ဒီဇိုင်းကုမ္မဏီတွင် ရင်းနှီးမြုပ်နှံခြင်း
Vol. 12 Ch. 174
လီမင်တ၏ ရုံးခန်းမှ ထွက်သွားပြီးနောက် ဖုန်းယွီသည် လျိုမီရှဲကို စက်ယန္တရား ကုမ္မဏီတွင်ရှိသည့် သူ၏ရုံးခန်းသို့ ခေါ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ဖုန်းယွီသည် ထိုကုမ္မဏီ၏ ရှယ်ယာရှင်တစ်ယောက်ဖြစ်ကာ ထိုရုံးခန်း ထားရှိခြင်းက စက်ယန္တရားစက်ရုံရှိ လူများကသူ့ကို ပိုတောင်မှ မုန်းသွားစေခဲ့သည်။ သူသည် လက်ထောက်မန်နေဂျာ ဖုန်းရှင်းထိုက်၏ ကိုယ်စားလှယ်ဖြစ်ပြီး သူသည် မော်တော်ဆိုင်ကယ် စက်ရုံကို ကြည့်ရှု့ရသည့်လူလည်း ဖြစ်ပေသည်။ ပြီးနောက် သူ၏ရုံးခန်းသည် လက်ထောက်ကြီးကြပ်ရေးမှူးထက်တောင် ကြီးနေသေးသည်။
ဖုန်းယွီကိုပေးသည့် အကြောင်းပြချက်သည် သူ့အနေဖြင့် ကုမ္မဏီသည် အမြဲတမ်း ရှိမနေပေ။ ပြီးနောက် ဖုန်းရှင်းထိုက်သည်လည်း စက်ယန္တရား ကုမ္မဏီသို့ မကြာခဏ လာလေ့မရှိသည့်အတွက် ဖြစ်သည်။ ထို့အတွက် နေရာဖြုန်းတီးရာ ရောက်ပေသည်။ ဖုန်းယွီသည် သူအဓိက ရှယ်ယာရှင် ဖြစ်သည့်အခါကို စိတ်ထဲမြင်ကြည့်လိုက်သည်။ သူ့အနေဖြင့် အရင်ဘဝရှိ CEOများ၏ ရုံးခန်းကဲ့သို့ သူသည်လည်း ရုံးခန်းကြီးကြီး လိုချင်ပေသည်။ ထိုရုံးခန်းသည် စကွဲယားမီတာ နှစ်ရာကျော်ခန့် ရှိမည်ဖြစ်ကာ လာရောက်လည်ပတ်သည့် သူများ၏ ပထမဦးဆုံးသွင်ပြင်သည် ဟာကနဲ ဟင်ကနဲ ဖြစ်စေချင်သည်။
“မန်နေဂျာဖုန်း ကျွန်တော်ကို ဘာများပြောစရာများ ရှိသေးလို့လဲ။ ”
လျိုမီရှဲသည် ဖုန်းယွီကို ပိုပိုပြီးလေးစားလာသည်။ ဖုန်းယွီသူ့ကိုပြောခဲ့သည့် အရာများသည် သူ့အား စိတ်ကူးစိတ်သန်း များစွာဖြစ်ပွားစေခဲ့သည်။ အကယ်၍သူသည် တရုတ်နိုင်ငံတွင် ကုမ္မဏီကို ထူထောင်မည်ဆိုပါက သူ့အနေဖြင့် သူ၏ဒီဇိုင်းများတွင် တရုတ်အငွေ့အသက်များ ပါအောင်လုပ်ရမည်ဖြစ်ကာ ဥရောပနှင့် အမေရိကန်ဒီဇိုင်းများကို အမေရိကန်စတိုင်ကို မကူးရန် လိုအပ်သည်။ သူ့အနေဖြင့် သူတို့ကုမ္မဏီ၏ နောက်ထပ်လမ်းကြောင်းကို ရှာတွေ့သွားဟန်တူသည်။
“မင်းတို့ရဲ့ကုမ္မဏီမှာ ဒီဇိုင်နာသုံးယောက်ကလွဲရင် စုစုပေါင်း အခြားဝန်ထမ်း ဘယ်နှစ်ယောက် ရှိသေးလဲ။ ပြီးတော့ ရင်းနှီးမတည်ငွေကလည်း ဘယ်လောက်လဲ။ ”
လျိုမီရှဲသည် တခဏကြာ တွန့်ဆုတ်ပြီးနောက် ပြောလိုက်သည်။
“စုစုပေါင်း လူခုနှစ်ယောက်ရှိပါတယ်။ ကျွန်တော်တို့ ဒီဇိုင်နာသုံးယောက်က ဒီဇိုင်းအတွက် လူတွေကိုလည်း ကြည့်ရသေးတယ်။ ပြီးတော့ အချိန်ပြည့်စာရင်းကိုင်နဲ့ အချိန်ပိုင်း စာရင်းကိုင်တွေက ကျွန်တော်တို့ရဲ့ စာရွက်စာတမ်း ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ ကူညီပေးတယ်။ ပြီးတော့ အုပ်ချုပ်မှု ဝန်ထမ်းကလည်း ဧည့်ကြိုဝန်ထမ်းအဖြစ် အလုပ်နှစ်ခုလုပ်တယ်။ ပြီးတော့ အရာရာအားလုံး ပြီးမြောက်စေဖို့အတွက် အခြားဝန်ထမ်းတွေလည်း ရှိသေးတယ်။ ရင်းနှီးမတည်ငွေက ကျွန်တော်တို့ သုံးယောက်ဆီကနေ ရလာတာ။ ကျန်တဲ့သူတို့နှစ်ယောက်က ယွမ်သုံးသောင်းဆီ ရင်းနှီးမြုပ်နှံကြပြီး ကျွန်တော်က ယွမ်လေးသောင်း ရင်းနှီးမြုပ်နှံတယ်။ စုစုပေါင်း ရင်းနှီးမတည်ငွေက ယွမ်တစ်သိန်းပါ။ ”
ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ ဒီဇိုင်းအလုပ်ရုံအတွက် ယွမ်တစ်သိန်း ရင်းနှီးမြုပ်နှံခြင်းက ရင်းနှီးမြုပ်နှံရန် စဉ်းစား၍ရနိုင်သည့် ပမာဏတစ်ခုဖြစ်သည်။ အကယ်၍ ကုမ္မဏီရှိ ဒီဇိုင်နာသုံးယောက်သည် လျိုမီရှဲလောက် ကောင်းပါက ထိုကုမ္မဏီသည် များစွာသော ကောင်းမွန်သည့်အနာဂတ် အကျိုးအမြတ်များ ရရှိပေသည်။
“လေနှင့်မိုး ရေနွေးငွေ့စက်အကြောင်း မင်းသိလား။ ”
“ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲ့ဒါက ရှန်ဟိုင်းအတွက်တော့ သိပ်မသင့်တော်ဘူး။ ဒါပေမဲ့ ကျွန်တော်က ဘင်းမြို့တော်မှာ ထုတ်လုပ်တယ်လို့ကြားတယ်။ အဲ့ဒီဇိုင်းက အရမ်းကောင်းတာပဲ။ ”
“အဲ့ဒါက ငါ့ကုမ္မဏီရဲ့ထုတ်ကုန် အဲ့ဒီရေနွေးငွေ့စက်ကိုလည်း ငါကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ။ ”
“ဘာ မစ္စတာဖုန်းက ဒီဇိုင်နာလား။ ”
လျိုမီရှဲသည် အလွန်ချဲ့ကားသည့် အံ့သြမှင်သက်သည့် အမူအရာ ပြုလုပ်လိုက်သည်။ ဖုန်းယွီသည် သူသရုပ်ဆောင်နေသည်မှန်း သိသော်ငြား သူသည် ကောင်းမွန်သည်ဟု ခံစားရသည်။
တစ်ကြောင်းထဲပဲလား။ ငါ့ကိုထပ်ပြီးတော့ ချီးကျူးလို့ မရတော့ဘူးလား။ ဖုန်းယွီက လျိုမီရှဲကို စိုက်ကြည့်လိုက်သည်။ သူကသူ့အား တစ်ဝက်တစ်ပြတ်နှင့် ချီးကျူးတာကို ရပ်လိုက်သည့်သူများကို အမုန်းဆုံးဖြစ်ပေသည်။
“ဒါအမှန်ပဲ။ ဒါပေမဲ့ ငါ့မှာအခု အကြံတစ်ခုရတယ်။ မင်းတို့ရဲ့ကုမ္မဏီက အရမ်းသေးလွန်းတယ်။ ဒါပေမဲ့ မင်းရဲ့ကုမ္မဏီက ကောင်းမွန်တဲ့ အနာဂတ်ရှိတယ်လို့ ခံစားရတယ်။ ဒါမှမဟုတ်ဘူးဆိုရင် ငါ့အနေနဲ့ မင်းတို့ရဲ့ လုပ်ငန်းကဏ္ဍက ကောင်းမွန်တဲ့အနာဂတ်ရှိတယ်လို့ ငါပြောရမလား။ တကယ်လို့ မင်းရဲ့ကုမ္မဏီမှာ ငါရင်းနှီးမြုပ်နှံချင်တယ်ဆိုရင် မင်းတို့က ခွင့်ပြုမှာလား။ ”
အကယ်၍ လျိုမီရှဲသူ့ကိုပြောတာမှန်လျှင် သူ၏အတန်းဖော် သုံးယောက်သည် သူ့လောက် ကောင်းကြပေသည်။ ဒီဇိုင်းအတွေ့အကြုံနှင့် နိုင်ငံခြားတွင် လုပ်ကိုင်ခဲ့မှု အရင်ကရှိခဲ့ပြီး သူတို့သည် ဒီဇိုင်းအပ်ချင်သည့် ဒီဇိုင်းမျိုးကို ချက်ချင်းပင် ပုံကြမ်းဆွဲနိုင်ပေသည်။ ထို့အတွက်ကြောင့် သူ၏ထိုကုမ္မဏီသည် အနာဂတ်တွင် များစွာသော အောင်မြင်မှုမျိုး ရှိနိုင်ပေ၏။
အနာဂတ်တွင် မည်သည့်အရာများက နာမည်ကျော်ကြားသနည်း။ အခြားသူများ မသိရင်တောင် ဖုန်းယွီကသိပေသည်။
သို့သော်ဖုန်းယွီ၏ ဒီဇိုင်သည် လွန်စွာမှ ချဲ့ကားပေသည်။ ရေနွေးငွေ့စက်နှင့် လျှပ်စစ်ပန်ကာများ၏ ဒီဇိုင်းကတော့ အဆင်ပြေသည်။ သို့သော် သူ့အနေဖြင့် သူဆွဲထားသည့် ရေခဲသေတ္တာဒီဇိုင်းသည် အလွန်ဆိုးရွားသည်ဟု ခံစားမိသည်။
ဖုန်းယွီသည် သူ၏အကြံဉာဏ်များကို ပုံဖြင့်မပြောင်းလဲနိုင်သည့်အတွက် ဒုက္ခကြီးစွာ ရောက်ခဲ့သည်။ လက်ရှိတွင်သူသည် ကျွမ်းကျင်ပညာရှိသူတစ်ယောက်နှင့် တွေ့ဆုံခဲ့ကာ သူ့ကို စည်းရုံးချင်သည်။
သူ့အနေဖြင့် ထိုဒီဇိုင်းအလုပ်ရုံသည် ပိုက်ဆံဆုံးရှုံးလိမ့်မည်ဟု လုံးဝစိတ်မပူပန်ပေ။ သူ့တွင် အကြံဉာဏ်များစွာ ရှိကာ ကျွမ်းကျင်ဒီဇိုင်နာ သုံးဦးနှင့်ဆိုလျှင် သူ့အနေဖြင့် ထိုကုမ္မဏီသည် အနာဂတ်တွင် ငွေပမာဏ ကြီးကြီးမားမား ရရှိနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။
“မစ္စတာဖုန်းက ဘာပြောလိုက်တာလဲ။ မစ္စတာဖုန်းက ကျွန်တော်တို့ရဲ့ကုမ္မဏီမှာ ရင်းနှီးမြုပ်နှံချင်တာလား။ ”
လျိုမီရှဲက ဝမ်းသာအားရလျှက် အံ့သြစွာဖြင့်ပြောသည်။ တစ်စုံတစ်ယောက်က သူ၏ကုမ္မဏီကို အလားအလာရှိသည်ဟု စဉ်းစားပြီး ထိုသူသည် ချမ်းသာသည့် သူဌေးကြီးတစ်ယောက်ဖြစ်သည်။ ယင်းအဓိပ္ပာယ်က သူ့ကုမ္မဏီသည် ကြီးထွားနိုင်မှု အလားအလာအများကြီး ရှိပေသည်။
“သေချာတာပေါ့။ ကျွန်တော်အနေနဲ့လည်း ဒီလုပ်ငန်းက ကြီးမားတဲ့ အလားအလာရှိတယ်လို့ ခံစားရပြီး မင်းတို့အားလုံးလည်း အောင်မြင်မှာပါ။ မင်းအနေနဲ့ မင်းရဲ့မိတ်ဖက်တွေနဲ့ရော ဆွေးနွေးချင်သေးလား။ ”
ဖုန်းယွီကပြုံးကာ မေးလိုက်သည်။
ထိုအရာသည် ဖုန်းယွီမျှော်မှန်းထားသည်ထက်ပင် ပို၍လွယ်ကူပေသည်။ ထိုလျိုမီရှဲသည် ဖုန်းယွီ၏ ဒီဇိုင်းကုမ္မဏီ၏ ရင်းနှီးမြုပ်နှံသည့် ဆန္ဒကို မငြင်းဆိုပေ။ ဖုန်းယွီသည် ထိုကုမ္မဏီ အခက်အခဲတွင် ကျရောက်နေမှန်းလည်း မသိပေ။ ထိုစက်ယန္တရား ကုမ္မဏီ၏ အပေးအယူသည် သူတို့ကုမ္မဏီ တည်ထောင်ပြီးကတည်းက ပထမဦးဆုံး ငွေကြေးအမြောက်အများရသည့် အပေးအယူပင် ဖြစ်သည်။ ထိုပမာဏသည် ယွမ်ငါးထောင်သာရှိသည်။
ဖုန်းယွီ၏ အတွေးတွင် သူ၏အရင်ဘဝ၌ ကောင်းမွန်သည့် ထုတ်ကုန်ဒီဇိုင်းများသည် အနည်းဆုံး သိန်းမှသန်းချီအထိ ဒီဇိုင်းကရှိပေသည်။ အချို့သော ဒီဇိုင်နာများက ရောင်းရသည့် ထုတ်ကုန်တိုင်း၏ ရာခိုင်နှုန်းကိုတောင် ယူကြသည်။ သို့သော် ယခုတွင် ဒီဇိုင်းတစ်ခုအတွက် ယွမ်ငါးထောင်ဟူသည်က ထိုကဏ္ဍတွင် အမြင့်ဆုံးဟု စဉ်းစား၍ရနိုင်ပေသည်။ အကယ်၍ ဖုန်းယွီကြောင့်သာ မဟုတ်လျှင် လီမင်တသည် အများဆုံး ယွမ်နှစ်ထောင်သာ သုံးမည်ပင် သို့မဟုတ် သူ့အနေဖြင့် သူ၏အင်ဂျင်နီယာများကို ဒီဇိုင်းဆွဲခိုင်းမည်ပင်။
လျိုမီရှဲသည် သူသည်ဖုန်းယွီနှင့်ယှဉ်လျှင် သူ၏ဒီဇိုင်း အတွေးအခေါ်များသည် အလွန်ကွာဝေးနေသည်ဟု ခံစားမိသည်။ သူသည် အမေရိကန်ပြည်ထောင်စုတွင် အလုပ်သင်အဖြစ် ထမ်းဆောင်စဉ်ကသူသည် သူ၏စီနီယာများထံမှ ဒီဇိုင်းသည် လက်တွေ့တွင် အသုံးချနိုင်ရမည်ဖြစ်ကာ လှပရပေမည်။ ဒီဖိုင်းတစ်ခုသည် ထိုအချက်နှစ်ချက် မပြည့်စုံပါက ကျရှုံးသည်ဟု စဉ်းစား၍ရနိုင်ပေသည်။
လျိုမီရှဲသည် ဖုန်းယွီရုံးခန်းရှိဖုန်းကို ချက်ချင်းပင်အသုံးပြုကာ အခြားမြို့တွင် ရှိနေသည့် သူ၏အတန်းဖော်များကို ဖုန်းခေါ်ဆိုလိုက်သည်။ သူက အတန်းဖော်များကို ဖုန်းယွီရှေ့တွင် ဖုန်းယွီ၏ ကမ်းလှမ်းမှုအကြောင်း ပြောလိုက်သည်။ သူ၏အတန်းဖော်များသည် သူတို့သူငယ်ချင်း ဘင်းမြို့တော်သို့ ရောက်နေခိုက် သူဌေးကြီးတစ်ယောက်က သူတို့၏ကုမ္မဏီကို ရင်းနှီးမြုပ်နှံမည်ဆိုသည့် သတင်းကိုကြားသည့်အခါ သူတို့အလွန် စိတ်လှုပ်ရှားကြပေသည်။
သူတို့နှစ်ယောက်စလုံးက ချက်ချင်းပင် သဘောတူလိုက်သည်။ ထိုအရာသည် ရန်ပုံငွေများကို တိုးခြင်းသာဖြစ်ကာ သူတို့အနေဖြင့် သူတို့၏ရှယ်ယာများကို ကိုင်ထားနေဆဲ ဖြစ်မည်ပင်။ ထိုအချက်က သူတို့၏ ရင်းနှီးမတည်ငွေများအားလုံး မဆုံးရှုံးတာထက် ပိုကောင်းပေသည်။ သူတို့တွင် ငွေများရှိနေသမျှ သူတို့၏ကုမ္မဏီကို ကြော်ညာနိုင်ကာ အပေးအယူများ များများရှာနိုင်ပြီး ငွေများ များများရနိုင်သည်။ ငွေများစွာနှင့်ဆိုလျှင် သူတို့သည် သူတို့၏ကုမ္မဏီကို ဒီထက်ပိုပြီး တိုးတက်အောင် လုပ်နိုင်ပေ၏။
“မန်နေဂျာဖုန်း သူတို့တွေက ကုမ္မဏီကို ရင်းနှီးမြုပ်နှံဖို့အတွက် မငြင်းဆန်ကြဘူး။ ဒါပေမဲ့ မစ္စတာဖုန်းက ဘယ်လောက် ရင်းနှီးမြုပ်နှံမယ်လို့ ရည်ရွယ်ထားလဲ။ ”
ဖုန်းယွီက တခဏကြာတွေးပြီးနောက် လက်လေးချောင်း ထောင်ပြလိုက်ကာ
“ယွမ်လေးသိန်း ”
“ဘာ ယွမ်လေးသိန်းလား။ ”
လျိုမီရှဲသည် မှင်သက်သွားသည်။ သူ့အနေဖြင့် ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုက ထိုမျှများပြားသည့် ပမာဏဟု လုံးဝမမျှော်လင့်ခဲ့ပေ။ သူသည် ဖုန်းယွီသည် သူ၏ကုမ္မဏီကို ထိန်းချုပ်ချင်မှန်း သိပေသည်။ သို့သော် ကုမ္မဏီတွင် ဒီဇိုင်နာသုံးယောက်သာ ရှိသည်။ ထိုပိုက်ဆံများများ ရင်းနှီးမြုပ်နှံခြင်းက တကယ်ပင် တန်သည်လော။ ထိုဖုန်းယွီသည် ပိုက်ဆံများရှုံးမည်ကို မကြောက်ရွံ့သည်လော။
“ဒါအမှန်ပဲ။ ယွမ်လေးသိန်း ဒီနည်းနဲ့ ငါကမင်းတို့ကုမ္မဏီရဲ့ ရှယ်ယာရှစ်ဆယ်ရာခိုင်နှုန်း ပိုင်လိမ့်မယ်။ ငါပြောတာ ဖြစ်သင့်တယ်မလား။ ”
“မင်းတို့သုံးယောက်စလုံးက ဒီသဘောတူညီမှုမှ ရလာတဲ့ငွေတွေကို ခွဲယူနိုင်တယ်။ ပြီးတော့ ဒီအပေးအယူ ပြီးသွားတာနဲ့ ငါမင်းတို့ဆီက အဆုံးသတ်မယ်။ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက်တော့ မင်းတို့နဲ့ နောက်ပိုင်းကျမှ ငါဆွေးနွေးမယ်။ ”
ယင်းက ယွမ်လေးသိန်းသာဖြစ်သည်။ ထိုအရာက အလွန်များပြားသည်လော။ ဖုန်းယွီသည် ထိုကုမ္မဏီကို ဒလက်မဲ့ပန်ကာနှင့် ဆံပင်ခြောက်စက် ဒီဇိုင်းအတွက် မကြာခင်တွင် အသုံးပြုမည်ဖြစ်ကာ ထိုထုတ်ကုန် ဒီဇိုင်းများကြောင့် ဈေးကွက်၏ တိုးတက်မှုနှုန်းသည်လည်း မြင့်တက်လာမည်ဖြစ်သည်။
ကြော်ညာသည့် ဒီဇိုင်းများလည်း ရှိသေးသည်။ ပြီးနောက် ထိုအရာက ကုမ္မဏီအတွက် အဓိကဝင်ငွေ လမ်းကြောင်းပင် ဖြစ်လိမ့်မည်။ ယခုလက်ရှိ တရုတ်နိုင်ငံ၏ ကြော်ညာကဏ္ဍသည် မဖြစ်စလောက်သာ ဖြစ်သေးသည်။ နောက်ထပ်နှစ်နှစ်ကြာပြီးနောက် တရုတ်နိုင်ငံ၏ ကြော်ညာရွှေရောင်ခေတ်သည်လည်း ရောက်လာမည်ဖြစ်သည်။ ဖုန်းယွီသည် ထိုကုမ္မဏီအနေဖြင့် ထိုအချိန်ကာလတွင် အကျိုးအမြတ်များ မရဟု မယုံကြည်ပေ။
အိမ်ခြံမြေ ဈေးကွက်တွင်လည်း မကြာမီတွင် အရောင်းအဝယ်ကောင်းသည့် ကာလသို့ ရောက်ရှိမည်ဖြစ်ပေသည်။ အဆောက်အအုံများ၏ အပြင်ပိုင်းဒီဇိုင်းနှင့် အတွင်းပိုင်းဒီဇိုင်း ပရိဘောဂ အစရှိသည့် ဒီဇိုင်းတစ်ခုချင်းစီက အကျိုးအမြတ်များကို ရရှိပေသည်။
ထပ်ပြောရပါက ဖုန်းယွီသည် သူတို့ကို ဒီဇိုင်းဆွဲရန် အရေးပါသည့် ထုတ်ကုန်များလည်း ရှိနေသည်။ ဥပမာအနေဖြင့် စလွန်းကားများဖြစ်သည်။
ကားကောင်းတစ်စီးသည် သူ့တွင်အသုံးပြုထားသည့် ပစ္စည်းများကိုသာ သိကြသည်မဟုတ်ပေ။ အပြင်ပိုင်းဒီဇိုင်းနှင့် အတွင်းပိုင်းဒီဇိုင်းသည်လည်း အလွန်အရေးကြီးပေသည်။ ဥပမာအနေဖြင့် Audi သည် နိုင်ငံခြားဈေးကွက်တွင် ရောင်းကောင်းသော်ငြား တရုတ်နိုင်ငံ၏ ဈေးကွက်တွင်တော့ မရောင်းကောင်းပေ။ အကြောင်းမှာ ထိုကားသည် A6နှင့် ပုံစံတူပြီး ကား၏အပြင်ပိုင်းဒီဇိုင်းသည် ထိုကားက ဇိမ်ခံကားဟူ၍ မီးမောင်းမထိုးပြနိုင်ခဲ့ပေ။ ယင်းက တရုတ်လူများ၏ ဝံ့ကြွားဟိတ်ဟန်များသည့် ပုံစံမျိုးနှင့် ကိုက်ညီမှုမရှိပေ။
ဒီနေရာမှာ ဘယ်လောက်ထိ ချမ်းသာပြီး ကြွယ်ဝတဲ့လူတွေ နေနေလဲ။ လျိုမီရှဲသည် သူ၏အတန်းဖော်များကို ဖုန်းခေါ်လိုက်ကာ သူတို့သည် ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုများကြောင့် မှင်သက်သွားသည်။ သူတို့သည် တခဏကြာ တွန့်ဆုတ်ပြီးနောက် ပြောလိုက်သည်။ ထိုထပ်ပေါင်းထည့်ထားသည့် ရန်ပုံငွေများနှင့်ဆိုလျှင် ထိုကုမ္မဏီသည် တိုးတက်မှု မြန်ဆန်မည်ဖြစ်ကာ သူတို့၏ အိမ်မက်များကိုလည်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ပေသည်။