← Chapters

တကယ့်ကို ရှေ့ပြေးနေပြီ

Vol. 12 Ch. 169

တကယ့်ကို ရှေ့ပြေးနေပြီ

Vol. 12 Ch. 169

ဖုန်းယွီက ထိုက်ဟွကုမ္ပဏီ၏ သူ့ရုံးခန်းသို့ မိတ္တူတစ်စောင် ကိုင်ဆောင်လာသည်။ ခေါင်စည်းက

‘တကယ့်ကို ရှေ့ပြေးနေပြီ ’

ဖုန်းယွီ၏ ထင်မြင်ချက်အရ သူသည် သမိုင်းတွင်ရှိသော အချို့လွှမ်းမိုးနိုင်စွမ်းရှိသည့်သူများထက်တောင် ပိုသည်ဟု ခံစားနေရသည်။ သူ၏ ရင်းနှီးမြှုပ်နှံမှုသည် မများသော်ငြား အရှေ့မြောက်ဒေသရှိ ပြည်နယ်သုံးခုအပေါ်တွင်တော့ ကြီးမားသည့် ရိုက်ခတ်မှု ရှိပေသည်။

ကုန်းတွင်းပိတ်မြို့များမှ စတော့များသည် တောင်ပိုင်းကမ်းရိုးတန်းဒေသများရှိ စတော့များ၏ ရောင်းအားထက် ပိုမြန်ဆန်ပေသည်။ ဖုန်းယွီအတွက် ကံကောင်းသည်မှာ ဘောဂဗေဒပညာရှင်များအတွက် ယင်းက စိတ်ဝင်မစားဘဲ မနေနိုင်ပေ။

ယခုဘဝရှိ ဘင်းမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုက ပုံမှန်သမိုင်းကြောင်းနှင့် ထပ်တူကြမနေပေ။ ဘင်းမြို့တော်သည် ယခင် သူ့အရင်ဘဝရှိ စက်မှုမြို့တော်မှ ခေတ်နောက်ပြန်ဆွဲသည့် မြို့အဖြစ်သို့ ကျဆင်းသွားခြင်း မရှိပေ။ ပြီးနောက် GDP သည်လည်း နှစ်များဆက်တိုက်ကျဆင်းသွားမှု မရှိပေ။ ထို့ကြောင့် ဘင်းမြို့တော်၏စီးပွားရေးတိုးတက်မှုနှုန်းသည် မြင့်တက်လာပြီး ရှန်းမြို့တော်ကိုတောင် အမီလိုက်နိုင်တော့မည် ဖြစ်သည်။

ဘောဂဗေဒကျွမ်းကျင်ပညာရှင်က ဘင်းမြို့တော်ကို လေ့လာတွက်ချက်ရာတွင် နိုင်ငံပိုင်လုပ်ငန်းအချို့သည် များစွာသော ပြောင်းလဲမှုများရှိခဲ့သည်ကို တွေ့ခဲ့သည်။ ဥပမာအနေဖြင့် စက်ပစ္စည်းစက်ရုံသည် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် အလုပ်လုပ်ကိုင်ခဲ့ပြီး ပလပ်စတစ်ပန်ကာများကို စတင်ထုတ်လုပ်ခဲ့သည်။ ယင်းက ထိုစက်ရုံအတွက် ပြောင်းလဲမှုအကြီးကြီးတစ်ခု ဖြစ်ခဲ့ပေ၏။ နောက်ပိုင်းတွင် ထိုပုဂ္ဂိုလ်က စက်ပစ္စည်းစက်ရုံနှင့် လေယာဉ်ထုတ်လုပ်သည့်စက်ရုံကို ပူးပေါင်းကာ ဥရောပ၊ အမေရိကန်ပြည်ထောင်စုနှင့် အာရှ၏အိမ်သုံးလျှပ်စစ်စျေးကွက်တွင် ထိုးဖောက်ဝင်ရောက်ခဲ့သည့် အလွန်နာမည်ကျော်ကြားသော ရေနွေးငွေ့စက်ကို ဖန်တီးနိုင်ခဲ့ကာ အကျိုးအမြတ်များစွာ ယူဆောင်လာခဲ့သည်။

စက်ပစ္စည်းစက်ရုံ၏အောင်မြင်မှုသည် အခြားသော ဘင်းမြို့တော်၏စက်ရုံများ ဥပမာ ပလပ်စတစ်စက်ရုံနှင့် အခြားဆက်စပ်သည့် စက်မှုစက်ရုံများအတွက်လည်း အကူအညီရခဲ့သည်။ သူတို့၏ အမြတ်ကလည်း အလျင်အမြန်ဖြင့် တိုးလာကာ သူတို့၏ အရင်က ရရှိခဲ့သည့် အမြင့်ဆုံးထက်တောင် ပိုကောင်းမွန်ခဲ့ပေသည်။

ချည်ထည်စက်ရုံ၊ အဝတ်စက်ရုံနှင့် အခြားသော အသေးစားစက်မှုစက်ရုံများသည်လည်း အလျင်အမြန်ပင် တိုးတက်လာခဲ့ပြီး သူတို့၏လေ့လာမှုအရ ထိုစက်ရုံများက ဆိုဗီယက်ပြည်ထောင်စုမှ အဆင့်မြင့်စက်ပစ္စည်းများကို ငွေကြေးသက်သာစွာဖြင့် အသုတ်တစ်သုတ် ဝယ်ယူနိုင်ခဲ့သည့်အတွက် ဖြစ်ပေသည်။ ယင်းက သူတို့၏ထုတ်လုပ်မှုကို လုံးဝဥဿုံပြောင်းလဲပစ်နိုင်ခဲ့သည်။ ယင်းက တရုတ်နိုင်ငံ၏စက်ရုံများမှ ထိပ်တန်းစက်ရုံတစ်ခုဖြစ်လာစေခဲ့သည်။

ထိုစက်ရုံများထဲတွင် စက်ယန္တရားစက်ရုံသည် အထင်ကြီးဖွယ်အကောင်းဆုံး ဖြစ်ပေသည်။ ထိုကုမ္ပဏီသည် တရုတ်နိုင်ငံတွင် အဆင့်အနိမ့်ဆုံးကုမ္ပဏီများထဲမှ တစ်ခုဖြစ်ခဲ့ပြီး သူတို့၏ထုတ်ကုန်များ ရောင်းရလျှင်တောင် လျောင်ပြည်နယ်တွင်သာ ရောင်းချနိုင်ပေသည်။ သို့သော်ငြားသူတို့ကို အရှုံးမရှိစေပေ။ အမြတ်လည်း များများမရပေ။ သူတို့၏အဓိက စျေးကွက်သည် အရှေ့မြောက်ဒေသရှိ စိုက်ပျိုးရေးပြည်နယ်သုံးခု ဖြစ်သည်။ သို့သော် သူတို့ ပြန်ရရှိသည်မှာ အလွန်ကြောက်ခမန်းလိလိ နည်းပါးပေသည်။

သို့သော် ယမန်နှစ်က စက်ယန္တရားစက်ရုံကို ပြန်လည်တည်ဆောက်ပြီး ဆိုဗီယက်ပြည်ထောင်စုမှ အဆင့်မြင့်စက်ပစ္စည်းများကို တင်သွင်းခြင်းနှင့် ဟောင်ကောင်စီးပွားရေးသမား ရင်းနှီးမြှုပ်နှံပြီး မြို့တော်အစိုးရ၏ပူးပေါင်းဆောင်ရွက်မှုက ယင်းကို လုံးဝကို ပြောင်းလဲနိုင်ခဲ့သည်။ အဆင့်အနိမ့်ဆုံးစက်ရုံများထဲမှ ထိုကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်လာပေမည်။ စိုက်ပျိုးရေးသုံး စက်ပစ္စည်းများသည်လည်း တစ်နိုင်ငံလုံးကို ရောင်းချနိုင်မည်ဖြစ်ကာ သူတို့၏ အကျိုးအမြတ်သည်လည်း အလျင်အမြန်ဖြင့် တိုးတက်လာခဲ့ပေသည်။

လူတိုင်း၏အတွေးတွင် ယင်းကုမ္ပဏီက စိုက်ပျိုးရေးသုံးစက်ပစ္စည်းများတွင်သာ အာရုံစိုက်ထားပြီး လူတိုင်းက ထိုကုမ္ပဏီသည် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့်လမ်းကြောင်းနှင့် နည်းပညာများကို ဆိုဗီယက်ပြည်ထောင်စုမှ တင်သွင်းလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ကြပေ။ သူတို့ကြားသည်က ထိုထုတ်လုပ်သည့်စက်ပစ္စည်းများသည် တပ်ဆင်စစ်ဆေးနေပြီးဖြစ်ကာ နှစ်မကုန်ခင် သူတို့၏ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်သည့် မော်တော်ဆိုင်ကယ်သည် စျေးကွက်ထဲ ရောက်လာမည်ဖြစ်ပေသည်။

ဘင်းမြို့တော်တွင်သာမက လုံကျန်းပြည်နယ်၏မြို့တော်များစွာနှင့် အနီးအနားရှိ ဒေသများကတောင် ဆိုဗီယက်ပြည်ထောင်စုမှ စက်ပစ္စည်းများနှင့် နည်းပညာများကို စတင်သုံးစွဲလာကြသည်။ ထိုစက်ရုံများ၏ လုပ်နိုင်စွမ်းက ပိုမြင့်လာကာ သူတို့၏စီးပွားရေး ဖွံ့ဖြိုးမှုသည်လည်း လျင်မြန်လာခဲ့ပေသည်။

ကျွမ်းကျင်ပညာရှင်များသည် ထိုဒေသ၏အလားအလာနှင့် ပတ်သတ်ပြီး လျော့တွက်ခဲ့သည်ကို သတိပြုမိခဲ့သည်။ သူတို့အနေဖြင့် ထိုဒေသက တဖန်ကြီးပွားချမ်းသာလာမည်ဟု မမျှော်လင့်ခဲ့ပေ။ သူတို့သည် လွန်ခဲ့သည့်နှစ်များက အခြေအနေများကို ပြန်လည်ဆန်းစစ်ကြည့်ရာတွင် ထိုဒေသရှိ ငွေတိုက်စာချုပ်ကုန်သွယ်မှုသည် တောင်ပိုင်းကမ်းရိုးတန်းဒေသပြည်နယ်များနှင့် အတူတူပင် ဖြစ်နေသည်။

ထိုဒေသတွင် ငွေတိုက်စာချုပ်နှင့် ရှယ်ယာများရောင်းချသည့် ပမာဏကြောင့် ကျွမ်းကျင်ပညာရှင်များသည် တောင်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသမှ လူများသည် ငွေကြေးစျေးကွက် ကုန်သွယ်မှုနှင့် ပတ်သတ်၍ ပုံမှန်သာရှိသည်လော။ သို့မဟုတ် သူတို့သည် ချမ်းသာသည့်အတွက် ငွေကြေးစျေးကွက်များတွင် ရင်းနှီးမြှုပ်နှံချင်သည်လောဟူ၍ စူးစမ်းချင်လာကြပေသည်။

အကယ်၍ အရှေ့မြောက်ပိုင်းဒေသရှိ ကုန်းတွင်းပိတ်ပြည်နယ်များ၏ငွေကြေးစျေးကွက်များတောင် အလွန်အောင်မြင်ခဲ့လျှင် ယင်းအဓိပ္ပာယ်က ပြည်နယ်တစ်ခုလုံး၏ လူဦးရေအကုန်လုံးသည် ငွေတိုက်စာချုပ်အကြောင်းကို နားလည်ကာ ထိုသူများသည် ငွေကြေးစျေးကွက်ကို ဖွင့်လှစ်ရန်ကာ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးကို အမှီလိုက်ရန် အဆင်သင့် ဖြစ်ကောင်းဖြစ်နိုင်မည်ဟု ဆိုနိုင်ပေသည်။

ထိုဘောဂဗေဒပညာရှင်အားလုံး သဘောတူညီကြသည်က ယခုအချိန်သည် စတော့အိတ်ချိန်းကို စတင်တည်ထောင်ပြီး စျေးကွက်ကို လှုံ့ဆော်ကာ သုံးစွဲခြင်းကို ပိုအားပေးရန်အတွက် သတင်းလွှင့်ရန်အချိန် ရောက်လာပြီဖြစ်သည်။ သူတို့သည် သူတို့ခန့်မှန်းထားသည့်အတိုင်း စတော့စျေးကွက်၏တိုးတက်မှုကို မြင်ချင်နေကြပေသည်။

ဖုန်းယွီက ထိုဆောင်းပါးကို ဖတ်လိုက်ပြီးနောက် စတော့များသည်လည်း မြင့်တက်လာတော့မည်ဖြစ်ကြောင်း သိရှိသွားပေသည်။ ရှယ်ယာများကို ဝယ်ယူသည်မှာ မကြာသေးသော်ငြား ကုမ္ပဏီရှိလူများအားလုံးသည် စိုးရိမ်ကြောင့်ကြမှုများ ရှိနေကြသည်။ အထူးသဖြင့် လီရှစ်ချင်ဖြစ်ပေသည်။

ထိုက်ဟွကုန်သွယ်ရေးရှိ ဝန်ထမ်းများသည် သူတို့၏ဘဝတစ်သက်တာစုဆောင်းမှုများ အားလုံးကို ရင်းနှီးမြှုပ်နှံရန်အတွက် အသုံးပြုခဲ့ကာ တကယ်လို့ ဤပွဲတွင် သူတို့ရှုံးခဲ့လျှင်တောင် ဖုန်းယွီက သူတို့ကို ပြန်ပေးမည်ဟု ကတိပြုထားပေသည်။ ယွမ်ရာချီက ဖုန်းယွီနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ သို့သော် လီရှစ်ချင်အတွက်မူ ကွဲပြားခြားနားနေပေသည်။ သူက ယွမ်ဆယ်သန်းကျော်ရှယ်ယာများကို ဝယ်ယူခဲ့ပြီး ချေးငွေများကိုတောင် အသုံးပြုခဲ့ပေသည်။ သူက ဘဏ်နှစ်ခုစီမှ ချေးငွေနှစ်ခါတောင် ချေးခဲ့ပေသည်။

ထိုက်ဟွကုန်သွယ်ရေးအတွက်မူ ယင်းပမာဏသည် ဘာမှမဟုတ်သော်ငြား လေနှင့်မိုးလော်ဂျစ်စတစ်အတွက်မူ ယင်းက အလွန့်ကို များပြားသည့်ပမာဏဖြစ်ပေသည်။ လေနှင့်မိုးလော်ဂျစ်စတစ်သည် သူ၏အမြတ်များကို စတင်ရကာစရှိသေးသော်ငြား အမြတ်သည် အလွန်နည်းပေသည်။ နောက်နှစ်လတွင် ပိုပြီး စီးပွားရေးဖြစ်ထွန်းမည်ဖြစ်သည်။ အကြောင်းမှာ သီးနှံများရိတ်သိမ်းခြင်းသည်လည်း ပြီးဆုံးတော့မည်ဖြစ်ပေသည်။ သို့သော် ထိုစီးပွားရေးမှ ရမည့်အမြတ်သည် ချေးငွေနှင့်နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ပေ။

လစဉ်အတိုးနှုန်းကတောင် လီရှစ်ချင်ကို သတ်နေလေသည်။ ဘာ့ကြောင့် ဟောင်ကောင်ဘဏ်များသည် ICBC ဘဏ်ထက် အတိုးနှုန်းများရသနည်း။

ဖုန်းယွီက သူ့အားပြောသည်မှာ သူတို့ဝယ်ယူသည့် ရှယ်ယာများသည် ပိုက်ဆံဆုံးရှုံးမည်မဟုတ်။ ပြီးနောက် နှစ်ကုန်ပိုင်းမှစတင်ကာ စျေးမြင့်တက်လာမည်ဖြစ်သည်။ သို့သော် နှစ်လခန့်ကြာသည့်တိုင် ရှယ်ယာများစျေးမြင့်မည့်လက္ခဏာ လုံးဝမှ မတွေ့ရသေးချေ။ အဘယ့်ကြောင့် သူ ဂဏှာမငြိမ်မဖြစ်ဘဲ နေရမည်နည်း။

သူက ထိုက်ဟွကုန်သွယ်ရေးမှ ထွက်ခွာပြီး သူ၏လော်ဂျစ်စတစ်ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ အကယ်၍ သူက ဤရင်းနှီးမြှုပ်နှံမှုတွင် ဆုံးရှုံးလျှင် သူ့အနေဖြင့် ထိုက်ဟွကုန်သွယ်ရေးသို့ ပြန်သွားကာ အလုပ်လုပ်ရန်သာ ရှိပေသည်။ နေ့တိုင်းရက်တိုင်းနီးပါး လီရှစ်ချင်က ဘဏ်ရှိ အစုရှယ်ယာရောင်းချသည့်ကောင်တာကို သွားပြီး ရှယ်ယာများ၏စျေးနှုန်းကို စစ်ဆေးကြည့်နေသည်။ သို့သော် အချိန်တိုင်း အချိန်တိုင်း သူ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သည်။ သူဝယ်ယူခဲ့သည့် ရှယ်

ယာများ၏စျေးနှုန်းမှာ ပြောင်းလဲမှု တစ်စွန်းတစ်စမှ မရှိသေးပေ။

ယနေ့တွင် သူသည် ဘဏ်ကို တဖန်သွားခဲ့ပြီး တူညီသည့်အဖြေကိုသာ ရရှိခဲ့သည်။ ကောင်တာရှိမိန်းကလေး၏ မျက်လုံးများ၌ လီရှစ်ချင်သည် အလွန်သနားစရာကောင်းနေပေသည်။

သို့သော် ကုမ္ပဏီသို့ ပြန်လာပြီးနောက် လီရှစ်ချင်သည် သူ့ရုံးခန်းတွင် ထိုင်ကာ စီးကရက်ကို ငြီးငွေ့စွာဖြင့် သောက်နေလေသည်။ တစ်စုံတစ်ယောက်က သူ၏တံခါးကို ခေါက်လိုက်ပြီးနောက် သူက ထိုပုဂ္ဂိုလ်ကို အထဲသို့ဝင်လာရန် ပြောလိုက်လေသည်။ ဘာထပ်မှားသနည်း။ သေးငယ်သည့်ကိစ္စများကိုတောင် သူ့အား ဆွေးနွေးရန်လိုအပ်သည်လော။ ထိုလူများကို ငှားသည့်ရည်ရွယ်ချက်က အဘယ်နည်း။

“ယောက်ဖ၊ ဆေးလိပ်ထပ်သောက်ပြန်ပြီလား၊ ကျွန်တော့်ရဲ့အစ်မက ကိုယ်ဝန်နဲ့နော်၊ အစ်ကို ကျွန်တော့်ကို ဆေးလိပ်ဖြတ်မယ်လို့ မပြောခဲ့ဘူးလား ”

ဖုန်းယွီက ရယ်မောက မေးလိုက်လေသည်။

လီရှစ်ချင်က ဖုန်းယွီကို ကြည့်လိုက်ပြီးနောက် သူ့ခေါင်းကို အောက်ငိုက်စိုက်လိုက်ကာ ဆေးလိပ်ဆက်သောက်နေတော့သည်။

“ယောက်ဖ၊ ဒီမယ် သတင်းစာကို ကြည့်လိုက်ဦး ”

“သတင်းစာဖတ်ရမှာလား၊ ဘာလို့ ငါတို့တွေက ဒီလိုဆောင်းပါးတွေကို ဖတ်ဖို့ လိုအပ်တာလဲ ”

လီရှစ်ချင်က ဖုန်းယွီပေးလိုက်သည့် သတင်းစာကို ယူလိုက်ပြီးနောက် ဆောင်းပါး၏ခေါင်းစဉ်ကို တစ်ချက်ကြည့်လိုက်သည်။

xxx ခေါင်းဆောင်သည် xxx စက်ရုံသို့ လည်ပတ်ခဲ့သည်။ ထိုသတင်းက ဘာများ အထူးတလည် ဖြစ်နေရသနည်း။ သူက သတင်းစာကို လှန်လိုက်ပြီးနောက် တင်ပြချက်သည်လည်း အကုန်လုံးနီးပါး တူညီပေသည်။

ထိုသတင်းစာကို ချရန် ပြင်လိုက်သည့်အချိန်တွင် သူရုတ်တရက် စတော့ဆိုသည့် စကားလုံးကို တွေ့သွားသည်။ ထိုစကားလုံးက သူ့အတွက် မှော်ပညာတစ်ခုနှင့်တူပြီး ချက်ချင်းဆိုသလိုပင် သူ့၏အာရုံဖမ်းစားမှုကို ချက်ချင်းသိမ်းပိုက်လိုက်တော့သည်။

?

သူက ထိုဆောင်းပါးကို စိတ်ရှည်သည်းခံစွာဖြင့် ဖတ်လိုက်ပြီးနောက် သူသည် စိတ်အားတက်ကြွဝမ်းသာလာတော့သည်။

ဖုန်းယွီက သူ့ကို အရင်က ပြောဖူးသည်က တရုတ်နိုင်ငံအနေဖြင့် စတော့အိတ်ချိန်းကို တည်ထောင်ပြီး ငွေကြေးထုတ်ကုန်များကို ကုန်သွယ်ရန် အားပေးပြီးနောက် ထိုအချိန်သည် သူတို့၏စတော့များ မြင့်တက်လာတော့မည့်အချိန်ဟု ပြောခဲ့ဖူးပေသည်။

ဒီအရာက --- အကယ်၍ အစိုးရအနေဖြင့် စတော့အိတ်ချိန်းကို တည်ထောင်မည်ဆိုပါက ထိုအရာက သေချာပေါက် တည်ထောင်မည်ပင် ဖြစ်သည်။

စတော့အိတ်ချိန်းတည်ထောင်လျှင် သူတို့၏ရှယ်ယာများအားလုံးသည်လည်း မြင့်တက်လာမည်ပင်။

လီရှစ်ချင်က ကြည့်တာပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“ရှောင်ယွီ ဒါက မင်းအရင်က ပြောခဲ့တာ မဟုတ်ဘူးလား ”

ဖုန်းယွီက ရယ်ကာ ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် ထိုအရာ ဒီလောက်မြန်မြန်ဖြစ်လာမည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။

လီရှစ်ချင်က ထခုန်လိုက်ပြီး အောင်မြင်မှုကို ခံစားသည့်အနေဖြင့် သူ၏လက်သီးကို ဝှေ့ယမ်းလိုက်ကာ

“ငါနိုင်ပြီ၊ ငါ ဒီရင်းနှီးမြှုပ်နှံမှုမှာ ငါ နိုင်ပြီ ”

All Chapters