ပိုက်ဆံများကို ဆက်လက်ရှာဖွေခြင်း
Vol. 11 Ch. 158
ချေးငွေရယူခြင်းက ချောချောမွေ့မွေ့ဖြင့် ပြီးဆုံးသွားပြီး ဖုန်းယွီက သက်ပြင်းတစ်ချက် ချလိုက်သည်။ မန်နေဂျာကျူသည် အလွန်ယုံကြည်စရာ ကောင်းသည့်လူဖြစ်သည်။
သူက အဘယ့်ကြောင့် မယုံကြည်စရာ ကောင်းမည်နည်း။ မန်နေဂျာကျူသည် သူချေးငွေအပေါ်တွင် သူ၏ရာထူးတိုးမှုက မူတည်နေသည့် အတွက်ပင်။ ချေးငွေ၏ တစ်စိတ်တစ်ပိုင်းသည် ပြည်နယ် အိုင်စီဘီစီဘဏ်၏ လက်အောက်တွင်ရှိပြီး ယင်းအချက်က သူ၏ခေါင်းဆောင်များကို ပျော်ရွှင်စေသည်။ ခေါင်းဆောင်များက လက်ထောက်ပြည်နယ် ဘဏ်မန်နေဂျာ ယခုနှစ် နှောင်းပိုင်းတွင် အနားယူပါက သူ့အနေဖြင့် ယင်းနေရာကို ဆက်ခံနိုင်ကြောင်း ကတိပေးခဲ့သည်။
ဖုန်းယွီက သူ့လူများကို ရှယ်ယာများကို ဝယ်ရန်အတွက် ကျီမြို့တော်သို့ ခေါ်သွားပြီး လီရှစ်ချင်သည်လည်း ရှန်းမြို့တော်သို့ လူများစွာဖြင့် ပြန်လာခဲ့သည်။ သူတို့က ဈေးကွက်ထဲရှိ ရနိုင်သမျှ ရှယ်ယာများအားလုံးကို အချိန်တိုအတွင်း ဝယ်ယူခဲ့သည်။
ဖုန်းယွီ၏ ခန့်မှန်းတွက်ချက်မှုအရ သူ၏အရင်ဘဝကကဲ့သို့ ရှယ်ယာများကို တက်ကြွထက်သန်စွာ မည်သူမှ ဝယ်ယူမည် မဟုတ်ပေ။ ပြီးနောက် စတော့ဈေးကွက်၏ နသိုးသည်လည်း ယခုနှစ်နှောင်းပိုင်းတွင် စတင်လည်ပတ်မည် ဖြစ်သည်။ ယခုလက်ရှိတွင် ဖုန်းယွီသည် ရှယ်ယာများကို အပြင်းအထန် စုဆောင်းဝယ်ယူခြင်းက စီးပွားရေး အရောင်းအဝယ်ကောင်းသည့် ကာလကို ရှေ့စောစော ရောက်စေနိုင်သည်။ သူ့၏လက်ရှိငွေနှင့်ဆိုလျှင် အင်အားကြီးသည့် ရင်းနှီးမြုပ်နှံသူတစ်ယောက်ဟု စဉ်းစား၍ မရနိုင်သေးသော်လည်း ယင်းက ဈေးကွက်တွင် သေချာပေါက် သက်ရောက်မှုများစွာ ရှိမည်ဖြစ်သည်။
သုံးရက်ကြာ အလုပ်ကြိုးစားပြီးနောက် ဖုန်းယွီနှင့် သူ၏ဝန်ထမ်းများသည် ဘင်းမြို့တော်သို့ ပြန်ခဲ့သည်။ သူတို့က ငွေများအားလုံးကို အသုံးပြုခဲ့ပြီး ဝမ်တုန့်ကျွင်းအပါအဝင် ဝန်ထမ်းများက သူတို့လိုချင်သည့် စတော့များကို ရွေးချယ်ကြသည်။ ပုံမှန်အားဖြင့် သူတို့က အရင်ဘဝက ဖုန်းယွီရွေးခဲ့သည့် နာမည်ကြီး ရှယ်ယာများကို အရိပ်အမြွတ်ပြကာ သူတို့ကို ယူစေခဲ့သည်။ ထိုစတော့များသည် ဈေးကွက်ထဲတွင် အစောဆုံး ဖြစ်မည်ဖြစ်ကာ စတော့၏ အကျိုးအမြတ်သည်လည်း မေးခွန်းထုတ်စရာ မလိုလောက်အောင်ကို ရမည်ပင်။
သူတို့အားလုံးက ဖုန်းယွီကို ယုံကြည်ကြသည်။ ကာလတို အချိန်တွင် တစ်စုံတစ်ယောက်က ချမ်းသာလာပြီး အကျိုးအမြတ် ရသည့်စီးပွားရေး လုပ်ငန်းများကို တည်ထောင်နိုင်သည့် လူထံမှ စကားများကို သံသယရှိစရာ ဘယ်လိုလုပ် လိုမည်နည်း။ ထို့အပြင် သူတို့က ရှယ်ယာများ အားလုံးကို ဝယ်ယူပြီးဖြစ်ကာ နောက်ထပ် ရွေးချယ်စရာလည်း မရှိတော့ပေ။ ထပ်ပြောရပါက ဖုန်းယွီအနေဖြင့် သူတို့ကို အရှုံးပေါ်ပါက ထိုအရှုံးကို ပြန်ပေးမည်ဟု ကတိပေးထားသည်။
လူတိုင်းက ကျေနပ်နေကြပြီး ဖုန်းယွီအနေဖြင့် ခဏကြာ အနားယူမည်ဟု သူတို့တွေးနေစဉ် ဖုန်းယွီက လီရှစ်ရိုနှင့် ဟိုဟိုက်ထောင်တို့ကို သွားရှာတော့သည်။
“ငွေချေးမှာလား။ မန်နေဂျာဖုန်း ခင်ဗျားရဲ့ ထိုက်ဟွကုန်သွယ်ရေးက ရှယ်ယာအများဆုံးနော်။ ပြီးတော့ ခင်ဗျားရတဲ့ဟာက ကျွန်တော်တို့ နှစ်ယောက်ပေါင်းထက်တောင် များနေသေးတယ်။ ကျွန်တော်တို့ဆီကနေပြီးတော့ ငွေချေးချင်တာလား။ ”
ဟိုဟိုက်ထောင်က စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။ ထိုက်ဟွကုန်သွယ်ရေးက ပိုက်ဆံ လိုအပ်နေသည်လော။
“မကြာသေးခင်က ကျွန်တော် ရင်းနှီးမြုပ်နှံမှု တစ်ခုရှိခဲ့တယ်။ အဲ့ဒီအတွက် ကျွန်တော်မှာ ငွေပြတ်သွားတယ်။ ကျွန်တော်အိမ်နဲ့ အဲ့ဒီငွေတွေကို နှစ်ကုန်မှာ ပြန်ပေးမှာပါ။ ”
လီရှစ်ရိုက သူ့ခေါင်းကို ခါလိုက်ပြီး
“မန်နေဂျာဖုန်း ကျွန်တော်တို့ရဲ့ စက်ရုံတွေက ထိုက်ဟွကုန်သွယ်ရေးနဲ့ ကွဲပြားခြားနားပါတယ်။ ကျွန်တော်တို့က နိုင်ငံတော်ပိုင် လုပ်ငန်းတွေ။ ပြီးတော့ ကျွန်တော်ရဲ့ လက်မှတ်နဲ့ဆိုရင် ငွေတွေကို ထုတ်လို့ရနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်မှာ အစိုးရကို ပြန်ဖြေပေးဖို့အတွက် အဖြေက မရှိဘူး။ ဒါကအစိုးရရဲ့ ပိုက်ဆံလေ။ ကျွန်တော်တို့ရဲ့ဟာ မဟုတ်ဘူး။ ဒါအတွက်ကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ပိုက်ဆံကို ခင်ဗျားဆီကို ချေးငှားဖို့အတွက်ကတော့ အဆင်မပြေပါဘူး။ ”
ဟိုဟိုက်ထောင်က ချက်ချင်းဆိုသလိုပင်။ သူ့အနေဖြင့် ဖုန်းယွီကို သူ့စက်ရုံအနေဖြင့် ဖုန်းယွီကို ငွေချေးငှား ပေးနိုင်ခြင်းမရှိကြောင်း ပြောလိုက်သည်။ သူက သူ၏စက်ရုံသည် ကောင်းကောင်း အလုပ်မလုပ်ပေ။ ပြီးနောက် ဖုန်းယွီကိုတောင် သူ့အား သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအတွက် ငွေပေးရန် တောင်းဆိုရသည်။ ထိုငွေများသည် နည်းနေမည်ဖြစ်သည်။
ဖုန်းယွီက သက်ပြင်းချလိုက်သည်။ အစိုးရပိုင် လုပ်ငန်းများမှ ငွေချေးယူခြင်းက အလွန်ခက်ခဲပေသည်။ ထပ်ပြောရပါက ဖုန်းယွီသည် ငွေကြေးဈေးကွက်တွင် ရင်းနှီးမြုပ်နှံပြီး ရုပ်ပိုင်းဆိုင်ရာ မြင်ရသည့် စီးပွားရေးများကို မလုပ်ခဲ့ပေ။ ထို့အတွက်ကြောင့် သူတို့နှင့် ညှိနှိုင်းရန်က ပိုခက်ခဲပေသည်။
နောက်ဆုံး ရနိုင်သည့်တစ်ယောက်ကို သူရှာဖွေရတော့မည်ပင်။ ....
“မန်နေဂျာဖုန်း ကျွန်တော်ကို ဖုန်းခေါ်ပြီဆိုမှတော့ ကျွန်တော်ရဲ့ အတွေးမှာတော့ ခင်ဗျားပြဿနာကြီးတစ်ခု ရှိပြီလို့ထင်တယ်။ ဘာကြောင့် ခင်ဗျားရဲ့ ကုမ္မဏီက ငွေပြတ်တောက်သွားရတာလဲ။ ”
ဖူကွမ်းကျန်းက နားမလည်နိုင် ဖြစ်နေသည်။ ရေနွေးငွေ့စက်မှ ရောင်းရသည့် အကျိုးအမြတ် များသည်လည်း လတိုင်းလတိုင်း လွှဲပြောင်းနေပြီး ထိုက်ဟွကုန်သွယ်ရေးသည်လည်း အမြတ်များစွာ ရရှိနေပေသည်။ အဘယ့်အတွက် ဖုန်းယွီက ငွေပြတ်တောက်သွားသနည်း။
ဖုန်းယွီက ရယ်လိုက်ကာ
“ထိုက်ဟွကုန်သွယ်ရေးက ငွေလိုတာ မဟုတ်ပါဘူး။ ကျွန်တော်က ငွေလိုတဲ့လူ။ မကြာသေးခင်က ကျွန်တော်က အကျိုးအမြတ် ရတဲ့စီးပွားရေးလုပ်ငန်း တစ်ခုကို တွေ့ခဲ့တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်က ငွေချေးယူဖို့ လိုနေတာ။ ခင်ဗျားအနေနဲ့ ဟောင်ကောင်မှာရှိတဲ့ ဘဏ်တွေကို ကျွန်တော်ကို မိတ်ဆက်ပေးလို့ ရမလား။ ကျွန်တော်က ချေးငွေလိုနေလို့ပါ။ ”
ဖူကွမ်းကျန်း၏ မျက်လုံးများက ကျယ်သွားကာ
“ဘာအကျိုးအမြတ် များတဲ့ပစ္စည်းလဲ။ ငါရောပါလို့ရလား။ ”
ဖူကွမ်းကျန်းသည် ဖုန်းယွီနှင့် တွေ့ရှိပြီးနောက် သူ၏ကံကြမ္မာက ပိုကောင်းလာသည်ဟု တွေ့ရှိပြီးဖြစ်သည်။ မကြာသေးမီက သူက ရှေးဟောင်းပစ္စည်းများကို ဝယ်ခဲ့ပြီး ရှေးဟောင်းပစ္စည်းများ တစ်ခုမှ အတုမဟုတ်ပေ။ ထို့ပြင် တစ်ပတ်ရစ် ဇိမ်ခံကား ဈေးကွက်သည်လည်း ကောင်းကောင်း အလုပ်လုပ်ပြီး သူ့အနေဖြင့် ထိုအရာများထံမှ အကျိုးအမြတ်များစွာ ရရှိပေသည်။ သူက သူ့အဖေထံမှ ချီးကျူးမှုကိုတောင် ရခဲ့သည်။
သူက စက်ယန္တရားစက်ရုံတွင် ဖုန်းယွီနှင့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သည့်အခါ သူ့အနေဖြင့် ထိုကဲ့သို့ ပမာဏများများ အကျိုးအမြတ်ရမည်ဟု မမျှော်လင့်ခဲ့ပေ။ မနှစ်က အပိုစုကြေးများနှင့် ခွဲတမ်းများကို အရောင်းအမှာစာများအရ ရရှိခဲ့ပြီး သူ့အနေဖြင့် နောက်နှစ်တွင် သူရင်းနှီးမြုပ်နှံထားသည့် ငွေများကို ပြန်ရရှိနိုင်ပေသည်။ သူ၏အရင်က တွက်ချက်မှုသည် ငါးနှစ်မှ ပြန်ရမည်ဟု တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ ထိုရင်းနှီးမြုပ်နှံမှုက သူ့အား ပမာဏများများ ပြန်ရစေသည်။
စက်ယန္တရားစက်ရုံတွင် ရင်းနှီးမြုပ်နှံခြင်းက ဖူမိသားစုသည် ဖူကွမ်းကျန်းကို သတိပြုမိစေသည်။ ထို့အပြင် ဖူမိသားစုအနေဖြင့် နိုင်ငံတစ်ကာ ဈေးကွက်တွင် ရေနွေးငွေ့စက် ရောင်းချခွင့် ယူပြီးနောက် ဖူမိသားစုထဲရှိ သူ၏အဆင့်အတန်းသည်လည်း ပိုမြင့်မားလာခဲ့သည်။
သူ့၏အဆင့်အတန်းသည် ဖူမိသားစု ထဲတွင်သာမက ဟောင်ကောင်၏ ဒုတိယမျိုးဆက် အသိုက်အဝန်းထဲတွင်လည်း တိုးတက်လာခဲ့သည်။ ဖူကွမ်းကျန်းသည် ထိုအသိုက်အဝန်းထဲတွင် အလွန် နာမည်ကျော်ကြားနေသည်။ ဖူမိသားစု၏ မျိုးဆက်တွင် သူ့အနေဖြင့် ဘယ်တော့မှ ဖူမိသားစု၏ အသုံးမကျသည့် မျိုးဆက်ဟု အမည်တပ်ခံရတော့မည် မဟုတ်ပေ။
“အဲ့ဒီအကျိုးအမြတ် များတဲ့စီးပွားရေးဆိုတာက စတော့တွေပဲ။ ”
“စတော့တွေလား။ ” ဖူကွမ်းကျန်း၏ မျက်နှာက ပြောင်းလဲသွားသည်။ သူ့အနေဖြင့် စတော့ဈေးကွက်၏ လက်ရှိအခြေအနေကိုသိပြီး စတော့များကို ရင်းနှီးမြုပ်နှံခြင်းဖြင့် သူ့အနေဖြင့် ဘယ်လိုလုပ် ငွေရနိုင်မည်နည်း။ ယင်းကို ကောင်းမွန်သည့် စီးပွားရေး လုပ်ငန်းတစ်ခုဟု စဉ်းစား၍ ရနိုင်သည်လော။
“မန်နေဂျာဖုန်း ခင်ဗျားကျွန်တော်ကို နောက်နေတာလား။ ”
“မနောက်ပါဘူး။ ”
ဖူကွမ်းကျန်းက ဖုန်းယွီကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။ ဖုန်းယွီအနေဖြင့် စတော့ရှယ်ယာဈေးများ မြင့်တတ်လာမည်ဆိုသည့် အတွင်းသတင်းတစ်ခုများ ရထားသည်လော။ သို့သော် ယင်းက မဖြစ်နိုင်ပေ။ ထိုက်ဟွကုန်သွယ်ရေးသည် အနည်းဆုံး သန်းပေါင်းများစွာ ပိုင်ဆိုင်မှုရှိသည်။ ဖုန်းယွီက ငွေများချေးရန် လိုအပ်သေးသည်လော။
“အဲ့ဒါဆိုရင် မန်နေဂျာဖုန်းက ဘယ်စတော့တွေကို ဝယ်မယ်လို့ စိတ်ကူးထားလဲ။ ”
“တရုတ်စတော့ ကျွန်တော်တရုတ်စတော့မှာရှိတဲ့ ရသမျှအကုန်လုံး ဝယ်မှာ။ ”
ဖုန်းယွီက ပြောနေစဉ် ပြုံးနေသည်။
“တရုတ်စတော့လား။ စတော့အိပ်ချန်းက တရုတ်နိုင်ငံမှာ ရှိပြီလား။ ”
ဖူကွမ်းကျန်းက အလွန်မှင်သက်နေသည်။
သူမှင်သက်စရာ ကောင်းရင်လည်း ယင်းက ပုံမှန်ပင် ဖြစ်ပေသည်။ လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် စတော့အိပ်ချိန်း တစ်ခုမှ မရှိသေးပေ။ ဟောင်ကောင် စတော့အိပ်ချိန်းသည် ဟိုးရှေးရှေးကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ၁၉၈၆ခုနှစ်က အိတ်ချိန်းလေးခုကို ပိတ်သိမ်းကာ ပူးပေါင်းထားသည့် စတော့အိပ်ချိန်းတစ်ခုကို တည်ထောင်ခဲ့သည်။ ထိုပူးပေါင်းထားသည့် စတော့အိပ်ချိန်းသည် နိုင်ငံတကာ စာချုပ်များကိုလည်း ကုန်သွယ်ခွင့် ပေးထားပေသည်။
ဖူကွမ်းကျန်း၏ အတွေးတွင် ဖုန်းယွီက ဟောင်ကောင်စတော့ အိပ်ချိန်းရှိ အစုရှယ်ယာစာရင်းဝင် ကုမ္မဏီများ၏ စတော့များကို ဝယ်ယူချင်သည်ဟု တွေးခဲ့သည်။ သို့သော် ဖုန်းယွီအနေဖြင့် တရုတ်စတော့များကို ဝယ်ယူမည်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံတွင် စတော့အိပ်ချိန်း မရှိသေးပေ။ ပြီးနောက် စတော့ရှယ်ယာများကို ကုန်သွယ်ရန်အတွက်လည်း နည်းလမ်း မရှိသေးပေ။ ကုန်သွယ်ခြင်း မပြုနိုင်ဘဲ မည်သို့တန်ဖိုးက မြင့်တက်လာမည်နည်း။ နှစ်ကုန်၏ ငွေကြေးဆိုင်ရာ အစီရင်ခံစာကို စောင့်အုံးမည်လော။ ထိုတရုတ်ကုမ္မဏီများအနေဖြင့် အမြတ်ဘယ်လောက်များများ ပြုလုပ်နိုင်မည်ဖြစ်ပြီး သူတို့အနေဖြင့် အစုအပေါ်အမြတ် မည်မျှ ပေးနိုင်မည်နည်း။
“အခုလက်ရှိမှာတော့ တရုတ်နိုင်ငံမှာ စတော့အိပ်ချိန်းဈေးကွက် မရှိသေးဘူး။ စတော့တွေကို အဓိကအားဖြင့်တော့ ဘဏ်တွေမှာရှိတဲ့ ကောင်တာတွေကနေပြီးတော့ ဝယ်ယူရတာ။ ပြီးတော့ အဲ့ဒီစတော့တွေက ကတ်ထူအသိအမှတ်ပြု လက်မှတ်တွေပဲ ရှိသေးတာ။ ဒါပေမဲ့ တရုတ်အစိုးရကို စီးပွားရေးကို အဆင့်မြင့်တင်ဖို့ စတင်လုပ်ဆောင်နေတယ်။ ဒီနှစ်မကုန်ခင်မှာ စတော့အိပ်ချိန်း တည်ထောင်တာနဲ့ ပတ်သတ်ပြီးတော့ သတင်းအချို့တွေ ရှိလာမှာ။ အဲ့ဒီအခါကျရင် အစုရှယ်ယာ စာရင်းဝင် ပထမဦးဆုံး ကုမ္မဏီတွေက အစိုးရရဲ့ စောင့်ရှောက်ခြင်းကို ခံရမယ်။ ပြီးတော့ လူတိုင်းအနေနဲ့လည်း အဲ့ဒီကုမ္မဏီကနေပြီးတော့ ရှယ်ယာတွေဝယ်လိမ့်မယ်။ ငါတို့တွေက သေချာပေါက် ငွေရှာနိုင်မှာ။ ”
“မင်းအနေနဲ့ ထိုက်ဟွကုန်သွယ်ရေးရဲ့ ပိုင်ဆိုင်သမျှ အကုန်လုံးကို စတော့ဈေးကွက်ကို ရင်းနှီးမြုပ်နှံတယ်လို့ ငါ့ကိုမပြောနဲ့နော်။ ”
ဖူကွမ်းကျန်းက မှင်သက်သွားသည်။ ဖုန်းယွီက ရူးနေသည်ပင်။
တရုတ်စတော့ ဈေးကွက်ကို အစကနဦးအဆင့်တွင် ရှိသေးသည်ဟု စဉ်းစား၍ ရနိုင်သည်ပင်။ မြင့်တက်မည့် လက္ခဏာလည်း မရှိသေးပေ။ ဖုန်းယွီက ထိုကဲ့သို့သော အလောင်းအစားကြီးကြီးကို လောင်းခဲ့သည်လော။ ထိုက်ဟွကုန်သွယ်ရေး၏ အမြတ်သည် အနည်းဆုံး ဆယ်သန်းကျော် ရှိပေသည်။ ပြီးနောက် သူ့အနေဖြင့် ထိုအရာအားလုံးကို စတော့ဈေးကွက်ထဲ မြုပ်နှံလိုက်သည်လော။
ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ
“ဒါအမှန်ပဲ။ ငါ့အနေနဲ့ ဆက်ပြီး ရင်းနှီးမြုပ်နှံဖို့အတွက် ငွေချေးချင်သေးတယ်။ ငါမင်းကို အတိုးပေးနိုင်ပါတယ်။ သုံးနှစ် နှစ်တိုင်းနှစ်တိုင်း ဆယ်ရာခိုင်နှုန်း အတိုးဆိုရင် ဘယ်လိုလဲ။ ငါပြောတာက အတိုးပေါ်အတိုးကို ပြောချင်တာ။ ”
ဖူကွမ်းကျန်းက ဖုန်းယွီအဘယ့်ကြောင့် ယုံကြည်မှုရှိနေမှန်း နားမလည်နိုင် ဖြစ်နေသည်။ တစ်နှစ်ကို ဆယ်ရာခိုင်နှုန်း အရင်းပါအတိုးသည် ဘဏ်များထက်တောင် များနေပေသည်။ အဘယ့်ကြောင့် စတော့ဈေးကွက်သည် မြင့်တက်လာပြီး သူ့အနေဖြင့် စတော့များအားလုံးကို ဝယ်ယူနိုင်မည်ဟု ယုံကြည်ချက် အဘယ့်ကြောင့် ရှိနေရသနည်း။
ဖူကွမ်းကျန်းသည် ဖုန်းယွီသည် မီးနှင့်ကစားနေသည်ဟု ခံစားရသည်။ သူဂရုမစိုက်ပါက သူကိုယ်တိုင် သူ့ကိုယ်သူ ပြန်လောင်မည် ဖြစ်ပေသည်။
“ဒီကိစ္စက ငါ့မိသားစုနဲ့ အရင်ဆုံး ဆွေးနွေးဖို့ လိုသေးတယ်။ ”
ဖူကွမ်းကျန်းက တစ်ခဏကြာ ရပ်လိုက်ပြီးနောက် ပြောလိုက်သည်။ သူ၏ရင်ထဲတွင် ဖုန်းယွီနှင့်သူ၏ ဆက်ဆံရေး မထိခိုက်ဘဲ ဘယ်လိုလုပ် ငြင်းဆိုရမည်ဆိုသည်ကို စဉ်းစားနေသည်။ သူ့အနေဖြင့် ဖုန်းယွီကို ပိုက်ဆံချေးငှားရန်အတွက် နည်းလမ်းမရှိပေ။ ထပ်ပေါင်းပြောရလျှင် သူကဖုန်းယွီကို ကူညီပြီး ချေးပေးရင်တောင် သူ၏မိသားစုနှင့် ပထမဦးဆုံး ဆွေးနွေးရမည် ဖြစ်ပေသည်။ ဖူမိသားစုမှ တစ်ယောက်ယောက်အနေဖြင့် အာမခံသူဖြစ်ပြီး ချေးငွေရယူရန်အတွက် ယင်းအချက်က လိုအပ်ပေသည်။ သူ့အဖေသည်လည်း မည်သည့်အခါမှ သဘောတူမည် မဟုတ်ပေ။
သူ၏ပြန်ဖြေမှုနှင့် သူ၏သွင်ပြင်ကို ကြားသည့်အခါ ဖုန်းယွီက ဖူကွမ်းကျန်းအနေဖြင့် သူ့အားပိုက်ဆံ ချေးမပေးချင်သည်ဟု သိလိုက်သည်။ သူကသူ့၏ အာမခံသူအဖြစ်တောင် မဖြစ်လိုပေ။ ဖုန်းယွီအနေဖြင့် လှည့်ကွက်အချို့ ထပ်သုံးရမည့် အရိပ်အယောင် ပေါ်နေသည်။
“မင်းရဲ့ဖူမိသားစုမှာ Forexနဲ့ လုပ်နေတဲ့လူရှိလား။ ဒါမှမဟုတ်ဘူးဆိုရင် ဂျပန်နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ရှိလား။ ”
“ငါ့ရဲ့ဦးလေးတစ်က Forexနဲ့ အဆက်အသွယ်လုပ်တယ်။ ပြီးတော့ ငါ့ရဲ့ဦးလေးနှစ်ကလည်း ဂျပန်မှာ အိမ်ခြံမြေတွေရှိတယ်။ ဘာကြောင့်လဲ။ မင်းလည်း ဂျပန်မှာ ရင်းနှီးမြုပ်နှံဖို့အတွက် ရှာနေတာလား။ ”
ဖုန်းယွီက စားပွဲကို သူ့လက်များဖြင့် ပုတ်နေပြီးနောက် ပြောလိုက်သည်။
“ငါခေါင်းဆောင်တွေဆီကနေ ရထားတဲ့ သတင်းတစ်ပုဒ်ကို ပြောပြပေးမယ်။ ပထမက ဂျပန်နိုင်ငံမှာရှိတဲ့ အိမ်ခြံမြေတွေကို မြန်နိုင်သမျှမြန်မြန် ထုတ်ရောင်းမှရမယ်။ အခုလက်ရှိမှာ အဲ့ဒီအိမ်ခြံမြေတွေရဲ့ တန်ဖိုးက နည်းနေသေးပေမဲ့လည်း ရနိုင်သေးတယ်။ မဟုတ်ဘူးဆိုရင်တော့ အဲ့ဒီအိမ်ခြံမြေတွေကို ရောင်းချဖို့အတွက် နည်းလမ်း ရှိတော့မှာ မဟုတ်ဘူး။ မဟုတ်ရင်တော့ အဲ့ဒီအိမ်ခြံမြေတွေကို ရောင်းချဖို့အတွက် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ဒုတိယက ဂျပန်ငွေကြေး ယမ်ကလည်း နောက်နှစ်တွေကျရင် ဆက်လက်ပြီးတော့ မြင့်တက်လာမယ်။ ထို့ကြောင့်မို့လို့ ဂျပန်ယမ်တွေက တန်ဖိုးကျလာမယ်လို့ ဘယ်တော့မှ မတွေးလိုက်နဲ့။ တကယ်လို့ တွေးလိုက်ရင်တော့ သေချာပေါက် ပိုက်ဆံ ဆုံးရှုံးလိမ့်မယ်။ ”
“သေချာရဲ့လား။ ”
“အလွန်သေချာတာပေါ့။ ”