နာမည်ကျော်ကြားသူများအား အတည်ပြုခြင်း အပိုင်း(၁)
Vol. 12 Ch. 177
ထိုခေတ်အခါက အမျိုးသား အနုပညာရှင်များကြားတွင် ဖုန်းယွီနှင့် လီမင်တ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် သရုပ်ဆောင်မှာ ကျူးရှီမောက်ဖြစ်သည်။ သူသည် ခန့်ညားသည့် ရုပ်ရည်သွင်ပြင်ရှိကာ သူ၏ရုပ်ရှင်ဇာတ်ကားများ ဇာတ်လမ်းတွဲများ ဟာသများကို တရုတ်တစ်နိုင်ငံလုံးက လက်ခံအားပေးကြသည်။ အနာဂတ်၏ စံချိန်စံနှုန်းများအရ ကျူးရှီမောက်သည် တရုတ်နိုင်ငံ၏ ထိပ်တန်းအမျိုးသား သရုပ်ဆောင်တစ်ယောက် ဖြစ်ပေသည်။ သူက ဟောင်ကောင်သရုပ်ဆောင် ကျူးယန့်ဖားနှင့် တူတူပင်ဖြစ်ပေသည်။
ဟောင်ကောင်သရုပ်ဆောင်များ၏ အခကြေးငွေသည် တရုတ်ပြည်မ၏ သရုပ်ဆောင်များနှုန်းထက် ဆယ်ဆကျော် များပေသည်။ သို့သော်ငြား သက်ရောက်မှုသည်ကလည်း သိပ်မရှိပေ။ ဟောင်ကောင် ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှု့သူ နည်းနည်းလာကာ ကျူးရှီမောက်၏ ရုပ်ရှင်ဇာတ်ကားများနှင့် ဟာသဇာတ်လမ်းများကို ကြည့်ရှု့သူ တစ်နေ့တစ်နေ့ များများလာသည်။
ဖုန်းယွီက ကျူးရှီမောက်ကို သူ့မော်တော်ဆိုင်ကယ် ကြော်ငြာရန်အတွက် လက်ခံပါက စုန့်ကျန်းမော်တော်ဆိုင်ကယ် အမှတ်တံဆိပ်၏ ရောင်းအားမှာ သူ၏အောင်မြင်ကျော်ကြားမှုနှင့် သူ့ပရိတ်သတ်များကြောင့် သိသိသာသာ များလာမည်ဖြစ်ပေသည်။ သို့သော် ကျူးရှီမောက်နှင့် သူ၏မိတ်ဖက်သည် ကြော်ငြာများနှင့် ထုတ်ကုန်အတည်ပြု ပေးခြင်းများကို လက်ခံသည်က အတော်ရှားပေသည်။ သူ့အား နိုက်ကလက်သူဌေးများက ပမာဏများများဖြင့် ကမ်းလှမ်းလျှင်တောင် သူတို့သည် နိုက်ကလက်တွင် သွားရောက်ခြင်းမရှိပေ။
သူ၏မိတ်ဆွေသူငယ်ချင်းနှင့် အင်တာဗျူးခြင်းအရ ထိုအကြောင်းအရာက တစ်နိုင်ငံလုံးကို မှင်သက်သွားစေခဲ့သည်။
အင်တာဗျူးသူ၏ မေးမြန်းချက်အရ သူ၏ထောက်ခံကြေးသည် တရုတ်နိုင်ငံတွင် အမြင့်ဆုံးဖြစ်ပြီး သူ့အား တစ်စုံတစ်ယောက်က ယွမ်ဆယ်သန်းဖြင့် ကြော်ငြာရန် ကမ်းလှမ်းသည်ဆိုသော သတင်းမှာ မှန်ကန်ပေသည်။
ချန်ကွမ်တိုင်၏ ပြန်လည်ဖြေကြားချက်အရ သူ၏ စိတ်နေစိတ်ထားနှင့်သာ သက်ဆိုင်ပြီး သူ့အနေဖြင့် မည်သည့်ကြော်ငြာမဆို လက်ခံသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အကယ်၍ သူပိုက်ဆံ မပြတ်လျှင် သူတွင် စိတ်ညစ်စရာ ကိစ္စရှိပါက သူ့အား သန်းချီကမ်းလှမ်းလျှင်တောင် စဉ်းစားမည် မဟုတ်ပေ။ သူ့တွင် စိတ်ကောင်းရှိနေပါက သူ့အနေဖြင့် ယွမ်တစ်သိန်းမှ နှစ်သိန်းခန့်သာ လက်ခံမည်ဖြစ်ကြောင်း သူ့အတွင်းရေးမှူးကို ပြောမည်ဖြစ်သည်။
ကျူးရှီမောက်၏ လက်ရှိနှုန်းထားသည် မမြင့်သော်ငြား ယွမ်တစ်သိန်းထက်တော့ ရှိသင့်ပေသည်။ ထိုနှုန်းထားက ဖုန်းယွီလက်ခံနိုင်ပေ၏။ အကယ်၍ ကျူးရှီမောက်သည် သူ၏မိတ်ဆွေသူငယ်ချင်း ချန်ကွမ်တိုင်ကိုပါ ဆွဲဆောင်နိုင်ခဲ့ပါက ဖုန်းယွီအနေဖြင့် ပိုပြီးများများတောင် ပေးချင်ပေသည်။
ထိုကျူးရှီမောက်သည် အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ သူကပထမဦးဆုံး ကြော်ငြာသည့်ထုတ်ကုန်ကို စမ်းသုံးမည်ဖြစ်ကာ အကယ်၍ သူ့အနေဖြင့် ထိုထုတ်ကုန်သည် ကောင်းမွန်သည်ဟု ခံစားရပါက သူသည် ကြော်ငြာရိုက်မည် ဖြစ်သည်။ သူ၏ပရိတ်သတ်များကို လိမ်ညာလိုခြင်း မရှိပေ။ ယင်းအချက်က ဖုန်းယွီအတွက်တော့ ကိစ္စမရှိပေ။ ထိုထုတ်ကုန်သည် မော်တော်ဆိုင်ကယ်သာ ဖြစ်သည့်အတွက်ပင်။ သူ့အနေဖြင့် ကျူးရှီမောက်ကို အခမဲ့တစ်စီး ပေးနိုင်ပေသည်။
ယခုလက်ရှိတွင် ဖုန်းယွီက ကြော်ငြာ၏ ဇာတ်ညွှန်းအတွက် စဉ်းစားနေသည်။ စုန့်ကျန်း မော်တော်ဆိုင်ကယ်၏ ထူးခြားသည့် လက္ခဏာများကို ၁၅မိနစ်အတွင်း ဘယ်လိုပုံဖော်ရမည်ဆိုတာနှင့် တစ်ချိန်ထဲတွင် ကျူးရှီမောက် အထင်မသေးအောင် ဘယ်လိုလုပ်ရမည် ဆိုသည်ကို စဉ်းစားနေသည်။
စုန့်ကျန်း မော်တော်ဆိုင်ကယ်သည် မော်တော်ဆိုင်ကယ်ဦးထုတ် နှစ်လုံးနှင့် လာမည်ဖြစ်ကာ ထိုမော်တော်ဆိုင်ကယ် ဦးထုတ်နှစ်လုံးက စီးနင်းသူနှင့် နောက်မှလိုက်သူ၏ လုံခြုံမှုကို တိုးတက်စေကာ လူများအနေဖြင့် သူတို့သည် အလွန်တန်သည်ဟု ခံစားရပေသည်။
မော်တော်ဆိုင်ကယ် ဦးထုတ်များကို ပထမဦးဆုံး တီထွင်ခဲ့သည့်သူများသည် ဆိုဗီယက်များဖြစ်ကာ Uralနှင့် Sunrise မော်တော်ဆိုင်ကယ်များကို ဝယ်ယူသည့်သူများသာ အခမဲ့အနေဖြင့် တစ်လုံးပေးသည်။ နောက်ပိုင်းတွင် ဂျပန်မော်တော် ဆိုင်ကယ်များသည်လည်း သူတို့၏ ဆိုင်ကယ်များအတွက် ဦးထုတ်တစ်လုံး အခမဲ့ပေးလေသည်။ သို့သော် မည်သည့်နိုင်ငံတွင်မဆို ဦးထုတ်တစ်လုံးသာ အခမဲ့ပေးခြင်းဖြစ်သည်။ စုန့်ကျန်း မော်တော်ဆိုင်ကယ်သာလျှင် မော်တော်ဆိုင်ကယ်ဦးထုတ် နှစ်လုံးပေးခြင်းဖြစ်သည်။
ဖုန်းယွီက ရုတ်တရက် ထိုခေတ်အခါက မော်တော်ဆိုင်ကယ်များ၏ အဓိကရည်ရွယ်ချက်ကို တွေးမိသွားသည်။ သင့်အနေဖြင့် ယင်းက သက်တောင့်သက်သာ ဖြစ်မှုဟု ယုံကြည်နေသည်လော။
မဟုတ်ပေ။
မော်တော်ဆိုင်ကယ် တစ်စီး၏ အဓိကအသုံးပြုသည်မှာ မိန်းကလေးများကို ဆွဲဆောင်ရန်အတွက် ဖြစ်ပေသည်။
ယခုလက်ရှိတွင် မော်တော်ဆိုင်ကယ်တစ်စီး စီးနင်ခြင်းသည် လွန်ခဲ့သည့်နှစ်များက စက်ဘီးတစ်စီး စီးနင်ခြင်းနှင့် အတူတူပင်ဖြစ်ကာ အနာဂတ်နှစ်များတွင် ပြိုင်ကားများ မောင်းနှင်ခြင်း အတူတူပင် ဖြစ်ပေသည်။ မိန်းကလေးတစ်ယောက်ကို အပြင်ထွက်ခေါ်ရန်အတွက် အခွင့်အရေး များစွာရရှိမည်ဖြစ်ကာ မိန်းကလေးများ၏ နှစ်သက်မှုကိုလည်း ပိုမိုရရှိမည် ဖြစ်ပေသည်။
စာရင်းဇယားများအရ မော်တော်ဆိုင်ကယ်များကို ဝယ်ယူသည့်သူ အများအပြားသည် ထိုခေတ်အခါက (၁၈)နှစ်မှ အသက်(၃၀)အရွယ် အမျိုးသားများပင် ဖြစ်ပေသည်။ မိန်းကလေးများသည် ငါးဆယ်စီစီထက် မပိုသည့် ဆိုင်ကယ်များကိုသာ စီးကြပေသည်။
များစွာသော လူငယ်များက ဆိုင်ကယ်စီးကြသည်မှာ သက်တောင့်သက်သာ ဖြစ်ရန်အတွက်မဟုတ် ဆွဲဆောင်ရန်အတွက် ဖြစ်သည်။ ယင်းက ကြွားလုံးထုတ်သည့် ပစ္စည်းတစ်ခုဟု အသုံးပြုကြသည်။ ဖုန်းယွီသည် ထိုအကြံကို ပရိတ်သတ်များအား ချပြချင်ကာ ယင်းက သရုပ်ဆောင်များ၏ လွှမ်းမိုးနိုင်စွမ်း ရှိမှုနှင့်ဆိုလျှင် သေချာပေါက် အသုံးဝင်မည်ဖြစ်သည်။
ဖုန်းယွီသည် အမျိုးသမီး သရုပ်ဆောင်ကိုလည်း ရှာရပေမည်။ ပြီးနောက်သူမသည် ကောင်းဆုံးရလဒ်ရအောင် စွမ်းဆောင်ရည်ရှိသည့် နာမည်ကျော်ကြားသည့်သူ ဖြစ်ရမည်ပင်။ ထိုခေတ်အခါက ဆွဲဆောင်နိုင်ဆုံး အမျိုးသမီး သရုပ်ဆောင်သည် လျိုသာ့ချင်ပင်ဖြစ်သည်။
အနာဂတ်နှစ်များတွင် သူမ၏ စွမ်းဆောင်ရည်သည် ကောင်းကောင်း အလုပ်မဖြစ်သော်ငြား အခုလက်ရှိတွင် လူတိုင်းလူတိုင်းက သူမကို ချီးမြောက်နေကြသည်။ ၁၉၉၁ခုနှစ်တွင် သူမသည် စီးပွားရေးဘက်ကို ဦးတည်ခဲ့ကာ မတူညီသည့် ကဏ္ဍများစွာတွင် ကုမ္မဏီများစွာ တည်ထောင်ခဲ့သည်။ သူသည် ၁၉၉၀ခုနှစ် နှောင်းပိုင်းတွင် ငွေအများအပြား ရှာလာနိုင်ခဲ့သည်။
အကယ်၍ ကျူးရှီမောက်နှင့် လျိုသာ့ချင်တို့ အတူပူးပေါင်းရပါက ထိုကြော်ငြာသည် ထိုခေတ်အခါက အောင်မြင်အကျော်ကြားဆုံးသော ကြော်ငြာစတားများ၏ ကြော်ငြာပင် ဖြစ်လိမ့်မည်။ အခြားသော စီနီယာအနုပညာရှင်များ ဥပမာ ကျောက်ကျုံးရှောင်နှင့် လီကုကို ကြော်ငြာတွင် သရုပ်ဆောင်ခိုင်းလျှင်တောင် အသုံးဝင်မည်မဟုတ်။ ကျူးရှီမောက်နှင့် လျိုသာ့ချင်အတွဲကို မည်သူမှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ကျောက်ကျုံးရှောင်နှင့် အခြားသူများ၏ ပုံရိပ်တောင် မော်တော်ဆိုင်ကယ်များအတွက် အသုံးမဝင်ပေ။
ဖုန်းယွီက သူတို့၏ ဇာတ်ညွှန်းကို အဆုံးသတ်ပြီးနောက် သူသည် ကြော်ငြာကဏ္ဍအတွက် လုပ်ဆောင်မှုများ ပြုလုပ်ရန်အတွက် ကျောင်းကိုတဖန် ခွင့်တိုင်လိုက်ကာ ဝူကျီကန်းနှင့်အတူ ပေကျင်းသို့ ခရီးသွားပေသည်။
ထိုအနုပညာရှင် နှစ်ဦးသည် အေးဂျင့်များမရှိပေ။ အကြောင်းမှာ သူတို့ကို ပြည်သူဝန်ထမ်းများအဖြစ် စဉ်းစားနိုင်သည့် အတွက်ကြောင့်ပင်။ ကျူးရှီမောက်သည် ပထမသြဂုတ် ရုပ်ရှင်စတူဒီယို၏ သရုပ်ဆောင်တစ်ယောက်ဖြစ်ကာ လျိုသာ့ချင်သည် ပေကျင်းရုပ်ရှင် စတူဒီယို၏ ရုပ်ရှင်မင်းသမီး တစ်ယောက်ဖြစ်သည်။ သူတို့ကို သူတို့၏သက်ဆိုင်ရာ ကဏ္ဍများတွင်သာ တွေ့နိုင်ပေသည်။
ဖုန်းယွီက ပထမသြဂုတ် ရုပ်ရှင်စတူဒီယိုသို့ ပထမဦးဆုံး သွားခဲ့သည်။ ကျူးရှီမောက်သည် ပြဇာတ်တစ်ခုအတွက် ရီဟာဇယ် လုပ်နေရာ ထိုပြဇာတ်သည် သဘက်ခါတွင် ဖျော်ဖြေမည် ဖြစ်ပေသည်။ ဖုန်းယွီက ထိုင်ခုံပေါ်တွင် ကျူးရှီမောက်၏ တင်ဆက်မှုကို ကြည့်နေသည်။ ဘယ်လောက်တောင်တော်တဲ့ သရုပ်ဆောင်လဲ။
ယခုလက်ရှိ သရုပ်ဆောင်များသည် အနာဂတ်နှစ်များ၏ သရုပ်ဆောင်များထက် ပိုပြီးတော်ပေ၏။ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည် စင်မြင့်ဖျော်ဖြေမှုနှင့် အခြားသော ချဲ့ကားသည့် ရုပ်များကိုတောင် ပြသနိုင်ပေသည်။ ရီဟာဇယ်တွင်တောင် ဖြစ်ပေ၏။ ယင်းက ဖုန်းယွီရှာနေသည့် အချက်ပင်ဖြစ်ပေသည်။
ရီဟာဇယ်ပြီးနောက် သရုပ်ဆောင်မင်းသားနှင့် သရုပ်ဆောင်မင်းသမီးတို့သည် စင်နောက်သို့ အဝတ်အစားလဲရန် ဆင်းလာကာ ကျူးရှီမောက်ကို ဖုန်းယွီက ခေါ်လိုက်သည်။
“ရှောင်ကျူး ဒါကမန်နေဂျာဖုန်းနဲ့ မန်နေဂျာ ဝူကျီကန်း ဘင်းမြို့တော်က သူတို့တွေက မင်းနဲ့ ဆွေးနွေးစရာ ရှိလို့တဲ့။ ”
ကျူးရှီမောက်က ဖုန်းယွီနှင့် ဝူကျီကန်းကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူသည် ထိုလူနှစ်ယောက်ကို မသိပေ။ ပြီးနောက် သူတို့သည် အလွန်ငယ်ရွယ်လွန်းပေရာ သူတို့က မန်နေဂျာများလော။
“ဘာကြောင့်ငါ့ကို ရှာနေတာလဲ။ မင်းတို့က ဘယ်ကုမ္မဏီကလဲ။ ”
ကျူးရှီမောက်၏ အတွေးတွင် သူတို့ကသူ့အား ကုမ္မဏီ၏ ပွဲများတွင် ဖျောဖြေရန် လာရောက်ခြင်းဖြစ်သည်ဟု တွေးခဲ့သည်။ သူသည် ထိုကဲ့သို့သော ပွဲမျိုးကို ငွေကြေးပမာဏ များများဖြင့် ကမ်းလှမ်းလျှင်တောင် ငြင်းပယ်လေ့ရှိသည်။ သူသည် သူရဲ့ဖျော်ဖြေမှုက ငွေကြေးများ၏ ဖွင့်လှစ်သည်ဟု ခံစားရကာ ယင်းသည် သူ့ပုံစံမျိုး မဟုတ်ပေ။
သူ၏ငှာနသည် သူ့ကို တိုက်ခန်းတစ်ခန်း ပေးထားပြီး သူ၏လစာကလည်း သူ၏မိသားစုကို စောင့်ရှောက်ရန်အတွက် လောက်ပေသည်။ အဘယ့်အတွက် ပိုက်ဆံများများ ရှာရမည်နည်း။ သူ့တွင် သူ၏သရုပ်ဆောင်စွမ်းရည်ကို ပိုပြီးပြောင်မြောက်အောင် လုပ်ရန်တောင် အချိန်မရှိပေ။
ဖုန်းယွီက သူ၏နာမည်ကပ်ပြားကို ထုတ်လိုက်ပြီးနောက် ကျူးရှီမောက်ကို ပေးလိုက်သည်။
“မန်နေဂျာကျူး ကျွန်တော်တို့တွေက ဒီကိုလာရောက်တဲ့ အကြောင်းက ကျွန်တော်တို့ရဲ့ ကြော်ငြာမှာ ကြော်ငြာပေးစေချင်လို့ပါ။ အဲ့ဒါက မော်တော်ဆိုင်ကယ် ကြော်ငြာပါ။ ရုပ်ရှင်မင်းသမီးက လျိုသာ့ချင် ဖြစ်လိမ့်မယ်။ ”
“ဘယ်သူ လျိုသာ့ချင်လား။ မော်တော်ဆိုင်ကယ် ကြော်ငြာလား။ ထိုက်ဟွ ကုန်သွယ်ရေးလား။ မင်းတို့တွေက မော်တော်ဆိုင်ကယ် သွင်းပို့တာလား။ ”
ဖုန်းယွီသည် ကျူးရှီမောက်၏ ယူဆချက်ကို အပြစ်မမြင်ပေ။ ထိုခေတ်အခါက မော်တော်ဆိုင်ကယ်၏ ၈၀ရာခိုင်နှုန်းနီးပါးသည် ပြည်ပမှ တင်သွင်းရသည်။ ပြည်တွင်းထုတ် မော်တော်ဆိုင်ကယ်များ ရှိသော်ငြား ထုတ်လုပ်မှုသည် အလွန်နည်းပေရာ စွမ်းဆောင်ရည်သည်လည်း မကောင်းပေ။ ဈေးကွက်တွင် ရောင်းချခြင်းလည်း အဆင်မပြေပေ။
“မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မော်တော်ဆိုင်ကယ်က ပြည်တွင်းမှာပဲ ထုတ်လုပ်တာပါ။ ထုတ်လုပ်တဲ့စက်ရုံက ဘင်းမြို့တော်မှာရှိတဲ့ စက်ယန္တရား ကုမ္မဏီကပါ။ ဒါကကျွန်တော်တို့ မော်တော်ဆိုင်ကယ်ရဲ့ပုံပါ။ တစ်ချက်လောက် ကြည့်လိုက်ပါအုံး။ ”
ပြည်တွင်းထုတ်လား။ ဘင်းမြို့တော်လား။ ဘယ်လိုလုပ်ဒီလို ဝေးလံခေါင်သီတဲ့ ဒေသက ဒီလိုမျိုး ထုတ်ကုန်ကောင်းကောင်းကို ထုတ်လုပ်နိုင်တာလဲ။ တကယ်လို့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဆိုရင် ပေကျင်းက တရုတ်နိုင်ငံမှာရှိတဲ့ စက်မှုလုပ်ငန်း မြို့တော်တွေထဲမှာ ဦးဆောင်နေဆဲပဲ။ ဒါကမဖြစ်နိုင်တာ။ ဒါပေမဲ့ ကိုယ့်ရဲ့ရှေ့မှာ အဲ့ဒါက သိပ်မဖြစ်နိုင်တော့သလိုပဲ။
ကျူးရှီမောက်သည် ဖုန်းယွီထံမှ ဓာတ်ပုံကိုယူလိုက်သည်။ အား ဒီမော်တော်ဆိုင်ကယ်က တကယ်လှတာပဲ။ ဒါကပြည်တွင်းထုတ်တာ တကယ်ပဲ ဖြစ်နိုင်ပါ့မလား။ ဒီဘင်းမြို့တော်က စက်ယန္တရား စက်ရုံက ဒီလိုမျိုး အရည်အသွေးကောင်းမွန်တဲ့ မော်တော်ဆိုင်ကယ်တွေကို တကယ်ပဲ ထုတ်လုပ်နိုင်လို့လား။
ဒီရက်ပိုင်းတင်တာနောက်ကျတာက ဆေးရုံ စောင့်နေလို့ပါ မနက်ဖြန် သဘက်ခါကျ ပုံမှန်နှုန်းနဲ့ ပြန်တင်ပေးပါ့မယ်နော်။
ဆေးရုံက ဆင်းပါပြီ။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။