စတော့ဈေးကွက် အပြောင်ရှင်းခြင်း
Vol. 11 Ch. 155
“ဆရာ ဘာပြောလိုက်တာလဲ”
ဝန်ထမ်းက အတည်ပြုရန် အတွက် တဖန် ပြန်မေးလိုက်ကာ သူ့မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်နေ၏။
“ငါပြောလိုက်တာက ငါ အကုန်လုံး လိုချင်တယ်။ အိုင်စီဘီစီဘဏ်က အပ်နှံငွေတွေကို ဒီကို ပြောင်းလို့ရတယ်မလား”
စီစီဘိခေါင်းဆောင်က အစုရှယ်ယာရောင်းသည့် ကောင်တာသို့ လာပြီးနောက်
“အ..ဒါက မနှစ်က ငွေတိုက်စာချုပ်တွေကို ဝယ်ခဲ့ မန်နေဂျာဖုန်း မဟုတ်လား”
“မန်နေဂျာဖုန်း ကျွန်တော်တို့ဆီ မလာတာတောင် တော်တော်ကြာပြီပဲ။ ငွေတိုက်စာချုပ်တွေ ထပ်ဝယ်မလို့လား”
“မဟုတ်ပါဘူး။ ဒီတစ်ခေါက် ရှယ်ယာတွေကို ဝယ်မှာ။ ကျွန်တော် အထင်တော့ ရှယ်ယာတွေက ပိုပြီး အဆင်ပြေမယ်ထင်တယ်”
ဘုန်း....
ရှယ်ယာ သက်သေခံ ကပ်ပြားအထပ်လိုက်ကို စားပွဲပေါ်တွင် တင်လိုက်ကာ ဝန်ထမ်းက တစ်ဖန် လုံခြုံသည့်ဆီသို့ ပြန်ပြောင်းလိုက်သည်။
“ရှောင်ကျောက် မင်းဘယ်သွားမလို့လလဲ”
“မန်နေဂျာ ကျွန်တော်က ဝယ်ယူသူအတွက် ရှယ်ယာသက်သေခံ ကဒ်ပြားတွေကို ယူသွားမလို့ပါ”
ဘဏ်ခွဲမန်နေဂျာက ခုံစောင်းပေါ်ရှိ သက်သေခံ ကဒ်ပြားများကို ကြည့်လိုက်သည်။ အနည်းဆုံး အခုရေ ထောင်ချီ ရှီပေသည်။ ပြီးနောက် ထိုကဒ်ပြားများ၏ တန်ဖိုးငွေက ယွမ် တစ်ရာ ဖြစ်ပေသည်။ အနည်းဆုံး သောင်းချီ တန်ဖိုးရှိမှာ အဲတာကို မလောက်သေးဘူးလား။
ဖုန်းယွီက ထိုသက်သေခံ ကဒ်ပြားများကို ကြီးမားသည့် အိတ်ကြီးနှစ်လုံးထဲ သိမ်းဆည်းလိုက်ပြီး သူဆွံအသွားသည်။ ဖုန်းယွီ ထွက်သွားပြီးနောက် သူက သူ့ဝန်ထမ်းများကို မေးကြည့်လိုက်သည်။
ဖုန်းယွီ ရှယ်ယာ ဘယ်လောက်ဖိုးဝယ်သွားသနည်း။
ဟာ...
ဘေးတွင် ကြည့်နေသည့်သူများက ပြောတာကို ကြားလိုက်သည့်အခါ အချို့ ဉာဏ်ကောင်သည့် လူများက ရှယ်ယာများသည်လည်း ငွေတိုက်စာချုပ်ကဲ့သို့ အကျိုးအမြတ် ရမည် ဖြစ်မှန်း ချက်ခြင်း သိရှိသွားသည်။ ထိုရှယ်ယာများ၏ တန်ဖိုးသည်လည်း တိုးလာမည် ဖြစ်သည်။ သူတို့က မြန်မြန် ပြန်သွားကာ ရှယ်ယာများ အကြောင်းပိုသိအောင် ကြိုးပမ်းကြသည်။ အကယ်၍ ထိုအရာက မှန်ကန်ပါက သူတို့အနေဖြင့် ရှယ်ယာ အချို့ကို ဝယ်ယူမည် ဖြစ်သည်။
ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းသည် ရှယ်ယာများကို ကားပေါ်တွင် တင်ပြီးနောက် ကုမ္ပဏီဆီသို့ ပြန်သွားကြသည်။ တစ်ချိန်တည်းတွင် လီရှစ်ချင်၊ ဝူကျီကန်းနှင့် ကျန်သည့်သူများကလည်း သူ့အတွဲလိုက် မတူညီသည့် ဘဏ်ခွဲများကိုသွားကြပြီး ရရှိနိုင်သည့် ရှယ်ယာများ အားလုံးကို အပြတ်ရှင်းခဲ့ကြသည်။
ထိုက်ဟွ ကုန်သွယ်ရေးသည် အလွန်သိသိသာသာများပြားသည့် ငွေများကို ဘဏ်မှ ထွက်သွားခဲ့ကာ ဘဏ်မန်နေဂျာကျူက စိုးရိမ်သွားသည်။ ဘာဖြစ်တာလဲ။ ထိုက်ဟွကုန်သွယ်ရေးက ဒီမနက်မှာ ယွမ် ဆယ်သန်းကျော် ထုတ်သွားခဲ့တာ။ ထိုက်ဟွကုန်သွယ်ရေးသည် အိုင်စီဘီစီဘဏ်၏ ဖောက်သည်ကြီးများထဲမှ တစ်ဦးဖြစ်သည်။ သူတို့က အစိုးရလုပ်ငန်းများနှင့် တန်းတူရှီသည်။ သူ့အနေဖြင့် ဖောက်သည်ကို လက်လွှတ်ရမည်နည်း။
မန်နေဂျာကျူသည် ချက်ခြင်းပင် ဖုန်းယွီကို ဖုန်းခေါ်ဆိုရန် ကြိုးစားတော့သည်။ သို့သော် ထိုက်ဟွကုန်သွယ်ရေးမှ တစ်ယောက်မျှ ဖုန်းကိုင်ခြင်း မရှိပေ။ မန်နေဂျာကျူသည် အလွန် စိုးရိမ်သွားသည်။ မတော်တဆမှု တစ်ခုခု ရှိခဲ့သည်လား။
သေချာသည်မှာ မတော်တဆမှု တစ်ခုမှ မရှိခဲ့ပေ။ ငွေအားလုံးကို ရှယ်ယာအဖြစ် ပြောင်းလဲပြီး ထိုက်ဟွ ကုန်သွယ်ရေးကို ပြန်သယ်လာခြင်း ဖြစ်ပေသည်။
အိုင်စီဘီစီမှ ပြန်လာပြီးနောက် ဖုန်းယွီ သူ့ကုမ္ပဏီတွင် သူကိုယ်တိုင် ရှယ်ယာများကို ရေတွက်တော့သည်။ ဘဏ္ဍာရေးဝန်ထမ်းနှစ်ယောက်ကလည်း သူ့ကို ကူညိကြသည်။ သူတို့ သုံးယောက်စလုံး ညအထိ အလုပ်လုပ်ကြရသည်။
ကုမ္ပဏီထဲရှိ အခန်းကျဉ်းလေးတစ်ခုကို မီးခံ အခန်းအဖြစ် ပြောင်းလဲလိုက်သည်။ ပြတင်းပေါက်မရှိပြီးနောက် ဖုန်းယွီက ကြီးများသည့် သတ္တုတံခါး နှစ်ခုကို တပ်ဆင်ထားသည်။ ထိုအရာက မပေါက်ကွဲလျှင် မည်သူမျှ အထဲကို ဝင်နိုင်မည် မဟုတ်ပေ။
ရှယ်ယာ သက်သေခံ ကဒ်ပြားများကို ကုမ္ပဏီ၊ တန်ဖိုးအတိုင်းဆီစဉ်ထားပြီး ပလတ်စတစ် အလွှာများနှင့် ဆီစိမ်စက္ကူများဖြင့် ပတ်ထားသည်။ ထိုအထုပ်များ၏ အပေါ်၌ ဖုန်းယွီက ကြွက်မကိုက်စေရန်အတွက် ငရုတ်သီးမှုန့်ဖြူးထားသည်။ အကယ်၍ ထိုရှယ်ယာကဒ်ပြားများကို ကိုက်ပါက ထိုကြွက်စုတ်များသည် သူတို့၏ ပိုက်ဆံများကို အမှန်တကယ်ပင် စားသွားခြင်း ဖြစ်ပေလိမ့်မည်။
ဖုန်းယွီ တစ်ယောက်သာ ထိုအခန်း၏ သော့ကို ကိုင်ဆိုင်နိုင်သည့် သူဖြစ်သည်။ ဖုန်းယွီက အချိန် တစ်ခုအထိ ကိုင်ထားရန် ရည်ရွယ်ထားသည်။ သူ့အနေဖြင့် ထိုရှယ်ယာများကို နှစ်နှစ် သိမ်းဆည်းထားမည် ဖြစ်ကာ ၁၉၉၂ ခုနှစ်ပြီးနောက် သူ့အနေဖြင့် ထိုရှယ်ယာများကို စတော့အိတ်ချိန်းတွင် ရောင်းချမည် ဖြစ်ပေသည်။
မနက်မှ ညအထိ ဖုန်းယွီက နေ့လည်ခင်းတွင်သာ ပေါက်ဆီ အနည်းငယ်သာ စားထားသည်။ နောက်ဆုံးတွင် သူသည် ယနေ့တွင် သူတို့ ဝယ်ခဲ့သည့် ရှယ်ယာများ အမျိုးအစားခွဲခြင်းနှင့် တာလီရေတွက်ခြင်း ပြီးသွားခဲ့ပြီ ဖြစ်ကာ ကိုယ့်ဆန့်လိုက်ကာ လက်မောင်းများကို နှိပ်နယ်လိုက်တော့၏။
စုစုပေါင်း ရှယ်ယာ အမျိုးအစားပေါင်း ၃၄မျိုး ဖြစ်ကကာ ယွမ် ၅၀တန်ဖိုးရှိရှယ်ယာကဒ်ပြား ၁,၄၈၃,၀၅၀ယွမ်ဖိုး၊ ယွမ် ၁၀၀တန်ဖိုးရှိ ရှယ်ယာကဒ်ပြား ၇,၆၉၂,၄၀၀ယွမ်ဖိုး၊ ယွမ် ၂၀၀တန်ဖိုးရှိ ရှယ်ယာကဒ်ပြား ၃,၆၆၉,၈၀၀ယွမ်ဖိုး ဖြစ်ကာ စုစုပေါင်းမျာ ယွမ် ၁၂,၈၄၅,၂၅၀ယွမ် ဖြစ်သည်။
တစ်နေ့အတွင်း သူတို့ အားလုံး ဘင်းမြို့တော်ရှိ ရှယ်ယာများ အားလုံးကို အပြောင်ရှင်းနိုင်ခဲ့ကြသည်။ ယင်းက ဘဏ်များနှင့် စတော့ရောင်းသည့် ကုမ္ပဏီများကို ထိတ်လန့်သွားစေ၏။
သူ့တို့အတွေးတွင် သူတို့ ရှယ်ယာများကို ဝယ်မည့်သူ အများအပြားရှိမည် မဟုတ်နှင့် သူတို့က ဘင်းမြို့တော်ကို ရွာကြီးကြီးသာသာဟုသာ တွေးထင်ခဲ့ကြသည်။ ထိုရှယ်ယာများက နောက်နှစ်အထိ ရောင်းကုန်မည် မဟုတ်ပေ။ ယနေ့ ဘာဖြစ်ခဲ့သနည်း။ အဘယ်ကြောင့် ရှယ်ယာ အကုန်ရောင်းထွက်ခဲ့သနည်း။
ဖုန်းယွီက ယွမ် ၁၀သန်းကျော် သုံးစွဲပြီးသည့်တိုင် မကျေနပ်သေးပေ။ ထိုက်ဟွ ကုန်သွယ်ရေးသည် ငွေများရှိနေဆဲ ဖြစ်သည်။ ဘင်းမြို့တော်တွင် ရှယ်ယာများ ထပ်မရှိတော့ပါက သူတို့အနေဖြင့် အိမ်နီးနားချင်း မြို့တော်များ ဖြစ်သည့် ကျီမြိုတော်နှင့် ရှန်းမြို့တော်ကို သွားဝယ်နိုင်ပေသည်။ ထိုမျှ မလောက်သေးပါက သူ့အနေဖြင့် ဘေကျင်းသို့မဟုတ် ရှန်ကျန်းမြို့များကို သွားနိုင်ပေ၏။
လုပ်ငန်းခရီး။ ကုမ္ပဏီတွင် အလုပ်သမား အနည်းငယ်သာ ကျန်ခဲ့ပြီး အခြားသူများ အားလုံးက အလုပ်ခရီး ထွက်ခွာမည် ဖြစ်သည်။ ဖုန်းယွီက အသင်းကို ဦးဆောင်မည် ဖြစ်ကာ သူက သူ့ချက်စာအုပ်ကို သူနှင့်မကွာ ယူခဲ့သည်။ သူ့တို့တွေ့သမျှ ရှယ်ယာများ အားလုံးကို ဝယ်ယူမည် ဖြစ်သည်။ သူတို့ ပထမဆုံး ရှယ်ယာများဝယ်ရန် ခရီးတစ်ခေါက်နားသည်ကား ရှန်းမြို့တော်တွင် ဖြစ်သည်။
နောက်တစ်နေ့မနက်တွင် ဖုန်းယွီနှင့် သူ့လူလေးယောက်သည် ရှန်းမြို့တော်တို့ ကားမောင်းသွားခဲ့ကြသည်။ သူ့အနေဖြင့် ရထားဖြင့်သွားမည့် အကြံကို ပယ်လိုက်သည်။ သူက မလုံခြုံသည်ဟု ခံစားရသည့် အတွက်ပင်ဖြစ်၏။
သူတို့က ရှန်းမြို့တော်ကို နေ့လည်ခင်းတွင် ရောက်ခဲပြီး ဘဏ်လေးဘဏ်မှ ရှယ်များအားလုံးသာ ဝယ်ရန် တက်နိုင်ခဲ့သည်။ ထို့ညတွင် သူတို့က ဟိုတယ်တွင် နေမည် ဖြစ်ကာ သူတို့အနေဖြင့် နောက်တစ်နေ့ မနက်ခင်းမှ ဆက်ဝယ်မည် ဖြစ်သည်။
အစုရှယ်ယာရောင်းချသည့် ကောင်တာ တစ်ခုတွင် လူနှစ်ယောက်က ဖုန်းယွီနောက်တွင် တန်းစီနေကြသည်။ သူတို့က မည်သည့် ရှယ်ယာများကို ဝယ်ယူရန် ဆွေးနွေးနေကြခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ရှယ်ယာ ယွမ် ၂၀၀၀ဖိုး သို့မဟုတ် ယွမ် ၁၈၀၀ဖိုး ဝယ်ယူသင့်ကြောင်း တွေးနေစဉ် သူတို့ရှေ့ရှိ ကလေးတစ်ယောက်မှ အောက်လိုက်တော့၏။
“မင်းတို့ ဘဏ်ခွဲမှာ ရှိရှိသမျှ ရှယ်ယာတွေ အကုန်လုံးကို ငါဝယ်မယ်”
ဖုန်းယွီသည် မည်သည့်ရှယ်ယာသည် အမြင့်ဆုံးထိရောက်မည် သို့မဟုတ် မည်သည့်ရှယ်ယာက ကောင်းကောင်း အလုပ်မဖြစ်ဆိုသည့်အရာများကိုတော့ မမှတ်မိတော့ချေ။ သို့သော် ရှယ်ယာအိတ်ချိန်းစတင်ပြီး အစပိုင်းတွင် ရှယ်ယာများ အားလုံး ဈေးတက်မည့် အချက်ကိုတော့ သူမှတ်မိသည်။
ဖုန်းယွီက ရှယ်ယာ အမျိုးအစားများကို ဂရုမစိုက်ပေ။ သူအနေဖြင့် သူတက်နိုင်ပြီး ဝယ်နိုင်သမျှ အရာအားလုံးကို ဝယ်မည် ဖြစ်သည်။
ဖုန်းယွီက ကြီးမားသည့် စီးပွားရေး လက်သာအိတ် နှစ်အိတ်ကို ကားပေါ်တွင် တင်ထားပြီး နောက်တစ်ဘဏ်ဆီသို့ သွားလိုက်တော့သည်။
ဖုန်းယွီနောက်တွင် ရပ်နေသည့် လူနှစ်ယောက်က ပြောစရာ စကားမဲ့သွားသည်။ စောစောပိုင်းက သူတို့သည် မည်သည့် ရှယ်ယာ ဝယ်ရမည် ဆိုသည်ကို စဉ်းစားနေခဲ့ကြသည်။ လက်ရှိတွင် သူတို့အတွက် ဝယ်စရာ ရှယ်ယာ တစ်စုတောင် မကျန်တော့ပေ။
သူတို့သည် ထိုကဲသို့ သူမျိုး ရှယ်ယာဝယ်နည်းကို တစ်ခါမှ မတွေးခဲ့ဘူးပေ။ ထိုကလေးအနေဖြင့် ငွေဆုံးရှုံးမည်ကို မကြောက်ရွံ့သည်လော။
ထိုလူနှစ်ယောက်က အချင်းချင်း ဆွေးနွေးနေကြသည်။ ထိုကလေးက အရူးလော။ ထိုကလေးက ရှယ်ယာ ဝယ်ယူခြင်းတွင် ယွမ် တစ်သန်းကျော် သုံးစွဲခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူတို့တွေ ငွေများရှိလျှင်တောင် သူတို့အနေဖြင့် ရှယ်ယာများ ဝယ်ယူနိုင်မည် မဟုတ်ပေ။ သူတို့က ဘဏ်များတွင် ငွေများထားခဲ့ရပြီး အတိုးစုရန်သာ ရှိတော့သည်။
နှစ်တိုင်းနှစ်တိုင်း အတိုးနှုန်းက အနည်းဆုံး ယွမ် သောင်းချီရသည်။ သူတို့အနေဖြင့် သူတို့ အသုံးပြုပြီးလျှင်တောင် သူတို့အနေဖြင့် အကုန်ဖြုန်းနိုင်မည် မဟုတ်ပေ။
သို့သော် တစ်ချိန်တည်းတွင် သူတို့ နှစ်ယောက်စလုံးက ထိုကလေးကို နှစ်ခြိုက်သွားကြသည်။ ထိုကလေးသည် အလွန်ချမ်းသာလွန်းသည့် အတွက် သူ့အနေဖြင့် ထိုကဲ့သို့သော စွန့်စားမှုမျိုးကို လုပ်ရဲတာ ဖြစ်သည်။ ထိုကလေးက ထိုပုံစံဖြင့် ရှယ်ယာများကို ဝယ်ရဲသည်ဆိုကတည်းက သူတို့အနေဖြင့် တွန့်ဆုတ်ရန် မလိုတော့ချေ။ ထိုလူနှစ်ယောက်အနေဖြင့် အခြားဘဏ်ကို သွားပြီးရှယ်ယာများ ဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။
အချို့သော ဘဏ်ဝန်ထမ်းများက လီရှစ်ချင်ကို မှတ်မိနေသေးဆဲဖြစ်ကာ နှုတ်ဆက်လိုက်သည်။ သူတို့က ထိုလူသည် ငွေတိုက်စာချုပ် ကုန်သွယ်ခြင်းမှ ကံကြမ္မာကို ပြောင်းလဲနိုင်ကြောင်း သူကြားခဲ့သည်။ ထိုသူက ဘင်းမြို့တော်မှ ငွေတိုက်စာချုပ်များဝယ်ယူရန်အတွက် ဤနေရာသို့ လာခဲ့သည့်သူ ဖြစ်သည်။ ယင်းက ငွေတိုက်စာချုပ် မည်မျှ အကျိုးထူးကြောင်း ပြသနေခြင်း ဖြစ်သည်။
သို့သော် တစ်ချိန်တည်းတွင် ဝန်ထမ်းများက တစ်ခုခု မှားယွင်းနေသည်။ လီရှစ်ချင်က ဤနေရာကို ငွေတိုက်စာချုပ်များ ဝယ်ရန် ရောက်လာခြင်း မဟုတ်ပေ။ ငွေတိုက်စာချုပ်များဖြင့် ထိုမြို့တွင် ငွေရှာနိုင်သေးသော်ငြား ရှယ်ယာနှင့် ယှဉ်လိုက်သည့်အခါ ရမည့်ပမာဏက အလွန်ပင် များပြားပေသည်။
လီရှစ်ချင်က သူ၏ ချက်စာအုပ်ကို ကောင်တာပေါ်တွင် တင်ကာ ဝန်ထမ်းကို ရှယ်ယာသက်သေခံ ကဒ်ပြာများ အကုန်ယူလာရန် ပြောလိုက်သည်။
ဘင်းမြို့တော်ထက် ရှန်းမြို့တော်က ဘဏ်ပိုများပေသည်ပြီးနောက် ရှယ်ယာများလည်း ပိုများများရှိကြသည်ပင်။ ဖုန်းယွီက ထိုရှယ်ယာများဝယ်ရန်အတွက် သူတို့၏ ပိုက်ဆံ အားလုံးကို အသုံးပြုလိုက်ကာ ရှန်းမြို့တော်တွင် ရှိသမျှ ရှယ်ယာ အားလုံးနီးပါးပင် ဖြစ်သည်။
လူတိုင်းက ဘင်းမြို့တော်သို့ ပြန်ရောက်လာသည့် အခါ သူတို့သည် ရှယ်ယာသက်သေခံ ကဒ်ပြာများကို တာလီရေတွက်ပြီး အတူတူ စတင် ချည်နှောင်ထားလိုက်တော့သည်။ လူတိုင်းက စိတ်သက်သာရာရသွားတော့သည်။ ယခုလို ပိုက်ဆံသုံးသည်မှာ သူ့တို့အတွက် ပထမဆုံး အကြိမ် ဖြစ်သည်။
ဖုန်းယွီက ဝူကျီကန်းနှင့် အခြားဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ကျေနယ်သည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မှ ချက်လက်မှတ်များ သို့မဟုတ် ရှယ်ယာများကို ယူကာ ပြေးသွားခဲ့ခြင်း မရှိပေ။ သူတို့ အတွဲလိုက်သွားရသည့်အတွက် အချင်းချင်း စောင့်ကြပ်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် သူတို့အနေဖြင့် ထိုသို့လုပ်ရန် စိတ်တောင် မကူးခဲ့ခြင်း ဖြ်သည်။ သို့မဟုတ် သူတို့အနေဖြင့် သူတို့ မိသားစုကို ဒုက္ခမရောက်စေလိုသည့် အတွက် ဖြစ်သည်။
ဖုန်းယွီက သူတို့ကို ယုံကြည်ရသည်မှာ မှန်ကန်သည်ပင်။ ယင်းက ပထမဆုံး ခြေလှမ်းပင်။
သို့သော် သူတို့အနေဖြင့် အခုကို အဆုံးဟု တွေးနေသည်လော။ ဖုန်းယွီအနေဖြင့် သန်း ၅၀ဖိုးတန်ဖိုးရှိ ရှယ်ယာများကို ကျေနပ်ခြင်း မရှိသေးပေ။ ထိုက်ဟွ ကုန်သွယ်ရေးတွင်လည်း ပိုက်ဆံ မကျန်တော့ပေ။ ဖုန်းယွီတွင် အကြံတစ်ခုရှိသေး၏။