ချေးငွေ
Vol. 11 Ch. 156
နောက်ဆုံးတွင်ICBCဘဏ်၏ မန်နေဂျာကျူ့သည် ဖုန်းယွီကိုတွေ့ရန် အခွင့်အရေး ရခဲ့သည်။ သူတို့တွေ့ဆုံသည်နှင့် သူကချက်ချင်းပင် ဖုန်းယွီအနေဖြင့် သူ့၏ဘဏ်အကောင့်ကို အခြားဘဏ်သို့ ပြောင်းရွေ့မည်လားဟု မေးခဲ့သည်။
ဖုန်းယွီက ပြန်ရှင်းပြရာတွင် ကုမ္မဏီအနေဖြင့် ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်နေသည်။ ထိုအတွက်ကြောင့် သူ့အနေဖြင့် သူ၏ရန်ပုံငွေ အများအပြားကို အခြားသော ဘဏ်များသို့ ပြောင်းရခြင်း ဖြစ်ပေသည်။ သူ၏ကုမ္မဏီ ဘဏ်အကောင့်သည် ICBCဘဏ်အကောင့်တွင် ရှိနေဆဲ ဖြစ်မည်ဖြစ်ကာ မည်သည့်ပြောင်းလဲမှုမျှ ရှိမည်မဟုတ်ပေ။
ယင်းက မန်နေဂျာကျူ့ကို စိတ်ချရသွားစေသည်။ သူက အတိမ်းအစောင်း မခံနိုင်သည့် အခြေအနေ တစ်ခုတွင် ရှိနေသည်။ ထိုက်ဟွကုန်သွယ်ရေး အကောင့်တွင် ပမာဏကြီးမားသည့် နိုင်ငံခြားငွေ လွှဲပြောင်းခြင်း ရှိပေရာ ယင်းကသူ့အတွက် အောင်မြင်မှုတစ်ခုပင် ဖြစ်ပေသည်။
သို့သော် ပြောရပါက ထိုအောင်မြင်မှုက လုံလောက်မှု ရှိမနေပေ။ ယခုအချိန်တွင် အစိုးရအနေဖြင့် ချေးငွေစရိတ်ကို လျော့ချကာ ပိုက်ဆံများကို သုံးစွဲစေချင်သည်။ ထို့ကြောင့် ဘဏ်များအနေဖြင့် သူတို့၏ အဓိက အာရုံစိုက်မှုကို စုငွေစာရင်းမှ ချေးငွေသို့ ပြောင်းလဲရန် လိုအပ်လာပေမည်။
မန်နေဂျာကျူ့သည် ဘဏ်တွင် အပ်နှံငွေများအတွက် ထိပ်မှဦးဆောင်နေကာ သူ၏ဘဏ်ခွဲသည် ပြည်နယ်တစ်ခုတွင် နံပါတ်တစ် ဖြစ်ပေသည်။ သို့သော်ငြား ချေးငွေနှင့် ပတ်သတ်လာပါက မန်နေဂျာကျူ့သည် ကောင်းကောင်း မဆောင်ရွက်နိုင်ပေ။ ထိုအပိုင်းနှင့်ပတ်သတ်ပြီး သူ၏ဘဏ်ခွဲသည် ဒီလတွင် ပျမ်းမျှထက်တောင် အဆင့်နိမ့်ပေသည်။ ယင်းအချက်က နောင်သူရရှိမည့် ရာထူးဖြစ်သည့် ပြည်နယ်လက်ထောက် ဘဏ်မန်နေဂျာရာထူးအတွက် ထိခိုက်နိုင်ပေ၏။
မန်နေဂျာကျူ့သည် ဖုန်းယွီနှင့် ချေးငွေအကြောင်း ပြောချင်သည်။ သို့သော် ဖုန်းယွီကို သူ၏ရှင်းပြချက်ပြီးမှ ဤကိစ္စ ပြောရမည်ဖြစ်သည်။ ပြီးနောက် ဖုန်းယွီက ချေးငွေများ ရရှိရန် လုပ်ဆောင်ရမည့်အဆင့်ကို မေးမြန်းပေသည်။
ရွေးချယ်စရာ မရှိပေ။ ဖုန်းယွီအနေဖြင့် ထိုခေတ်အခါက ချေးငွေဆောင်ရွက်ရသည့် အဆင့်ကို မမှတ်မိပေ။ သို့သော် ထိုချေးငွေ ရရှိရန်က အလွန်ဒုက္ခများမှန်း သူသိပေသည်။
မန်နေဂျာကျူ့၏ မျက်လုံးများက ပင့်တက်သွားသည်။ ထိုက်ဟွကုန်သွယ်ရေးက ချေးငွေလိုအပ်သည်လော။ ထိုအရာက ကောင်းမွန်သည့် အရာပင်။ သူ့အနေဖြင့် သူ၏လုပ်ပိုင်ခွင့်ရှိသည့် ပမာဏအတွင်း အများဆုံးရရန် ချေးငွေကိုပေးမည်ဖြစ်သည်။
မန်နေဂျာကျူ့က ဖုန်းယွီအနေဖြင့် ကိန်းဂဏန်းအလွန်ကြီးသည့် ချေးငွေတောင်းဆိုရန်တောင် ဆန္ဒရှိပေသည်။ သူ့၏ ထိုက်ဟွကုန်သွယ်ရေး၏ လုပ်နိုင်စွမ်းနှင့်ဆိုပါက သူ့အနေဖြင့် ဖုန်းယွီချေးငွေ ပြန်မဆပ်မှာကို ကြောက်ရွံ့မှုမရှိပေ။
ဖုန်းယွီက သူတို့ချေးငွေအကြောင်း ပြောသည့်အခါတွင် ဖုန်းယွီက မန်နေဂျာကျူ့၏ မျက်လုံးများ အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရကာ အဘယ့်ကြောင့်မှန်း သူနားလည်ပေသည်။ အစိုးရသည် ချေးငှားယူခြင်းနှင့် သုံးစွဲခြင်းတွင် အားပေနေသည်။ ထိုအတွက်ကြောင့် ICBCဘဏ်အနေနှင့် ယင်းကို ပစ်မှတ်ထားရမည် ဖြစ်ပေသည်။
ဖုန်းယွီက စတော့ဈေးကွက်တွင် ငွေပမာဏ များများရင်းနှီးရန် ချေးငွေလိုအပ်နေပေသည်။ သူ့အနေဖြင့် နှစ်နှစ်အချိန်ရရှိပါက သူ့အတွက် ပြဿနာရှိမည် မဟုတ်ပေ။
“မန်နေဂျာကျူ့ ကျွန်တော်တို့ကုမ္မဏီရဲ့ ဘဏ္ဍာရေးအရတော့ ချေးငွေကိုရယူဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ကျွန်တော်တို့ရဲ့ ကုမ္မဏီက ပရောဂျက်ကြီးတစ်ခု ရှိခဲ့တယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကာလတိုချေးငွေ ရရှိဖို့ လိုအပ်နိုင်တယ်။ အတိုးနှုန်းကို တွက်ချက်ပေးပါ။ ပြီးတော့ ဆပ်ရမည့် အချိန်ကာလနဲ့ အမျိုးအစားကိုလည်း ပြောပြပေးပါအုံး။ ”
မန်နေဂျာကျူ့က ဖုန်းယွီကို စိတ်ပါလက်ပါဖြင့် ရှင်းပြလိုက်သည်။ အတိုးနှုန်းသည် အနိမ့်ဆုံးတွင် ဖြစ်နေပြီး သူကပြည်နယ်အတွင်းတွင် အနည်းဆုံး အတိုးနှုန်းဟု အာမခံထားပေသည်။ ပြန်ဆပ်ရမည့် အချိန်ကာလမှာ သုံးနှစ်ဖြစ်သည်။ ပထမနှစ်နှင့် ဒုတိယနှစ်တွင် အတိုးကိုသာ ပြန်ပေးဆပ်ရန်သာ လိုသည်။ တတိယနှစ်အတွက်မူ အတိုးအရင်းပေါင်းထားသည့် အတိုးကို ပေးဆပ်ရမည်ဖြစ်ပြီး နောက်ဆုံးနှစ်တွင်အကုန်လုံး ပေးဆပ်ရမည် ဖြစ်ပေသည်။ ထိုနည်းလမ်းက ဖုန်းယွီအတွက် မည်သည့်ဖိအားမှ မရှိပေ။
သူ၏ရင်ထဲတွင်တော့ ဖုန်းယွီက အပျော်ကြီး ပျော်နေပေသည်။ ထိုအချက်က သူလိုချင်သည့် အရာပင်ဖြစ်ပေသည်။ သူက ရေနွေးငွေ့စက်မှ အမြတ်နှင့် စက်ယန္တရားစက်ရုံမှ နှစ်ကုန်တွင်လည်း ငွေရမည် ဖြစ်သည့်အတွက် သူ့အနေဖြင့် ချေးငွေကို စောစောပေးရန် မလိုအပ်ပေ။ သုံးနှစ်ဆိုသည့် အချိန်ကာလသည် သင့်တင့်သည့် ကာလဖြစ်ပေသည်။ သူ၏ရှယ်ယာများသည်လည်း ထိုအချိန်တွင် ရောင်းချပြီးဖြစ်ကာ ထိုနည်းဖြင့် ရင်းနှီးမြုပ်နှံမှုကို ပြန်ကုစားရာ ရပေလိမ့်မည်။
“မန်နေဂျာကျူ့ ခင်ဗျားရဲ့ဘဏ်အနေနဲ့ ကျွန်တော်ရဲ့ ကုမ္မဏီကို ဘယ်လောက် ချေးငှားနိုင်ပါသလဲ။ ”
“တကယ်လို့မင်းရဲ့ စက်ယန္တရားကုမ္မဏီက ရှယ်ယာတွေကို အပေါင်ပစ္စည်းအဖြစ် အပ်နှံမယ်ဆိုရင် ငါမင်းကို ယွမ်1.2သန်း ချေးပေးနိုင်တယ်။ တကယ်လို့ ထိုက်ဟွကုန်သွယ်ရေးရဲ့ ပိုင်ဆိုင်မှုနဲ့ ငွေတွေအရ ငါမင်းကို ဆယ်သန်းချေးပေးနိုင်တယ်။ လေနှင့်မိုး လော်ဂျစ်စတစ်အတွက်တော့ ယွမ်နှစ်သန်း ပြီးတော့ ဝက်ခြံအတွက် ယွမ်ငါးသိန်း ချေးပေးနိုင်တယ်။ ”
မန်နေဂျာကျူ့သည် ဖုန်းယွီက ထိုကုမ္မဏီများအားလုံးကို ချေးငွေအတွက် အပေါင်ပစ္စည်းအဖြစ် အသုံးပြုရန် မျှော်လင့်နေသည်။
“မန်နေဂျာကျူ့ ဒါကမဟုတ်သေးဘူးလေ။ စက်ယန္တရားစက်ရုံ ရှယ်ယာရဲ့ ဈေးကွက်လက်ရှိ တန်ဖိုးက ယွမ်1.2သန်းရှိတယ်။ ပြီးတော့ ချေးငွေပမာဏတွေ ပြောနေတာက ယုတ္တိမရှိဘူး။ ထပ်ပြောရရင် ဘာကြောင့် ထိုက်ဟွကုန်သွယ်ရေးက ယွမ်ဆယ်သန်းပဲ တန်ကြေးရှိတာလဲ။ ထိုက်ဟွကုန်သွယ်ရေးက လေနှင့်မိုး အမှတ်တံဆိပ်ကိုလည်း ပိုင်သေးတယ်။ ပြီးတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ လတိုင်းလတိုင်း ရူပယ်သန်းချီတဲ့ ကုန်သွယ်မှုရှိတယ်။ ဘာကြောင့် ချေးငွေပမာဏက အလွန်နည်းနေရတာလဲ။ ”
မန်နေဂျာကျူ့က ဖုန်းယွီကို မျက်လုံးအပြုးသားဖြင့် စိုက်ကြည့်လိုက်သည်။ ဖုန်းယွီက ထပ်ချေးချင်သေးသည်လော။ ထိုအရာက ကောင်းသည်ပင်။ သူပြောသည့် ပမာဏ အလွန်နည်းသည်ဟု စဉ်းစားပါက သူ့အနေဖြင့် ဘယ်လောက်လိုချင်တာများပါလိမ့်။
“မန်နေဂျာဖုန်း ခင်ဗျားအနေနဲ့ ဘယ်လောက်ဆိုရင် သင့်တော်မယ်လို့ထင်လဲ။ ”
“စက်ယန္တရားစက်ရုံရဲ့ ရှယ်ယာက ထိုက်ဟွကုန်သွယ်ရေးရဲ့ ပိုင်ဆိုင်မှုနဲ့ ဝင်ငွေတွေကို အပေါင်အဖြစ် ထားပြီးတော့ ကျွန်တော်အနေနဲ့ ချေးငွေယွမ်သန်းလေးဆယ် လိုချင်တယ်။ လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္မဏီအတွက် ကျွန်တော်အထင်တော့ ယွမ်လေးသန်းလောက် ရနိုင်မယ်။ ကျွန်တော်တို့မှာက ဂတ်စ်ကုန်တင်ကား ရှစ်ဆယ်ရှိတယ်လေ။ အဲ့ဒီကုန်တင်ကားတွေက ယွမ်ငါးသောင်းတောင် တန်ဖိုးမရှိဘူးလို့ မပြောနဲ့နော်။ ”
ဖုန်းယွီအနေဖြင့် ထိုကုန်တင်ကားများကို တစ်စီးဆီအတွက် ယွမ်ငါးသောင်းအောက်ဖြင့် ဝယ်ခဲ့သော်လည်း ယခုလက်ရှိတွင် ထိုကုန်တင်ကားများ၏ ဈေးနှုန်းက ထိုဈေးလောက် တန်ကြေးရှိနေသည်ပင်။ မန်နေဂျာကျူ့က ဘာမှမပြောပေ။ သို့သော် လီရှစ်ချင်က ဖုန်းယွီကို ထိတ်လန့်မှုကြောင့် စိုက်ကြည့်နေတော့သည်။ ဘာတွေဖြစ်နေပါလိမ့်။ မင်းက ယွမ်လေးသန်း ချေးငွေရစေချင်တာလား။ ဒီ………. အဲ့ဒါကအလွန်ကို စွန့်စားရာ ကျမနေဘူးလား။ တစ်နှစ်အတွက် အတိုးနှုန်းကလည်း နည်းတဲ့ပမာဏမှ မဟုတ်တာ။
သူပိုင်ဆိုင်သမျှ ငွေများအားလုံးကို ရှယ်ယာတွင် ရင်းနှီးမြုပ်နှံကတည်းက အလွန်စွန့်စားရာရောက်သည့် အခြေအနေဟု လီရှစ်ချင် ခံစားမိပြီဖြစ်သည်။ ပြီးနောက် ယခုတွင် ဖုန်းယွီက ချေးငွေလိုချင်နေသည်လော။ သူ့အနေဖြင့် သူကိုယ်တိုင်အတွက်သာ ချေးငွေရယူသင့်ပေသည်။ ဘာကြောင့်သူ့အား တစ်ပါတည်း ဆွဲခေါ်ရသနည်း။ လီရှစ်ချင်က ချေးငွေများ ရယူရန် သဘောတူခဲ့သည်။ သို့သော် ဖုန်းယွီအနေဖြင့် ချေးငွေပမာဏ အလွန်များပြားမည် ဆိုသည်ကို သူ့အားမပြောခဲ့ပေ။ အကယ်၍သူ ချေးငွေကို ပြန်မပေးနိုင်ပါက လော်ဂျစ်စတစ် ကုမ္မဏီအနေဖြင့် ဘဏ်ကပိုင်ဆိုင်သွားမည် ဖြစ်ပေသည်။
ဖုန်းယွီက သူ့ယောက်ဖခြေထောက်ကို တိတ်တဆိတ် ပုတ်လိုက်ကာ စိတ်အေးအေး ထားစေလိုခြင်း ဖြစ်သည်။ ဖုန်းယွီက သူ့အမအတွက် ဆေးရုံတစ်ရုံ ဆောက်ပေးစေချင်သည်။ သို့သော် သူ့ယောက်ဖသည် ထိုအလုပ်တွင် စေတနာဝန်ထမ်းအဖြစ်သာ ပါဝင်ချင်သည်လော။ ဖုန်းယွီက သူ၏စီးပွားရေးကို အကြီးအကျယ်ချဲ့ကားရန် တောင်းဆိုခဲ့သည်။ သို့သော်သူက ကျရှုံးမှာကို ကြောက်ရွံ့နေသည်။ လော်ဂျစ်စတစ်ကုမ္မဏီ ဖွံ့ဖြိုးတိုးတက်မှု နှုန်းနှင့်ဆိုလျှင် သူ့အမ၏အိမ်မက်ကို ဖြည့်ဆည်းရန်အတွက် ငါးနှစ်ကျော်ကြာ လိုအပ်မည် ဖြစ်ပေသည်။
ရှယ်ယာများတွင် ရင်းနှီးမြုပ်နှံခြင်းက အလွန်ကွဲပြားပေသည်။ သူ့အနေဖြင့် လုံလောက်သည့် ပမာဏကို နှစ်နှစ်အတွင်း ရရှိမည်ဖြစ်ပြီး လီရှစ်ချင်၏ ပိုင်ဆိုင်မှုသည်လည်း ယွမ်သန်းချီအထိ ဖြစ်လာမည်ဖြစ်သည်။ တစ်ချိန်ထဲတွင် သူ့အနေဖြင့် ဆေးရုံများ ထူထောင်ရန်အတွက် ပြဿနာရှိမည် မဟုတ်ပေ။
မန်နေဂျာကျူ့က တုန်တုန်ယင်ယင်အသံဖြင့်
“ဘာကြောင့်ချေးငွေကို အဲ့လောက်အများကြီး လိုချင်ရတာလဲ။ ယွမ်သန်းလေးဆယ်လား။ ”
“ယွမ်(၄၄)သန်း ”
မန်နေဂျာကျူ့၏ နှလုံးခုန်သံများက အလွန်မြန်ဆန်နေပေသည်။ သူ၏စိတ်ထဲတွင် ဟား ဟား ဟား ပြီးသွားပြီ။ ဒါတကယ် ပြီးသွားပြီ။ ဒါကငါ့ရဲ့ ရာထူးတိုးပဲ။ သူ၏သတ်မှတ်ချက်က ဒီနှစ်အတွက် (၁၅)သန်း ဒါပေမဲ့ ဒီ(၄၄)သန်း ချေးငွေနဲ့ဆိုရင် ငါ့ရဲ့သတ်မှတ်ချက်ကို အလွန်အကျိုး အောင်မြင်မှုတွေရမှာ။ သူ့ရဲ့ဘဏ်က တစ်ပြည်နယ်လုံးမှာ ပထမဆုံး နေရာပဲ။ တကယ်လို့ ငါမှရာထူးမတိုးဘူးဆိုရင် ဘယ်သူက အဲ့နေရာအတွက် သင့်လျော်အုံးမှာလဲ။
“ခဏလောက် စဉ်းစားပါရစေအုံး။ ယွမ်(၄၄)သန်း ဟုတ်တယ်မလား။ ကိစ္စမရှိဘူး။ ”
ထိုပမာဏသည် သတ်မှတ်ချက်များအတိုင်း မဟုတ်သော်ငြား မန်နေဂျာကျူ့သည် သူ၏အထက် အရာရှိများကို ရအောင်ပြောမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ (၄၄)သန်း ချေးငွေက ပြည်နယ်တစ်ခုလုံး၏ သတ်မှတ်ချက် ဖြစ်ပေသည်။ သူ့အနေဖြင့် ခေါင်းဆောင်များသည်လည်း ထိုချေးငွေကို ခွင့်ပြုပေးမည်ဟု ယုံကြည်ပေသည်။
ဖုန်းယွီက မန်နေဂျာကျူ့၏ တစ်ပါးလူ၏ဆန္ဒကို ဖြည့်ဆည်းပေးချင်သည့်ပုံကို မြင်သောအခါ သူက ဆက်ပြောလိုက်သည်။
“ကျွန်တော်မှာ ရှေးဟောင်းပစ္စည်းတစ်ခု ရှိသေးတယ်။ အဲ့ဒါက မင်မင်းဆက်ရဲ့ ရွှယ်တ အမွှေးနံ့သာ ပေါင်းအိုး။ ဒါကတကယ်ကို ရတနာတစ်ခုပဲ။ တစ်ကမ္ဘာလုံးမှာမှ အနည်းငယ်ပဲ ကျန်တော့တာ။ ဟောင်ကောင် စီးပွားရေးသမားက ကျွန်တော်ဆီကနေ ယွမ်ရှစ်သန်းနဲ့ ဝယ်ဖို့အတွက် ကမ်းလှမ်းခဲ့တယ်။ ကျွန်တော်က အဲ့ထက်ပိုပြီး မတောင်းပါဘူး။ ကျွန်တော်က အဲ့ဒီရှေးဟောင်းပစ္စည်းကို အပေါင်ပစ္စည်းဖြစ်ထားပြီး ချေးငွေခြောက်သန်း လိုချင်တယ်။ စုစုပေါင်း ချေးငွေပမာဏက သန်းငါးဆယ်။ ”
မန်နေဂျာကျု့က မျက်မှောင်ကြုတ်ကာ အသက်ကျယ်ကျယ် ရှုလိုက်သည်။ သူတို့၏ ပြည်နယ်တွင် ရှေးဟောင်းပစ္စည်းများကို ပေါင်နှံကာ ချေးငွေရယူခြင်းအတွက် လုပ်ဆောင်ရမည့် အဆင့်သတ်မှတ်ချက်များ မရှိသေးပေ။ ထပ်ပြောရပါက တန်ဖိုးရှိသည့် မည်သည့်အရာကိုမဆို ပေါင်နှံကာ ချေးငွေအဖြစ် ရယူနိုင်သည်။ သို့သော် ရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးက တွက်ချက်ရန် ခက်ခဲပေသည်။ ဖုန်းယွီက တစ်စုံတစ်ယောက်ကသူ့အား ရှစ်သန်းဖြင့် ကမ်းလှမ်းခဲ့သည်ဟု ဆိုခဲ့သည်။ သို့သော် ထိုရှေးဟောင်းပစ္စည်းက ယွမ်ရှစ်သောင်းဖြင့်တောင် မရောင်းရသည်လည်း ဖြစ်နိုင်ပေ၏။
“မန်နေဂျာဖုန်း ရှေးဟောင်းပစ္စည်းကို ပေါင်နှံတာကတော့ တော်တော် ခက်ခဲမယ်ထင်တယ်။ သူ့ရဲ့ပစ္စည်းကို တိုင်းတာဖို့အတွက် စံသတ်မှတ်ချက်တွေကလည်း ရှိတာမဟုတ်ဘူး။ အဲ့ဒါက ခွင့်ပြုရဖို့အတွက် အလွန်ခက်ခဲမယ်။ ”
မန်နေဂျာကျူ့က ဒုက္ခရောက်သည့်ပုံစံဖြင့် ပြန်ပြောလိုက်သည်။
ဖုန်းယွီက မန်နေဂျာကျူ့အား တစ်ချက်လှည့်ကြည့်လိုက်ကာ
“အဲ့ဒါကတကယ် ခက်ခဲတာလား။ စိတ်မရှိပါနဲ့။ ကျွန်တော်တို့တွေက CCBဘဏ်ကိုပဲ ချေးငွေသွားချေးတော့မယ်။ ကျွန်တော်ရဲ့အဖေက CCBချေးငွေဌာနက မန်နေဂျာကိုလျိုကိုလည်း သိတယ်လေ။ ကျွန်တော်အထင်တော့ ဒီလောက်ပိုင်ဆိုင်မှုတွေ အများကြီးကို ပေါင်နှံပစ္စည်းအဖြစ် သုံးမယ်ဆိုရင်တော့ ယွမ်သန်းငါးဆယ် ချေးငွေရယူဖို့ကလည်း ခက်ခဲမှာတော့ မဟုတ်ပါဘူး။ ”
မန်နေဂျာကျူ့က ဖုန်းယွီထရပ်တာကို ကြည့်လိုက်သည်။ ပြီးနောက်သူက ဖုန်းယွီလက်ကို မြဲမြဲဆုပ်ကိုင်လိုက်ကာ
“မန်နေဂျာဖုန်း ခဏစောင့်ပါအုံး။ ကျွန်တော်တို့တွေက ကာလကြာရှည်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးပြီ။ ဒါကိုမှ မယုံသေးတာလား။ ကျွန်တော်ဖုန်းအရင်ဆုံး ခေါ်ကြည့်ပါမယ်။ ဖုန်းတစ်ကောထဲပါပဲ။ ”
သူ၏ရာထူးတိုးမှုအတွက် သူ၏သိက္ခာများအားလုံးကို အသုံးပြုလိုက်ခြင်း ဖြစ်ပေသည်။
မန်နေဂျာကျူ့သည် အခန်းထဲမှ ထွက်သွားသည်။ ပြီးနောက် လီရှစ်ချင်က ရုတ်တရက် မေးလိုက်သည်။
“ရှောင်လီ ဘာကြောင့်ငါတို့တွေက ဒီလောက်များတဲ့ပိုက်ဆံကို ချေးဖို့လိုအပ်တာလဲ။ တကယ်လို့ မင်းပြန်မပေးနိုင်ဘူးဆိုရင်ရော”
ဖုန်းယွီက လီရှစ်ချင်ကို ယုံကြည်ချက်အပြည့်ဖြင့် ကြည့်လိုက်ကာ
“ယောက်ဖ စိတ်မပူနဲ့။ ငါကဒီပမာဏကို သေချာပေါက် ပြန်ပေးမှာပေါ့။ ထိုက်ဟွကုန်သွယ်ရေးရဲ့ ရေနွေးငွေ့စက်က ပြည်ပဈေးကွက်မှာ ဘယ်လောက် အကျိုးအမြတ် ရတယ်ဆိုတာ အစ်ကိုလည်း သိတယ်မလား။ ဒေါ်လာဆယ်သန်း နောက်နှစ်ကျရင် အဲ့ဒီရဲ့ အကျိုးအမြတ်က ပိုပြီးများလာမှာ။ ဒါ့ကြောင့် ပြန်ပေးဖို့အတွက် စိတ်ပူစရာ မလိုပါဘူး။ အခုလက်ရှိက ဈေးကွက်ထဲမှာရှိတဲ့ ရသမျှ ရှယ်ယာတွေအကုန်လုံးကို ဝယ်ယူနိုင်ဖို့နဲ့ အစ်ကိုအနေနဲ့လည်း ဒီနှစ်ကုန်ပိုင်းမှာ ပြန်ရလာမှာကို စမြင်ရမှာပါ။ တကယ်တော့ အဲ့ထက်တောင် စောရင်စောနိုင်သေးတယ်။ အောက်တိုဘာလကျရင် အကျိုးအမြတ်တွေ စရလာလိမ့်မယ်။ ”
မြို့ကြီးနှစ်ခု၏ ရရှိနိုင်သည့် ရှယ်ယာများအားလုံးကို သိမ်းကြုံးယူပြီးနောက် ဖုန်းယွီကြောင့် စတော့ဈေးကွက် တက်ရောက်မှု ရှိမည်ဖြစ်ပြီး ဈေးများလည်း တိုးလာမည်ပင်။
လီရှစ်ချင်က တစ်ခုခု ပြောချင်ခဲ့သည်။ သို့သော် မန်နေဂျာကျူ့က ပြန်ရောက်လာပြီး ဖုန်းယွီကို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ယွမ်သန်းငါးဆယ် ကျွန်တော်တို့ မြို့တော်ICBCဘဏ်နဲ့ ပြည်နယ်ICBCဘဏ်တို့က အတူပူးပေါင်းပြီးတော့ ဒီယွမ်သန်းငါးဆယ်ကို ခင်ဗျားကို ချေးပေးမှာပါ။ ”