← Chapters

နာမည်ကျော်ကြားသူများ၏ လွှမ်းမိုးနိုင်စွမ်း အပိုင်း ၂

Vol. 13 Ch. 181

နာမည်ကျော်ကြားသူများ၏ လွှမ်းမိုးနိုင်စွမ်း အပိုင်း ၂

Vol. 13 Ch. 181

“မန်းနေဂျာလီ ဖုန်းယွီ အပ်ထားတဲ့ကြော်ငြာက အလုပ်ဖြစ်မယ်လို့ ထင်လား။ သူက ဒီနှစ်အတွင်းမှာ အနည်းဆုံး မော်တော်ဆိုင်ကယ် အစီးရေ တစ်သိန်းသုံးသောင်း ရောင်းနိုင်မယ်လို့ ထင်နေတာလား။

“ဟန့် မင်းရော အဲဒါကို ဖြစ်နိုင်မယ်လို့ ထင်လို့လား။ အဲဒီရဲ့ မော်တော်ဆိုင်ကယ်တွေက လှပတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ ဟွန်ဒါ ၁၂၅ထက် အနည်းငယ် ပိုကောင်းရုံပဲ။ မမေ့နဲ့ ဦး ။ ငါတို့တွေက ဆွေးနွေးတိုင်ပင်ပြီးပြီ။ လက်လီရောင်းဈေးက တစ်သောင်းကိုးထောင်ယွမ်ဖြစ်မယ်။ ပြီးတော့ ရောင်းချသူတွေကို အနည်းဆုံးပေးနိုင်မယ့်ဈေးက ယွမ်တစ်သောင်းခွဲ။ ငါတို့ရဲ့ လုံကျန်းပြည်နယ်ကိုပဲ ကြည့်လိုက်။ လူဦးရေ သန်းသုံးဆယ်ရှိတယ်။ ပြီးတော့ မော်တော်ဆိုင်ကယ်လည်း နည်းနည်းပဲ ရှိတာ။ မော်တော်ဆိုင်ကယ်ထက်တောင် ကားတွေကပိုများနေသေးတယ်။ တရုတ်တစ်နိုင်ငံလုံးမှာ လူဦးရေသန်းတစ်ထောင်ရှိတယ်။ သူ့အနေနဲ့ မော်တော်ဆိုင်ကယ် ဘယ်လောက်များများရောင်းနိုင်မှာ မို့လို့လဲ။ တကယ်လို့ တောင်ဘက်ပိုင်းမှာ ရောင်းအားကောင်းရင်တောင်မှ သူအများဆုံးရောင်းနိုင်မှာက တစ်နှစ်ကိုမှ ယွမ်တစ်သိန်းပဲ။ ငါတို့တွေ ဒီလောက်ပြန်ရမယ်ဆိုတာကို မမေ့လိုက်နဲ့ နော်”

လီမင်တက သရော်ပြုံးဖြင့်ပြောလိုက်သည်။

အကယ်၍ ဖုန်းယွီသည် သတ်မှတ်ချက်ကို ပြည့်မှီအောင် မစွမ်းဆောင်နိုင်ပါက စက်ယန္တရားကုမ္ပဏီကို ကြော်ငြာခ ပြန်ပေးရမည် ဖြစ်သည်။ ယင်းသို့ ဖြစ်ခဲ့ပါက စက်ယန္တရားကုမ္ပဏီအတွက် အခမဲ့ကြော်ငြာပေးခြင်း ဖြစ်သွားပေလိမ့်မည်။ လီမင်တက ကျေနပ်နေသည်ပမာ ခံစားနေရသည်။

“ဖုန်းယွီ ဖုန်းယွီ မင်းက အရမ်းငယ်သေးတာပဲ။မင်းက ဒီဟာတွေကို ရေနွေးငွေ့စက်လိုများ ထင်နေတာလား။ ရေနွေးငွေ့စက်က ဘယ်လောက်ကုန်တာမို့လို့လဲ။ သာမာန်လုပ်သားပြည်သူ တစ်ယောက်တောင်မှ ရေနွေးငွေ့စက်ကို ဝယ်ဖို့အတွက် လအနည်းငယ်စုရင်ရတယ်။ မော်တော်ဆိုင်ကယ်က ဘယ်လောက်များကုန်ကျမှာလဲ။ လူဘယ်လောက်များများကများ မော်တော်ဆိုင်ကယ်ကို ဝယ်နိုင်ကြမှာလဲ။ ဘယ်လောက်များများက အဲဒီ မော်တော်ဆိုင်ကယ်အတွက် ပိုက်ဆံသုံးမှာလဲ။

“မန်နေဂျာလီက အရမ်းတော်တာပဲ။ ဒါက ဖုန်းယွီအတွက်နိဂုံးဖြစ်လိမ့်မယ်။ သူနဲ့ သူအဖေနဲ့ အတူတူပဲ။ ကုမ္ပဏီမှာ ရှယ်ရာရှင်တစ်ယောက်ဖြစ်ပြီးတော့ သူတို့ကိုယ်သူတို့ လုပ်ချင်တာလုပ်လို့ရတယ်လို့ တွေးနေတာလားမသိဘူး။ ဒီမှာရှိတဲ့ လူတိုင်းက မန်နေဂျာလီရဲ့ စကားကို နားထောင်ရတယ်ဆိုတာ သူတို့ မသိဘူးထင်တယ်။ ဟား ဟား ဟား”

ဌာနဒါရိုက်တာကပြောလိုက်သည်။

“လူတိုင်းက ငါ့စကားကို နားထောင်လာအောင်ဘယ်လိုလုပ်မှာတုန်း။ ငါတို့တွေက ဒီမိုကရေစီနည်းကျကျပဲ။ ဆုံးဖြတ်ချက်မှန်သမျှကို မြို့တော်အစိုးရကိုဆွေးနွေးတိုင်ပင်ပြီးမှ ခွင့်ပြုပေးတာလေ။ ငါက အဲဒီက ကိုယ်စားလှယ်တစ်ယောက်သာသာပါပဲ”

လီမင်တက ထိုသို့ပြောလိုက်တာငြား သူသည် ဌာနဒါရိုက်တာပြောသည်ကို အလွန်ကျေနပ်နေသည်။ ကောင်းလေစွ။ သူ့အနေဖြင့် သူ့အားရာထူးတိုးပေးရလိမ့်မည်။

သူတို့စကားပြောနေစဉ် လက်ထောက်မန်နေဂျာက ရုံးခန်းထဲသို့ ပျော်ရွှင်စွာဖြင့် ဝင်လာကာ လီမင်တအားပြောလိုက်သည်။

“မန်နေဂျာလီ ကျွန်တော် ကျွန်တော်ရဲ့လူတွေကို ပတ်ဝန်းကျင်ကို သွားစုံစမ်းခိုင်းလိုက်တယ်။ အခုလက်ရှိမှာ လူတော်တော်များများက စုန့်ကျန်းမော်တော်ဆိုင်ကယ်အကြောင်းကို ပြောနေပြီးတော့ ဘယ်မှာ ဝယ်ရမလဲကို မေးနေကြတယ်။ ကျွန်တော်ရဲ့ ခန့်မှန်းချက်အရ ဘင်းမြို့တော်မှာ စတင်မိတ်ဆက်တာနဲ့ အနည်းဆုံး အစီးရေ တစ်ရာရောင်းရမှာ။ ”

“လီမင်တက မျက်မှောင်ကြုတ်လိုက်ကာ မင်းသေချာရဲ့လား”

လက်ထောက်မန်နေဂျာက နားမလည်နိုင်ဘူးဖြစ်နေသည်။ မန်နေဂျာလီ ဘာများမှားနေသနည်း။ သူက မော်တော်ဆိုင်ကယ်ရောင်းအားကောင်းတာကို မပျော်ရွှင်ဖြစ်နေပုံပေါ်နေ၏။

“အဲဒါက တကယ်ကြီး။ ကျွန်တော်မိန်းမရဲ့ ဆွေမျိုးဘက်က တစ်စုံတစ်ယောက်က အခုကို တစ်စီးလိုချင်တယ်မေးနေတာ။ သူတို့က ကျွန်တော်တို့ရဲ့ မော်တော်ဆိုင်ကယ်တွေကို စီးဖို့အတွက် မစောင့်နိုင်တော့ဘူး”

လူများ၏ ပျှမ်းမျှလစာသည် မလောက်ငှသော်ငြား ကြွယ်ဝချမ်းသာသည့်သူ အများအပြားရှိပေသည်။ သူတို့၏ လယ်ယာသုံးစက်ပစ္စည်းများ ဖြန့်ဖြူးသည့် သူများတောင် တစ်နှစ်အတွင်းယွမ်သောင်းချီ ရှာနိုင်ပေသည်။

“သူတို့သည် ကားတစ်စီးတတ်နိုင်လျှင် အဘယ်ကြောင့် နောက်ထပ်ဆိုင်ကယ်တစ်စီးမတတ်နိုင်ဘဲ နေမည်နည်း”

....

“မန်နေဂျာဖုန်း ကျွန်တော်တို့တွေ ပိုစတာတွေထပ်ပြတ်သွားပြီ။ ကျွန်တော်တို့တွေ ထပ်ထုတ်ဖို့ လိုသေးလား”

ဝူဂျီအန်းက မေးလိုက်သည်။

ဖုန်းယွီ က သူ၏ လက်ဖက်ရည်ပူပူကို တစ်ငုံသောက်လိုက်ကာ လက်ကို ဖြည်းညင်းစွာ ဖြင့် ရမ်းပြလိုက်ကာ

လုံးဝ မလိုဘူး။

“မင်းလက်မှတ်ဖြတ်ပြီးပြီလား။ ဟုတ်ကဲ့ ဖြတ်ပြီးသွားပါပြီ။ အိပ်စင်ပါဝင်တဲ့ ညရထားနဲ့ပါ။ ကျွန်တော် သဘက်ခါအတွက်လည်း ပြန်ဖို့အတွက် လက်မှတ်ဝယ်ပြီးပြီ။

“အဟမ်း ပိုစတာတွေက ငါတို့ပြန်လာတဲ့အထိစောင့်ဖို့ လိုသေးတာပဲ။ ရောင်းချသူတွေနဲ့ရော မင်းဆက်သွယ်ပြီးပြီလား။ သူတို့တွေထဲက ဘယ်လောက်များများက စိတ်ဝင်စားလဲ။ ပိုစတာများကိုပြန်လည်ရိုက်နှိပ်ခြင်းက လမ်းများနှင့် လမ်းကြားများအတွက်သာ ထိုအရာများသည် ဖြန့်ချိရောင်းချသူများအတွက် သူတို့၏ဆိုင်များပေါ်တွင်ကပ်ကာ ဈေးဝယ်သူများကို ဆွဲဆောင်နိုင်ရန်အတွက်လည်းဖြစ်ပေသည်။

“ယခုလက်ရှိမှာတော့ ဖြန့်ချီသူ ခုနှစ်ယောက်ရှိတယ်။ သူတို့တွေ အကုန်လုံးက အရင်က လူတွေပဲ။ သူတို့က သူတို့ရဲ့ ပြည်နယ်မှာ အရောင်းပိုင်းအတွက် ကောင်းကောင်းကိုင်တွယ်မယ်လို့လဲ အာမခံထားတယ် ။သူတို့တွေက ကျွန်တော်တို့ကို နှစ်ရက်အတွင်း အကြောင်းပြန်မယ်လို့ပြောတယ်”

ပထမဦးစွာ ဝူကျီကန်းသည်မည်သည့်နေရာတွင်ဖြန့်ချီရောင်းချသူများကို ရှာရမည်ဆိုတာကို တွေးတောနေခဲ့သည်။ ဖုန်းယွီက သူ့အား အိမ်သုံးပစ္စည်းများ ဖြန့်ချိသူများကို ဖုန်းခေါ်ဆိုရန်ပြောလိုက်သည်။ အကယ်၍ သူတို့စိတ်ဝင်စားပါက ဖြန့်ချိသူများ ဖြစ်နိုင်ပေသည်။

ထိုခေတ်အခါက ဖြန့်ချီရောင်းချသူများသည် အလွန်တော်ကြပေသည်။ သူတို့က ထုတ်ကုန်တစ်ခုတည်းကိုသာ အမြဲတမ်းတွယ်ကပ်မနေပေ။ သူတို့သည် အကျိုးအမြတ်ရသမျှ မည်သည့်ထုတ်ကုန်မဆို ရောင်းချမည်ဖြစ်ပေသည်။

ထိုက်ဟွအစားအစာထုတ်လုပ်သည့်စက်ရုံ၏ တိရိစ္ဆာန်အစာကိုသာ ချေနိုင်ပေ၏။ တချို့သော အိမ်သုံးလျှပ်စစ်ဖြန့်ချိသူများသည် တိရိစ္ဆာန်အစာများဖြန့်ချိရေးအတွက်လည်း ဖြန့်ချိရေး မူပိုင်ခွင့်ကိုလည်း ယူထားကြသည်။ ယခုလက်ရှိတွင် တိရိစ္ဆာန်အစာများသည် အရှေ့မြောက် ပြည်နယ်သုံးခုတွင် ရောင်းအားကောင်းပေကာ တောင်ဘက်ရှိပြည်နယ်များသို့လည်း ဈေးကွက်ချဲ့ထွင်နေပေသည်။

ထပ်ပြောရပါက ဖုန်းယွီ၏ ဖြန့်ဖြူးရေးက အတော်မြင်နေသည်။ သူ့အနေဖြင့် မော်တော်ဆိုင်ကယ်တစ်စီးရောင်းရတိုင်း အနည်းဆုံး ယွမ်ငါးရာရမယ်ဖြစ်သည်။ အကယ်၍ သူတို့ တစ်လအတွင်း အစီးတစ်ရာရောင်းရပါက သူတို့သည် အကျိုးအမြတ်အနေဖြင့် ယွမ်တစ်သိန်းရမည်ဖြစ်သည်။

ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ

“ငါတို့ရဲ့ လူတွေကို သူတို့တွေနဲ့ ဆက်သွယ်ဖို့ပြောလိုက်။ ငါတို့ ဂုဏ်သတင်းက ဒီနေရာမှာ ရင်းနှီး မြှပ်နှံမှုတစ်ခုပဲ။ သူတို့အနေနဲ့ အရင်က ဆုံးရှုံးမှုတစ်ခု မလုပ်ခဲ့ဘူး။ ပြီးတော့ ငါတို့နဲ့ အလုပ်တွဲလုပ်တဲ့ သူတွေကလည်း အကျိုးအမြတ်ရတဲ့သူတွေ ချည်းပဲ”

“ကျွန်တော်သိပါပြီ။ သူတို့ကို ဆက်သွယ်လိုက်ပါဦးမယ်”

ထိုညတွင် ဖုန်းယွီနှင့် ဝူကျီကန်း ဘေကျင်းသို့ ထွက်ခွာခဲ့ကာ စီစီတီဗီ ရုပ်သံဌာနရှိ ချန်းပေါင်ကျွင်းကို သူတို့၏ ကြော်ငြာများ ပြောင်းလဲရန်အတွက် ပြောဆိုရန် ရှာတော့သည်။

ချန်းပေါင်ကျွင်းသည် ကြော်ငြာနှင့်မော်တော်ဆိုင်ကယ်၏ ဓာတ်ပုံများကို ကြည့်ရှုပြီးနောက် သူက ခေါင်းညိတ်လိုက်ကာ သူ့အနေဖြင့် ခေါင်းဆောင်များဆီ အစီရင်ခံစာ တင်ရမည်ဖြစ်သည်။

စာရွက်စာတမ်းများအားလုံးသည် အဆင်သင့်ဖြစ်နေသည်။ သို့သော် သူ့အနေဖြင့် ခေါင်းဆောင်များထံမှ ခွင့်ပြုမိန့်ကို ရယူရန် လိုအပ်ပေသည်။

ထိုညနေခင်းတွင် ဖုန်းယွီက ချန်းပေါင်ကျွင်းကို ညစာ တဖန်ကျွေးပြန်သည်။ နောက်တစ်နေ့ နေ့လည်ခင်းတွင် ဖုန်းယွီသည် သူ၏ ဟိုတယ်ခန်းမှ ချန်းပေါင်ကျွင်း၏ ဖုန်းခေါ်ဆိုမှုကို ရရှိပေသည်။ သူ၏ ခေါင်းဆောင်များသည် ခွင့်ပြုမိန့်ပြောလိုက်ခြင်းပင်ဖြစ်သည်။ နှစ်သစ်ကူးမှ မေလအထိ လူကြိုက်အများဆုံးအချိန်တွင် ကြော်ငြာလေးပိုင်းကို ထုတ်လွင့်ပြသမည်ဖြစ်ပေသည်။ ထိုအချိန်များသည် ဖုန်းယွီညွှန်ကြားထားသည့် အစီအစဉ်အတိုင်းပင် ဖြစ်ပေသည်။

အစက ဖုန်းယွီက တစ်လကြော်ငြာတစ်ခုထည့်ရန် စဉ်းစားခဲ့သည်။ သို့သော်ငြား ကြော်ငြာကို ပြောင်းလဲရန်က အလွန်ရှုပ်ထွေးပေ၏။ ထို့အတွက်ကြောင့် ဖုန်းယွီက ကြော်ငြာများအားလုံးကို အတူတကွ မည်သို့ပင်ဖြစ်စေကာမူ ထိုကြော်ငြာများသည် နောက်ထပ်နှစ်နှစ် သုံးနှစ်ကြာသည်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ သူ့အနေဖြင့် နောက်နှစ်တွင် ပိုမိုကောင်းမွန်သည့် အကြံဉာဏ်များရှိပါက အကြံဉာဏ်များရှိပါက ပြောင်းလဲနိုင်ပေသည်။

ဖုန်းယွီက ချန်းပေါင်ကျွင်းကို ကြော်ငြာစာချုပ် ထပ်တိုးနိုင်မလားဟု ဆွေးနွေး လိုက်သည်။ သူ့အနေဖြင့်နောက်ထပ်တစ်နှစ် ပိုရချင်ခဲ့သည်။ သို့သော်ငြား သူတို့၏ မတ်လ အစည်းအဝေးကို အကြောင်းအရင်းတစ်စုံတစ်ရာရှိပါက အကြောင်းကြားမည်ဟု ကတိပေးလိုက်သည်။

….

“မနေ့က စီစီတီဗီက ပြတဲ့ ဟာကို ကြည့်လိုက်မိလား။ ကျူးရှီမောက်ရဲ့ ဆိုင်ကယ်ရပ်လိုက်တဲ့ အကွက်က အရမ်းမိုက်တာပဲ။ ”

ဟုတ်တယ် သူက အရမ်းချောတယ်။ သူ့ရဲ့ ဆိုင်ကယ်ဦးထုပ်ကို ဖယ်လိုက်တော့လေ အရမ်း “

“မဟုတ်ဘူး မဟုတ်ဘူး လျှိုသာ့ချင်က ပိုလှတယ်။ သူလည်စီးပုဝါကို ဖယ်လိုက်တဲ့ မြင်ကွင်းကို ငါအခုထက်ထိ အမှတ်ရနေတုန်းပဲ”

“လျှိုသာ့ချင်က ကျူးရှီမောက်ကို မေးတဲ့အခန်းကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဘာကျွန်မနဲ့ လိုက်စားမလားဆရာ။ ”

“ငါကတော့ နောက်ဆုံးအပိုင်းက နှစ်ယောက်စလုံး ဆိုင်ကယ်နဲ့ မောင်းသွားတဲ့ အခန်းကို အကြိုက်ဆုံးပဲဟေ့။ ”

ကျူးရှီမောက်က လျှိုသာ့ချင်ကို ဆိုင်ကယ်နောက်ခုံ ကနေခေါ်သွားတဲ့ အခန်းက အမိုက်ဆုံးပဲ။ လျှိုသာ့ချင်ရဲ့ သွယ်လျတဲ့လက်တွေနဲ့ ကျူးရှီမောက်ရဲ့ ခါးကို ဖတ်ထားပြီး သူ့ နောက်ကျောကို မှီထားတာ။ တကယ်လို့ ငါမှာသာ အဲလိုမျိုး ဆိုင်ကယ်ရှိရင် မိန်းကလေးတော်တော်များများက ငါ့နောက်ကို လိုက်ချင်မှာပဲ။ ”

“အဲဒါဆိုရင် မင်းဆိုင်ကယ်ရတာနဲ့ သွားကြွားချည်လေ။ ဒီဆိုင်ကယ်က အရမ်းလှတယ်။ အဲဒါက ဘင်းမြို့တော်မှာ ရနိုင်ရဲ့လား။ ငါ့ရဲ့ ခန့်မှန်းချက်အရတော့ အဲဒီဆိုင်ကယ်က အမေရိကန် ဒါမှမဟုတ်ဘူးဆိုရင် ဂျပန်ကနေ တင်သွင်းတာပဲ ဖြစ်ရမယ်”

“မဟုတ်နိုင်ဘူး မဟုတ်နိုင်ဘူး။ ငါ့ရဲ့ ခန့်မှန်းချက် အတွက်ကတော့ ဆိုဗီယက်ပြည်ထောင်စု ဒါမှမဟုတ်ဘူးဆိုရင် ဥရောပကတင်သွင်းတဲ့ ဆိုင်ကယ်ပဲ ဖြစ်ရမယ်”

“ ဟားဟားဟား ဒီအရူးတသိုက် မင်းတို့တွေ ဒါကို မမြင်ဘူးလား ။

“လူငယ်တစ်ယောက်သည် ပိုစတာတစ်ခုကို ကိုင်ထားကာ လူတိုင်းကို ပြလိုက်သည်”

“ဒါက လျှိုသာ့ချင်ရဲ့ ပိုစတာမဟုတ်ဘူးလား။ မင်းငါတို့ကို ခဏ ခဏပြတဲ့ ဟာလေ။ ”

“ မဟုတ်ဘူး ငါအခုပြောချင်တာက မော်တော်ဆိုင်ကယ်အကြောင်း ။ မင်းတို့တွေအနေနဲ့ အဲဒါက မခံစားရဘူးလား။ ဒီမယ် စာလုံး သေးသေးလေးနဲ့ ရေးထားတာ မင်းတို့မြင်ရရဲ့လား။ စုန့်ကျန်းမော်တော်ဆိုင်ကယ်။ ”

အဲဒါရဲ့ အဓိပ္ပါယ်က

“ငါ့ရဲ့ တတိယဦးလေးရဲ့ ဝမ်းကွဲမောင်နှမက စက်ယန္တရားကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အတန်းဖော်တစ်ယောက်ရှိတယ်။ စုန့်ကျန်းမော်တော်ဆိုင်ကယ်က ဘင်းမြို့တော်ရဲ့ စက်ယန္တရားကုမ္ပဏီကနေပြီးတော့ ထုတ်လုပ်တာ။ အဲဒါတောင်မှ ဘင်းမြို့တော်မှာ မရနိုင်ဘူးလို့ မင်းကတွေးနေတုန်းပဲလား။ ဒီနေ့က အဲဒီဆိုင်ကယ်ကို မိတ်ဆက်မယ့်ရက်ထက် ပထမဦးဆုံးရောင်းမယ့်နေရာက တုန်းလီမှာ။ ငါတို့တွေ အဲဒီကို တစ်ချက်သွားကြည့်ကြမလား။ ”

….

“ကွန်တော်ကို တစ်စီးပေး။ ကျွန်တော်မှာ ပိုက်ဆံပါတယ်။ ”

ကျွန်တော်လည်း ဆိုင်ကယ်တစ်စီးလိုချင်တယ်။ အနီရောင် ဆိုင်ကယ်ဦးထုတ်မြန်မြန်”

ထိုလူငယ်လေးများ ရောင်းချသည့် နေရာ သို့ရောက်သည့်အခါ သူတို့သည် နေရာအပြည့် လူအပြည့်ဖြစ်နေသည်ကို တွေ့ရှိသွားသည်။ လာသောလူများက သူတို့သည် မော်တာ်ဆိုင်ကယ်တစ်စီး ဝယ်ယူချင်ကြောင်း အော်နေကြသည်။ မော်တော်ဆိုင်ကယ်တစ်တန်းကို ပြသထားပေးရာ မောတော်ဆိုင်ကယ်တိုင်းက အရမ်းမိုက်နေသည်။ သူတို့သည် တစ်စီးတော့ ရယူချင်စိတ်ဖြစ်ပေါ်စေသည်။

….

“မန်နေဂျာလီ မန်နေဂျာလီ ဒီနေ့ရောင်းအားက ထွက်လာပြီ ”

လီမင်တက သူ့ရဲ့ခေါင်းကို မော့လိုက်ကာ အလေးအနက်ဖြင့် မေးလိုက်သည်။ ဘယ်နှစီးရောင်းရတာလဲ”

ဘယ်လောက်လဲ ခန့်မှန်းကြည့်ပါဦး။

All Chapters