မော်တော်ဆိုင်ကယ်စက်ရုံ
Vol. 12 Ch. 167
နောက်တစ်နေ့တွင် ဖုန်းယွီကို ရဲစခန်းက စုံးစမ်းစစ်ဆေးရန်အတွက် ခေါ်ခဲ့ပြီး ဖုန်းယွီသည် ကျန်းရွေ့ချင်အား သူပြောသည့် အရာများကိုသာ ပြန်ပြောနေသည်။ ရဲအရာရှိကျန်းနှင့် သူ၏ရင်းနှီးမှုနှင့်ဆိုပါက သူ့အနေဖြင့် တခဏကြာပြီးနောက် ပြန်လည် ထွက်ခွာနိုင်မည် ဖြစ်ပေသည်။
ရဲအရာရှိချုပ်ကျန်းသည် ဖုန်းယွီကို စုံစမ်းမေးမြန်းရန်အတွက် တစ်ချိန်သာ ကြာခဲ့သဖြင့် အလွန်ပင် အံ့အားသင့်နေသည်။ ပြီးနောက် သူ့အနေဖြင့်လည်း စိတ်ထဲမထားပေ။
အရာများအားလုံးက နောက်ဆုံးတွင် ပြီးမြောက်သွားပြီ ဖြစ်သည်။ ထိုက်ဟွကုန်သွယ်ရေး၏ စီးပွားရေးသည်လည်း တိုးတက်လာပေသည်။ ပြီးနောက် ဖုန်းယွီက စက်ယန္တရား စက်ရုံကို လီမင်တနှင့် တွေ့ရန်အတွက် လာခဲ့သည်။ သူက မော်တော်ဆိုင်ကယ် စက်ရုံအကြောင်း ပြောပြချင်နေသည်။
“မော်တော်ဆိုင်ကယ် စက်ရုံလား။ ငါတို့တွေက စိုက်ပျိုးရေး စက်ပစ္စည်းတွေ ထုတ်လုပ်မှုမှာပဲ အာရုံစိုက်တာ ပြီးတော့ ဒီမော်တော်ဆိုင်ကယ်က ငါတို့နဲ့ တည့်မတ်မှုလည်း မရှိဘူး။ ”
လီမင်တတွင် တွန့်ဆုတ်မှု အလွန့်အလွန်ကို ရှိနေပေသည်။
ဖုန်းယွီက ပန်းချီကားကောင်း တစ်ကားဖြစ်ရန်အတွက် ဆက်လက်ဆေးချယ်နေကာ ပြီးနောက် လီမင်တသည် ဖုန်းယွီပြောသည်မှာ အဓိပ္ပာယ်ရှိကြောင်း ခံစားမိလာသည်။ နောင်ငါးနှစ်မှ ဆယ်နှစ်သည် မော်တော်ဆိုင်ကယ် ရောင်းချရန်အတွက် ကောင်းမွန်သည့် အချိန်ကာလတွင်ဖြစ်ကာ အမြတ်သည်လည်း လယ်ယာသုံး စက်ပစ္စည်းများ ရောင်းရသည်ထက် ပိုများမည်ပင် ဖြစ်ပေသည်။
သို့သော် သူစိုးရိမ်သည်က အကယ်၍ မြို့တော်အစိုးရသည် ဤမော်တော်ဆိုင်ကယ် ပရောဂျက်ကို ခွင့်မပြုလျှင်ရော ထပ်ပြောပါက ဖုန်းယွီကသူ့အား စက်ရုံအသစ် တည်ဆောက်ရန်အတွက်မြေရိုင်း တစ်နေရာကို ရှာဖွေရန် တောင်းဆိုထားပေသည်။ ထိုစက်ရုံအသစ်သည် ယခုရှိနေသည့် စိုက်ပျိုးရေး စက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံမှ သီးခြားတွင် ရှိနေမည်ဖြစ်ပေသည်။
“မန်နေဂျာလီ ခင်ဗျားမစမ်းကြည့်ဘူးဆိုရင် ခင်ဗျားသိလာမှာ မဟုတ်ဘူး။ ကျွန်တော်ခင်ဗျားကို အရိုးသားဆုံးပဲ ပြောပြမယ်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံကလည်း ကျွန်တော်နား ချဉ်းကပ်လာတယ်။ တကယ်လို့ သူတို့တွေက ကျွန်တော်နဲ့အလုပ် တွဲလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်က ကြီးမားတဲ့ ရှယ်ယာရှင် ဖြစ်လာမှာ။ အဲ့ဒါအပြင်ကို ကျွန်တော်က နည်းပညာတွေနဲ့ ထုတ်လုပ်တဲ့ လမ်းကြောင်းတွေကိုလည်း ထောက်ပံ့ပေးမှာ။ ကျွန်တော်တို့အနေနဲ့ မော်တော်ဆိုင်ကယ်ကို စထုတ်ကတည်းက အမြတ်ဘယ်လောက် ရမယ်ဆိုတာ ပြန်ပြောဖို့ လိုသေးတာလား။ ”
“မြို့တော်အစိုးရက ခွင့်ပြုပါ့မလား။ ”
“သေချာတာပေါ့။ သူတို့ခွင့်ပြုလိမ့်မယ်။ ကျွန်တော်တို့ မြို့တော်ဝန်ကျန်းနဲ့ ပြောပြီးပြီ။ ပြီးတော့ မြို့တော်ဝန်ကျန်းကတောင် ကျွန်တော်က ခင်ဗျားနဲ့ စကားပြောဖို့ ဆုံးဖြတ်လိုက်တာ။ တကယ်လို့ မဟုတ်ဘူးဆိုရင် ကျွန်တော်က လေယာဉ်ထုတ်လုပ်သည့် စက်ရုံနဲ့ အလုပ်လုပ်နေမှာ။ ”
ဖုန်းယွီက ဆက်ပြောလိုက်သည်။
ယင်းသည် စက်ယန္တရား စက်ရုံကို သူသိမ်းရန်အတွက် ပထမဦးဆုံးခြေလှမ်း လှမ်းလိုက်ခြင်းပင် ဖြစ်ပေသည်။ သူ့အနေဖြင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံနှင့် အလုပ်မလုပ်ဘဲ နေမည်နည်း။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် လေယာဉ်နှင့် ကားများကိုသာ ဦးစားပေး ထုတ်လုပ်သည်။ သူတို့သည် မော်တော်ဆိုင်ကယ်ကို စိတ်ဝင်စားမည် မဟုတ်ပေ။
ထပ်ပြောရပါက လောဘကြီးသူ ဟိုဟိုက်ထောင်သည် ထိုပရောဂျက်မှ ဖုန်းယွီကို အကျိုးအမြတ်ရရန် ခွင့်ပြုမည် မဟုတ်ပေ။
“ဒီပူပေါင်းဆောင်ရွက်မှုက အစုရှယ်ယာတွေနဲ့ ပတ်သတ်နေတာလား။ ငါတို့တွေက ဒီနည်းပညာနဲ့ စက်ပစ္စည်းတွေကို ပိုက်ဆံသုံးပြီး ဝယ်လို့မရဘူးလား။ ”
လီမင်တက မေးလိုက်သည်။
“ခင်ဗျားက ဘယ်လိုထင်လို့တုန်း မန်နေဂျာလီ ကျွန်တော်ခင်ဗျားကို အဖြေတစ်ခုပဲ ပေးမယ်။ ခင်ဗျားအနေနဲ့ ဒီပရောဂျက်က အလုပ်ဖြစ်မယ်ဆိုရင် မြို့တော်အစိုးရကို ခင်ဗျားအစီရင်ခံတင်။ ကျွန်တော်အနေနဲ့ မြို့တော်အစိုးရနဲ့ စက်ယန္တရားစက်ရုံက ဆုံးရှုံးမှု ရှိလာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံတယ်။ တကယ်လို့ ဒီဟာက အလုပ်မဖြစ်ဘူးလို့ ခင်ဗျားစဉ်းစားရင်တော့ ကျွန်တော်တို့တွေ ဆက်ပြီးဆွေးနွေးဖို့ မလိုတော့ဘူး။ စက်ရုံသစ် တည်ဆောက်ဖို့အတွက် အချိန်ကလည်း လိုသေးတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အချိန်ဖြုန်းပြီးတော့ ပြောစရာ ဘယ်အချက်မှ မရှိဘူး။ ”
ဖုန်းယွီက လက်ပိုက်လိုက်သည်။ သူသည် လီမင်တအနေဖြင့် ဤပရောဂျက်ကို ငြင်းဆိုမည် မဟုတ်ဟု သူလုံးဝ ယုံကြည်နေပေသည်။
“ကောင်းပြီ။ ငါ့ကိုအချိန် သုံးရက်ပေး။ ငါခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးတော့ မင်းကိုပြန်ပြောမယ်။ ”
....
“လူကြီးကျန်းနဲ့ လူကြီးရှု မင်းတို့နှစ်ယောက်လုံးက ဒီမော်တော်ဆိုင်ကယ် စက်ရုံအကြောင်းကို ပြောမလို့လား။ ဘာကြောင့်ငါတို့တွေက စက်ရုံသစ် တည်ဆောက်ဖို့ လိုအပ်မှာလဲ။ ငါတို့တွေက စက်ယန္တရားစက်ရုံနဲ့ ပူးပေါင်းလို့ ရတယ်မဟုတ်ဘူးလား။ ”
မြို့တော်ဝန်က သူ၏လက်ထောက် မြို့တော်ဝန်နှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်သည် မော်တော်ဆိုင်ကယ် စက်ရုံတွင် ရင်းနှီးမြုပ်နှံချင်ပြီး ထိုအရာက ကောင်းမွန်သည့် ကိစ္စတစ်ရပ်ပင်။ ထိုအရာက မြို့တော်အစိုးရအတွက် အခွန်ငွေများ ပိုမိုရရှိလာကာ အလုပ်ရှားပါးမှု ပြဿနာကိုလည်း ဖြေရှင်းနိုင်မည်ပင် ဖြစ်ပေသည်။
ကျန်းရွေ့ချင်က လက်ထောက်မြို့တော်ဝန် ရှုကိုတစ်ချက်ကြည့်လိုက်သည်။ လက်ထောက်မြို့တော်ဝန်ရှုသည် မြို့တော်ဝန်၏ အမေးကို ပြန်လည်ဖြေကြားရန် အစီအစဉ်ရှိပုံ မပေါ်ပေ။ ထို့ကြောင့် ကျန်းရွေ့ချင်က ပြောလိုက်သည်။
“မြို့တော်ဝန် တကယ်လို့ ကျွန်တော်တို့တွေက လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်ကော ကျွန်တော်တို့တွေက သေချာပေါက် စက်ရုံအသစ်ကို တည်ဆောက်မှရမယ်။ အခုလက်ရှိမှာ မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ လမ်းကြောင်းနဲ့ နည်းပညာတွေကို တင်သွင်းတဲ့သူက စက်ယန္တရား ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံတဲ့ လူတစ်ယောက်ပဲ။ ငါက ရင်းနှီးမြုပ်နှံချင်နေတာ။ အဲ့ဒီပုဂ္ဂိုလ်ကလည်း အပြင်လူမဟုတ်ဘူး။ သူကလည်း စက်ယန္တရား ကုမ္ပဏီရဲ့ အစုရှယ်ယာရှင်ထဲက တစ်ယောက်ဖြစ်တဲ့ ဖုန်းရှင်းထိုက်ပဲ။ ”
“အိုး သူပဲလား။ အဲ့ဒီလယ်သမား စွန့်ဦးတီထွင် ပညာရှင်က မင်းအရင်က ငါ့ကိုပြောဖူးတာက မော်စကိုတက္ကသိုလ်ရဲ့ နွေရာသီစခန်းကို သွားတတ်တဲ့လူက သူ့ရဲ့သားပဲ မဟုတ်လား။ ပြီးတော့သူက ဆိုဗီယက်ပြည်ထောင်စုနဲ့ အဆက်အသွယ်တွေ ရှိတာလား။ ”
“ဟုတ်ပါတယ်။ စက်ယန္တရားကုမ္ပဏီက ထုတ်လုပ်နေတဲ့ စက်ယန္တရား စက်ပစ္စည်းတွေကလည်း ဆိုဗီယက် ပြည်ထောင်စုကနေ တင်သွင်းတဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ အဆင့်မြင့် စက်ပစ္စည်းတွေကလည်း သူတင်သွင်းတာပဲ။ ပြီးတော့ ဈေးကွက်မှာရှိတဲ့ လေနှင့်မိုး ရေနွေးငွေ့စက်ကလည်း သူ့ကုမ္ပဏီရဲ့ ထုတ်ကုန်ပဲ။ မြို့တော်ရဲ့ ချည်စက်ရုံမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေ အဝတ်အစား စက်ရုံက စက်ပစ္စည်းတွေ အကုန်လုံးကလည်း သူတင်ပို့တဲ့ အရာတွေကြီးပဲ။ ”
ကျန်းရွေ့ချင်က ထပ်ပေါင်းပြောလိုက်သည်။
“အဲ့လိုလား။ အဲ့ဒါဆိုရင် အဲ့ဒီနည်းပညာနဲ့ စက်ပစ္စည်းတွေကို ရှယ်ယာအဖြစ် ပြောင်းလဲဖို့ကို မင်းဘယ်လိုထင်လဲ။ ”
မြို့တော်ဝန်က မေးလိုက်သည်။
လက်ထောက်မြို့တော်ဝန်ရှုက ပြော၏။
“ကျွန်တော်အထင်ကတော့ ဒီဟာက အလုပ်ဖြစ်မယ်လို့ ခံစားမိတယ်။ လီမင်တက ကျွန်တော်ကို အစီရင်ခံတာက ဒီမော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးလမ်းကြောင်းတွေနဲ့ နည်းပညာတွေက ပိုက်ဆံအများကြီး တန်ဖိုးရှိပေမဲ့ ကျွန်တော်တို့အနေနဲ့ မြေနဲ့စက်ရုံကိုလည်း ပံ့ပိုးပေးရမယ်။ ဒါကြောင့်မို့လို့ အကယ်၍ ကျွန်တော်တို့တွေက ရှယ်ယာအဖြစ် ပြောင်းလဲမယ်ဆိုရင် ရှယ်ယာအများကြီးတော့ မဖြစ်ရဘူး။ စက်ယန္တရား စက်ရုံက မြေနဲ့စက်ရုံအတွက် ရင်းနှီးမြုပ်နှံမှု အများကြီး လိုအပ်သေးတယ်။ ဒါကြောင့်မို့လို့ ဒီနှစ်အတွက် စုစုပေါင်းအမြတ်ကတော့ နည်းလိမ့်မယ်။ ဒါပေမဲ့ မော်တော်ဆိုင်ကယ်တွေ စထုတ်ပြီဆိုရင်တော့ အကျိုးအမြတ်က လယ်ယာသုံး စက်ပစ္စည်းတွေထက် ပိုပြီးများလိမ့်မယ်။ ”
ကျန်းရွေ့ချင်သည် နိုင်ငံပိုင်လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးတွင် အဓိက တာဝန်ရှိပြီး နိုင်ငံပိုင် လုပ်ငန်းများနှင့်လည်း အလွန်နီးကပ်မှု ရှိပေသည်။ သူက တခဏကြာ တွေးတောပြီးနောက် ပြောလိုက်သည်။
“မြို့တော်ဝန် ကျွန်တော်မှတ်မိရသလောက်ကတော့ မြို့တော်ရဲ့ အနောက်ပိုင်းမှာရှိတဲ့ စက်ဘီးစက်ရုံဟောင်းက ပိတ်တော့မှာ။ အဲ့ဒီရဲ့ မြေနေရာကလည်း တော်တော်ကြီးတယ်။ ပြီးတော့ ကျွန်တော်တို့တွေက စက်ရုံကို အဲ့ဒီဘက်ကို ပြောင်းရွေ့လို့ရတယ်။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ စက်ရုံနှစ်ခုကို ပေါင်းလိုက်တယ်ဆိုရင်တောင် အဲ့ဒီမြေက ကြီးပြီးတော့ လုံလောက်နေသေးတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ စက်ရုံအသစ်ကိုလည်း တည်ဆောက်ဖို့ မလိုတော့ဘူး။ ”
“ဒီလောက်ကြီးမားတဲ့ ဧရိယာ ငါတို့တွေက အဲ့ဒီနေရာကို မော်တော်ဆိုင်ကယ် စက်ရုံအဖြစ် တည်ဆောက်ဖို့ ခွင့်ပြုသင့်ရဲ့လား။ ”
လက်ထောက်မြို့တော်ဝန်ရှု့က သဘောမတူပေ။ သူကယင်းကို ဖြုန်းတီးနေသည်ဟု ခံစားရမိသည်။
“ကျွန်တော်တို့အနေနဲ့သူ့ကို ထုတ်လုပ်ရေး လမ်းကြောင်းနှစ်ခု ထောက်ပံ့နိုင်မလားဆိုပြီးတော့ မေးကြည့်ရမယ်။ တကယ်လို့ ထုတ်လုပ်ရေး လမ်းကြောင်းနှစ်ကြောင်း ရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ နှစ်စဉ်ထုတ်လုပ်နိုင်မှုကို အစီးရေး တစ်သိန်းကနေပြီးတော့ အနည်းဆုံးအစီးရေး နှစ်သိန်းအထိ ထုတ်လုပ်နိုင်တယ်။ ပြီးတော့ ကျွန်တော်တို့တွေက စက်ဘီးစက်ရုံ အဟောင်းရဲ့ မြေနေရာကို အသုံးပြုမှာ။ ပြီးတော့ ကျွန်တော်တို့တွေက စက်ဘီးစက်ရုံဟောင်းရဲ့ အလုပ်သမားတွေရဲ့ အလုပ်ရရှိမှု ပြဿနာကိုလည်း ဖြေရှင်းပြီး ဖြစ်သွားမယ်။ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးနှစ်ခုလုံးက နှစ်ဘီးတပ် ယာဉ်တွေပဲ။ ပြီးတော့ တူညီတဲ့နည်းပညာတွေ ရှိကြမှာ။ ”
ကျန်းရွေ့ချင်က သူ၏အိမ်စာကို ပြီးမြောက်အောင် လုပ်လိုက်သည်။ သူ့အနေဖြင့် မော်တော်ဆိုင်ကယ်ပေါ် အကျိုးအမြတ်သည် အလွန်ကောင်းမွန်မည်ဖြစ်ကာ တစ်နှစ်ကို အစီးရေတစ်သိန်းဟူသည့် ပမာဏက အလွန်ပင် နည်းလွန်းပေသည်။
“ထုတ်လုပ်ရေး လမ်းကြောင်းနှစ်ခုလား။ မင်းအထင် သူ့အနေနဲ့ သဘောတူမယ်လို့ ထင်လား။ ”
မြို့တော်ဝန်က မေးလိုက်သည်။
“ဒါကသူ့ရဲ့ကိစ္စပါ။ တကယ်လို့ ကျွန်တော်တို့ မရနိုင်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ အကြောင်းပြချက် အချို့ရှာပြီးတော့ သူပြောင်းလဲချင်တဲ့ ရှယ်ယာပမာဏကို လျော့ချလိုက်လို့ရတယ်”
လက်ထောက်မြို့တော်ဝန်ရှု့သည် ကျန်းရွေ့ချင်ပြောတာ မှန်သည်ဟု ခံစားမိလိုက်သည်။
....
“ဘာ ထုတ်လုပ်ရေး လမ်းကြောင်းနှစ်ခုလား။ ဒါက....အရမ်းခက်ခဲတဲ့ ကိစ္စတစ်ခုပဲ။ အဲ့ဒါဆိုရင် ကျွန်တော်ရမဲ့ ရှယ်ယာလည်း နှစ်ဆဖြစ်သင့်တာပဲ။ ”
သူတို့တွေက လှည့်စားနေခြင်းဖြစ်သည်။ ဖုန်းယွီသည် အလွန်အားရ ကျေနပ်နေသည်။ ကီရီလန်ကိုသည် သူ့အား ထုတ်လုပ်ရေးလမ်းကြောင်း နှစ်ခုရရှိရန် ကူညီပေးနိုင်သည်။ ဖုန်းယွီက မော်တော်ဆိုင်ကယ် လုပ်ငန်းတွင် အမြင်ကို တမင်တကာဖြင့် အကြီးအကျယ် ချဲ့ခဲ့ခြင်းဖြစ်ကာ သူ့အနေဖြင့် ရောင်းအားမကောင်းပါက တာဝန်ယူမည်ဟုတောင် ပြောခဲ့ပေသည်။ နောက်ဆုံးတွင် မြို့တော်အစိုးရသည် အကျိုးအမြတ်ကို မြင်ပြီးနောက် သူ့အား ထုတ်လုပ်ရေး လမ်းကြောင်းနှစ်ခု ရရှိရန် ဖိအားပေးနေသည်။
“ဟုတ်တာပေါ့။ အဲ့ဒီမှာလည်း အခြေအနေရှိတယ်။ ဒါပေမဲ့ ရှယ်ယာကိစ္စနဲ့ ပတ်သတ်ပြီးတော့ စိတ်မပူပါနဲ့။ ငါတို့တွေကမင်းကို ရသင့်ရထိုက်တဲ့ ပမာဏ ပေးမှာပါ။ ”
ထုတ်လုပ်ရေး လမ်းကြောင်းတစ်ခုက အနည်းဆုံး ရူပယ်လေးသန်း တန်ဖိုးရှိတယ်။ တကယ်လို့ နည်းပညာတွေပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် ထုတ်လုပ်ရေး လမ်းကြောင်းနှစ်ခုက ၂၀%ကျော် ရှယ်ယာတန်ဖိုးရှိပေသည်။ ယင်းက စက်ယန္တရား စက်ရုံတွင် အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်ရန်အတွက် အခွင့်အရေး တစ်ခုဖြစ်ပေသည်။
“ကောင်းပြီလေ။ ငါမင်းတို့ရဲ့ အခြေအနေကို သဘောတူတယ်။ ”
ဖုန်းယွီက သူ့အနေဖြင့် အလွန်ခက်ခဲသည့် ပုံစံဖြင့် ဟန်ဆောင်ကာ ပြောလိုက်သည်။ သူ၏နှလုံးသားထဲတွင်တော့ အပျော်လွန်မှုကြောင့် ထခုန်နေတော့ပေသည်။
“ထုတ်လုပ်ရေး လမ်းကြောင်းနှစ်ခုနဲ့ အဆင့်မြင့် နည်းပညာတွေအတွက် ငါတို့တွေကမင်းကို ရှယ်ယာ၁၈% ပေးမယ်။ ”
“ခဏနေပါအုံး။ ရှယ်ယာဘယ်လောက်။ ”
“၁၈% ငါမင်းအတွက်ကို တွက်ပြပေးမယ်။ ဒီမြေကွက်နှစ်ကွက်က ဘယ်လောက် တန်ဖိုးရှိတယ်ထင်လဲ။ ပြီးတော့ ဘာမှမရှိတဲ့ စက်ရုံကို ငါတို့က ပြန်လည်တည်ဆောက်ရမှာ။ အရာအားလုံးက တစ်လမကြာသေးခင်မှာ အကုန်လုံး အဆင်သင့် ဖြစ်လိမ့်မယ်။ အဲဒါက ဘယ်လောက် တန်ဖိုးရှိမယ်ထင်လဲ။ ၁၈%ဆိုတာ အရမ်းများနေပြီ။ ”
လီမင်တက ပြောလိုက်သည်။
“ငါက လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံနဲ့ပဲ အလုပ်လုပ်လိုက်တော့မယ်။ ”
ဖုန်းယွီက မပျော်ရွှင်သည့် သွင်ပြင်ဖြင့် ပြန်ပြောလိုက်သည်။ လီမင်တက ရယ်မောကာ
“အရမ်းနောက်ကျသွားပြီ။ လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံက မော်တော်ဆိုင်ကယ် ပရောဂျက်အတွက် စက်ယန္တရားစက်ရုံကို လာရောက်မြုပ်နှံခဲ့တယ်။ ”
“ဘာ မင်းတို့တွေက လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံကို ရင်းနှီးမြုပ်နှံဖို့အတွက် ခွင့်ပြုလိုက်တာလား။ အဲ့ဒီအကြောင်းကိုရော ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်က သိရဲ့လား။ ”
“ငါတို့တွေက အဓိက ရှယ်ယာရှင်ပဲလေ။ ငါတို့အနေနဲ့ ဘယ်ဘက်ကိုပဲ ငါတို့ရှယ်ယာ ရောင်းရောင်းဝယ်ဝယ် အကြောင်းကြားစရာ မလိုအပ်ဘူး။ အနာဂတ်ကျရင် စက်ယန္တရား စက်ရုံကို အဖွဲ့လေးဖွဲ့က ပိုင်ဆိုင်မှာ။ ”
“လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံက ရင်းနှီးမြုပ်နှံပြီ ဆိုမှတော့ ငါကအနည်းဆုံး ရှယ်ယာ၂၀% လိုချင်တယ်။ မဟုတ်ဘူးဆိုရင်တော့ ငါက ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။ ပြီးတော့ငါက ကျီမြို့တော်ရဲ့ ယာဉ်ထုတ်လုပ်တဲ့ စက်ရုံမှာပဲ ရင်းနှီးမြုပ်နှံတော့မယ်။ ”
ဖုန်းယွီက အဆင်ပြေသည့် ပုံစံဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ။ အဲ့ဒါဆိုရင်လည်း ၂၀%ပေါ့။ ဒါကနောက်ဆုံး ဆုံးဖြတ်ချက်။ နောက်ထပ် ပြောင်းလဲမှုတွေ ရှိတော့မှာ မဟုတ်ဘူး။ မနက်ဖြန်ကျရင် စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် မင်းရဲ့အဖေကို ခေါ်ခဲ့။ ပြီးတော့ စက်ယန္တရား ကုမ္ပဏီရဲ့ မော်တော်ဆိုင်ကယ် စက်ရုံခွဲအတွက် ပန္နက်ရိုက်ပွဲကို တက်ရမယ်။ ”