← Chapters

ငါ့ကို လာမရှုပ်နဲ့

Vol. 11 Ch. 165

ငါ့ကို လာမရှုပ်နဲ့

Vol. 11 Ch. 165

စုန့်လောင်စီနှင့် ကျန်သည့်သူများ အဖမ်းခံရသည့် သတင်းက နောက်တစ်နေ့တွင် ဘင်းမြို့တော် တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့သည်။ များစွာသော မြို့နယ်ပြည်သူ လူထုက ဂုဏ်ပြုရန်အတွက် ကောက်ကာငင်ကာဖြင့် မီးရှုးမီးပန်းများ ပစ်ဖောက်ကြပေသည်။ ထိုလူများက ထိုဂိုဏ်းများ၏ အနိုင်ကျင့်ခြင်းကို ခံရသည့်သူများပင် ဖြစ်ပေသည်။

ပြည်နယ်နှင့် မြို့တော်ခေါင်းဆောင်များက မီးရှုးမီးပန်းများ၏ အသံကို ကြားသည့်အခါ သူတို့နေလို့ထိုင်လို့ မကောင်းပေ။ သူတို့အနေဖြင့် လုပ်ဆောင်မှုက အလွန်နည်းခဲ့သည်လော။ သို့သော် အနည်းဆုံးတော့ လက်ရှိတွင် ထိုလူများကို သူတို့ဖမ်းနိုင်ပြီဖြစ်ကာ မြို့နေပြည်သူလူထုများသည်လည်း ယခုမှစကာ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေနိုင်မည် ဖြစ်ပေသည်။

ပြည်နယ်ရဲမှူးချုပ်သည်လည်း နောင်တကြီးစွာ ရနေပေသည်။ သူ့သမီးပြောတာ မှန်ပုံပေါ်၏။ ထိုမြို့နေ ပြည်သူလူထုများသည် တရားမျှတမှုကို သေချာပေါက် ရသင့်ပေသည်။ ဘင်းမြို့တော်သည် ဖြိုခွဲမှု စခင်ကတည်းက အခြားသောမြို့များသည်လည်း ဂိုဏ်းများဖြိုခွင်းရန် နောက်မှလိုက်ကာကြမည် ဖြစ်ပေသည်။

ဖုန်းယွီက ကျောင်းတွင်ရှိနေပြီး အခြားသောသူများက သူ့အား ဘယ်လိုမှန်းမသိ ကြည့်နေကြသည်ကို သတိပြုမိသည်။ အတိတ်က ကျောင်းသားများစွာက သူ့အား ကြောက်လန့်ကြသည်။ သို့သော် ယခုတွင် အထင်သေးကြ၏။ ကောင်းရော။ ငါသူတို့ရဲ့ အမုန်းတရားရအောင် ဘာတွေများ လုပ်ခဲ့လို့လဲ။

ဖုန်းယွီကို ဒေါသထွက်စရာ အကောင်းဆုံးအရာက အတင့်ရဲ့သည့် လူတစ်ယောက်သည် လီနကို ရည်းစားစာ ပေးခြင်းပင်ဖြစ်ပေသည်။

ချီးပဲ။ ငါနဲ့လီနရဲ့ ဆက်ဆံရေးကို တစ်ကျောင်းလုံးတောင် သိကြတယ်။ ဆရာဆရာမတွေနဲ့ ကျောင်းအုပ်ကတောင် သိကြတယ်။ မင်းကငါ့ရဲ့ ကောင်မလေးကို ထိရဲတာလား။

ဖုန်းယွီက အလွန်ဒေါသထွက်နေကာ ထိုကျောင်းသားရှိရာ စာသင်ခန်းသို့ တည့်တည့်သာ သွားလိုက်တော့သည်။

“ဒါက ဘာအဓိပ်ပာယျလဲ။ ”

ဖုန်းယွီက ထိုကျောင်းသားကို အမေးထုတ်လိုက်သည်။

“ဘာလဲ။ မင်းပဲလီနကို ကြိုက်လို့ရတာလား။ ငါရော ကြိုက်လို့မရဘူးလား။ ”

ထိုကျောင်းသား၏ စိတ်ထားက ခိုင်မာနေသည်။ လီနက သူ၏စာပေလေ့လာမှုနှင့် ရုပ်ရည်ရူပကာလည်း ချောမောလှပပေသည်။ အတိတ်က အခြားကျောင်းသားများက ဖုန်းယွီကို ကြောက်ရွံ့ကြပေသည်။ အကြောင်းမှာ သူ့ယောက်ဖသည် ဂိုဏ်းများနှင့် ဆက်စပ်နေသည့်အတွက် ဖြစ်သည်။ သို့သော် ယခုတွင် ဖုန်းယွီအနေဖြင့် ဤအချက်ကို အသုံးချကာ အခြားကျောင်းသားများကို ကြောက်လန့်အောင် မလုပ်နိုင်ပေ။

“မင်းသူ့ကို ကြိုက်လို့ရတယ်ဆိုတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ မင်းကိုမင်း ကြည့်လိုက်အုံး။ ငါမင်းကို အခုကစပြီး ပြောလိမ့်မယ်။ သူကမင်းကိုမကြိုက်ဘူး။ နောက်တစ်ခါ ဒီလိုမျိုး ထပ်မလုပ်နဲ့။ ”

“ငါထပ်လုပ်ရင်ရော မင်းက ဘာလုပ်ချင်လဲ။ ”

ဖုန်းယွီက ထိုကျောင်းသားအား ကြည့်လိုက်သည်။ ထိုကျောင်းသားသည် သူ့အား စိန်ခေါ်နေခြင်းပင် ဖြစ်သည်။

“မင်းင့ါကိုဘာလို့ စိုက်ကြည့်နေတာလဲ။ ငါမင်းကို ရိုက်ရဲတယ်။ မင်းရဲ့ ခြေကျိုးဝမ့်ဆီမှာ အလုပ်လုပ်နေတဲ့ ယောက်ဖလည်း ပြီးသွားပြီ။ သူလည်း အဖမ်းခံလိုက်ရတယ်မလား။ ဟား ဟား ဟား ဟား.... ”

ဖုန်းယွီက နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ အခြားကျောင်းသားများက သူ့အား ဘယ်လိုမှန်းမသိ ကြည့်နေသည်မှာ အံ့သြစရာ မရှိပေ။ သူတို့သိကြသည်က ခြေကျိုးဝမ့်သည် ပြီးဆုံးသွားပြီဖြစ်ကာ သူ့၏ယောက်ဖသည်လည်းပဲ အဖမ်းခံရပြီ ဖြစ်သည်။ ဖုန်းယွီကို ကြောက်စရာကိစ္စ ယခုရှိသေးသည်လော။

“ဟမ့် ”

ဖုန်းယွီက လှောင်ပြုံးတစ်ချက် ပြုံးပြီးနောက် ထိုကျောင်းသား၏ မျက်နှာကို လက်သီးတစ်ချက် ထိုးလိုက်တော့သည်။ ပြီးနောက် သူ၏လက်သီးများက ထိုကျောင်းသား၏ မျက်နှာကို မိုးများရွာကျသလို ထိုးနေ၏။

“ဘယ်သူသူ့ကို ကူညီရဲလဲ။ ငါသူ့ကို နောက်ကျလည်း ရိုက်အုံးမှာ။ ”

ကောင်းပြီ။ မင်းက အရပ်ရှည်တော့ကော ဘာအရေးလဲ။ တစ်ခါမှ မတိုက်ခိုက်ဘူးတဲ့ ကျောင်းသားတစ်ယောက်ကတောင် မင်းကိုအေးဆေးနဲ့ အနိုင်ယူလို့ ရတယ်။ နှာတံနဲ့ မျက်လုံးများက လက်သီးရာတွေက ဒီတိုက်ခိုက်မှုအတွက် သက်သေပဲလေ။

ဖုန်းယွီက ယွမ်နှစ်ရာကို ထုတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“ငါမင်းကို ထိုးခဲ့တယ်။ ပြီးတော့ ငါကမင်းကို လျော်ကြေးပေးဖို့လည်း တက်နိုင်တယ်။ တကယ်လို့ ငါထိုးတာကို မင်းမကျေနပ်နိုင်သေးဘူးဆိုရင် ငါ့အနေနဲ့ စက်ပစ္စည်းစက်ရုံက လူရမ်းကားတွေကို ခေါ်ပြီးတော့ မင်းကိုစောင့်ပြီး နေ့တိုင်း ထိုးခိုင်းလို့ရတယ်။ မင်းရဲ့ခြေထောက်ကို ငါချိုးရင်တောင် ငါလျော်ကြေးပေးနိုင်နေတုန်းပဲ။ ”

ဖုန်းယွီ၏ ရင့်သီးသောစကားများက ကျန်သည့်ကျောင်းသားများကို ကြောက်လန့်စေသည်။ ကျောင်းသားများက ရန်ပွဲတစ်ခုဖြစ်တိုင်း ပါဝင်သည်မှာ ထုံးစံပင်ဖြစ်သည်။ သို့သော် မည်သူမှ ထိုလူမဆန်သည့် ရန်ပွဲတွင် ပါဝင်ခြင်း မပြုဘဲ ဘေးကနေသာ ကြည့်နေကြသည်။ ဖုန်းယွီ ယွမ်ထုတ်လိုက်သည်ကလည်း သူတို့အား ခြောက်လန့်လိုက်ခြင်းပင် ဖြစ်ပေသည်။ ထိုဖုန်းယွီက တကယ်ပင် ချမ်းသာသည့်မိသားစုမှ လာသည့်သူဖြစ်ပြီး သူတို့အားလုံးကြားသည့် ကောလဟာလများအရ ကျောင်းပိတ်ရက်များတွင် ဖုန်းယွီက လီနနှင့် ကားမောင်းပြီး အပြင်ထွက်လေ့ရှိသည်။ ပြီးနောက် ထိုကောလဟာလများသည် သေချာပုံ ရပေသည်။

ရုတ်တရက်တွင် ဝမ်တုန့်ကျွင်းက တုတ်တစ်ချောင်းဖြင့် ထိုနေရာကို အပြေးလာကာ

“ဘယ်သူက ငါ့ရဲ့အစ်ကိုကို နှောက်ယှက်ရဲတာလဲ။ ”

ဝမ်တုန့်ကျွင်း၏အရပ်သည် ခြောက်ပေတစ်လက်မရှိသည်။ သူက အရပ်ရှည်ပြီး ကျောင်း၏ ဘက်စကပ်ဘော အသင်းတွင် အံ့ဝင်ခွင်ကျဖြစ်သည်။ ကျောင်းထဲရှိ မည်သူမှ သူ့အား မနှောက်ယှက်ရဲပေ။

ဖုန်းယွီက ဝမ်တုန့်ကျွင်းကို ပြန်ဆွဲလိုက်ကာ

“အခုအဆင်ပြေသွားပြီ။ ငါဒီကိစ္စကို ဖြေရှင်းပြီးပြီ သွားရအောင်။ တကယ်လို့ သူမကျေနပ်သေးဘူးဆိုရင် ငါ့မှာသူ့ကို ပြုစုဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိသေးတယ်။ ”

ဖုန်းယွီ၏အပြုအမူက ကျောင်းသားများ ကြားထဲတွင် အချိန်ခဏအတွင်း လျှင်မြန်စွာ ပြန့်နှံ့သွားပေသည်။ လီနသည် နေ့တစ်ဝက်နီးပါး တွန့်ဆုတ်နေခဲ့သည်။ သူမက ဖုန်းယွီကို ချော့မော့မပြောခင် သူမအား ပေးထားသည့် ရည်းစားစာကို အဝေးသို့ လွင့်ပစ်လိုက်ကာ ဖုန်းယွီအား နောက်ထပ်တစ်ကြိမ် ခိုက်ရန်ဖြစ်ပွားခြင်း မပြုရန် တောင်းဆိုလိုက်ပေသည်။

“ကောင်းပြီ တကယ်လို့ သူတို့တွေက ငါ့ကိုမနှောက်ယှက်ဘူးဆိုရင်လည်း ငါကသူတို့ကို လိုက်ပြီးရန်ဖြစ်နေမှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့။ ဒီပွဲပြီးတဲ့နောက် အချိန်အတန်ကြာတဲ့အထိ ငါ့ကိုဘယ်သူမှ ရန်စရဲမှာ မဟုတ်တော့ဘူး။ ”

သေချာသည်မှာ ဖုန်းယွီက ထိုရန်ပွဲပြီးနောက် ကျောင်းသားများကို ကြောက်အောင် လုပ်ခဲ့နိုင်ပေသည်။ ထိုကလေးက အကြောက်အလန့်မရှိ တိုက်ခိုက်နိုင်သည်။ အကြောင်းမှာ သူသည် ချမ်းသာသည့် အတွက်ပင်။ သူတို့ကြားသည်က ဖုန်းယွီက စက်ပစ္စည်းစက်ရုံမှ လူရမ်းကားများနှင့် ညီအစ်ကိုများ ဖြစ်ကြပေသည်။ အကယ်၍ သူတို့က ဖုန်းယွီကို ရန်စပါက ထိုလူရမ်းကားများသည် ကျောင်းကိုထပ်ခါထပ်ခါ လာမည်ပင်ဖြစ်မည်လော။

အတန်းပိုင်ဆရာက ဖုန်းယွီဆီသို့ အကူအညီမဲ့စွာဖြင့်လာကာ ပြောလိုက်တော့သည်။

“မင်းတစ်ခြား ကျောင်းသားတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့သေးတာလား။ ”

“မဟုတ်ပါဘူး။ ကျွန်တော်က မတော်တဆ တစ်ခြားတစ်ယောက်ကို ထိခိုက်မိပြီး နှခေါင်းမှာ သွေးထွက်ရုံပဲ ဖြစ်တာပါ။ ကျွန်တော်သူ့ကို လျော်ကြေးငွေ ယွမ်နှစ်ရာအဖြစ် ကြီးကြီးမားမား ပေးပြီးပါပြီ။ ”

ဖုန်းယွီက ဝမ်းနည်းသည့်ဟန်ဖြင့် ပြောလိုက်ပေသည်။

အတန်းပိုင်ဆရာသည်လည်း ပြောစရာစကား မဲ့သွားသည်။ ထိုကျောင်းသားများအတွက် ယွမ်နှစ်ရာဟူသည်က အလွန်များပြားသည့် ပမာဏဖြစ်သည်။ သို့သော် ဖုန်းယွီအတွက်လော။ ဖုန်းယွီက နွေဦးပွဲတော်တွင် သူ့ဆီသို့ ထောင်ပေါင်းများစွာ တန်ဖိုးရှိ လက်ဆောင်များကို ပေးခဲ့သည်။ ပြီးနောက် သူမောင်းသည့် ကားသည်လည်း ယွမ်သိန်းချီတန်ဖိုး ရှိပေသည်။ ထိုယွမ်က သိန်းချီပင်သာလျှင် ဖြစ်ပေသည်။

“ဘာမှမဖြစ်ပါဘူး။ ကဲ ကဲ ကဲ ထားလိုက်တော့။ နောက်ဆိုဒီလိုမျိုး မလုပ်တော့နဲ့။ အတန်းသွားတတ်ချေတော့။ ”

ဖုန်းယွီက ထွက်သွားပြီးနောက် ငါးမိနစ်ကြာပြီးနောက် ပြန်လာခဲ့သည်။

“ဆရာ ကျွန်တော် ခွင့်တိုင်ချင်လို့ပါ။ ”

“ခွင့်ထပ်တိုင်မှာလား။ အကြောင်းပြချက်က ဘာလဲ။ ”

“အဲ့ဒါက... လက်ထောက်မြို့တော်ဝန်ကျန်းက ကျွန်တော်ကို ရှာနေတယ်။ ”

အတန်းပိုင်ဆရာသည် သူ့လက်ကို ခါလိုက်သည်။ သူ့အနေဖြင့် ဖုန်းယွီ၏ အကြောင်းပြချက်ကို စစ်ဆေးရန်တောင် မတတ်နိုင်ပေ။ သူလုပ်ချင်တာလုပ်ခွင့် ပေးရမည်ပင်။

ဖုန်းယွီက ကျန်းရွေ့ချင်နှင့် တွေ့သည့်အခါတွင် ပျော်ရွှင်စွာဖြင့် ပြုံးနေလေသည်။

“အား ခေါင်းဆောင် ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးပါပဲ။ ”

ကျန်းရွေ့ချင်က သူ့အား လက်ခါပြလိုက်ပြီးနောက်

“ဒီဂိုဏ်းဃနဖြိုခွင်းမှုက ငါ့ကြောင့်မဟုတ်ဘူး။ ပြည်နယ်အစိုးရရဲ့ ခေါင်းဆောင်အချို့က အဲ့ဒီဖြိုခွင်းမှုကို ဦးဆောင်ခဲ့ကြတယ်။ ဒီဂိုဏ်ဃနဖြိုခွင်းမှုမှာ ပါဝင်တဲ့ ရဲသားတွေက ပြည်နယ်ရဲတပ်ဖွဲ့က ရဲတွေဆိုတာကို မင်းသတိမထားမိဘူးလား။ ”

“အဲ့ဒါက ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီမကောင်းတဲ့ကောင်တွေ အဖမ်းခံရပြီးပြီပဲ ဟုတ်တယ်မလား။ ဒါနဲ့ စကားမစပ် ဘာကြောင့်ကျွန်တော်ကို ဒီကိုခေါ်ခဲ့တာလဲ။ မော်တော်ဆိုင်ကယ် စက်ရုံကိစ္စလား။ စိတ်ချထားလိုက်ပါ။ အဲ့ဒီစက်ရုံက ဒီနှစ်ကုန်မတိုင်ခင် အပြီးသတ်နိုင်လိမ့်မယ်။ ”

ဖုန်းယွီက ထိုဂိုဏ်းချုပ်သူဌေးများကို မည်သည့်ရဲတပ်ဖွဲ့က ဖမ်းသည်ကို ဂရုမစိုက်ပေ။

လွန်ခဲ့သည့်နှစ်ရက်က ဖုန်းယွီသည် ကီရီလန်ကိုနှင့် ဖုန်းရခဲ့သည်။ နည်းပညာများအတွက် ဆွေးနွေးမှုက ပြီးလုနီးပါးတွင်ဖြစ်ပြီး သို့သော် ထုတ်လုပ်ရေး လမ်းကြောင်းအတွက် ဈေးကိုတော့ ညှိနှိုင်းနေဆဲပင် ဖြစ်ပေသည်။ ထိုဆွေးနွေးညှိနှိုင်းမှုသည် လအကုန်တွင် ပြီးမြောက်နိုင်ပေ၏။

ထုတ်လုပ်ရေး လမ်းကြောင်း တင်ပို့ပြီး စက်ရုံတည်ဆောက်ရေးသည်လည်း ယခုနှစ်အတွင်း ပြီးစီးမည် ဖြစ်ပေသည်။ နောက်နှစ် နွေဦးရာသီ ပွဲတော်အတွင်း မော်တော်ဆိုင်ကယ် မော်ဒယ်အသစ်တစ်မျိုးသည် ထုတ်လုပ်သည့် လမ်းကြောင်းပေါ်သို့ ရောက်မည်ဖြစ်ကာ ပွဲတော်ကာလနှင့်လည်း အချိန်ကိုက် ဖြစ်ပေသည်။

“ဖုန်းယွီ ငါ့ကိုအမှန်တိုင်း ပြောနော်။ မင်းခြေကျိုးဝမ့်၊ စုန့်လောင်စီနဲ့ ကျန်တဲ့လူတွေနဲ့ အဆက်အစပ် မရှိဘူးမလား။ ”

ဖုန်းယွီက ကျန်းရွေ့ချင် ထိုကိစ္စနှင့်ပတ်သတ်ပြီး တစ်ခုခု မှားယွင်းနေမှန်း ပြောနိုင်ပေသည်။

“ကျွန်တော်က သူတို့နဲ့ ဘယ်လိုအဆက်အသွယ်တွေ ရှိမယ်လို့ မြို့တော်ဝန်အနေနဲ့ ထင်တာလဲ။ ”

“ငါကြားတာတော့ မင်းက ခြေကျိုးဝမ့်ကို စုန့်လောင်စီနဲ့သူနဲ့ တိုက်ပွဲဖြစ်တုန်းက လျော်ကြေးငွေအဖြစ် ခြေကျိုးဝမ့်ကို ယွမ်သုံးသိန်း ပေးခဲ့တယ်လို့ကြားတယ်။ ခြေကျိုးဝမ့်ကလည်း စုန့်လောင်စီရဲ့တူ စုန့်ရှောင်ဖုန်းကို သတ်ဖို့အတွက် သူ့ကို ငွေပမာဏ များများနဲ့ ကမ်းလှမ်းတယ်လို့ ပြောခဲ့တယ်။ အဲ့ဒီအချက်ကို ရှင်းပြပေးနိုင်မလား။ ”

ကျန်းရွေ့ချင်က စိတ်ပျက်သွားသည်။ ဖုန်းယွီက ငယ်ရွယ်သော်ငြား သူက အလွန်စွမ်းဆောင်နိုင်စွမ်း ရှိသည်။ အဘယ့်ကြောင့် သူ့အနေဖြင့် ထိုကဲ့သို့သော အလုပ်မျိုးကို လုပ်ရသနည်း။

“ဘယ်မှာ သက်သေရှိလို့လဲ။ အဲ့ဒါတွေအကုန်လုံးက သူတို့ရဲ့ စွပ်စွဲချက်တွေပဲ။ သေချာပေါက် ကျွန်တော်ကို ထင်ထင်ရှားရှားနဲ့ကို စွပ်စွဲနေတာ။ ”

ဖုန်းယွီအနေဖြင့် ထိုကိစ္စကို ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။ အကယ်၍ သူဝန်ခံလိုက်ပါက သူသည်လည်း ပြီးဆုံးသွားမည် ဖြစ်ပေသည်။

“ငါမင်းကိုဒီမှာမေးတာက မင်းရဲစခန်းရောက်ပြီး နောင်တမရစေချင်လို့ပဲ။ မင်းရဲ့ ဘဏ်ငွေအဝင်အထွက် စာရင်းတွေက ခြေကျိုးဝမ့်ရဲ့ ထွက်ဆိုချက်တွေနဲ့ ကိုက်ညီနေတယ်။ ”

ဖုန်းယွီသည်သာ ဆိုဗီယက်ပြည်ထောင်စုနှင့် အဆက်အသွယ်ရှိပြီး သူသည်သာ အဆင့်မြင့် နည်းပညာများနှင့် စက်ပစ္စည်းများကို ရသည့်သူ မဟုတ်ပါက ကျန်းရွေ့ချင်သည် ထိုကိစ္စနှင့်ပတ်သတ်ပြီး ကြားဝင်မည် မဟုတ်ပေ။

“အိုး မြို့တော်ဝန်က ပိုက်ဆံအကြောင်း ပြောတာလား။ အဲ့ဒါအမှန်ပဲ။ ကျွန်တော်ခြေကျိုးဝမ့်ကို အဲ့ဒီပိုက်ဆံ ပေးခဲ့တယ်။ ”

ကျန်းရွေ့ချင်၏ အမူအရာက ပြောင်းလဲသွားသည်။ ဖုန်းယွီက ထိုဂိုဏ်းများနှင့် သေချာပေါက် ပါဝင်ပတ်သတ်နေပေသည်။ သက်ပြင်းချလိုက်ပြီး သူကဖုန်းယွီကို မယုံကြည်နိုင်တော့ပေ။

ဖုန်းယွီက ဆက်ပြောလိုက်သည်။

“အဲ့ဒီပိုက်ဆံတွေက လျော်ကြေးငွေအဖြစ် ပေးတာမဟုတ်ပါဘူး။ အဲ့ဒီငွေကြေးက ရှေးဟောင်းပစ္စည်း ဝယ်ယူဖို့အတွက်ပေးတာ။ ကျွန်တော်က ရွှယ်တ အမွှေးနံ့သာ ပေါင်းအိုးအတွက် စုန့်လောင်စီကို ယွမ်လေးသိန်းကနေပြီးတော့ စုစုပေါင်း ငါးသိန်းကြား ပေးခဲ့တယ်။ အဲ့ဒါက ရင်းနှီးမြုပ်နှံမှုပဲလေ။ အော် ဟုတ်သား အဲ့ဒီရှေးဟောင်းပစ္စည်းက အခုမြို့တော်ရဲ့ အိုင်စီဘီစီဘဏ်မှာ ခြောက်သန်းချေးငွေ ရယူပြီး အပေါင်းပစ္စည်းအဖြစ် ထားထားတယ်။ မြို့တော်ဝန်အနေနဲ့ သူတို့တွေနဲ့ လိုက်ပြီးတော့ စစ်ဆေးလို့ ရပါတယ်။ ”

ဖုန်းယွီက ထိုအမွှေးနံ့သာ ပေါင်းအိုးကို ဝယ်သည့်အခါက သူ့အနေဖြင့် ရှေးဟောင်းပစ္စည်း ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် ယင်းက ဖုန်းယွီကို ခြေကျိုးဝမ့်အတွက် ပိုက်ဆံပေးသည့် အကြောင်းပြချက် တစ်ခုအဖြစ် ဖြစ်သွားစေခဲ့သည်။ ရှေးဟောင်းပစ္စည်းများကို ဝယ်ယူခြင်းက တရားဥပဒေကို ဆန့်ကျင်ခြင်း မရှိပေ။ “ငါကခြေကျိုးဝမ့်ကို ထောက်ခံတာတဲ့လား။ ဘယ်မှာလဲသက်သေ ဘယ်မှာလဲ အကြောင်းအရင်း။ စုန့်ရှောင်ဖုန်းကိုရော စစ်ဆေးကြည့်အုံးမလား”

“မင်းပြောတာက အဲ့ဒီပိုက်ဆံတွေက ရှေးဟောင်းပစ္စည်းကို ဝယ်ဖို့အတွက် အသုံးပြုခဲ့တာလား။ ”

ကျန်းရွေ့ချင်က မယုံကြည်သည့်အလား မေးလိုက်သည်။

“အဲ့ဒါအမှန်ပဲ။ ကျွန်တော် ကုမ္ပဏီမှာရှိတဲ့ လူတွေအကုန်လုံးက အဲ့ဒီအကြောင်း သိကြတယ်။ အဲ့ဒီဂိုဏ်းတွေနဲ့ ကျွန်တော်နဲ့ ဆက်သွယ်မှုကို မေးချင်တာလား။ တကယ်လို့ ကျွန်တော်က သူတို့တွေနဲ့ အဆက်အသွယ် ရှိတယ်ဆိုရင် ဘာကြောင့် သူတို့တွေက ကျွန်တော်ကိုလာပြီး အနှောက်အယှက် ပေးမှာလဲ။ မြို့တော်ဝင် အခုပြောတဲ့ တရားမဝင် လုပ်ငန်းဆောင်တာတွေက ကျွန်တော်နဲ့ လားလားမှ မသက်ဆိုင်ဘူး။ ”

စာရေးဆရာမှတ်စု နောက်ပိုင်းတွင် ယခုကဲ့သို့သော ဂိုဏ်းများနှင့် ပတ်သတ်သည့် အပိုင်းမျိုး ပါဝင်အုံးမည် မဟုတ်ပေ။

All Chapters