← Chapters

အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးစီးမှု ပထမအဆင့်

Vol. 12 Ch. 168

အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးစီးမှု ပထမအဆင့်

Vol. 12 Ch. 168

အသေးစားစက်မှုလုပ်ငန်း စက်ပစ္စည်းများနှင့် နည်းပညာမျးရရှိသည့်ငွေ ယခုကာလအတွင်း ရေနွေးငွေ့စက် ရောင်းချခြင်းနှင့် ထိုက်ဝအစားအစာထုတ်လုပ်သည့်စက်ရုံမှ ရရှိသည့် အကျိုးအမြတ်တို့ကို ဖုန်းယွီက ထုတ်ယူလိုက်ကာ မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့်လမ်းကြောင်းနှင့် နည်းပညာများ ဝယ်ရန်အတွက် ပေးချေလိုက်တော့သည်။

ထိုအရာများက ဖုန်းယွီကို ရူဘယ်သန်းချီကုန်စေသည်။သို့သော် ဖုန်းယွီက နောက်ဆုံးတွင် အရှုံးရှိမည် မဟုတ်ပါ။ရှယ်ယာများပြောင်းလဲပြီးပါက သူ့အနေဖြင့် ရူပင်ဆယ်သန်းခန့်ရှိသော ရှယ်ယာများကို ရရှိနိုင်ပသည်။အဆုံးတွင်ဖုန်းယွီက အကျိုးအမြတ်များကို လုပ်နိုင်ဦးမှာပင်ဖြစ်သည်။

ဖုန်းယွီနှင့် လီမင်တသည် မဏာမ သဘောတူညီမှုစာချုပ်ကိုဘင်း မြို့တော်သို့ ထုတ်လုပ်ရေးလမ်းကြောင်းများရရှိသည့် အခါ သူတို့သည် တရားဝင်စာချုပ်ကိုလက်မှတ်ရေးထိုးမည်ဖြစ်သည်။ဖူကွမ်းကျန်းသည် ထိုသတင်းကို ဘင်းမြို့တော်သို့ အပြေးလာခဲ့ပြီးဖြစ်သည်။အကယ်၍ စက်ယန္တရားကုမ္ပဏီအနေဖြင့်မော်တော်ဆိုင်ကယ် စတင်ထုတ်လုပ်ပါက အကျိုးအမြတ်ပိုမိုရရှိမည် ဖြစ်ပေသည်။သူ့အနေဖြင့် သူ၏ ရှယ်ယာများကို မည်သို့အားလျော့စေမည်နည်း။

ဖုန်းယွီသည် စက်ပစ္စည်းနှင့် နည်းပညာအချို့ကိုပေးရပြီး အစိုးရသည် မြေရိုင်းနှင့် စက်ရုံကို ပေးရသည်။ဖူမိသားစုတွင်ငွေရှိသည်။ပြီးနောက် သူ့အနေဖြင့် ငွေကြေးကို အသုံးချပြီး သူ့ ၏ရှယ်ယာအားလျော့သည့် အရေးမှ တားဆီးနိုင်မှာပင်ဖြစ်သည်။

ဖုန်းယွီသည် ရုံးအသစ်တွင်ထိုင်နေစဉ် ဖူကွမ်းယွမ်းသည် လက်ဖက်ရည်သောက်နေ၏။

“ညီလေးဖုန်း မင်းက အရမ်းတော်တာပဲ။မင်းရဲ့သတင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ငါ့ရဲ့ ဒုတိယဦးလေးက လုံးဝဆုံးရှုံမှုကြီးကြီးမားမားနဲ့ ကြုံတွေ့ရမှာ။ သူက ဂျပန်မှာရှိတဲ့ အိမ်ခြံမြေအကုန်လုံးကို ရောင်းရန်ပြင်ခဲ့တယ်။မဟုတ်ဘူးဆိုရင်တော့ သူ့ရဲ့ အိမ်ခြံမြေတွေက အဲဒီမှာပဲ ပိတ်မိနေတယ်”

ဂျပန်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက် ပျက်ဆီးခြင်းက စောခဲ့ပြီး လုပ်ခဲ့ခြင်းပင်ဖြစ်ပေသည်။ထိုအရာက နှစ်ကုန်ပိုင်းတွင် ဖြစ်ရမည်ဖြစ်ကာ ယခုလက်ရှိတွင်အောက်တိုဘာလသာရောက်သေးသည်။

စတော့ဈေးကွက်ကအတူတူပင်ဖြစ်ကာ ရုတ်ချည်းပင်ထိုးကျသွားသည်။ဂျပန်ယန်းသည်လည်း ဖုန်းယွီခန့်မှန်းထားသည့် အတိုင်း ဖြစ်ကာဆက်လက် မြင့် တက်နေဆဲဖြစ်သည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးအခြေအနေဖြင့်ပတ်သတ်ပြီး ဖုန်းယွီ၏တွက်ချက်မှုများက ဖူမိသားစုကိုမှင်သက် ထိတ်လန့်တုန်လှုပ်သွားစေသည်။သူတို့သည် တကယ်ကိုပင် ဖုန်းယွီသည် အကြီးတန်း အရာရှိခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိမှန်းယုံကြည်ပေသည်။ဖုန်းယွီ၏ ဆက်သွယ်ရေး ကုမ္ပဏီသေးသေးလေးသည် စိစစ်ဆန်းစစ်မဲ့သူမရှိဘဲ ဘယ်လိုလုပ် ဈေးကွက် မျှော်မှန်းချက်များကိုတိတိကျကျ တွက်ချက်နေသနည်း။

တချိန်ထဲတွင် ဖူရုံကျင်းက တရုပ်နိုင်ငံ၏ရှယ်ယာများဝယ်ရန်အတွက် ရန်ပုံငွေများ ထပ်ထောက်ပံ့လိုက်သည်။သူသည် ဖုန်းယွီကိုယုံကြည်ရန်ရွေးချယ်လိုက်သည်။ တရုတ်နိုင်ငံသည် သူ၏စတော့အိပ်ချိန်း မကြာမီပင် ပေါ်ပေါက်လာမည်ဖြစ်ကာ ပထမဦးဆုံး စာရင်းသွင်းခံရသည့် အစုရှယ်ယာဝင်ကုမ္ပဏီများ၏ စတော့ဈေးနှုန်းသည် မိုးထိအောင်မြင့်မားမည်ဖြစ်သည်။

“အကိုဖူ ဒါက ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေတဲ့အခြေအနေတောင် တကယ်လို့ အကိုကြီးမိသားစုသာ မကူညီခဲ့ဘူးဆိုရင် ကျွန်တော်က ဘဏ်ထဲကနေပြီးတော့ချေးငွေကြီးကြီးမားမားရမှာမဟုတ်ဘူး။ယခုတစ်ခေါက် အကိုလည်း ရင်းနှီးမှု အများကြီးလုပ်မယ် မဟုတ်လား။ တစ်နစ်အတွင်းမှာ မတည်ရင်းနှီးငွေရဲ့ အဆအနည်းငယ်အမြတ်အဖြစ်ပြန်ယူရမယ်။ဖုန်းယီက စိစစ်ပြီးဖြစ်သည်။သူ၏ ရင်းနှီးမြှပ်နှံမှုသည် သိသာထင်ရှားသည့် ဖြစ်သည့်တိုင် ကျယ်ပြောသည့်ဈေးကွက်နှင့် ယှဉ်ပါက ယင်းသည် ဘာမှမဟုတ်ပေ။ယင်းက ယခု လက်ရှိနာမည်ကျော်ကြားအောင် အတွက်လည်း သက်ရောက်မှုမရှိပေ။အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင် ကောင်းမွန်သည့် အခြေအနေတစ်ခုပင်ဖြစ်၏။

“ဟားဟားဟားဟား ငါမင်းကို ယုံကြည်ပါတယ်။ငါက မင်းကို တွေ့တာက ငါရဲ့ ဘဝမှာ အကောင်းဆုံးအရာပဲ။ငါရဲ့မိသားစုထဲမှာ ရှိတဲ့ ငါ့ရဲ့ အဆင့်အတန်းကလည်း မြင့်တက်လာတယ်။အခု ငါရဲ့အဖေကတောင် သူ့ရဲ့စီးပွးရေးကို ငါ့ဆီလွှဲပေးချင်တာ။ငါက အဲဒါကို မယူပါဘူး။ငါက တရုတ်ပြည်မှာပဲ ရှိချင်တာ။တရုတ်ပြည်က ရွှေတွင်းကြီးကွ”

ဖူကွမ်းကျန်းသည် ဖုန်ယွီမှဇိမ်ခံကားများကို အသုံးပြုသည်မှ အစပြုပြီးနောက် ဘင်းမြို့တော်၏ စက်ယန္တရားစက်ရုံတွင် ရင်းနှီးခဲ့သည်။ထို့နောက် ရေနွေးငွေ့စက် အရောင်း မိသားစုတွင်းရှိသူ၏ အခြေအနေလည်းပြောင်းလဲသွားခဲ့ပြီးသူ၏ရရှိမှုသည်လည်း အလွန်ပင် တိုးတက်လာခဲ့သည်။

ယမန်နှစ်ကသူ၏ အကို၏ကုမ္ပဏီသည် သန်းတစ်ရာတန်ဖိုးရှိကုမ္ပဏီများထဲတွင် စာရင်းဝင်ခဲ့သည်။ထိုအချိန်က သူ၏ပိုင်ဆိုင်မှုတွေက ဆယ်တန်းအောက်သာရှိပေသည်။ယခုလက်ရှိတွင် ဟောင်ကောင်အရောင်းကုမ္ပဏီ၏ သူ၏ရှယ်ယာနှင့် ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများ၏စုစုပေါင်းတန်ဖိုးသည် သူ့အကို၏ တန်ဖိုးနှင့် တူတူပင်ဖြစ်နေပြီ ဖြစ်သည်။

သူ့အနေဖြင့် သူ့အကိုကို တစ်နှစ်နှစ်နှစ်အတွင်းမှာ အလွယ်တကူဖြင့်ကျော်တက်နိုင်ပေသည်။သူက သူ့အဖေ၏ကုမ္ပဏီကိုတောင် ကျော်တက်ရန်စဉ်းစားနေသည်။သို့သော် စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက်သူ့အနေဖြင့် မသင့်လျော်ဟု ခံစားမိလာသည်။သူအကိုကြီးသည် သူ့ဖခင်၏နေရာ အတွက် ပိုမိုကောင်းမွန်သည့်သူဖြစ်ပေသည်။သူ၏ အတိတ်ရှိ မနာလိုမုန်းထားမှုသည်လည်း ပျောက်ကွယ်သွားပြီဖြစ်ကာ သူ၏ကိုယ်ပိုင်စီးပွားရေးသည်လည်း ပိုကောင်းလာသည်။

ဟောင်ကောင်သည် ဒေသသေးလေးဖြစ်သည်။အကယ်၍ ဗြိတိသျှတို့ကူညီခဲ့သည့်နေရာ မဟုတ်လျှင် ယခုကဲ့သို့အောင်မြင်သည့်နေရာတစ်ခုဖြစ်လာမည် မဟုတ်ပေ။မည်မျှကျယ်သနည်း။

ဖူကွမ်းကျန်းသည် သန်းတစ်ဆယ်ဖြင့်သာ စတင်ရင်းနှီးမြှပ်နှံခဲ့ပြီး သူသည် ကာလတိုတွင်းသူ၏ ရင်းနှီးမြှပ်နှံမှုများကို ပြန်ရခဲ့ကာ သူသည်လည်း အနာဂတ်တွင် အကျိုးအမြတ်များ ဆက်လက်ရရှိမည်ဖြစ်ပသည်။

တရုတ်နိုင်ငံသည် ကြီးကျယ်မြင့်မြတ်သည့် လက်အောက်တွင်ရှိနေကာ သူ၏စီးပွားရေးသည်လည်း တိုးတက်လာပြီး ပြည်သူပြည်သားများနှင့် တိုင်းပြည်၏ မြင့်တက်လာပေသည်။ထိုအရာများသည် ပိုက်ဆံများရှာဖွေရန်အတွက် အရေးများစွာပင်ဖြစ်ပေသည်။ထို့အတွက်ကြောင့်သူသည် သူ၏မိသားစုစီးပွားရေးကို စိတ်မဝင်စားပေ။

ထပ်ပြောရပါက သူသည် သူတို့၏ဖခင်ပိုင်စီးပွားရေးအတွက် သူ့အကိုနှင့် ယှဉ်ပြိုင်တိုက်ခိုက်မှုများ မလုပ်တော့ပေ။သူနှင့် သူ့အကို၏ဆက်ဆံရေးသည် ကောင်းမွန်လာပေသည်။သူ့အဖေသည်လည်း သူ့အား ကောင်းကောင်းဆက်ဆံကာ တရုတ်နိုင်ငံ၏ဆော့များကို ဝယ်ရန်အတွက် သီးသန့် ငွေပမာဏပေးလိုက်ပေသည်။

သူ့အဖေသည် ဖူကွမ်းကျန်းက သူ့၏ရင်းနှီးမြှပ်နှံမှုပေါ်စေရန်အတွက် သွားမည်ကို သိသည့် အချိန်တွင်သူက သူ၏ပိုက်ဆံကို ပေးလိုက်သေးသည်။ယခုခရီးတွင် ဖူကွမ်းကျန်းသည် နောက်ထက်လုပ်စရာတာဝန်တစ်ခု ရှိသေး၏။ရေနွေးငွေ့စက်များကို ဘင်းမြို့တော်တွင် ထုတ်လုပ်ပြီးနောက် ရှန်ကျန်မြို့ကို ရထားဖြင့်ပို့ဆောင်ကာ ထို့နောက် ဟောင်ကောင်သို့ပို့ဆောင်၏။

ထိုပို့ဆောင်ရေးလမ်းကြောင်းသည် အလွန်ရှည်လျားပြီး အချိန်ကုန်ပေသည်။ ပို့ဆောင်ရေးစရိတ်သည်လည်း နည်းသည် မဟုတ်ပေ။ဖူမိသားစုက ဟောင်ကောင်အနီးတဝိုက်တွင် ရေနွေးငွေ့စက် ထုတ်လုပ်ရန် အတွက်စက်ရုံခွဲတစ်ခုတည်ထောင်ရန် ဆန္ဒရှိသည်လားဟု ဖုန်းယွီအားမေးခဲ့သည်။ဖုန်းယွီသည် ထိုအကြံကိုအရင်က စဉ်းစားခဲ့ဖူးသည်။သို့သော် ထိုအချိန်ကမရောက်သေးပေ။သူ့အနေဖြင့် ဒလက်မဲ့ပန်ကာ ဖွံ့ဖြိုးမှုကို စောင့်နေကာ ဒလတ်မဲ့ပန်ကာအောင်မြင်ပါက သူသည် တောင်ပိုင်းဒေသတွင် စက်ရုံခွဲတစ်ခုတည်ထောင်မည်ဖြစ်ကာ ထုတ်လုပ်သည့် စက်ပစ္စည်းများသည်လည်း ဈေးချိုမည်ဖြစ်သည်။စက်ပစ္စည်းစက်ရုံနှင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံက ဤကိစ္စကို သဘောမတူပါက ဖုန်းယွီအနေဖြင့် ဤကိစ္စကို အကြောင်းပြချက်ထားကာသူတို့၏ မိတ်ဖက်ဆက်ဆံရေးကို ဖြတ်တောက်နိုင်ပေမည်။

ဖူကွမ်ကျန်းက ဖုန်းယွီကို မေးလိုက်ပြီးနောက်ဖုန်းယွီ၏ ပြန်ဖြေမှုကို စောင့်နေရသည်။ တစ်နှစ်စောင့်ရန်နှင့်သူ့အနေဖြင့် ကွမ်တုန်းတွင် စက်ရုံခွဲတစ်ခု ဆောက်မည်ဖြစ်သည်။အရှေ့ဥရောပရှိ ဖြန့်ဖြူးရေးခွင့်ကိုလည်း ပြန်ယူမည်ဖြစ်သည်။ စက်ပစ္စည်းစက်ရုံနှင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည်ယင်းကို လွန်စွာနှစ်ခြိုက်သဘောတူမည်ဖြစ်သည်။အကြောင်းမှာ ယင်းဈေးကွက်သည် ရှိပြီးသားဈေးကွက်ဖြစ်သည့်အတွက်ပင်။

ဖူကွမ်းကျန်းက မေးလိုက်သည်။ဖူမိသားစုသည် ဖုန်းယွီအနေဖြင့် ဖြန့်ဖြူးရေးမူပိုင်ခွင့်ကိုလည်း ဖြတ်သိမ်းခံရမှာလွန်စွာစိုးရိမ်ရနေသည်။သို့သော် သူတို့သည် ဆယ်နှစ်ကြာစာချုုပ် ကို ချုပ်ဆိုထားသည်။စာချုပ်တွင် ထိုက်ဟွကုန်သွယ်ရေးသည်နောက်ဆုံးဟု ပြောထားသည်။စာချုုပ်ဖောက်ဖျက်ခြင်း၏ ပြစ်ဒဏ်သည်စဉ်းစား၍မရနိုင်သည့် ငွေကြေးပမာဏဖြစ်သည်။ဖုန်းယွီသည် ဖူမိသားစုကို သူဖြုတ်ချင်သည့်အချိန်တိုင်း ဖြုတ်ချမည်ဖြစ်ကာ ဖုန်းယွီနှင့် လက်တွဲလုပ်ချင်သည့် အခြားသောစီပွားရေးလုပ်ငန်းရှင်များစွာက တန်းစီနေပေသည်။ထိုစီးပွားရေးသမားများသည် ဖုန်းယွီလျော်ကြေးငွေပေးရသည့်အခါတွင် ကူညီရန်လည်းစိတ်ထဲထားမည် မဟုတ်ပေ။

ဖုန်းယွီသည် အရှေ့ဥရောပရှိ ဖြန့်ဖြူးရေးခွင့်ကိုသာ ပြန်လိုချင်သည်။ဖူမိသားစုသည် ယင်းကို ကန့်ကွက်ခြင်းမပြုပေ။တည်နေရာအရ ဘင်းမြို့တော်မှ အရှေ့ဥရောပဘက်သို့ ရေနွေးငွေ့များ သည် ပိုပြီးအကုန်ကျ သက်သာပေသည်။

မြို့တော်သည် ထိုမော်တော်ဆိုင်ကယ်ပရောဂျက်စာချူပ်ချုပ်ဆိုသည့်အခန်းအနားကို အများပြည်သူထံသို့ချပြချင်ခဲ့သည်။သို့သော် ရုတ်တရက် စာချုုပ်ချုပ်ဆိုသည့် ပုဂ္ဂိုလ်သည် ဖုန်ရှင်းထိုက်မဟုတ်။ဖုန်းယွီဖြစ်နေသည်။သူတို့က တီဗီရုပ်သံ ဌာနများမှ သတင်းထောက် အနည်းငယ်သာရိုက်ကူးခွင့်ပေးသည်။

ဖုန်းယွီ၏ အကြောင်းပြချက်က ထိုစက်ပစ္စည်းများနှင့်နည်းပညာများက သူ၏မိသားစုပိုင်ဖြစ်ကာ သူအဖေသည်လည်းသူ၏ ရှယ်ယာများကို သူနာမည်အောက်သွင်းချင်သည်။ထပ်ပြောရပါက ဖုန်းယွီသည် သူ့အဖေကိုယ်စား လုပ်ပိုင်ခွင့်ကိုလည်းရရှိထားပေသည်။ပြီးနောက် စက်ယန္တရားကုမ္ပဏီ၏ အဆင့်မြင့်စီမံခန့်ခွဲမှုသည်လည်း ထိုကိစ္စကို အသားကျနေပြီ ဖြစ်သည်။ အချို့သော ပြုပြင်ပြောင်းလဲမှု ပြီးနောက် စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများသည်လည်း ပြန်ခွဲခြားသတ်မှတ်ရပေမည်။အဓိက ရှယ်ယာရှင်သည် ဘင်းမြို့တော်အစိုးရဖြစ်နေဆဲဖြစ်သည်။သို့သေည် သူတို့၏ရှယ်ယာသည် 70ရာခိုင်နှုန်းမှ 40ရာခိုင်နှုန်း ဖြစ်သွားသည်။ ဖုန်းယွီသည် 20ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ဖုန်းရှင်းထိုက်သည် 10ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ဖူကွမ်းကျန်းသည် 16ရာခိုင်နှုန်းပိုင်ဆိုင်သည်။ပြီးနောက် လေယဉ်ထုတ်လုပ်သည့် စက်ရုံသည်14ရာခိုင်နှုန်း ပိုင်ဆိုင်သည်။လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် ဘင်းမြိုု့တော်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသည်။သို့သော် ယင်းက အနည်းငယ် ရှုပ်ထွေးပေသည်။ စစ်ဖက်ဆိုင်ရာပြည်နယ်အစိုးရနှင့် အချို့သောဝန်ကြီးများသည် ၎င်းအပေါ်တွင် လွှမ်းမိုးနိုင်စွမ်းရှိကြသည်။ ထို့အတွက်ကြောင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို မြို့တော်အစိုးရက ထိန်းချုပ်နိုင်ခြင်းမရှိပေ။

ပိုအရေးပါသည့် အရာက လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် ရှယ်ယာများကို ပြန်လည် ရောင်းချသည့်အခါ မြို့တော်အစိုးရ၏ ခွင့်ပြုမိန့်ကို မလိုအပ်ပေ။

နောက်ဆုံးတွင်ဖုန်းယွီ၏ ပထမဦးဆုံးခြေလှမ်းသည် အောင်မြင်ခဲ့ပြီဖြစ်သည်။

All Chapters