွက် သိန်းချီသုံးရဲသည်လော။
“ကောင်းပြီ၊ ငါတို့တွေ မင်းကို ကူညီပေးမယ် ”
ထိုမရိုးဖြောင့်သည့် သူနှစ်ယောက်က သူတို့အနေဖြင့် ယင်းကို ပြုလုပ်ပေးခြင်းက ဖုန်းယွီ၏ နှစ်သက်မှုကို အကျိုးမယုတ်စေဘဲ ထိုအရာမှ သူတို့အတွက် ကောင်းကျိုးများတောင် ရလာနိုင်ပေသည်။ ထပ်ပြောရပါက သူတို့သည် ဒလက်မဲ့ပန်ကာတွင် ဖုန်းယွီနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သေးသည်။ သူတို့က ထိုက်ဟွကုန်သွယ်ရေးအနေဖြင့် သူတို့ကို ဖြုတ်ချပြီး တက္ကသိုလ်များနှင့် ပေါင်းလုပ်မည့်အရေးကို မလိုလားပေ။ ယင်းက ပမာဏများများ ဆုံးရှုံးခြင်းပင် ဖြစ်လိမ့်မည်။
အစည်းအဝေးပြီးနောက် ဖုန်းယွီက စက်ယန္တရားစက်ရုံသို့ သွားခဲ့သည်။ သူက ငွေစာရင်းများကို ကြည့်ရှုစစ်ဆေးပြီး ခြားနားချက်များကို ပြလိုက်တော့သည်။ သူ့အနေဖြင့် ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်ကိုလည်း အကြောင်းကြားမည်ဟုတောင် ပြောလိုက်သည်။ လီမင်တက ကူကယ်ရာမဲ့စွာဖြင့် ယခုတစ်ခေါက်တွင် ဖုန်းယွီပြောသည်ကို လိုက်လုပ်ပေးမည် ဖြစ်ကြောင်း ပြောကာ တောင်းဆိုလိုက်၏။ အချိန်တိုင်း ဖုန်းယွီက သူ့ကို တစ်ခုခု လုပ်စေချင်ခဲ့သည်။ သူသည် ငွေစာရင်းစာအုပ်များကို စစ်ဆေးကြည့်လိုက်ပြီး ကွဲလွဲမှုများကို ညွှန်ပြလိုက်သည်။
ဖုန်းယွီက သူ့အား တောင်းဆိုချက်ကို ပြောလိုက်ပြီး လီမင်တက တခဏကြာ တွန့်ဆုတ်နေသည်။ သို့သော် သဘောတူလိုက်သည်။ လီမင်တက ဖုန်းယွီပြောသည့် သတင်းစကားကိုသာ ပါးရန်လိုပြီး မြို့တော်အစိုးရအနေဖြင့် လုပ်ဆောင်မည် မလုပ်ဆောင်မည်ဆိုသည့် ဆုံးဖြတ်ချက်တွင်တော့ တာဝန်ယူစရာ မလိုပေ။
များစွာသော ပြင်ဆင်မှုများနှင့် ပိုက်ဆံများသုံးစွဲပြီးသည့်တိုင် ဖုန်းယွီအနေဖြင့် မလုံလောက်သေးဟု ခံစားနေရသည်။ ခေါင်းဆောင်များ၏စိတ်ထား ဥပမာအားဖြင့် ကျန်းရွေ့ချင်သည် လွတ်လပ်နေပေသည်။
“မင်း ဘာတွေဖြစ်နေတာလဲ၊ ကန်တင်းရဲ့ အစားအသောက်တွေက စားမကောင်းဘူးလား၊ ဘာလို့ မစားဘဲနေနေတာလဲ ”
ဝမ်တုန့်ကျွင်းက ဖုန်းယွီသည် သူ့ပန်းကန်ထဲမှ အစားစားနေတာကို မေးလိုက်သည်။
ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ တိုးတိုးဖြင့် မေးလိုက်သည်။
“အား… ဒုက္ခအတိရောက်နေတဲ့ ဘင်းမြို့တော်ရဲ့ လုံခြုံရေးစနစ်ကို အာဏာပိုင်တွေအနေနဲ့ လုပ်ဆောင်ဖို့ ငါတို့အနေနဲ့ ဘာလုပ်ရမှာလဲ၊ ဒီဂိုဏ်းတွေက တစ်မြို့လုံးကို သောင်းကျန်းနေတာ၊ ဘာကြောင့် ခေါင်းဆောင်တွေက ဘာမှမလုပ်ရတာလဲ၊ သူတို့က တစ်ခုခု ကြီးမားတဲ့ကိစ္စဖြစ်မှ လုပ်မှာလား ”
ဖုန်းယွီ၏နောက်ဆုံး အားကိုးအားထား ပြုရမည့်အရာက ယင်းကိစ္စကို အကျယ်ချဲ့ရန် ဖြစ်သည်။ ဂိုဏ်းများ၏ကိစ္စကို မြို့တော်အစိုးရနှင့် ပြည်နယ်အစိုးရမှ ကိုင်တွယ်ရန်အတွက် ကြီးကြီးမားမားဖြစ်အောင် လုပ်ရမည်ဖြစ်ပြီး ထိုမှ ထိုဂိုဏ်းများသည် ဒုက္ခရောက်မည်ဖြစ်သည်။
သို့သော် တစ်ချိန်ထဲတွင် ဖုန်းယွီသည် အန္တရာယ်ရှိသည့် အနေအထားတွင် ရောက်နေသည်။ ထိုသို့ ပြုလုပ်ခြင်းက မီးနှင့် ကစားရာရောက်ပြီး လောက်မြိုက်စေနိုင်သည်။ ကျန်းရွေ့ချင်နှင့် သူ၏ဆက်ဆံရေးသည်လည်း ခွာပြဲသွားလိမ့်မည် ဖြစ်သည်။ ကျန်းရွေ့ချင်သည် ဘင်းမြို့တော်၏ အနာဂတ်မြို့တော်ဝန် ဖြစ်သည်။ ဖုန်းယွီတွင် ငွေများရှာရန် နည်းလမ်းရှိသည့်တိုင် သူ့အနေဖြင့် ကျန်းရွေ့ချင်၏ ထောက်ပံ့မှုကိုလည်း လိုအပ်ပေသည်။
ကျန်းဟန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“လုံခြုံရေးပြဿနာလား၊ နင်တို့တွေက စုန့်လောင်စီနဲ့ ခြေကျိုးဝမ်၊ ပြီးတော့ တခြားဂိုဏ်းတွေအကြောင်း ပြောနေတာလား ”
‘ဖုန်းယွီရဲ့ ယောက်ဖက အဲ့ဂိုဏ်းမှာ အလုပ်လုပ်နေတာ မဟုတ်ဘူးလား၊ အဲ့တာဆို ကောလဟလတွေက မှားနေတာလား ’
“ဒါ အမှန်ပဲ၊ အဲ့ဒီလူတွေက အရမ်းကို ဗိုလ်ကျလွန်းတယ်၊ ပြီးတော့ အာဏာပိုင်တွေအနေနဲ့ကလည်း သူတို့ကို ရပ်တန့်ဖို့ ဘာမှ မလုပ်ကြဘူး၊ ဘင်းမြို့တော်က အခုလက်ရှိမှာ ပျက်စီးနေပြီ ”
ဖုန်းယွီက စားပွဲပေါ်သို့ တူကို ပစ်ချလိုက်သည်။ သူသည် စားချင်စိတ် လုံးဝမရှိတော့ပေ။
ဝမ်တုန့်ကျွင်းက ထပ်ပေါင်း ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီအာဏာပိုင်တွေက တကယ့်ကို အလွယ်တကူ သိမ်းသွင်းလို့ ရနိုင်တယ်၊ ငါ အနာဂတ်ကျ ခေါင်းဆောင်တစ်ယောက်ဖြစ်လာတဲ့အခါ ငါ မင်းတို့အားလုံးကို ဘယ်ဟာက စူးစူးစိုက်စိုက်နဲ့ လုပ်ရမယ့်အရာတွေလဲဆိုတာ ပြမယ် ”
ကျန်းဟန်က ရုတ်တရက် ပြောလိုက်သည်။
“ဘယ်အာဏာပိုင်တွေကများ အလွယ်တကူ သိမ်းသွင်းလို့ ရနိုင်လို့လဲ၊ သူတို့တွေ နေ့တိုင်းနေ့တိုင်း အလုပ်ကို ဘယ်လောက်တောင် ကြိုးကြိုးစားစား လုပ်နေရလဲဆိုတာ နင်တို့တွေ သိလို့လား ”
ပြောပြီးနောက် သူမက ထရပ်လိုက်ကာ ဆောင့်အောင့်ထွက်သွားတော့သည်။ ဝမ်တုန့်ကျွင်းက မှင်သက်နေသည်။ ဘာများ မှားလို့လဲ။ ဘာကြောင့် ကျန်းဟန်က ရုတ်တရက် စိတ်တိုသွားရတာလဲ။ သူသည် သူ့အစားကို အမြန်စားပြီးနောက် သူမနောက်ကို ပြေးလိုက်သွားတော့သည်။
…
“အဖေ ”
“ဟေး အဖေရဲ့ သမီးရတနာလေး ကျောင်းမှာ ပင်ပန်းနေပြီလား၊ အဖေ သမီးကို ဝိဇ္ဇာယူဖို့ ပြောသားပဲ၊ ဒါပေမဲ့ သမီးက သိပ္ပံပညာရပ်ကိုပဲ သင်ချင်နေတာ”
သူ၏အသက် သုံးဆယ်ကျော်မှ မွေးသည့်သမီးမိန်းကလေးဖြစ်သည့်အတွက် သူ၏သမီးရတနာတစ်ပါးပင် ဖြစ်ပေသည်။
“အဖေ သမီး အဖေ့ကို တစ်ခုမေးလို့ ရမလား ”
ကျန်းဟန်က သူ့အဖေ၏လက်မောင်းကို ဖက်ကာ ပြောလိုက်သည်။
“ဘာတွေ ပြဿနာတွေ ဖြစ်လို့လဲ သမီးရဲ့၊ ပြောလေ ”
“သမီး အတန်းဖော်တွေဆီကနေ ကြားတာက ဘင်းမြို့တော်ရဲ့ လုံခြုံရေးက ကြောက်စရာကောင်းနေတယ်တဲ့၊ စုန့်လောင်စီ၊ ခြေကျိုးဝမ်၊ အကိုကေ စတဲ့ ဂိုဏ်းတွေက မြို့တော်ကို ခြယ်လှယ်နေတယ်၊ ပြီးတော့ သူတို့တွေက မကောင်းတဲ့အရာတွေ ဥပမာအနေနဲ့ သတ်တာတွေ၊ မီးရှို့တာတွေ၊ ဓားပြတိုက်တာတွေ လုပ်နေတယ် ”
“အဓိပ္ပာယ်မရှိလိုက်တာ၊ သမီးက သမီးရဲ့မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့လို့လား ”
“ဘာအဓိပ္ပာယ်မရှိတာလဲ၊ အဖေ လမ်းပေါ်ထွက်ပြီး မေးကြည့်ပါလား၊ ဘင်းမြို့တော်မှာ ရှိတဲ့ မြို့သူမြို့သားတွေ အားလုံးက ဒီအကြောင်းကို သိတယ်၊ ပြီးတော့ အရင်တစ်ခေါက်က သမီး ယဉ်ကျေးမှုနန်းတော်ကို ရုပ်ရှင်ကြည့်ဖို့ သူငယ်ချင်းတွေနဲ့ သွားတုန်းကလည်း ခြေကျိုးဝမ့်ဂိုဏ်းက ဂိုဏ်းစတားတွေရဲ့ နှောက်ယှက်မှုကိုလည်း ခံခဲ့ရတယ် ”
သူ့အဖေက သူ့စကားများကို ယုံကြည်လာအောင် ကျန်းဟန်က လိမ်လိုက်ခြင်းပင် ဖြစ်သည်။
“ဂိုဏ်းစတားတွေရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတာလား၊ ဘာလို့ အဖေ့ကို မပြောရတာလဲ၊ သူတို့တွေက အလုပ်မရှိအကိုင်မရှိကောင်တွေ မဟုတ်ဘူးလား၊ သူတို့တွေကို ဂိုဏ်းအဖွဲ့ဝင်တွေလို့ စဉ်းစားလို့ မရဘူး ”
“အဖေ တကယ်လို့ သူတို့တွေက ဂိုဏ်းစတား မဖြစ်လောက်ဘူးဆိုရင်တောင် သူတို့တွေကို ဘာမှမလုပ်ဘူးဆိုရင် နောင်ကျ ဂိုဏ်းစတားတွေ ဖြစ်လာမှာ၊ ပြီးတော့ လမ်းမတွေပေါ်မှာ ကောလဟလတွေ ထွက်နေတာလဲ မသိဘူးမလား၊ လူတိုင်းက ပြောနေကြတာက အဖေက စုန့်လောင်စီကို ကာကွယ်နေတယ်တဲ့ ”
ကျန်းဟန်က ပြောလိုက်သည်။
“ဒီအမှိုက်ကောင်တော့ ငါက သူ့ကို ကူညီပေးနေတာလား၊ စုန့်လောင်စီက ဖြိုဖျက်တဲ့ ကုမ္ပဏီကို ပိုင်ဆိုင်တယ်၊ ပြီးတော့ သူနဲ့ငါနဲ့က စားသောက်ဆိုင်တစ်ခုမှာ တစ်ကြိမ်ပဲ တွေ့ရုံပဲ၊ ငါက သူ့ကို ကာကွယ်တာ ဘယ်လိုလုပ် ဖြစ်ရမှာလဲ ”
တစ်ချိန်ထဲတွင် မီးဖိုချောင်ထဲတွင် ရှိနေသည့် ကျန်းဟန်၏ အမေကလည်း သူ့ခင်ပွန်းက သူ့သမီးအား အော်သည်ကို ကြားသည့်အခါ ထွက်လာပြီး
“ဘာလို့ ကျွန်မရဲ့ အဖိုးတန်သမီးလေးကို အော်နေရတာလဲ၊ ကျွန်မအနေနဲ့လည်း ဘင်းမြို့တော်ရဲ့ လုံခြုံရေးစနစ်ကို တိုးတက်အောင် တစ်ခုခုလုပ်သင့်တယ်လို့ ခံစားမိတယ်၊ ဘာကြောင့် ကျွန်မတို့တွေက ပြည်နယ်အစိုးရတွေနေတဲ့ အိမ်ယာတွေကို မပြောင်းရတာလဲ၊ ဒီအနီးပတ်ဝန်းကျင်မှာ ရှိတဲ့ လုံခြုံမှုက သိပ်မကောင်းဘူး၊ မနေ့တုန်းကပဲ တိုက် ၃၀၂မှာ ရှိတဲ့တံခါးက ကျိုးတယ်၊ ကျွန်မကြားတာကတော့ အဲ့တာဖြစ်တာက ငွေတိုးချေးစားတဲ့သူကြောင့်၊ ပြီးတော့ တရားခံကလည်း အစ်ကိုကေရဲ့ လူတွေတဲ့၊ ပြီးတော့ ရှင် ကျွန်မအဖေရဲ့ အိမ်နီးချင်းဟောင်း အန်တီရှုကို မှတ်မိသေးလား၊ ကျွန်မကြားတာတော့ ဖြိုဖျက်တဲ့အလုပ် လုပ်ကိုင်နေတဲ့သူ တစ်ယောက်ယောက်ကြောင့် သူမရဲ့ ခြေထောက်တွေ ကျိုးသွားတယ်လို့ ကြားတယ်၊ အဲ့ဒီကုမ္ပဏီက ဖြိုဖျက်ခွင့်နဲ့ ဥပဒေအရ နှင်ထုတ်ခွင့် လိုင်စင်ရထားတဲ့ ကုမ္ပဏီတစ်ခု၊ အဲ့ဒီကုမ္ပဏီက စုန့်လောင်စီပိုင်တယ် ”
“ဘာလို့ ငါ့ကို စောစောထဲက ဒီအကြောင်းတွေ မပြောရတာလဲ ”
“ကျွန်မ ရှင့်ကို ပြောချင်ပါတယ်၊ ဒါပေမဲ့ ရှင်က ကျွန်မအတွက် အချိန်မှ မရှိတာ၊ ရှင်က နေ့တိုင်းနေ့တိုင်း အလုပ်ရှုပ်နေတာ၊ ဒါတောင် ရှင်က ဘင်းမြို့တော်ရဲ့ လုံခြုံရေးကိုတောင် ကောင်းကောင်း မစွမ်းဆောင်နိုင်ဘူး၊ ဘာကြောင့် ကျွန်မကို လာပြီးတော့ အပြစ်ပြောနေရတာလဲ ”
“အဖေ ကြည့်လိုက်၊ အမေတောင်မှ ဒီအကြောင်းတွေကို သိတယ်၊ အဖေက ဒီကိစ္စတွေကို လျစ်လျူရှုဦးမှာလား၊ အရင်တစ်ခေါက်က သမီးတို့ရဲ့ ကျောင်းကိုတောင် ဂိုဏ်းစတားတွေက လာသေးတယ်၊ တကယ်လို့ အဖေ တစ်ခုမှ မလုပ်တော့ဘူးဆိုရင် သမီးကျောင်းကို မသွားတော့ဘူး ”
ကျန်းဟန်က ဆက်ပြောလိုက်သည်။
“ကောင်းပြီ၊ ငါ မနက်ဖြန်ကျရင် ငါ့ရဲ့လူတွေကို မေးလိုက်မယ်၊ အဲ့ဒီကိစ္စတွေက အမှန်ဖြစ်တယ်ဆိုရင်တော့ တစ်ခုခုတော့ လုပ်ရမှာပေါ့၊ ပြီးခဲ့တဲ့ နှိမ်နင်းမှုက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က၊ ဘာကြောင့် ဒီလို အရာတွေက ဒီလောက် မြန်မြန်ကြီး ဖြစ်လာရတာလဲ ”
….
ဘင်းမြို့တော်၏ မြို့တော်ဝန်က မျက်မှောင်ကြုံ့လိုက်သည်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံမှ ဒါရိုက်တာဟိုသည် သူ့ရုံးခန်းမှ ထွက်သွားခဲ့သည်။ စစ်ဘက်ဆိုင်ရာစက်ရုံတွေကတောင် ငါ့ကို ဒုက္ခရောက်အောင် လုပ်နေတာလား၊ ဒီကိစ္စက လက်ခံနိုင်ဖွယ်ကို မရှိတာ။
လေယာဉ်ထုတ်လုပ်သည့် စက်ရုံနှင့် စက်ယန္တရားစက်ရုံတို့သည် ဘင်းမြို့တော်၏လုံခြုံရေးနှင့် ပတ်သတ်ပြီး တိုင်ကြားကြသည်။ ပြီးတော့ မြို့တော်အစိုးရအနေဖြင့် တစ်ခုခု လုပ်စေလိုကြသည်။ ယင်းကိစ္စကို လက်ထောက်မြို့တော်ဝန်နှစ်ဦးလည်း ယူဆောင်လာကြကာ ထိုဂိုဏ်းများရှိခြင်းက မြို့တော်၏တိုးတက်မှုကို နှောင့်နှေးစေကြောင်း ထောက်ပြကြသည်။
ယခုအချိန်တွင် ယင်းကိစ္စအား ပါတီအတွင်းရေးမှူးကို ပြောပြရသည်နှင့် တူပေသည်။ သို့သော် ဘင်းမြို့တော်၏ လုံခြုံရေးသည် သူတို့ပြောသလောက် အခြေအနေ မဆိုးပေ။ ထိုအကြောင်းအရာများက မြေပြင်ပေါ်တွင် ရှိသည့် သူတို့၏လူများ ချဲ့ကားပြောတာလည်း ဖြစ်နိုင်ပေသည်။ ပါတီ၏အတွင်းရေးမှူးကို တိုင်တန်းပြီးနောက် သူ့အနေဖြင့် မြို့တော်ရဲစခန်းများ၏ ရဲအရာရှိများထံကိုလည်း ပို့ရမည် ဖြစ်ပေသည်။
မြို့တော်ဝန်သည် ပါတီအတွင်းရေးမှူးရုံးသို့ ရောက်ခဲ့ပြီး အတွင်းရေးမှူးသည်လည်း ပြည်နယ်အစိုးရ၏ အစည်းအဝေးတစ်ခုမှ ပြန်ခဲ့ရုံသာ ရှိသေးသည်။ အတွင်းရေးမှူးသည် မြို့တော်ဝန်ထံမှ အကြောင်းအရာများ အားလုံး ကြားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
ပြည်နယ်အစိုးရ အစည်းအဝေးပြီးနောက် ပြည်နယ်ရဲမှူးချုပ်က သူ့ကို ဘင်းမြို့တော်၏ လုံခြုံရေးနှင့် ပတ်သတ်သည့် ကိစ္စကို ပြောခဲ့သည်။ သူသည် မြို့တော်ရဲစခန်းများနှင့်အတူ ပူးပေါင်းကာ ဂိုဏ်းများ ချေမှုန်းသုတ်သင်ရာတွင် လုပ်ချင်သည်။ သူက အတွင်းရေးမှူးအား သူ့အနေဖြင့် ဂိုဏ်းများ ဘင်းမြို့တော်တွင် လှုပ်ရှားနေသည့် အကြောင်းနှင့်ပတ်သတ်ပြီး တိုင်ကြားချက်များကို လက်ခံရရှိပြီးသည်ဟုတောင် ပြောလိုက်သည်။
အတွင်းရေးမှူးသည် မြို့တော်ဝန်ကို ဤအကြောင်း ပြောရန် ဆန္ဒရှိသည်။ သို့သော် သူ့ရုံးခန်းကို ပြန်ရောက်သည့်အခိုက် မြို့တော်ဝန်ကလည်း ယင်းကိစ္စကို ပြောရန် လာခဲ့ခြင်း ဖြစ်ပေသည်။ သူတို့နှစ်ယောက်လုံးက ကိစ္စတစ်ခုတွင် အာရုံစိုက်ပြီဆိုကတည်းက သူတို့အနေဖြင့် ဆုံးဖြတ်ချက်ကို မြန်မြန် ချမှတ်နိုင်မည် ဖြစ်ပေသည်။
စီမံချက်များကို မြို့တော်၏ရဲစခန်းသို့ ပို့ပေးလိုက်ပြီး လက်ထောက်အရာရှိချုပ်ချန်းသည်လည်း အံ့အားသင့်နေသည်။ ယခုတစ်ခေါက်တွင် မြို့တော်အစိုးရသာ ဤကိစ္စကို ပါဝင်သည်သာမက ပြည်နယ်အစိုးရသည်လည်း ဤကိစ္စ ချေမှုန်းရာတွင် ပါဝင်မည် ဖြစ်ပေသည်။ သူက ရုတ်တရက် ဖုန်းယွီသည် လွန်ခဲ့သည့်ရက်အနည်းငယ် ပြောခဲ့သည်ကို သတိရသွားပြီး ချက်ချင်းပင် သူလုပ်ဆောင်ရမည့် တာဝန်ကို လုပ်ဆောင်တော့သည်။ သူ့အနေဖြင့် ပြည်နယ်အစိုးရနှင့် ပူးပေါင်းကာ ဘင်းမြို့တော်တွင် ရှိသည့်ဂိုဏ်းများအားလုံးကို ဖမ်းရမည် ဖြစ်သည်။
ဖုန်းယွီသည် အစိုးရအနေဖြင့် တစ်ခုခုလုပ်ဆောင်ရန် မည်သို့မည်ပုံလုပ်ရမည်ဟု စဉ်းစားနေချိန်တွင် ဘင်းမြို့တော်၏ ဂိုဏ်းဂဏချေးမှုန်းသုတ်သင်မှုက စတင်ပြီ ဖြစ်ပေသည်။