မော်တော်ဆိုင်ကယ် ဒီဇိုင်းအသစ်
Vol. 12 Ch. 175
ဖုန်းယွီက လျိုမီရှဲကို အကြံဉာဏ်အချို့ ပေးလိုက်သည်။ သူ့ကုမ္မဏီအနေဖြင့် ထုတ်ကုန်များ၏ ဒီဇိုင်းတွင်သာ အာရုံစိုက်ရန် မလိုအပ်ပေ။ သူတို့အနေဖြင့် ပရိဘောဂပစ္စည်းများနှင့် အတွင်းပိုင်း ဒီဇိုင်းများကိုလည်း ကြည့်ရန် လိုအပ်ပေသည်။ ထိုအရာများက အနာဂတ်တွင် သူတို့ကို အမြတ်များစွာ ယူဆောင်လာပေးမည် ဖြစ်သည်။
ဖုန်းယွီ၏ အကြံပေးချက်က လျိုမီရှဲကို စိတ်အားထက်သန်မှုများစွာ ပေးခဲ့သည်။ သူသည် အဆုံးတွင် လမ်းလျှောက်နေသည်ကို ရှာဖွေတွေ့ရှိသွားပြီး အကယ်၍ သူတို့တွင် ထုတ်ကုန်ဒီဇိုင်း အပေးအယူများ မရှိပါက သူတို့၏ အရည်အချင်းများကို အခြားသော နယ်ပယ်များတွင် အသုံးပြုနိုင်ပေသည်။
ရင်းနှီးငွေနှင့်ဆိုလျှင် သူတို့သည် အလုပ်သမားများကို ပိုပြီးငှားနိုင်ကာ သူတို့၏ ကုမ္မဏီသည်လည်း မြန်မြန်ဆန်ဆန်ဖြင့် တိုးတက်လာမည်ဖြစ်သည်။ အကယ်၍ သူတို့၏ အမှတ်တံဆိပ်ကို တည်ထောင်နိုင်ခဲ့လျှင် ပိုပြီးအောင်မြင်ကျော်ကြားကာ သူတို့အနေဖြင့် စီးပွားရေးများကိုလည်း ပိုမိုရရှိနိုင်ပေသည်။ ပြီးနောက် သူတို့၏ ဝန်ဆောင်ခ နှုန်းထားကိုလည်း တိုးမြင့်နိုင်ပေသည်။ ထိုမန်နေဂျာဖုန်းသည် တကယ်ကို ပါရမီရှင်တစ်ယောက်ပင်။
တစ်ပတ်ခန့်ကြာပြီးနောက် ဖုန်းယွီ၏ လိုအပ်ချက်များကို အခြေခံသည့် ပိုမိုကောင်းမွန်သည့် ဒီဇိုင်းသည် နောက်ဆုံးတွင် ထွက်လာခဲ့သည်။ ထိုမော်ဒယ်ကို စုန်ကျန်းတစ်ဟု အမည်ပေးထားကာ (၁၂၅)စီစီ မော်တော်ဆိုင်ကယ်ဖြစ်သည်။ ယခုလက်ရှိတွင် ဈေးကွက်က အဓိကအားဖြင့် (၅၀)မှ(၁၀၀)စီစီ မော်တော်ဆိုင်ကယ်များသာရှိကာ ဆီတိုင်ကီအများစုသည် (၁၂)မှ(၁၅)လီတာခန့် ဖြစ်သည်။ သို့သော် စုန့်ကျန်းတစ်တွင် ဆီတိုင်ကီမှာ (၁၀)လီတာခန့်သာပါသည်။ ထိုဆိုင်ကယ်သည် လမ်းတစ်ဝက်တွင် ဆီပြတ်သွားစရာ အကြောင်းအရင်း မရှိနိုင်ပေ။
ပထမက ဖုန်းယွီသည် (၁၅၀)စီစီ ဆိုင်ကယ်ကို ထုတ်လုပ်ချင်ခဲ့သည်။ သို့သော် ယခုလက်ရှိ ပေါ်လစီများအရ (၁၂၅)စီစီထက် ကျော်လွန်သော ဆိုင်ကယ်များကို မှတ်ပုံတင်ခွင့် မပေးပေ။ ထိုအရာက ကျေးလက်ဒေသများတွင် အဆင်ပြေသည်။ အကြောင်းမှာ မှတ်ပုံမတင်ထားသည့် မော်တော်ဆိုင်ကယ် များစွာရှိသည့်အတွက်ပင် ဖြစ်သည်။ ထိုကျေးလက်ဒေသရှိ ယာဉ်ထိန်းရဲများသည်လည်း ကျေးရွာတစ်ခုထဲမှဖြစ်ကာ သူတို့သည် မမြင်ချင်ယောင် ဆောင်နိုင်သည်။ သို့သော် မြို့ကြီးများတွင်တော့ ကွဲပြားခြားနားပေသည်။ အကယ်၍ တစ်ယောက်ယောက် ဖမ်းမိပါက သူ့အနေဖြင့် ဒဏ်ကြေးတပ်ခံရပြီး မော်တော်ဆိုင်ကယ်သည်လည်း အသိမ်းခံရမည် ဖြစ်ပေသည်။
ဖုန်းယွီ၏ ပထမဦးဆုံး (၁၂၅)စီစီ မော်တော်ဆိုင်ကယ်သည် ပြည်ပမှတင်သွင်းသည့် ရောင်းအားအကောင်းဆုံး ဆိုင်ကယ်များဖြစ်သော ဟော်နာနှင့် ယှဉ်ပြိုင်ရပေမည်။ ဟော်နာသည် ထိုခေတ်အချိန်ကတည်းက ကမ္ဘာ့နံပါတ်တစ် မော်တော်ဆိုင်ကယ် ထုတ်လုပ်သူဖြစ်သည်။ သူ့အမှတ်တံဆိပ်သည် အလွန်နာမည်ကျော်ကြားပြီး ဆိုဗီယက် ပြည်ထောင်စု မော်တော်ဆိုင်ကယ်များတောင် သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။ ပြောစရာမလိုဘဲ ပြည်တွင်းထုတ် ဆိုင်ကယ်များသည်လည်း စုန်ကျန်းတစ်လောက် အဆင့်မမှီပေ။
ထိုစုန်ကျန်းတစ်သည် ဆိုဗီယက်ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး နည်းပညာများနှင့် ထုတ်လုပ်ထားသည်သာမက ဆိုင်ထမ်းစနစ်ကိုလည်း ထိုခေတ်အခါက အဆင့်အမြင့်ဆုံးသော နည်းပညာများကို အသုံးပြုထားသည်။ ပြီးနောက် အပြင်ပိုင်းဒီဇိုင်းသည် လှပပေသည်။ အဝေးမှကြည့်ပါက ဟော်နာမော်တော် ဆိုင်ကယ်ထက်တောင် ပိုကောင်းနေပေ၏။
ထိုမော်တော်ဆိုင်ကယ်သည် တစ်ဖြောင့်ထဲဒီဇိုင်းကို အသုံးပြုထားပြီး ဆီတိုင်ကီက အောက်တွင်ရှိသည်။ ထိုင်ခုံသည် ကြီးပြီးသက်တောင့်သက်သာရှိသည်။ နောက်တွင်ရှိသည့် ခြင်းက အထူးစပါယ်ရှယ် ဖြစ်နေပေသည်။ ထိုအရာကို ဆိုဗီယက်ပြည်ထောင်စု ဆိုင်ကယ်များတွင်တောင် မတွေ့ရပေ။ ဂျပန်ဆိုင်ကယ်များတွင်တောင် နောက်တွင် ခြင်းရှိသည်က အတော်ကို ရှားပေသည်။
ရှေ့မီးသည်လည်းကြီးကာ တောက်ပပေသည်။ ဆိုင်တန်းစနစ်သည်လည်း အံ့သြမှင်သက်ဖွယ်ရာ ဖြစ်သည်။ ဖုန်းယွီက ဆိုင်ကယ်ကို စမ်းရန်အတွက် လမ်းမမည်သော လမ်းတွင်တောင် စီးလိုက်သေးသည်။ သူ့အနေဖြင့် သက်တောင့်သက်သာမဖြစ်မှု မခံစားရပေ။ ပြီးနောက် အရင်ဘဝရှိ စက်ဘီးများ၏ သက်တောင့်သက်သာရှိမှု အဆင့်ထက်တော့ မနိမ့်ကျပေ။
ဆိုဗီယက်ပြည်ထောင်စု နည်းပညာများသည် ထိုအပိုင်းတွင်တော့ အလွန်ပြီးပြည့်စုံသည်။ ဂျပန်မော်တော် ဆိုင်ကယ်များသည် သူတို့၏ လမ်းမထက်တွင် အသုံးပြုရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်ကာ သူတို့၏ လမ်းအခြေအနေက တရုတ်နိုင်ငံထက် ပိုကောင်းပေသည်။ ထို့အတွက်ကြောင့် သူတို့၏ ဆိုင်ထိန်းစနစ်သည် မကောင်းတကောင်း ဖြစ်ပေသည်။ သူတို့တွင် လမ်းမီးများလည်း ရှိပေရာ ထို့အတွက်ကြောင့် သူတို့၏ ရှေ့မီးများသည်လည်း အရမ်းမလင်းပေ။ ထို့ကြောင့် ဆိုဗီယက် ပြည်ထောင်စုသည် ကွဲပြားခြားနားသည်။ ထိုနယ်ပယ်ရှိ သူတို့၏ နည်းပညာများသည် တရုတ်နိုင်ငံနှင့် ကိုက်ညီမှု ရှိပေသည်။ ယင်းအချက်သည် မော်တော်ဆိုင်ကယ် ရောင်းချရခြင်း၏ အချက်အလက် တစ်ခုပင် ဖြစ်စေသည်။
သိသာထင်ရှားသည့် ရောင်းချနိုင်သည့်အချက်သည် ဆိုင်ကယ်၏ အပြင်ပိုင်း သွင်ပြင်ဖြစ်သည်။ ဆိုင်ကယ်ဆီတိုင်ကီနှင့် ထိုင်ခုံမှလွဲပြီး ကျန်သည့် အစိတ်အပိုင်းများသည် လှလှပပဖြင့် ပြင်ဆင်ထားပေသည်။
ယခုလက်ရှိ မော်တော်ဆိုင်ကယ်များသည် လေကာမပါရှိပေ။ ပြီးနောက် အမြန်နှုန်းပြ ကိရိယာသည် အကာအကွယ် ဖြစ်နေသည်။ ဖုန်းယွီက ထို့အတွက် လေကာအသေးလေးကို တောင်းဆိုလိုက်သည်။ ထိုလေကာသည် အရမ်းမမြင့်ပေ။ သို့သော် အမြန်နှုန်းပြ ရှေ့မှ အရာဝတ္ထုများ တိုက်ခဲ့ရာတွင် အမြန်နှုန်းပြ ကိရိယာကိုတော့ ကာကွယ်နိုင်ပေသည်။
ပလက်စတစ် အစိတ်အပိုင်းများသည် ဈေးချိုသည်။ သို့သော် ခိုင်ခံ့မှုမရှိပေ။ ဖုန်းယွီက အကြင်နာမဲ့စွာဖြင့် အရေးကြီးသည့် အစိတ်အပိုင်းများမှလွဲပြီး ကျန်သည့် အစိတ်အပိုင်းများကို ပလက်စတစ် သုံးပေမည်။ ထိုနည်းက ဆိုင်ကယ်၏ အလေးချိန်ကို လျော့ချနိုင်မည်ဖြစ်ကာ တစ်ချိန်ထဲတွင် ကုန်ကျစရိတ်ကိုလည်း သက်သာစေမည် ဖြစ်သည်။
ထိုအကြံပေးချက်ကို လီမင်တနှင့် ဟိုဟိုက်ထောင် အပါအဝင် လူတိုင်းက ကန့်ကွက်ကြလေသည်။
ဖုန်းယွီတွင် အသုံးပြုစရာ ကုန်ကြမ်းအဖြစ် ပလက်စတစ်သည်သာ ရှိသည်လော။ လျှပ်စစ်ပန်ကာသည်လည်း ပလက်စတစ်မှ ထုတ်လုပ်သည်။ ရေနွေးငွေ့စက်ကိုလည်း ပလက်စတစ်မှ ထုတ်လုပ်သည်။ ထိုအရာများအားလုံးသည် အိမ်သုံးပစ္စည်းများဖြစ်သည်။ ထို့အတွက်ကြောင့် ကိစ္စအများကြီး မရှိပေ။ သို့သော် ထိုအရာကတော့ ကွဲပြားခြားနားနေသည်။ မော်တော်ဆိုင်ကယ် တစ်စီးဖြစ်ပြီး သူတို့အနေဖြင့် ပလက်စတစ် အစိတ်အပိုင်း ဘယ်လိုလုပ် အသုံးပြုနိုင်မည်နည်း။
ဆိုင်ကယ်များအတွက် လဲခြင်းသို့မဟုတ် တစ်စုံတစ်ခုနှင့် တိုက်မိခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ အကယ်၍ အရှိန်အနည်းငယ်ဖြင့် တိုက်မိပြီး တစ်စုံတစ်ခု ကျိုးပဲ့ရင်ရော စုန့်ကျန်းတစ်သည် သူတို့ပထမဦးဆုံး ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်ဖြစ်ကာ ဖုန်းယွီက ထိုအရာကို အတုအယောင် ပစ္စည်းတစ်ခုဟု လုပ်နေသည်လော။ အကယ်၍ ဖုန်းယွီသည် နာမည်ပျက်မှာ မကြောက်လျှင်တောင် သူတို့၏ နာမည်အတွက်လည်း စဉ်းစားရပေမည်။ ထိုအရာက တစ်စက်ရုံလုံးသာမက ဘင်းမြို့တော် တစ်ခုလုံးအတွက်တောင် အရှက်ရစရာ ဖြစ်စေနိုင်သည်။ အဆုံးတွင် လေကာကိုသာ ပလက်စတစ် သုံးခွင့်ပေးပြီး ကျန်သည့် အစိတ်အပိုင်းများအားလုံးကို သတ္ထုဖြင့် သုံးမည်ဖြစ်သည်။ ဖုန်းယွီ၏ မျက်နှာက စူပုတ်နေသည်။ ပလက်စတစ် သုံးခြင်းနှင့်ပတ်သတ်၍ ဘာများမှားတာ ရှိသနည်း။ ထိုအရာများအားလုံးက အတူတူပင်။
ထပ်ပြောရပါက မော်တော်ဆိုင်ကယ် စီးနင်သူအနေဖြင့် စီးနင်သည့်အခါ မည်သို့ဂရုမစိုက်ဘဲ နေမည်နည်း။ မည်သူက တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိနှင့် တိုက်မည်နည်း။ အကယ်၍ သူတို့သည် ဂရုမစိုက်သဖြင့် တစ်စုံတစ်ခုနှင့် တိုက်မိလျှင်တောင် သတ္ထုနှင့်ပလက်စတစ် ဘယ်အရာများ ကွာခြားနေသနည်း။ ဆိုင်ကယ်သည် ထိခိုက်မည်ဖြစ်သည်။ ပလက်စတစ် အစိတ်အပိုင်းများ ပြန်လည်အစားထိုးခြင်းက ပိုပြီးလည်း ဈေးချိုပေသည်။
ဖုန်းယွီနှင့် အခြားသူများသည် မော်တော်ဆိုင်ကယ်၏ အရောင်နှင့် ပတ်သတ်၍လည်း ထပ်မံငြင်းခုံကြလေသည်။ ယခုတစ်ခေါက်တွင် ကျန်သည့်သူများက ထုတ်လုပ်မှုစရိတ်ကို လျော့ချချင်သည့်အတွက်ပင်။ သို့သော် ဖုန်းယွီက ထိုအစိတ်အပိုင်းတွင် ပိုသုံးချင်ပေ၏။
“သာမာန်ဆေးပဲ အသုံးပြုမှာလား။ ဘာကြောင့် အရည်အသွေး ကောင်းတဲ့ဆေးကို အသုံးပြုနိုင်ရမှာလဲ။ အရောင်က လွယ်လွယ်နဲ့ မှိန်မှာမဟုတ်ဘူး။ ပြီးတော့ အနီရောင်နဲ့ အပြာရောင်ကဲ့သို့ တောက်ပပြီးတော့ လူတွေကိုဆွဲဆောင်နိုင်တယ် မဟုတ်ဘူးလား။ ”
“စစ်စိမ်းရောင်ရော ဘာမှားနေလို့လဲ။ ဒါကဈေးကွက်မှာ တွေ့ရတဲ့ ပုံစံမျိုးပဲ။ ပြီးတော့အဲ့ဒါက ဈေးလည်းချိုတယ်။ မော်တော်ဆိုင်ကယ်တွေက သယ်ယူပို့ဆောင်ရေးအတွက်ပြောတာ။ ဘယ်အရောင်ပဲဖြစ်ဖြစ် အဆင်ပြေတယ် မဟုတ်ဘူးလား။ ”
သို့သော် ဖုန်းယွီက ယခုကိစ္စနှင့်ပတ်သတ်၍ အပိုလုပ်လိုက်ချင်ပေသည်။ အရောင်သည် တောက်နေရမည်ဖြစ်ကာ စိတ်ဝင်စားမှုကိုလည်း ဖမ်းစားနိုင်ရမည် ဖြစ်ပေသည်။ လူများအနေဖြင့် သူတို့၏ မော်တော်ဆိုင်ကယ်ကို မည်သည့်အခါ ဆွဲဆောင်နိုင်သည့်အရောင်မျိုး ဖြစ်ရပေမည်။ ယင်းအချက်က မော်တော်ဆိုင်ကယ် ကောင်းကောင်းရောင်းရခြင်း၏ အရေးပါသည့် အချက်တစ်ခု ဖြစ်ပေသည်။
လီမင်တနှင့် ကျန်သည့်သူများက ဖုန်းယွီသည် အရောင်းပိုင်းနှင့် ပတ်သတ်၍ သူတို့ထက်ပိုတော်မှန်း သိပေသည်။ ဖုန်းယွီကို အရောင်းပိုင်းတွင် ကျွမ်းကျင်သူတစ်ယောက်ဟုတောင် စဉ်းစား၍ ရနိုင်ပေသည်။ CCTVတွင်ရှိသည့် ဖုန်းယွီ၏ ကြော်ညာမှအစပြုပြီး သူ၏ကြော်ညာများကို တီထွင်ဖန်တီးနိုင်စွမ်းက သူတို့၏ ဦးနှောက်ကို အလွန်တရာဖြင့် အံ့သြမှင်သက်စေသည်။
ထို့အတွက် မော်တော်ဆိုင်ကယ် ရောင်းချခြင်းနှင့် ပတ်သတ်သည့် အချိန်မှစကာ လီမင်တနှင့် ကျန်သည့်သူများသည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ ပိုကောင်းပြီး ပိုဈေးကြီးသည့် ဆေးများကို အသုံးပြုရန် သဘောတူလိုက်သည်။ ဖုန်းယွီက သူတို့ကို သူတို့၏ ဆိုင်ကယ်အနေဖြင့် တရုတ်တစ်နိုင်ငံလုံးတွင်သာမက နိုင်ငံခြားတွင်တောင် တင်ပို့နိုင်မည်ဟုတောင် ကတိပေးလိုက်သည်။
လီမင်တတွင်တော့ အမြင်တစ်ခုရှိနေကာ ဖုန်းယွီသည် အလွန်ချဲ့ကားရာ ရောက်သည်ဟု ခံစားမိနေသည်။ သူသည် မျှော်လင့်ချက် ကြီးကြီးမားမား မထားပေ။ အကြောင်းမှာ သူတို့ရှေ့ ဈေးကွက်ထဲတွင် ရောက်ရှိနေပြီးသား မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်များနှင့် ယှဉ်ပြိုင်ရသည်ဟု ခံစားနေမိသည်။ အကယ်၍ သူတို့အနေဖြင့် ဈေးကွက်ကို ဖမ်းဆုပ်နိုင်ပါက အရှေ့မြောက်ဒေသ၏ ပြည်နယ်သုံးခုတွင်သာဖြစ်ကာ သူ့အနေဖြင့် အကျိုးနည်းမည် ဖြစ်ပေသည်။ အကယ်၍ သူတို့သည် လယ်ယာသုံး စက်ပစ္စည်းများကဲ့သို့ တောင်ပိုင်းသို့ ပို့နိုင်ပါက ထိုအရာက အလွန်အံ့သြဖွယ်ရာ ဖြစ်ရပ်ပင်ဖြစ်သည်။
ဖုန်းယွီက ချက်ချင်းဆိုသလိုပင် လီမင်တနှင့် တစ်ခုပြုလုပ်လိုက်သည်။ ထိုက်ဟွကုန်သွယ်ရေးသည် မော်တော်ဆိုင်ကယ် ဖြန့်ဖြူခြင်းလမ်းကြောင်းများနှင့် ပတ်သတ်ပြီး အရောင်းပိုင်းတွင် တာဝန်ယူမည် ဖြစ်သည်။ လယ်ယာသုံး စက်ပစ္စည်းများ ရောင်းချခြင်းတွင် ကွဲပြားပေသည်။ ဖုန်းယွီသည် ရောင်းချမှုကို တာဝန်ခံကာ ကော်မရှင်ခအဖြစ် ရာခိုင်နှုန်းအလိုက် ယူပေသည်။
ထို့နောက် လီမင်တနှင့် ဖုန်းယွီသည် မော်တော်ဆိုင်ကယ်များ၏ ဖြန့်ဖြူးရေး လမ်းကြောင်းအတွက် အခွင့်အရေးတစ်ခုကို စောင့်နေသည်ဆိုတာကို သိရှိသွားသည်။ သို့သော် သူသည် ဖုန်းယွီ၏ အရောင်းပိုင်း နည်းစနစ်များကို ပြန်တွက်ကြည့်လိုက်သည့်အခါ သူ့အနေဖြင့် စမ်းကြည့်ရန် သင့်သည်ဟု ခံစားရသည်။ သို့သော် ရောင်းရသည့် ပစ်မှတ်ကိုတော့ များများထားရပေမည်။
ထုတ်လုပ်မှု လမ်းကြောင်းနှစ်ခုသည် အမြင့်ဆုံးနှုန်းဖြင့် အလုပ်လုပ်လျှင်တောင် သူတို့သည် တစ်နှစ်လျှင် မော်တော်ဆိုင်ကယ် အနည်းဆုံး နှစ်သိန်း ထုတ်လုပ်နိုင်သည်။ လီမင်တ၏ ခန့်မှန်းတွက်ချက်မှုအရ ပထမနှစ်တွင် အခုရေတစ်သိန်း ရောင်းရမည်ဖြစ်ကာ ထိုရောင်းချခြင်းပေါ် မူတည်ကာ ပထမနှစ်တွင် တစ်ဆယ်ရာခိုင်နှုန်း သုံးမည်ဖြစ်ပေသည်။ စက်ရုံသည် ရာနှုန်းပြည့် မလှည်ပတ်ခင်အထိ အနည်းဆုံးအချိန် ငါးနှစ်ကြာ စောင့်ရပေမည်။
ဖုန်းယွီအတွက်မူ ဖြန့်ဖြူရေး လမ်းကြောင်းများ ရရှိကတည်းက အဆင်ပြေပြီဖြစ်သည်။ ပထမနှစ်တွင် အနည်းဆုံး အစီးရေ တစ်သိန်းနှစ်သောင်း ရောင်းရမည်ဖြစ်ကာ နှစ်တိုင်းနှစ်တိုင်း အစီးရေသုံးသောင်း တိုးသွားမည်ဖြစ်သည်။ တတိယနှစ်တွင် အစီးရေ နှစ်သိန်းထိ ရောက်မည်ဖြစ်သည်။ လီမင်တအနေဖြင့် ထိုလောင်းကြေးကို စိန်ခေါ်ရဲလော။
ဖုန်းယွီသည် သူတို့အနေဖြင့် တရုတ်တစ်နိုင်လုံးတွင် ဘယ်လောက်မော်တော်ဆိုင်ကယ်များ လူကြိုက်များသည်ကို မသိပေ။ သို့သော် နှစ်ထောင်ခုနှစ် နှောင်းပိုင်းလောက် မကျော်ကြားသော်ငြား ပထမရောင်းအား အများဆုံးသည် ၁၉၉၀သို့ ရောက်မည်ပင်ဖြစ်ပေသည်။
စုန်ကျင်းမော်တော်ဆိုင်ကယ်၏ စွမ်းဆောင်ရည်နှင့် အပြင်ဒီဇိုင်းကြောင့် မရောင်းနိုင်စရာ အကြောင်းမရှိပေ။ အကယ်၍ ရောင်းအားမကောင်းပါက ပြန်လည်မွေးဖွားပြီးနောက် အသုံးမကျခြင်းပင် ဖြစ်ပေသည်။
“မန်နေဂျာလီ ခင်ဗျားရဲ့ အခြေအနေကို သဘောတူပါတယ်။ ကဲ စာချုပ်ကို လက်မှတ်ထိုးရအောင်။ ”