← Chapters

နာမည်ကျော်ကြားသူများ၏ ထောက်ခံမှု အပိုင်း(၂)

Vol. 12 Ch. 178

နာမည်ကျော်ကြားသူများ၏ ထောက်ခံမှု အပိုင်း(၂)

Vol. 12 Ch. 178

မော်တော်ဆိုင်ကယ်များသည် အတုအယောင် ထုတ်ကုန်များနှင့် တူညီမှုမရှိပေ။ ပြီးနောက် ကျူးရှီမောက်သည် ထိုအလုပ်ကို လက်ခံသင့်မခံသင့် စဉ်းစားသင့်သည်ဟု ခံစားမိပေသည်။ သို့သော် သူ့အနေဖြင့် ကြော်ငြာဇာတ်ကြောင်းကို ကြည့်ရပေအုံးမည်။ အကယ်၍ ထိုကြော်ငြာဇာတ်ကြောင်းသည် ဟာသဖြစ်ပါက သူ့အနေဖြင့် သဘောတူမည် မဟုတ်ပေ။

ဖုန်းယွီက သူပြင်ဆင်ထားသည့် ဇာတ်ညွှန်းကို ကျူးရှီမောက်သို့ပေးကာ

“ပထမဦးဆုံးကြော်ငြာက မင်းသားအနေနဲ့ အဝေးပြေး လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်ဦးထုတ် တစ်လုံးကို ဆောင်းပြီးတော့ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာမယ်။ ပြီးတော့ လည်စည်းပဝါပတ်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့မယ်။ သူမရဲ့မျက်နှာက အဲ့ဒီလည်စည်းပုဝါတွေနဲ့ ဖုံးအုပ်နေတယ်။ ပြီးတော့ လမ်းဘေးမှာ လက်တားနေတယ်။ မင်းသားက အဲ့ဒီရဲ့ဘေးနားလေးကို ရပ်လိုက်ပြီးတော့ မင်းသားရဲ့ဦးထုတ်ကို သူမကို ပေးလိုက်ရမယ်။ ”

“ဒုတိယကြော်ငြာက အဲ့ဒီအမျိုးသမီးက လည်စည်းပုဝါကို ဝှေ့ယမ်းနေမယ်။ ပြီးတော့ သူမရဲ့မျက်နှာကို ပြသထားမယ်။ အဲ့ဒီအမျိုးသမီးက လျိုသာ့ချင်ပဲဖြစ်မယ်။ မင်းသားအနေနဲ့ တစ်ခြားဦးထုတ်တစ်လုံးကို သူမကိုပေးပြီးတော့ သူမက ဆိုင်ကယ်ပေါ်တက်ပြီးတော့ မင်းသားကျောကို ဖက်ပြီးတော့ လိုက်သွားမယ်။ ပြီးတော့ နှစ်ယောက်စလုံးက ဆိုင်ကယ်နဲ့ မောင်းထွက်သွားမယ်။ ”

“တတိယကြော်ငြာက လျိုသာ့ချင်က ကျေးလက်လမ်းတစ်ခုမှာ ဆိုင်ကယ်စီးလာမယ်။ ဒီတစ်ခေါက်တော့ မင်းသားက လမ်းဘေးပေါ်မှာ တားတဲ့လူဖြစ်မယ်။ သူမက မင်းသားအတွက်ကို ဆိုင်ကယ်ကို ရပ်လိုက်ပြီးတော့ ဆိုင်ကယ်ဦးထုတ်ကို မင်းသားဆီ ပစ်ပေးလိုက်မယ်။ ”

“စတုတ္ထကြော်ငြာကတော့ နှစ်ယောက်စလုံးက လမ်းမထက်မှာ ဆိုင်ကယ်စီးလာမယ်။ အဲ့ဒီအချိန်မှာပဲ နှစ်ယောက်စလုံးက အချင်းချင်း ကြည့်လိုက်ပြီးတော့ ပြုံးလာမယ်။ ”

ကျူးရှီမောက်က မျက်မှောင်ကြုတ်သွားသည်။

“ကြော်ငြာလေးခုလား။ ပြီးတော့ အဲ့ဒီကြော်ငြာတွေက အဆက်စပ် ရှိတာလား။ အဲ့ဒီကြော်ငြာထဲမှာ စကားပြောဖို့ အခန်းတွေကော ပါသေးလား။ ”

“ပါပါတယ်။ အဲ့ဒီပြောရမဲ့ စာတွေကတော့ မင်းဘယ်ကိုသွားမှာလဲ။ သူမက မင်းသားကို မေးတဲ့အခါမှာ နင်ဘယ်ကိုသွားမှာလဲ။ နှစ်ယောက်စလုံးအနေနဲ့ မော်တော်ဆိုင်ကယ်ကို ပြောစရာ မလိုအပ်ပါဘူး။ ကြော်ငြာရဲ့နောက်ဆုံး သုံးစက္ကန့်မှာ စာတန်းကြော်ငြာတစ်ခု ထိုးမှာဖြစ်ပါတယ်။ ”

ဖုန်းယွီ၏ ထိုကြော်ငြာအတွင်းရှိ တီထွင်နိုင်စွမ်းက အနာဂတ်ရှိ litolatထံမှ ဖြစ်သည်။ ထိုကြော်ငြာသည် ဇာတ်လမ်းတစ်ပုဒ်အနေဖြင့် ရိုက်ထားကာ အပိုင်းလေးပိုင်း ခွဲထားသည်။ ထိုကြော်ငြာသည် ကြည့်ရှု့သူများထံတွင် စိတ်နှစ်သွားစေသည်။ ထိုကြော်ငြာပုံစံမျိုးသည် အမှတ်တံဆိပ်ကို ထပ်ခါထပ်ခါ ကြော်ငြာခြင်းထက် ပိုမိုကောင်းမွန်ပေ၏။

“မစ္စတာကျူး ဒီကြော်ငြာရဲ့ ဇာတ်ညွှန်းကို ဘယ်လိုထင်လဲ။ ဒီကြော်ငြာရဲ့ ဘယ်အပိုင်းကိုများ ပြောင်းလဲချင်သေးလဲ။ ”

“အင်း ပြောင်းလဲချင်တယ်။ ပထမဦးဆုံး အပိုင်းမှာ လမ်းမကြီးထက် မောင်းတာက သိပ်ပြီးတော့ မကောင်းဘူး။ ဘယ်သူက လမ်းမကြီးရဲ့ဘေးမှာ လမ်းလျှောက်နေမှာလဲ။ အဲ့ဒါကို မြို့လယ်က လမ်းမထက်ကိုပြောင်းလိုက် အဲ့ဒါကပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်။ နောက်ဆုံးအပိုင်း ငါတို့တွေက လမ်းမကြီးထက်မှာ ဆိုင်ကယ်စီးလာမယ်။ အဲ့ဒီမှာ စီးတဲ့အခါမှာ ဝတ်လာမဲ့အဝတ်က မင်းတို့မော်တော်ဆိုင်ကယ်ရဲ့ အရောင်နဲ့ ကိုက်ညီမှု ရှိရမယ်။ ဆိုင်ကယ်ဦးထုတ်ရဲ့ အရောင်တွေကတော့ သေချာပေါက် ကွဲပြားရမယ်။.... ”

ကျူးရှီမောက်သည် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ကာ သူ၏စဉ်းစားမှုများက ပိုသိသာ ထင်ရှားပေသည်။ ဖုန်းယွီဇာတ်ညွှန်း၏ အသေးစိတ် အချက်အလက်များစွာကို သူကပြန်ပြောင်းခဲ့သည်။ ဖုန်းယွီက ကျူးရှီမောက်ပြောသည်ကို နားထောင်သည့်အခါ သူသည်လည်း ထိုအချက်များသည် သင့်လျော်သည်ဟု ခံစားမိသည်။

“မစ္စတာကျူး မစ္စတာကျူးအနေနဲ့ ဒီကြော်ငြာကိုရိုက်ဖို့ သဘောတူတယ်လို့ ကျွန်တော် ယူဆလိုက်လို့ ရမလား။ အဲ့ဒါဆိုရင် ကြော်ငြာရဲ့စရိတ်ကို မစ္စတာကျူးအနေနဲ့ ဘယ်လောက်ယူမလဲ။ ကျွန်တော်တို့ကတော့ ကာလရှည်ကြာတဲ့ စာချုပ်မျိုးနဲ့ ချုပ်ဆိုချင်တယ်။ ကျွန်တော်တို့နဲ့ ဘယ်နှစ်နှစ်လောက် စာချုပ်ချုပ်ပေးနိုင်မလဲ။ ”

ဖုန်းယွီက တွေးတောလိုက်သည်။ ရာစုနှစ်မကုန်ခင် စီစီတီဗီမှ ချန်ကွမ်တိုင်ကို တရားမစွဲဆိုခင်အထိ သူတို့နှစ်ယောက်လုံးသည် တရုတ်နိုင်ငံ၏ ထိပ်ပိုင်းအနုပညာရှင်များ ဖြစ်ကြသည်။ သို့သော် ယခုတွင် သူတို့၏ နှုန်းထားသည်လည်း မမြင့်မားသေးပေ။ အကယ်၍သူသည် စာချုပ်ချုပ်ဆိုပါက ငါးနှစ်ကျော်ကြာ ဤစာချုပ်ကို ချုပ်ဆိုရမည်ပင်။ ထိုအရာက အလွန်ကောင်းမွန်သည့် အချက်ပင်ဖြစ်၏။ အကယ်၍ ကျူးရှီမောက်သည် ဆယ်နှစ်စာ စာချုပ်ကို ချုပ်ဆိုလျှင်တောင် ဖုန်းယွီက သဘောတူမည်ပင် ဖြစ်သည်။

“ဘယ်နှစ်နှစ်လဲ။ အိုး မင်းတို့တွေကငါ့ကို ဘယ်နှစ်နှစ်ကြာကြာလောက် ငှားချင်တာလဲ။ မင်းအနေနဲ့ ဘယ်နှစ်နှစ်ဆိုရင် သင့်တော်မယ်လို့ ခံစားမိလဲ။ ”

ဖုန်းယွီက တစ်ခဏကြာ စဉ်းစားပြီးနောက် ကျူးရှီမောက်နှင့် ချန်ကွမ်တိုင်ကို စီစီတီဗီမှ အမည်မည်းစာရင်း တင်သွင်းပြီးနောက် သူတို့၏ကြော်ငြာများကို စီစီတီဗီတွင် ကြော်ငြာခွင့်မရပေ။ အခြားသော တီဗီရုပ်သံ ဌာနများတွင်တော့ (၂)နှစ်အတွင်း ကြော်ငြာခွင့်မရပေ။ ထို့အတွက်ကြောင့် (၈)နှစ်မှ(၉)နှစ်စာချုပ်သည် အချက်အလက်များအရ အလွန်သင့်တော်ပေသည်။

“(၈)နှစ်ဆိုရင်ရော ”

ကျူးရှီမောက်က အံ့အားသင့်သွားသည်။ သူသည် (၈)နှစ်ကြာ ကြာသည့်ထုတ်ကုန် ထောက်ခံမှုနှင့် ကြော်ငြာအတွက် တစ်ခါမှ မကြားခဲ့ဖူးပေ။

“ရှစ်နှစ်ဆိုတာ သေချာရဲ့လား။ ”

“ဒါအမှန်ပါပဲ။ ကြော်ငြာထောက်ခံချက်က (၈)နှစ် ပြီးတော့ နှစ်တိုင်းနှစ်တိုင်းမှာ မင်းသားအနေနဲ့ ကျွန်တော်တို့ကို ကြော်ငြာတစ်ခု အနည်းဆုံး ရိုက်ပေးရမယ်။ ပြီးတော့ ကျွန်တော်တို့အတွက်ကို ကြော်ငြာဓာတ်ပုံတွေလည်း ရိုက်ပေးရမယ်။ အနည်းဆုံးတော့တစ်ကြိမ် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို လူမြင်ကွင်းမှာ ကြော်ငြာပေးရမယ်။ ကျွန်တော်က ဒီကြော်ငြာရဲ့ ဈေးကွက်အကြောင်းတော့ သိပ်မသိဘူး။ ကျွန်တော်ကို ဈေးပဲပြောပေးပါ။ ”

“တစ်နှစ်အတွက် ယွမ်တစ်သိန်း။ ”

ကျူးရှီမောက်သည် လက်တစ်ချောင်းထောင်ကာ ပြောလိုက်သည်။ သူ့အနေဖြင့် ယွမ်တစ်သိန်းသည် အလွန်များသည့် ပမာဏဟု ခံစားရသည်။ သူသည် နာမည်ကျော်ကြားသည့် လူတစ်ယောက် ဖြစ်သည့်တိုင် သူသည် ကြော်ငြာများနှင့် ထုတ်ကုန်ထောက်ခံချက်များမှ သရုပ်ဆောင်အဖြစ် ဝင်လုပ်ကာ အပိုဝင်ငွေများ ရခဲ့သည်။ သို့သော် ဘေကျင်းရှိ လက်ရှိပျမ်းပျလစာမှာ တစ်နှစ်လျှင် ယွမ်နှစ်ထောင်သာဖြစ်သည်။ ထိုပမာဏက ပျမ်းမျှ၏ အဆငါးဆယ်ကျော် များပေသည်။

ဖုန်းယွီသည် သူ၏အရင်ဘဝက ထုတ်ကုန်ထောက်ခံမှုအတွက် သရုပ်ဆောင်များသည် သန်းဆယ်နှင့်ချီ တောင်းခဲ့သည်ကို အမှတ်ရသွားသည်။ ထိုအချက်က သာမာန်လူတစ်ယောက်၏ ပျမ်းပျလစာထက် အဆနှစ်ရာကျော် များနေခြင်းဖြစ်သည်။ ကျူးရှီမောက်၏ဈေးက အလွန်သင့်လျော်ပေ၏။

“ကိစ္စမရှိပါဘူး။ ထုတ်ကုန်တဲ့ သက်ဆိုင်တဲ့ ပရိုမိုးရှင်း ပွဲတွေတိုင်းမှာ မင်းသားတက်ရမယ်။ အဲ့ဒီမှာလည်း စာအိတ်လေးတွေ ရှိပါသေးတယ်။ ”

နောက်(၂)နှစ်အတွင်း နာမည်ကျော်ကြားသူများ၏ ကြော်ငြာနှုန်းထားသည့် သိသိသာသာ မြင့်တက်လာမည်မှန်း ဖုန်းယွီသိပေသည်။ တစ်ချိန်ထဲတွင် ကျူးရှီမောက်က စိတ်ပြောင်းကာ သူတို့အလုပ်အတူတူ တွဲလုပ်သည့်အခါ ပြဿနာတစ်စုံတစ်ရာ ရှိမည်ဆိုသည်။ ထို့အတွက်ကြောင့် ဖုန်းယွီက သူ့အတွက် အန်ပေါင်းများကို စီစဉ်ပေးရန်အတွက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။

“အဲ့ဒါဆိုရင် ရိုက်ကူးရေးက ဘယ်တော့စမှာလဲ။ မကြာခင်မှာတော့ ငါ့အနေနဲ့ နွေဦးပွဲတော်ရဲ့ ဖျော်ဖြေမှုအတွက် ပြင်ဆင်ရအုံးမယ်။ ငါ့မှာတော့ အချိန်အများကြီး မရှိဘူးနော်။ ”

“ကိစ္စမရှိပါဘူး။ ကြော်ငြာရဲ့ ရိုက်ကူးရေးက အရမ်းကိုမြန်ဆန်ပါတယ်။ ကျွန်တော်က ရိုက်ကူးတဲ့ ဒါရိုက်တာနဲ့လည်း စာချုပ်ချုပ်ပြီးပြီ။ ကြော်ငြာရိုက်ကူးဖို့အတွက် နှစ်ရက်ဆိုတဲ့အချိန်က တော်တော်လေးကို လုံလောက်နေပါပြီ။ အိုး ဟုတ်သားပဲ။ မင်းသားရဲ့ ဟာသဗီဒီယိုလေးတွေ ရိုက်တတ်တဲ့မိတ်ဆွေကို ကျွန်တော်ကို မိတ်ဆက်ပေးလို့ ရမလား။ ကျွန်တော်တို့တွေက သူ့ကို ကြော်ငြာလုပ်ခိုင်းပြီးတော့ ကျွန်တော်တို့ ကုန်ပစ္စည်းကို ထောက်ခံပေးချင်လို့ပါ။ ”

ဖုန်းယွီအမှတ်ရသည်က ယခုနှစ်တွင် သူတို့နှစ်ယောက်စလုံးသည် နာမည်ကျော်ကြားသည့် ဟာသဇာတ်လမ်းတိုတွင် ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။ အကယ်၍ သူသာ တူညီသည့် ကြော်ငြာများကို ရိုက်ကူးနိုင်ပါက ထိုအရာက သေချာပေါက်ကို နာမည်ကြီးမည်ပင်။

“သူကဒီနေ့ တုပ်ကွေးမိနေလို့ အိမ်မှာနားနေတယ်။ ငါသူ့ကို ကူညီပြီး မေးကြည့်ပေးရမလား။ ”

“အဆင်ပြေပါတယ်။ ကျွန်တော် မနက်ဖြန်ကျရင် စာချုပ်တွေနဲ့အတူ ပြန်လာခဲ့ပါ့မယ်။ ပြီးတော့ အသေးစိတ် အချက်အလက်တွေကို ကျွန်တော်တို့သုံးယောက်သား အတူတူ ဆွေးနွေးကြတာပေါ့။ ”

....

ပထမသြဂုတ် ရုပ်ရှင်စတူဒီယိုမှ ထွက်ခွာပြီးနောက် ဖုန်းယွီက ဘေကျင်းရုပ်ရှင် စတူဒီယိုသို့ အပြေးသွားတော့သည်။ လျိုသာ့ချင်သည် သူ့အားစောင့်နေသည်။ လျိုသာ့ချင်သည် ပိုက်ဆံနှင့် ပတ်သတ်လာပါက တုန့်ပြန်လွယ်သည့် လူတစ်ယောက်ဖြစ်ကာ သူမသည် ဉာဏ်လည်းရှိပေသည်။ ဖုန်းယွီက ကျူးရှီမောက်၏ နှုန်းထားကို အသုံးချကာ လျိုသာ့ချင်၏နှုန်းကို နိမ့်ရန်အတွက် စီစဉ်ထားပြီးဖြစ်သည်။

“မင်းသမီးလျို အပြင်မှာတွေ့ရတာက ပိုလှတာပဲ။ ”

“ချီးကျူးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ မန်နေဂျာဖုန်း တစ်ခြား ကွယ်ဝိုက်ပြီးတော့ ပြောမနေတော့နဲ့ ကျွန်မကြားတာကတော့ ရှင်တို့ရဲ့ ကြော်ငြာရိုက်ကူးဖို့အတွက် ကျွန်မကို အလိုရှိနေတယ် ဆိုလားလို့။ ”

လျိုသာ့ချင်က စိတ်ဆန္ဒစောစောဖြင့် မေးလိုက်သည်။

“ဒါအမှန်ပါပဲ။ သရုပ်ဆောင်ကတော့ ကျူးရှီမောက်ဖြစ်မယ်။ ပြီးတော့ ချန်ကွမ်တိုင်လည်း ပါချင်ပါလိမ့်မယ်။ ဒါကဇာတ်ညွှန်းပါ။ ပထမဦးဆုံး ကြည့်ကြည့်ပါအုံး။ ”

လျိုသာ့ချင်သည် ကျူးရှီမောက်ဆိုသည့် နာမည်ကို ကြားသည့်အခါ သူသည်ဖုန်းယွီကို အထင်မသေးရဲတော့ပေ။ ချန်ကွမ်တိုင်တောင် ထိုကြော်ငြာတွင် ပါဝင်မည်လော။ ထိုသရုပ်ဆောင်နှစ်ယောက်သည် ယခုလက်ရှိတွင် တရုတ်ပြည်၌ ပထမတန်းစား သရုပ်ဆောင်များ ဖြစ်ကြပေသည်။

ထိုကြော်ငြာ၏ ထုတ်ကုန်သည် မော်တော်ဆိုင်ကယ်တစ်စီးဖြစ်ကာ ထိုကြော်ငြာတွင် အမျိုးသား သရုပ်ဆောင်များက အမျိုးသမီး သရုပ်ဆောင်များထက် ပိုမိုသင့်တော်ပေသည်။ သူ့အနေဖြင့် ထိုကြော်ငြာတွင် မပါဝင်သင့်ဟုတောင် ခံစားရမိ၏။

“ဒီဇာတ်ညွှန်းကတော့ မဆိုးပါဘူး။ ဒီဇာတ်ညွှန်းကို အရင်က ပြင်ခဲ့ပြီးပြီလို့ ငါသေချာပေါက် ပြောရဲတယ်။ ငါကြော်ငြာမှာ သရုပ်ဆောင်ရင် ဘယ်လောက်ငါရမှာလဲ။ ”

လျိုသာ့ချင်သည် တန်းတန်းသာ မေးလိုက်သည်။ သူမသည် ဇာတ်ညွှန်းများကို ရွေးချယ်တတ်သည့်သူ အမျိုးအစား မဟုတ်ပေ။ သူမက ပိုက်ဆံကိုသာ ပိုပြီးအာရုံစိုက်ပေသည်။

“မင်းသမီးလျို တရုတ်နိုင်ငံရဲ့ ပရိတ်သတ်ရဲ့ အမြင်အရဆိုရင် မင်းသမီးနဲ့ ကျူးရှီမောက် ကြားထဲမှာ ဘယ်သူကပိုပြီး နာမည်ကျော်ကြားတယ်လို့ထင်လဲ။ ”

ဖုန်းယွီက သူမကို နှုန်းထားအားမပြောဘဲ ထိုအစား မေးခွန်းတစ်ခု မေးလိုက်သည်။

လျိုသာ့ချင်သည် မကြာသေးခင်က အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။ သို့ရာတွင် သူ့အနေဖြင့် ကျူးရှီမောက်ထက် ပိုပြီးနာမည် ကျော်ကြားသည်ဟု မပြောရဲပေ။ ကျူးရှီမောက်၏ ရုပ်ရှင်ဇာတ်ကားများသည် သူမ၏ ဇာတ်ကားများထက် လူကြည့်ပိုများသည်။ ထပ်ပြောရပါက လွန်ခဲ့သည့် နှစ်နှစ်က ကျူးရှီမောက်သည် နွေဦးရာသီ ပွဲတော်တွင် ဖျော်ဖြေခဲ့သည်။ သူသည်သူ့ကို ပရိတ်သတ်အများ နှစ်သက်ခြင်း ခံရသူဟု စဉ်းစား၍ ရနိုင်ပေသည်။ ထိုအချက်များက ယခုလက်ရှိ ကျူးရှီမောက်၏ ဂုဏ်အဆင့်အတန်းများပင် ဖြစ်ပေသည်။

“သူတို့နှစ်ယောက်နဲ့ယှဉ်ရင်တော့ ငါကအနည်းငယ် ရှုံးတာပေါ့။ ”

လျိုသာ့ချင်၏ အဖြေမှာ စိတ်ဝင်စားဖွယ် ကောင်းသည်။

“ဘာလဲ။ မင်းဆိုလိုချင်တာက တကယ်လို့ သူတို့နှစ်ယောက်သာ မရှိခဲ့ဘူးဆိုရင် ကျူးရှီမောက်ထက် နင်ကပိုပြီး နာမည်ကြီးချင်တယ်လို့ ပြောချင်တာလား။ ကျူးရှီမောက်က သူရဲ့ပုံရိပ်ကြောင့် ပိုပြီးတော့ နာမည်ရတယ်။ သို့သော်ငြား လျိုသာ့ချင်သည် လှပသည်။ များစွာသော အမျိုးသမီး ကြည့်ရှု့သူများက သူမ၏ ရုပ်ရည်နှင့်ပတ်သတ်ပြီး မနာလို မုန်းတီးကြကာ သူမအား နှစ်သက်ခြင်းမရှိပေ။ သို့သော် ကျူးရှီမောက်သည် ကွဲပြားခြားနားပေသည်။ အမျိုးသား ပရိတ်သတ်ရော အမျိုးသမီး ပရိတ်သတ်ရောပါ သူ့အားနှစ်သက်ကြပေသည်။

“ကျူးရှီမောက်က ကျွန်တော်တို့နဲ့ ရှစ်နှစ်စာ စာချုပ်ချုပ်ထားတယ်။ ပြီးတော့သူ့ကို တစ်နှစ်အတွက်ကို ယွမ်တစ်သိန်းပေးတယ်။ စုစုပေါင်းကတော့ ယွမ်ရှစ်သိန်းပေါ့။ ကျွန်တော်မင်းသမီးလျိုအတွက် ပြင်ဆင်ထားတဲ့ စာချုပ်မှာဆိုရင်တော့ ယမ်ရှစ်သိန်းပဲ။ ဒါပေမဲ့ စာချုပ်ရဲ့ သက်တမ်းကတော့ ဆယ်နှစ်ဖြစ်လိမ့်မယ်။ အဲ့ဒီထဲမှာ တီဗီကြော်ငြာတွေနဲ့ ဓာတ်ပုံကြော်ငြာတွေပါတယ်။ နှစ်တိုင်းနှစ်တိုင်းမှာ မင်းသမီးအနေနဲ့ ပရိုမိုးရှင်းပွဲတွေကို တစ်ပွဲတက်ပေးရမယ်။ သေချာတာပေါ့။ ကျွန်တော်တို့တွေက ပရိုမိုးရှင်းပွဲတွေ တက်တဲ့အခါမှာလည်း အန်ပေါင်းတွေ ပေးအုံးမှာပါ။ ”

ဖုန်းယွီက စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြလိုက်သည်။ လျိုသာ့ချင်က ထိုအချက်များကို ဂရုတစိုက် ဖတ်ရှု့ပေ၏။ ထိုအချက်အလက် အများစုသည် သူမအရင်က တစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော် ဖုန်းယွီက သူမကို ယွမ်ရှစ်သိန်း တစ်ခါထဲပေးမည်ဟု ပြောခဲ့သည်။ သူမထိုအရာကိုတော့ ရှင်းရှင်းလင်းလင်း ကြားခဲ့သည်။ ထိုပိုက်ဆံပမာဏနှင့်ဆိုလျှင် သူ့အနေဖြင့် စိုးရိမ်ကြောင့်ကျမှု ရှိစရာ မလိုတော့ပေ။

All Chapters