CCTV၏ ကြော်ငြာကဏ္ဍများကို ရောင်းချခြင်း
Vol. 12 Ch. 176
ဖြန့်ဖြူးရေး မူပိုင်ခွင့်လမ်းကြောင်းကို ရရှိပြီးနောက် ဖုန်းယွီသည် ချက်ချင်းပင် ကြော်ငြာရန်အတွက် ပြင်ဆင်တော့သည်။ CCTVနှင့် ထိုက်ဟွကုန်သွယ်ရေးကြား ကြော်ငြာသဘောတူစာချုပ်တွင် ထိုက်ဟွကုန်သွယ်ရေးသည် သူတို့ရောင်းသည့် ကုန်ပစ္စည်းဖြစ်နေသမျှ ကြော်ငြာများကို ပြောင်းလဲခွင့် ရှိသည်ဟူသောအချက်ကို ထည့်သွင်းဖော်ပြထားသည်။ ပြီးနောက် ထိုကြော်ငြာသည် ကြော်ငြာသည့် သတ်မှတ်ချက် မူပိုင်အတိုင်း ဝင်ရမည်ဖြစ်သည်။
ဖုန်းယွီသည် ထိုကြော်ငြာကဏ္ဍများအတွက် ငွေအမြောက်အများ သံုးစွဲခဲ့သည်။ သို့သော်ငြား ထိုအချက်က ရေနွေးငွေ့စက်များ ရောင်းချမှုနှုန်းကို တိုးတက်လာခဲ့သည်။ ဖုန်းယွီက ယခုလက်ရှိတွင် ယင်းထုတ်ကုန်အတွက် ကြော်ငြာများများထည့်ရန် မလိုအပ်ဟု ခံစားမိသည်။ ရေနွေးငွေ့စက်များသည် ကျန်းမာရေး ထုတ်ကုန်များကဲ့သို့ မတူပေ။ ပြီးနောက် ဈေးကွက်သည်လည်း မကြီးပေ။ မိသားစုများစွာက ရေနွေးငွေ့စက် တစ်လုံးရှိလျှင် လုံလောက်မည်ဖြစ်ပေသည်။ သူသည် ထိုရေနွေးငွေ့စက် ကြော်ငြာအတွက် ကြော်ငြာကဏ္ဍ နှစ်ခုသုံးခုသာ ထားချင်ပြီး တစ်ခုကို မော်တော်ဆိုင်ကယ်များအတွက် အသုံးပြုချင်သည်။
သေချာပင်။ ကြော်ငြာပြောင်းလဲခြင်း မပြုမီ ဖုန်းယွီအနေဖြင့် ကြော်ငြာစရိတ်နှင့် ပတ်သတ်ပြီး လီမင်တနှင့် စကားပြောရန် လိုအပ်ပေသည်။
....
“ဘာ ကြော်ငြာစရိတ်က အဲ့လောက်ထိ ဈေးကြီးတာလား။ ကြော်ငြာဖို့အတွက် ယွမ်ငါးသန်း လိုတာလား။ ရက်နည်းနည်းလေးကို ဘာကြောင့်အဲ့လောက်ထိ ဈေးကြီးနေရတာလဲ။ ”
လီမင်တသည် မှင်သက်မှုကြောင့် အော်ဟစ်လိုက်သည်။
ဖုန်းယွီက သူ့အား သူ့အနေဖြင့် မော်တော်ဆိုင်ကယ်အတွက် လူကြည့်အများဆုံး အချိန်တွင် ကြော်ငြာသည့် အချိန်အတွက် ပြောင်းလဲမည်ပြောခဲ့သည်။ ထိုကြော်ငြာများသည် သူတို့၏ စုန့်ကျန်းမော်တာကို တရုတ်တစ်နိုင်ငံလုံးကို အချိန်တိုအတွင်း ပြသနိုင်ပေရာ ရောင်းအားသည်လည်း သိသိသာသာ တိုးလာမည် ဖြစ်ပေသည်။
ပထမက လီမင်တသည် အလွန်ကောင်းသည်ဟု ခံစားရသည်။ သူက ဖုန်းယွီသည် မှန်ကန်သည့်လုပ်ရပ် လုပ်နေသည်ဟု တွေးထင်မိသည်။ သူက ရေနွေးငွေ့စက်၏ ကြော်ငြာကို သူတို့၏ မော်တော်ဆိုင်ကယ်များအတွက်တောင် ပြောင်းပေးချင်သည်။ သို့သော် ဖုန်းယွီက ကြော်ငြာစရိတ်အကြောင်း ပြောလိုက်သည့်အခါ လီမင်တက အင်တင်တင် ဖြစ်သွားတော့သည်။
“ငါးလ ယွမ်ငါးသန်း ကြော်ငြာစရိတ် ဒီဈေးနှုန်းက လက်ခံလို့ရပါတယ်။ ”
ဖုန်းယွီက ပုခုံးနှစ်ဖက်ကို ဖွင့်ဟရင်းနဲ့ ငါကမင်းကို သင့်တင့်လျောက်ပတ်တဲ့ နှုန်းနဲ့ပေးနေတာ ပုံစံဖြင့် ပြောလိုက်သည်။
“ငါးလ ယွမ်ငါးသန်း ဘယ်အပိုင်းက သင့်တော်နေလို့တုန်း။ ”
လီမင်တက ဟစ်အော်လိုက်သည်။
ဖုန်းယွီက စာရင်းဇယားစာရွက်ကို ထုတ်ယူလိုက်ကာ စားပွဲပေါ်တွင် တင်လိုက်သည်။
“မန်နေဂျာလီ ဒီပုံတွေကို ကြည့်လိုက်ပါအုံး။ ဒီအချက်အလက်တွေက လေနှင့်မိုး ရေနွေးငွေ့စက် CCTVမှာ စကြေညာကတည်းက စာရင်းတွေ ရေနွေးငွေ့စက်ရဲ့ ရောင်းအားတွေက တဟုန်ထိုး မြင့်တက်လာခဲ့တယ်။ ဒါက မေလအတွက် ဈေးကွက်ရရှိမှု။ ပြီးတော့ဒါက ဂျွန်လအတွက်။ ဒီဟာတွေက CCTVမှာ ကြော်ငြာခြင်းရဲ့ ရလာတဲ့ အကျိုးအမြတ်တွေ ဒီလိုမျိုး သက်ရောက်မှုရှိတဲ့ ကြော်ငြာပလက်ဖောင်းက ဒီဈေးနဲ့ဆိုရင် မတန်ဘူးဆိုပြီးတော့ ကျွန်တော်ကိုမပြောနဲ့ ဟုတ်တယ်မလား။ ”
“ငါ့ကို အရူးလုပ်ဖို့ မကြိုးစားပါနဲ့။ မင်းရဲ့ ရေနွေးငွေ့စက်က မူပိုင်ခွင့်ရပြီးသား။ ပြီးတော့ အဲ့ဒီပုံစံနဲ့တူတဲ့ ထုတ်ကုန်တွေဆိုတာ မရှိသေးဘူး။ တကယ်လို့ ကြော်ငြာက သက်ရောက်မှု ရှိတယ်ဆိုရင် မင်းက ဒီကြော်ငြာရဲ့ သက်ရောက်မှုကို ချဲ့ကားနေတာပဲ။ ဒ့ါအပြင်ကို ဒီဈေးကွက် ရယူမှု အစီရင်ခံစာက နင့်ရဲ့လူတွေပဲ စုဆောင်း တွက်ချက်ထားတာ။ ဘယ်သူက အဲ့ဒါက တိကျတယ်လို့ ပြောနိုင်မှာလဲ။ မင်းကငါ့ကို ရောင်းရတဲ့ နှုန်းထားတွေနဲ့ အရေအတွက်တွေကိုပြတယ်။ ငါတစ်ချက်ကြည့်ရုံနဲ့ မင်းလိမ်နေတယ်ဆိုတာ ငါသိတယ်။ ”
လီမင်တသည် ရေနွေးငွေ့စက် ဘယ်လောက်များများ ရောင်းရပြီး အကျိုးအမြတ် ဘယ်လောက်များများ ရသည်ဆိုတာကို သိချင်နေခဲ့သည်။ သူကဖုန်းယွီကို အကြိမ်များစွာ မေးခဲ့သည်။ သို့သော် ဖုန်းယွီက သူ့အားပြောပြရန် ငြင်းဆိုခဲ့သည်။ သူက ဟိုဟိုက်ထောင်နှင့် လီရှစ်ရုံကို မေးရန်ကြိုးစားသည်။ သို့သော် သူတို့သည်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့က ရောင်းချရသည့်နှုန်းနှင့် အမြတ်ကို ပြသရန် သူ့အားငြင်းဆိုကြပေသည်။
“ခင်ဗျားအနေနဲ့ရော အပြင်လူတွေကို ခင်ဗျားရဲ့ထုတ်ကုန် ရောင်းအားတွေကို ပြမှာလား။ ”
ဖုန်းယွီက သူ့အား မေးမြန်းလိုက်သည်။
“ဒီလိုဆိုရင်ရော။ ငါမင်းကို လေနှင့်မိုး ပန်ကာရဲ့ ရောင်းအားအခြေအနေကို ပြမယ်။ ဒီဟာက အဲ့ဒီထုတ်ကုန်ကလည်း ထိုက်ဟွကုန်သွယ်ရေးက အလုံးစုံ ပိုင်ဆိုင်တာပဲ။ ပြီးတော့ ငါမင်းကို ပြသလို့ရတယ်။ ”
ဖုန်းယွီက ထိုအစီရင်ခံစာကို ထုတ်လိုက်ကာ သူက လီမင်တကို ပြရန်စီစဉ်ထားသော အစီရင်ခံစာကို ထုတ်လိုက်သည်။
“ဒီမှာတစ်ချက်ကြည့်လိုက်။ လေနှင့်မိုး လျှပ်စစ်ပန်ကာက CCTVမှာ စကြော်ငြာကတည်းက ဆယ်ဆအထိ မြင့်တက်လာခဲ့တယ်။ အဲ့ဒါက ဆယ်ဆနော် ဆယ်ဆ။ ”
ဖုန်းယွီက သူ၏လေသံကို မြင့်ကာပြောလိုက်သည်။
“ဒါက နွေရာသီကြောင့်မို့ပဲ။ အဲ့ဒါကလည်း ကွဲပြားခြားနားတယ်။ သက်သေသက်ကာယအနေနဲ့ ပြလို့မရဘူး။ ထပ်ပြောရရင် မင်းရဲ့လျှပ်စစ်ပန်ကာအတွက် ကြော်ငြာခက ဘယ်လောက်တောင် သုံးထားတာလဲ။ ငါသေချာတာကတော့ အဲ့ဒါက တစ်လကို ယွမ်တစ်သောင်းတောင် ကုန်မှာမဟုတ်ဘူး။ ”
သိသာထင်ရှားသည်မှာ ဖုန်းယွီသည် သူ့၏ကိုယ်ပိုင် ကုမ္မဏီအတွက် ကြော်ငြာခြင်းဖြစ်ကာ သူသည် ကိုယ်ပိုင်တွက်ချက်မှုမျိုး ပြုလုပ်နိုင်ပေသည်။ သူ့အတွက် ကြော်ငြာကုန်ကျစရိတ်သည် ယွမ်နှစ်သိန်းခန့်သာဖြစ်ပြီး အင်အားရှိသည်က သိန်းပေါင်းများစွာသော အမြတ်နှင့် ရောင်းအားကောင်းလာခြင်းပင် ဖြစ်ပေသည်။ သူသည် အမှတ်တံဆိပ်၏ အသိအမှတ် ပြုမှုကိုလည်း မြင့်တင်အောင် လုပ်ပေသည်။ ထိုနည်းလမ်းဖြင့် နောက်နှစ်တွင် ထုတ်လုပ်မည့် ဒလက်မဲ့ပန်ကာ မိတ်ဆက်ခြင်းအတွက် ကြိုတင်ပြင်ဆင်နိုင်မည် ဖြစ်ပေသည်။
သူ့အနေဖြင့် လေနှင့်မိုး လျှပ်စစ်ပန်ကာ အမှတ်တံဆိပ်သည် တရုတ်ပြည်တွင် အကောင်းဆုံး ဆိုသည့်အချက်ကို ပြည်သူအများအား သိစေချင်သည်။ ပြည်သူများသည် လျှပ်စစ်ပန်ကာအကြောင်း မည်သည့်အချိန်တွင် ပြောစေကာမူ သူတို့၏စိတ်ထဲ ပထမဦဆုံး ပေါ်လာသည့် အမှတ်တံဆိပ်က လေနှင့်မိုး ပန်ကာပင် ဖြစ်ပေလိမ့်မည်။
လေနှင့်မိုး လျှပ်စစ်ပန်ကာ တစ်ခုလုံးကို ဖုန်းယွီက ပိုင်ဆိုင်ပြီး သူ့အနေဖြင့် ရောင်းရသည့် အစီရင်ခံစာကို သူရေးချင်သလို ရေးနိုင်ပေသည်။ ဥပမာအနေဖြင့် ယခုကဲ့သို့ အတုအယောင် အစီရင်ခံစာမျိုးပင် ဖြစ်သည်။
“အဲ့ဒါက ယွမ်တစ်သန်းပဲမဟုတ်ဘူး ဟုတ်တယ်မလား။ မင်းသေချာ ကြည့်လိုက်ပါအုံး။ ကြော်ငြာတဲ့စရိတ်က ယွမ်1.2သန်း။ တကယ်တန်းပြောရရင် ငါကမင်းကို လျော့ဈေးတောင် ပေးထားတာ။ ”
ဖုန်းယွီက အစီရင်ခံစာကို ယမ်းရင်းအော်လိုက်သည်။
“ဘာ 1.2သန်းလား။ မဖြစ်နိုင်တာ။ ”
လီမင်တသည် ဖုန်းယွီအနေဖြင့် ကြော်ငြာကဏ္ဍတွင် ထိုမျှများများစားစား အသုံးပြုမည်ဆိုတာကို လုံးဝမယုံနိုင် ဖြစ်နေသည်။ ထိုခေတ်အခါက တီဗီကြော်ငြာစရိတ်သည် မကြီးပေ။
ထပ်ပြောရပါက ရေနွေငွေ့စက်များသည် သုံးဦးဆိုင်သော်ငြား ထိုက်ဟွကုန်သွယ်ရေးက အရောင်းကို လုပ်ရသည်။ ကြော်ငြာစရိတ်ကိုလည်း အဖွဲ့ဝင်တိုင်းက ကုန်ကျခံရပြီး သူ့အနေဖြင့် လီရှစ်ရို ဟိုဟိုက်ထောင်တို့သည် တစ်လအတွက် ကြော်ငြာကြေးတစ်သန်း လက်ခံမည်ဆိုတာကို မစဉ်းစားနိုင် ဖြစ်နေသည်။
ဖုန်းယွီက ဆက်လက်လိမ်ညာလိုက်သည်။
“ခင်ဗျားအနေနဲ့ စုန့်ကျန်း မော်တော်ဆိုင်ကယ်က အမှတ်တံဆိပ် အသစ်လို့ စဉ်းစားလို့ရတယ်။ ပြီးတော့ အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ အရင်ကနာမည် တစ်ခုမှ မရှိခဲ့ဖူးဘူး။ ကြော်ငြာတစ်ခု ရိုက်ဖို့အတွက် တီဗီစတားတွေကို ငှားယမ်းဖို့အတွက် ဘယ်လောက်ကုန်ကျလည်းဆိုတာ မင်းသိရဲ့လား။ ငါတို့တွေက တီဗီအစီအစဉ် တင်ဆက်သူ ရွှမ်းလီကို ငါတို့ရဲ့ ရေနွေးငွေ့စက် ကြော်ငြာအတွက် ငှားယမ်းခဲ့တယ်။ တကယ်လို့ မင်းဆိုရင်ရော အဲ့လိုလုပ်နိုင်မှာလား။ ”
“ဒါပေမဲ့ ငါတို့က မော်တော်ဆိုင်ကယ်လေ။ တီဗီစတားကလည်း သေချာပေါက် အမျိုးသား ဖြစ်သင့်တာပေါ့။ မင်းဘယ်သူ့ကို ငှားမလို့လဲ။ ဘယ်လောက် ကုန်ကျမှာလဲ။ ”
လီမင်တက သင့်သင့်မြတ်မြတ်ဖြင့် ပြန်ဖြေလိုက်သည်။
ချီးပဲ။ ဒီအစိုးရ အရာရှိတွေက သိုးရေခြုံထားတဲ့ ဝံပုလွေတွေကြီးပဲ။ ဖုန်းယွီ၏ လှည့်စားမှုများက ထိုလူများကို အရူးမလုပ်နိုင်ပေ။ သို့သော် ဖုန်းယွီတွင် အခြားနည်းလမ်း ရှိပေသည်။ ထိုအရာက လီနဂရုစိုက်ဆုံး အရာဖြစ်သည့် အရောင်းစာရင်းပင် ဖြစ်ပေသည်။
“ခင်ဗျားအဲ့ဒီအတွက် အရမ်းကြီး ဂရုစိုက်ဖို့ မလိုပါဘူး။ တကယ်လို့ ကြော်ငြာခြင်းအတွက် ယွမ်ငါးသန်း ပေးမယ်ဆိုရင် ငါ့အနေနဲ့ နောက်နှစ်ကျရင် အစီးရေ တစ်သောင်းကျော် ရောင်းရမယ်လို့ အာမခံတယ်။ အနည်းဆုံးတော့ အစီးရေ တစ်သိန်းသုံးသောင်း ရောင်းရမှာပေါ့။ ဒါပေမဲ့ ပထမဦးဆုံး ငါတို့ရဲ့ ထုတ်လုပ်မှုတွေကိုတော့ အရှိန်လျော့လိုက်လို့ မရဘူး။ ”
အစီးရေ တစ်သောင်းအတွက် ကြော်ငြာစရိတ် ယွမ်ငါးသန်းလား။ မော်တော်ဆိုင်ကယ် တစ်စီးစီရဲ့ အမြတ်က ယွမ်ငါးရာကျော်ကျော်တင်။ ဖုန်းယွီက ထိုသို့ပြောလိုက်သည့်အခါ လီမင်တက လေးလေးနက်နက်ဖြင့် စဉ်းစားတော့သည်။
ထိုစီစီတီဗီကြော်ငြာက အလွန်အစွမ်း ထက်သည်လော။ အဘယ့်ကြောင့် ဖုန်းယွီက ထိုမျှယုံကြည်ချက် ရှိနေရသနည်း။ မည်သူမှ မသိရှိရသေးသည့် မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်က ပထမနှစ်တွင် အစီးရေ တစ်သိန်းသုံးသောင်းကျော် ရောင်းနိုင်မည်လော။ ဒီကြော်ငြာထည့်ရုံနဲ့။ ဒါမှမဟုတ်ဘူးဆိုရင် ဖုန်းယွီရဲ့ ဆိုင်ကယ်ရဲ့ အပြင်ပိုင်း ဒီဇိုင်းကြောင့်လော။
“မင်းတကယ်ပဲ အာမခံလား။ ”
လီမင်တက သံသယမကင်းဖြင့် မေးလိုက်သည်။
“သေချာတာပေါ့။ ဘာကိစ္စမှ မရှိစေရဘူး။ ငါတို့တွေက အဲ့ဒီအကြောင်းကို စာချုပ်ထဲမှာ ထည့်ချုပ်လို့ရတယ်။ တကယ်လို့ ငါ့အနေနဲ့ မရောင်းနိုင်ဘူးဆိုရင်တော့ ထိုက်ဟွကုန်သွယ်ရေးက ဒီကြော်ငြာစရိတ်ကို ပေးမယ်။ ”
ဖုန်းယွီက သူ၏ရင်ဘက်ကို ပုတ်ကာပြောလိုက်သည်။
“ကောင်းပြီ ဒါပေမဲ့ ငါ့အနေနဲ့ ဒါရိုက်တာဟိုနဲ့ မစ္စတာဖူကို ပထမဦးဆုံး ပြောဖို့လိုအပ်သေးတယ်။ တကယ်လို့ သူတို့သဘောတူရင်တော့ ငါတို့တွေက စာချုပ်ကို ချုပ်ဆိုကြတာပေါ့။ ”
လီမင်တသည် သံသယအချို့ ရှိနေဆဲဖြစ်သည်။ သူ့အနေဖြင့် ရေနွေးငွေ့စက်များ၏ ကြော်ငြာစရိတ် မည်မျှအသုံးပြုသည် ဆိုသည်ကို သိချင်နေဆဲဖြစ်သည်။....
“လူကြီးဟို ငါ့ကိုအမှန်သာ ပြောလိုက်စမ်းပါ။ ရေနွေးငွေ့စက်ရဲ့ ကြော်ငြာစရိတ်ကို ဘယ်လောက်ထိ သုံးခဲ့တာလဲ။ ”
လီမင်တက ဟိုဟိုက်ထောင်ကို အော်လိုက်သည်။
“ဒါက....လူကြီးလီ ခင်ဗျားအနေနဲ့ ဖုန်းယွီကို မေးတာပိုကောင်းလိမ့်မယ်။ လီရှစ်ရုံနဲ့ငါက တိတိကျကျ မပြောဖို့ ကတိခံထားကြတာ။ ငါမင်းကို ပြောနိုင်တာတွေ အကုန်လုံးက ကြော်ငြာကဏ္ဍအတွက်ကို ငါတို့တွေ ငွေကြေးများများစားစား သုံးခဲ့တယ်ဆိုတာကိုပဲ။ ”
“ဘယ်လောက်တောင်လဲ။ ”
လီမင်တက အရှုံးမပေးသေးပေ။
ဟိုဟိုက်ထောင်သည် တခဏကြာ တွန့်ဆုတ်ပြီးနောက် ပြောလိုက်သည်။
“ကောင်းကင်ထိအောင် များတဲ့ပမာဏ ”
ကောင်းကင်ထိအောင် များတဲ့ပမာဏလား။ တကယ်ပဲ အဲ့လောက်ထိ များတာလား။
“အဲ့ဒါက ယွမ်ငါးသန်းထက် များတာလား။ ”
“အော ”
ဟိုဟိုက်ထောင် အမှတ်ရသည်က ကြော်ငြာစရိတ်က ယွမ်ငါးသန်းဖြစ်သည်။ သို့သော် သူ့အနေဖြင့် လီမင်တကို အသေးစိတ် အချက်အလက်များ မပြောနိုင်ပေ။ ထိုပမာဏသည် တစ်နှစ်အတွက်ဖြစ်ကာ ထိုထဲတွင် စီစီတီဗီ၏ ကြော်ငြာကဏ္ဍလေးခုနှင့် အခြားသော အရာများ ပါဝင်ပေသည်။ ထပ်ပြောရပါက ဖုန်းယွီသည် သူတို့ကို ပြောထားသည်က ကြော်ငြာများသည် သက်ရောက်မှု မရှိတော့ပါက သူတို့အနေဖြင့် ပြောင်းလဲရမည် ဖြစ်ပေသည်။
လီမင်တသည် အသေးစိတ် အချက်အလက် တိတိကျကျကို မသိလိုက်ပေ။ သူသည် ရေနွေးငွေ့စက်၏ ကြော်ငြာစရိတ်က ယွမ်ငါးသန်းထက် ပိုသည်ဟုသာ ကြားလိုက်ရသည်။ ထို့ကြောင့် ဖုန်းယွီသည် သူ့ကို အရူးမလုပ်ပေ။ လီရှစ်ရုံနှင့် ဟိုဟိုက်ထောင်တို့သည် ထိုအလွန်များပြားသည့် ပမာဏကို သဘောတူရပါက သူ့အနေဖြင့်လည်း ယင်းကို သဘောတူမည်ပင် ဖြစ်သည်။
လီမင်တနှင့် ကနဦးစာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် ဖုန်းယွီသည် အပြုံးဖြင့် သူ၏လက်ကို ချန်ထားခဲ့လိုက်တော့သည်။
စီစီတီဗီကြော်ငြာကဏ္ဍကို မရောင်းရဘူးလို့ ဘယ်သူကပြောလဲ။