ကျောင်းများသို့ လှူဒါန်းခြင်း
Vol. 12 Ch. 171
လစဉ်လတိုင်း ဦးနှောက်ဆေးမည့် အစီအစဉ် ပြီးဆုံးသွားပြီးနောက် ဖုန်းယွီက နောက်ထပ်လုပ်ရမည့် အလုပ်များကို ခွဲဝေသတ်မှတ်ပြီးနောက် လီရှစ်ချင်နှင့်အတူ အိမ်သို့ပြန်ခဲ့သည်။
“ရှောင်ယွီ မင်းအခုလက်ရှိ ဘာတွေပြောနေတာကို ငါနားမလည်နိုင်ဘူး။ မင်းကငါတို့ကို ရှယ်ယာတွေကို လက်ထဲမှာပဲ ဆက်ထားစေချင်တာလား။ ”
“ယောက်ဖ သေချာတာပေါ့ ကျွန်တော်တို့တွေက စောင့်ရမယ်။ အဲ့ဒီအတွက် စိတ်မပူပါနဲ့။ ကျွန်တော်တို့တွေက ပိုက်ဆံတွေအများကြီး ရှာနိုင်မှာပါ။ အစ်ကိုအခုလက်ရှိ စိတ်ပူရမှာက ကျွန်တော်ရဲ့အမပဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက စိတ်တိုလွယ်တယ်။ အစ်ကိုသေချာပေါက် သဘောထား ကြီးပေးရမယ်။ ”
“မဟုတ်ဘူး။ တကယ်လို့မင်းအမက စိတ်ဆိုးရင်တော့ အဲ့ဒါတွေအကုန်လုံးက ငါ့ရဲ့အပြစ်တွေကြောင့်ပဲ။ ”
လီရှစ်ချင်က သူ၏ကိုယ်ဝန်ဆောင်ထားသည့် ဇနီးအကြောင်း ပြောလိုက်သည့်အခါ သူ့မျက်နှာထက်တွင် ကျေနပ်အားရစေသည့် အပြုံးတစ်ပွင့် ပေါ်လာသေးသည်။
မိန်းမတွေရဲ့ ပုံမှန်ကျွန် တစ်ယောက်ပါပဲလား။
သို့သော် ဖုန်းယွီက ကျေနပ်နေဆဲပင်။ လီရှစ်ချင်၏ဇနီးသည် သူ၏အမလည်း ဖြစ်ပေသည်။
ဖုန်းယွီက လီရှစ်ချင်ကို ဦးနှောက်ဆေးရန် မကြိုးစားပေ။ ထို့အတွက်လည်း လိုအပ်ခြင်းမရှိ။ အနာဂတ်တွင် လီရှစ်ချင်သည် လော်ဂျစ်စတစ် ကဏ္ဍတွင်သာ အာရုံစိုက်ရန် လိုအပ်ပြီး ယင်းကဏ္ဍသည် အလားအလာကောင်းများ အလွန်ပင် ကြီးမားပေရာ ကောင်းမွန်သည့် မျှော်မှန်းချက်မျိုးလည်း ရှိပေသည်။ သူ့အနေဖြင့် ဖုန်းယွီနောက်လိုက်ပြီး အနာဂတ်တွင် ရှယ်ယာများ ရင်းနှီးမြုပ်နှံခြင်းမျိုး လုပ်ရန်မလိုအပ်ပေ။
ထပ်ပြောရလျှင် လီရှစ်ချင်သည် တာဝန်ခွဲဝေသည့် ပညာတွင်လည်း ကျွမ်းကျင်သည့်လူ မဟုတ်ပေ။ ဖုန်းယွီသည် သူ့အမ၏ ဆဲဆိုအော်ငေါက်သံကိုလည်း မလိုချင်ပေ။ ဆဲဆိုအော်ငေါက်ခံရလျှင်လည်း သူ့ယောကျာ်းသည် အလုပ်တွင်သာ အာရုံစိုက်နေပြီး သူမကို လျစ်လျူရှု့ကာ အိမ်သို့ပြန်မလာသည့် အတွက်ပင် ဖြစ်ပေလိမ့်မည်။
ယခုနှစ်တွင် ဖုန်းယွီသည်လည်း သူ၏ကတိများကို ဖြည့်ဆည်းပေနေသည်။ သူသည် မူလတန်းကျောင်း အဆောက်အအုံတစ်ခုကို လှူဒါန်းခဲ့သည်။ သို့သော် ယင်းအဆောက်အအုံသည် မြို့တော်တွင်မဟုတ် ဒေသတွင်ဖြစ်ကာ သူ၏တတ်ခဲ့သည့် မူလတန်းကျောင်းပင် ဖြစ်ပေသည်။
ထိုကျောင်းအဆောက်အအုံသည် (၇)ထပ်ရှိပြီး အဆောက်အဦးထဲတွင် စာကြည့်တိုက်နှင့် ဗီဒီယိုခန်းတို့ ပါရှိသည်။ ပထမထပ်မှ ခြောက်ထပ်မြောက်အထိသည် အခြေခံပညာ ပထမတန်းမှ ဆဌမတန်းအထိဖြစ်သည်။ ဆရာ၊ဆရာမများ ရုံးခန်းသည်လည်း ထိုတူညီသည့် အထပ်တွင်ရှိသည်။ ကျန်သည့်အခန်းများသည် ဖန်ရှင်ခန်းများ အုပ်ချုပ်ရေးအခန်းများ အစရှိသဖြင့် အသုံးပြုကြမည်ဖြစ်သည်။
ကျောင်း၏မူလ အဆောက်အအုံသည် တစ်ထပ်သာဖြစ်ကာ ဖြိုဖျက်ပြီးနောက် ကျောင်းသည် နေရာပို၍ ကျယ်လာပေသည်။ စာသင်ခန်းများသည်လည်း ကြီးလာကာ ခုံတန်းများနှင့် စားပွဲများသည်လည်း အကုန်အသစ်ဖြစ်သည်။ ဖုန်းယွီသည် အနာဂတ်အတွက် ကျောင်းသားများ အရေအတွက်ကိုတောင် စဉ်းစားလိုက်မိသည်။ အကယ်၍ ထိုကျောင်းသည် ယခုလက်ရှိထက် အဆငါးဆယ်ရာခိုင်နှုန်း များလာလျှင်တောင် ပြဿနာရှိမည် မဟုတ်ပေ။
ထိုဒေသရှိ လူဦးရေသည်လည်း နည်းသေးဆဲဖြစ်သည်။ ထိုဒေသက ဘင်းမြို့တော်နှင့် နီးသော်ငြား ထိုဧရိယာသည် အလွန်သေးလွန်းပေသည်။ လူနေမှု အသိုက်အဝန်းသည် နှစ်သောင်းခန့်သာရှိသည်။ တစ်နှစ်လျှင် အများဆုံးရှိနိုင်သည့် ကျောင်းသားမှာ အယောက်နှစ်ရာခန့်သာရှိကာ စာသင်ခန်းကြီး ရှစ်ခန်းရှိပေသည်။ အကယ်၍ အခန်းထဲတွင် ကျောင်းသားအယောက်လေးဆယ် ရှိပါက ထိုအဆင့်သည် ကျောင်းသား (၁၂၀)ကို ဆန့်ပေသည်။ ထိုစာသင်ခန်းများသည် ကျောင်းသား(၆၀)တောင် လုံလုံလောက်လောက် ဆန့်ပေသည်။
ထိုကျောင်းအဆောက်အအုံသည် နောင်နှစ်ပေါင်း အနှစ်(၂၀)မှ (၃၀)အထိ ခံနိုင်မည်ဖြစ်ကာ ကျောင်းအုပ်နှင့် ဒေသငှာနမှ ခေါင်းဆောင်များသည်လည်း ထိုက်ဟွကုန်သွယ်ရေး၏ လှူဒါန်းမှုကြောင့် လုံဝတုန်လှုပ်သွားပေသည်။
ပထမက သူတို့သည် ထိုလှူဒါန်းမှုက ယွမ်သုံးသိန်းမှ ငါးသိန်းခန့်သာ ရှိမည်ဟု တွေးခဲ့ကြသည်။ သို့သော် ဖုန်းယွီက ကျောင်းအဆောက်အအုံအတွက် ယွမ်တစ်သန်း လှူခဲ့သည်။ ထိုလှူဒါန်းမှုအရ ထိုကျောင်းအဆောက်အအုံသည် ဒေသတွင်းနှင့် ဘင်းမြို့တော်တွင်တောင် အကောင်းဆုံး တည်ဆောက်ထားသည့် ကျောင်းဖြစ်မည်ပင်။
ဒေသဆိုင်ရာငှာနများမှ ခေါင်းဆောင်များသည် ယင်းက ငွေဖြုန်းတီးသည်ဟု ခံစားမိကာ သူတို့အနေဖြင့် ထိုပိုက်ဆံများကို အသုံးချပြီး သူတို့၏ကိုယ်ပိုင်ရုံးခန်းများ ဖွံ့ဖြိုးရေးအတွက် လုပ်ချင်သည်။ သို့သော် ဖုန်းယွီက သူတို့ကို ပိုက်ဆံများကို မြင်တွေ့ခွင့် အခွင့်အရေးတစ်ခုတောင် မပေးပေ။
ထိုလှူဒါန်းသည့်ငွေများ စုစုပေါင်းကို ကျွမ်းကျင်ပညာရှင်တစ်ယောက်က စီမံခန့်ခွဲကာ အပတ်တိုင်း ဖုန်းယွီသည် သူ၏ဝန်ထမ်းများ သို့မဟုတ် သူကိုယ်တိုင် စာရင်းကို စစ်ဆေးလေသည်။ အုတ်များနှင့် ဆောက်လုပ်ရေးသုံး သစ်သားများကို ဒေသအတွင်းမှ ဝယ်ခဲ့ကာ စတီးနှင့် ဘိလပ်မြေများကို ဘင်းမြို့တော်မှ ဝယ်လေသည်။
ဆောက်လုပ်ရေး ကုမ္မဏီသည်လည်း ဘင်းမြို့တော်မှ ဖြစ်ပေသည်။ သူတို့က ဖုန်းယွီ၏ အရင်က ထိုက်ဟွအစားအစာ ထုတ်လုပ်သည့်စက်ရုံနှင့် ထျန်ဖုန်းဝက်ခြံ တည်ဆောက်ရေးတွင် လုပ်ခဲ့ဖူးသည်။ ပရောဂျက်မန်နေဂျာက ဖုန်းယွီကို ကောင်းကောင်းသိပေသည်။ ထိုပရောဂျက် အဆင်ပြေ ချောချောမွေ့မွေ့ဖြင့် ပြီးသွားသည်။ ဖုန်းယွီသည် သူတို့ကို နှောက်ယှက်ခြင်းမပြုဘဲ သူတို့အား ပိုတောင်ပေးမည်ပင်။ သို့သော် အကယ်၍သူတို့က ဖုန်းယွီကို လှည့်ဖျားပါက သူတို့ ဖုန်းယွီအနေဖြင့် တစ်ပြားတစ်ချပ်တောင် ပေးမည်ဖြစ်ပေသည်။ စာချုပ်ထဲတွင် အကြောင်းအရာများအားလုံးကို အတိအလင်း ဖော်ပြထားပေသည်။ နှောက်ယှက်မှုများ ဖြစ်ပေါ်ပါက သူတို့အနေဖြင့် တရားရုံးတွင် ရင်ဆိုင်ရပေမည်။
ဘာ မင်းကခေါင်းဆောင်တွေနဲ့ တွေ့ချင်တာလား။ ကိစ္စမရှိဘူး။ ဒါပေမဲ့ ပရောဂျက်မန်နေဂျာ အသေးလေးရဲ့ နောက်ခံက ဖုန်းမိသားစုထက်တောင် ကြီးနေသေးတယ်။ တကယ်လို့ ပရောဂျက် မန်နေဂျာသည် ခေါင်းဆောင်များကို ရှာချင်ပါက ထိုအချိန်သည် သူအနားယူသည့် အချိန်မှဖြစ်ပေမည်။
ဖုန်းယွီသည် ကျောင်းတည်ဆောက်ရေး ပရောဂျက်တွင် အရည်အသွေးနှင့် လုံခြုံမှုကို လုံးဝအသားပေးထားသည်။ သူ့အနေဖြင့် ရန်ပုံငွေများကို တစ်ခြားလူများကို ထိခွင့်တောင် ပေးမည်မဟုတ်ပေ။ ပြီးနောက် ဆောက်လုပ်ရေးကို စစ်ဆေးရန်အတွက် ဆောက်လုပ်ရေး အင်ဂျင်နီယာ အချို့ကိုလည်း ငှားရမ်းရပေသည်။ ထိုတည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သတ်၍ ပြဿနာ တစ်စွန်းတစ်စိမှ မရှိစေရ။
သူ၏အရင်ဘဝတွင် သတင်းစာတွင် ဖော်ပြထားချက်အရ တစ်စုံတစ်ယောက်သည် ကျောင်းတစ်ကျောင်းကို လှူခဲ့သည်။ ဘက်ဂျက်မှာ ယွမ်ငါးသိန်းဖြစ်သည်။ သို့သော် ဒေသတွင်း အာဏာပိုင်များက ယွမ်1.5သန်း လိုချင်ကြသည်။ သို့သော် ဆောက်လုပ်ရေး၏ အမှန်တကယ် ကုန်ကျငွေမှာ ယွမ်လေးသိန်းထက် အနည်းငယ်သာ ပိုပေသည်။
အချို့သော သူများက ယွမ်တစ်သန်း လှူဒါန်းကြသည်။ ပြီးနောက် ဒေသတွင်း အာဏာပိုင်များသည် ပိုက်ဆံများကို ယူလိုက်သော်လည်း ဆောက်လုပ်ရေးအတွက် ယွမ်သုံးသိန်းသာ အသုံးပြုခဲ့သည်။ ကျောင်းအဆောက်အအုံသည် ကျောင်းသားများ အတန်းထဲသို့ မဝင်ရသေးခင် ပြိုကျခဲ့သည်။
ထိုကျောင်းအဆောက်အအုံက သူ့မွေးရပ်မြေတွင်ရှိပြီး သူ့အနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို မည်သို့အဖြစ်ခံနိုင်မည်နည်း။ စိုက်ပျိုးရေးငှာနက ဖုန်းယွီကို အကယ်၍ သူကျောင်းသားဆောင်နှင့် ကျောင်းကွင်းပြင်ကို နောက်လာမည့်နှစ်တွင် ပြုပြင်ပေးပါက ကျောင်း၏နာမည်ကို ပြောင်းနိုင်မည်ဟု ပြောထားပေသည်။
ကျောင်းသို့ ပြန်လည်လှူဒါန်းခြင်းအတွက် ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွသည် မည်သည့် ကန့်ကွက်မှုမှ မရှိပေ။ ထိုသူနှစ်ယောက်သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တောင် စေတနာဝန်ထမ်း တစ်ယောက်ပမာ ကြီးကြပ်ခြင်းပြုသည်။ ဖုန်းရှင်းထိုက်သည်တောင် သူ၏အစားအစာ ထုတ်လုပ်သည့် စက်ရုံသွားသည်ကိုတောင် မသွားပေ။
ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွသည် ငွေကြေးထောက်ပံ့သည့် အလုပ်များကို စိတ်ဝင်စားသည်လော။ ဟာသလုပ်တာ ရပ်ရမည်ပင်။ အကြောင်းမှာ ထိုကျောင်းအဆောက်အအုံကို ထိုက်ဟွ အဆောက်အအုံဟု ခေါ်ဆိုမည့်အတွက်ပင်။ ဖုန်းယွီက သူတို့ကို ပြောထားသည်။ နောင်လာမည့်နှစ်တွင် သူ့အနေဖြင့် နောက်ထပ်ယွမ်တစ်သန်းကို ကျောင်းကွင်းပြင်နှင့် ကျောင်းသားဆောင် ပြုပြင်ဆောက်လုပ်ရေးအတွက် သုံးမည်ဖြစ်ကာ ထိုမှစပြီး ကျောင်းသည်လည်း ထိုက်ဟွအခြေခံ ပညာကျောင်းဟု ပြောင်းလဲခေါ်ဆိုမည် ဖြစ်ပေသည်။ ထိုနာမည်သည် အစိုးရ၏ စာရွက်စာတမ်း ဖိုင်များတွင်လည်း မှတ်တမ်းအဖြစ် ထားရှိမည် ဖြစ်ပေသည်။
ဖုန်းယွီသည် သူ့မိဘများကို ကောင်းကောင်းနားလည်သည်။ သူတို့၏ ကလေးများအတွက် မည်သည့် မိဘမှ ဂုဏ်မယူဘဲ နေမည်နည်း။ သူတို့ချမ်းသာ ကြွယ်ဝသည့်အခါ မည်သူက ကြွားလုံးမထုတ်ချင်ဘဲ နေမည်နည်း။
ထပ်ပြောရလျှင် ဖုန်းယွီသည် သူ၏မိဘများကို အနာဂတ်တွင် ဆရာဆရာမများက သူတို့၏ ကျောင်းသားများကိုပြောမည့် စကားများကိုလည်း ပြောထားပေသည်။
“မင်းတို့တွေအကုန်လုံး ဖုန်းရှင်းထိုက်နဲ့ ကျန်းမူဟွရဲ့သားကို စံနမူနာ ယူရမယ်။ ဖုန်းယွီက ပိုက်ဆံတွေ အများကြီးရှာပြီးတော့ သူ့ရဲ့ဇာတိမြို့ကို ထောက်ပံ့ပေးတယ်။ ”
သူတို့၏သားထံမှ စံနမူနာ ယူရမည်လော။ ထိုဂုဏ်ကျက်သရေက ဘယ်လောက်တောင်နည်း။ ဖုန်းရှင်းထိုက်သည် ပိုင်ကျူတစ်ပုလင်း ကုန်သည့်တိုင်အောင် ပျော်ရွှင်နေသေးဆဲဖြစ်ကာ ကျန်းမူဟွသည်လည်း ထိုနေ့တွင် ဘီယာနှစ်ပုလင်း ကုန်နေသည်။
ထိုက်ဟွအခြေခံပညာကျောင်း သူတို့ထိုနာမည်ကို စဉ်းစားလိုက်သည့်အခါ ညတွင် အိပ်တောင် မပျော်နိုင်တော့ပေ။ ယင်းက ဖုန်းယွီသူတို့ကို ပြောသည်ထက်ပင် ပို၍ပျော်စရာ ကောင်းနေသည်။ သူတို့က ချမ်းသာကြွယ်ဝနေပြီဖြစ်၍ အနားယူနိုင်မည်ဖြစ်ကာ သူတို့၏သမီးသည်လည်း ကိုယ်ဝန်ဆောင်နေရပြီ ဖြစ်ပေသည်။
ဖုန်းရှင်းထိုက်သည် ဝက်သား ပဲပိစပ်ဆီနှင့် သကြားတို့ကို ကျောင်းကိုနောက်တစ်သုတ် ထပ်ပို့ပြန်သည်။ ဆောက်လုပ်ရေးအသင်း၏ အစားအသောက်များကို သူကပံ့ပိုးပေသည်။ အသားပြီးနောက် နောက်နေ့တွင်လည်း အသားဖြစ်သည်။ သူတို့ပြန်ရမည်က သူတို့သည် ကျောင်းအတွက် ခိုင်မာပြီး လုံခြုံသည့် ကျောင်းအဆောက်အအုံတစ်ခုကို တည်ဆောက်ပေးမည်ပင် ဖြစ်သည်။
နောက်ထပ်ပီတိဖြစ်နေသည့် သူတစ်ယောက်က ဝမ်သဲကွမ်းဖြစ်သည်။ ဖုန်းယွီသည် ကျောင်းအဆောက်အအုံကို လှူဒါန်းသည့်အချိန်က သူသည် ဝမ်သဲကွမ်းကသူ့ကို ဘဝင်ကျစေအောင် ပြောသည့်အတွက် ထိုပမာဏ လှူဒါန်းခြင်းဖြစ်ပေသည်။ ထိုအရာက သူလှူဒါန်းချင်သည်ထက်တောင် ပိုများပေသည်။
ဖုန်းယွီ၏ ယွမ်တစ်သန်း လှူဒါန်းမှုသည် သူနှင့်မိဘများ၏ ဂုဏ်သတင်းနှင့် ဝမ်သဲကွမ်းနှင့် စိုက်ပျိုးရေး အရာရှိချုပ်ကို အောင်မြင်မှုများစွာ ရစေခဲ့သည်။
စိုက်ပျိုးရေးငှာန အရာရှိချုပ်သည် ဘေးကပ်လျှက်မြို့သို့ နွေဦးနှစ်သစ်ကူးပွဲ ပြီးနောက် မြို့တော်ဝန်အဖြစ် ပြောင်းရွေ့ခံရမည် ဆိုသောသတင်းသည် ထွက်ပေါ်လာပြီးဖြစ်သည်။ သူ့အနေဖြင့် လူဦးရေ နှစ်သောင်းကိုသာ ကြည့်ရှု့ရတော့မည် မဟုတ်ပေ။ သူ့အနေဖြင့် သိန်းပေါင်းများစွာသော လူဦးရေကို ဂရုစိုက်ကြည့်ရှု့ရမည် ဖြစ်ပေသည်။ သူ၏အဆင့်အတန်းသည် အတူတူပင် ဖြစ်လင့်ကစား သူ၏အာဏာက ပိုတိုးတက်လာခဲ့ပေသည်။
ဒေသတွင်းရှိ ဝမ်သဲကွမ်း၏ နာမည်သတင်းသည်လည်း ကွဲပြားနေပေသည်။ ကောလဟာလများအရ သူ့အနေဖြင့် ပါတီကော်မတီ လက်ထောက် အတွင်းရေးမှူးရာထူး တွဲဖက်အဖြစ် ခန့်အပ်မည်ဖြစ်ကာ သူ၏ ကိုယ်ရေးဂုဏ်ဒြပ်သည်လည်း တိုးတက်လာမည် ဖြစ်ပေသည်။ အရာရှိချုပ်က သူ့အားပြောသည်က လုပ်နိုင်သည့်လူများက ပိုပြီးအလုပ်များများ လုပ်သင့်ပေသည်။
ကိုယ်ရေးဂုဏ်ဒြပ် ကြီးကြီးလာသည့်အခါ အာဏာသည်လည်း ပိုများလာမည် ဖြစ်ပေသည်။ စိုက်ပျိုးရေး အရာရှိချုပ် ပြောင်းရွေ့ခံရပြီးနောက် မကြာခင်နှစ်များတွင် အနားယူတော့မည့် အတွင်းရေးမှူး အိုတစ်ယောက်သည် ထိုနေရာမှ ဖယ်ပေးရမည် ဖြစ်ပေသည်။ ဝမ်သဲကွမ်းသည် ထိုနေရာတွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်ပေသည်။
ဖုန်းယွီသည် စိတ်ရှုပ်ထွေးသလို ခံစားနေရပေသည်။ သူသည် ဝမ်တုန့်ကျွင်း၏ အဖေကို နိုင်ငံရေးအရ အောင်မြင်မှုရအောင် ကူညီခဲ့သော်ငြား အချိန်ကာလတိုအတွင်း လျှင်လျှင်မြန်မြန်ဖြင့် ရာထူးတိုး ခံရခြင်းက တစ်မျိုးကြီး ဖြစ်နေပေသည်။ ဦးလေးဝမ်သည် ထိပ်တန်းအရာရှိများနှင့် အဆက်အသွယ် ရှိနေသည်လော။
မည်သို့ပင် ဖြစ်စေကာမူ ယင်းက ကောင်းမွန်သည့်အရာပင် ဖြစ်ပေသည်။ သူ၏ငွေရေးကြေးရေးတွင် မည်သည့်ပြဿနာမှ မပေါ်သ၍ ဖုန်းယွီသည်သူ့ကို ကူညီပေးနိုင်သည်။ ဝမ်သဲကွမ်းကို ဝန်ခံခြင်းမှလွဲပြီး ၎င်း၏ အဆက်အသွယ်များကြောင့် ရာထူးတိုး ခံရခြင်းမှလွဲ၍ တစ်ခြားအမှားအယွင်းများ မရှိခဲ့ပေ။