ကြော်ငြာရိုက်ကူးမှု စတင်ခြင်း
Vol. 12 Ch. 179
ဝူကျီကန်းက ဖုန်းယွီကို ကြော်ငြာတွေက ဘယ်သူနဲ့ရိုက်မည်နည်းဟု မေးလိုက်သည့်အခါ ဖုန်းယွီ၏ မျက်လုံးများက နာရီတစ်ပတ် လည်သွားတော့သည်။ ဝူကျီကန်းအနေဖြင့် လွန်ခဲ့သည့်နှစ်ရက်က သူတို့ဘယ်နေရာသို့ သွားသည်ကို မမြင်နိုင် ဖြစ်နေသည်လော။ သူတို့သည် ဘေကျင်းရုပ်ရှင် စတူဒီယိုနှင့် ပထမသြဂုတ် ရုပ်ရှင်စတူဒီယိုသို့ သွားခဲ့သည်။ ထိုရုပ်သံစတူဒီယိုနှစ်ခုမှ ကင်မရာများသည် ထိုကြော်ငြာကို မရိုက်ဘဲ နေနိုင်မည်နည်း။
ချန်ကွမ်တိုင်သည် ရှစ်နှစ်စာ စာချုပ်ကို သဘောမတူသော်ငြား သူသည် သုံးနှစ်စာချုပ်ကို ချုပ်ဆိုလိုက်သည်။ ပြီးနောက် သူ့အနေဖြင့် ပရိုမိုးရှင်း ပွဲများကိုလည်း တက်မည်မဟုတ်ပေ။ သို့သော် သူ့အနေဖြင့် ကြော်ငြာလေးခုကို ရိုက်ပေးမည်ဖြစ်ကာ သူ၏ထောက်ခံမှုစရိတ်က ကျူးရှီမောက်ထက်တောင် နည်းပေသည်။ ချန်ကွမ်တိုင်က သူ့ရုပ်ရှင် ရိုက်ကူးရေးအတွက် ငွေမလိုအပ်ပါက ထိုကြော်ငြာအလုပ်ကို လက်လွှတ်မည်ပင်။
ဖုန်းယွီက သူ၏ကြေးကို နောက်ထပ်ယွမ်ငါးသောင်း တိုးပေးလိုက်ကာ ချန်ကွမ်တိုင်သည် ရိုက်ကူးရေးအတွက်လည်း တာဝန်ယူပေးမည်ဟု သဘောတူလိုက်သည်။ ရိုက်ကူးပစ္စည်းများနှင့် ကင်မရာခရူများကို သူပဲစီစဉ်မည် ဖြစ်ပေသည်။
ကြော်ငြာရိုက်ကူးမည့် နေရာသည် ဘင်းမြို့တော်တွင် ဖြစ်သည်။ အကြောင်းမှာ အဆိုပါ မော်တော်ဆိုင်ကယ်များကို ဘင်းမြို့တော်မှ ထုတ်လုပ်သောကြောင့်ဖြစ်သည်။ ထိုဆိုင်ကယ်များသည် အဓိက ကြော်ငြာပစ္စည်းများ ဖြစ်ပေ၏။
သုံးရက်ကြာပြီးနောက် ဖုန်းယွီက ဘင်းမြို့တော်သို့ ပထမဦးစွာ ပြန်ခဲ့သည်။ ထိုသောကြာညတွင် ကျူးရှီမောက်နှင့် ကျန်သည့်သူများက ရထားဖြင့် ရောက်လာကြကာ သူတို့အနေဖြင့် တနင်္ဂနွေနေ့ ညနေတွင်ပြန်မည်ဖြစ်သည်။ ထို့အတွက် သူတို့၏ အခြားအလုပ်များကို သက်ရောက်မှုမရှိပေ။
ဖုန်းယွီက နောက်ဆုံးတွင် အဘယ့်ကြောင့် လျိုသာ့ချင်သည် သရုပ်ဆောင်အလုပ်ကို ရပ်နားပြီးနောက် စီးပွားရေးလောကကို ဝင်ခဲ့သည်ကို နားလည်သွားသည်။ သူတို့ထိုအလုပ်များကြားထဲရှိ သူတို့၏ဘဝသည် အလွန်ဘောင်ကျဉ်းလွန်းပေသည်။ ကြော်ငြာတစ်ခု ရိုက်ကူးရန်အတွက်တောင် အခက်အခဲများစွာဖြင့် ကြုံရပေ၏။ ....
“ဘာ မင်းကကြော်ငြာစရိတ်ကို ငါ့ဆီကနေပြီးတော့ ထပ်တောင်းချင်တုန်းပဲလား။ ငါမင်းကို ယွမ်ငါးသန်း ပေးပြီးပြီ မဟုတ်ဘူးလား။ ”
“အဲ့ဒီယွမ်ငါးသန်းက ရုပ်မြင်သံကြားတွေရဲ့ ကြော်ငြာကဏ္ဍအတွက်ပဲ။ ခင်ဗျားက အနုပညာ သရုပ်ဆောင်တွေက ခင်ဗျားအတွက် အလကားရိုက်ပေးမယ်လို့ ထင်နေတာလား။ ကျွန်တော် ခင်ဗျားကို ရှင်းရှင်းလင်းလင်း မပြောပြခဲ့မိတဲ့အတွက် ကျွန်တော်ရဲ့အမှား။ အဲ့ဒါကြောင့်မို့လို့ ခင်ဗျားအနေနဲ့ ကျွန်တော်ကို ယွမ်ငါးသိန်းပဲပေး ကျန်တဲ့ကုန်ကျငွေကို ကျွန်တော်ပဲ ကုန်ကျခံလိုက်မယ်။ ”
ဖုန်းယွီက နောင်တရနေသည့်ပုံဖြင့် ပြောလိုက်သည်။
“ယွမ်ငါးသိန်းလား မင်းကအဲ့ဒါကို ယွမ်ငါးဆယ်လို့များ ထင်နေတာလား။ အဲ့ဒီကြော်ငြာထဲမှာ ဘယ်သူတွေက ကြော်ငြာမှာတုန်း။ ဘာကြောင့် အဲ့လောက်ထိ ဈေးကြီးနေရတာလဲ။ ”
“ကျူးရှီမောက်၊ လျိုသာ့ချင်၊ ချန်ကွမ်တိုင် ခင်ဗျားပြော အဲ့ဒီထဲက ဘယ်တစ်ယောက်ကများ နာမည်မကြီးတာလဲ။ ”
ဖုန်းယွီက ထိုသို့ပြောစဉ် သူ၏လက်ချောင်းလေးများသည် စားပွဲကိုတောက်ကာ သူ၏လေသံမြင့်သည်နှင့် ကြမ်းကြမ်းတောက်လိုက်သည်။
“ဒါပေမဲ့ အဲ့ဒါကအဲ့လောက်ထိ ကုန်ကျရတာလား။ ဒါက ကြော်ငြာတစ်ခုပဲလေ။ သူတို့ရဲ့ တစ်လ လစာက ဘယ်လောက်လဲ။ ဘာကြောင့်သူတို့ကို ကြေးကြီးကြီးနဲ့ ငှားရတာလဲ။ ”
လီမင်တက စိတ်တိုစွာဖြင့် မေးလိုက်သည်။
“ဘာကြောင့်လည်းဆိုတော့ သူတို့တွေက ရုပ်မြင်သံကြားထိပ်မှာ ပေါ်လာမှာ ပြီးတော့ သူတို့တွေမှာ အနုပညာရှင်ဆိုတဲ့ သက်ရောက်မှုကလည်း အများကြီးရှိတယ်။ တကယ်လို့ မင်းတစ်ယောက်ယောက်ကို ကြိုးစားခိုင်းကြည့်။ ဒါမှမဟုတ်ဘူးဆိုရင် ခင်ဗျားက အဲ့ကြော်ငြာထဲမှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပါကြည့်လိုက်။ အဲ့ဒီကြော်ငြာက ဘင်းမြို့တော်ကလွဲပြီးတော့ တစ်ခြားမှာ ဘယ်နေရာမှာမှ ပေါက်မှာမဟုတ်ဘူး။ ”
ဖုန်းယွီက ထိုအကြောင်းအရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
“မင်းစုစုပေါင်း ဘယ်လောက် ကုန်ကျခဲ့တာလဲ။ ”
လီမင်တက ပြောလိုက်သည်။
“၂.၀၅သန်း တကယ်လို့ ခင်ဗျားမယုံဘူးဆိုရင်တော့ သူတို့ရောက်လာတာနဲ့ မေးလို့ရတယ်နော်။ ”
“ဘာ ယွမ်နှစ်သန်းကျော်လား။ ”
လီမင်တက မှင်သက်နေသည်။ ထိုကလေးသည် ပိုက်ဆံများကို ဖြုန်းရန်အတွက် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ သူက ကြော်ငြာအတွက် ရုပ်ရှင်သရုပ်ဆောင်များကို လက်ခံသည်။ သို့သော် ကြော်ငြာစရိတ်က ထိုမျှမများသင့်ပေ။
၂.၀၅ယွမ် ဒီငွေတွေကို ပြန်ရဖို့အတွက် မော်တော်ဆိုင်ကယ် ဘယ်နှစ်စီးတောင်မှ ရောင်းရမှာလဲ။
“ကျွန်တော်က ရှယ်ယာများများအတွက် ငွေများများ ပေးပြီးပြီ။ ပြီးတော့ စက်ယန္တရား ကုမ္မဏီက ကျွန်တော်ကို ပမာဏ သေသေးလေးပဲ ပြန်ပေးတယ်။ မန်နေဂျာလီ ကျွန်တော်ကိုဒီလောက်ထိ နှိပ်ကွပ်ဖို့ လိုလို့လား။ ”
ဖုန်းယွီက အလေးအနက် ထားသည့်ပုံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ ကောင်းပြီ။ ဒါပေမဲ့ အဲ့ဒီယွမ်ငါးသိန်းကို နှစ်သစ်ကူးပြီးမှပဲ ပေးနိုင်မှာနော်။ ပြီးတော့ ဒီနှစ်အတွက်လည်း ဘက်ဂျက် လုံလုံလောက်လောက် မရှိဘူး။ ”
“ကောင်းပြီ ကျွန်တော်ခင်ဗျားဆီကနေ အတိုးလည်း မယူဘူးနော်။ ဒီနေရာမှာ ရှယ်ယာရှင် တစ်ယောက်ဖြစ်ဖို့ ဘယ်သူက တောင်းဆိုခဲ့လည်းဆိုတာ မမေ့ပါနဲ့။ ဒီကိစ္စက ဒီမှာပဲပြီးသွားပြီ။ ကျွန်တော်တို့တွေ ဒီကိစ္စကို နောက်ပိုင်းကျမှ စာချုပ်ထဲမှာ ထည့်ရေးတာပေါ့။ မနက်ဖြန်ကျရင် သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေက ကြော်ငြာရိုက်ကူးဖို့အတွက် လာလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ သူတို့သုံးယောက်ကို မော်တော်ဆိုင်ကယ် တစ်စီးစီ ပေးဖို့လိုအပ်တယ်။ ခင်ဗျားအဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မတွန့်တိုပါဘူးနော်။ ”
ဖုန်းယွီသည် ယွမ်ငါးသိန်းကို ပြန်လည်ရယူရန်အတွက် အလျှင်လိုခြင်းမရှိပေ။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုကြော်ငြာသည့် စရိတ်မှ အမြတ်များ ရခဲ့ပြီးဖြစ်သည်။ သူသည် ယွမ်နှစ်သန်း သုံးခဲ့သည်။ သို့သော် ထိုအရာက တစ်နှစ်အတွက် မဟုတ်ပေ။ အနာဂတ်တွင် သူ့အနေဖြင့် စက်ယန္တရားစက်ရုံမှ နှစ်တိုင်းနှစ်တိုင်း ကြော်ငြာကြေးဟူပြီး တောင်းဆိုနိုင်ပေ၏။
နောက်ထပ် မော်တော်ဆိုင်ကယ် သုံးစီးလား။ သို့သော် လီမင်တသည် ယွမ်ငါးသိန်းပေးရန်ကို နောက်နှစ်ထိ ရွေ့ဆိုင်းပြီးပြီဖြစ်သည်။ အကယ်၍ သူသည် ထိုတောင်းဆိုမှုကို ငြင်းပယ်ပါက ဖုန်းယွီက သေချာပေါက် သူ့ဂုတ်ကို တက်ခွစီးတော့မည်ပင်။
“ကောင်းပြီ ငါသဘောတူတယ်။ တကယ်လို့ နောက်နှစ်မှာရောင်းတဲ့ အရောင်းမပြည့်ဘူးဆိုရင်တော့ စာချုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ လုပ်ရမှာပေါ့။ ”
လီမင်တက ဖုန်းယွီကို သတိပေးလိုက်သည်။
“ခဏလောက် အနားယူပါအုံး။ ကျွန်တော် မင်းတို့အားလုံးအတွက် အခန်းတွေ စီစဉ်ထားပြီးပါပြီ။ စက်ယန္တရား ကုမ္မဏီရဲ့ ဧည့်ရိပ်သာမှာ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအခန်းရဲ့ အခြေအနေကတော့ ဘေကျင်းနဲ့တော့ မယှဉ်နိုင်ပေမဲ့ ကျွန်တော်အနေနဲ့ အဲ့ဒီအခန်းတွေက သန့်ရှင်းသပ်ရပ်မယ်လို့တော့ အာမခံပါတယ်။ ”
ဖုန်းယွီက သူတို့အား ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုခဲ့သည်။ ကြော်ငြာသရုပ်ဆောင် သုံးယောက် ကင်မရာမန်း တစ်ယောက်နှင့် လက်ထောက်တစ်ယောက် စုစုပေါင်း ငါးယောက်ဖြစ်ပေသည်။
“မလိုအပ်ပါဘူး။ ငါတို့တွေက ပင်ပန်းတာမှ မဟုတ်တာ။ ပထမဦးဆုံး ကြော်ငြာရရင်ရော ဘယ်လိုလဲ။ ငါတို့မှာက အချိန်တွေက သိပ်ရှိတာမဟုတ်ဘူး။ ”
ချန်ကွမ်တိုင်က ပြောလိုက်သည်။
ဖုန်းယွီက တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည့် လျိုသာ့ချင်ကို ကြည့်လိုက်သည်။ လျိုသာ့ချင်သည်လည်း ထိုကိစ္စကို ငြင်းဆန်ခြင်းမရှိပေ။ ဖုန်းယွီသည် အရာအားလုံးအတွက် ပေးချေသည့်သူ တစ်ယောက်ဖြစ်သည့်အတွက် သူ့အနေဖြင့် မည်သို့ငြင်းဆန်မည်နည်း။ သူ့အတွက် ကြော်ငြာကို မြန်နိုင်သမျှမြန်မြန် အပြီးသတ် နိုင်ခြင်းက ပို၍ကောင်းပေသည်။ ထိုအခါ သူ့အနေဖြင့် ကြော်ငြာဓာတ်ပုံများကို အသုံးချကာ ဈေးကွက်အတွင်း လှုံ့ဆော်မှုပြုလုပ်ရန်အတွက် အချိန်ရလာမည် ဖြစ်ပေသည်။
လူတိုင်းက ကြော်ငြာရိုက်ကူးမည့် နေရာသို့ သွားလိုက်ကြသည်။ သူတို့က ဖုန်းယွီ Land Roverကား စီးလာသည်ကို မြင်လိုက်သည့်အခါ ကျူးရှီမောက်နှင့် ကျန်သည့်သူများက မှင်သက်နေကြသည်။ လျိုသာ့ချင်က ဖုန်းယွီကို အားကျနေသည်။ သူမကျိန်ဆိုလိုက်သည်။ အနာဂတ်တွင် ပြည်ပမှ တင်သွင်းသည့်ကားများကို သေချာပေါက် စီးရမည်ပင်။
ကြော်ငြာရိုက်ကူးသည့် နေရာသည် မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံနှင့် မလှမ်းမကမ်းတွင် ရှိသည်။ လမ်းမကြီးကိုလည်း ယမန်နှစ်မတိုင်ခင်က ပြန်လည်ပြုပြင်ထားသည်။ ထို့အတွက်ကြောင့် လုံးဝအသစ်နီးပါး ဖြစ်နေသည်။ ဝူကျီကန်းသည် စက်ရုံသို့ အပြေးသွားကာ ဝန်ထမ်းနှစ်ယောက်ကိုခေါ်ကာ မော်တော်ဆိုင်ကယ်ဖြင့် ထိုကြော်ငြာရိုက်ကူးမည့် နေရာသို့ လာစေ၏။
မော်တော်ဆိုင်ကယ်တစ်စီးသည် အနီရောင်ဖြစ်ကာ ကျန်တစ်စီးက အပြာရောင်ဖြစ်သည်။ ဦးထုတ်များသည်လည်း အရောင်တောက်များဖြစ်သည်။
ကျူးရှီမောက်သည် သူ၏လည်သာ ဂျက်ကပ်ကို လဲလိုက်သည်။
ဝူကျီကန်းက ဖုန်းယွီအား မည်သူသရုပ်ဆောင်မည်နည်းဟု မေးခိုင်းလိုက်သောအခါ ဖုန်းယွီ၏မျက်လုံးများ လည်သွားတော့သည်။ လွန်ခဲ့သည့်နှစ်ရက်က သူတို့ဘယ်ကို သွားခဲ့သည်ဆိုသည်ကို သူမြင်ခဲ့သည်လော။ ဘေကျင်း ရုပ်ရှင်စတူဒီယိုနှင့် ပထမသြဂုတ် ရုပ်ရှင်စတူဒီယိုသို့ဖြစ်သည်။ ဒီစတူဒီယိုနှစ်ခုရဲ့ ကင်မရာခရူတွေက ကြော်ငြာကို မရိုက်ပေးနိုင်ဘူးတဲ့လား။
ထိုဒေသသည် အေးနေသော်ငြား သူက ဇောတကမတက်ပေ။ သူသည် ဆိုင်ကယ်ဦးထုတ်ကို ဆောင်းလိုက်ပြီးနောက် မော်တော်ဆိုင်ကယ်ဆီသို့ လျှောက်သွားလိုက်သည်။
ရိုက်ကူးရန် အပြင်အဆင်များလည်း ပြီးပြီဖြစ်ကာ ချန်ကွမ်တိုင်က အက်ရှင်ဟု ခေါ်လိုက်သည်။ သူတို့က ကျူးရှီမောက်ဆိုင်ကယ်ကို ဖြေးဖြေးချင်း ရှေ့ကိုစီးလာတာ မြင်လိုက်ရသည်။
“ကဒ် လူကြီးကျူး မင်းစီးတာ အရမ်းနှေးတာပဲ။ နည်းနည်းလောက် မြင့်ပါအုံးလား။ အဲ့ဒါက အရှိန်ဆိုတဲ့ ခံစားချက်ကို မရစေဘူး။ ”
ချန်ကွမ်တိုင်က အော်လိုက်သည်။
“ငါကအခုမှ ဆိုင်ကယ်ဘယ်လို စီးရမလဲဆိုတာ သင်လာတာ။ ငါမြန်မြန် မစီးရဲသေးဘူး။ ပြီးတော့ ငါက ရုတ်တရက် ရပ်လိုက်ရအုံးမှာ။ ”
ကျူးရှီမောက်သည် သူတို့မလာခင်က ဆိုင်ကယ်ဘယ်လို စီးလဲဆိုတာကို သင်ခဲ့သည်။ ထိုမတိုင်ခင်က သူသည် စက်ဘီးဘယ်လို စီးရမည်ဆိုသည်ကိုပဲသိ၏။
ကျူးရှီမောက်သည် ဆိုင်ကယ်လေကျင့်စဉ် မကြာမီ၌ လေ စကျလာတော့၏။
ဘင်းမြို့တော်၏ ဒီဇင်ဘာလ အပူချိန်သည် အလွန်နည်းပေသည်။ သရုပ်ဆောင်များသည် အင်္ကျီအနည်းငယ်ကိုသာ ဝတ်ဆင်ထားကြပြီး လက်ရှိတွင် လေအေးများလည်း တိုက်ခတ်လာပြီဖြစ်သည်။ ဖုန်းယွီက ချက်ချင်းပင် လေရပ်မှ ရိုက်ကူးရေးပြန်စရန် အကြံပေးလိုက်သည်။
“ကိစ္စမရှိဘူး။ နှင်းရောမိုးရောက ငါတို့ရပ်တန့်နိုင်မှာ မဟုတ်ဘူး။ ထပ်ပြောရရင် လေတိုက်တာ ပိုပြီးတော့တောင် ကောင်းသေးတယ်။ လေတိုက်တာက လျိုသာ့ချင်ရဲ့ လည်ပင်းစည်းပုဝါကို ကင်မရာထဲမှာ ပိုပြီးကြည့်ကောင်းစေတယ်။ ”
ချန်ကွမ်တိုင်က ဖုန်းယွီ၏ အကြံပေးချက်ကို ငြင်းပယ်လိုက်သည်။
လျိုသာ့ချင်ကလည်း ပြော၏။
“အဲ့ဒါက အဆင်ပြေပါတယ် မန်နေဂျာဖုန်း ကျွန်မ ဒီအပူချိန်ကို ခံနိုင်ရည်ရှိပါတယ်။ ဆောင်းဦးမကုန်ခင်တောင်မှ နွေရာသီအတွက်ဆိုပြီးတော့ ရုပ်ရှင်တွေ ရိုက်ခဲ့သေးတယ်။ အဲ့ဒီတုန်းက ဒီထက်တောင် ပိုအေးသေးတယ်။ ”
ကြော်ငြာကို ဆက်လက်ရိုက်ကူးသည်။ ကျူးရှီမောက်သည် နောက်ဆုံးတွင် သူ၏အရှိန်ကို မြင့်တင်လိုက်သည်။ လမ်းသည်ဖြောင့်တန်းနေကာ လမ်း၏မျက်နှာပြင်သည်လည်း အလွန်ကောင်းမွန်သည့် အခြေအနေတွင်ရှိသည်။ ပြီးနောက် ကားများလည်း မရှိပေ။ သူလျိုသာ့ချင်ရှေ့သို့ ရောက်သည့်အခိုက် သူ့အနေဖြင့် ရုတ်တရက် ဘယ်လိုရပ်ရမည်ဆိုသည်ကို မသိဖြစ်သွားသည်။
ယခုမှ ဆိုင်ကယ်စီးတတ်သူ တစ်ယောက်ဆိုပါက ယင်းကအန္တရာယ်များသည့် အရှိန်ဖြစ်ကာ အတော်ကြောက်ဖို့ကောင်းသည်။ ဖုန်းယွီက တစ်နာရီခန့် ကြာသွားသော်ငြား သူတို့သည် ကြော်ငြာပထမပိုင်းကိုတောင် ရိုက်ကူးမှု မပြီးသေးပေ။ သူကအလွန် စိုးရိမ်ပူပန်လာသည်။ ထိုအချိန်နှင့်ဆိုလျှင် သူတို့အနေဖြင့် ကြော်ငြာလေးခုကို ပြီးအောင် ရိုက်ကူးနိုင်မည် မဟုတ်ပေ။ ကြော်ငြာဓာတ်ပုံအတွက်လည်း ရိုက်ကူးရန်က ရှိသေးသည်။
“မစ္စတာကျူး ဘယ်လိုမျိုး ရုတ်ချည်း ရပ်လိုက်ရမယ်ဆိုတာ ကျွန်တော်ပြမယ်။ ”
ဖုန်းယွီက ကျူးရှီမောက်ဆီသို့ လမ်းလျှောက်သွားကာ သူ့ထံမှ ဆိုင်ကယ်ဦးထုတ်ကို ယူလိုက်သည်။ သူကဆိုင်ကယ်ဦးထုတ်ကို ဝတ်ဆင်လိုက်ကာ အခြားသူများ၏ ငြင်းဆန်မှုကို လျစ်လျူရှု့ရင်း အရှိန်တင်လိုက်သည်။
“အား မန်နေဂျာဖုန်း ဘာကြောင့်မရပ်တာတုန်း။ ”
ကျူးရှီမောက်သည် တွေဝေနေဆဲဖြစ်သည်။ ဖုန်းယွီသည် အရှိန်တင်လိုက်ပြီဖြစ်သည်။ သူသည် ဝူကျီကန်းကို နားမလည်နိုင်စွာဖြင့် ကြည့်နေ၏။
ဖုန်းယွီက အလွန်ငယ်ရွယ်လွန်းပေသည်။ အကယ်၍ တစ်စုံတစ်ခု သူ့ဆီဖြစ်ခဲ့လျှင် သူတို့အနေဖြင့်လည်း စိတ်ကောင်းမည်မဟုတ်ပေ။
ဝူကျီကန်းသည် ဖုန်းယွီ၏ စီးနင်သည့်စွမ်းရည်ကို မြင်ခဲ့ဖူးသည်။ စက်ရုံမှ ဆိုင်ကယ်ပထမဦးဆုံး စထုတ်သည့်အခါက ဖုန်းယွီက ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခဲ့သည်။ သူသည် စက်ရုံထဲရှိ အခြားသူများထက် ပိုတော်ပေသည်။
ကျူးရှီမောက်သည် သူစကားပြောတာ ပြီးသည့်အချိန်တွင် ဖုန်းယွီက ဆိုင်ကယ်ကို ပြန်စီးလာခဲ့သည်။ သူတို့နား ဖုန်းယွီချဉ်းကပ်လာသည့်တိုင် သူကအရှိန်ကို မလျော့လိုက်ပေ။ ဖုန်းယွီက သူတို့နှင့်အဝေး ဆယ်မီတာခန့် ရောက်သည့်အခါ သူသည်အရှိန်ကို အနည်းငယ် လျော့လိုက်ပြီးနောက် ကင်မရာရှေ့တွင် လှလှပပ ရပ်လိုက်သည်။
ဖုန်းယွီက သူ၏ဆိုင်ကယ်ဦးထုတ်ကို ချွတ်ကာ မှင်သက်နေသည့် လျိုသာ့ချင်ကိုပြုံးကာ
“ငါနဲ့အတူတူ ဆိုင်ကယ်လိုက်စီးမလား။ ”