← Chapters

ဒါကမှဒီဇိုင်းကျွမ်းကျင်ပညာရှင်အစစ်

Vol. 12 Ch. 173

ဒါကမှဒီဇိုင်းကျွမ်းကျင်ပညာရှင်အစစ်

Vol. 12 Ch. 173

မီရှဲလျိုသည် မျက်မှောင်ကြုတ်နေသည်။ သူသည် ဝေးလံခေါင်သီသော ဘင်းမြို့တော်ကဲ့သို့ မြို့မှတစ်စုံတစ်ယောက်သည် အမေရိကန် Chopper အကြောင်းကို သိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူက ထိုအလုပ်သည် ရိုးရှင်းသည့် အလုပ်ဖြစ်ကာ သူ့အနေဖြင့် ဤပရောဂျက်ကို အသုံးချပြီး သူ၏ကုမ္မဏီ နာမည်ကောင်းများရအောင် ပြုလုပ်နိုင်ပြီဟု တွေးခဲ့သည်။ သို့သော် ယခုတွင် သူနှင့်သူ၏ကုမ္မဏီတွင် ပြီးသွားဟန် ပေါ်ပေသည်။

ကုမ္မဏီအသစ် တစ်ခုအတွက်မူ ပထမဦးဆုံး စီးပွားရေး သဘောတူညီချက် အောင်မြင်မှု ကျရှုံးခြင်းနှင့် ခိုးကူးသည်ဟု သတင်းများက ထိုကုမ္မဏီ၏ နာမည်များအားလုံးကို မြောင်းသို့ ရောက်သွားစေသည်။

“မစ္စတာဖုန်း ကျွန်တော်အနေနဲ့ ဒီဇိုင်းရဲ့ရည်ရွယ်ချက်ကို အထင်လွဲမှားသွားစေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကို နောက်ထပ် အခွင့်အရေးတစ်ခုပေးပါ။ ကျွန်တော်အနေနဲ့ မတူညီတဲ့ ဒီဇိုင်းနဲ့ ခင်ဗျားစိတ်တိုင်းကျအောင် လုပ်ပေးနိုင်မယ်လို့ ကျွန်တော် ကတိပေးပါတယ်။ ”

မန်နေဂျာလျိုသည် ဖုန်းယွီအနေဖြင့် ဒီဇိုင်းနှင့်ပတ်သတ်၍ နောက်ဆုံးပြောနိုင်သည့်သူ ဖြစ်သည်ဟု သိရှိပေသည်။

“ကောင်းပြီ။ အဲ့ဒါဆိုရင် ငါမင်းကို အချက်နှစ်ချက် ထုတ်ပေးမယ်။ မင်းရဲ့ပိုကောင်းတဲ့ ဒီဇိုင်းက ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ပိုကောင်းတဲ့ဒီဇိုင်းကို အခုဒီနေရာမှာပဲ ချက်ချင်း ဆွဲပေးရမှာနော်။ မင်းလုပ်နိုင်ရဲ့လား။ ”

ဖုန်းယွီက မီရှဲလျိုကို ပြောရင်းကြည့်လိုက်သည်။

“ကိစ္စမရှိပါဘူး။ ကျွန်တော်ရဲ့ ကျွမ်းကျင်မှုအတွက် ယုံကြည်မှု ရှိပါတယ်။ မစ္စတာဖုန်းအနေနဲ့ လိုချင်တဲ့အချက်တွေကိုပဲ ကျွန်တော်ကို ပြောပေးပါ။ ”

မီရှဲလျိုသည် သူ့ထက်ငယ်ရွယ်သည့် ဖုန်းယွီကို ယဉ်ကျေးစွာဖြင့် ပြောဆိုဆက်ဆံလိုက်သည်။

“ပထမဦးဆုံးအနေနဲ့ မင်းအနေနဲ့ စီးနင်းသူကို ဘယ်လိုမျိုး သက်တောင့်သက်သာရှိအောင် လုပ်မလဲ။ ဒုတိယအချက် ဒီမော်တော်ဆိုင်ကယ်က ငါတို့တရုတ် ပြည်သူပြည်သားတွေရဲ့ ဘဝနေထိုင်မှုနဲ့ ဘယ်လိုကိုက်ညီအောင် လုပ်မလဲ။ မော်တော်ဆိုင်ကယ်ရဲ့ နောက်ဘက်က ပစ္စည်းတွေ တင်နိုင်ရမယ်”

လူတိုင်းလူတိုင်းသည် ပထမဦးဆုံးအချက်ကို နားလည်ကြသည်။ သို့သော် လီမင်တသည် ဒုတိယအချက်နှင့် ပတ်သတ်၍ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ မော်တော်ဆိုင်ကယ်သည် ကုန်တင်ကား တစ်စီးမဟုတ်ပေ။ အဘယ့်ကြောင့် ပစ္စည်းများကို တင်နိုင်ရမည်နည်း။

သူဘာမှ ဆက်မပြောခင် မီရှဲလျိုက ခေါင်းငုံ့လိုက်ကာ စာရွက်ပေါ်တွင် ခဲတံတစ်ချောင်းနှင့်အတူ စဆွဲတော့သည်။ ထိုဆွဲနေသည်က ဖုန်းယွီပြောခဲ့သည့် စိတ်ကူးစိတ်တိုင်းကို အသုံးချကာ ဆွဲဟန်တူပေသည်။

ဖုန်းယွီက ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီးနောက် ခြေထောက် တင်ပြင်ခွေချိတ်ကာ

“မန်နေဂျာလီ ကျွန်တော်ခင်ဗျားရဲ့ရုံးကို မကြာခဏ လာလေ့ရှိတယ်။ ဒါပေမဲ့ ဘာလို့ လက်ဖက်ရည်တစ်ခွက်တောင် မရှိရတာလဲ။ ”

မန်နေဂျာလီ၏ အတွင်းရေးမှူးသည် လက်ဖက်ရည်တစ်ခွက်ကို ယူရန်အတွက် အပြင်ကို စိတ်ဆိုးစွာဖြင့် ထွက်သွားသည်။ ဖုန်းရှင်းထိုက် ဤသို့လာသည့်အခါ သူ့အနေဖြင့် လက်ဖက်ရည် ဧည့်ခံရန် မလိုအပ်ပေ။ ထိုအပြစ်မရှိ အပြစ်ရှာတဲ့ကလေးက သူ့ကိုလက်ဖက်ရည် လုပ်စေချင်နေသည်လော။ သူက ဆိုဗီယက် ပြည်ထောင်စုမှ အဆင့်မြင့် နည်းပညာတွေနဲ့ စက်ပစ္စည်းတွေ တင်သွင်းခြင်းက သူ့ကိုပိုပြီးတော့ ထူးခြားသွားစေသည်ဟု တွေးနေသည်လော။ ဒါက ကုမ္မဏီတစ်ခုဖြစ်သည်။ အထွေထွေမန်နေဂျာလီသည် နောက်ဆုံး ပြောနိုင်သည့်သူဖြစ်၏။

မီရှဲလျိုသည် သူ၏ပုံကြမ်းကို ဆယ်မိနစ်အတွင်း ပြီးသွားခဲ့သည်။ သူက စစ်ဆေးကြည့်လိုက်ကာ ဖုန်းယွီ၏ လိုအပ်ချက်နှင့် ဒီဇိုင်းသည် ပြည့်စုံသည်ကို သေချာစေရန်ဖြစ်သည်။

“မန်နေဂျာဖုန်း ဒီပုံကို တစ်ချက်ကြည့်လိုက်ပါအုံး။ မစ္စတာရဲ့ လိုအပ်ချက်တွေနဲ့ ပြည့်စုံမှု ရှိရဲ့လား။ ”

ဖုန်းယွီက သူ့ထံမှပုံကို ယူလိုက်ပြီးနောက် ကြည့်လိုက်သည်။ လက်ကိုင်နှင့် ခုံများသည် နိမ့်နေသည်။ ပြီးနောက် ထိုသို့ပြုလုပ်ခြင်းက စီးနင်းသူကို စီးနင်သည့်အခါ သက်တောင့်သက်သာ ဖြစ်စေသည်။ မီရှဲလျိုသည် သူ၏ပထမဦးဆုံး လိုအပ်ချက်ကို သိမြင်မှု ရှိပေသည်။

သို့သော် မော်တော်ဆိုင်ကယ်၏ နောက်ခြမ်းတွင် ခြင်းတစ်ခြင်းရှိပြီး ရှေ့တွင်လည်း ခြင်းသေးသေးလေး တစ်လုံးရှိပေသည်။ ထိုပုံက သူ၏အရင်ဘဝက အမျိုးသမီးစီးသည့် စက်ဘီးနှင့်တူပေ၏။ ထိုအချက်နှင့် ပတ်သတ်၍ မှားယွင်းမှုမရှိပေ။ သို့သော် လက်တွေ့တော့ မကျသေးပေ။ ရှေ့ဘက်ရှိ ခြင်းတောင်းသည် ရှေ့မီးကို ပိတ်ဆို့နေပြီး နောက်ရှိခြင်းသည်လည်း အလွန်ကြီးနေပေသည်။ မော်တော်ဆိုင်ကယ်သည် ထရက်ကားနှင့်တူရန် မလိုအပ်ပေ။

မီရှဲလျိုသည် ဆယ်မိနစ်အတွင်း ပုံကိုဆွဲကာ သူ့တွင် ကျွမ်းကျင်မှု ရှိကြောင်းကို ပြသလိုက်ပေသည်။ ဖုန်းယွီသည် အခြားသောသူများ၏ အမြန်နှုန်းကို မသိရှိပေ။ သို့သော် လေယာဉ်ထုတ်လုပ်သည့်စက်ရုံ စက်ပစ္စည်းစက်ရုံနှင့် စက်ယန္တရား ကုမ္မဏီတို့မှ ဒီဇိုင်နာများသည် ထိုကဲ့သို့သော အမြန်နှုန်း မရှိကြပေ။ မော်တော်ဆိုင်ကယ်၏ရှေ့တွင် ခြင်းတစ်လုံးကို ထားရှိလိုက်ခြင်းက ဖုန်းယွီသည် ထိုဒီဇိုင်းနာအနေဖြင့် စိတ်ကူဉာဏ်စွမ်း များစွာရှိကြောင်း တွေးနိုင်ပေသည်။

“မင်းက အမေရိကန်လား။ ကနေဒါလူမျိုးလား။ ”

“ကျွန်တော်က တရုတ်လူမျိုးပါ။ ကျွန်တော်ရဲ့ မွေးရပ်နိုင်ငံက တရုတ်နိုင်ငံပါ။ ဒါပေမဲ့ ကျွန်တော်က အမေရိကန်ပြည်ထောင်စုရဲ့ ဂရင်းကဒ်ကို ကိုင်ဆောင်ထားပါတယ်။ ”

မီရှဲလျိုက ဖုန်းယွီကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေသည်။ ထိုဒီဇိုင်းက ကိုက်ညီမှုရှိရဲ့လား။ အဘယ့်ကြောင့် ဖုန်းယွီက ဒီဇိုင်းနှင့်ပတ်သတ်၍ ဘာမှမပြောသနည်း။

ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ ကံကောင်းတာပဲ။ သူလည်းတရုတ်ပဲ။

“မင်းရဲ့နာမည်အရင်းက ဘာလဲ။ ”

“လျိုမီရှဲ ”

“ငါကမင်းရဲ့ တရုတ်နာမည်ကို မေးနေတာ။ ”

ဖုန်းယွီသည် စိတ်ပျက်သွားပြီး နိုင်ငံခြားသားတစ်ယောက်လို ဟန်ဆောင်နေတာ ရပ်လိုက်ပါတော့။

“ကျွန်တော်ရဲ့ တရုတ်နာမည်ကလည်း တကယ်ပဲ လျိုမီရှဲပါ။ အဲ့ဒီနာမည်ကို ကျွန်တော်ရဲ့ အမေက ပေးထားတာ။ တကယ်လို့ မစ္စတာဖုန်းအနေနဲ့ ကျွန်တော်ကို မယုံဘူးဆိုရင် ကျွန်တော်ရဲ့ နိုင်ငံသား စီစစ်ရေးကဒ်ပြားကို ပြလို့ရပါတယ်။ ”

လျိုမီရှဲက သူ၏နိုင်ငံခြား စီစစ်ရေးကဒ်ပြားကို ချက်ချင်းထုတ်လိုက်ကာ ပေးလိုက်သည်။ သူသည် သရုပ်သာဆောင်ခဲ့ကာ သူ့အနေဖြင့် ဖုန်းယွီကို တကယ်မပြသချင်ခဲ့ပေ။

သို့သော် ဖုန်းယွီက သူ၏နိုင်ငံသား စီစစ်ရေးကဒ်ပြားကို သူ့လက်ထဲမှ ဆွဲလိုက်ပြီးနောက် ကြည့်လိုက်သည်။ လျိုမီရှဲ မီရှဲလျို ကောင်းပြီ ဒီတစ်ယောက်ရဲ့ မိဘတွေက နာမည်ကို ပေးတဲ့အခါမှာ သင်္ခနုတ်ပါတ္တိဉာဏ် တယ်ရှိတာပဲ။ သူတို့တွေက နိုင်ငံခြားလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေကို နှစ်သက်တဲ့လူတွေပဲ ဖြစ်ရမယ်။

“မင်းရဲ့ကုမ္မဏီမှာ ဝန်ထမ်းတွေက ဘယ်နှစ်ယောက်လောက်ရှိလဲ။ ငါပြောချင်တဲ့ အဓိပ္ပာယ်က မင်းလိုမျိုး ဒီဇိုင်နာ ဘယ်နှစ်ယောက်လောက်ရှိလဲ။ ”

“ကျွန်တော်အပါအဝင် သုံးယောက်ပါ။ ကျန်တဲ့နှစ်ယောက်က ကျွန်တော်ရဲ့ အတန်းဖော်တွေပါ။ ကျွန်တော်တို့တွေက အရင်တုန်းက အမေရိကန် ပြည်ထောင်စုမှာ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ ပညာရပ်တွေကို သင်ခဲ့တယ်။ ”

မီရှဲလျိုသည် အဘယ့်ကြောင့် ဖုန်းယွီအနေဖြင့် သူ့ကုမ္မဏီအကြောင်း မေးသည်ကို နားမလည်နိုင် ဖြစ်နေသည်။ ဖုန်းယွီက သူတို့သုံးယောက်စလုံး စုပေါင်းကာ ဒီဇိုင်းတစ်ခုအတွက် အလုပ်လုပ်စေချင်သည်လော။

“သူတို့တွေကရော မင်းလောက် ကျွမ်းကျင်ရဲ့လား။ ”

“ကျွမ်းကျင်ပါတယ်။ သူတို့တွေက ကျွန်တော်ထက်တောင် အနည်းငယ် ကျွမ်းကျင်တာတောင် ဖြစ်နိုင်တယ်။ ”

“ဖုန်းယွီ မင်းတို့နှစ်ယောက်စလုံးက ဘာအကြောင်းတွေ ပြောနေကြတာလဲ။ ဒီဒီဇိုင်းကို မင်းဘယ်လိုထင်လဲ။ ငါ့အနေနဲ့တော့ အဆင်ပြေတယ်လို့ထင်တယ်။ ”

လီမင်တက ဖုန်းယွီနှင့် မီရှဲလျိုပြောနေတာကို ကြားဖြတ်ပြောလိုက်သည်။ ငါကဒီနေရာမှာ သူဌေးလေ။ မင်းတို့တွေက မမြင်တာလား။

လေယာဉ်ထုတ်လုပ်သည့် စက်ရုံဒါရိုက်တာ ဟိုဟိုက်ထောင်သည် ဆိုဖာ၏ထောင့်တွင်သာ ထိုင်နေပြီး လက်ဖက်ရည်နှင့် ဆေးလိပ်ကိုသာ သောက်နေသည်။ သူသည် ဖုန်းယွီက ထိုဒီဇိုင်နာကို သဘောကျ၍ ထိုကဲ့သို့ ကြည့်နေမှန်း သူသိရှိပေသည်။

ဖုန်းယွီက ပြောလိုက်ကာ

“ဟုတ်သားပဲ။ ဒီဇိုင်းအကြောင်း အရင်ပြောရအောင် ဒီဒီဇိုင်းက ကျေနပ်တယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ ငါ့မှာက နောက်ထပ်လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ မင်းအနေနဲ့ ငါလိုချင်တဲ့ ဒီဇိုင်းလိုအပ်ချက်တွေကို အချိန်အတိုဆုံးအတွင်း ပြီးမြောက်အောင် လုပ်ပေးရမယ်။ ပြဿနာများ ရှိလား။ ”

“မရှိပါဘူး။ ”

မီရှဲလျိုက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ ထိုဒုက္ခပေးသည့်ကလေးက သူ၏ကျွမ်းကျင်မှုပိုင်းလော။

“ကောင်းပြီ။ အဲ့ဒါဆိုရင် ငါမင်းကို ဘယ်အပိုင်းက မပြည့်စုံဘူးလဲဆိုတာ ပြောပြပေးမယ်။ ဒီနေရာက နည်းနည်းမြင့်နေတယ်။ မင်းအနေနဲ့ အရပ်ပုတဲ့ လူတွေအတွက်လည်း ဆိုင်ကယ်ကို စီးနင်တဲ့အခါ သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် စီစဉ်ပေးရမယ်။ မင်းအနေနဲ့ အရပ်1.72မီတာကို ကိုးကားချက် ယူလို့ရတယ်။ ဒုတိယအနေနဲ့ ဆီတိုင်ကီက အရမ်းကြီးတယ်။ ဆီတိုင်ကီ ၁၅လီတာအတွက် မလိုအပ်ဘူး။ ၁၀လီတာဆိုရင် အဆင်ပြေပြီ။ ဒီဒေသအတွင်းမှာရှိတဲ့ လူတွေ တစ်ယောက်မှ အဲ့ဒီမော်တော်ဆိုင်ကယ်ကို အသုံးပြုပြီးတော့ ခရီးရှည် ထွက်ကြမှာမဟုတ်ဘူး။ ကီလိုမီတာ သုံးရာဆို လုံလောက်ပြီ။ တတိယ ဒီမော်တော်ဆိုင်ကယ်က စက်ဘီးနဲ့ အတူတူပဲ ဖြစ်ရမယ်။ အဲ့ဒီမှာ နောက်ခုံပါရမယ်။ ဒါပေမဲ့ အဲ့ဒီနောက်ခုံက ခရီးသည်တွေအတွက် မဟုတ်ဘူး။ အဲ့ဒါက ပစ္စည်းတွေ သယ်ဖို့အတွက် အကျယ်အဝန်းကလည်း ထိုင်ခုံထက် မကျယ်ရဘူး။ ဒီနေရာ အရမ်းရုပ်ဆိုးတယ်။ သေချာပေါက် သတ္တုတွေသုံးပြီးတော့ အကြမ်းခံမှဖြစ်မယ်။ ဒီအပိုင်းက အနည်းဆုံး ဆန်အိတ်ငါးအိတ်ကို သယ်နိုင်ရမယ်။ စတုတ္ထအချက်.... ”

မီရှဲလျိုသည် ဖုန်းယွီပြောသည့် အရာများကို ချရေးနေကာ သူ့အနေဖြင့် ဖုန်းယွီတောင်းဆိုသည့် အချက်အလက်များ အားလုံးက ဓမ္မဓိဌာန်ကျသည်ဟု ခံစားမိသည်။ အဘယ့်ကြောင့် သူ့အနေဖြင့် ဒီဇိုင်းနှင့်ပတ်သတ်ပြီး ထိုစဉ်းစားမှုများ အားလုံးကို မရခဲ့သနည်း။ သူ့အတွေးတွင် ဖုန်းယွီက အလွန်ဆုံးလိုအပ်ချက် တစ်ခုဒါမှမဟုတ် နှစ်ခုသာရှိမည်ဟု တွေးခဲ့သည်။ သို့သော် အဆုံးတွင် ဖုန်းယွီက အချက်ရှစ်ချက်ကို ပြောလိုက်သည်။

“ဖုန်းယွီ မင်းတောင်းဆိုတဲ့ တစ်ခြားအချက်တွေကိုတော့ ငါဘာမှ မပြောချင်ပါဘူး။ ဒါပေမဲ့ ဘာကြောင့် ဒီမော်တော်ဆိုင်ကယ်က ရှေ့ကာထည့်ဖို့ လိုအပ်တာလဲ။ မော်တော်ဆိုင်ကယ် စီးနင်တဲ့ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ သစ်ပင်ကို တိုက်လိမ့်မယ်လို့ ဘယ်တော့မှ တွေးမှာမဟုတ်ဘူး။ ”

လီမင်တအနေဖြင့် ထိုအပိုင်းသည် ပိုက်ဆံဖြုန်းတီးသည်ဟု ခံစားရပြီး တစ်စီးချင်းစီ၏ ထုတ်လုပ်မှုစရိတ်ကို အများကြီး တိုးစေသည်။

“ငါတို့မော်တော်ဆိုင်ကယ်ရဲ့ အမြင့်ဆုံး အမြန်နှုန်းက ဘယ်လောက်လဲ။ အဲ့ဒါက ကားလေးတစ်စီးထက်တော့ မနည်းဘူး။ ဟုတ်တယ်မလား။ တကယ်လို့ လမ်းမကောင်းတဲ့နေရာတွေကို သွားမယ်ဆိုရင် အဲ့ဒီစီးနင်းတဲ့လူက ဂရုမစိုက်ဘူး ကိုင်းသေးလေးတစ်ကိုင်းက သူ့ရဲ့ခြေထောက်ကို ထိမိတယ်ဆိုရင် အဲ့ဒါက အနာတရ ဖြစ်စေနိုင်တယ်။ ပထမဦးဆုံး မော်တော်ဆိုင်ကယ်မှာ ရှေ့ကာမပါတာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မော်တော်ဆိုင်ကယ်ရဲ့ ဒုတိယမျိုးဆက်မှာတော့ အဲ့ဒီရှေ့ကာက ပါကိုပါမှရမယ်။ ”

ဖုန်းယွီက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ကောင်းပြီ ပထမဦးဆုံးမော်တယ်မှာ ရှေ့ကာပါဖို့အတွက် မလိုအပ်ဘူး။ ဆီတိုင်ကီသေးမယ် ပြီးတော့ ပစ္စည်းတွေအတွက် ခြင်းကလည်း အဆင်ပြေတယ်။ ငါတို့တွေ ဆီကိုင်ကီအရန်အတွက်လည်း ပြဿနာ ဖြေရှင်းပြီးပြီ။ ခရီးသွားစဉ် အချိန်အတောအတွင်းမှာ ဆီပြတ်သွားမဲ့ ပြဿနာကိုလည်း စိတ်ပူစရာ မလိုအပ်ဘူး။ ဒါကြောင့်မို့လို့ မီရှဲလျို မင်းက ငါတို့မော်တော်ဆိုင်ကယ်ဒီဇိုင်းကို ရေးဆွဲပေးတဲ့ တကယ်ကို ဒီဇိုင်းကျွမ်းကျင်ပညာရှင်ပဲ။ ”

မီရှဲလျိုက ချက်ချင်းပင် လက်ထောင်လိုက်ကာ ပြောလိုက်သည်။

“မန်နေဂျာလီ ကျွန်တော်ကို ဒီဇိုင်းကျွမ်းကျင်ပညာရှင်လို့ မပြောပါနဲ့။ ကျွန်တော်ကအခုမှ အလုပ်ဝင်ကာစပဲ ရှိပါသေးတယ်။ တကယ့် ဒီဇိုင်းကျွမ်းကျင်ပညာရှင်က မန်နေဂျာဖုန်းပါ။ ”

ဖုန်းယွီက လီမင်တကို လှောင်သည့် အပြုံးတစ်ပြုံးဖြင့် ကြည့်လိုက်ကာ ဘာမှမပြောပေ။ သူ၏အသွင်အပြင်သည် လီမင်တကို ထိုနေ့တွင် အစားစားချင်စိတ် ပျောက်ဆုံးသွားစေသည်။

ကောင်းပြီ ဒီဒီဇိုင်နာ ငှားထားသည့်သူက အဘယ့်ကြောင့် ထိုသို့ဖြစ်သွားသနည်း။ သူက ဖုန်းယွီညွှန်ကြားသည့်အတိုင်း လုပ်နေသည်လော။ ဘယ်လိုနိုင်ငံခြားသား ဘွဲ့ရလဲ။ သူနိုင်ငံခြားကနေပြီးတော့ ဟင်းဘယ်လို ချက်တက်အောင်ပဲ သင်ခဲ့တာလား။

All Chapters