နာမည်ကျော်ကြားသူများ၏ လွှမ်းမိုးနိုင်စွမ်း အပိုင်း (၁)
Vol. 12 Ch. 180
ထိုခေတ်အခါက ထိုသရုပ်ဆောင်များ၏ ပညာရှင်ပီသမှုနှင့် ပတ်သတ်ပြီး ဘာမှအပြစ်ပြောစရာ မရှိပေ။ အနာဂတ်ရှိ သူများထက် ပိုတော်သည်မှာ သိသာလွန်းပေသည်။ လေအေးများနှင့် ကြုံတွေ့ရသည့်တိုင် ပြီးနောက် မော်တော်ဆိုင်ကယ် မလေ့ကျင့်ရသေးသည့်တိုင် သူတို့သည် မမှောင်ခင် ကြော်ငြာအပိုင်း လေးပိုင်းကို ပြီးမြောက်အောင် ရိုက်နိုင်ခဲ့သည်။ (ဘင်းမြို့တော်၏ ဆောင်းရာသီ အပူချိန်သည် အေးလွန်းသည့်အတွက် ဆောင်းရာသီတွင် ရေခဲပန်းပုပွဲတော်တောင် ရှိပါသည်။)
ဖုန်းယွီက ပြီးဆုံးသွားသည့် ကြော်ငြာကို ကြည့်လိုက်သည့်အခါ သူမှန်းထားသည်ထက်ပင် ပိုမိုကောင်းမွန်ပေသည်။ ထို့နောက် ထိုကြော်ငြာကို အသံသွင်းခြင်းနှင့် အဆုံးတွင် စာလုံးများ ထည့်သွင်းပြီးမှ တီဗီရုပ်သံဌာနများမှ ထုတ်လွင့်နိုင်မည်ဖြစ်သည်။
ညအချိန်တွင် ဖုန်းယွီက သူတို့အားလုံးကို အရှေ့မြောက်ပိုင်းဒေသ မီးတွေးဟော့ပေါ့ကို ဧည့်ခံကျွေးမွေးသည်။ သူတို့သည် ညစာကို ပျော်ရွှင်စွာဖြင့် သုံးဆောင်ကြကာ ဖုန်းယွီ၏ ဆိုင်ကယ်မောင်းနှင်သည့် စွမ်းရည်နှင့်ပတ်သတ်ပြီး အံ့သြထောပဌာ ပြုနေကြသည်။ အကယ်၍ ဖုန်းယွီသာ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ စတန့်ဘယ်လို လုပ်ရတယ်ဆိုတာ မပြသပါက သူတို့အနေဖြင့် ရိုက်ကူးရေး ပြီးမြောက်သေးမည် မဟုတ်ပေ။
ဖုန်းယွီက အပြုံးဖြင့် ချီးကျူးမှုကို လက်ခံလိုက်သည်။ ထိုခေတ်အခါက သရုပ်ဆောင် အမျိုးသား အမျိုးသမီးများသည် လူစားထိုးရန်တောင် တောင်းဆိုခြင်း မရှိပေ။ သို့သော် ထိုအရာက ပိုကောင်းမွန်သည့် သက်ရောက်မှုကို ရစေသည်။
ထိုညတွင် နှင်းများစတင် ကျဆင်းလာပြီဖြစ်ကာ သူတို့ကံကောင်းသည်ဟု ခံစားမိလာသည်။ နှင်းကျနေသည့် နောက်ခံက ကောင်းမွန်သော်ငြား သူတို့အသုံးပြုသည့် ကင်မရာသည် ထိုပတ်ဝန်းကျင်တွင် ရိုက်ကူးရန်အတွက် သင့်လျော်မှု မရှိပေ။ ရိုက်ကူးသည့် အချိန်တွင် နှင်းကျခဲ့ပါက ရလဒ်သည်လည်း ကောင်းမည်မဟုတ်ပေ။
နောက်တစ်နေ့ နေ့လည်ခင်းတွင် လျိုသာ့ချင်နှင့် ကျူးရှီမောက်သည် ပုံနှိပ်ကြော်ငြာများအတွက် ဓာတ်ပုံစရိုက်ကြသည်။ ထိုကြော်ငြာများကို တောတွင်းနေရာ၊ ခန်းမတွင်း ရိုက်ကူးမှုနှင့် စက်ရုံတွင်သာ ရိုက်လိုက်ပေသည်။ သေချာသည်မှာ ချန်ကွမ်တိုင်သည်လည်း ထိုရိုက်ကူးမှုတွင် ပါဝင်ပေ၏။
ယခုလက်ရှိတွင် ချန်ကွမ်တိုင်သည် မည်သည့်ကြော်ငြာတွင်မှ ပါဝင်ရန် မလိုအပ်ပေ။ သို့သော်ငြား စာချုပ်အရ သူသည် ပုံနှိပ်ကြော်ငြာများတွင် ပါဝင်ရမည် ဖြစ်သည်။
တစ်ရက်ကြာ ရိုက်ကူးပြီးနောက် သူတို့သည် ရိုက်ကူးထားသည့် ဖလင်များကို သိမ်းဆည်းလိုက်သည်။ ထိုညတွင် သူတို့အားလုံးက ပေကျင်းကို ပြန်သွားခဲ့သည်။ သူတို့က ကိစ္စများအားလုံးကို တစ်ရက်ကျော်အတွင်း အပြီးသတ်နိုင်ခဲ့သည်။ မော်တော်ဆိုင်ကယ် သုံးစီးသည်လည်း သူတို့နှင့်အတူ ပေကျင်းသို့ ရထားနှင့်အတူ ပို့ဆောင်ပေးခဲ့သည်။
ထိုမော်တော်ဆိုင်ကယ်များက သူတို့ကို ပေးခြင်းဖြစ်ကာ စာချုပ်ထဲတွင် ပါဝင်ခြင်းမရှိပေ။ ထိုအချက်က သူတို့အနေဖြင့် ဖုန်းယွီ၏သဘောထားကြီးမှုကို ခံစားရပေသည်။ 125မော်တော်ဆိုင်ကယ်များသည် ထိုခေတ်အခါက အနည်းဆုံး ယွမ်နှစ်သောင်း တန်ဖိုးရှိပေသည်။ ချန်ကွမ်တိုင် ခေါ်ဆောင်လာခဲ့သည့် ဝန်ထမ်းနှစ်ယောက်သည်လည်း ဖုန်းယွီထံမှ ယွမ်ငါးရာစီ အန်ပေါင်းရရှိခဲ့သည်။ ယင်းက သူတို့သည် သူတို့၏အလုပ်ကို ပြီးမြောက်အောင် ပြုလုပ်နိုင်ခြင်းဖြစ်ကာ ဖုန်းယွီကသူတို့ကို ကောင်းကောင်း ဆုချီးမြင့်လိုက်ခြင်းပင် ဖြစ်ပေသည်။
ချန်ကွမ်တိုင်သည် တစ်ပတ်အတွင်း ရိုက်ကူးထားသည့် ကြော်ငြာများနှင့် ဓာတ်ပုံများကို တစ်ပတ်အတွင်း ပြန်ပို့ပေးမည်ဖြစ်သည်။ ဖုန်းယွီသည် အရည်အသွေးနှင့် ပတ်သတ်ပြီး စိုးရိမ်စရာ မရှိပေ။ ချန်ကွမ်တိုင်သည် သရုပ်မဆောင်ခင်က ကျွမ်းကျင်သည့် ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ဖူးသည်။
စက်ရုံမှ အလုပ်သမားများသည် သရုပ်ဆောင် မင်းသားမင်းသမီးများ ရောက်ရှိနေသည်ကို ကြားသိပြီးနောက် သူတို့သည် ထိုသရုပ်ဆောင်များထံ ပြုံလာကြတော့သည်။ အကယ်၍ လီမင်တသာ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ မတားပါက ထိုနေ့အတွက် ထုတ်လုပ်ကြေးသည် နေ့တစ်ဝက်ခန့် ပုပ်သွားမည် ဖြစ်ပေသည်။
ထိုသတင်းကို ကြားသိသည့်အခါ ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွတောင် ဘင်းမြို့တော်သို့ လာခဲ့သည်။ ဖုန်းယွီက သူ၏မိဘများအား ကြော်ငြာသရုပ်ဆောင်များနှင့် ဓာတ်ပုံရိုက်ကူးနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ဖုန်းယွီ၏ အမေနှင့် သူတို့လင်မယား နှစ်ယောက်လုံးသည် ထိုညမတိုင်ခင်က လုံးဝတောင် အိပ်မပျော်ခဲ့ပေ။
ကံကောင်းချင်တော့ ဓာတ်ပုံတစ်ပုံရခဲ့ပြီး အခြားသော လုပ်ငန်းကိစ္စများတွင် မပါဝင်ခဲ့ပေ။ ယင်းက ထိုအနုပညာရှင် သုံးဦး၏ နာမည်ကျော်ကြားမှုကို ပြသနေပေသည်။ ငယ်ရွယ်သူများမှ သက်ကြီးပိုင်းအထိ လူတိုင်းလူတိုင်းသည် သူတို့အား နှစ်သက်ပေသည်။
ဖုန်းယွီက မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး၏ တာဝန်ခံကို ထုတ်လုပ်မှုနှုန်း အပြည့်ဖြင့် ထုတ်လုပ်ရန် ညွှန်ကြားလိုက်သည်။ သူကသူ့ဆိုင်ကယ် မည်သူမှ မဝယ်မည်ကို စိုးရိမ်ကြောင့်ကြခြင်း မရှိပေ။ သူ့အနေဖြင့် နှစ်မကုန်ခင် ရောင်းအားအမြင့်ဆုံး စံချိန်ကို ရရှိချင်ပေသည်။
နေ့ဝက်ခန့် ကြာပြီးနောက် ချန်ကွမ်တိုင်သည် ပြုပြင်ပြီးသား ပုံများနှင့်အတူ ပြန်လာခဲ့သည်။ ဖုန်းယွီက ကြော်ငြာများနှင့် ဓာတ်ပုံများကို ကြည့်လိုက်သည်။ အနာဂတ်လောက် ကြော်ငြာနှင့် ဓာတ်ပုံများ၏ အရည်အသွေးများက မမှီလျှင်တောင် သူကကျေနပ်မိလေသည်။ ထိုခေတ်အခါက ထိုကြော်ငြာသည် အကောင်းဆုံးထဲမှ တစ်ခုဖြစ်ပေသည်။ ချန်ကွမ်တိုင်သည် ရုပ်ရှင်ကား တစ်ခုပမာ ယင်းကိုရိုက်ကူးထားပေသည်။
ဖုန်းယွီသည် ထိုဓာတ်ပုံများကို ပိုစတာများအဖြစ် ပြောင်းလဲရန်အတွက် ပုံနှိပ်တိုက်ဆီသို့ ပို့ခဲ့သည်။ ဖုန်းယွီက အခုရေတစ်သောင်း မှာလိုက်သည်။
ရောင်စုံပါ ပိုစတာတစ်ခုသည် တစ်ယွမ်ကျပေသည်။ ယင်းက ဖုန်းယွီမျှော်မှန်းထားသည်ထက် ကျော်လွန်နေပေ၏။ သို့သော် ယင်းက ကိစ္စသေးသေးလေးသာ ဖြစ်သည်။ ထိုရင်းနှီးမြုပ်နှံသူများသည် မော်တော်ဆိုင်ကယ်များ ရောင်းချချိန်မှစ၍ ပြန်လည်ရရှိမည် ဖြစ်ပေသည်။
“မန်နေဂျာလီ ဒီပိုစတာတွေကို လမ်းပေါ်မှာ ကပ်ဖို့အတွက် ကျွန်တော်လူတွေ လိုတယ်။ ခင်ဗျားစက်ရုံက လူအချို့ကို ကျွန်တော်ကိုခဏ ပေးနိုင်မလား။ ”
ဖုန်းယွီက လီမင်တကို လူအနည်းငယ်ပေးရန် တောင်းဆိုလိုက်သည်။ မော်တော်ဆိုင်ကယ် စက်ရုံရှိ လူများအားလုံးသည် အလုပ်ရှုပ်နေကြသည်။ သို့သော်ငြား စက်ယန္တရား စက်ရုံရှိ အချို့သောလူများသည် အချိန်ပိုများ ရှိနေကြသည်။
ထိုခေတ်အခါက အပန်းဖြေ နားနေစရာ လှုပ်ရှားမှုမျိုးလည်း မရှိပေ။ ပိုစတာများကို သိသာပေါ်လွင်သည့် နေရာများတွင် ထားလိုက်ပါက လူများသည် ထိုအရာကို ကြည့်ကြပေမည်။ တစ်ယောက်စ နှစ်ယောက်စမှ ဖြေးဖြေးချင်း လူများလာကာ လူအုပ်ကြီး ဖြစ်လာတော့မည် ဖြစ်သည်။
လမ်းမများ သို့မဟုတ် တယ်လီဖုန်းရုံများတွင် ကပ်ထားသည့် ကြော်ငြာများလည်း အလွန်များပေသည်။ ပိုစတာများ ကပ်ခြင်းနှင့်ပတ်သတ်၍ စည်းမျဉ်းသတ်မှတ်ချက်များ မရှိပေ။ ထို့ကြောင့် ထိုအရာများကို မည်သူမှလည်း ဖယ်ရှားခြင်း မပြုကြပေ။
ထပ်ပြောရလျှင် ဖုန်းယွီသည် အရောင်ပါ ပိုစတာကို အသုံးပြုသည်။ ထိုပိုစတာတွင် နာမည်ကျော်ကြားသည့် သရုပ်ဆောင်နှစ်ယောက် ပါဝင်သည်။ အချို့သောသူများသည် ထိုပိုစတာများကို ဖြုတ်ကာ သူတို့၏အိမ်ကို ယူသွားမည်ပင် ဖြစ်သည်။
ယင်းအချက်က ဖုန်းယွီလိုချင်သည့် အရာဖြစ်သည်။ သူ၏စုန့်ကျန်း မော်တော်ဆိုင်ကယ်သည် ဓာတ်ပုံထဲတွင် ပါဝင်သည်။ လူအများက ထိုသရုပ်ဆောင်များကို ကြည့်ရှု့သည့်အခါ သူတို့အနေဖြင့် မော်တော်ဆိုင်ကယ်ကိုလည်း သတိပြုမိမည် ဖြစ်ပေသည်။
မော်တော်ဆိုင်ကယ်၏ ဆွဲဆောင်နိုင်သည့် ဒီဇိုင်းကြောင့် ဖုန်းယွီကသူ၏ ဆိုင်ကယ်များသည် ပန်ကိတ်ကဲ့သို့ ရောင်းအားကောင်းမည်မှာ သေချာပေသည်။
တစ်ခုတည်းသော ပြဿနာက ဘင်းမြို့တော်သည် ယခုလက်ရှိတွင် အလွန်အေးနေသည်ဖြစ်ရာ ယင်းက အရောင်းပိုင်းတွင် သက်ရောက်မှု ရှိနိုင်ပေသည်။ သို့သော် ယင်းအချက်က အဆင်ပြေပေ၏။ နှစ်သစ်ကူးကာလအတွင်း အရောင်းသည် ပြန်လည်မြင့်တက်လာမည် ဖြစ်သည်။
ဖုန်းယွီက ဈေးကွက်ကို လှုပ်လှုပ်ရှားရှား ဖြစ်စေကာ စုန့်ကျန်း မော်တော်ဆိုင်ကယ်အကြောင်းကို လူများသိချင်စိတ် ပြင်းပျလာစေချင်သည်။ သူသည် အခြားအမှတ်တံဆိပ် မော်တော်ဆိုင်ကယ် ဝယ်မည့်လူများကို ရက်သတ္တပတ်အနည်းငယ် စောင့်ဆိုင်းစေချင်သည်။ ယင်းက ဈေးကွက်ထဲရှိ ပိုမိုကောင်းမွန်သည့် မော်တော်ဆိုင်ကယ် ရရှိရန်အတွက်ဖြစ်သည်။ မော်တော်ဆိုင်ကယ် မိတ်ဆက်ရန်အတွက် နှစ်ပတ်သာ လိုတော့သည်။ အဘယ့်ကြောင့် တစ်ခဏမစောင့်ဘဲ နေမည်နည်း။
နောက်တစ်နေ့တွင် လူများက ဘတ်စကားမှတ်တိုင်၊ ရထားရုံ၊ ဈေးဝယ်စင်တာ၊ ဈေး အစရှိသဖြင့် လူအသွားအလာများသည့် နေရာများတွင် နာမည်ကျော်ကြားသည့် သရုပ်ဆောင်များ၏ ပိုစတာများကို စတင်သတိ ပြုလာကြသည်။
ကျူးရှီမောက်၊ ချန်ကွမ်တိုင်နှင့် လျိုသာ့ချင် သူတို့သုံးယောက်က ရုပ်ရှင်တစ်ခုထဲမှာ သရုပ်ဆောင်တာလား။ အဲ့ဒီရုပ်ရှင်နာမည်က ဘာတုန်း။ ဘယ်ကနေ ပြမှာလဲ။
ဒါပေမဲ့ တစ်ခုခုမှားနေတယ်လို့ ထင်တယ်။ တကယ်လိုပ အဲ့လိုမျိုးဆိုရင် ပိုစတာတွေကို ရုပ်ရှင်ရုံတွေနဲ့ ယဉ်ကျေးမှု နန်းတော်မှာ ပြသထားရမှာ မဟုတ်ဘူးလား။ ဘာကြောင့် တစ်မြို့လုံးမှာ ပိုစတာတွေက ရှိနေရတာလဲ။
လူများသည် ပိုစတာများဘေးတွင် စတင်အုံလာတော့သည်။ တစ်ချို့သောသူများက ထိုပိုစတာများကိုတောင် ထိလိုက်သေးသည်။ ယင်းက သူတို့ကိုယ်သူတို့ သရုပ်ဆောင်များဟု ခံစားရစေသည်။
“အား သရုပ်ဆောင်တွေက မော်တော်ဆိုင်ကယ် စီးနေကြတာ။ ဒါမှမဟုတ်ဘူးဆိုရင် စက်ဘီးကို စီးနေကြတာလား။ ဒီမော်တော်ဆိုင်ကယ် အရမ်းမိုက်တာပဲ။ ”
လူအုပ်ထဲရှိ တစ်စုံတစ်ယောက်က ကျယ်လောင်စွာဖြင့် အော်လိုက်သည်။
မကြာမီတွင် လူတိုင်းလူတိုင်းသည် ထိုပိုစတာတိုင်းရှိ မော်တော်ဆိုင်ကယ်ကို သတိပြုမိလာကြသည်။ ထိုမော်တော်ဆိုင်ကယ်သည် အလွန်ဆွဲဆောင်နိုင်စွမ်းရှိကာ သူတို့မြင်ဖူးသည့် အခြားသော ဆိုင်ကယ်များထက် ပိုလှပကာ ဆွဲဆောင်မှုရှိပေသည်။
“အယ် ဟုတ်တယ် ဟုတ်တယ် ဒါက မော်တော်ဆိုင်ကယ်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းပဲ ဖြစ်ရမယ်။ ”
“ဘယ်သူသိလဲ ဘယ်သူလဲ အား လျိုသာ့ချင် အရမ်းလှတာပဲ။ ငါအပြင်မှာသူမကို ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်လိုက်တာ။ ”
လူငယ်တစ်ယောက်က ပိုစတာကို စိုက်ကြည့်နေရင်း ပြောလိုက်သည်။
“ကျူးရှီမောက်က အရမ်းချောတာပဲ။ ငါသူနဲ့ တစ်နေ့လက်ထပ်ရမယ်လို့ မျှော်လင့်မိတယ်။ ”
မိန်းကလေးတစ်ယောက်သည် အိမ်မက်မက်နေစဉ် ပြောလိုက်သည်။
“ဟား ဟား ဟား ဟား ချန်ကွမ်တိုင်ကို ကြည့်လိုက်အုံး။ သူအရမ်း ရယ်စရာကောင်းတာပဲ။ သူကဆိုင်ကယ်ကို သန့်ရှင်းနေတာလား။ ငါကတော့ သူ့ရဲ့ဟာသဇာတ်ကွက်တွေ ကြိုက်တယ်ဟေ့ သူဒီနှစ်ရဲ့ နွေဦးရာသီပွဲတော်မှာ ဖျော်ဖြေတင်ဆက်အုံးမလား မသိဘူး။ ”
....
လူအုပ်ကြီးသည် ကျယ်ကျယ်လောင်လောင်ဖြင့် ဆွေးနွေးနေကြစဉ် ထိုက်ဟွကုန်သွယ်ရေး၏ ဝန်ထမ်းများသည် လူအုပ်ကြားထဲမှ တိတ်တဆိတ် လမ်းလျှောက်ထွက်လာကြသည်။ လူအုပ်ကြီးထံမှ သတင်းကောင်းတစ်ခုသည် တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုကို စလိုက်သည်နှင့် လူတိုင်းလူတိုင်းသည် ထိုအကြောင်းကို အနည်းဆုံး နာရီဝက်ခန့်ကြာအောင် ပြောဆိုဆွေးနွေးနေကြတော့သည်။
ထိုတူညီသည့် ပုံစံမျိုးက ဘင်းမြို့တော်၏ နေရာအနှံ့အပြားတွင်ဖြစ်နေကာ သိပ်မသေချာသေးခင် တစ်စုံတစ်ယောက်က လျိုသာ့ချင်၏ ပိုစတာကိုယူကာ ပေးသွားခဲ့သည်။
သူတို့အကြည့်က မှင်သက်သွားလေသည်။ ဘယ်သူမှသူ့ကို မတားသည်လော။ ထိုပိုစတာများကို ဖြုတ်သွားခြင်းကို မည်သူမှ မတားဘူးဆိုကတည်းက သူတို့အနေဖြင့် ထိုပိုစတာများကို အိမ်သို့ယူနိုင်သည်ပင်။
ပိုစတာများကို ဖြုတ်ခြင်းပွဲက စတင်မည် ဖြစ်ပေသည်။ စက္ကန့်ပိုင်းအတွင်း ထိုနေ့ကကပ်ထားသည့် ပိုစတာအခုရေ နှစ်ထောင်ကျော်မှာ ဖြုတ်သိမ်းခံလိုက်ရကာ လူများက ထိုပိုစတာများကို သူတို့၏ အိမ်နီးချင်းများနှင့် သူငယ်ချင်းများကို ပြရန်ယူသွားချင်ခဲ့သည်။ ထိုပိုစတာများသည် တရုတ်နိုင်ငံ၏ ထိပ်တန်းအနုပညာရှင်များ၏ ပိုစတာဖြစ်သည်။ အကယ်၍ ပိုက်ဆံရှိလျှင်တောင် ထိုပိုစတာများကို မရနိုင်ပေ။
သူတို့သည် ကြွားဝါနေကြစဉ် စုန့်ကျန်းမော်တော် ဆိုင်ကယ်အတွက်လည်း ဂရုစိုက်မှုကို ဖန်တီးနေကြသည်။ ဖုန်းယွီက ထိုပိုစတာပေါ်တွင် စုန့်ကျန်းမော်တာကို ရည်ရွယ်ချက်ရှိရှိဖြင့် ရေးထားပေသည်။ သို့သော် ယင်းအတွက်ကြောင့် လူများသည် ဘာရေးထားသည် ဆိုသည်ကို နီးနီးကပ်ကပ်ဖြင့် ပြုပြဲကြည့်ကြတော့သည်။
ဝူကျီကန်းနှင့် ကျန်သည့်သူများသည် မျှော်မှန်းထားသည့်အတိုင်းပင် ဖုန်းယွီက ပိုစတာအများစုကို နိုင်ငံပိုင် လုပ်ငန်းများပတ်လည်တွင် ချိတ်ဆွဲထားသည်။ လေယာဉ်ထုတ်လုပ်သည့် ကုမ္မဏီ စက်ပစ္စည်း ကုမ္မဏီ အပူလျှပ်စစ်စက်ရုံ၊ ဘီယာစက်ရုံ၊ ပလက်စတစ်စက်ရုံ အစရှိသဖြင့် နိုင်ငံပိုင် စက်ရုံများ၏ ပတ်ပတ်လည်သည် ပိုစတာများဖြင့် ပြည့်နေကြသည်။
အကြောင်းမှာ ထိုနယ်ပယ်များအတွင်းရှိ ငယ်ရွယ်သည့်သူများ၏ အရည်အသွေးမှာ အမြင့်ဆုံးဖြစ်သည်။ ကျူးရှီမောက်သည် လျိုသာ့ချင်နှင့် အတူတူ ဆိုင်ကယ်စီးနေကာ လျိုသာ့ချင်သည် ဆိုင်ကယ်နောက်ခုံတွင်ထိုင်ပြီး ကျူးရှီမောက်ခါးကို ဖက်ထားသည်မှာ ထိုလူငယ်များ၏ ဆိုင်ကယ်ပိုင်ဆိုင်လိုစိတ်ကို မြင့်တင်ပေးရာ ရောက်ပေသည်။
နောက်တစ်နေ့မနက်တွင် လူများက လမ်းမထက်တွင် သွားလာလှုပ်ရှားနေစဉ် သူတို့က ထိုပိုစတာများကို ထပ်တွေ့လိုက်ရသည်။