← Chapters

အလျင်အမြန်

Vol. 11 Ch. 164

အလျင်အမြန်

Vol. 11 Ch. 164

စုန့်လောင်စီသည် နိုက်ကလပ်တွင်ထိုင်နေပြီး သူ၏မျက်လုံးများက ကခုန်သည့် ကြမ်းပြင်တွင် ရှိနေကာ သူ၏အာရုံကို ဖမ်းစားနေသည့် အမျိုးသမီးတစ်ယောက်ကို ရှာဖွေနေသည်။

‘အား ဒီအမျိုးသမီးက မဆိုးဘူးပဲ’

စုန့်လောင်စီက သူမကို လက်ညိုးထိုးလိုက်ပြီး သူ၏နောက်လိုက်နှစ်ယောက်သည် လူအများကနေကြသည့် ကြမ်းပြင်ဆီသွားကာ ထိုအမျိုးသမီးကို ဆွဲခေါ်ခဲ့လေသည်။

“သခင်ကြီး စီ ”

ထိုအမျိုးသမီးသည် ကြောက်လန့်နေသည်။

“ကျွန်မတို့တွေ ဒီမှာ မလုပ်တာ ကောင်းမယ်ထင်တယ် ”

စုန့်လောင်စီသည် ထိုအမျိုးသမီး၏ စိတ်နေသဘောထားကို ကျေနပ်မိနေသည်။ သူက သူ့လက်များကို ရမ်းပြလိုက်ပြီးနောက် သူတို့က စုန့်လောင်စီအနေဖြင့် စံအိမ်တော်သို့ သွားမည်ကို သိနေသည်။ ကားတံခါးများ ပိတ်လိုက်ချိန်တွင် စုန့်လောင်စီ၏ လက်မောင်းများသည် အနောက်သို့ အလိမ်ခံလိုက်ရပြီး ကျယ်လောင်သည့် ‘ကလစ်’ ဟူသည့်အသံ ထွက်ပေါ်လာသည်။ သူက လက်ထိပ်ခတ်ခံလိုက်ရပြီ ဖြစ်သည်။

“ကွမ်ကျန်း ”

စုန့်လောင်စီသည် အော်လိုက်သည်။ ထိုအမျိုးသမီးက ရဲအရာရှိဖြစ်နေသည်လား။

ကားရှေ့ခန်းကို လှည့်ကြည့်လိုက်သည့်အခါတွင်လည်း သူက စုန့်လောင်စီ၏ ဒါရိုင်ဘာမဟုတ်ဘဲ တစ်စိမ်းတစ်ယောက် ဖြစ်နေသည်။

“စုန့်လောင်စီ အော်နေတာ ရပ်လိုက်တော့၊ လီကွမ်းကျန်းကို ငါတို့ ဖမ်းပြီးပြီ၊ ဒီနေ့က ငါတို့အနေနဲ့ မစ္စတာစုန့်ကို လက်ဖက်ရည်တိုက်ပြီး မေးခွန်းအချို့မေးမယ်၊ ဖြေပေးရမယ်နော် ”

“မင်း လုပ်ရဲလား ”

“ငါက မင်းရဲ့အထက်အရာရှိနဲ့ သူငယ်ချင်းကောင်းကွ၊ မြို့တော်ရဲအရာချုပ်နဲ့ သူငယ်ချင်းကောင်း ”

“တောင်းပန်ပါတယ်၊ ကျွန်တော်တို့က ပြည်နယ်ရဲဌာနချုပ်ကပါ ”

“မင်းတို့ရဲ့ ပြည်နယ်ရဲဌာနချုပ်နဲ့လည်း ငါနဲ့က သူငယ်ချင်းတွေပဲ ”

“ဒီအမိန့်က ပြည်နယ်အရာရှိချုပ်ရဲ့ အစီမံအတိုင်းပါ၊ ခင်ဗျားရဲ့ အဓိပ္ပာယ်မရှိပြောနေတာတွေ ရပ်လိုက်ပါတော့၊ ကျွန်တော်တို့တွေက သက်သေတွေကိုလည်း စုဆောင်းပြီးပြီ၊ ခင်ဗျား ဘယ်ကိုမှ ပြေးလို့လွတ်မှာ မဟုတ်ဘူး ”

….

“ရဲအရာရှိချုပ်ကျန်း ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား၊ ကျွန်တော်က တရားဝင်စီးပွားရေးသမားလေ၊ ဘယ်လိုလုပ်ဂိုဏ်းခေါင်းဆောင် ဖြစ်နိုင်မှာလဲ ”

စုန့်လောင်စီက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။ သူ့အနေဖြင့် ပြည်နယ်ရဲဌာနသည် သူ့ကို ဒုက္ခရောက်စေသည့် သက်သေများရှိမည်မဟုတ်ဟု ယုံကြည်နေသည်။

“၁၉၈၆၊ ဧပြီလ၊ ၂၁ရက်နေ့၊ xxx အိမ်ရာမှာ နှင်ထုတ်တုန်းက အသက်ရွယ်ကြီးရင့်တဲ့ အမျိုးသမီးတစ်ယောက်က သေလုနီးပါး အရိုက်ခံခဲ့ရတယ်၊ အဲ့ဒီအချက်ကို ခင်ဗျား ရှင်းပြပေးနိုင်မလား ”

“ဘယ်မှာ ရှင်းပြစရာ ရှိလို့လဲ၊ အဲ့ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှကို မသက်ဆိုင်တာ ”

စုန့်လောင်စီ၏ မျက်လုံးများက စတင် ဂဏှာမငြိမ် ဖြစ်လာတော့သည်။ သူက တစ်စုံတစ်ယောက်ထံမှ အကျိုးအမြတ်ရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုသူက သူ့အား ဆန့်ကျင်သည်လော။

“၁၉၈၆ခုနစ်၊ ဩဂုတ်လ၊ ၁၄ရက်၊ xxx အိမ်ရာရဲ့ အဆောက်အဦးသစ်ဆောက်လုပ်တဲ့နေရာမှာ ရှုဟွအမည်ရတဲ့ ကန်ထရိုက်တာက ရိုက်နှက်ခံရပြီး သူ့ရဲ့ခြေနှစ်ချောင်းလုံး ကျိုးသွားခဲ့တယ်၊ ဒီကိစ္စကိုရော ခင်ဗျားမသိဘူးလား ”

….

ရဲအရာရှိချုပ်ကျန်းက ကိစ္စများကို တစ်ခုပြီးတစ်ခု ထုတ်ပြောလိုက်သည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ဖြည်းဖြည်းချင်း ပြောသည်။ သို့သော် စုန့်လောင်စီ၏ မျက်လုံးများက ဆောက်တည်ရာမရ ဖြစ်လာသည်။

“သက်သေရှိလို့လား၊ အပုတ်ချတာတွေ ရပ်လိုက်ပါတော့ ”

စုန့်လောင်စီက အော်လိုက်သည်။

“သက်သေကို လိုချင်တာလား၊ ငါ အခုပဲ သက်သေပြလိုက်မယ်၊ ဒီ …မင်းဘာပြောနိုင်ဦးမလဲ၊ အခု လက်ရှိမှာ မင်းကျူးလွန်ခဲ့တဲ့အရာတွေကို ဝန်ခံလိုက်တာက ပိုကောင်းလိမ့်မယ် ”

စုန့်လောင်စီသည် ထိုင်ခုံပေါ်သို့ ပစ်လှဲချလိုက်ပြီး သူတို့အနေဖြင့် သက်သေများကို မည်ကဲ့သို့ ရရှိသွားသနည်း။ ထိုခွေးမသားတွေ ငါက မင်းတို့ကို အများကြီးပေးထားရတာ။ မင်းတို့တွေက နောက်ကျောကို ဓားနဲ့ထိုးရဲတယ်ပေါ့။

ကံကောင်းချင်တော့ ငါ့မှာ ဝှက်ဖဲတွေ ရှိသေးတယ်။

ခြေကျိုးဝမ်သည် သူ၏အိပ်ယာထက်တွင် အနားယူနေသည်။ သူသည် ပက်လက်အနေအထားဖြင့် လှဲနေကာ မိန်းမပျိုလေးတစ်ယောက်သည် သူ့ပေါ်တွင် မြင်းစီးနေပြီး စိတ်ကျေနပ်မှု ရရှိအောင် ပြုလုပ်ပေးနေသည်။

ဘန်း… ။

တံခါးသည် အားဖြင့် တွန်းဖွင့်ခံလိုက်ရပြီး ခြေကျိုးဝမ့်သည် ချက်ချင်းပင် ထရပ်လိုက်သည်။ မြင်းစီးနေသော မိန်းမပျိုလေးသည် ကြမ်းပြင်ပေါ်သို့ ချက်ချင်းဆိုသလိုပင် ကျသွားပြီး သူက ထိုမိန်းမပျိုလေး၏ ငိုသံကို ဂရုမစိုက်ဘဲ ခေါင်းအုံးအောက်ကို လက်နှိုက်လိုက်သည်။

ကလစ်… ။

လက်ထိပ်အစုံက သူ၏လက်ကို ခတ်လိုက်ပြီး သူသည် လူလေးယောက်၏ချိန်ရွယ်ထားခြင်းကို ခံထားရသည်။ ခေါင်းအုံးကို မလိုက်သည့်အခါ ပစ္စတိုတစ်လက်ရှိနေပေသည်။ ခြေကျိုးဝမ့်သည် အော်ချင်ခဲ့သော်လည်း သူ၏ပါးစပ်သည် တိပ်ဖြင့် အပတ်ခံရပြီးဖြစ်ကာ သူ၏ခေါင်းသည်လည်း အိတ်အနက်ဖြင့် စွပ်ခြင်းကို ခံလိုက်ရပေသည်။ လူလေးယောက်သည် သူ့ခန္ဓာကိုယ်အား ပတ်ရန်အတွက် သဘက်တစ်ထည်ကို ယူလိုက်ပြီး ကားထဲသို့ ဆွဲခေါ်သွားသည်။

အခန်းထောင့်တွင် ချိုင်းထောက်တစ်ခု ရှိပေသည်။ ထိုချိုင်းထောက်သည် သူ့၏ ပိုင်ရှင်ကို ဘယ်တော့မှ မြင်ရတော့မည် မဟုတ်ပေ။

“အစ်ကိုကေ ကျွန်တော်ကြားတာတော့ စုန့်လောင်စီနဲ့ ခြေကျိုးဝမ့်တို့က ရဲဖမ်းတာ ခံလိုက်ရပြီ၊ ဂိုဏ်းဂဏဖြိုခွဲခြင်းတွေ ရှိနေတာလား မသိဘူး ”

အစ်ကိုကေသည် ထိတ်လန့်သွားပေသည်။ အဘယ့်ကြောင့် လက်ရှိတွင် ဂိုဏ်းဂဏဖြိုခွဲမှုက ရှိနေရသနည်း။ နောက်ဆုံး ဖိနှိပ်မှုက လွန်ခဲ့သည့် နှစ်အနည်းငယ်ကသာ ဖြစ်သည်။ ကောင်းမွန်သည့် အရာမဟုတ်ပေ။ ထိုအရူးနှစ်ကောင်သည် ပြစ်ဒဏ်လျော့ပေါ့ရရှိရန်အတွက် သူ့အား သစ္စာဖောက်မည် ဖြစ်သည်။ သူ့အနေဖြင့် ထွက်ပြေးရမည်ပင်။

အစ်ကိုကေက ချက်ချင်းဆိုသလိုပင် သူ၏လူများကို ကာစီနိုရုံများကို ပိတ်ခိုင်းပြီး ငွေများအားလုံးကို သူနှင့်အတူ ယူသွားမည်ဖြစ်ပေသည်။ သူ့အနေဖြင့် တခဏကြာတိမ်းရှောင်ရန်အတွက် လိုအပ်ပေသည်။ အရာအားလုံးပြီးနောက် သူက ပြန်လာနိုင်ပေသည်။ ထိုအခါတွင် သူသည် ဘင်းမြို့တော်တွင် သူဌေးကြီးတစ်ယောက်ဖြစ်ရုံသာမက လုံကျန်းပြည်နယ်တွင်တောင် သူပြန်လာသည့်အခါ သူဌေးကြီးတစ်ယောက်ဖြစ်နိုင်ပေသည်။ သူက အရှေ့မြောက်ဒေသတွင် မြေအောက်လောကတွင် ဘုရင်တစ်ပါးဖြစ်ကောင်းဖြစ်လာနိုင်၏။

သို့သော် အစ်ကိုကေ အိပ်မက်မက်တာ မဆုံးသေးခင် သူ၏နေရာသည်လည်း စီးနှင်းခံလိုက်ရသည်။ လက်နက်အပြည့်အစုံပါသည့် ရဲဒါဇင်ပေါင်းများစွာသည် အထဲသို့ ပြေးဝင်လာပြီး သူ့အား ရိုင်ဖယ်သေနတ်ဖြင့် ထုချလိုက်ရာ သူသည် အပုံသားလဲသွားတော့သည်။ သူတို့အနေဖြင့် သူ့အား စကားတစ်ခွန်းတောင် ပြောရန် အခွင့်ရေးမပေးပေ။

အစ်ကိုကေနှင့် သူ၏နောက်လိုက်များသည်လည်း စုန့်လောင်စီနှင့် ခြေကျိုးဝမ်ကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် ကားအနည်းငယ်ဖြင့် ခေါ်ဆောင်သွားခြင်း ခံရပြီး ပြည်နယ်ရဲတပ်ဖွဲ့က စီစဉ်ထားသည့် နေရာတစ်နေရာကို ပို့လိုက်သည်။

အဖမ်းခံရချိန်တွင် လွတ်မြောက်ရန်အတွက် ပြင်ဆင်ရန်အလို့ငှာ အစ်ကိုကေသည် သူ့၏ သိုလှောင်ရုံတံခါးကို ဖွင့်ထားသည်။ သိုလှောင်ခန်းထဲရှိ ငွေများအားလုံးနှင့် လက်ဝတ်ရတနာများအားလုံးကို ဝှက်ထားသည့် မြေအောက်ခန်းထဲတွင် မှတ်တမ်းတင်ပြီး ပြန်ယူလာခဲ့သည်။ အစ်ကိုကေသည် သိုလှောင်ခန်းနှင့် မြေအောက်ခန်းဝင်ပေါက် ဖွင့်လိုက်သည်ကို စိတ်မကောင်း ဖြစ်နေမိသည်။ မြေအောက်ခန်းအား မဖွင့်လျှင်တောင် သူ့အနေဖြင့် လွတ်မြောက်ဖို့ရန် လက်ထိုးဖို့အတွက် ပိုက်ဆံအနည်းငယ် ကျန်နေဦးမည် ဖြစ်သည်။ ယခုတစ်ခေါက်တွင် သူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

….

ဖုန်းယွီသည် အတန်းတက်နေဆဲဖြစ်ပြီး သူ၏ပေဂျာသည်လည်း စတင် မြည်လာတော့သည်။ သူက ချက်ချင်းပင် ဖိလိုက်သည်။ အတန်းရှေ့တွင် စာသင်ကြားနေသည့် အတန်းပိုင်ဆရာက ဖုန်းယွီကို အကူညီမဲ့စွာဖြင့် ကြည့်လိုက်ပြီး သူစိတ်ဆိုးဟန်ဖြင့် သရုပ်ဆောင်ကာ

“မင်း အပြင်ကို ထွက်ပြီးတော့ တံခါးကို ပိတ်ခဲ့လိုက် ”

ဖုန်းယွီက စာသင်ခန်းမှ ထွက်သွားပြီးနောက် တံခါးကို ပိတ်လိုက်သည်။ သူက သူ၏ပေဂျာကို ယူလိုက်သည့်အခါတွင် သူ၏ယောက်ဖက သူ့ကို ချက်ချင်း အကြောင်းပြန်ရန် တောင်းဆိုထားသည်ကို တွေ့လိုက်သည်။

ဖုန်းယွီက သူ အတန်းတက်နေသည့်တိုင် ဂရုစိုက်ခြင်း မပြုပေ။ သူသည် ကျောင်းဂိတ်တံခါးအနားရှိ ဖုန်းရုံးကို သွားပြီးနောက် သူ့ယောက်ဖကို ဖုန်းခေါ်လိုက်သည်။

“ဘာ ယောက်ဖ၊ အဲ့သတင်းက သေချာရဲ့လား ”

ဖုန်းကိုင်လိုက်သည့်အချိန်တွင် ဖုန်းယွီ၏မျက်နှာက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်ပေါ်နေသည်။ ယမန်နေ့ညက စုန့်လောင်စီ၊ ခြေကျိုးဝမ်နှင့် အစ်ကိုကေတို့အားလုံးသည် အဖမ်းခံလိုက်ရပြီး ယနေ့မနက်တွင် အနောက်တိုင်း ပေါက်စီကိုလည်း တခြားပြည်နယ်တစ်ခုတွင် ထိန်းသိမ်းထားခဲ့သည်။ သူ့ကို ဘင်းမြို့တော်သို့ ရာဇဝတ်ကောင်အဖြစ် ပြန်လည် ပို့ဆောင်မည် ဖြစ်ပေသည်။

ဘင်းမြို့တော်၏ ဂိုဏ်းနှစ်ဂိုဏ်းစလုံးက အဖမ်းခံလိုက်ရသည်။

ဖုန်းယွီသည် ဝေဝါးဝါး ဖြစ်သွားသည်။ သူ ဖန်တီးထားခဲ့သော လှုံ့ဆော်သည့်အရာများသည် အစိုးရကို အလျင်မြန်မြန်ဖြင့် လုပ်ဆောင်ရန် လုံလောက်ပြီး အမြင့်ပိုင်းမှ အရာရှိအချို့က ထိုညွှန်ကြားချက်ကို ပေးသည်လော။

မည်သို့ပင်ဖြစ်စေ အရာအားလုံးက လက်ရှိတွင် အဆင်ပြေသွားပြီ ဖြစ်သည်။ နောက်ပိုင်းတွင် သူ့အနေဖြင့် မြို့တော်အစိုးရ စက်ပစ္စည်းစက်ရုံ၊ စက်ယန္တရားစက်ရုံစသည်တို့ကို လက်ဆောင်ပေးမည်ဟု သေချာပေါက် ကတိပေးလိုက်သည်။

သူပျော်ရွှင်နေမှုကို မည်သည့်စကားလုံးနှင့်မှ မဖော်ပြနိုင်ပေ။

နေ့လည်စာစားချိန်တွင် ဖုန်းယွီနှင့် ကျန်သည့်သုံးယောက်သည် ပုံမှန်အတိုင်း အတူတူထိုင်လိုက်ကြသည်။ မည်သူမှ သူတို့နှင့် စားချင်စိတ်မရှိပေ။ အကြောင်းမှာ ဖုန်းယွီ၏ယောက်ဖသည် ဂိုဏ်းအဖွဲ့ဝင်ဖြစ်သည့်အတွက်ပင်။

“အား ငါ မင်းတို့အားလုံးကို တစ်ခုပြောပြမယ်၊ စုန့်လောင်စီ၊ ခြေကျိုးဝမ်၊ အစ်ကိုကေနဲ့ အနောက်တိုင်းပေါက်စီ အကုန်လုံး အဖမ်းခံလိုက်ရတယ်၊ ဘယ်သူမှ လွတ်မြောက်မသွားဘူး ”

ဖုန်းယွီအနေဖြင့် ထိုကောင်းမွန်သည့်သတင်းများကို သူ၏ခင်မင်ရသော သူငယ်ချင်းအား မပြောပြဘဲ မနေနိုင်ချေ။

သူ၏အရင်ဘဝက ဖြစ်ခဲ့သည်ထက်တောင် ပို၍ ကောင်းနေသေးသည်။ သူ၏အရင်ဘဝတွင် ထိုသူများသည် လွတ်မြောက်ရန်အတွက် အချိန်ခဏရရှိခဲ့သည်။ သို့သော်ငြား သူတို့သည် ချေမှုန်းသည့်အချိန်တွင် အဖမ်းခံခဲ့ရသည်။ ယခုတစ်ခေါက်တွင် သူတို့အားလုံးက တစ်ချိန်ထဲတွင် အဖမ်းခံခဲ့ရသည်။

“တကယ်ကြီးလား၊ မြို့တော်ရဲဌာနက လုပ်ဆောင်ချက် အရမ်းမြန်တာပဲ ”

ဝမ်တုန့်ကျွင်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

ကျန်းဟန်က မပျော်မရွှင်ဖြင့် ပြောလိုက်သည်။

“ဘာမြို့တော်ရဲလဲ၊ မြို့တော်ရဲဌာနမှာ ရဲအရာရှိက ဘယ်လောက်တောင် ရှိလို့လဲ၊ အဲ့ဒီစီရင်ချက်ကို စတင်တဲ့သူက သေချာပေါက် ပြည်နယ်ရဲဌာနကပဲ ဖြစ်ရမယ်၊ ငါကြားတာကတော့ ပြည်နယ်ရဲအရာရှိချုပ်က ကိုယ်တိုင်ကိုယ်ကြ အဲ့ဒီစီရင်ချက်ကို ဦးဆောင်တာတဲ့၊ အဲ့ဒီ စုန့်လောင်စီ၊ ခြေကျိုးဝမ်တို့က ဥပဒေတွေကို ဖောက်ဖျက်နေတာ၊ သူတို့တွေက ပြည်နယ်ဌာနရဲ့ လက်အောက်ကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး ”

ဖုန်းယွီက ကျန်းဟန်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူက ဘယ်လိုလုပ် ပြည်နယ်ရဲမှူးချုပ်သည် ထိုစီရင်ချက်တွင် ဦးဆောင်နေသည်ကို ဘယ်လိုလုပ်သိသနည်း။ သူက ပြည်နယ်ရဲမှူးချုပ်ကို ယုံကြည်ချက် အလွန်ရှိနေပုံ ထင်ရသည်။ ထိုသူက သူမ၏ဆွေမျိုးလော။ ထိုအရာက မဖြစ်နိုင်ပေ။ အကယ်၍ ပြည်နယ်ရဲအရာရှိချုပ်ကျန်းသည် ကျန်းဟန်၏ဆွေမျိုးဖြစ်ပါက သူမ၏မိသားစုသည်လည်း သေချာပေါက် အစိုးရအရာရှိများ ဖြစ်ပေမည်။ အဘယ့်ကြောင့် သူ့အနေဖြင့် သေးငယ်သည့်အိမ်ရာတွင် နေထိုင်သနည်း။ သူက ပိတ်စက်ရုံ အနီးအနားတွင် နေထိုင်ပြီး ယင်းက ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအတွက် မကြာခင်နှစ်အတွင်း ပိတ်သိမ်းကာ ပြန်ပြုပြင်မည်ဖြစ်သည်။

သူတို့တွေက နေ့လည်စာကို စကားစမြည်ပြောရင်း ပျော်ရွှင်စွာဖြင့် စားနေကြသည်။ ဖုန်းယွီ၏စားချင်စိတ်သည်လည်း ထိုနှစ်တွင် အတိုင်းထက်အလွန်ဖြစ်နေသည်။ ဝမ်တုန့်ကျွင်းတောင် သူ့လောက်မစားနိုင်ပေ။

‘စုန့်လောင်စီ၊ ခြေကျိုးဝမ် မင်းတို့တွေအကုန်လုံးက ငါ့ရဲ့ထိုက်ဟွကုမ္ပဏီရဲ့အမြစ်ကို လိုချင်တာလား၊ မင်းတို့ရဲ့လူတွေ အခုပို့ကြည့်လိုက်လေ၊ ငါ အကုန်လုံး ရိုက်ပစ်လိုက်မယ်၊ တကယ်လို့ မင်းတို့ မကျေနပ်ဘူးဆိုလည်း ရဲခေါ်လိုက်၊ ဟား ဟား ဟား’

All Chapters