ဦးနှောက်ဆေးကြောခြင်း
Vol. 12 Ch. 170
တစ်ပတ်ကြာပြီးနောက် ထိုက်ဟွကုန်သွယ်ရေးမှ ဝန်ထမ်းအားလုံးနှင့် လီရှစ်ချင်သည် အစည်းအဝေးခန်းမတွင် ထိုင်နေကြသည်။ သူတို့သည် အလုပ်ကိစ္စနှင့် ပတ်သတ်၍ ဆွေးနွေးကြခြင်း မဟုတ်ပေ။ သို့သော် ဖုန်းယွီသည် သတင်းကောင်းများရှိကာ သူတို့၏ ဂဏှာမငြိမ်ဖြစ်နေသည့် နှလုံးသားများကို သက်သာစေမည်ပင် ဖြစ်သည်။
“အရင်အပတ်က XXXက တင်ပြချက်အရ စတော့အိပ်ချိန်းတွေ မကြာခင်မှာ ဖွင့်တော့မယ်။ အဲ့ဒါက ငါမင်းတို့ကိုပြောတဲ့ ရှယ်ယာတန်ဖိုးတွေ မြင့်တက်တော့မဲ့ အချိန်ပဲ။ ပြီးတော့ မင်းတို့တွေအကုန်လုံး ဘဏ်ကိုတိတ်တဆိတ်သွားပြီး စတော့ဈေးတွေကို စစ်ဆေးနေတယ်ဆိုတာကိုလည်း ငါသိထားတယ်။ အခုကစပြီးတော့ အရင်ကနေ အခုထက်ထိ စတော့ဈေးတွေနဲ့ ပတ်သတ်ပြီးတော့ ပြောင်းလဲမှုတွေက မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ကစပြီးတော့ မင်းတို့တွေအကုန်လုံး စိုးရိမ်စရာ မလိုတော့ဘူး။ ငါရှန်ဟိုင်းက သတင်းတစ်ခု ရထားတယ်။ ရှယ်ယာတွေက စတင်မြင့်တက်နေပြီ။ ”
ချပ် ချပ် ချပ်
လူတိုင်းလူတိုင်းက လက်ခုပ်တီးကြသည်။ သူတို့၏ ရှယ်ယာများသည် တန်ဖိုးနှစ်ဆ ဖြစ်လာမည်ကို မြင်နိုင်ကြကာ သူတို့၏ငွေများသည်လည်း တိုးလာမည်ပင် ဖြစ်သည်။
ဖုန်းယွီက သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဆက်ပြောလိုက်သည်။
“ငါမင်းတို့အကုန်လုံးကို အရင်ကပြောတာက ရှယ်ယာတွေရဲ့ တန်ဖိုးက နှစ်နှစ်အတွင်းမှာ အဆပေါင်းများစွာ တိုးတက်လိမ့်မယ်။ မင်းတို့တွေမှာ ချေးငှားထားတဲ့အရာအချို့ ရှိချင်ရှိလိမ့်မယ်။ ဒါပေမဲ့ ငါမင်းတို့အားလုံးကို ဒီမှာပြောနိုင်တာက ငါတို့တွေက ရှယ်ယာဈေးကွက်ကို ပထမဦးဆုံး စနိုင်မဲ့သူပဲ။ ငါတို့ရဲ့နိုင်ငံက အခုလက်ရှိမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားမာန်အပြည့်နဲ့ ထောက်ပံ့နေတယ်။ အမျိုးမျိုးသော ပေါ်လစီတွေက ငါတို့ရဲ့ဘဝကို ပိုကောင်းအောင် ပြုလုပ်ပေးနေတယ်။ မကြာတော့တဲ့ အချိန်အတွင်းမှာ ငါတို့ရဲ့ မိသားစုတွေက ချမ်းသာတဲ့အဆင့်ကို ရောက်လိမ့်မယ်။ ”
“ဒါတွေအားလုံးက လက်တွေ့မှမဟုတ်တာ။ ”
အခန်းထဲရှိ လူများအားလုံးက ဖုန်းယွီ၏စကားလုံးများကြောင့် ကြောင်တောင်တောင် ဖြစ်နေကြသည်။ ယင်းအဓိပ္ပာယ်က မည်သို့နည်း။ မန်နေဂျာဖုန်းက အမျိုးသား နိုင်ငံရေးပေါ်လစီတွေကို သံသယ ဝင်နေတာလား။ လီရှစ်ချင်သည် ဖုန်းယွီကို သူ၏မျက်လုံးဖြင့် အချက်ပြရန် ကြိုးစားသည်။ ယင်းအချက်သည် နောက်စရာကိစ္စ မဟုတ်ပေ။ ဖုန်းယွီ၏ ဝန်ထမ်းများသည် အာဏာပိုင်များကို အစီရင်ခံရန်အတွက် ငွေကြေးပမာဏ ဘယ်လောက်သတ်မှတ်ထားသည်ကို တားဆီး၍မရပေ။
“အမျိုးသား ပေါ်လစီတွေက မှန်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက အဲ့ဒီအကြောင်းအရာကို စဉ်းစားမှု မရှိကြဘူး။ လူတိုင်းလူတိုင်းရဲ့ အခြေအနေက ကွဲပြားတယ်။ ပညာရေး အဆင့်အတန်းကလည်း ကွဲပြားတယ်။ အတွေ့အကြုံကလည်း ကွဲပြားတယ်။ ပြီးတော့ ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ မတူကွဲပြားတဲ့ အမြင်တွေရှိကြတယ်။ ဘဝနဲ့ သူတို့ရဲ့အနာဂတ်တွေကို ပိုပြီးကောင်းမွန်အောင် လုပ်ဖို့ပဲ။ ဒီအတွက်ကြောင့်ပဲ ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီးက ပြောခဲ့တာက လူအုပ်စုအသေးလေးကို ပထမဦးဆုံး ချမ်းသာကြွယ်ဝခွင့် ပေးမယ်။ ပြီးရင် ချမ်းသာလာတဲ့ အခါကျရင် အဲ့ဒီအုပ်စုက လူတွေက အခြားသူတွေကို ချမ်းသာဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် ဦးဆောင်နိုင်မယ်။ မင်းတို့တွေအကုန်လုံး ဒီအဓိပ္ပာယ်ကို သိကြရဲ့လား။ ”
နှစ်ယောက်သုံးယောက်သာ ခေါင်းညိတ်ကြသည်။ ကျန်သည့်ဝန်ထမ်းများက မိန်းမောတွေဝေနေဆဲ ဖြစ်သည်။ သူတို့သည် စက်ပစ္စည်းစက်ရုံတွင် မူလတန်းအဆင့်ထိသာ ပညာသင်ကြားရသည်။ သူတို့သည် စက်ရုံတွင်ရှိသည့် သူတို့မိဘ၏အလုပ်ကို လက်ဆင့်ကမ်းရန်အတွက် ရည်ရွယ်ခဲ့ကြသည်။ အကယ်၍ သူတို့သည် စာပေလေ့လာမှုတွင် အားကောင်းပါက အထက်တန်းကျောင်း သို့မဟုတ် တက္ကသိုလ်တောင် ဆက်တက်နိုင်ပေသည်။
ယခုဖုန်းယွီပြောနေသည့် အရာများက သူတို့ဆရာဆရာမများ အရင်က ပြောသည့်အတိုင်းပင်။ သို့သော် သူတို့များမှ အားလုံးနီးပါးသည် ယင်းအကြောင်းအရာကို မေ့သွားကြပြီဖြစ်သည်။
ဖုန်းယွီက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ သူ့အနေဖြင့် ထိုလူများကို အနာဂတ်တွင် ညကျောင်းကို ပို့ကိုပို့ရပေမည်။ ထိုလူများသည် အနာဂတ်တွင် ထိုက်ဟွကုန်သွယ်ရေး၏ အလယ်တန်းအဆင့် စီမံခန့်ခွဲသူများ ဖြစ်ကြပေမည်။ သူတို့ဘယ်လိုလုပ် ပညာမတက်ဘဲ နေရမည်နည်း။
“တကယ်လို့ မင်းတို့တွေ နားမလည်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ မင်းတို့တွေအကုန်လုံး နားလည်အောင် ရှင်းပြရမယ်ဆိုရင်တော့ အဲ့ဒီပြောခဲ့တဲ့အရာကို ကြီးမြတ်တဲ့ခေါင်းဆောင်က ပြောခဲ့တာ။ ပြီးတော့အဲ့ဒါက တိုင်းပြည်ရဲ့ ပေါ်လစီတစ်ခု ငါမင်းတို့ကို ပြောချင်တာက တိုင်းပြည်ကလူအချို့ကို ပထမဦးစွာဖြင့် ချမ်းသာခွင့်ပေးတယ်။ ဘာကြောင့်မို့လို့ ငါတို့အနေနဲ့ ချမ်းသာခွင့် ပထမဦးဆုံး ရတဲ့လူတွေထဲမှာ ဘယ်လိုလုပ် မဖြစ်ဘဲနေရမှာလဲ။ ”
ဝူကျီကန်းနှင့် ကျန်သည့်သူများက အချင်းချင်း ကြည့်လိုက်ကြသည်။ ပြီးနောက် သူတို့၏ မျက်လုံးထဲတွင် စိတ်အားထက်သန်မှု ရှိနေသည်ကို မြင်နိုင်ပေ၏။
ထိုအချက်တွေက အမှန်ပင်။ သူတို့အနေဖြင့် ပထမဦးဆုံး ချမ်းသာခွင့် ရရှိသည့် အုပ်စုတစ်စု အဘယ့်ကြောင့် မဖြစ်နိုင်ရမည်နည်း။ သူတို့တွေက ပထမဦးဆုံး ချမ်းသာနိုင်သည့် သူများပင်ဖြစ်ပေသည်။
“ပထမဦးဆုံး ချမ်းသာကြွယ်ဝမဲ့လူတွေ။ ဘယ်သူတွေက ချမ်းသာကြွယ်ဝမှုကို ရနိုင်မှာလဲ။ စက်ရုံတွေ အလုပ်ရုံတွေမှာ အလုပ်လုပ်တာက ကျွန်တော်တို့ကို ဘယ်တော့မှ ချမ်းသာနိုင်မှာ မဟုတ်ဘူး။ ”
ဖုန်းယွီထိုသို့ပြောပြီးနောက် ကျန်သည့်သူများကလည်း လိုက်အော်ကြကာ ရယ်မောနေကြသည်။ သူတို့အားလုံးသည် စက်ရုံများနှင့် အစိုးရပိုင် လုပ်ငန်းများတွင် အလုပ်လုပ်ရသည်ထက်ပင် ဝင်ငွေပိုများပေသည်။ လီရှစ်ချင်သည် စက်ရုံအဆောင်သို့သွားပြီး လူစုဆောင်းခင် အခေါက်က ဝူကျီကန်းအရွယ်ရှိ ကလေကချေလူငယ်သည် ရာပေါင်းများစွာ ရှိကြကာ လူတစ်ဒါဇင်ကျော်ခန့်သာ သူ၏အလုပ်ကို လက်ခံကြပေသည်။ ကျန်သည့်သူများသည် ခုံတန်းများတွင် ထိုင်နေသည်။ ပြီးနောက် အချို့သောသူများက ထိုအလုပ်ကို လက်ခံသည်ဟူ၍ ဝူကျီကန်းကိုတောင် ရယ်ကြပေသည်။ သူတို့အတွက်မူ စက်ရုံအလုပ်ကို ထမင်းစားအိုးအလုပ်ဟု မှတ်ယူကာ စွန့်ပစ်ခြင်းက ရူးမိုက်ရာကျပြီး ငွေတိုက်စာချုပ် ကုန်သွယ်မှုက ယာယီမျှသာဖြစ်သည်။
သူတို့ကို လှောင်ပြောင်ခဲ့သည့် သူများသည် လက်ရှိတွင် နောင်တရနေပြီဖြစ်သည်။ မကြာသေးမီက သူတို့ထဲမှ အများစုသည် ထိုက်ဟွကုန်သွယ်ရေးသို့ အလုပ်ဝင်ချင်ကြသည်။ သို့သော် ထိုက်ဟွကုန်သွယ်ရေးသည် လူအများကြီး မလိုအပ်ပေ။ ထိုက်ဟွကုမ္မဏီတွင် သူတို့သည် ဆိုဗီယက် ပြည်ထောင်စုနှင့် ပမာဏများစွာ ကုန်သွယ်ရသဖြင့် များစွာလုပ်ရသော်ငြား ထိုအလုပ်သည် သက်တောင့်သက်သာ ရှိသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။
အစပိုင်းတွင် ဖုန်းယွီက သူကိုယ်တိုင်သာ အရာအားလုံးကို ဦးဆောင်လုပ်ပြီး အခြားသူများ အားလုံးကို သူ၏လမ်းညွှန်မှုအောက်တွင်သာ အလုပ်လုပ်စေသည်။ သို့သော် ယခုတွင် ကာလကြာရှည်လာသည်နှင့်အမျှ ထိုဝန်ထမ်းများသည်လည်း အလုပ်ဘယ်လို လုပ်ရမည်ဆိုသည်ကို နားလည်လာကြကာ သူတို့ထဲမှ အချို့သောသူများသည် လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ကြပြီ ဖြစ်သည်။
ထိုက်ဟွကုန်သွယ်ရေးက လူများကို အလုပ်လုပ်ရန် ကမ်းလှမ်းမှုကို အစပိုင်းက ကမ်းလှမ်းခဲ့သည်။ သို့သော်သူတို့က ပယ်ချခဲ့၏။ ယခုလက်ရှိတွင် သူတို့ နောင်တကြီးမားစွာ ရနေပေသည်။
“ချမ်းသာတဲ့ လူတွေမှာလည်း သူ့ပြဿနာနဲ့သူတော့ ရှိနေတာပဲ။ အန္တရာယ်တွေကို စွန့်စားရဲရမယ်။ စွန့်ဦးတီထွင် လုပ်ငန်းလုပ်သူတွေ စက်ရုံကို တည်ထောင်တဲ့လူတွေ ကုန်သွယ်မှု ဒါမှမဟုတ်ဘူးဆိုရင် ရင်းနှီးမြုပ်နှံမှု လုပ်နေတာတွေ အဲ့ဒါတွေ အကုန်လုံးက ထိုက်ဟွကုန်သွယ်ရေး ယခုလက်ရှိ လုပ်နေတဲ့ အရာတွေကြီးပဲ။ အဲ့ဒီစီးပွားရေး လုပ်ငန်းတွေထဲမှာ မင်းတို့တွေအနေနဲ့ ဘယ်ဟာက အကျိုးအမြတ် အများဆုံးလို့ထင်လဲ။ ”
ဝူကျီကန်းက ခိုင်မာစွာဖြင့် ပြန်ဖြေလိုက်သည်။
“အဲ့ဒီစီးပွားရေးက သေချာပေါက်ကို လေနှင့်မိုး လျှပ်စစ်ပန်ကာနဲ့ ရေနွေးငွေ့စက်တွေပဲ။ တစ်နှစ်ကျော်ကြာအတွင်းမှာ ကျွန်တော်တို့တွေက ယွမ်ဆယ်သန်းကျော် ရှာနိုင်ခဲ့တယ်။ ”
“မဟုတ်ဘူး။ အဲ့ဒါက ဆိုဗီယက်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေး ဖြစ်သင့်တာ။ တကယ်လို့ ကျွန်တော်တို့က ကြီးမားတဲ့ အကြီးစားအဆင့်မြင့် စက်ပစ္စည်းတွေ ရောက်လာတယ်ဆိုရင် အမြတ်ကလည်း ယွမ်ဆယ်သန်းထက်ကျော်မယ်။ ”
“အဲ့ဒီစီးပွားရေးက စက်ယန္တရားစက်ရုံမှာ ရင်းနှီးမြုပ်နှံမှု ဖြစ်သင့်တယ်။ ကျွန်တော်ကြားတာကတော့ စက်ယန္တရားစက်ရုံမှာ စက်ယန္တရားကုမ္မဏီက ထုတ်လုပ်တဲ့ လယ်ယာသုံး စက်ပစ္စည်းတွေက ရောင်းကောင်းတယ်။ ”
“ဘယ်သူမှ ရှယ်ယာရင်းနှီးမြုပ်နှံခြင်းကို မစဉ်းစားကြမိဘူးလား။ ”
ဖုန်းယွီက ကျယ်လောင်စွာဖြင့် အော်လိုက်သည်။
သူတို့ထဲမှ လူတိုင်းလူတိုင်းသည် စတော့သည် အမြတ်အများဆုံး ရမည်ဟု ဆုတောင်းနေပြီး ဖုန်းယွီသည်လည်း ထိုအမြတ်သည် အဆပေါင်းများစွာ ခုန်တက်လိမ့်မည်ဟု ပြောခဲ့သည်။ သို့သော် နှစ်လသုံးလ ကြာသည့်သော်ငြား သူတို့အနေဖြင့် ဈေးတက်မှု တစ်စုံတစ်ရာကို မတွေ့ရသေးပေ။
“ငါအခုဒီမှာပဲ ပြောလိုက်မယ်။ စတော့ဈေးကွက်မှာ ရင်းနှီးမြုပ်နှံခြင်းကို နောက်နှစ်တွေအထိ အာရုံစိုက်မယ်။ ပြီးတော့အဲ့ဒါက ကုမ္မဏီရဲ့ အမြတ်အများဆုံးရတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်လိမ့်မယ်။ ”
စတော့များတွင် ရင်းနှီးမြုပ်နှံခြင်းကြောင့် ထိုက်ဟွကုန်သွယ်ရေးသည် အခွံ့နီးပါးသာ ကျန်တော့သည်။ ရရှိသမျှ ငွေများအားလုံးကို ရှယ်ယာများဝယ်ရန်နှင့် မော်တော်ဆိုင်ကယ် လမ်းကြောင်းနှင့် နည်းပညာများဝယ်ရန် အသုံးပြုခဲ့သည်။ သူတို့က အသေးစား စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများ ရောင်းချခြင်းမှရသည့် ငွေများအားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့နှစ်တွေတုန်းက တရုတ်နိုင်ငံရဲ့ ငွေရေးကြေးရေး အခန်းကဏ္ဍကဘာလဲ။ ဘဏ်တွေပဲ။ ဒါပေမဲ့ ဘဏ်တစ်ခုထဲ ရှိဖို့ဆိုတာက လုံလောက်တဲ့ အရာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ပဲ တိုင်းပြည်က အာမခံအခန်းကဏ္ဍကိုလည်း သွားပေနေတယ်။ မင်းတို့နားထဲကလူတွေ အာမခံကြေးကို ဝယ်တာကို ကြားဖူးမယ်လို့ ငါလုံးဝအာမခံတယ်။ ငါ့အနေနဲ့ မင်းတို့အားလုံးကို ပြောနိုင်တာက အဲ့ဒီအာမခံ ကိုယ်စားလှယ်တွေက အလုပ်လုပ်တဲ့ လူတန်းစားတွေထက် ငွေပိုရတယ်။ ရှယ်ယာတွေနဲ့ အာမခံတွေက အတူတူပဲ။ သူတို့တွေအကုန်လုံးက ငွေရေးကြေးရေး ကဏ္ဍတွေ တစ်ခုပဲ ကွဲပြားခြားနားတာက အာမခံကဏ္ဍဆိုတာက စောစောကတည်းက ဖွံ့ဖြိုးပြီးသား။ ဒါပေမဲ့ စတော့ဈေးကွက်ကတော့ အခုမှစရုံပဲရှိတာ။ မင်းတို့တွေအကုန်လုံး အစိုးရက ကဏ္ဍအသစ်ကို တွန်းအားပေးမယ်လို့ယုံလား။ အဲ့ဒီအခန်းကဏ္ဍမှာ ပထမဦးဆုံး စာရင်းသွင်းခံရတဲ့ လူတွေက ပထမဦးဆုံး ရွှေအိုးကိုရမဲ့လူတွေ မဟုတ်ဘူးလား။ ”
လူတိုင်းလူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ထိုလူများသည် လုံးဝဥသုံ ဖုန်းယွီပြောတာကို နားမလည်သော်ငြား သူတို့အတွက် ယင်းက အဓိပ္ပာယ်ရှိပေသည်။
“ယခုလက်ရှိမှာ အစိုးရက သူတို့ရဲ့အာရုံစိုက်မှုတွေ အကုန်လုံးကို စတော့ဈေးကွက်ထဲမှာ ထားနေတယ်။ ပြီးတော့ ပထမဦးဆုံး အစုရှယ်ယာဝင် ကုမ္မဏီတွေက အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်မှာပဲ။ အဲ့ဒီအတွက်ကြောင့်မို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့ စိုးရိမ်စရာ မလိုဘူး။ အဲ့ဒီကုမ္မဏီတွေထဲမှာ အလက်ထရောနစ် စက်မှုလုပ်ငန်းတွေရှိတယ်။ ချည်ထည်စက်မှု လုပ်ငန်းတွေရှိတယ်။ သံမဏိ စက်မှုလုပ်ငန်းတွေရှိတယ်။ စက်ယန္တရား စက်မှုလုပ်ငန်းတွေ ရှိသေးတယ်။ အစရှိသဖြင့် အများကြီးရှိတယ်။ ဘင်းမြို့တော် တစ်ခုထဲကိုကြည့်လိုက်။ အဲ့ဒီစက်ရုံတွေထဲက ဘယ်ကုမ္မဏီက ဆုံးရှုံးလို့လဲ။ ”
“ဒါကြောင့်မို့လို့ပဲ မင်းတို့အားလုံးကို စိုးရိမ်ပူပန်စရာ မလိုဘဲ စိတ်ရှည်ရှည် စောင့်လို့ပြောတာ။ မင်းတို့တွေက ရှယ်ယာတွေကို ကိုယ်တိုင်ကိုယ်ကျ ဝယ်ထားတယ်ဆိုတာလည်း သိပြီးသား။ ဒါပေမဲ့ အဲ့ဒီဟာက ပြဿနာမရှိဘူး။ ဒါပေမဲ့ မင်းတို့အကုန်လုံးကို သတိပေးချင်တာက အဲ့ဒီရှယ်ယာတွေကို လက်ထဲမှာကိုင်ထား မရောင်းသေးနဲ့အုံး။ ငါမင်းတို့ကို ရောင်းရမဲ့ အချိန်ရောက်ရင် ပြန်ပြောပြပေးမယ်”
ဖုန်းယွီထိုသို့ ပြောလိုက်သည့်အခါ များစွာသော လူများသည် သူတို့၏ခေါင်းကို ငုံ့လိုက်ကြသည်။
“အခုလက်ရှိ မင်းတို့အကုန်လုံးက စိုးရိမ်နေဆဲပဲ။ ဒါပေမဲ့ စိတ်ချထားလိုက်။ ဒီနှစ်ကုန်ပိုင်း စုကြေးကိုတော့ ငါမင်းတို့အားလုံးအတွက် မော်တော်ဆိုင်ကယ် စီစဉ်ထားတယ်။ အဲ့ဒီမော်တော် ဆိုင်ကယ်တွေက ဘင်းမြို့တော်ကနေ ထုတ်လုပ်တဲ့ ပထမအသုတ် မော်တော်ဆိုင်ကယ်တွေပဲ။ မော်တော်ဆိုင်ကယ် တစ်စီးချင်းစီက ယွမ်တစ်သောင်းကျော် တန်ဖိုးရှိတယ်။ နောက်ထပ်(၂)နှစ်ကျရင် ရှယ်ယာတွေရောင်းပြီးတဲ့နောက် ငါမင်းတို့ တစ်ယောက်ချင်းစီ အကုန်လုံးကို ကားဝယ်နိုင်မယ်လို့ ငါအာမခံရဲတယ်။ ”
....
လေးနာရီခန့် ကြာပြီးနောက် ဖုန်းယွီသည် သူတို့၏အတွေးကို ပြောင်းလဲနိုင်ခဲ့သည်။ ငါမင်းတို့ထက် ပိုပြီးတော့ အသိပညာ ဗဟုသုတ ကြွယ်ဝတယ်။ ပြီးတော့ ငါမင်းတို့ထက်လည်း အမြင်ရှိတယ်။ တကယ်လို့မင်းတို့ ငါ့နောက်လိုက်တယ်ဆိုရင် မင်းတို့တွေ ပိုက်ဆံတွေ အများကြီးရမယ်ဆိုရင် ငါကတိပေးရဲတယ်။
ဖုန်းယွီက တစ်ယောက်ချင်းစီ၏ မျက်နှာသွင်ပြင်ကို ကြည့်လိုက်သည်။ သူတို့၏ ရှယ်ယာများ အကုန်ရောင်းလိုက်သည့်အခါ သူတို့အနေဖြင့် ဖုန်းယွီကို နတ်ဘုရားတစ်ပါးဟု ရှု့မြင်ကြပေမည်။ ထိုဦးနှောက်ဆေးသည့် အခန်းကဏ္ဍ အစီအစဉ်သည် အောင်မြင်သွားမည် ဖြစ်သည်။