← Chapters

ကျွမ်းကျင် ဒီဇိုင်နာလား။

Vol. 12 Ch. 172

ကျွမ်းကျင် ဒီဇိုင်နာလား။

Vol. 12 Ch. 172

“မန်နေဂျာလီ ဘာလို့ကျွန်တော်ကို ခေါ်နေတာလဲ။ ”

ဖုန်းယွီသည် ကျောင်း၏ဧည့်ကြိုခန်းတွင် လီမင်တကို ဖုန်းခေါ်လိုက်သည်။ သူသည် အတန်းတက်နေစဉ် သူ၏ပေဂျာက မရပ်မနားဖြင့် စတင်မည်လာတော့သည်။ သူ၏အတန်းဖော်များနှင့် ဆရာက သူ့အား စိုက်ကြည့်နေသည်။

ယခုအခေါက်သည် ဤစာသင်နှစ်ဝက်အတွက် ပထမဦးဆုံး ဖြစ်ခြင်းပင် ဖြစ်ပေသည်။ အတန်းပိုင် ဆရာကတောင် ဘာမှမပြောနိုင်ပေ။ ကျန်သည့် ဆရာဆရာမများ အားလုံးသည်လည်း အသားကျနေပြီ ဖြစ်သည်။ ဖုန်းယွီသည် အတန်းမှ အထုတ်ခံလိုက်ရကာ သူသည် ကျောင်း၏ဧည့်ကြိုခန်းသို့ ဖုန်းခေါ်ဆိုရင်အတွက် သွားလိုက်သည်။

ဖုန်းယွီသည် ဧည့်ကြိုခန်းထဲသို့ လျှောက်လာသည်ကို လုံခြုံရေးက မြင်သောအခါ သူသည်ဖုန်းကို သော့ဖြုတ်လိုက်သည်။ ထိုကလေးသည် ဤနေရာသို့ လာရခြင်းမှာ ဖုန်းထပ် ခေါ်ဆိုရန် အတွက်ပင် ဖြစ်ပေမည်။

“ဖုန်းလေး မင်းမော်တော်ဆိုင်ကယ် စက်ရုံကို လာလို့ရမလား။ အပြင်ပိုင်းဒီဇိုင်းက အဆင့်သင့် ဖြစ်နေပြီ။ မင်းက ဒီဇိုင်းကို ကြည့်ချင်တဲ့လူလို့ ပြောခဲ့တာမလား။ ”

လီမင်တသည် စီးကရက်ငွေ့ကို မှုတ်ထုတ်ရင်း ပြောနေသည်။ အကယ်၍ ဖုန်းယွီသာ မော်တော်ဆိုင်ကယ်၏ ဒီဇိုင်းကို မကြည့်ရှု့ချင်ပါက သူ့အနေဖြင့် ဒီဇိုင်းကို အတည်ပြုလိုက်ကာ စတင်ထုတ်လုပ်နေမည်ပင်ဖြစ်သည်။

မော်တော်ဆိုင်ကယ်အတွက် အပြင်ပိုင်းဒီဇိုင်းက အဆင်သင့် ဖြစ်ပြီလား။ ထိုအရာသည် ဖုန်းယွီအတွက် အရေးကြီးဆုံး အရာဖြစ်သည်။

ထိုရှေးဆန်သည့်သူများ၏ အတွေးအခေါ်သည် အရေးအကြီးဆုံး အစိတ်အပိုင်များသည် အရည်အသွေး အကြမ်းခံနိုင်စွမ်းနှင့် ဆိုင်းထိန်းစနစ် ကောင်းရန်သာဖြစ်ပေသည်။ သူတို့သည် အခြားသော အရာများကို ဂရုမစိုက်ပေ။ ဝယ်ယူသူများ အနေဖြင့် သူတို့ ဦးစားပေးသည့် အရာကို စစ်တမ်းကောက်ကြည့်လျှင်ရော ထိုစစ်တမ်းသည် ခြောက်လတောင် အနည်းဆုံး ကြာမည်ဖြစ်ကာ အပြင်ပိုင်း ဒီဇိုင်းကို ချက်ချင်းပင် မြင်နိုင်ပေသည်။ အကယ်၍ မော်တော်ဆိုင်ကယ် နှစ်စီးသည် အပြင်ဘက်တွင် ထားပါက အပြင်ပိုင်း ဒီဇိုင်းကောင်းသည့် တစ်စီးက ညို့ယူဖမ်းစားမှု ပိုရမည်ပင်ဖြစ်သည်။

အကယ်၍ ထိုအပြင်ပိုင်း ဒီဇိုင်းသည် လူများ၏အာရုံကို မဆွဲဆောင်နိုင်ပါက သူတို့သည် သူတို့ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်ကို ဝယ်ချင်မည်လော။ အထူးသဖြင့် အမှတ်တံဆိပ် အသစ်တွင်ဖြစ်သည်။

မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်နှင့် ပတ်သတ်၍လည်း ဖုန်းယွီသည် လီမင်တနှင့် ငြင်းခုံမှုရှိခဲ့သည်။ လီမင်တသည် ဆိုင်ကယ်၏နာမည်ကို ဘင်းမြို့တော် မော်တော်ဆိုင်ကယ်ဟု ပေးချင်ခဲ့သည်။ သို့သော် ဖုန်းယွီက ငြင်းဆိုလိုက်၏။ သူ့အနေဖြင့် ဤနာမည်က အသံထွက်ရန် မကောင်းဟု ခံစားမိသည်။ ဝယ်ယူသူများကို အဘယ်သို့ ဆွဲဆောင်နိုင်မည်နည်း။

ဟိုဟိုက်ထောင်သည် မော်တော်ဆိုင်ကယ်၏ နာမည်ကို လုံကျန်းမော်တော်ဆိုင်ကယ်ဟု အမည်ပေးချင် ခဲ့သည်။ သို့သော် ဖုန်းယွီကလည်း ငြင်းဆိုလိုက်သည်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် လုံကျန်းကားဟု အမည်ရသည့် ကားအမှတ်တံဆိပ်ရှိသည်။ အကယ်၍ သူတို့သည် ထိုနာမည်ကို သုံးပါက လူများသည် ထိုမော်တော်ဆိုင်ကယ်ကို လေယာဉ်ထုတ်လုပ်သည့် စက်ရုံက ထုတ်လုပ်သည်ဟု ထင်မှတ်ကြမည်ပင်။

စက်ယန္တရား စက်ရုံသည် နာမည်ရှိပြီးသား အမှတ်တံဆိပ်ဖြစ်သည်။ သို့သော် ထိုအမှတ်တံဆိပ်က စိုက်ပျိုးရေး ပစ္စည်းများတွင် အထူးထုတ်လုပ်သည်။ ဖုန်းယွီသည် ထိုနာမည်ကိုလည်း မသုံးချင်ပေ။ လီမင်တက ဒေါသထွက်ကာ စားပွဲကို ရိုက်ချလိုက်တော့သည်။

“အဲ့ဒါဆိုတော့ မင်းမှာ ဗီဒိုဘုတ် ရှိတာလား။ ငါကဒီမှာ အထွေထွေမန်နေဂျာ။ ”

“ငါပေးသမျှ နာမည်အကုန်လုံးကို မင်းက ငြင်းဆိုနေမှာပေါ့။ ဟုတ်တာပေါ့။ မင်းကထိုက်ဟွ အမှတ်တံဆိပ် လေနှင့်မိုး အမှတ်တံဆိပ်လို့ ပေးမှာလား။ ဒါက မင်းရဲ့ကုမ္မဏီရဲ့ အမှတ်တံဆိပ်တွေ။ ငါက ဒီမှာ အဓိက ရှယ်ယာရှင်ရဲ့ ကိုယ်စားလှယ်ပဲ။ မြို့တော်အစိုးရက အဓိကရှယ်ယာရှင်။ မင်းက မင်းရဲ့ ကုမ္မဏီရဲ့ နာမည်ကို မြင့်တင်ချင်တာလား။ ”

ဟိုဟိုက်ထောင်သည် ထိုငြင်းခုံမှုမှ ရပ်ရန်အတွက် ချက်ချင်းပင် ထပြောလိုက်တော့သည်။

ဘင်းမြို့တော်ကို ဖြတ်သွားသည့် စုန်ကျန်းမြစ်၏ နာမည်ကိုယူကာ အမှတ်တံဆိပ် နာမည်အဖြစ် နာမည်ပေးသည်။

စုန်ကျန်းမော်တာ အမှတ်တံဆိပ်၏ နာမည်သည် နောက်ဆုံးတွင် အတည်ပြုပြီး ဖြစ်သည်။ သို့သော် ဖုန်းယွီနှင့် လီမင်တတို့သည် မော်တော်ဆိုင်ကယ်၏ ဒီဇိုင်းနှင့်ပတ်သတ်ပြီး နောက်ထပ် ငြင်းခုံမှု ဖြစ်ကြပေသည်။ လီမင်တသည် ဆိုဗီယက် ပြည်ထောင်စု မော်တော်ဆိုင်ကယ်များ၏ ဒီဇိုင်းကို အသုံးပြုချင်ကြသည်။ မည်သို့ပင် ဖြစ်စေကာမူ သူတို့သည် ဆိုဗီယက်ပြည်ထောင်စုမှ ထုတ်လုပ်ရေး လမ်းကြောင်းနှင့် နည်းပညာများကို အသုံးပြုနေသည်။ ဆိုဗီယက် ပြည်ထောင်စုမှ ဆိုင်ကယ်များသည်လည်း တရုတ်နိုင်ငံတွင် ရောင်းအားကောင်းပေသည်။

သေချာသည်မှာ ဖုန်းယွီသည်လည်း ဤအချက်ကို သဘောမတူပေ။ သူတို့သည် အမှတ်တံဆိပ် နာမည်အသစ်ကို အသုံးပြုပြီး အဘယ့်ကြောင့် အခြားသူ၏ဒီဇိုင်းကို မိတ္တူကူးကာ သုံးမည်နည်း။ ထပ်ပြောရပါက ဆိုဗီယက်ပြည်ထောင်စု မော်တော်ဆိုင်ကယ်၏ ဒီဇိုင်းများသည် တရုတ်ပြည်သူတို့၏ စိတ်ကြိုက်နှင့် လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိပေ။

မော်တော်ဆိုင်ကယ်၏ နောက်ကျောတွင်ရှိလျှင်တောင် နောက်တွင် ပစ္စည်းတင်ရန် တန်းရှိသည်လော။ အရှေ့ပိုင်းသည်လည်း အလွန်မြင့်ပေသည်။ စီးနင်းသူအနေဖြင့် ဆိုင်ကယ်ကို စီးနင်းသည့်အခါ သက်တောင့်သက်သာ ဖြစ်စေသည်လော။ ထို့ပြင် ဆီတိုင်ကီအတွက်လည်း သီးသန့်နေရာမရှိပေ။ အကယ်၍ ထိုနေရာတွင် ဆီဆိုင်မရှိလျှင်ရော ထိုမော်တော်ဆိုင်ကယ်သည် အလွန်လေးလံပြီး ဘယ်သူက နောက်သို့ တွန်းနိုင်မည်နည်း။

ဖုန်းယွီက များများပြောသည်။ ပြီးနောက် လီမင်တသည် ပြန်မပြောနိုင်ပေ။ လီမင်တသည် စိတ်ဆိုးဒေါသထွက်ရုံသာ ဖြစ်သည်။

“မင်းက ဒီဇိုင်းကို လုပ်ချင်တာလား။ မင်းဒီဇိုင်းကို ဘယ်လိုလုပ်ရတယ်ဆိုတာ သိလို့လား။ မင်းက အပြင်ပိုင်း ဒီဇိုင်းအသစ်ကို လိုချင်တာလား။ ရတယ်။ ငါမော်တော်ဆိုင်ကယ်အတွက် ဒီဇိုင်နာတစ်ယောက်ကို ဒီဇိုင်းဆွဲပေးဖို့ ငှားပေးမယ်။ ငါမင်းကို ဒီဇိုင်နာငှားဖို့အတွက် အခွင့်အရေးတောင် ပေးမှာမဟုတ်ဘူး။ ”

ဖုန်းယွီသည် သူသည်လည်း ကျွမ်းကျင်ပညာရှင် တစ်ဦးမဟုတ်မှန်း သိပေသည်။ ထုတ်ကုန်ဒီဇိုင်နာ ငှားခြင်းက ပိုကောင်းနိုင်ပေသည်။ ယခုတစ်ခေါက်တွင် ဖုန်းယွီသည် လီမင်တနှင့် ငြင်းခုံခြင်းမပြုပေ။ သို့သော် သူ၏တောင်းဆိုချက်အရ သူ့အနေဖြင့် ဒီဇိုင်းကို အရင်စစ်ဆေးမည်ဖြစ်ကာ သူ့အနေဖြင့် ဒီဇိုင်းအတွက်လည်း တစ်ပြားမှ ထွက်ပေးမည် မဟုတ်ပေ။

....

“ဖုန်းလေး ဒါကမီရှဲလျို ကျွမ်းကျင်ဒီဇိုင်းပညာရှင် သူက နိုင်ငံခြားကနေပြီးတော့ ပြန်လာခဲ့တာ။ သူက အခုလက်ရှိ ရှန်ဟိုင်းမှာ ကိုယ်ပိုင်ဒီဇိုင်း အလုပ်ရုံထောင်ထားတယ်။ ”

လီမင်တသည် မျက်မှန်တပ်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။

“မီရှဲလျိုလား။ ဒါက အနောက်ပိုင်း နာမည်မဟုတ်ဘူးလား။ ဒါပေမဲ့သူက တရုတ်နိုင်ငံသားနဲ့ တူတယ်။ သူက အခြားနိုင်ငံကလား။ ”

“မင်္ဂလာပါ မစ္စတာလျို ”

မီရှဲလျိုသည် မေးအနည်းငယ် မော့လိုက်ကာ ဖုန်းယွီကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူသည် နိုင်ငံခြားမှ သူ၏စတူဒီယိုမှ ပြန်လာခဲ့ပြီး သူ၏ကိုယ်ပိုင် ဒီဇိုင်းစတူဒီယို ဆောက်လုပ်သည်မှာ အချိန်မကြာသေးပေ။ သူ၏အလုပ်ရုံသည် စတင်ကာစ အခြေအနေဟု စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် သူ၏မာနကြီးမှုသည် ဖုန်းယွီကဲ့သို့ ချမ်းသာသည့် မျိုးဆက်ကို အထင်သေးနေသည်။

အသုံးမကျတဲ့ ဒုတိယမျိုးဆက် အဖေပေါ်ပဲ မှီခိုပြီးတော့ စက်ယန္တရား ကုမ္မဏီမှာ အချိန်တွေ လာဖြုန်းနေတာ။ ငါ့ရဲ့ဒီဇိုင်းကို ဝေဖန်ပြစ်တင်ရဲမှာတဲ့လား။

ဟမ့် သုံးရက်ကြာပြီးနောက် ငါသူ့ကို ဘယ်လိုမျိုးဒီဇိုင်း ဆွဲထားလဲဆိုတာ ငါပြမယ်။ မင်းကို မှင်သက်သွားစေရမယ်။

ဖုန်းယွီသည် မီရှဲလျိုကို မျက်မှောင်ကြုတ်ကာဖြင့် ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်သည် လောဘ၊ မာနကြီးသည်။ သူသည် လုပ်နိုင်စွမ်းရှိသည်။ အကယ်၍ သူသည် အသုံးမဝင်သည့်သူဖြစ်လျှင် သူ့အနေဖြင့် မာနထောင်လွှားသည့် ဟန်ဆောင်ရန်မလိုပေ။ သူသည် အခန်းပြင်မှ မောင်းထုတ်လိုက်မည်ပင်။

နိုင်ငံခြားမှာ ပညာသင်ကြားလို့ မာန ထောင်လွှားနေတာလား။ သူနိုင်ငံခြားမှာ အလုပ်မဖြစ်တာကြောင့် တရုတ်ပြည်ကို ပြန်လာတာပဲ ဖြစ်ရမယ်။

ထိုကဲ့သို့သောလူမျိုးကို ဖုန်းယွီ အရင်ဘဝတွင် များစွာတွေ့ခဲ့ဖူးသည်။

ဖုန်းယွီသည် သူ့ကို မျက်နှာသာတစ်ချက် မပေးပေ။ သူသည် ဆိုဖာပေါ်တွင် ထိုင်ချလိုက်ကာ တင်ပြင်ခွေ ချိတ်ထိုင်လျှက် မီရှဲလျိုကို လက်ညိုးထိုးကာ ပြောလိုက်သည်။

“မင်းက ငါတို့ကုမ္မဏီက ငှားထားတဲ့ ဒီဇိုင်းဆွဲတဲ့လူပဲ ဖြစ်ရမယ်။ ဘယ်မလဲဒီဇိုင်း ငါ့ကိုပြ။ ”

“ငါကဒီဇိုင်းကျွမ်းကျင် ပညာရှင်တစ်ယောက် ဒီဇိုင်းဆွဲတဲ့ ဝန်ထမ်းတစ်ယောက် မဟုတ်ဘူး။ ”

မီရှဲလျိုက ပျော်ရွှင်စွာဖြင့် ပြန်ပြောလေသည်။

“ဘာများကွာနေလို့လဲ။ ဘယ်သူက ကျွမ်းကျင်ပညာရှင်ဆိုတဲ့ဘွဲ့ကို ပေးတာလဲ။ ”

ဖုန်းယွီက သူ၏ခြေများကို ချိတ်ကာမေးလိုက်သည်။

မီရှဲလျိုသည် ဖုန်းယွီကိုပြန်ဖြေရန် အဖြေမရှိပေ။ ထို့ကြောင့် သူ့အနေဖြင့် ငြိမ်ငြိမ်သာနေလိုက်ကာ သူ၏ဒီဇိုင်းကို ထုတ်လိုက်ပြီး ထိုင်ခုံပေါ်တွင် ထားလိုက်သည်။ သူသည် မေးစေ့ကိုမော့ကာ ဆွဲထားသည့်ပုံကို လက်ညိုးထိုးပြလိုက်တော့သည်။

အိုး ဘယ်လိုအပြုအမူ မျိုးပါလိမ့်။ ငါ့အနေနဲ့ မင်းက စွမ်းဆောင်ရည်ရှိမယ်လို့ မျှော်လင့်ပါတယ်။

“မန်နေဂျာလျို ခင်ဗျားရဲ့ဒီဇိုင်းကို မိတ်ဆက်ပေးလို့ ရပြီမလား။ ”

လီမင်တက ပြုံးကာမေးလိုက်သည်။

“ကျွန်တော်ကို မီရှဲလို့ပဲခေါ်ပါ။ ”

မီရှဲကသူ့ကို ပြန်ပြင်ပြောလိုက်ကာ ဆက်ပြောလိုက်သည်။

“ဒီဒီဇိုင်းရဲ့ ကွန်းစက်က ခင်ဗျားတို့ကုမ္မဏီ လိုအပ်တဲ့ အချက်အလက်တွေအပေါ်မှာ မူတည်ထားတယ်။ ခင်ဗျားတို့က အပြင်ပိုင်းကို မျက်စိဖမ်းစားနိုင်ရပြီး ဆိုဗီယက်ပြည်ထောင်စုရဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ ကွဲပြားရမယ်။ ပြီးတော့ တရုတ်နိုင်ငံမှာထုတ်နေတဲ့ တစ်ခြား မော်တော်ဆိုင်ကယ်တွေနဲ့လည်း ကွဲရမယ်။ လူတိုင်း ဒီကိုတစ်ချက် ကြည့်လိုက်ပါ။ ကျွန်တော်က မော်တော်ဆိုင်ကယ်ရဲ့ အမြင့်ကိုတိုးထားပြီးတော့ အရှည်ကိုလည်း တိုးထားတယ်။ စီးတဲ့အခါကျရင် ခင်ဗျားတို့က အရမ်းကိုမိုက်နေမှာ။ လင်းယုန်တစ်ကောင် ပျံသန်းနေသလိုမျိုးပေါ့။ ပြီးတော့ ကျွန်တော်က ဆီတိုင်ကီရဲ့ ဝန်ဆံ့နိုင်မှုကိုလည်း တိုးထားတယ်။ ဘာလို့လည်းဆိုတော့ အချိန်ကြာကြာ ခရီးသွားနိုင်အောင်လို့။ အဲ့ဒီဘိမ်းက တရုတ်နိုင်ငံမှာရှိတဲ့ မော်တော်ဆိုင်ကယ်တွေထက် ပိုပြီးတော့ ခရီးသွားနိုင်တယ်။ ”

မီရှဲလျိုက သူ၏ဒီဇိုင်းကို မိတ်ဆက်နေတာကို ကြည့်ရင်း ဖုန်းယွီက ခေါင်းခါလိုက်သည်။ ဒီဇိုင်းက ဘယ်လိုကြီးလဲ။ ဒါက American chopperရဲ့ အပြင်ပိုင်း ဒီဇိုင်းပဲ မဟုတ်ဘူးလား။ ငါက ဒီထက်ပိုပြီးတော့ အသုံးဝင်တဲ့ ဒီဇိုင်းကိုတောင် စဉ်းစားနိုင်တယ်။

ဘာလို့လက်ကိုင်တွေက အရမ်းမြင့်နေရတာလဲ။ အဲ့ဒါ ကွေ့လိုက်တဲ့ အချိန်ကျရင် အဆင်ပြေမှာ မဟုတ်ဘူး။ မင်းအနေနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ လမ်းအခြေအနေတွေက အရမ်းကိုရှည်လျားပြီးတော့ နာရီပေါင်းများစွာ စီးနင်းနိုင်ဖို့အတွက် ကျယ်တယ်လို့များ ထင်နေတာလား။ ဆီတိုင်ကီကိုလည်း ဝန်ဆံ့နိုင်မှုလည်း တိုးလိုက်တယ်။ အခုလက်ရှိ ငါတောင် မူရင်းဒီဇိုင်းရဲ့ ဆီတိုင်ကီကတောင် အရမ်းကြီးနေပြီလို့ ခံစားနေရတယ်။

ဆိုဗီယက် ပြည်ထောင်စု မော်တော်ဆိုင်ကယ်များသည် အလွန်ပင် လေးလံပေသည်။ အကယ်၍ သူတို့၏ ဆိုင်ကယ်များကိုသာ ဤဒီဇိုင်းကို အသုံးပြုလျှင် ပိုလေးလံမည်ပင်။

“မီရှဲ ဟုတ်ရဲ့လား။ ဒါကခင်ဗျားရဲ့ဒီဇိုင်း ဟုတ်ရဲ့လား။ ”

ဖုန်းယွီက ထရပ်ကာ မေးလိုက်သည်။

မီရှဲက ထိုအသုံးမဝင်သည့် ဒုတိယမြောက် မျိုးဆက်သည် သူ၏ဒီဇိုင်းကို အလွန်ပင် အံ့အားသင့်သည့်အတွက် ထရပ်လိုက်သည်ဟု ထင်သည်။ သူ့အနေဖြင့် ကျေနပ်အားရနေသလို ခံစားနေရသည်။

“အဲ့ဒါက ဘယ်လိုလဲ။ မင်းက ဒီဒီဇိုင်းက ဖက်ရှင်အရမ်းကျပြီး အရမ်းမိုက်တယ်တယ်လို့ ခံစားနေတာ မဟုတ်ဘူးလား။ ”

မီရှဲလျိုက သူ၏မေးစေ့ကို မြင့်မြင့်မော့ကာ မေးလိုက်တော့သည်။

“ဖက်ရှင်ကျတယ်။ အရမ်းမိုက်တယ်။ မင်းဘယ်ကနေပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိလာတာလဲ။ ဒါကမင်းရဲ့ ဒီဇိုင်းလား။ ” ဖုန်းယွီက ပြောလိုက်သည်။

“မင်းဘာပြောလိုက်တာလဲ။ ”

“ငါ့ကို ပြန်ပြောစေချင်တာလား။ မင်းက Americanchoppersရဲ့ ဒီဇီုင်းကို ကူးထားတာပဲ။ မင်းက ငါမသိဘူးများ မှတ်နေတာလား။ ငါတို့ရဲ့ မော်တော်ဆိုင်ကယ်က တရုတ်နိုင်ငံမှာ ရောင်းလိမ့်မယ်။ ပြီးတော့ လမ်းအခြေအနေတွေနဲ့ ငါတို့ပြည်သူတွေရဲ့ အကြိုက်ဖြစ်ရမယ်။ မင်းရဲ့ဒီဇိုင်းက အမှိုက်သာသာပဲ။ မဟုတ်ဘူးလား။ ဒီဇိုင်းကျွမ်းကျင် ပညာရှင်လား။ ငါ့အနေနဲ့တော့ မင်းကဒီနေရာမှာ ဒီဇိုင်းဝန်ထမ်း တစ်ယောက်လောက်တောင်မှ ကိုက်ညီမှုမရှိဘူး။ ”

“ဘာ ဒီ ဒီဇိုင်းက အတုခိုးထားတာလား။ ”

လီမင်တသည် မီရှဲလျိုအတွက် ပြောချင်သည်။ သို့သော် ယခုတွင်သူက ငြိမ်ငြိမ်သာ နေတော့သည်။ သူ့အနေဖြင့် မီရှဲပြောနေတာကို စောင့်နေသည်။ သို့သော် ယခုတွင် သူသည်လည်း အစာမကြေ ဖြစ်နေပေသည်။

All Chapters